ဝင်း တစ်ယောက် အလုပ်ဆင်းကတည်းက Bar မှာသောင်တင်ပြီး အကြံပေါင်းစုံညှစ်နေသည်မှာအတော်ကြာနေပြီဖြစ်သည်။ သူငယ်ချင်းဖိုစ့်လည်း ဒီရက်ပိုင်းအရင်ကလိုမဟုတ်ဘဲ မူမမှန် ဖြစ်နေတာကြောင့် ဟိုခေါ်၍လည်းမလိုက် ဒီခေါ်၍လည်းမလာ ဖြစ်နေသည်။ ထို့ကြောင့် ဝင်း တစ်ယောက်တည်းသာ စားပွဲဝိုင်းမှာ ထီးထီးကြီးထိုင်နေရ၏။ဒီခပ်အေးအေးသီချင်းသံတွေကလည်းသူ့ကိုငြိမ်းအေးနိုင်စွမ်းနည်းနည်းမျှပင်မရှိ။
*ဗျာ....ကျွန်တော်က ပီ့ ကို ကျောင်းမှာကတည်းကအမြဲတမ်းနောက်လိုက်ကြည့်နေခဲ့တာ ဒီအလုပ်ကိုဝင်တာလည်း ပီ ဒီအလုပ်မှာ မန်နေဂျာလုပ်နေလို့ ဝင်ခဲ့တာ..ဒါတွေတောင်မလုံလောက်သေးဘူးလားဟင်*
*အဲ့အချိန်တွေတုန်းက....အကိုမှ မသိခဲ့တာ...ခု သိဖို့ကြိုးစားကြည့်မယ်...မင်း ဘယ်လိုကြိုးစားမလဲ ကြည့်ချင်တယ်...မရဘူးလား..*
"ကျစ်"
တွေးမိတိုင်းရင်နာသောစကားရယ်ပါ။ လက်ထဲမှာအတော်ကြာကိုင်ထားမိတဲ့ အရက်အေးဟာ ကျဉ်လာသည်နှင့်ထပ်တူ အတွေးဟာလည်း အဝောာ်လေး ဝမ်းနည်းစရာမို့ တကျိုက်တည်းမော့ပစ်လိုက်သည်။ ဖြစ်ချင်ရာဖြစ်လေ နောင်လာမှနောင်ရှင်း။
ဒီစကားက ငြင်းသည်နှင့်တူတူပဲမဟုတ်လား ဝင်း လည်း ယခင် ဆယ်ကျော်သက်ဘဝတုန်းက ကောင်မလေးတစ်ချို့ကို လိုက်ခဲ့ဖူးပါသည်။ ဒီစကားထွက်လာရင် ဘယ်တော့မှအဖြေပြန်ရခဲ့ခြင်းမရှိသလို စိတ်ဝင်စားမှုတွေလည်း လျော့လာသည်မို့လား။
တကယ်သာအချင်းချင်းစိတ်ဝင်စားလျှင် ချက်ချင်းလက်ခံပြီး တွဲနေရင်းမှ အသိအမှတ်ပြုအောင် ချစ်ပြရမယ်ဆိုထားပါတော့လေ။ ခုတော့ သူ့ရဲ့လေးနှစ်တာက မလုံလောက်သေးသလို ပြောဆိုလိုက်သလိုပဲ။
"အေးလေ...နတ်သားကိုလိုချင်နေမှတော့ နတ်လိုကျင့်ကြံရတော့မှာပေါ့"
"ပီဝင်း ဘာတွေတီးတိုးပြောနေတာလဲ"
ဘေးနားကရုတ်တရပ်ဆန်စွာထွက်လာတဲ့စကားသံကြောင့် ဝင်း လည်း လန့်သွားကာ ကြည့်မိတော့ ဘုတ် ဖြစ်နေသည်။
"နတ်လိုကျင့်ကြံတယ်?....ပီဝင်းက တရားဘောင်ဝင်တော့မလို့လား..."
သူကြားလိုက်တဲ့တစ်စွန်းစကိုပြန်ပြောရင်း ရမ်းတုတ် နေတဲ့ ဘုတ် ဟာ အမှန်တကယ် ရိုးစင်းလေး။ ပြုံးပြီးပြောနေသည်မှာ သည်ကောင်လေး၏ အကျင့်တစ်ခုလိုပင်ဖြစ်နေရော့သည်။ ခါတိုင်းဆိုပြုံးပြီးမေးဖြစ်မိပေမယ်လို့ ခုတော့ ကိုယ့်စိတ်နှင့်ကိုယ်တောင်မကပ်။
"နောင်ဘုတ် ဘယ်လိုရောက်လာတာလဲ"
"ကားနဲ့လေ အကိုရဲ့"
ဘုတ်ကဝင်းစကားကိုပြန်ဖြေရင်း ဘေးခုံမှာဝင်ထိုင်သည်။
"မဟုတ်ဘူးလေ ပီပြောတာ ..
"ကျွန်တော်က ဒီကိုလာနေကျ...ပီ့ကိုသာမေးရမှာ...ဘယ်လိုဖြစ်လို့လဲ .
ကြည့်ရတာ....
အတော်ဝမ်းနည်းစရာကိစ္စပဲနေမယ်"
ဘုတ်ကသူ့မျက်ဝန်းတွေကိုမှေးပစ်ကာ ခန့်မှန်းပြီးပြောနေသည်။ ဝင်း ကတော့ ဘုတ် ပြောစကားကြောင့် တဖန်အမှတ်ရကာ တိမ်မဲတွေပြန်ရောက်လာတော့သလိုပင်။
"ဟေး ပီ....ဒါနဲ့ နေ့လည်က ပီဘိုက် ရုံးခန်းကို သွားတဲ့ကိစ္စနဲ့များဆိုင်နေလို့လား"
"နောင် အဲ့လောက်ခန့်မှန်းတတ်နေရင် ဗေဒင်ဆရာပဲသွားလုပ်ပါတော့"
ဝင်းက အရက်ခွက်ကိုမော့မသောက်ခင်ကပြောလိုက်တဲ့စကားကို ဘုတ်က သဘောတကျရယ်သည်။
"ဟဟ....ထင်သားပဲ အကိုရ...အဲ့ကိစ္စပဲဖြစ်မယ်လို့လေ....."
ဝင်းဘာမှပြန်မပြောမိပဲ သူ့ရှေ့က ဘာမှမရှိတော့တဲ့ ခွက်ကိုလက်ဖြင့် တတို့တို့လုပ်နေသည်။
"ပြောပြပါဦး အကိုရ...ဘာဆူလိုက်တာလဲ"
ဝင်းခေါင်းယမ်းလိုက်သည်၊ တစ်ပါတည်း ကျွတ်ပါ ထိုးသွားတာမို့ ဘုတ်က တစ်ချက်ရယ်ပြန်သည်။
"ပီ....မကြာခင်မူးလိမ့်မယ်နော်..."
"ပီမမူးဘူး မုန့်တွေအရင်စားပြီးမှသောက်တာ...ခုက ရီဝေဝေဖြစ်နေရုံပဲ"
ဝင်း ရဲ့မျက်လုံးတွေက အိပ်ရေးမရသလိုမျိုး အစ်နေပြီး ပျင်းရိစွဲနေသလိုကိုထင်ရသည်။
ဘုတ်လည်း ဝင်း ကြည့်ရတာ အတော်ကိုစိတ်ပင်ပန်းနေပုံရတာမို့ ဆက်မမေးတော့ပဲ သူနဲ့ပါလာတဲ့ ဘီယာကိုတစ်ငုံမော့လိုက်သည်။
"ညီလေး....."
"ဗျာ..."
ဝင်းကအသံသေးလေးဖြင့်ဆက်ပြောသည်။
"မင်း....လူတစ်ယောက်ကိုချစ်ဖူးလား....
အကိုပြောတာက ပေါ့ပေါ့တန်တန်မဟုတ်ပဲ...နှစ်တွေအကြာကြီး လိုက်ခဲ့ရပြီး တွေ့လိုက်တိုင်းမှာ ရင်တွေခုန်ပြီးစကားတွေမှားရလောက်တဲ့အထိ ချစ်ဖူးလား..."
ဝင်း ရဲ့အတည်ပေါက်ဆန်တဲ့ မေးခွန်းဟာ ဘုတ် ကိုပါ ရပ်တန့်သွားစေသလိုပင်။ ဝင်း မသိတဲ့ ဘုတ်ရဲ့ အာရုံတွေထဲမှာလည်း လူတစ်ယောက်က ထင်ထင်ရှားရှားပေါ်လာနေသည်ပင်။ သူသည်လည်းယခုကြုံနေရသည်မဟုတ်ပေလား။
ဘုတ် မျက်လွှာလေးအနည်းငယ်လှုပ်ခတ်သွားပြီး ဝမ်းနည်းမှုကိုပြေလျော့လိုက်ကာ
"ဘာလို့မေးတာလဲ ပီ...
ပီ တစ်ယောက်ယောက်ကိုချစ်နေလို့လား..."
"ချစ်ရုံတင်မဟုတ်ဘူး...အရူးအမူးကို ရူးသွပ်သွားတာ..."
ဝင်းကစကားပြောရင်း သက်ပြင်းကိုချလိုက်သည်။ ထို့နောက် ဝိတ်တာတစ်ယောက်က သူ့ရဲ့ခွက်ထဲ ဘီယာအပြည့်ပြန်ထည့်ပေးသွားသည်။
"သူပြောသမျှကို ပီ အရမ်းခံစားရတယ်။ ပျော်စရာပဲဖြစ်ဖြစ်၊ဝမ်းနည်းစရာပဲဖြစ်ဖြစ် ပြီးတော့ သူနဲ့ရှိနေရင် အချိန်တွေတကယ်ရပ်ပစ်ချင်တယ်။ အချိန်တွေမရပ်နိုင်ရင်တောင် စက္ကန့်လက်တံနှစ်ချက်ကြားမှာ အကြာကြီးရှိနေချင်တယ်"
ဝင်း ရဲ့ကဗျာဆန်တဲ့စာသားတွေဟာ ဘုတ်ကိုပြုံးစေပြီး အကြိမ်ပေါင်းများစွာ အတွေးတွေဝင်စေတယ်။
"ခံစားဖူးလား အဲ့လို"
ရှေ့တည့်တည့်ကိုကြည့်ပြီးဆွေးနေရင်းမှ ဘုတ် ဘက် လှည့်ပြီးမေးလာတာမို့ ဘုတ်လည်း ပျော်စရာအတွေးတစ်ခုထဲဝေ့နေသလိုပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ သို့သော် ထိုအတွေးသည် ပြန်မရနိုင်တော့သည့် အခိုက်အတန့် မှန်းသူသိတာမို့ ထိုအပြုံးဟာ ဝင်း ကိုပြုံးစေနိုင်စွမ်းမရှိပါ။
"ပီ ကဘယ်သူ့ကိုအဲ့လောက်ထိချစ်နေတာလဲ"
"မင်းအကိုကို"
"ဟင်..... ကျွန်တော့်အကို?....ပီဘိုက်လား"
ဘုတ်က တအံ့တဩကြီးမေးလာတာမို့ ဝင်း လည်း တံတွေးမြိုချပြီး မေးဆတ်ပြလိုက်သည်။သူ့ရဲ့ခပ်သွက်သွက်စကားက ဘုတ် လိုက်မှီအောင် အံ့ဩလွန်းနေသည်ထင်ပါရဲ့။
သူဘာလို့လွယ်လွယ်ပြောထွက်ခဲ့လဲမသိပေမယ့် အယ်ကိုဟော်လ် ရဲ့ စနက် လည်းမကင်းဘူးထင်ပါတယ်။
"ဟေး...ဘယ်သူ့မှပြန်မပြောနဲ့နော်"
သူ့ဘာသာ နောက်မှသတိရပြီး ပါးစပ်အဟောင်းသားဖြစ်နေတဲ့ ဘုတ် ကို လှမ်းသတိပေးလိုက်သေးသည်။
ထိုမှဘုတ်လည်းရယ်ကာ
"ဘယ်လိုမှန်း နားမလည်တော့ဘူး"
သူက လက်တစ်ဖက်ယမ်းပြပြီး ထိုလက်ကပဲ ပါးစပ်ကိုကွယ်ကာ မေးကိုထောက်လိုက်သည်။
"ဒီလိုပါပဲ"
"ပြောပြပါ့လား...ဘယ်လိုဖြစ်ကြတာလဲ"
ဝင်း လည်းအစကတော့မပြောပြတော့ဘူးဟူ၍တွေးထားသော်လည်း အတော်ဝင်ထားတဲ့ အရည်ဟာ အသိစိတ်ကိုဝါးမြိုထားတာမို့ ဤသည် မရွေးပြောပြလိုက်တော့သည်။
တစ်ခွက်ပြီးတစ်ခွက်မော့ရင်း ဇာတ်ထုပ်ကြီးလည်းပြီးသွားခဲ့ပြီးဖြစ်သည်။
ဘုတ်ကလည်းဒီလောက်ရှုပ်ထွေးနေတဲ့ သူတို့ဇာတ်လမ်းကိုသေချာနားထောင်နေပြီး အတော်ရေလည်သွားပုံရသည်။
"အဲ့တာကောင်းတာပဲ ပီ.. သူချစ်လာအောင် အကိုကြိုးစားလိုက်ပေါ့"
သူနားလည်သလောက်အကြံဉာဏ်ပေးလိုက်သည်။
"သူပြောတဲ့စကားက ဒီတိုင်း ငြင်းတာပဲလေကွာ.."
ဝင်း က ဘုတ် ရဲ့စကားကိုလက်မခံပဲ နှစ်သိမ့်စကားလိုပဲသဘောထားပုံပေါ်ပါသည်။
"မဟုတ်ဘူးနော်....ကျွန်တော်က ပီဘိုက်နဲ့ အနေဝေးပေမယ့် သိသလောက်ကတော့ သူ သာသဘောမကျရင် ပီ့ ကိုအဲ့လိုပြောလိုက်မယ်မထင်ဘူး"
"ဒါဆို ဘုတ် ပြောချင်ဝာာက ပီဘိုက် က ပီ့ကိုလည်းသဘောကျနေတယ်ပေါ့"
ဝင်းက ဘုတ် ရဲ့စကားကိုစိတ်ဝင်စားလာတာကြောင့် ဘုတ် လည်းအရှိန်ကိုမြင့်လိုက်သည်။
"ဟုတ်တယ်...သူချက်ချင်းမတွဲတာကလည်း ပီ ဘယ်လိုလုပ်မလဲထပ်သိချင်လို့နေမှာပေါ့။ အဲ့တော့ ပီက ဒီတိုင်း သူ့ကို ပီကိုချစ်နေတာကို လက်ခံလာအောင်လုပ်ဖို့ကြိုးစားလိုက်ရင် အဖြေပြန်ရမယ်ထင်တယ်"
ဘုတ် ရဲ့စကားကအနည်းငယ်နားရှုပ်စရာမို့ ဝင်း လည်း နားမလည်စွာ ခေါင်းကိုကုပ်ကာထပ်မေးသည်။ ထိုအခါ ဘုတ်ကလည်း တစ်ခုခုကိုခဏစဉ်းစားကာ
"ဒီလိုလုပ်.... ပီ့ ကို ကျွန်တော် ကူညီမယ်"
"ငါ့ကို?....ဘယ်လိုလဲ"
"ပီဘိုက်က သူပိုင်တဲ့ပစ္စည်းသူများနဲ့မျှသုံးရတာ အမုန်းဆုံးပဲလေ ။ အဲ့လိုပဲ သူ့ပစ္စည်း သူများယူတာလည်းမကြိုက်ဘူး။အဲ့တော့ ဒီချိန်မှာ ပီကသူ့ကိုဖွင့်ပြောထားတာဆိုတော့ သေချာပေါက် ပီ သူများလက်ထဲပါသွားဖို့ လမ်းမြင်နေရင် သူ စိတ်ပြောင်းသွားမှာပဲ အဲ့ကျ ပီ တစ်နှစ်လောက်ထိ ကြိုးစားပြနေစရာမလိုတော့ဘူး"
ဘုတ် စကား ကခုမှပဲနားရှင်းသွားတော့တာမို့ ဝင်း လည်း ခေါင်းကိုငြိမ့်ကာ တွေဝေနေပြီး တစ်ခုခုကိုထပ်စဉ်းစားနေသည်။
"ဒါပေမယ့် သူက ပီ့ကို သဘောမကျတာကို ပီက အဲ့လိုလုပ်နေရင် ဒီတိုင်း ပိုးစိုးပက်စက် ငြင်းခံရမယ်မို့လား"
"ကျွန်တော့်ကိုယုံပါဆိုဗျာ... ပီဘိုက်ကလေ ကျွန်တော့်ဆို တအားမုန်းတာ မုန်းတာမှသေလောက်အောင်ပဲ။ အဲ့တော့ ကျွန်တော်သာ ပီနဲ့ တစ်ပူးတတွဲရှိနေရင် သူတကယ် ပီ့ကို အတင်းလုမှာ"
ဘုတ်က အားပါးတရကိုအကြံဉာဏ်တွေပေးနေတော့သည်။ သူ့ကြည့်ရတာ သူ့အတွက် အကျိုးအမြတ်နည်းနည်းတောင်မရှိမယ့် ကိစ္စကို မသိသလိုပင်။
"နေဦးနော်....နောင်ကူညီမယ်ဆိုတာက..ပီနဲ့ကပ်နေပြီး ပီဘိုက်ကို သဝန်တိုအောင်လား"
ထိုအခါ ဘုတ်က လက်ဖြောက်တီးကာပြုံးရင်
"Bingo ပဲလေ ဟုတ်တယ်"
"မဖြစ်သေးပါဘူးကွာ....ဘုတ် ကိုဘယ်လိုလုပ် ဒီလိုဇာတ်လမ်းထဲ ဝင်ပါခိုင်းရမှာလဲ... အကယ်လို့ ပီက ပီဘိုက်နဲ့အဆင်ပြေသွားရင်တောင် ဘုတ်နဲ့ ပီဘိုက်နဲ့က တည့်ကြတော့မှာကိုမဟုတ်ဘူးလေ။..ညီလေး အတွက် ဘာမှကောင်းတာ ဖြစ်မလာဘူး"
ဝင်း ရဲ့ရိုးရှင်းတဲ့စကားကြောင့် ဘုတ်ကလည်း ရယ်ပြီး ဝင်း ပုခုံးပေါ်လက်တင်ကာ
"စိတ်မပူနဲ့ ကျွန်တော့်မှာ ကျွန်တော့်အတွက် အကြံရှိပြီးသားပါ"
-------------------------
ဒီနေ့မနက်ခင်းသည် ထူးဆန်းစွာ စိတ်ထဲကြည်လင်နေသလိုပင်။ မျက်လုံးမဖွင့်ခင်ကတည်းက အမွှေးအနံ့တစ်မျိုးမျိုးက နှာခေါင်းထဲ အသိစိတ်ကပ်တာနဲ့ မွှေးအီနေအောင် ရလိုက်ရသည်။
"အင်းး"
အကြောကိုအပြည့်အဝဆန့်လိုက်ပေမယ့် လူကတော့ အိပ်ချင်နေဆဲ။ အိပ်ချင်ဆိုသော် ဒီနေ့ အိပ်ရာက ပိုနွေးပြီး ပိုသန့်နေသလိုပင်။
သူ့ခြေထောက်တွေကိုကွေးနေရာမှ ဆန့်လိုက်တော့ တစ်ခုခုက သူ့ခြေထောက် ဆန့်ဖို့အတွက် အဟန့်အတားဖြစ်နေသည်။အစိုင်အခဲတစ်ခုမို့ သူပစ်ထားနေကျ စာအုပ်တွေအဝတ်တွေများဖြစ်နေမလားဟုသောအတွေးဖြင့် တွန်းသည်။ သို့သော ထိုအရာမှ အတော်နဲ့မရွေ့။
သူခဏခဏ တွန်းနေရတော့ သူ့မျက်နှာဟာ ဆူပုတ်လာပြီး မဲ့ရွဲ့လာသည်။ မနက်စောစော မှာဘယ်လိုစိတ်ညစ်စရာလဲဟူ၍ပင် တွေးမိသေးသည်။
"နာတယ်"
သူအားပါပါစောင့်ကန်နေရင်းမှ အသံထွက်လာတာမို့ ကယောက်ကတမ်း မျက်စိကိုဖွင့်မိတော့ ခြေရင်းနားမှာ ပီဘိုက် ကထိုင်နေသည်။
"ချီး!!!!!"
ပီဘိုက်ကိုတွေ့ရလို့ အလန့်တကြားဖြစ်နေတဲ့ ဝင်း ဟာ အနောက်တစ်ဆုတ်ဆုတ်နဲ့ ကုတင်ခေါင်းရင်းမှာ ပုံပုံလေး
"ပီဘိုက်ဘယ်လိုရောက်လာတာလဲ"
"အဲ့တာက ငါမေးရမှာ.."
ပီဘိုက်ကြည့်ရတာ သိပ်စိတ်မရှည်တဲ့ ပုံစံပင်။ ဝင်း လည်းဘေးဘီကိုကြည့်မိတော့ ပီဘိုက် အခန်းထဲရောက်နေသည်ကိုသတိထားမိသွားသလို ပီဘိုက်၏ ပေါ့ပေါးပါးပါး အကျီပုံစံကြောင့် သူ့အဖြစ်ကိုသူနားလည်သွားသည်။
"ကျွန်တော်ဒီကိုရောက်လာတာလား"
ဘိုက် ကခေါင်းကိုယမ်းကာ သူ့ကိုမျက်နှာလွှဲသွားသည်။
"ဟာ.. ဟာ....ဟာ.....သွားပါပြီ"
ဝင်း မှတ်ဉာဏ်ထဲ တစ်ခုပြီးတစ်ခုဝင်လာတဲ့ မနေ့ညက ပုံရိပ်တွေကြောင့် သူ့မှာ အံ့ဩသံတွေပင် ပလုံစီကာထွက်လာရပြီး မျက်လုံးတွေဟာလည်း ဘယ်ကပ်လိုက်ညာကပ်ဖြင့် အတော် မူးနောက်နေပြီဖြစ်သည်။
မနေ့ညက.....
"အိုက်ဘိုက်!!!! ငါသူ့ကိုသောက်ရမ်း ချစ်တာ သူငယ်ချင်းရ...သူငါ့အချစ်ကိုဘယ်လိုလုပ်လိုက်လဲကြည့်ဦး"
ဘုတ်ရဲ့ကားလေးဟာဆူညံပြီးအသည်းကွဲနေတဲ့ အရက်သမား လေးကိုသယ်ကာ ဘိုက် အိမ်သို့တည့်တည့်မောင်းလာခဲ့ပြီးဖြစ်သည်။
သူ့မှာလည်း သူ့အစီအစဉ်နဲ့သူဖြစ်သည်။
ကြည့်ရသလောက် ဝင်း သည်အရက်မူးနေချိန်တွင် အတော်ချစ်စရာကောင်းလိမ့်မည်ထင်ပါသည်။ ထို့အတူ ဘိုက် ၏ အိမ်ကိုအရှုပ်ထုပ်လေးသွားပို့လိုက်ခြင်းသည်လည်း သူ့အတွက်တော့ လုံးဝအဆင်ပြေသည်။ သူသည်လည်း အရင်ကတည်းက ဘိုက်ကိုလက်စားချေချင်နေသည်မှာအတော်ကြာပြီဖြစ်ရာ ယခုက အခွင့်အရေးကောင်းပင်မဟုတ်လား။
" ပီဘိုက်လားဗျ....အကို့အတွက်လက်ဆောင်လေးကို ခြံပေါက်မှာလာယူပါဦး"
"ပီဘိုက်လား!....ဟေးး အကို!!! အဖြေပြန်ပေးနော်"
ဘုတ်က ဝင်း ဖုန်းကို လက်ဗွေရာနဲ့ဖြည်အပြီး ဘိုက်ကို ဖုန်းခေါ်လိုက်ခြင်းဖြစ်၏။ သူသည်လည်း တံခါးပိတ်ထားတဲ့ ခြံတံခါးအရှေ့မှာ ရောက်နေပြီးဖြစ်သည်။ ဝင်းကဘိုက်ဆိုသောအသံကြားသည်နှင့် ခေါင်းထောင်လာပြီး ရမ်းတော့သည်။
"မင်းဒါဘာလုပ်တာလဲ"
အပြေးတစ်ပိုင်းထွက်လာတဲ့ ဘိုက်က ချွေးလေးတွေပင်စို့နေသယောင်။ သူ့ရဲ့အဖြစ်ကိုသဘောတကျကြည့်ပြီး အမြဲဖြူစင်သယောင်ပြုံးတတ်တဲ့ ဘုတ်က ဒီချိန်မှာ အောင်နိုင်သူပင်။
"ဟင်....လက်ဆောင်လာပို့တာဗျ...deli ဖိုးပေးစရာမလိုဘူး"
ဘုတ်က ကားနောက်ခန်း တံခါးကိုဖွင့်ပြတာမို့ ဘိုက် လည်း ကားနားကပ်ကာ အထဲက လူကို ခေါင်းနိမ့်ပြီးလှမ်းကြည့်သည်။
ဝင်းသည် မှောက်လျှက် ကားပေါ်တွင်လဲနေသည် သူ့ခြေထောက်တွေက အောက်မှာကျနေပြီး ကိုယ်အပေါ်ပိုင်းကသာ ကူရှင်မှာဖြစ်သည်။ အတော်ပင်အိပ်မောကျနေသလိုမျိုး သို့သော် မူးနေမှန်း အနံ့ရရုံနှင့်သိသည်။
"မင်းလုပ်ထားတာလား"
ဘိုက် က ဝင်း အဖြစ်ကိုကြည့်ပြီး မျက်ခုံးကြုံလာကာ ဘုတ်ကိုလှည့်မဲတော့သည်။
ထိုအခါ အနည်းငယ်အရှိန်တက်နေတဲ့ ဘုတ်က ရယ်ပြီး
"ကျွန်တော် အမှန်အတိုင်းပြောရင်ကော ယုံမှာလား ဟားဟား.....ထားပါတော့....ဒီလက်ဆောင်ကို ယူချင်ယူ မယူရင် ကျွန်တော့်အခန်းခေါ်သွားမှာနော်"
" မင်းလုပ်ကြည့်လေ "
ဘိုက်က ဒေါသတွေထွက်နေသလောက် ဘုတ်ကတော့ ခပ်အေးအေးပင် လက်နှစ်ဘက်ကိုတစ်ဝက်မြှောက်ပြီး ပုခုံး ကိုတွန့်ပြသည်။
တကယ်စိတ်တိုချင်စရာပင်။
ထို့ကြောင့် ဘိုက် လည်း ဘုတ်စကားထပ်မပြောခင်မှာပဲ မူးပြီးမှောက်နေတဲ့ အနှီကောင်လေးကို ဆွဲထူပြီး တွဲယူလိုက်သည်။
" ကောင်းကောင်းသွားနော် ကိုကြီး"
သူ့ကိုရွဲ့ပြီးတစ်ဟားဟားကျန်ခဲ့တဲ့ ဘုတ် ကိုစိတ်မဝင်စားနိုင်ပဲ ခွန်အားဗလတောင့်တဲ့ အရက်သမားလေးကိုသာ မလဲကျအောင်ကြိုးစားပြီး တွဲလာခဲ့သည်။
"ဒါကဘယ်သူလဲ"
ဒီဦးလေးကြီးသည် ဆဠမ အာရုံတစ်ခုခုတော့ရှိနေသည်။
"သူငယ်ချင်းပါ...."
"ဟွန့်.....လူငယ်တွေများ...အေးလေ ဒီလိုမျိုးလူက မင်းလိုလူနဲ့ပဲ သူငယ်ချင်းဖြစ်မှာပေါ့"
တွေ့ရတဲ့စက္ကန့်တိုင်းမှာကို အကုသိုလ်ရသည်။
ထိုလူရောက်လာပြီးဆူနေသည်ကိုသာရပ်နားထောင်နေပါလျှင် သူ့မိန်းမ ပါရောက်လာနိုင်မည်ကိုတွေးမိတာကြောင့် ခပ်သွက်သွက်ပဲ အခန်းထဲ ရောက်ဖို့အရေး လုံးပန်တော့သည်။
"ဂမ်းဆားးးဟမ်းမီးဒါ~~~~"
ဘယ်လိုခေါင်းထောင်လာလဲမသိလိုက်ပေမယ့် လက်တွေပါဖြန့်ပြီး ထိုဦးလေးကြီးကို မူးမူးနဲ့လျှောက်လုပ်ပြနေသော ဝင်းကြောင့် ဘိုက်မှာ မြန်မြန်သာလျှောက်ခဲ့ရတော့သည်။ ထိုဦးလေးဆီက ဟွန့် ဟူသောဆဲရေးသံကိုလည်းကြားလိုက်ရ၏။
" ဟေးးးး "
အခန်းထဲရောက်ရောက်ချင်း ကုတင်ပေါ်လဲချပေးတော့ ထထိုင်ပြီး အသံထွက်လာတော့သည်။ ဒီတစ်ခေါက်လည်း ဘာလုပ်ဦးမည်လဲမသိ။
ဘိုက်လည်း တစ်လမ်းလုံးသယ်လာရတာကြောင့် အမောဖြေဖို့ မျက်နှာချင်းဆိုင်က ထိုင်ခုံမှာထိုင်လိုက်ရတော့သည်။
သည်ကောင်လေးအတော်အလေးချိန်စီးပါပေ့။
"ငါမပြန်ဘူးကွာ!!!.....အဲ့ဘဲကြီး ကိုဖုန်းဆက်!.. ကိုရက်စက်လွန်းမောင် ကိုဖုန်းဆက်"
မျက်စိပိတ်ထားလျှက်နဲ့ လက်ညိုးတစ်ထိုးထိုးနဲ့ အရက်သမားလိုမျိုး အော်ဟစ်နေတဲ့ကောင်လေးကို တားဖို့ရာ အားအင်မရှိသေးတာမို့ သူလုပ်သမျှသာထိုင်ကြည့်နေနိုင်သည်။
"ငါ့မှာတော့လေ....ငါ့ကိုလာကြိုက်တဲ့ ကောင်မလေးတွေကို ငြင်းလိုက်ရတာ ဒင်းကြောင့်!!! နို့မို့သာဆိုရင် ဒီချိန် ကလေးတွေရနေပြီ"
တငိုငိုတရယ်ရယ်နဲ့စကားတွေဟာ ဘိုက် ရဲ့ နှုတ်ခမ်းတွေကိုကော့တက်စေတယ်။ တကယ်ပဲ ဒီကောင်လေးက မူးနေရင်ကော မမူးနေရင်ကော သူ့အကြောင်းပဲခေါင်းထဲထည့်ထားသည် ထင်ပါတယ်။
ဒါမျိုးကိုပဲ သဘောကျသည်။
"ဟာဗျာ!!! မပြန်ဘူးဆိုနေ သွားကြ အိုက်ဘုတ်!!! ငါ့ကိုလွှတ်လေ"
တယောက်တည်း ရုန်းရင်းဆန်ခတ်နဲ့မို့ ကုတင်ပေါ်က ပြုတ်ကျမည့် ဆဲဆဲမှာ ဘိုက်က ဝင်ထိန်းလိုက်ရသေးသည်။
"အိပ်တော့..."
"ဟင်....ဘိုက် လား~~"
သူ့ကိုထိန်းနေတုန်း မျက်နှာချင်းဆိုင်ဖြစ်သွားတော့ မိမိကို သဲသဲကွဲကွဲ မြင်သွားသည်ထင် ။
"ခု သိပြီမို့လား"
"ဘိုက် ပေါ့~~ ဒီဘဲကြီးကွာ....အိပ်မက်ထဲထိလာစားနေတယ်....ဦးနှောက်ကိုမစားနဲ့...ဒီ ဦးနှောက်ကလေ စာတွေပေတွေအလုပ်ကိစ္စတွေထည့်ထားရတာ..."
လက်ဟန်အမူအယာတွေနဲ့ပါ တလုံးတထွေးပြောနေတော့သည်။
"စားချင်ရင် လူကိုစား! ဟီးဟီး"
သူ့ရဲ့စကားကြောင့် ဘိုက် အသံနည်းနည်းထွက်အောင် ရယ်မိသေးသည်။
"မင်း ဘယ်သူ့ကိုလာ ကစားနေတာလဲ"
သူ့စကားကိုကြားတော့ မဖွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးတွေ ပိတ်သွားတဲ့အထိ ပြုံးသည်။
ပြီးတော့ ထိန်းထားတဲ့ ပုခုံးနားက ဘိုက်လက်တွေကိုဆွဲကာ အိပ်ရာပေါ်လဲချလိုက်၏။ ဝင်းရဲ့ဆွဲအားကြောင့် ဘိုက်လည်း ဝင်းအပေါ် လုံးလုံးမှီကျသွားတော့သည်။
"စားပါ~~~"
မထင်မှတ်ထားတဲ့စကားကြောင့် ဘိုက် မှာ အတော်ပဲ အူတက်နေပြီဖြစ်သည်။ အူတက်ဆို ဝင်းဟာလည်း ပါးစပ်ကိုမပိတ်တော့ပဲ ဟ တတ နဲ့ မူးရူးနေသည်ကိုး။
"အိပ်တော့ အရူးလေး"
ဘိုက် ရဲ့ပါးနှစ်ဘက်ဟာ ဝင်း လက်တွေနဲ့ဖျစ်ညှစ်ခံရပြီး တရားခံကတော့ ရယ်သွှမ်းသွှမ်းနဲ့ သဘောကျနေသလိုပင်။
"တော်တော့...အိပ်တော့"
"တစ်နေ့ကျလို့..... ပီ..သာ ကျွန်တော့် အပိုင်ဖြစ်ရင်... ဟက်လို ဟက်လို...နမ်းပစ်မယ်"
ဝင်းက စကားလည်းပြောရင်း ဘိုက် ရဲ့ညှစ်ထားလို့ ဆူထွက်နေတဲ့ နှုတ်ခမ်းနှစ်လွှာကို တစ်ပွှတ်ပွှတ်နဲ့ လာနမ်းတော့သည်။
ဘိုက်မှာ အပီအပြင်အသားယူခံနေရပေမယ့် သည်ကောင်လေးက ဆူဆဲဖို့အထိ မလုပ်မိအောင်ကို မူးတဲ့ပုံစံလေးက ချစ်စရာတစ်မျိုးလေးပင်။
"မင်းနဲ့သာတွဲရင် ငါ နေ့တိုင်း အိပ်လို့ကော ရပါ့ဦးမလား ။ ဒီလိုအသားယူခံနေရရင်တော့"
××××××××××××××××
အပိုင်း (၁၃) ဤတွင်ပြီး၏။
တစ်ရက်တစ်ပိုင်း ကို ongoing ဝတ္ထုတွေအတွက် update ပေးနိုင်ဖို့ကြိုးစားနေပါတယ်။ 🤍 အားပေးကြလို့ကျေးဇူးတင်ပါတယ်နော်။
ဝင္း တစ္ေယာက္ အလုပ္ဆင္းကတည္းက Bar မွာေသာင္တင္ၿပီး အႀကံေပါင္းစုံညွစ္ေနသည္မွာအေတာ္ၾကာေနၿပီျဖစ္သည္။ သူငယ္ခ်င္းဖိုစ့္လည္း ဒီရက္ပိုင္းအရင္ကလိုမဟုတ္ဘဲ မူမမွန္ ျဖစ္ေနတာေၾကာင့္ ဟိုေခၚ၍လည္းမလိုက္ ဒီေခၚ၍လည္းမလာ ျဖစ္ေနသည္။ ထို႔ေၾကာင့္ ဝင္း တစ္ေယာက္တည္းသာ စားပြဲဝိုင္းမွာ ထီးထီးႀကီးထိုင္ေနရ၏။ဒီခပ္ေအးေအးသီခ်င္းသံေတြကလည္းသူ႕ကိုၿငိမ္းေအးနိုင္စြမ္းနည္းနည္းမွ်ပင္မရွိ။
*ဗ်ာ....ကြၽန္ေတာ္က ပီ့ ကို ေက်ာင္းမွာကတည္းကအၿမဲတမ္းေနာက္လိုက္ၾကည့္ေနခဲ့တာ ဒီအလုပ္ကိုဝင္တာလည္း ပီ ဒီအလုပ္မွာ မန္ေနဂ်ာလုပ္ေနလို႔ ဝင္ခဲ့တာ..ဒါေတြေတာင္မလုံေလာက္ေသးဘူးလားဟင္*
*အဲ့အခ်ိန္ေတြတုန္းက....အကိုမွ မသိခဲ့တာ...ခု သိဖို႔ႀကိဳးစားၾကည့္မယ္...မင္း ဘယ္လိုႀကိဳးစားမလဲ ၾကည့္ခ်င္တယ္...မရဘူးလား..*
"က်စ္"
ေတြးမိတိုင္းရင္နာေသာစကားရယ္ပါ။ လက္ထဲမွာအေတာ္ၾကာကိုင္ထားမိတဲ့ အရက္ေအးဟာ က်ဥ္လာသည္ႏွင့္ထပ္တူ အေတြးဟာလည္း အေဝာာ္ေလး ဝမ္းနည္းစရာမို႔ တက်ိဳက္တည္းေမာ့ပစ္လိုက္သည္။ ျဖစ္ခ်င္ရာျဖစ္ေလ ေနာင္လာမွေနာင္ရွင္း။
ဒီစကားက ျငင္းသည္ႏွင့္တူတူပဲမဟုတ္လား ဝင္း လည္း ယခင္ ဆယ္ေက်ာ္သက္ဘဝတုန္းက ေကာင္မေလးတစ္ခ်ိဳ႕ကို လိုက္ခဲ့ဖူးပါသည္။ ဒီစကားထြက္လာရင္ ဘယ္ေတာ့မွအေျဖျပန္ရခဲ့ျခင္းမရွိသလို စိတ္ဝင္စားမႈေတြလည္း ေလ်ာ့လာသည္မို႔လား။
တကယ္သာအခ်င္းခ်င္းစိတ္ဝင္စားလွ်င္ ခ်က္ခ်င္းလက္ခံၿပီး တြဲေနရင္းမွ အသိအမွတ္ျပဳေအာင္ ခ်စ္ျပရမယ္ဆိုထားပါေတာ့ေလ။ ခုေတာ့ သူ႕ရဲ႕ေလးႏွစ္တာက မလုံေလာက္ေသးသလို ေျပာဆိုလိုက္သလိုပဲ။
"ေအးေလ...နတ္သားကိုလိုခ်င္ေနမွေတာ့ နတ္လိုက်င့္ႀကံရေတာ့မွာေပါ့"
"ပီဝင္း ဘာေတြတီးတိုးေျပာေနတာလဲ"
ေဘးနားက႐ုတ္တရပ္ဆန္စြာထြက္လာတဲ့စကားသံေၾကာင့္ ဝင္း လည္း လန႔္သြားကာ ၾကည့္မိေတာ့ ဘုတ္ ျဖစ္ေနသည္။
"နတ္လိုက်င့္ႀကံတယ္?....ပီဝင္းက တရားေဘာင္ဝင္ေတာ့မလို႔လား..."
သူၾကားလိုက္တဲ့တစ္စြန္းစကိုျပန္ေျပာရင္း ရမ္းတုတ္ ေနတဲ့ ဘုတ္ ဟာ အမွန္တကယ္ ရိုးစင္းေလး။ ၿပဳံးၿပီးေျပာေနသည္မွာ သည္ေကာင္ေလး၏ အက်င့္တစ္ခုလိုပင္ျဖစ္ေနေရာ့သည္။ ခါတိုင္းဆိုၿပဳံးၿပီးေမးျဖစ္မိေပမယ္လို႔ ခုေတာ့ ကိုယ့္စိတ္ႏွင့္ကိုယ္ေတာင္မကပ္။
"ေနာင္ဘုတ္ ဘယ္လိုေရာက္လာတာလဲ"
"ကားနဲ႕ေလ အကိုရဲ႕"
ဘုတ္ကဝင္းစကားကိုျပန္ေျဖရင္း ေဘးခုံမွာဝင္ထိုင္သည္။
"မဟုတ္ဘူးေလ ပီေျပာတာ ..
"ကြၽန္ေတာ္က ဒီကိုလာေနက်...ပီ့ကိုသာေမးရမွာ...ဘယ္လိုျဖစ္လို႔လဲ .
ၾကည့္ရတာ....
အေတာ္ဝမ္းနည္းစရာကိစၥပဲေနမယ္"
ဘုတ္ကသူ႕မ်က္ဝန္းေတြကိုေမွးပစ္ကာ ခန႔္မွန္းၿပီးေျပာေနသည္။ ဝင္း ကေတာ့ ဘုတ္ ေျပာစကားေၾကာင့္ တဖန္အမွတ္ရကာ တိမ္မဲေတြျပန္ေရာက္လာေတာ့သလိုပင္။
"ေဟး ပီ....ဒါနဲ႕ ေန႕လည္က ပီဘိုက္ ႐ုံးခန္းကို သြားတဲ့ကိစၥနဲ႕မ်ားဆိုင္ေနလို႔လား"
"ေနာင္ အဲ့ေလာက္ခန႔္မွန္းတတ္ေနရင္ ေဗဒင္ဆရာပဲသြားလုပ္ပါေတာ့"
ဝင္းက အရက္ခြက္ကိုေမာ့မေသာက္ခင္ကေျပာလိုက္တဲ့စကားကို ဘုတ္က သေဘာတက်ရယ္သည္။
"ဟဟ....ထင္သားပဲ အကိုရ...အဲ့ကိစၥပဲျဖစ္မယ္လို႔ေလ....."
ဝင္းဘာမွျပန္မေျပာမိပဲ သူ႕ေရွ႕က ဘာမွမရွိေတာ့တဲ့ ခြက္ကိုလက္ျဖင့္ တတို႔တို႔လုပ္ေနသည္။
"ေျပာျပပါဦး အကိုရ...ဘာဆူလိုက္တာလဲ"
ဝင္းေခါင္းယမ္းလိုက္သည္၊ တစ္ပါတည္း ကြၽတ္ပါ ထိုးသြားတာမို႔ ဘုတ္က တစ္ခ်က္ရယ္ျပန္သည္။
"ပီ....မၾကာခင္မူးလိမ့္မယ္ေနာ္..."
"ပီမမူးဘူး မုန႔္ေတြအရင္စားၿပီးမွေသာက္တာ...ခုက ရီေဝေဝျဖစ္ေန႐ုံပဲ"
ဝင္း ရဲ႕မ်က္လုံးေတြက အိပ္ေရးမရသလိုမ်ိဳး အစ္ေနၿပီး ပ်င္းရိစြဲေနသလိုကိုထင္ရသည္။
ဘုတ္လည္း ဝင္း ၾကည့္ရတာ အေတာ္ကိုစိတ္ပင္ပန္းေနပုံရတာမို႔ ဆက္မေမးေတာ့ပဲ သူနဲ႕ပါလာတဲ့ ဘီယာကိုတစ္ငုံေမာ့လိုက္သည္။
"ညီေလး....."
"ဗ်ာ..."
ဝင္းကအသံေသးေလးျဖင့္ဆက္ေျပာသည္။
"မင္း....လူတစ္ေယာက္ကိုခ်စ္ဖူးလား....
အကိုေျပာတာက ေပါ့ေပါ့တန္တန္မဟုတ္ပဲ...ႏွစ္ေတြအၾကာႀကီး လိုက္ခဲ့ရၿပီး ေတြ႕လိုက္တိုင္းမွာ ရင္ေတြခုန္ၿပီးစကားေတြမွားရေလာက္တဲ့အထိ ခ်စ္ဖူးလား..."
ဝင္း ရဲ႕အတည္ေပါက္ဆန္တဲ့ ေမးခြန္းဟာ ဘုတ္ ကိုပါ ရပ္တန႔္သြားေစသလိုပင္။ ဝင္း မသိတဲ့ ဘုတ္ရဲ႕ အာ႐ုံေတြထဲမွာလည္း လူတစ္ေယာက္က ထင္ထင္ရွားရွားေပၚလာေနသည္ပင္။ သူသည္လည္းယခုႀကဳံေနရသည္မဟုတ္ေပလား။
ဘုတ္ မ်က္လႊာေလးအနည္းငယ္လႈပ္ခတ္သြားၿပီး ဝမ္းနည္းမႈကိုေျပေလ်ာ့လိုက္ကာ
"ဘာလို႔ေမးတာလဲ ပီ...
ပီ တစ္ေယာက္ေယာက္ကိုခ်စ္ေနလို႔လား..."
"ခ်စ္႐ုံတင္မဟုတ္ဘူး...အ႐ူးအမူးကို ႐ူးသြပ္သြားတာ..."
ဝင္းကစကားေျပာရင္း သက္ျပင္းကိုခ်လိဳက္သည္။ ထို႔ေနာက္ ဝိတ္တာတစ္ေယာက္က သူ႕ရဲ႕ခြက္ထဲ ဘီယာအျပည့္ျပန္ထည့္ေပးသြားသည္။
"သူေျပာသမွ်ကို ပီ အရမ္းခံစားရတယ္။ ေပ်ာ္စရာပဲျဖစ္ျဖစ္၊ဝမ္းနည္းစရာပဲျဖစ္ျဖစ္ ၿပီးေတာ့ သူနဲ႕ရွိေနရင္ အခ်ိန္ေတြတကယ္ရပ္ပစ္ခ်င္တယ္။ အခ်ိန္ေတြမရပ္နိုင္ရင္ေတာင္ စကၠန႔္လက္တံႏွစ္ခ်က္ၾကားမွာ အၾကာႀကီးရွိေနခ်င္တယ္"
ဝင္း ရဲ႕ကဗ်ာဆန္တဲ့စာသားေတြဟာ ဘုတ္ကိုၿပဳံးေစၿပီး အႀကိမ္ေပါင္းမ်ားစြာ အေတြးေတြဝင္ေစတယ္။
"ခံစားဖူးလား အဲ့လို"
ေရွ႕တည့္တည့္ကိုၾကည့္ၿပီးေဆြးေနရင္းမွ ဘုတ္ ဘက္ လွည့္ၿပီးေမးလာတာမို႔ ဘုတ္လည္း ေပ်ာ္စရာအေတြးတစ္ခုထဲေဝ့ေနသလိုၿပဳံးကာ ေခါင္းၿငိမ့္လိုက္သည္။ သို႔ေသာ္ ထိုအေတြးသည္ ျပန္မရနိုင္ေတာ့သည့္ အခိုက္အတန့္ မွန္းသူသိတာမို႔ ထိုအၿပဳံးဟာ ဝင္း ကိုၿပဳံးေစနိုင္စြမ္းမရွိပါ။
"ပီ ကဘယ္သူ႕ကိုအဲ့ေလာက္ထိခ်စ္ေနတာလဲ"
"မင္းအကိုကို"
"ဟင္..... ကြၽန္ေတာ့္အကို?....ပီဘိုက္လား"
ဘုတ္က တအံ့တဩႀကီးေမးလာတာမို႔ ဝင္း လည္း တံေတြးၿမိဳခ်ၿပီး ေမးဆတ္ျပလိုက္သည္။သူ႕ရဲ႕ခပ္သြက္သြက္စကားက ဘုတ္ လိုက္မွီေအာင္ အံ့ဩလြန္းေနသည္ထင္ပါရဲ႕။
သူဘာလို႔လြယ္လြယ္ေျပာထြက္ခဲ့လဲမသိေပမယ့္ အယ္ကိုေဟာ္လ္ ရဲ႕ စနက္ လည္းမကင္းဘူးထင္ပါတယ္။
"ေဟး...ဘယ္သူ႕မွျပန္မေျပာနဲ႕ေနာ္"
သူ႕ဘာသာ ေနာက္မွသတိရၿပီး ပါးစပ္အေဟာင္းသားျဖစ္ေနတဲ့ ဘုတ္ ကို လွမ္းသတိေပးလိုက္ေသးသည္။
ထိုမွဘုတ္လည္းရယ္ကာ
"ဘယ္လိုမွန္း နားမလည္ေတာ့ဘူး"
သူက လက္တစ္ဖက္ယမ္းျပၿပီး ထိုလက္ကပဲ ပါးစပ္ကိုကြယ္ကာ ေမးကိုေထာက္လိုက္သည္။
"ဒီလိုပါပဲ"
"ေျပာျပပါ့လား...ဘယ္လိုျဖစ္ၾကတာလဲ"
ဝင္း လည္းအစကေတာ့မေျပာျပေတာ့ဘူးဟူ၍ေတြးထားေသာ္လည္း အေတာ္ဝင္ထားတဲ့ အရည္ဟာ အသိစိတ္ကိုဝါးၿမိဳထားတာမို႔ ဤသည္ မေ႐ြးေျပာျပလိုက္ေတာ့သည္။
တစ္ခြက္ၿပီးတစ္ခြက္ေမာ့ရင္း ဇာတ္ထုပ္ႀကီးလည္းၿပီးသြားခဲ့ၿပီးျဖစ္သည္။
ဘုတ္ကလည္းဒီေလာက္ရႈပ္ေထြးေနတဲ့ သူတို႔ဇာတ္လမ္းကိုေသခ်ာနားေထာင္ေနၿပီး အေတာ္ေရလည္သြားပုံရသည္။
"အဲ့တာေကာင္းတာပဲ ပီ.. သူခ်စ္လာေအာင္ အကိုႀကိဳးစားလိုက္ေပါ့"
သူနားလည္သေလာက္အႀကံဉာဏ္ေပးလိုက္သည္။
"သူေျပာတဲ့စကားက ဒီတိုင္း ျငင္းတာပဲေလကြာ.."
ဝင္း က ဘုတ္ ရဲ႕စကားကိုလက္မခံပဲ ႏွစ္သိမ့္စကားလိုပဲသေဘာထားပုံေပၚပါသည္။
"မဟုတ္ဘူးေနာ္....ကြၽန္ေတာ္က ပီဘိုက္နဲ႕ အေနေဝးေပမယ့္ သိသေလာက္ကေတာ့ သူ သာသေဘာမက်ရင္ ပီ့ ကိုအဲ့လိုေျပာလိုက္မယ္မထင္ဘူး"
"ဒါဆို ဘုတ္ ေျပာခ်င္ဝာာက ပီဘိုက္ က ပီ့ကိုလည္းသေဘာက်ေနတယ္ေပါ့"
ဝင္းက ဘုတ္ ရဲ႕စကားကိုစိတ္ဝင္စားလာတာေၾကာင့္ ဘုတ္ လည္းအရွိန္ကိုျမင့္လိုက္သည္။
"ဟုတ္တယ္...သူခ်က္ခ်င္းမတြဲတာကလည္း ပီ ဘယ္လိုလုပ္မလဲထပ္သိခ်င္လို႔ေနမွာေပါ့။ အဲ့ေတာ့ ပီက ဒီတိုင္း သူ႕ကို ပီကိုခ်စ္ေနတာကို လက္ခံလာေအာင္လုပ္ဖို႔ႀကိဳးစားလိုက္ရင္ အေျဖျပန္ရမယ္ထင္တယ္"
ဘုတ္ ရဲ႕စကားကအနည္းငယ္နားရႈပ္စရာမို႔ ဝင္း လည္း နားမလည္စြာ ေခါင္းကိုကုပ္ကာထပ္ေမးသည္။ ထိုအခါ ဘုတ္ကလည္း တစ္ခုခုကိုခဏစဥ္းစားကာ
"ဒီလိုလုပ္.... ပီ့ ကို ကြၽန္ေတာ္ ကူညီမယ္"
"ငါ့ကို?....ဘယ္လိုလဲ"
"ပီဘိုက္က သူပိုင္တဲ့ပစၥည္းသူမ်ားနဲ႕မွ်သုံးရတာ အမုန္းဆုံးပဲေလ ။ အဲ့လိုပဲ သူ႕ပစၥည္း သူမ်ားယူတာလည္းမႀကိဳက္ဘူး။အဲ့ေတာ့ ဒီခ်ိန္မွာ ပီကသူ႕ကိုဖြင့္ေျပာထားတာဆိုေတာ့ ေသခ်ာေပါက္ ပီ သူမ်ားလက္ထဲပါသြားဖို႔ လမ္းျမင္ေနရင္ သူ စိတ္ေျပာင္းသြားမွာပဲ အဲ့က် ပီ တစ္ႏွစ္ေလာက္ထိ ႀကိဳးစားျပေနစရာမလိုေတာ့ဘူး"
ဘုတ္ စကား ကခုမွပဲနားရွင္းသြားေတာ့တာမို႔ ဝင္း လည္း ေခါင္းကိုၿငိမ့္ကာ ေတြေဝေနၿပီး တစ္ခုခုကိုထပ္စဥ္းစားေနသည္။
"ဒါေပမယ့္ သူက ပီ့ကို သေဘာမက်တာကို ပီက အဲ့လိုလုပ္ေနရင္ ဒီတိုင္း ပိုးစိုးပက္စက္ ျငင္းခံရမယ္မို႔လား"
"ကြၽန္ေတာ့္ကိုယုံပါဆိုဗ်ာ... ပီဘိုက္ကေလ ကြၽန္ေတာ့္ဆို တအားမုန္းတာ မုန္းတာမွေသေလာက္ေအာင္ပဲ။ အဲ့ေတာ့ ကြၽန္ေတာ္သာ ပီနဲ႕ တစ္ပူးတတြဲရွိေနရင္ သူတကယ္ ပီ့ကို အတင္းလုမွာ"
ဘုတ္က အားပါးတရကိုအႀကံဉာဏ္ေတြေပးေနေတာ့သည္။ သူ႕ၾကည့္ရတာ သူ႕အတြက္ အက်ိဳးအျမတ္နည္းနည္းေတာင္မရွိမယ့္ ကိစၥကို မသိသလိုပင္။
"ေနဦးေနာ္....ေနာင္ကူညီမယ္ဆိုတာက..ပီနဲ႕ကပ္ေနၿပီး ပီဘိုက္ကို သဝန္တိုေအာင္လား"
ထိုအခါ ဘုတ္က လက္ေျဖာက္တီးကာၿပဳံးရင္
"Bingo ပဲေလ ဟုတ္တယ္"
"မျဖစ္ေသးပါဘူးကြာ....ဘုတ္ ကိုဘယ္လိုလုပ္ ဒီလိုဇာတ္လမ္းထဲ ဝင္ပါခိုင္းရမွာလဲ... အကယ္လို႔ ပီက ပီဘိုက္နဲ႕အဆင္ေျပသြားရင္ေတာင္ ဘုတ္နဲ႕ ပီဘိုက္နဲ႕က တည့္ၾကေတာ့မွာကိုမဟုတ္ဘူးေလ။..ညီေလး အတြက္ ဘာမွေကာင္းတာ ျဖစ္မလာဘူး"
ဝင္း ရဲ႕ရိုးရွင္းတဲ့စကားေၾကာင့္ ဘုတ္ကလည္း ရယ္ၿပီး ဝင္း ပုခုံးေပၚလက္တင္ကာ
"စိတ္မပူနဲ႕ ကြၽန္ေတာ့္မွာ ကြၽန္ေတာ့္အတြက္ အႀကံရွိၿပီးသားပါ"
-------------------------
ဒီေန႕မနက္ခင္းသည္ ထူးဆန္းစြာ စိတ္ထဲၾကည္လင္ေနသလိုပင္။ မ်က္လုံးမဖြင့္ခင္ကတည္းက အေမႊးအနံ႕တစ္မ်ိဳးမ်ိဳးက ႏွာေခါင္းထဲ အသိစိတ္ကပ္တာနဲ႕ ေမႊးအီေနေအာင္ ရလိုက္ရသည္။
"အင္းး"
အေၾကာကိုအျပည့္အဝဆန႔္လိုက္ေပမယ့္ လူကေတာ့ အိပ္ခ်င္ေနဆဲ။ အိပ္ခ်င္ဆိုေသာ္ ဒီေန႕ အိပ္ရာက ပိုေႏြးၿပီး ပိုသန႔္ေနသလိုပင္။
သူ႕ေျခေထာက္ေတြကိုေကြးေနရာမွ ဆန႔္လိုက္ေတာ့ တစ္ခုခုက သူ႕ေျခေထာက္ ဆန႔္ဖို႔အတြက္ အဟန႔္အတားျဖစ္ေနသည္။အစိုင္အခဲတစ္ခုမို႔ သူပစ္ထားေနက် စာအုပ္ေတြအဝတ္ေတြမ်ားျဖစ္ေနမလားဟုေသာအေတြးျဖင့္ တြန္းသည္။ သို႔ေသာ ထိုအရာမွ အေတာ္နဲ႕မေ႐ြ႕။
သူခဏခဏ တြန္းေနရေတာ့ သူ႕မ်က္ႏွာဟာ ဆူပုတ္လာၿပီး မဲ့႐ြဲ႕လာသည္။ မနက္ေစာေစာ မွာဘယ္လိုစိတ္ညစ္စရာလဲဟူ၍ပင္ ေတြးမိေသးသည္။
"နာတယ္"
သူအားပါပါေစာင့္ကန္ေနရင္းမွ အသံထြက္လာတာမို႔ ကေယာက္ကတမ္း မ်က္စိကိုဖြင့္မိေတာ့ ေျခရင္းနားမွာ ပီဘိုက္ ကထိုင္ေနသည္။
"ခ်ီး!!!!!"
ပီဘိုက္ကိုေတြ႕ရလို႔ အလန႔္တၾကားျဖစ္ေနတဲ့ ဝင္း ဟာ အေနာက္တစ္ဆုတ္ဆုတ္နဲ႕ ကုတင္ေခါင္းရင္းမွာ ပုံပုံေလး
"ပီဘိုက္ဘယ္လိုေရာက္လာတာလဲ"
"အဲ့တာက ငါေမးရမွာ.."
ပီဘိုက္ၾကည့္ရတာ သိပ္စိတ္မရွည္တဲ့ ပုံစံပင္။ ဝင္း လည္းေဘးဘီကိုၾကည့္မိေတာ့ ပီဘိုက္ အခန္းထဲေရာက္ေနသည္ကိုသတိထားမိသြားသလို ပီဘိုက္၏ ေပါ့ေပါးပါးပါး အက်ီပုံစံေၾကာင့္ သူ႕အျဖစ္ကိုသူနားလည္သြားသည္။
"ကြၽန္ေတာ္ဒီကိုေရာက္လာတာလား"
ဘိုက္ ကေခါင္းကိုယမ္းကာ သူ႕ကိုမ်က္ႏွာလႊဲသြားသည္။
"ဟာ.. ဟာ....ဟာ.....သြားပါၿပီ"
ဝင္း မွတ္ဉာဏ္ထဲ တစ္ခုၿပီးတစ္ခုဝင္လာတဲ့ မေန႕ညက ပုံရိပ္ေတြေၾကာင့္ သူ႕မွာ အံ့ဩသံေတြပင္ ပလုံစီကာထြက္လာရၿပီး မ်က္ခုံးေတြဟာလည္း ဘယ္ကပ္လိုက္ညာကပ္ျဖင့္ အေတာ္ မူးေနာက္ေနၿပီျဖစ္သည္။
မေန႕ညက.....
"အိုက္ဘိုက္!!!! ငါသူ႕ကိုေသာက္ရမ္း ခ်စ္တာ သူငယ္ခ်င္းရ...သူငါ့အခ်စ္ကိုဘယ္လိုလုပ္လိုက္လဲၾကည့္ဦး"
ဘုတ္ရဲ႕ကားေလးဟာဆူညံၿပီးအသည္းကြဲေနတဲ့ အရက္သမား ေလးကိုသယ္ကာ ဘိုက္ အိမ္သို႔တည့္တည့္ေမာင္းလာခဲ့ၿပီးျဖစ္သည္။
သူ႕မွာလည္း သူ႕အစီအစဥ္နဲ႕သူျဖစ္သည္။
ၾကည့္ရသေလာက္ ဝင္း သည္အရက္မူးေနခ်ိန္တြင္ အေတာ္ခ်စ္စရာေကာင္းလိမ့္မည္ထင္ပါသည္။ ထို႔အတူ ဘိုက္ ၏ အိမ္ကိုအရႈပ္ထုပ္ေလးသြားပို႔လိုက္ျခင္းသည္လည္း သူ႕အတြက္ေတာ့ လုံးဝအဆင္ေျပသည္။ သူသည္လည္း အရင္ကတည္းက ဘိုက္ကိုလက္စားေခ်ခ်င္ေနသည္မွာအေတာ္ၾကာၿပီျဖစ္ရာ ယခုက အခြင့္အေရးေကာင္းပင္မဟုတ္လား။
" ပီဘိုက္လားဗ်....အကို႔အတြက္လက္ေဆာင္ေလးကို ၿခံေပါက္မွာလာယူပါဦး"
"ပီဘိုက္လား!....ေဟးး အကို!!! အေျဖျပန္ေပးေနာ္"
ဘုတ္က ဝင္း ဖုန္းကို လက္ေဗြရာနဲ႕ျဖည္အၿပီး ဘိုက္ကို ဖုန္းေခၚလိုက္ျခင္းျဖစ္၏။ သူသည္လည္း တံခါးပိတ္ထားတဲ့ ၿခံတံခါးအေရွ႕မွာ ေရာက္ေနၿပီးျဖစ္သည္။ ဝင္းကဘိုက္ဆိုေသာအသံၾကားသည္ႏွင့္ ေခါင္းေထာင္လာၿပီး ရမ္းေတာ့သည္။
"မင္းဒါဘာလုပ္တာလဲ"
အေျပးတစ္ပိုင္းထြက္လာတဲ့ ဘိုက္က ေခြၽးေလးေတြပင္စို႔ေနသေယာင္။ သူ႕ရဲ႕အျဖစ္ကိုသေဘာတက်ၾကည့္ၿပီး အၿမဲျဖဴစင္သေယာင္ၿပဳံးတတ္တဲ့ ဘုတ္က ဒီခ်ိန္မွာ ေအာင္နိုင္သူပင္။
"ဟင္....လက္ေဆာင္လာပို႔တာဗ်...deli ဖိုးေပးစရာမလိုဘူး"
ဘုတ္က ကားေနာက္ခန္း တံခါးကိုဖြင့္ျပတာမို႔ ဘိုက္ လည္း ကားနားကပ္ကာ အထဲက လူကို ေခါင္းနိမ့္ၿပီးလွမ္းၾကည့္သည္။
ဝင္းသည္ ေမွာက္လွ်က္ ကားေပၚတြင္လဲေနသည္ သူ႕ေျခေထာက္ေတြက ေအာက္မွာက်ေနၿပီး ကိုယ္အေပၚပိုင္းကသာ ကူရွင္မွာျဖစ္သည္။ အေတာ္ပင္အိပ္ေမာက်ေနသလိုမ်ိဳး သို႔ေသာ္ မူးေနမွန္း အနံ႕ရ႐ုံႏွင့္သိသည္။
"မင္းလုပ္ထားတာလား"
ဘိုက္ က ဝင္း အျဖစ္ကိုၾကည့္ၿပီး မ်က္ခုံးႀကဳံလာကာ ဘုတ္ကိုလွည့္မဲေတာ့သည္။
ထိုအခါ အနည္းငယ္အရွိန္တက္ေနတဲ့ ဘုတ္က ရယ္ၿပီး
"ကြၽန္ေတာ္ အမွန္အတိုင္းေျပာရင္ေကာ ယုံမွာလား ဟားဟား.....ထားပါေတာ့....ဒီလက္ေဆာင္ကို ယူခ်င္ယူ မယူရင္ ကြၽန္ေတာ့္အခန္းေခၚသြားမွာေနာ္"
" မင္းလုပ္ၾကည့္ေလ "
ဘိုက္က ေဒါသေတြထြက္ေနသေလာက္ ဘုတ္ကေတာ့ ခပ္ေအးေအးပင္ လက္ႏွစ္ဘက္ကိုတစ္ဝက္ျမႇောက္ၿပီး ပုခုံး ကိုတြန႔္ျပသည္။
တကယ္စိတ္တိုခ်င္စရာပင္။
ထို႔ေၾကာင့္ ဘိုက္ လည္း ဘုတ္စကားထပ္မေျပာခင္မွာပဲ မူးၿပီးေမွာက္ေနတဲ့ အႏွီေကာင္ေလးကို ဆြဲထူၿပီး တြဲယူလိုက္သည္။
" ေကာင္းေကာင္းသြားေနာ္ ကိုႀကီး"
သူ႕ကို႐ြဲ႕ၿပီးတစ္ဟားဟားက်န္ခဲ့တဲ့ ဘုတ္ ကိုစိတ္မဝင္စားနိုင္ပဲ ခြန္အားဗလေတာင့္တဲ့ အရက္သမားေလးကိုသာ မလဲက်ေအာင္ႀကိဳးစားၿပီး တြဲလာခဲ့သည္။
"ဒါကဘယ္သူလဲ"
ဒီဦးေလးႀကီးသည္ ဆဠမ အာ႐ုံတစ္ခုခုေတာ့ရွိေနသည္။
"သူငယ္ခ်င္းပါ...."
"ဟြန႔္.....လူငယ္ေတြမ်ား...ေအးေလ ဒီလိုမ်ိဳးလူက မင္းလိုလူနဲ႕ပဲ သူငယ္ခ်င္းျဖစ္မွာေပါ့"
ေတြ႕ရတဲ့စကၠန႔္တိုင္းမွာကို အကုသိုလ္ရသည္။
ထိုလူေရာက္လာၿပီးဆူေနသည္ကိုသာရပ္နားေထာင္ေနပါလွ်င္ သူ႕မိန္းမ ပါေရာက္လာနိုင္မည္ကိုေတြးမိတာေၾကာင့္ ခပ္သြက္သြက္ပဲ အခန္းထဲ ေရာက္ဖို႔အေရး လုံးပန္ေတာ့သည္။
"ဂမ္းဆားးးဟမ္းမီးဒါ~~~~"
ဘယ္လိုေခါင္းေထာင္လာလဲမသိလိုက္ေပမယ့္ လက္ေတြပါျဖန႔္ၿပီး ထိုဦးေလးႀကီးကို မူးမူးနဲ႕ေလွ်ာက္လုပ္ျပေနေသာ ဝင္းေၾကာင့္ ဘိုက္မွာ ျမန္ျမန္သာေလွ်ာက္ခဲ့ရေတာ့သည္။ ထိုဦးေလးဆီက ဟြန႔္ ဟူေသာဆဲေရးသံကိုလည္းၾကားလိုက္ရ၏။
" ေဟးးးး "
အခန္းထဲေရာက္ေရာက္ခ်င္း ကုတင္ေပၚလဲခ်ေပးေတာ့ ထထိုင္ၿပီး အသံထြက္လာေတာ့သည္။ ဒီတစ္ေခါက္လည္း ဘာလုပ္ဦးမည္လဲမသိ။
ဘိုက္လည္း တစ္လမ္းလုံးသယ္လာရတာေၾကာင့္ အေမာေျဖဖို႔ မ်က္ႏွာခ်င္းဆိုင္က ထိုင္ခုံမွာထိုင္လိုက္ရေတာ့သည္။
သည္ေကာင္ေလးအေတာ္အေလးခ်ိန္စီးပါေပ့။
"ငါမျပန္ဘူးကြာ!!!.....အဲ့ဘဲႀကီး ကိုဖုန္းဆက္!.. ကိုရက္စက္လြန္းေမာင္ ကိုဖုန္းဆက္"
မ်က္စိပိတ္ထားလွ်က္နဲ႕ လက္ညိုးတစ္ထိုးထိုးနဲ႕ အရက္သမားလိုမ်ိဳး ေအာ္ဟစ္ေနတဲ့ေကာင္ေလးကို တားဖို႔ရာ အားအင္မရွိေသးတာမို႔ သူလုပ္သမွ်သာထိုင္ၾကည့္ေနနိုင္သည္။
"ငါ့မွာေတာ့ေလ....ငါ့ကိုလာႀကိဳက္တဲ့ ေကာင္မေလးေတြကို ျငင္းလိုက္ရတာ ဒင္းေၾကာင့္!!! နို႔မို႔သာဆိုရင္ ဒီခ်ိန္ ကေလးေတြရေနၿပီ"
တငိုငိုတရယ္ရယ္နဲ႕စကားေတြဟာ ဘိုက္ ရဲ႕ ႏႈတ္ခမ္းေတြကိုေကာ့တက္ေစတယ္။ တကယ္ပဲ ဒီေကာင္ေလးက မူးေနရင္ေကာ မမူးေနရင္ေကာ သူ႕အေၾကာင္းပဲေခါင္းထဲထည့္ထားသည္ ထင္ပါတယ္။
ဒါမ်ိဳးကိုပဲ သေဘာက်သည္။
"ဟာဗ်ာ!!! မျပန္ဘူးဆိုေန သြားၾက အိုက္ဘုတ္!!! ငါ့ကိုလႊတ္ေလ"
တေယာက္တည္း ႐ုန္းရင္းဆန္ခတ္နဲ႕မို႔ ကုတင္ေပၚက ျပဳတ္က်မည့္ ဆဲဆဲမွာ ဘိုက္က ဝင္ထိန္းလိုက္ရေသးသည္။
"အိပ္ေတာ့..."
"ဟင္....ဘိုက္ လား~~"
သူ႕ကိုထိန္းေနတုန္း မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားေတာ့ မိမိကို သဲသဲကြဲကြဲ ျမင္သြားသည္ထင္ ။
"ခု သိၿပီမို႔လား"
"ဘိုက္ ေပါ့~~ ဒီဘဲႀကီးကြာ....အိပ္မက္ထဲထိလာစားေနတယ္....ဦးေႏွာက္ကိုမစားနဲ႕...ဒီ ဦးေႏွာက္ကေလ စာေတြေပေတြအလုပ္ကိစၥေတြထည့္ထားရတာ..."
လက္ဟန္အမူအယာေတြနဲ႕ပါ တလုံးတေထြးေျပာေနေတာ့သည္။
"စားခ်င္ရင္ လူကိုစား! ဟီးဟီး"
သူ႕ရဲ႕စကားေၾကာင့္ ဘိုက္ အသံနည္းနည္းထြက္ေအာင္ ရယ္မိေသးသည္။
"မင္း ဘယ္သူ႕ကိုလာ ကစားေနတာလဲ"
သူ႕စကားကိုၾကားေတာ့ မဖြင့္တပြင့္ျဖစ္ေနတဲ့ မ်က္လုံးေတြ ပိတ္သြားတဲ့အထိ ၿပဳံးသည္။
ၿပီးေတာ့ ထိန္းထားတဲ့ ပုခုံးနားက ဘိုက္လက္ေတြကိုဆြဲကာ အိပ္ရာေပၚလဲခ်လိဳက္၏။ ဝင္းရဲ႕ဆြဲအားေၾကာင့္ ဘိုက္လည္း ဝင္းအေပၚ လုံးလုံးမွီက်သြားေတာ့သည္။
"စားပါ~~~"
မထင္မွတ္ထားတဲ့စကားေၾကာင့္ ဘိုက္ မွာ အေတာ္ပဲ အူတက္ေနၿပီျဖစ္သည္။ အူတက္ဆို ဝင္းဟာလည္း ပါးစပ္ကိုမပိတ္ေတာ့ပဲ ဟ တတ နဲ႕ မူး႐ူးေနသည္ကိုး။
"အိပ္ေတာ့ အ႐ူးေလး"
ဘိုက္ ရဲ႕ပါးႏွစ္ဘက္ဟာ ဝင္း လက္ေတြနဲ႕ဖ်စ္ညွစ္ခံရၿပီး တရားခံကေတာ့ ရယ္သႊမ္းသႊမ္းနဲ႕ သေဘာက်ေနသလိုပင္။
"ေတာ္ေတာ့...အိပ္ေတာ့"
"တစ္ေန႕က်လိဳ႕..... ပီ..သာ ကြၽန္ေတာ့္ အပိုင္ျဖစ္ရင္... ဟက္လို ဟက္လို...နမ္းပစ္မယ္"
ဝင္းက စကားလည္းေျပာရင္း ဘိုက္ ရဲ႕ညွစ္ထားလို႔ ဆူထြက္ေနတဲ့ ႏႈတ္ခမ္းႏွစ္လႊာကို တစ္ပႊတ္ပႊတ္နဲ႕ လာနမ္းေတာ့သည္။
ဘိုက္မွာ အပီအျပင္အသားယူခံေနရေပမယ့္ သည္ေကာင္ေလးက ဆူဆဲဖို႔အထိ မလုပ္မိေအာင္ကို မူးတဲ့ပုံစံေလးက ခ်စ္စရာတစ္မ်ိဳးေလးပင္။
"မင္းနဲ႕သာတြဲရင္ ငါ ေန႕တိုင္း အိပ္လို႔ေကာ ရပါ့ဦးမလား ။ ဒီလိုအသားယူခံေနရရင္ေတာ့"
××××××××××××××××
အပိုင္း (၁၃) ဤတြင္ၿပီး၏။
တစ္ရက္တစ္ပိုင္း ကို ongoing ဝတၳဳေတြအတြက္ update ေပးနိုင္ဖို႔ႀကိဳးစားေနပါတယ္။ 🤍 အားေပးၾကလို႔ေက်းဇူးတင္ပါတယ္ေနာ္။