19

453 49 6
                                    


(Note / total vote 500 ရောက်အောင် ကြိုးစားပေးပါဦး 🙏 )

" ဒါက ဘယ်လိုတွေဖြစ်နေတာလဲ "

ဘိုက် စောစောစီးစီး အိမ်ပြန်မိတာ မှားလေခြင်းဟုသာ ရေရွတ်လိုက်ချင်မိတော့သည်။ မနေ့ညက ဝင်းအိမ် အိပ်တာမို့ ရုံးသွားဖို့အဝတ်အစားကအစ စာရွက်စာတန်းတွေအဆုံး အိမ်ကိုတစ်ခေါက်ပြန်ပြင်ဆင်ရဦးမည်မို့ အိမ်ကိုဝင်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အိမ်အောက်ထပ်ရှိ နေရာအကျယ်ကြီး၌  အမျိုးမျိုးသော ပရိဘောဂတွေဖြင့် ရှုပ်ရှက်ခတ်နေသည်ကိုတွေ့လိုက်ရသည်။ အိမ်အဝင်ခြံမှာကတည်းက လူတစ်စတစ်စနဲ့ များလာလိုက်တာ အိမ်ထဲမယ်ဆိုလျှင်
ပရိဘောဂများသာမက လူများကလည်း ဟိုဟိုဒိဒီရွေ့ကြရင်း၊ ဖန် တစ်ယောက်ကတော့ လှေကားပေါ်ကကြည့်‌၍ ဟိုဟိုဒီဒီထားဖို့ လက်ညိုးထိုးစေခိုင်းနေလေသည်။

" ဖန် ဒါ ဘာဖြစ်တာလဲ "

အောက်ထပ်ကနေ အော်ပြောတာကိုမကြားတာမို့ အပေါ်ထပ်က သူ့နားထိကပ်သွားပြီး ဒေါသသံဆွတ်ဆွတ်နဲ့ပြောတော့ သူမက မျက်နှာပြုံးရွှင်နေပြီး

" ဘာဖြစ်ကမှာလဲ အကိုရဲ့... မနေ့က အကို့အလုပ်မှာတွေ့တဲ့ ဦးလေးက သတင်းဖြန့်လိုက်တာ သူငါအပြိုင် အကြို လက်ဖွဲ့တွေ လာပေးကြတာလေ....ဒီမယ်ကြည့်ပါဦး.... ထားစရာနေရာတောင် စဉ်းစားရတော့မယ် "

ဖန် ရဲ့စကား‌ဟာ ဘိုက် ရဲ့ငယ်ထိပ်တည့်တည့်က အာရုံကြောကိုပင်ထိခိုက်သွားသလိုခံစားရသည်။ဒီရောက်တာ သုံးရက်ပဲရှိသေးတာကို အရာရာ သူ့စိတ်ကြိုက်ကြိုးကိုင်နေတဲ့အခါ ဘိုက် မှာမည်ကိုပင် စပြောရမည်မှန်းမသိတော့။

ဒီထက်ထပ်လွန်သွားလျှင် အိမ်ကို မီဒီယာသမားများပင်လာမည့်ကိန်း၊ တကယ်ဆို ဘိုက် တို့မှာက ဒီမြို့၊ဒီနိုင်ငံမှာ ဒီကုမ္ပဏီ တစ်ခုသာရှိပေမယ့် ဖန် ဘက်ကတော့ နိုင်ငံတကာကိုဖြန့်ကျက်ထားတဲ့အတွက်တော့ ဒီလက်ဖွဲ့များသည် သူမကြောင့် လာဖားကြသည်ဆိုလျှင် မမှား။ နောက်တစ်ချိန်တွင် အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်၊ လက်ဖျားငွေသီးမယ့် လူငယ်တစ်ဦးလို့ တွက်ချေကိုက်ထားကြပုံရသည်။

I'm Fell (U+Z)Where stories live. Discover now