မောင့်ရဲ့နှိုင်း (သို့မဟုတ်)န...

By Minus-Zero

596K 22.8K 468

"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး" More

မောင့်ရဲ့နှိုင်း(သို့မဟုတ်)နှိုင်းတုမမှီ
1
1(Zawgyi)
2
2(Zawgyi)
3
3(Zawgyi)
4
4(Zawgyi)
To My A Little Readers ❤️
5
5(Zawgyi)
6
6(Zawgyi)
7
7(Zawgyi)
8
8(Zawgyi)
9
9(Zawgyi)
10
10(Zawgyi)
11
11(Zawgyi)
12
12(Zawgyi)
13
13(Zawgyi)
14
14(Zawgyi )
15
15(Zawgyi)
16
16(Zawgyi)
17
17(Zawgyi )
18
18(Zawgyi)
19
19(Zawgyi)
20
20(Zawgyi)
21
21(Zawgyi)
22
22(Zawgyi)
23
23(Zawgyi)
24
24(Zawgyi)
25
25(Zawgyi)
26( Part-1)
26(Part -2)
27
26 Part-1(Zawgyi)
26 Part -2 (Zawgyi)
27 (Zawgyi)
28
28(Zawgyi )
29
29(Zawgyi)
30
31
31(Zawgyi )
31 (Part-2)
31 Part-2(Zawgyi )
32
32 (Zawgyi )
32 (Part 2)
32 Part2 ( Zawgyi )
33
33(Zawgyi)
33(Part_2)
33 Part-2 (Zawgyi)
34
34(Zawgyi )
34(Part 2)
34 Part -2(Zawgyi )
35
35(Zawgyi )
36
36(Zawgyi )
37
37(Zawgyi )
FINAL PART
FINAL PART (Zawgyi )
Physical Book 📖
Book Details ✨

30(Zawgyi )

2K 42 0
By Minus-Zero

ယနေ့ဆို ဖိုးထောင်တစ်ယောက်လည်း ရွာပြန်သွားတာ တစ်ပတ်တောင် လည်တော့မည် ဖြစ်သည်။ဖိုးထောင်က ပြန်ချင်ပါသည်ဆိုတော့ မပြန်ပါနဲ့ဆိုပြီးလည်း တားမနေချင်။ဖိုးထောင်အနား အနီးကပ်မစောင့်ရှောက်နိုင်သည့်အတွက် တာဝန်မကျေသလိုခံစားနေရသည်မှာလည်း ဖိုးထောင် ရွာပြန်သွားကာမှ တော်ရာကျပေသည်။ဦးမာန်ရှိန်အိမ်မှာပဲ နေရသည့်ဖိုးထောင်အတွက် အန်တီခင်ထားကလည်း ကျွန်တော့်ကို အမြင်မကြည်ဘူးဆိုသော်ငြား ဖိုးထောင်ကိုတော့ ငြိုငြင်ခြင်းအလျဉ်းမရှိခဲ့ပေ။ဦးမာန်ရှိန်ကလည်း ဖိုးထောင်ကိုဆက်ခေါ်ထားချင်သော စိတ်ဆန္ဒရှိသော်လည်း ဖိုးထောင်သဘောကို မတားဆီးပေ။ဖိုးထောင်ကလည်း ကလေးသာသာပင်မို့ ကိုယ်မရှိတော့ ဘယ်လောက်ပျော်အောင်နေတတ်နေတတ် အားငယ်သည့်ပုံ။မပြန်ခင် ကားပေါ်ရောက်သော်လည်း ဖန်တရာတေအောင် မှာသွားသည်က တစ်ခွန်းတည်း ။ 'ရွာကိုပြန်လာခဲ့ပါ ၊ကိုကြီးလက်ရုံးမပါလာလဲ ကိုကြီးနှိုင်းတုကိုတော့ အပါခေါ်ခဲ့ပါ' တဲ့လေ။ဖိုးထောင်တစ်ယောက်ကတော့ ကိုယ့်ထက် ဒီလူ့ကို ပိုချစ်ပြနေသေးတာ ။

ကျွန်တော်တို့နှစ်ယောက်ကတော့ ကိုမိုးဇက်တိုက်ခန်းမှာ ပုံမှန်အတိုင်းပါပဲ ။ကျွန်တော်က ဦးမာန်ရှိန်အလုပ်ကို နေ့တိုင်းအစောပြီးအောင် လုပ်ပြီး အိမ်သူသက်ထားလေးထံ မာရသွန်အပြေးသမားတစ်ယောက်သဖွယ် အပြေးလေး အခစားဝင်ရတာပါပဲ။ 'မင်း ဒီလိုတွေလုပ်နေတာ မမောဘူးလား' လို့များဆိုလာရင် ခေါင်းကိုပြုတ်မတတ် ရမ်းခဲ့ရတာ ။မောနေလို့အမောလာဖြေတာပါ အဘယ်ကြောင့် မောသလားမေးအံ့ ။စလိုက်နောက်လိုက်နဲ့ တကယ့်ဘ၀မှာ ရီသံလွင်လွင်လေးတွေကို ကျွန်တော့်မှာ စက္ကန့်လေးတောင် ခွဲမနေချင် ။အိမ်ရှေ့နားလေးသွားလည်း ဒီရယ်သံလေး ၊အိမ်နောက်လည်း ဒီတခစ်ခစ် ရယ်သံလွင်လွင်လေးပဲ ကြားယောင်နေရတာမို့ ရူးနေပြီလားတောင် အထင်မှားမိသည်။ကျွန်တော်က ဒီမျက်နှာလေးအချိန်တိုင်း မြင်နေရမှနဲ့ ထင်ပါတယ် ။

အစောထပြီး အိမ်မှုကိစ္စတွေပြီးစီးကာ အလုပ်သွားတော့မဲ့ အချိန်ထိ တခါတလေ အိပ်ပုတ်လေးက နိုးမနေခဲ့ပါဘူး ။ထိုအခါ ဆံပင်လေးကိုသပ်ပြီး 'ထပါတော့' လို့ တယုတယပြောလည်း စိတ်မထင်ရင်မထင်သလို မြေခွေးလေးဆီက အအော်ခံရပါသည်။ဒါလေးကိုချစ်လို့ပဲ အလုပ်နောက်ကျလဲ မသွားသေးပဲ ထိုင်စခဲ့တဲ့အချိန်တွေကလည်း မနည်းမနော ။

မကြာသေးတဲ့အချိန်လေးမှာတောင် ဒီလူနဲ့အတူရှိနေတဲ့ နေ့ရက်တိုင်းဟာ ရက်ရာဇာတွေလို ကောင်းကောင်မွန်မွန်။ အမှတ်တရဆိုတာ အခြားသူတွေက ဘယ်လိုသတ်မှတ်တတ်ကြသလဲ ။ခရီးသွားရင် လက်ဆောင်လေးတွေဝယ်တာ အမှတ်တရလား ။ဓာတ်ပုံလေးတွေ ရိုက်လာခဲ့တာ အမှတ်တရလား ။စာလေးတွေ ရေးမှတ်တာက အမှတ်တရလား ကျွန်တော်တကယ် အတတ်မသိ ။ကျွန်တော်သိတာက ဒီလူနဲ့အတူရှိနေတာက အမှတ်တရပဲ ။အမှတ်တရနေ့စွဲလေးဆိုရင် အတူစဆုံခဲ့တဲ့နေ့လေးက စရီမယ် ။အချိန်တိုင်း စက္ကန့်မလပ် ဒီရှင်သန်ရာလေးကို မှတ်သားနေခဲ့တာ ။အဆုံးတိုင်ထိလည်း မှတ်သားနေအုံးမှာပဲ ..။

******

ဒီနေ့တော့ ကျွန်တော်ခွင့်ရက်ရတဲ့နေ့..။
တချို့အချိန်တွေဆို အလုပ်တွေကြိုးစားလုပ်နေတဲ့ ကျွန်တော်က အဆူခံရသေးတာ... ။
အဲ့လိုအချိန်မျိုးတွေဆို 'ကျွန်တော်က အိမ်ထောင်ဦးစီးလေ မလုပ်ဖို့မဖြစ်ဘူး 'လို့များ ပြန်ပြောရင် သူ့ကိုအနိုင်ယူပြောတယ်ထင်ပြီး လက်သီးဆုပ်သေးသေးလေးတွေနဲ့ တရစပ်ထုသေးတာ .. ။ကျွန်တော် ပင်ပန်းမှာစိုးလို့ ပြောတာသိသော်လည်း ကြိုးစားနေတာတွေအားလုံးက ကျွန်တော့်ရှင်သန်ရာလေးဖြစ်တဲ့ ခင်ဗျားအတွက်ပါပဲ ... ။

"မင်း.. ငါပြောစရာရှိတယ် "

"အင်း.. ပြောလေ "

တစ်မနက်လုံး တီဗွီထဲ မျက်နှာစိုက်မတတ်ဝင်သွားအောင်ကြည့်နေတဲ့သူက ဆိုလာသည် .. ။
ဘေးကနေ လက်ပြုတ်မတတ် သစ်သီးတွေထိုင်ခွာပေးနေတဲ့ ကိုယ့်ကို အဖက်မလုပ်လို့ မမြင်ဘူးထင်နေခဲ့တာ ။စားသာစားနေတာ ကျွန်တော့်ကို ခုမှစကားပြောတဲ့ အဆိုးလေး ။ဒါကိုလဲ ကျွန်တော်က ချစ်မ၀ပါပဲ... ။

"ပြောမယ်ဆိုလဲ ... ဒါလေးကုန်အောင်စားလိုက် "

"အင်း.. မင်းခွာပေးတဲ့ သစ်သီးတွေကစားလို့ကောင်းတယ် "

"တကယ်လား... ဒါဆို သစ်သီးတွေချိုတာထက် ခွာပေးတဲ့သူက ပိုချိုနေလို့ထင်တယ် "

"ပေါက်ကရ.. ပြောတော့မယ် သစ်သီးတွေက လက်ဆတ်လို့လေ "

"ဟုတ်လို့လား... ခွာပေးတဲ့သူကို ချစ်နေလို့ ချိုနေတာမလား.. "

"အင်း... ဟုတ်တယ်။ကျေနပ်ပြီလား.. "

"အများကြီး အများကြီးကျေနပ်.. "

"မင်းက ကလေးလိုပဲ... "

"ကလေးမဟုတ်မှန်း သိရက်သားနဲ့... "

"မင်း... တော်ပြီ ။ငါပြောချင်တာတောင် ဘယ်ရောက်မှန်းမသိ .. "

"ကဲ... ပြောပါဗျာ ... "

ကြမ်းပြင်ပေါ်မှာပဲ ပိပိရိရိထိုင်နေတဲ့သူကို ဆိုဖာခုံပေါ် တစ်ဆင့်ထိုင်ခိုင်းရတယ်.. ။အခင်းပါသော်လည်း နာနေမှာစိုး၍ အပေါ်တတ်ထိုင်ခိုင်းလည်း မရ။အကျင့်ဆိုးလေးက တီဗွီကြည့်ပြီဆို အဲ့လိုကိုထိုင်ကြည့်တာ.. ။တခါတလေ အထဲကစိတ်ဝင်စားတာလေးများ တွေ့ရင် အနောက်ကနေ ကိုယ်လုံးလေးကို ဒူးနှစ်ဖက်ထဲ ထည့်ညှပ်ထားသော်လည်း သတိကပြန်မလည်လာ .. ။အနွေးဓာတ်လေးများ တွေ့တယ်ထင်ပြီး ဇွတ်တိုးဝင်တာလေးက အမြတ်ပေါ့.. ။

"မင်းကိုပြောချင်တာကြာပြီ.. မင်းမအားလို့ "

"ခင်ဗျားအတွက်ဆို ဒီကောင်က အမြဲအားတယ်ဆိုတာ သိတယ်မလား.. "

"အင်း.. သိပါတယ် "

"ဒါဆို.. ပြောလို့ရပါပြီဗျ "

"ဟိုလေ... ငါတို့နှစ်ယောက်အကြောင်းလေ .. အဲ့တာ အရီးတို့ကို ပြောပြလိုက်ရင် ကောင်းမလား.. ။ဒယ်ဒီနဲ့ မာမီတို့က သိနေပြီဆိုတော့လေ .. ဟို.. မာမီက ငါတို့နှစ်ယောက်ကို အပြည့်အ၀သဘောမတူထားပေမဲ့ အရီးတို့ကို မပြောပြဘူးဆိုရင် အရီးတို့ကနောက်မှသိရရင် မကောင်းဘူးထင်လို့ပါ.. ။ငါတို့က ဒီလိုတောင် ဖြစ်နေပြီဆိုတော့ အသိမပေးရင် မလေးစားရာလည်း ကျမယ်.. ။"

"အင်း.. ခင်ဗျားသဘော ကျွန်တော်ကခင်ဗျားဖြစ်တယ်ဆို ဘယ်အရာရာဖြစ်ဖြစ် တွန့်ဆုတ်နေမှာမဟုတ်ဘူး.. "

"အင်း.. ဒါဆို ။အရင်ဆုံး ငါဖုန်းထဲကပဲ ပြောထားချင်တယ်.."

"ကျွန်တော်ခေါ်ပေးမယ်..."

တော်သေးသည် ။ဖိုးထောင်ကို ဆက်သွယ်လို့ရအောင် ဖုန်းတစ်လုံးဝယ်ပေးလိုက်ပေလို့ ။အသစ်ကြီးမဟုတ်သော်လည်း လတ်လတ်လောလောကိုင်လို့ဖြစ်တာလေး ပေါ့။

"အရီး..ဒီမှာ ကိုကြီးလက်ရုံးက ဖုန်းပြောချင်လို့တဲ့.."

^

"သား..ငါ့သားကြီး လက်ရုံးလား.."

"ဟုတ်တယ် အမေ..သားပါ "

"အေးကွယ် သားရယ် ဒီမှာ ဖိုးထောင်က အမောတကောပြေးလာပြီး ဖုန်းကြီးထိုးပေးတာ ငါ့သားဆီကဆိုတော့ အမေဖြင့် လန့်သွားတာပဲ..။ငါ့သားကြီးအသံကြားလိုက်ရတာ အလွမ်းပြေလိုက်တာကွယ်..."

"သားလည်း..လွမ်းနေတာပါ အမေ "

"အေးအေး..အမေတို့ကတော့ ဖိုးထောင်ဆီက အဆင်ပြေတယ်ဆိုတဲ့အသံကြားရတာနဲ့တင် စိတ်ချမ်းသာပါပြီကွယ်..။"

"ဟုတ်..အမေ "

တကယ်တမ်း အမေနဲ့တွေ့ရပြန်တော့လည်း ဘယ်လိုစပြောရမှန်းမသိပြန် ။အစတည်းက စကားနည်းတဲ့ ကျွန်တော့်အတွက် လချီခွဲနေရတဲ့အမေနဲ့ဆိုသော်ငြား ဘယ်လိုအလွမ်းသယ်ရမည်ကိုလည်း မတတ်ကျွမ်းပြန်။အင်းအင်းအဲအဲလုပ်သည့် ကျွန်တော့်ထက် ဘေးကနေ ဘာမှမပြောပါပဲ ခြေတွေလက်တွေ ပွတ်သပ်ပြီး စိတ်လှုပ်ရှားနေတဲ့သူကို ကြည့်တော့လည်း ငိုအားထက်ရယ်အားသန်ရပါသည်။

"ကိုမာဃ လာဒီမှာ တော့်သားဆီက ဖုန်းလာနေတယ်တော့.."

ခုမှ ရောက်လာဟန်ရှိတဲ့ အဖေ့ကို အမေက ၀မ်းပန်းတသာ လှမ်းခေါ်နေတာဖြစ်လိမ့်မည် ။လချီခွဲနေရသော်လည်း အမေ့ရဲ့ခေါ်သံတွေက တရင်းတနှီး ၊အမြဲပြန်ငယ်သွားရတာချည်း ။

ပြီးတော့ ကျွန်တော်တို့ မိသားစုထဲ အဖေနဲ့အမေက ဒီလူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ကိုလည်း ပြောနေရင်းနဲ့ပဲ ဆုတောင်းခြွေနေရဆဲ။

"ပြောမယ်ဆို.."

"အင်း..အင်း ငါပြောမယ် ဒါပေမဲ့ နည်းနည်း ..ဟို"

"ကျွန်တော်ကိုယ်တိုင် ပြောပေးဖို့လိုလား.."

"ဟင့်အင်း..ရတယ် ငါ .."

"ဟဲ့ ..သားကြီး လူလေးလား လူလေးနှိုင်းတုလား..အော် အနားရှိနေရင် ဖုန်းပေးလိုက်စမ်းပါကွယ်..အမေပြောချင်လို့.."

ဒီလူ့အသံကြားတော့ နှိုင်းတုမမှီကို အရမ်းချစ်တဲ့ အမေကသဲသဲလှုပ် ဖုန်းပြောချင်ပါတယ်ဆိုပြီး တန်းခေါ်ခိုင်းတယ်..

ကိုယ့်လက်ထဲက ဖုန်းကိုဆွဲယူပြီး...

"ဟို..အရီး ကျွန်တော်ရှိပါတယ် ။"

"လူလေးနှိုင်းတု ..အမလေး အရီးဖြင့်လွမ်းလိုက်ရတာကွယ် နှစ်ယောက်လုံးကို။..ဟော့ဒီ့က ဖိုးထောင်ဆီ ဖုန်းလေးရှိမှပဲ အလွမ်းပြေရတော့တယ် အရီးတို့ကလဲ ဖုန်းဆို မကိုင်တတ်နဲ့ ဟုတ်နေတာပဲ ။ဒါ့ကြောင့် အရီးက ရွာကို တစ်ခေါက်တစ်ကျင်း အလည်ပြန်လာခဲ့ပါအုံးလို့ပြောချင်တယ်ကွယ်..အရီးသားကြီးကို လူလေးနှိုင်းတုကားနဲ့ ရွာကနေမြို့ကိုသွားစဉ်ကလို တင်ခေါ်ပြီး လာခဲ့ကြ.."

"ဟုတ်ကဲ့ အရီး ကျွန်တော်လာလည်မှာပါ.."

"အေး..အေးကွယ် ။ကဲ..ကိုမာဃ ရှင်ကဒီတိုင်းကြီး ငုတ်တုတ်ထိုင်နေတော့မှာလားတော် ။သားကြီးရော လူလေးနှိုင်းတုကိုရော စကားလေးဘာလေးပြောအုံးလေ ..။ကြာသွားရင် ဘေဆိုလား ဘာလားအဲ့တာ ကုန်တယ်တဲ့တော် အချိန်ဆွဲနေ အလကား ပိုက်ဆံတွေကုန်မှဖြင့်..."

"အို...မင်းကလဲ ငါနားထောင်နေပါတယ်ဟ.."

ကျွန်တော် စကားနည်းတာ အဖေ့ကို တူတာ ။အဖေက အမြဲအဲ့လို.. မိသားစုချင်းတောင် ပြောချင်တဲ့ တစ်ခွန်းနှစ်ခွန်းကလွဲ ဘာမှ အပိုအလို ပြောတာမဟုတ် ..။သူများတွေပြောတာကို နားထောင်ပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်သည့်သူ ..။

"ဒီလိုဆိုလဲ ပြီးတာပဲတော် စကားပြောရမှာ ကြောက်တဲ့သူကြီး ..ကျုပ်ပဲပြောမယ်..။"

"ပြောလိုက်ပါကွာ..ငါလဲကြားနေရတာပဲ "

"လူလေးနှိုင်းတုရေ ..အဲ့ဒါပဲကြည့် မင်းဦးကြီးက အမြဲဒီတိုင်း..တုံဏှိဘာဝေ။"

"ရပါတယ် အရီးရဲ့..ဦးကြီးကို ဖိအားမပေးပါနဲ့..ရွာကိုလာမှ ရွာရိုးကိုးပေါက် လျှောက်ခေါ်ပြီး တစ်နေကုန် စကားပြောခိုင်းပစ်မယ် "

"အမလေး..ကောင်းသားပဲတော် ။လူလေးတို့သာ ရွာကိုအရင် အလည်ပြန်လာခဲ့ကြပေါ့ကွယ်..။ဒါနဲ့ သားရော လူလေးရော ဘာများပြောစရာ ရှိသေးလဲ ပိုက်ဆံတွေကုန်နေမှဖြင့်..နောက်မှ ခနခနခေါ်ပေါ့"

"ဟုတ်..ကျွန်တော့်မှာ ဦးကြီးနဲ့အရီးတို့ကို ပြောစရာဆိုတာထက် အသိပေးစရာရှိလို့ပါ "

"အိုကွယ် လူလေးနှိုင်းတုပြောစရာရှိတယ်ဆို အရီးနားထောင်မယ် အဲ့ဘေဆိုလား အေး..အဲ့ဒါကုန်လဲ အရီးက ဒီနှစ်ပေါ်တဲ့ ပဲတီစိမ်းအကုန် ရောင်းဆပ်မယ်တော့.."

"နှိုင်းပဲပေးပါ့မယ် ..ပြီးတော့ ပဲတီစိမ်းတွေရောင်းဆပ်စရာမလိုပါဘူး "

"အမလေး..ဟုတ်ပါပြီတော်..။ကဲ လူလေး ပြောစရာရှိတာပြော.."

"ဟုတ် ..ဒီလိုပါ ဟို လက်ရုံးနဲ့နှိုင်းနဲ့ဆို နှိုင်းကအကြီးဆိုပေမဲ့...နှိုင်းကဆင်ခြင်ရမယ့်သူဆိုပေမဲ့ မဆင်မခြင် လုပ်ခဲ့မိတာ နှိုင်းတောင်းပန်ပါတယ်နော် အရီး.."

"အိုကွယ် လူလေးပြောတာကို အရီးဖြင့် နားမလည်ပါဘူးကွယ် ..အရီးသားနဲ့ ပေါင်းပြီး ဘာအပြစ်တွေများ မဆင်မခြင်လုပ်ထားကြတာလဲ..အရီးဖြင့် ရင်တုန်ပန်းတုန်ရှိလိုက်တာကွယ်..."

"ဟို...နှိုင်းပြောတာ အဲ့လိုမဟုတ်ပါဘူးဗျ.."

"ဒါဆို ဘယ်လိုလဲကွဲ့.."

"ဟို...နှိုင်းပြောတာလေ ..အရီးသားကို နှိုင်းက ခိုးပြေးလာတာ ..အဲ့ဒါ"

"ဟေ..."

ဒီလူ့စကားကြောင့် အမေ့ရဲ့အာမေဋိတ်သံနဲ့အတူ ဘေးနားမှာထိုင်နေတဲ့ကျွန်တော်လည်း အံ့ဩရတာပါပဲ..။အစက တုန်တုန်ရီရီပြောပြီး ကြောက်နေတဲ့သူကိုကြည့်ပြီး အနည်းငယ်ရယ်ချင်နေပေမဲ့ ၊ခုကတော့ မဟုတ်ဘူး ဩချတာ။ဘယ့်နှယ့် ခိုးပြေးလာတယ်ဆိုတော့ ၊မဟုတ်လဲ ကျွန်တော်က လိုက်ချင်နေတဲ့သူ ။

"အရီး နှိုင်းကို စိတ်ဆိုးသွားပြီလားဟင်..။နှိုင်းတို့ကို သဘောမတူဘူးလားဟင်.."

"အဲ့ဒါလားကွယ်..ဒီကိစ္စဆို ဖိုးထောင်ပြောပြလို့ အရီးတင်မဟုတ်ဘူး ..မင်းဦးကြီးရော အင်း..ဖိုးထောင်ကြောင့် တစ်ရွာလုံးတောင် သိကုန်ကြပြီလားမသိဘူးကွယ်..။လူလေးက ဒါပြောရမှာကို ကြောက်နေတယ် ထင်ပ။အရီးဖြင့် သိပြီးတာ တစ်ဖက်ကမ်းတောင် လွန်နေပါပြီကွယ်..."

"ဗျာ.."

"ဟုတ်တယ်ကွဲ့.."

"ဖိုးထောင်ကို မပြောခိုင်းထားဘူး..."

"ဟဲဟဲ... ကိုကြီးနှိုင်းတု ဒီကိစ္စကို ဖိုးထောင်အကုန်ပြောတာ မဟုတ်ပါဘူး.. ။အရီးတို့ကသာ အရိပ်ပြတာလေးကို အကောင်လိုက်မြင်သွားကြတာ.. ။ပြီးတော့ စိတ်ချပါ ရွာထဲကလူ တစ်ယောက်လေးကိုတောင် မပြောပြရသေးပါဘူးဗျ .. "

ဖိုးထောင်ကတော့ လုပ်ချလိုက်ပြန်ပြီ။အရီးတို့ကို နှိုင်းကိုယ်တိုင်ပဲ အရင်ဆုံးအသိပေးချင်လို့ ၊နှိုင်းတို့အချစ်ရေးကိုသာ အရီးတို့က နှိုင်းမာမီလို သဘောမတူတာမျိုးဆို စိတ်ဆင်းရဲနေမှာမျိုး မလိုလားလို့ မပြောရန် သေချာမှာလိုက်ခြင်းဖြစ်သည်။ဘူးတစ်ရာဆို့ဖို့လွယ်သည် ၊ပါးစပ်တစ်ပေါက်ပိတ်ဖို့ အင်မတန်ခတ်ခဲသည်ဆိုတာ သွေးထွက်အောင် မှန်နေခဲ့တာပဲ ။ဖိုးထောင်မလို့ ပိုဆိုးသည်လည်း ပါလိမ့်မည်.. ။

"ဟုတ်ပါတယ်ကွယ် ဖိုးထောင်ကအတိအကျပြောတာမဟုတ်ပေမဲ့...နာမည်တပ်မပြောရုံတမယ်ပဲမို့ အရီးတို့ကသေချာသွားကြတာပါကွယ်..."

"ဟာ...အရီးကလဲ တူတူပဲလေ "

"အရီးက ဘာကန့်ကွက်စရာအကြောင်းရှိမလဲကွယ်...အရီးသားအကြောင်း အရီးသိတယ် ။အရီးသားက ရွာထဲက ကွမ်းထောင်ကိုင် ပန်းထောင်ကိုင် မှုံမှုံချောတွေကိုတောင် မျက်လုံးနဲ့ စေ့စေ့ကြည့်ခဲ့တာ မဟုတ်ဘူး..။လူလေးအပေါ်တော့ ပိုကိုပိုတာ အရီးသား လူလေးအပေါ် ဘယ်လောက်မေတ္တာထားလဲဆိုတာလဲ မွေးထုတ်ခဲ့တဲ့ အမေပဲ ဘယ်မသိပဲ နေမလဲကွယ် ။သီတင်းကျွတ်လပြည့်ညက လူလေးကို ကျောပိုးပြီးပြန်လာခဲ့တဲ့ အရီးသားကို ခုထိမှတ်မိဆဲပါကွယ်.."

"အရီး သိနေတယ် "

"သိတာပေါ့ကွယ် အဲ့တုန်းက လူလေးက အိပ်ပျော်နေခဲ့တာပဲ..။အရီး နားပါးတယ်လေ အသက်ကလည်း ကြီးတော့ လူလေးတို့ပြန်လာတဲ့ထိ အိပ်မပျော်သေးဘူးလေ "

"အဟင့်...ကျေးဇူးပါပဲ။နှိုင်း အရီးကို ကျေးဇူးတင်လိုက်တာ "

"ခင်ဗျား မငိုပါနဲ့လား..."

"မင်းကြားလား...အရီးက အကုန်သိနေခဲ့တယ်တဲ့။ငါတို့ကိုလည်း သဘောတူတယ်တဲ့ "

"အင်း ကျွန်တော်ကြားပါတယ် ..ခင်ဗျား ပျော်တယ်မလား "

"အင်း..ငါတစ်သတ်မှာ အပျော်ဆုံးပဲ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ် မင်းမြင်လား.."

"လူလေးရေ..အရီးကတော့ ပျော်လို့မျက်ရည်ကျတာမျိုးပဲ လိုချင်တယ် ။ဘယ်သူ ဘာပြောပြော အရီးသဘောတူတယ် ။အရီးသားက လူလေးကို မျက်ရည်ကျစေတယ်ဆို အရီးကိုတိုင်ရမယ်နော်.."

"ဟုတ်... ။နှိုင်း အရီးကို ကျေးဇူးတင်ပါတယ်"

အမေ့ဆီက ကန့်ကွက်ခြင်းတစိုးတစိမျှမရှိလေတော့ အပျော်လွန်ပြီး မျက်ရည်ကျတဲ့သူနှင့်အတူ ကိုယ်တိုင်ကလဲ ရင်ဘတ်ထဲမှာ ပျော်လို့ကျတဲ့ မျက်ရည်က တဖြိုင်ဖြိုင်ပါပဲ။စကားတစ်ခွန်းမှဝင်မပြောတဲ့ အဖေကလည်း ဘေးကနေ ခေါင်းတညိမ့်ညိမ့်နဲ့ ထောက်ခံနေမှာကို ပြေးမကြည့်ပဲ တွေးကြည့်ရုံနဲ့ သိပါသည်။မိဘနှစ်ပါးရဲ့ ငယ်စဉ်ကစ ယခုချိန်ထိ ကောင်းချီးပေးခံရခြင်းတွေထဲ ဒီကောင်းချီးလေးက အလိုချင်ဆုံးနဲ့ တန်ဖိုးအထားရဆုံးပါပဲ။

ငိုနေတဲ့သူကလည်း ဖုန်းပြောပြီးသည်ထိ အငိုမရပ်လို့ ကျွန်တော့်မှာ ချော့ရသေးသည်။ပျော်စရာလေးတွေများတွေ့ရင် မျက်ရည်ကျသည်အထိ ၀မ်းသာတတ်တဲ့လူကို ဘယ္လိုလုပ္ရမလဲ။မျက်ရည်တွေကျရင် မကြိုက်ဘူးဆိုတာ သိသားနဲ့ ။မျက်ရည်တွေမြင်ရင် ဒီကကောင်က ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ရတာကို မသိတာမဟုတ်ပဲနဲ့။ကျွန်တော်က ရှေ့ဆက်ပျော်စရာကမ္ဘာလေး အပစားပေးတော့မှာကို အချိန်တိုင်း ဒီလိုငိုနေလို့ ဘယ်ဖြစ်မလဲ...။

        _______________________

#minus-zero
27 October 22

ဖတ်တဲ့သူလေးတွေ ရှိကြသေးရဲ့လားကွယ် ...😟
ရေးတာ မကောင်းတော့ဘူးထင်တယ် ။

Continue Reading

You'll Also Like

1.8M 135K 50
Both Unicode and Zawgyi start date-11.11.2021 End date-20.2.2022
198K 12.7K 34
လင်းသုခ ဆိုတဲ့ ကျွန်​​တော့်​ရဲ့ ဘဝမှာ ကျွန်​​တော့်အသက်တမျှ​​ချစ်​ရတဲ့ အချစ်​ရဆုံးလူသားတစ်​​ယောက်​ရှိခဲ့ဖူးတယ်​။ ကျွန်​​တော့်​ရဲ့ အရာရာတိုင်းကို သူလ...
521K 39.8K 58
Male Pregnant ( Boy Love ) " နှစ်ယောက်ပေါင်းပြီး မဟာဂီတသံစဉ်တစ်ပုဒ် ဖွဲ့သီကြမလား ၊ ကိုယ်တို့နှစ်ယောက်ကြားက ပေါင်းကူးတံတားကတော့ ကာရံလေးပေါ့ " " သူငယ်ခ...
5K 468 7
ကိုယ့်ဖူးစာရှင်က ကိုယ်နဲ့ ၂၇လှမ်းပဲဝေးတဲ့နေရာမှာရှိနေမယ်လို့ တွေးကြည့်မိဖူးလား ...👣