"တကယ်သွားမလို့လား... "
"အင်း... မသွားစေချင်ဘူးလား"
"အင်း... "
"ဘယ်လိုလုပ်မလဲ ဦးမာန်ရှိန်ကလဲခေါ်နေတာဆိုတော့.. ပြီးတော့ ကျွန်တော်က ယောက္ခမကြီးကိုတွေ့လဲ သူ့သားကိုအပိုင်ယူထားတယ်ဆိုပြီး ကြောက်နေမှာမဟုတ်ဘူး .. ထိုင်တောင်ကန်တော့ခဲ့အုံးမှာ... "
"မင်းတော့ .. ငါတကယ်ပြောနေတာ နောက်မနေနဲ့..မာမီနဲ့တကယ်တွေ့ရင် ဘယ်လိုလုပ်မလဲ.. "
"ကျွန်တော့်ကို စိတ်ချပါ..ဘယ်နှစ်ခါ တွေ့တွေ့ ကျွန်တော်က ခင်ဗျားကိုပေးပါဆိုပြီး တောင်းနေမဲ့ကောင်မလို့ အန်တီခင်ထား မလာရဲလောက်ဘူးထင်တယ်... "
ဦးမာန်ရှိန်က အလုပ်ကိုပုံမှန်လာလုပ်ရန် ပြောသည်မို့ အလုပ်ကိုသွားမည်ကို ဒီလူက စိုးရိမ်နေတာ။အန်တီခင်ထားနှင့် တွေ့မည်ကို ကြောက်နေတာ ။အန်တီခင်ထားက ကိုယ့်ကိုပြောဆိုလိုက်မည်ကို ခုထိစိုးရိမ်နေဆဲပင် ။
ဦးမာန်ရှိန်ကတော့ ကျွန်တော်တို့နှစ်ယောက်ကို အဆိုးအကောင်းဘာမျှမပြောဘဲ အလုပ်ကို ပုံမှန်တိုင်း လာကြီးကြပ်ဖို့ရာကိုပဲ ပြောသည်။စိတ်ချရသည့်လူယုံဆိုတာလည်း မရှိသည်မို့ ဦးမာန်ရှိန် တစ်ယောက်ထဲ ဒီအလုပ်တွေကို မနိုင်မှန်းလည်း သိနေသည်မို့ ပစ်မထားချင်။ပြီးတော့ မျက်နှာထောက်စရာ ဖိုးထောင်တစ်ယောက်ကလည်း ရှိနေသည်လေ ။ကျွန်တော်နဲ့ ဒီလူ့ကိုလည်း အဆင်ပြေလားမေးပြီး အဆင်ပြေအောင်နေကြဖို့ပဲ ပြောသည်။ တားမြစ်သည့်စကား တစ်ခွန်းတောင် မဆိုသည်က သဘောတူလက်ခံခြင်းပဲ မဟုတ်လား ။ဒီလူနဲ့ပက်သက်ရင် အဆုံးရှုံးခံမှာမဟုတ်သော်လည်း ဦးမာန်ရှိန်ကြောင့် ပိုအားတတ်ရပါသည်။
"ငါ အတည်ပြောနေတာကိုနော် မင်း..
ဒယ်ဒီက ခေါ်နေတယ်ဆိုပေမဲ့ ..ဘာမှမပြောဘူးဆိုပေမဲ့ ဖြစ်ပါ့မလား "
"ကျွန်တော့်ကိုမယုံဘူးလား..ဟင် "
"မင်း ..နှာခေါင်းကို ဘာလို့လာဖိနေတာလဲ..
အကောင်းပြောနေတာကို "
"ဘယ်လိုလုပ်မလဲ ..စိုးရိမ်နေတဲ့ရုပ်လေးက ချစ်စရာကောင်းနေလို့.."
အလုပ်သွားခါနီး နောက်ကတပူပူလုပ်နေတဲ့ ၊မခွဲနိုင်ဖြစ်နေတဲ့ အကောင်ပေါက်လေး ကျနေတာပဲ။
ဟိုနေ့က ဖြစ်သလို ဆွဲခေါ်လာခဲ့သည့်အတွက် အ၀တ်ကလည်းမပါသည်မို့ မနေ့က၀ယ်လာခဲ့တဲ့ ဘောင်းဘီတိုလေးဝတ်ပြီး ဖြူဥနေတဲ့ ခြေတံသွယ်လေးတွေက အထင်းသား။ဝယ်လာတဲ့အင်္ကျီတွေကိုလည်း မကြိုက်ဘူးဆိုကာ ကျွန်တော့်ရှပ်ကို ကောက်ဝတ်ထားတော့ အောက်က ဘောင်းဘီတိုလေးတောင် မြှုပ်နေသည်။အိပ်မှုံစုံ၀ါးနဲ့ ဒီလုံးလုံးလေးကို အလုပ်သာမသွားရရင် အတည် ချစ်ပစ်ချင်တာ ။
"မဖိနဲ့ ..နာတယ် "
"ဟုတ်ပါရဲ့ နာသွားလိမ့်မယ် မဖိတော့ပါဘူးဗျာ "
"မင်း အဲ့လောက်လည်း မဟုတ်ပါဘူး "
"အင်း လုပ်ပေးချင်လို့လေ "
တကယ်နာသွားမည်ဆိုး၍ အကဲပိုပြီး နှာခေါင်းလုံးလုံးလေးကို လက်ဖျားလေးနဲ့ ဖွဖွလေး ပွတ်ပေးတော့လည်း အဲ့လောက်မလိုဘူးတဲ့ ၊တကယ်ငဂျစ်လေး ။
"ကျွန်တော့်ကို စိတ်ချပါ မသွားလို့မဖြစ်ဘူး..ဖိုးထောင်လည်း ရှိသေးတာမလို့ ။ဖိုးထောင်ကို ခိုင်းထားတာလေးတွေလဲ ရှိသေးတယ် ၊ယူခိုင်းစရာတွေလဲ ရှိနေတာမို့ နော်.."
"အင်းပါ ငါ သိပါပြီ...ဒါနဲ့ ဖိုးထောင်ကို ဘာခိုင်းထားတာလဲ "
"အင်း..ဒီလိုလေ ဖိုးထောင်ကို ကျွန်တော်စုထားတဲ့ ပိုက်ဆံတွေယူခိုင်းထားတာ အဲ့တာ.."
"မလိုပါဘူး..ငါ့အတွက်ဆိုရင် မင်းစုထားတဲ့ပိုက်ဆံတွေ မလိုပါဘူး "
"ခင်ဗျားအတွက်မလို့ လိုတာ..ခင်ဗျားအတွက်မလို့ ကျွန်တော့်ပိုက်ဆံတွေပဲ ဖြစ်သင့်တာ..ခင်ဗျားဖြစ်နေလို့ ခေါင်းအစခြေအဆုံး ကျွန်တော့်လက် ကျွန်တော့်ခြေတွေပဲ ဖြစ်စေချင်တာ.."
"အင်း.."
"နှိုင်းတုမမှီတို့က နေကောင်းတော့ စကားတွေများလာလိုက်တာ ကြည့်ပါအုံး ခုထိလဲ မျက်နှာမသစ်ရသေးဘူးမလား..ဟင်"
"မင်း ငါက အကြီးနော် "
"အင်း ..ဘယ်နားလေးကြီးတာပါလိမ့်နော် ..ကျွန်တော်ထင်တာတော့ ကျွန်တော်က ပိုကြီးတာပါ..ဟားးး "
"စနိုင်သေးတယ်နော်..ဟွန့်
မျက်နှာမသစ်ရသေးတာလဲ မင်းကြောင့်လေ.."
"ဟုတ်ပါပြီဗျာ..ကျွန်တော့်ကြောင့်မို့ ကိုယ်တိုင် မျက်နှာသစ်ပေးရတော့မယ် ထင်တယ် "
"အင်း မင်းလုပ်ပေးရတော့မယ် "
"ဒီကလဲ ကိုယ်တိုင်ပဲ လုပ်ပေးချင်တာ "
"မင်း ငါက ရွဲ့ပြောနေတာကို.."
"အော် အတည်ပြောတယ် ထင်နေတာကို.. "
"မင်းတော့.. "
"မောင် လို့မခေါ်တော့ဘူးလား "
"မခေါ်ဘူးး .. "
"ခုတော့ ထားလိုက်အုံးမယ်...မအားသေးလို့
အားရင် မရဘူးဆိုတာ သိတယ်မလား.."
"မင်း ငါ့ကို ဘယ်လိုတွေကြည့်နေတာလဲ..မညစ်ပတ်နဲ့ သွားမှာဆိုသွားတော့ တားလို့လဲရမှာမဟုတ်ဘူးး "
"ဟုတ်ပါပြီဗျာ မနက်စာပြင်ထားခဲ့ပြီမို့ ကျွန်တော်မရှိလဲ ကောင်းကောင်းစားရမယ်နော် "
"အင်း ငါသိတယ် "
"သွားပြီ "
"မင်း ဘာလုပ်တာလဲ "
"နမ်းလိုက်တာလေ အလုပ်မသွားခင်
အားဆေးလေး "
"သွား သွားတော့ ..
ဘာမှန်းလည်း မသိဘူး "
"ဘာမှန်းသိအောင် အပြန်ကျပြမယ် ခုတော့
သွားပြီ.."
"မင်း.."
ဒီကောင်လေး နှိုင်းကို နမ်းသွားသေးသည် ။
သူလာနှိုးမှ နှိုင်းနိုးလာသောကြောင့် ခုထိမျက်နှာကသစ်ရသေးတာမဟုတ်တော့ တစ်ညလုံးဖြစ်သလိုအိပ်ထားသောကြောင့် အနဲဆုံးတော့ ပေနေမှာပဲလေ။ဒါကို အသားထဲနစ်ဝင်မတတ်နမ်းသွားသည်။
မနက်အစောကြီးထပြီး ချက်ပြုတ်တတ်တဲ့ ကောင်လေးက နှိုင်းအတွက်လည်း မနက်စာအဆင်သင့် ချက်ခဲ့သေးတာ ။မာမီရော ဒီကောင်လေးကိုပါ စိုးရိမ်သော်လည်း ရှောင်ပြေးလို့မရတဲ့ပြဿနာတွေမို့ အဆုံးမှာတော့ ရင်ဆိုင်လိုက်သည်မှာ အကောင်းဆုံးပင် ။ဒါကြောင့်မို့ ဒယ်ဒီ့အလုပ်ကို ပုံမှန်တိုင်း ၀င်ကူပေးသည်ကို နှိုင်း မတားတော့တာ ဖြစ်သည်။
"ဟဲလို.."
"သာလွန် ငါပါ.."
"နှိုင်းတုလား ဟေ့ရောင် မင်းတို့တွေ ဘာတွေဖြစ်ကုန်ကြတာလဲဟင် ငါနားမလည်တော့ဘူး ခုရော မိုးဇက်တိုက်ခန်းမှာပဲလား "
"အင်း ငါရှင်းပြစရာတောင်မလိုတော့ဘူးထင်တယ်..မိုးဇက်ပြောတာလား "
နှိုင်းတောင် ဘာမှမပြောရသေး သာလွန်ကတရစပ် သူချည်းပြောပစ်နေတော့ ရှင်းပြစရာမလိုတော့ဘူးလို့တောင် တွေးမိသည် ။
"ဘယ်သူရှိမှာလဲ အဲ့ကောင်ပဲပေါ့ ..သူပြောမှ ညီစေနဲ့ငါ သိတာ ဒါနဲ့သူတောင်အကုန်မသိလို့ သိပ်များများစားစားမပြောသွားဘူး ဒီကိစ္စမင်းပဲ ပြောပြရမှာ "
"အင်း ငါ့မှာမင်းတို့ပဲရှိတာလေ..ပြီးတော့
ရုတ်တရတ်ဖြစ်သွားတဲ့ ပြဿနာတွေအတွက် မပြောပြဖြစ်ခဲ့တာ တောင်းပန်ပါတယ်ကွာ"
"ငါနားလည်ပါတယ် နှိုင်းတုရာ..ငါတို့ကလည်း ကူညီပေးချင်ရုံပါ..အာ့ကြောင့် မေးရတာ "
"အင်းပါ.."
နှိုင်းလဲ ဖြစ်သွားသည့် ပြဿနာတွေကို အကုန်ပြောပြလိုက်ကာမှ...
"ဒါဆို ငါမင်းကို မေးစရာရှိလာပြီ ထင်တယ် "
"ဘာမေးမှာလဲ "
"ဒီလိုလေကွာ မင်း လက်ရုံးကို တကယ်ချစ်တာလား..ဒါ့ကြောင့် မင်းမာမီကိုတောင် အတိုက်အခံလုပ်ပြီး ထွက်လာခဲ့တာလားဆိုတာလေ "
"အင်း ငါသူ့ကို ချစ်တယ် "
"တကယ်ကြီး ဟေ့ရောင် မင်းနှိုင်းတု အစစ်
ဟုတ်ပါတယ်နော် "
"ငါက ဘာဖြစ်နေလို့လဲ "
"မဟုတ်ဘူးလေကွာ..လက်ရုံးနဲ့မတွေ့ခင်ထိ
အချစ်ရေးစိတ်မ၀င်စားဘူး ဘာညာနဲ့ လာပြောသမျှ သူတိုင်း ငြင်းလွှတ်နေတဲ့ကောင်ဆိုတော့ ဆေးတွေဘာတွေများမိပြီး စိတ်တွေကမောက်ကမ ဖြစ်သွားတာများလားလို့ ဟားးး "
"မင်း ငါ့နားရှိရင် သေပြီ "
"သာလွန်တို့က ကြောက်ကြောက် ..
အဲ့လက်သီးတွေ လက်မောင်းတွေက မိုးဇက်အတွက်ချန်ထားလိုက်အုံး မင်းအချစ်ကိုတွေ့သွားလို့ဆိုပြီး ဒီကောင်က ဒရမ်မာတစ်ကားလောက် ရိုက်ပြအုံးမှာ မြင်ယောင်သေးတယ် ။
အော် မေ့လို့ အချစ်နဲ့တွေ့တာမဟုတ်ဘူး
ရတောင်ရသွားလောက်ပြီ ဟုတ်တယ်မလား
လိမ်ဖို့ မတွေးနဲ့ နော်..အကုန်ပြောလာခဲ့ "
"အင်း မင်းထင်သလိုပဲ "
"ဘာ..နှိုင်းတု မင်းတို့က ခြေမြန်လက်မြန်တွေကွာ ..ငါဖြင့် ဆဲတောင်ဆဲမိတော့မယ် "
"ဘာလို့ ဆဲမှာလဲ "
"အံ့ဩလို့ဟေ့ အံ့ဩသွားလို့ ရှင်းပြီလား..
ဟိုကောင် လက်ရုံးရော မင်းရော စပရိုက်တိုက်တဲ့နေရာတော့ လက်ရည်တူပဲနော် ရှော့တောင်ရတယ်.."
"ဟားး "
"ငါ့ကို လာဟားမနေနဲ့ ငါတို့သုံးယောက်နဲ့ မင်း ရှင်းဖို့ပြင်ထား ခုကရုပ်မမြင်အသံကြားဖြစ်နေလို့ သက်သာသွားတယ်မှတ် .."
"မင်းတို့ကိုပဲ ကြောက်ရတော့မယ်ထင်တယ် "
"ကြောက်ရင်လဲ စိတ်ထဲမှာပဲကြောက် အပြင်မှာထုတ်ကြောက်ပြမနေနဲ့ မင်းဟာလေးက အသက်သာငယ်တာ လွယ်မယ်မထင်ဘူး ငါတို့လဲ ခပ်ကြောက်ကြောက်ပဲဟေ့.."
"ဟေ့ရောင် သာလွန် မင်းကတော့လုပ်ပြီ..
ငါ့ဟာလေးက ဒီလောက်ချစ်စရာကောင်းတာ.."
"အေး မင်းထက်နှစ်ဆလောက်ကြီးတဲ့ ဗလတွေကို မင်းပဲချစ်စရာကောင်းနေလိုက် "
"အင်း ချစ်မှာပေါ့.."
"ပြီးတာပဲ ခုအဆင်ပြေတယ်မလား ..
နောက်မှတွေ့ကြရအောင် မင်းဟာလေးကိုပါခေါ်ခဲ့..အကူအညီလိုရင် အချိန်မရွေးနော် ဟေ့ရောင် ..သူငယ်ချင်းအချစ်ရေးကို ငါလဲပါရမီဖြည့်ရတာပေါ့ ဒါမှ ငါ့အလှည့်လဲ အဆင်ပြေမှာ ဟဲဟဲ .."
"အင်း တွေ့ကြမယ် .. "
နှိုင်း ဒီသုံးယောက်ကို ခုလိုပြောပြရတာကို ကြောက်နေခဲ့သေးတာ ။နှိုင်း သူငယ်ချင်းအရင်းကြီးတွေက နှိုင်းတို့ကို လက်မခံမှာကို ကြောက်နေခဲ့တာ ။သုံးယောက်လုံးက နှိုင်းတို့ကို လက်ခံတဲ့အပြင် အားပေးချီးမြှောက်ပြတော့ အတိုင်းမသိပါပဲ ။အံ့ဩအောင်လုပ်သည်ဆိုကာ စကားတွေနဲ့တော့ သုံးယောက်လုံးဝိုင်းလှော်ကြသည့် နေရာမှာတော့ တိုင်ပင်ထားသလားအောက်မေ့ရသည် ။မိုးဇက်ကို တိုက်ခန်းအတွက် အကျိုးအကြောင်း ပြောပြတော့လည်း ဒီအတိုင်းပင် ။
မည်သို့ပင်ဆိုဆို ဒီသုံးယောက်ကတော့ နှိုင်းအဖို့ အမြဲတမ်းအတွက် သူငယ်ချင်းကောင်းတွေပါပဲ ။
*******
လက်ရုံး အလုပ်တွေကို အမြန်လက်စသတ်ပြီး အစောပြီးအောင် ကြိုးပမ်းခဲ့ရတာ ဖြစ်သည်။
ဒါကို တိုက်ခန်းပြန်ရောက်တော့ ဆည်းလည်းလေးက အမြင်အာရုံထဲ တန်းမတွေ့တော့ စိတ်ထဲ သဲသောင်ပြင်ကြီးလို ဟာလာဟင်းလင်း။တံခါးများ လာဖွင့်ပေးမလားဆိုပြီး တစ်ယောက်ထဲ အရိုလွန်ပြီး တံခါးသော့ရှိရဲ့သားနဲ့ တမင်ဘဲလ်တီးခေါ်တာလည်း မကြားဘူးထင်ပါသည်။ဝင်ဝင်ချင်း ဧည့်ခန်းထဲမှာလည်း မတွေ့တော့ ဒီတိုက်ခန်းကျဉ်းလေးထဲကိုပဲ ကျွန်တော့်မှာ အပြေးအလွှား။အိပ်ခန်းထဲလဲမရှိတော့ ၀ယျလာခဲ့တဲ့ စားစရာအထုပ်တွေကိုင်ပြီး တစ်ဆက်တည်းမှာပဲ မီးဖိုချောင်ထဲ ခပ်သော့သော့လေး ပြေးရှာသော်လည်း မရှိ ။အထုပ်တွေချပြီး ၀ရံတာကို သွားကြည့်ကာမှ တွေ့လိုက်ရတဲ့ လမင်းလေး ။ဘာလေးမှန်းမသိ ထိုင်ခုံလေးပေါ် ခြေထောက်လေးတွေပါတင်ထားတော့ တစ်ကိုယ်လုံးထိုင်ခုံလေးထဲ ဝါဂွမ်းလုံးလေးလိုပဲ။ကျွန်တော့်ထက် အသက်ကြီးတဲ့ဒီလူ့ကို အသက်ငယ်တဲ့ကျွန်တော်က အမြဲတမ်း အသဲတယားယားပါပဲ။
ကျွန်တော့်အပြန်ကို ဒီလူစောင့်နေခြင်းက ဒီလောက်တောင်ကြည်နူးဖို့ ကောင်းတယ်တဲ့လား။ပင်ပန်းတာတွေလည်း ဒီလမင်းလေးကြောင့် ဖွတ်မေ့၊ပဒတ်မေ့ ပါပဲ။အရင်က ကျွန်တော့်ဘ၀ထဲ အခြားသူတစ်ဦးတစ်ယောက်လာစွတ်ဖက်မည်ကို မလိုလားခဲ့ပေမဲ့ ၊ဒီလူကတော့ ကျွန်တော်ကိုယ်တိုင် စတင်ချည်နှောင်ခဲ့တဲ့ ထာဝစဉ်ခိုင်မြဲမဲ့ ကြိုးစလှလှလေး ။
"အဟွန်းး.."
လူတစ်ယောက်လုံးကို သတိမမူမိအောင် အတွေးလွန်နေသည့်သူကို ညာသံပေးလိုက်ကာမှ...
"မင်း ပြန်ရောက်ပြီလား..ဘာလို့ အစောကြီးလဲ
ခါတိုင်းဆို နောက်ကျတာကို..."
"အင်း ပြီးအောင်လုပ်လာခဲ့တာ.."
"ဘာလို့လဲ "
"လွမ်းနေလို့ "
"ငါ့ကိုလား.."
"ဘယ်သူရှိရမှာလဲ ...ဒီမျက်နှာလေးကို မြင်ချင်လွန်းလို့ ဒီကကောင်က ပြေးလာခဲ့ရတာ..ဖိုးထောင်က ဘာပြောနေလဲ သိလား "
"ဘာတဲ့လဲ "
"ကျွန်တော့်ကို အကဲပိုလွန်းလို့ အမြင်ကပ်တယ်တဲ့.."
"ဟားး ခံလိုက်ပေါ့.."
"ကျွန်တော့်ကို ဒီလိုပြောရလား..၀မ်းနည်းတော့မှာပဲ.."
"မင်းကတော့...ဒါနဲ့ ဒယ်ဒီနဲ့ရောတွေ့လား မာမီရော အဆင်ပြေတယ်တဲ့လား..ငါ မာမီ့ကို သွားတွေ့ချင်တယ် "
"အင်း.ကျွန်တော်လိုက်ပို့ပေးပါ့မယ် ခင်ဗျားသွားချင်တယ်ဆို.."
"အင်း ကျေးဇူးပဲ "
"ဒါဆို .. ဗိုက်ဆာနေပြီလား.. "
"မင်း ရိုးရိုးမေးလဲရပါတယ် ဘယ်လိုဖြစ်လို့ အတင်းလာဖက်နေရတာလဲ.. ငါပြုတ်ကျတော့မယ် အသက်တောင်ရှုလို့မရတော့ဘူး.. "
"ချစ်လို့.. ပြီးတော့ ဒီလိုလေးဖက်ထားချင်နေလို့.."
ရှုး!
"လုပ်ပြန်ပြီ.. အစောကမှရေချိုးထားတာ
လာမနမ်းနဲ့ "
"ပိုတောင်နမ်းချင်သွားပြီ မွှေးနေတာပဲ.. ကဲဟာ "
"မင်း... မလုပ်နဲ့ ပြောနေတာကို "
"မရဘူး "
ရေချိုးပြီးပြီဆိုကာ အတင်းရှောင်နေတဲ့ ပါးမို့မို့လေးကို တရှုးရှုးမြည်အောင် ဆွဲနမ်းပစ်လိုက်သည် ။
"တော်ပြီ ဗိုက်ဆာနေပြီ.. မင်းလဲ ရေသွားချိုးတော့ ... "
"အင်း.. ခနလေးပဲ ရေချိုးလိုက်အုံးမယ် ။ပြီးရင် အတူတူစားမယ် ခင်ဗျားကြိုက်တတ်တဲ့ ပုစွန်ဝယ်လာတယ် .. ဒီနေ့ကအချိန်မရတာမို့ နောက်နေ့ကျ ကျွန်တော်ကိုယ်တိုင် ချက်ကျွေးပါ့မယ် .. "
"အင်း ပြောစရာမလိုတာကို .. "
သူကိုယ်တိုင် ဟင်းချက်မကျွေးရလို့ နောက်နေ့ကျကိုယ်တိုင်ချက်ကျွေးပါ့မည်တဲ့ ။မနက်ကလဲ ချက်ပေးသွားတာကို ။ဒီလောက်နဲ့တင် ဒီကောင်လေး ပင်ပန်းနေတာ နှိုင်းလဲအသိ ။အလုပ်တွေ သူတစ်ယောက်တည်း သိမ်းကြုံးလုပ်နေရတာမို့ နှိုင်းအတွက် တာဝန်မကျေသလို ။အသက်ငယ်တဲ့ ဒီကောင်လေးကပဲ သူ့အရပ်သူ့ဒေသ မဟုတ်တာကိုတောင် ဦးစီးဦးဆောင်ပြုနေပါသည်တဲ့ ။အရည်အချင်းရှိတဲ့ကောင်လေးမို့ နှိုင်းကံကောင်းသည်လား။ ဒီကောင်လေးကိုရတာ ၊ နှိုင်းအတွက် အမြဲရှိပေးနေတာနဲ့တင် ဘုရားပေးတဲ့ ဆုလာလ်လေးပါပဲ ။နှိုင်းကိုလဲ အလုပ်မသွားစေလိုသော ဒီကောင်လေးဆန္ဒတစ်ခုတည်းနဲ့တင် နှိုင်းအလုပ်ကိုလဲမသွား ။ဦးမင်းမြတ်ကိုတောင် နှိုင်းအကျိုးအကြောင်းရယ်လို့ လှမ်းမပြောမိ ။သို့သော် ဒယ်ဒီကတစ်ဆင့် နှိုင်းကိစ္စကို ဦးမင်းမြတ်သိပြီးသည်မှာ သေချာသလောက်ပင် ။ပတ်ဝန်းကျင်ကလူတွေကိုလဲ နှိုင်း အတိုအရှည် လိုက်မရှင်းပြချင်ပါ ။
လက်ရှိက ဒီကောင်လေး နှိုင်းအနားမှာ နေပျော်နေဖို့ ။နှိုင်းနဲ့ရှိနေရင် စိတ်သက်တောင့်သက်သာဖြစ်တာမျိုး ၊ပျော်ရွှင်နေပါတယ်ဆိုတဲ့ စိတ်ခံစားချက်ကိုပဲ ပေးချင်တာ ။
"မောင် "
ဟင် !
အိပ်ခါနီးကို ဘယ်လိုတွေတောင် လာပြုစားနေတာပါလိမ့် ..
"ကျွန်တော့်ကို မောင်လို့ခေါ်လိုက်တာလား.. "
"အင်း .. "
နှိုင်းက မောင်လို့ခေါ်လိုက်တော့ ရှုံ့နေတဲ့ အိပ်ယာခင်းတွေကို ဆွဲဆန့်နေတဲ့ကောင်လေးလက်တွေက ရပ်တန့်သွားတယ် ။သပ်သပ်ရပ်ရပ်မှ နေတတ်တဲ့ ကောင်လေးက အိပ်တော့မဲ့ အိပ်ယာခင်းတွေကို ဆွဲဆန့်နေတာ ဘာထူးမှာတဲ့လဲ .။
နှိုင်းကိုပဲ စူးစူးစိုက်စိုက်ကြည့်နေပြန်တော့ နှိုင်းတစ်ကိုယ်လုံး ချမ်းတုန်လာရသလို ။သေချာတာတစ်ခုက Aircon.. ကြောင့်တော့ ဟုတ်မယ်မထင် ။
"ဒီလိုဆက်ခေါ်နေမယ်ဆို ဒီညဘေးကင်းမှုအတွက် တာဝန်မယူနိုင်တော့ဘူးထင်တယ် "
ပိုသားညအိပ်ဝမ်းဆက်လေးနဲ့ ဒီလူက ဘယ်လိုတောင် ချစ်ဖို့ကောင်းနေမှန်း မသိတော့ ။အခန်းမီးမပါဘဲ မီးအိမ်လေးရဲ့ အလင်းရောင်တစ်ခုထဲနဲ့တင် အလှအပတွေက တလတ်လတ်ပါပဲ ။
"ဒါဆို မင်းကမကြိုက်လို့လား.. "
"ကြိုက်တယ် "
"မောင်.. "
"မခံနိုင်တော့ဘူး .. "
ဘုတ် !
"အ.. "
နှိုင်းလက်ကိုဆွဲပြီး ကုတင်ပေါ်ကို ခြေပစ်လက်ပစ် ဆွဲချပစ်တော့ နှစ်ယောက်သားက အိစက်စက်ဆောင်တွေပေါ် လုံးခနဲ ထွေးခနဲ။
"ကျွန်တော့်ကို ဒီလိုဆွဲဆောင်တယ်ပေါ့.. "
"မဟုတ်ပါဘူး.. "
"ဘာလို့ဒီလောက်ချစ်ပစ်ချင်စရာလေးလဲဟင် ..
ခင်ဗျားက ကဝေလေးလား.. "
"မဖိနဲ့.. ဒါပဲ လာကလိနေလိုက် "
"အင်း ဒီလုံးလုံးလေးကို ကိုက်စားပစ်မယ်..
မဟုတ်ဘူး တစ်ကိုယ်လုံးကို စားမှာ.."
"မင်း..ဆင်း ငါ့ပေါ်ကဖယ်တော့ .."
"မရတော့ဘူး အစောက ပြုစားတုန်းက ပြုစားထားပြီးတော့ ..."
"မင်းတော့..အွင့် "
ပြွတ်စ်!
နှိုင်းပေါ်ကနေ မဖယ်သည့်အပြင် အနမ်းခံလိုက်ရသည်မှာ အလန့်တကြားပါပဲ ။အမြဲလိုလို နှိုင်းနှုတ်ခမ်းတွေကို ငုံထားမတတ်နမ်းတတ်တဲ့ ကောင်လေး ။
နှိုင်းအပေါ် ဒီကောင်လေးရဲ့ ဂရုစိုက်မှုတွေက ကုဋေကဋာပင်မို့ နှိုင်း မသိလိုက်သည့်အချိန်မှာပဲ ခေါ်လိုက်မိတာ ။နှိုင်းကို နှိုင်းတောင် မသိလိုက်ပဲ မောင်ဆိုတဲ့ နာမ်စားလေးကို အမြတ်တနိုး ခေါ်လိုက်မိတာ ။မြတ်မြတ်နိုးနိုးပါပဲ ။
နှိုင်းကို ဒီကောင်လေးဘယ်လောက်တန်ဖိုးထားသည်ဆိုတာကို အပြုအမူတွေကတစ်ဆင့် ခံစားလို့ရတာမို့ နဲနဲလေးတောင် သံသယမ၀င်ခဲ့ပါဘူး ။ဒီကောင်လေး ဘာလေးတောင်းဆိုဆို နှိုင်းအတွက်တော့ ဖောဖောသီသီ ဖြည့်ဆည်းပေးချင်တာချည်းပါပဲ ။
"ဒီညရော ..ကျွန်တော် ရနိုင်မလား "
"အင်း.."
"မောင် လို့ခေါ် "
"မောင်.."
"မောင် ခင်ဗျားကို ချစ်တယ် ၊အရမ်းချစ်တယ် "
"သိတယ် "
နဖူးလေးကို ခပ်ဖွဖွအနမ်းလေးပေးတော့ တွန့်မသွားတာက ကျွန်တော်တို့ရဲ့ ဒုတိယအကြိမ် ဖြစ်နေခဲ့လို့လား ။ကျွန်တော့်အတွက်တော့ ဒီမျက်ခွံလှုပ်လီလှုပ်လဲ့လေးတွေ ၊နှာတံလေးတွေက ဘယ်နှစ်ခါ နမ်းရနမ်းရ အသစ်အဆန်းတွေပါပဲ။
မရိုးနိုင်ခြင်း သဘောတရားတွေပါပဲ။ညှပ်ရိုးသွယ်သွယ်လေးတွေကတော့ 'ဒီအရာလေးနဲ့တင် အသက်ရှင်နိုင်ပါသည် ' ဆိုပြီး တွေးမိသည်အထိ ပေးစွမ်းနိုင်တယ် ။ရင်ဘတ်ပေါ်က ချယ်ရီ ပွင့်ချပ်လေးနဲ့ ခါးသွယ်သွယ်လေးတွေကလည်း ထို့အတူ ။ခန္ဓာကိုယ်ချင်း နှီးနှောဆက်နွှယ်သည့်နေရာမှာလဲ ကျွန်တော်တို့က ဒုတိယအကြိမ်မှာပဲ တရင်းတနှီး ။ရင်ခုန်ဖက်လူတွေမလို့လားမသိ အသွေးအသားကတောင် အသိအမှတ်ပြုလွယ်ပါသည်။
ထပ်တူကျနေတဲ့ ရင်ခုန်သံတွေနဲ့အတူ ဒီညဟာလဲ ညတာရှည်အုံးမယ့် ညတစ်ည ..။
________________________
#minus-zero
23 October 22