မောင့်ရဲ့နှိုင်း (သို့မဟုတ်)န...

By Minus-Zero

596K 22.8K 468

"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး" More

မောင့်ရဲ့နှိုင်း(သို့မဟုတ်)နှိုင်းတုမမှီ
1
1(Zawgyi)
2
2(Zawgyi)
3
3(Zawgyi)
4
4(Zawgyi)
To My A Little Readers ❤️
5
5(Zawgyi)
6
6(Zawgyi)
7
7(Zawgyi)
8
8(Zawgyi)
9
9(Zawgyi)
10
10(Zawgyi)
11
11(Zawgyi)
12
12(Zawgyi)
13
13(Zawgyi)
14
14(Zawgyi )
15
15(Zawgyi)
16
16(Zawgyi)
17
17(Zawgyi )
18
18(Zawgyi)
19
19(Zawgyi)
20
20(Zawgyi)
21
21(Zawgyi)
22
22(Zawgyi)
23
23(Zawgyi)
24
24(Zawgyi)
25
25(Zawgyi)
26( Part-1)
26(Part -2)
27
26 Part-1(Zawgyi)
26 Part -2 (Zawgyi)
27 (Zawgyi)
28
28(Zawgyi )
29
29(Zawgyi)
30
30(Zawgyi )
31(Zawgyi )
31 (Part-2)
31 Part-2(Zawgyi )
32
32 (Zawgyi )
32 (Part 2)
32 Part2 ( Zawgyi )
33
33(Zawgyi)
33(Part_2)
33 Part-2 (Zawgyi)
34
34(Zawgyi )
34(Part 2)
34 Part -2(Zawgyi )
35
35(Zawgyi )
36
36(Zawgyi )
37
37(Zawgyi )
FINAL PART
FINAL PART (Zawgyi )
Physical Book 📖
Book Details ✨

31

7.6K 326 8
By Minus-Zero


နှိုင်း မနက်လင်းထဲက မောင်ပြင်ပေးထားတဲ့ မနက်စာစားပြီး ဖုန်းထိုင်ကြည့်နေတာ အကြောတွေတောင် လိမ်နေပြီဖြစ်သည် ။ဒီနေ့ နှိုင်းသူငယ်ချင်းတွေ အိမ်လာကြမည်မို့ ထိုင်စောင့်နေရတာ ။ဒီ‌ကောင်လေးကိုလဲ ဒီနေ့အလုပ်ကိုမသွားဖို့ ပြောထားသည်မို့ အိမ်မှာအတူတူရှိနေသည် ။နှိုင်း အလုပ်မရှိတဲ့ နေ့ရက်တွေက ဒီလိုပျင်းပျင်းရိရိပါပဲ ။နှိုင်းသူငယ်ချင်းတွေသာ မလာရင် ဒီကောင်လေးကို နှိုင်းနဲ့ အပြင်သွားဖို့ပြောမည်မှာ အသေအချာ။ဒီကောင်လေးကတော့ နှိုင်းသူငယ်ချင်းတွေအတွက် ‌ဧည့်ခံဖို့ဆိုပြီး စီရင်နေတာ ခုထိမီးဖိုချောင်ထဲက ထွက်ရသေးတာ မဟုတ် ။
ဘာမှမလုပ်တတ်တဲ့အတွက် ခုမှ နောင်တရနေရသလိုလို ။ကူပေးချင်သော်လည်း အဖြစ်မရှိတော့ ဘေးကထိုင်ကြည့်နေရရုံအပြင် မရှိ။

တီးတောင်!

တံခါးက ဘဲလ်တီးသံနဲ့အတူ ၀င်လာသည်က နှိုင်း သူငယ်ချင်းတစ်စု ။အုတ်အုတ်ကျက်ကျက်နဲ့ ၀င်လာတဲ့ ဒီဇိုင်းတွေကိုက အရောင်တလတ်လတ်တွေပဲ ၀တ်ဆင်ထားတော့ မျက်စိဆံပင်မွှေး စူးစရာတွေ ။နှိုင်း သူတို့ကောင်မလေးတွေ ဒီကောင်တွေအား ဘယ်နေရာကြည့်ကြိုက်ကြသလဲဟုတောင် တွေးမိသည် ။မိုးဇက်ကတော့ စူပါ့စူပါ ဆင်ဂနယ်မို့ ထားလိုက်ပါတော့ ။နှိုင်း သူငယ်ချင်းတွေက ရုပ်ခံတွေသာမရှိရင် အားလုံးက ပေါတောတောတွေပဲလို့ ဝိုင်းအပြောခံရမဲ့ပုံတွေ ။

ခုလဲကြည့် မသောက်ချင်လို့ ဆိုင်ကိုမသွားတာ ကိုင်လာတာတွေက ပုလင်းတွေရော ထောင့်တွေရော ၊ဘူးတွေကော စုံလို့ ။

လက်ထဲပါလာတဲ့ ပုလင်းတွေချပြီး သုံးယောက်သား အပြောရလွတ် ၀င်ထိုင်တယ်။

"နှိင်းတု မင်းကတော့ ဇိမ်ပဲနော် ငါတို့မှာ ဆိုင်သွားချင်တာတောင် မသွားရဘူး "

" ငါက ဘာတွေဇိမ်ကျနေလို့လဲ "

ဒီကောင် ညီစေကတော့ စလာပြန်ပြီ ။အရက်ဂျိုးလို့ မပြောရ ပုလင်းတွေအပြုံလိုက်ပါလာတာကို ဘာဖြစ်သည်မသိ ။စပြောထဲက ကန့်လန့် ဂဏန်းလိုကောင် ။

"မင်းက ဆိုင်ကိုချိန်းတာ မလာချင်ဘူးပြောတယ်လေ ..အဲ့တော့ ငါတို့က မင်းအိမ်လာရတယ် မင်းကအေးဆေးဖုန်းလေးကြည့်ပြီး ထိုင်စောင့်နေတာမလား "

"ဟုတ်တယ်လေ "

"အေး အဲ့ဒါ ဇိမ်ကျတာပဲလေ "

"ဘာမှမဆိုင်ဘူး မင်းတို့ကောင်တွေ ငါ့ကို ဘာတွေများ မကျေနပ်ကျတာလဲဟင် "

ဆိုင်မသွားရုံ ၊အိမ်ကထိုင်စောင့်ရုံနဲ့ ဘာမှမဆိုင်
စလာလာချင်း ကောနေတဲ့ကောင်တွေကို တည့်ပဲမေးရတယ် ။ဒီကောင်တွေက မမွေးခင်ထဲက ပေါင်းလာတဲ့ကောင်တွေမို့ အားနာစရာမလို ။

"မင်းပဲစဉ်းစားကြည့် မင်းချက်ချင်းကြီး
ယောင်္ကျားရသွားတာလဲ ငါတို့မသိလိုက်ရဘူး ကုန်ကုန်ပြောရရင် မင်းတို့ ကြိုက်နေမှန်းတောင် ငါတို့ကောင်တွေ ရိပ်တောင်ရိပ်မိခဲ့တာ မဟုတ်ဘူး မင်းကလဲ မပြောဘူးလေ...အဲ့တော့ ငါတို့က လူပိန်းကြီးတွေလိုခံစားနေရတယ် မင်းအကြောင်းတောင် ဂဃဏန မသိရ‌တော့..."

"မင်းတို့က ဒီကိစ္စတင်းနေကြတာလား.."

"အဟမ်း ဒါတင်တော့ ဘယ်ဟုတ်မလဲ ဆိုင်ကိုသေချာ မကျွေးမွေးတာလဲပါတယ် .. မင်းဟာလေး မကြားအောင် ပြောလိုက်ပါအုံးမယ် မင်းတို့က မင်္ဂလာဦးဆွမ်းတွေ ဘာတွေလဲ ကျွေးတာမဟုတ်ပဲ ဒီလိုကြီးပဲဆိုတော့ ငါတို့ကောင်တွေက သိပ်တော့ စိတ်တိုင်းမကျသလို ကျေနပ်တာမဟုတ်ဘူး.."

"ဒါတော့ မာမီက သဘောတူသေးတာမှ မဟုတ်တာ.."

"ဒါလဲ ဟုတ်တာပဲ ငါတို့ကောင်တွေက ဒီသူငယ်ချင်း အလှပဂေးလေးကို တင့်တောင်းတင့်တယ် ဖြစ်စေချင်ရုံပါ မင်းမာမီလဲ ဘယ်လောက်နေနိုင်မှာတဲ့လဲ စိတ်ထဲမထားနဲ့ ဒီနေ့တော့ အပြည့်အ၀ ပျော်လိုက်ကြစို့ ..ဟုတ်တယ်မလား ဟေ့ကောင်တွေ..."

"ဟုတ်တယ် .."

"မဟုတ်ဘူး "

သာလွန်နဲ့ မိုးဇက်က တစ်ပြိုင်နက်ဖြေလိုက်သော်လည်း အဖြေတွေက တူညီမနေ ။

"ဟေ့ကောင်..မိုးဇက် မင်းက ဘာကိုမဟုတ်ရတာလဲ ဟုတ်တယ်ပြောလေ မေဘေးရဲ့ ရှေ့ကပြောတဲ့သူတောင် နင်သွားတယ်..."

"ငါ့အချစ် နှိုင်းတုက ငါ့အလှလေးက ယောင်္ကျားရသွားပြီပေါ့နော် .."

ဖြန်း!

"ဒီကောင်တော့ ...မရဘူးဟေ့ မရဘူး "

"မင်းက ဘာလို့ရိုက်ရတာလဲ ညီစေမေဘေးရဲ့.."

"မင်းကရော ဘာတွေလျှောက်ပြောနေရတာလဲ ...
ရိုက်တာတောင် နဲသေးတယ်... "

"ဘာ...သာလွန် မင်းကပါ ငါ့ကို ဝိုင်းပြောနေတယ် ဟုတ်လား..။အချစ် ဒီမှာလုပ်ပါအုံး ..ငါ့ကို ဝိုင်းအနိုင်ကျင့်နေကြတယ် "

"တော်ပါတော့ကွာ... ဘေးအခန်းတွေကြားရင် လာရိုက်နေအုံးမယ် အသံဆိုးကြီးနဲ့ "

"မင်းတို့ကလဲကွာ...ငါကစတာပါ ။ခုထဲက စထားမှ နောက်စလို့ရမှာမဟုတ်တော့ဘူးလေ ။နှိုင်းတုဟာလေးက ခုထဲက ငါတို့ကို ဥစ္စာခြောက်တဲ့အကြည့်နဲ့ လှမ်းကြည့်‌နေတာကွ"

သူ့အလုပ်နဲ့သူ သူတို့စားဖို့ကြော်လှော်နေတဲ့ ကောင်လေးကိုကြည့်ပြီး သူတို့ကကြိုကြောက်ပြနေကြပြန်သည် ။နှိုင်းတော့ အဲ့လိုမျိုးကြည့်တယ်မထင်ပါ ။မဟုတ်လဲ ဒီကောင်တွေက နှိုင်းသူငယ်ချင်းတွေပဲလေ ။နှိုင်းရဲ့ ဒီကောင်လေးက တခါတလေ ဘောက်ဆက်ဆက်နိုင်တာလေးကလွဲ စိတ်ထားလေးက ချစ်စရာလေး ဒီလောက်ကောင်းတာ ။

"ဟေ့ကောင် နှိုင်းတု မင်းယောင်္ကျားရ ကံကောင်းသားပဲ..."

"ဟင်...ဘာလို့ "

"မင်းပဲကြည့်..မင်းဟာလေးက ရုပ်ကလဲချော ၊ အချက်အပြုတ်ကလဲတော် မင်းဘာလုပ်ရလို့လဲ
ငါကြည့်တာတော့ မင်းအ၀တ်တွေ ၊စားဖို့သော က်ဖို့ရာတွေ အစစအရာရာ မင်းဟာလေးကပဲ လုပ်ပေးတာမလား..ဒါမျိုး မင်းမိန်းမယူရင်တောင် ရမှာမဟုတ်ဘူးကွာ..။ဒီလိုမျိုးဆို ငါတောင်လိုချင်သွားပြီ "

"ငါ့ဟာ.."

သာလွန်က မောင့်ကို တစိမ့်စိမ့်ကြည့်ကာ ချီးမွမ်းခန်းဖွင့်နေပြီး ပြောလိုက်တဲ့စကား‌ကြောင့် ယောင်ပီး အငုံစိတ်လေးကနေ ပိုင်ဆိုင်ကြောင်း ပြချင်နေမိလို့ ထွက်သွားတဲ့စကား...။

နှိုင်းကံကောင်းတာ နှိုင်းသိပါတယ် ...။
ဒီကောင်လေး လုပ်ရည်ကိုင်ရည် ရှိတာလဲ နှိုင်းသိတာပဲ...။ဒီကောင်လေး ယောင်္ကျားပီပီသသနဲ့ ဖြောင့်မတ်တာလည်း နှိုင်းသိတာပဲ...။မကြွားချင်လို့ နေမြဲအတိုင်းနေနေတာလေ...။

"အဟွန်း...မိုးဇက် မင်းပြောတော့ လက်ရုံးက ဥစ္စာခြောက်တာဆို ခုက မဟုတ်ဘူးထင်တယ် ဒီကောင်နှိုင်းတုက ပိုဖြစ်နေတယ် ထင်တယ်...။ခုပဲကြည့် ဘာမှမပြောရသေးဘူး ' ငါ့ဟာ 'ဆိုပဲ ကြောက်တောင်ကြောက်တယ်"

"အေးလေ..အချစ်က အဲ့လိုပိုပြတော့ ငိုတောင် ငိုချင်သွားပြီ..."

"မိုးဇက် မင်းအသံပြဲကြီး ခုပိတ် ထွက်မလာနဲ့တော့..."

"ငါက ..စတာပါကွာ "

"မင်းတို့ ငါ့ကို မစကြနဲ့နော်..."

"အေး.. မင်းဟာလေး အားကိုးရှိတော့ ကြောက်သားပဲ မင်းကို .. လာလည်းမနောက်ဘူး နောက်လဲမလာဘူး .. ။မင်းဟာလေးလာနေပြီ..တိုးတိုး. "

"မင်း ဘယ်လောက်တိုးတိုးလေးပြောပြော ငါပြန်တိုင်စရာမလိုအောင် သူကြားရတယ်.. "

"အေး... မင်းလဲ မင်းဟာလေးကို ပြန်ဖောက်သည်ချမနေနဲ့... "

"ကိုသာလွန်တို့ စောင့်နေရရင် တောင်းပန်ပါတယ်ဗျာ...ကြက်ပေါင်လေး မကြွပ်သေးလို့ သေချာလေးကြော်နေတာ..."

"ရပါတယ်ကွာ...။ကြက်ပေါင်လေးကလဲ မွှေးနေတာပဲကွာ..စားရကံပါတော့ ငါတို့ကောင်တွေ မုတ်ဆိတ်ပျားစွဲပဲဟေ့...အကုန်အစုံ ပါပဲ ရေမီးအစုံနဲ့ လေထီးခုန်ရုံပဲဟေ့ ဒီညတော့ ဆိုင်မသွားရလဲ ဖြစ်တယ်ကွာ...ဟားးး "

"ကိုသာလွန်တို့အတွက်ပဲ လုပ်ထားတာပါဗျာ..."

‌"အေး... ငါတို့ကလဲ ဆွဲပြီဟေ့ အမြည်းကလဲ ရှယ်ဆိုတော့ .."

သုံးယောက်လုံး အစားနဲ့တွေ့တော့ ဘာတွေကိုမှသတိရမနေ ။သောက်လိုက်စားလိုက်နဲ့ အဆင်ကိုပြေနေကြတာဖြစ်သည် ..။နှိုင်း ဒီကောင်လေးက ဘားတွေအရက်ဆိုင်တွေ သဘောမကျလို့ နှိုင်းသူငယ်ချင်းတွေကို အိမ်ကိုပဲခေါ်လိုက်ရတာ ။နှိုင်းကိုယ်တိုင်လဲ သိပ်မသောက်ရဲ ။ဒီကောင်တွေမှောက်ရင် ပြန်ပို့ဖို့ရာက ရာနှုန်းပြည့် ။

"လက်ရုံး မင်းလဲသောက် ရော့ ဂေ့..
ငါတို့က ဂုဏ်ပြုတာ သောက်ကွာ ရော့..."

ရေချိန်ကိုက်နေပြီဖြစ်တဲ့ ညီစေက ဒီကောင်လေးဆီ ခွက်ကြီးအတင်းထိုးပေးပြီး သောက်ခိုင်းနေသေးတာ..။မူးရင် ဇာတိကပြလာပြီ ၊တကယ့်ကောင်တွေမို့ ထူးထူးဆန်းဆန်းမဟုတ်ပေမဲ့ ဒီကောင်လေးမှ အရက်မသောက်ချင်တာ ..။ဒီကောင်လေး မူးသွားလို့ မဖြစ်ဘူးလေ..။

"ညီစေ သူကမသောက်တတ်ဘူးလေကွာ..."

"ဘာလဲ မင်းတို့က ငါဂုဏ်ပြုတာကို လက်မခံတဲ့ သဘောလား...ဂေ့ "

"ရပါတယ် ကျွန်တော်သောက်ပါ့မယ်..."

"မဟုတ်ဘူးလေ..မင်းက "

နှိုင်းစကားတောင် မဆုံးလိုက် ညီစေလက်ထဲကခွက်ကို ယူပြီး မော့ချလိုက်တာ တစ်ကျိုက်တည်း..။ဒီအူရိုင်းလေးကတော့ မူးသွားမှဖြင့် ခတ်ပီ ။

"ဒီလိုမှပေါ့... ကျေနပ်တယ် .. ငါကျေနပ်တယ် "

"မင်းတို့ကောင်တွေ မူးမူးရူးရူးနဲ့ သောက်တာကို ကောင်းကောင်းမသောက်ကြဘူး "

"ငါတို့ရဲ့ ချစ်ညီလေး ၊အေး တစ်နည်းအားဖြင့် ငါတို့သူငယ်ချင်းရဲ့ တစ်ဦးတည်းသော လက်တွဲဖော် ၊ဂေ့...တစ်ဦးတည်းသော ငါတို့သူငယ်ချင်းရဲ့ ချစ်ရတဲ့ ယောင်္ကျားကို ဂုဏ်ပြုပေးတာ နှိုင်းတု မင်း၀င်မပြောနဲ့ ...နော် ဟေ့ကောင်တွေ "

"ဟုတ်တယ်လေကွာ...မင်းလဲ သောက်ရမယ် သောက် ဟေ့ကောင်..."

"ငါမူးရင် မင်းတို့ကို လိုက်မပို့ဘူး လမ်းပေါ်ဆွဲချမယ်..."

"လက်ရုံး ညီလေး အာလူးကြော်ကုန်နေပြီ အကိုတို့ကို ယူပေးအုံးလေ .. ဂေ့ ။အကိုတို့ သုံးယောက်က ဒီည ရှယ်ဖြုတ်မှာ..ငါ့ညီ ပေါက်တယ်နော် con con ပွဲလေ "

"အော် ကျွန်တော်ယူပေးပါ့မယ်... "

"ဒါမှပေါ့... တကယ်ဆို ငါ့ညီက ဟိုဟာလုပ်ရမှာ ဟိုဟာ... ဘာလဲ စားဖိုမှူးလေ လက်ရာကရှယ်ပဲ... ကြယ်ဆယ်ပွင့် Hotel လောက်မှ အကိုက်"

"ကိုသာလွန်တို့ မမြှောက်လဲ ကျွန်တော်က စေတနာအပြည့်ပါဗျာ... "

"အေး သိတယ် ... အကိုတို့က အကုန်သိတယ်ကွာ... "

^
"နှိုင်းတု မင်းကဘာလို့ထိုင်နေခဲ့တာလဲ...ဟိုမှာ မင်းဟာလေးက ငါတို့အတွက်လုပ်ပေးနေတာ မင်းသူငယ်ချင်းငါတို့အတွက် လုပ်ပေးနေတာ ရလဲရပြီးပြီ တစ်ယောက်တစ်လက်ဖေးကူမှပေါ့...မင်းရော လိုက်သွား..."

"ငါမလိုက်လဲ ရပါတယ် "

"လိုက်သွားလိုက်ပါ လုပ်ကူလိုက် သွားပါ... ငါတို့ကို စိတ်ချ "

"ပြီးရော.. "

မူးရင် ဆိုးသည်ဆိုလည်း ဒီကောင်တွေ အရင်က ဒီလောက်တော့မဆိုး ခုကပိုဆိုးနေသလိုပဲ... ။ပိုရစ်ပြီး လိုတာထက်ပို မူးပြနေသလို ။နှိုင်းကိုလဲ ပြောနေလိုက်တာ ၊မသိလျှင် နှိုင်းကပဲ ဘာမှမလုပ်ချင်တဲ့သူလိုလို ။အာလူးကြော်သွားထည့်တဲ့ ကောင်လေးဆီလိုက်ကူဖို့ ပြောနေသေးတာ ။သူခိုးက လူပြန်ဟစ် ၊ငပြူးက ပြန်ပြဲပြနေသေးသည် ။မသိရင် နှိုင်းကိုပဲ တမင်ပထုတ်နေသလိုလို.... ။

"မင်း... အများကြီးလုပ်ထားတာပဲ "

"အင်း... မလောက်မှာစိုးလို့ အပန်းကြီးတာလဲ မဟုတ်ဘူး .. ဒီလောက်ကတော့ ကျွန်တော်လုပ်နိုင်ပါတယ် ။ကျွန်တော်က ခင်ဗျားသူငယ်ချင်းတွေကို ဆိုင်ကိုလိုက်မကျွေးရလို့ဆိုပြီး ခင်ဗျားကို မျက်နှာအပျက်ခံမယ် ထင်လို့လား.. "

"အင်း... ဒါပေမဲ့ ဒီလောက်မလိုပါဘူး သူတို့လည်း နားလည်ပါတယ် "

"ကျွန်တော်က အကောင်းဆုံးတွေပဲ ပေးချင်တဲ့ကောင်ဆိုတာ သိရက်သားနဲ့... "

"အင်း... ငါသိတယ် "

နှိုင်းအတွက်တော့ ဒီကောင်လေးက တကယ်ချစ်ရသောလေးပါပဲ... ။ချစ်ရတာ ထိုက်တန်တဲ့ ကောင်လေးပါပဲ... ။

"သွားမယ် .. ပြီးပြီ ကိုသာလွန်တို့ စောင့်နေလိမ့်မယ် "

"အင်း... မင်း အစောကတစ်ခွက်သောက်လိုက်တာ ခေါင်းမမူးဘူးနော်... "

"အင်း... ရပါတယ် ကျွန်တော်မမူးဘူး "

^
"နှိုင်းတု မင်းဒီတစ်ခွက်ကို သောက်ရမယ် ... မဟုတ်ရင် လက်ရုံးကို ထပ်သောက်ခိုင်းမယ်... "

ဒီပရစ်ကောင်တွေက တကယ် စလာကြပြန်ပြီ။ပြန်ရမှာကို ကောင်းကောင်းမပြန်ချင်ကြဘူး ထင်ပါသည်။အကုန်မူးကုန်ကာမှ တကယ်လမ်းမပေါ်ကို ဆွဲချပစ်အုံးမယ်။

"အင်း... ငါသောက်မယ် မင်းတို့ကောင်တွေလဲ ပြန်ကြတော့ "

"ရတယ်ဗျာ ... မင်းသောက်ပြရင် ငါတို့ပြန်မယ် "

"အင်း.. ရတယ် "

နှိုင်း ယူပြီးသောက်ပြလိုက်ကာမှ ...

"အဟွန်း...ဒါမှပေါ့ ကျေနပ်တယ် ။ငါတို့ကောင်တွေက မင်းတို့လင်လင်နှစ်ယောက်ကိုလည်း ဂုဏ်ပြုပြီးပြီဆိုတော့ ပြန်မယ် ,..။ဟေ့ရောင်တွေ ပြန်ကြမယ် မင်းတို့ကောင်တွေ ဒီလောက်လေးကို ဘာဖြစ် ဂေ့ ပြန်မယ် ထ.."

"ဖြေးဖြေးနော် အကုန်မှောက်ကုန်မယ် .."

"ရတယ် မင်းတို့က တာ၀န်ကျေပြီ...."

"ဒီပုံစံတွေနဲ့ လိုက်ပို့ရင်တောင် အိမ်ထဲ၀င်တတ်ပါ့မလား..."

"မင်းက အထင်သေးတာလား ငါတို့ဘာသာ ပြန်နိုင်တယ် ...ဟုတ်ပြီနော် "

"မင်းတို့ တကယ်ရလို့လား..."

"သာလွန်ပါတယ်လေ..အိုကေတယ် ဒုက္ခခံစရာမလိုဘူး ဒီကောင်တွေအကုန်ငါ့အိမ်အိပ်ကြမှာ...ဒီနေ့က အထူးနေ့မလို့ မဆိုသလောက်လေး များသွားတာကို..."

"အင်း...ဖြစ်တယ်ဆိုပြီးတာပဲ "

နှိုင်းတို့ကို လိုက်ပို့စရာမလိုဘူးဆိုကာ ပြန်သွားကြသည် ။‌ကားပါကင်ထိ လိုက်ပို့ပြီး ဒီကောင်လေးက လိုက်ပို့ရမလားဆိုတော့လည်း မလိုဘူးဟုပဲပြောနေလို့ ကားပေါ်ပဲတင်ပေးလိုက်ရသည်။
မျက်စိရှေ့တင်တော့ တန်းနေတာပဲ ။ကွယ်ရာရောက်မှ ဂျွမ်းထိုမှောက်ခုံဖြစ်ရင်တော့ နှိုင်းလဲမတတ်နိုင်ဘူးလို့ပဲ ပြောနိုင်သည် ။Taxi ခေါ်ပေးပါ့မည်ဆိုတော့လဲ ဒီကောင်တွေမှ လက်မခံတာ...။

            __________________________

#minus-zero
29 October 22

နောက်တစ်ပိုင်း ရှည်ရှည်လေးလုပ်ပေးပါ့မယ်နော် 💛

Continue Reading

You'll Also Like

147K 10.8K 22
Boy Love (1900)Vibe🤍 [Ⓒ︎.Ⓞ︎.Ⓜ︎.Ⓟ︎.Ⓛ︎.Ⓔ︎.Ⓣ︎.Ⓔ︎]
308K 11.8K 52
အစားထိုးပြီးချစ်ခဲ့ပေမဲ့ ကိုယ်မင်းကိုတစ်ကယ်ချစ်မိတာပါ.. နှစ်ယောက်မရှိအချစ်မျိုးနဲ့ချစ်ခဲ့တာပါ....... ❤❤❤❤❤❤❤❤❤❤❤❤ ကျွန်တော်ကGayမဟုတ်ဘူး..... ကျွန်တော...
49.8K 2.3K 33
ရှိတုန်းကသာ တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ ဖန်တီးဖြစ်ခဲ့မှာ... ရှိတုန်းက တန်ဖိုးထားဖြစ်ခဲ့ရင်..ဒီ့ထက်ပိုပြီး အမှတ်တရ ကောင်းတွေ...
198K 12.7K 34
လင်းသုခ ဆိုတဲ့ ကျွန်​​တော့်​ရဲ့ ဘဝမှာ ကျွန်​​တော့်အသက်တမျှ​​ချစ်​ရတဲ့ အချစ်​ရဆုံးလူသားတစ်​​ယောက်​ရှိခဲ့ဖူးတယ်​။ ကျွန်​​တော့်​ရဲ့ အရာရာတိုင်းကို သူလ...