ပြန်လိုချင်တယ်
အပိုင်း (14)
ခင်သက် မနေ့ကအစောကြီးအိပ်ပျော်သွားတာမို့ နေပိုင်ထွဋ်အိမ်ပြန်လာသလား၊ မလာသလားဆိုတာတောင်မသိလိုက်ခဲ့ပါ။ ဒီရက်ပိုင်းမှာလည်း စိတ်ရောလူရောပင်ပန်းနေတာမို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တာ တစ်ညလုံးလည်းတစ်ရေးမှမနိုးခဲ့။ အိပ်ယာပေါ်မှာတဂျီဂျီနဲ့တုန်ခါလာသောအနှောင်အယှက်ပေါ်လာလို့ ခင်သက်မဖွင့်ချင်ဖွင့်ချင်နဲ့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူမရဲ့ဘေးအိပ်ယာနေရာလွတ်ပေါ်၌ ရှိနေသောနေပိုင်ထွဋ်၏ဖုန်းလာနေတာဖြစ်သည်။
ခင်သက်လည်း သူမခန္ဓာကိုယ်လေးကိုထိုဖုန်းအနားရောက်အောင်လှိမ့်ပြီးဖုန်းScreenကိုကြည့်လိုက်တော့ မှတ်မထားသောဖုန်းနံပါတ်အစိမ်းတစ်ခုဖြစ်သည်။ နေပိုင်ထွဋ်ကရေချိုးခန်းထဲကနေဘောင်းဘီတစ်ထည်တည်းနှင့်ထွက်လာပြီး ခင်သက်ကြည့်နေသောဖုန်းကိုကောက်ယူ၍နားမှာကပ်လိုက်သည်။
"ဟယ်လို"
"................"
"သြော်....မှုံနံ့သာလား "
ခင်သက် နေပိုင်ထွဋ်ဆီကနေမှုံနံ့သာဆိုတဲ့နာမည်ကြားလိုက်ရပြီးနောက် နေပိုင်ထွဋ်ကအခန်းထဲကနေထွက်သွားပါသည်။ ခင်သက်လည်း ခေါင်းအုံးဘေးကစားပွဲပေါ်မှာရှိနေသည့်သူမရဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့မနက်၆နာရီအချိန်ဖြစ်သည်။ နေပိုင်ထွဋ်ဟာမနက်၆နာရီအိပ်ယာထမယ့်လူမဟုတ်။ သူမနက်မှအိမ်ပြန်လာတာပဲဖြစ်ရမည်။
ခင်သက် သူဘယ်ချိန်ပြန်လာတာလဲဆိုတာကိုအတည်ပြုနေရင်း တစ်ဆက်တည်းတွေးမိလာတာက ဒီအချိန်ဘာကြောင့်မှုံနံ့သာက သူ့ကိုဖုန်းဆက်ရလဲဆိုတာဖြစ်သည်။
ခင်သက်လည်းနိုးနေတဲ့အတူတူ ဆိုင်သွားဖို့ပြင်ဆင်ဖို့အိပ်ယာကနေထလိုက်တော့သည်။ ထိုစဥ် နေပိုင်ထွဋ်ကဖုန်းပြောပြီးအခန်းထဲသို့ပြန်လာဝင်လာကာ သူ့အဝတ်ဗီရိုကိုဖွင့်၍ကုမ္ပဏီသွားရန်အဝတ်အစားဝတ်သည်။ ခင်သက်ကိုတောင်စကားမပြောဘဲချက်ချင်းပြန်ထွက်သွားတာမို့ မှုံနံ့သာနဲ့ဘယ်လောက်များအရေးကြီးသောကိစ္စများရှိနေသလဲဟု စဥ်းစားမိလာသည်။
***********************************
"ရောက်လာပေးလို့ ကျေးဇူးပါ ကိုနေပိုင်ထွဋ်"
မှုံနံ့သာဟာ Studioထဲသို့ဝင်လာသော နေပိုင်ထွဋ်ဆီသို့အားကိုးတကြီးပြေးလာသည်။ မှုံနံ့သာဟာအဖြူရောင်ဂါဝန်တိုကလေးအပေါ်ကနေအသားရောင်လက်ရှည်အပါးလေးဝတ်ထားလျှက် မျက်နှာကလည်းမိတ်ကပ်မပါဘဲငိုထားပုံရသည်။
"ဘယ်လိုဖြစ်တာလဲ ဟိုတစ်နေ့ကပဲ မင်းတောင်းပန်ပြီးပြီဆို"
နေပိုင်ထွဋ်လည်း မှုံနံ့သာနဲ့အတူ Studio ထဲသို့ဝင်လာတဲ့အခါ တစ်ယောက်တစ်ခွန်းစကားများနေကြသော မှုံနံ့သာ၏မန်နေဂျာကိုဆန်းထူးနှင့်ရွှေအဆင်းကိုတွေ့ရသည်။ ရွှေအဆင်းဟာ နေပိုင်ထွဋ်ကိုမြင်တာနဲ့မျက်လုံးတွေပြူးကျယ်သွားပြီး ကိုဆန်းထူးရဲ့ရန်စကားများကိုချေပမပြောဆိုနိုင်တော့ချေ။
"နံ့သာ တောင်းပန်ပါပြီး ကိုနေပိုင်ထွဋ်ရယ် အဲ့တာကို ရွှေအဆင်းကဒီမနက်ပဲ နံ့သာဆီရောက်လာပြီး အခုလိုချိန်းခြောက်တော့တာပဲ"
နေပိုင်ထွဋ်သည်မှုံနံ့သာပြောတာကိုနားထောင်ပြီးရွှေအဆင်းကိုလှမ်းကြည့်တော့ရွှေအဆင်းကမျက်စိမျက်နှာပျက်စွာနှင့်
"အဆင်း ဘာချိန်းခြောက်လို့လဲ အဆင်းကပြဿနာမတက်ချင်လို့တောင်မန်နေဂျာခေါ်မလာတာကို အခုမှုံနံ့သာက အဆင်းရဲ့ကုမ္ပဏီCEOအထိပါခေါ်လာတာပဲ ဒါကတော့အဆင်မပြေဘူးနော်"
"အဲ့တာဆိုရင် ရွှေအဆင်းက ဘာလို့ဒီကိုရောက်နေတာလဲ "
"ဘာလို့ရမလဲ...အမလေး ကိုဆန်းတို့ရဲ့နံ့သာလေးကသူ့ကိုSocialမှာ Tag တွဲပြီးတောင်းပန်ပေးရမယ်တဲ့လေ နံ့သာက အဲ့ဒီနေ့ကိုနေပိုင်ထွဋ်ဆီကပြန်လာကတည်းက ရွှေအဆင်းကိုသေသေချာချာဖုန်းဆက်ပြီးတောင်းပန်ပြီးပါပြီ အဲ့တာကိုအခုလိုအိမ်အထိလာပြီးဒါမျိုးစော်ကားတာကတော့လွန်တာပေါ့ ကိုနေပိုင်ထွဋ်ရယ် ရှင်တို့မော်ဒယ်မကိုလည်းကြည့်ထိန်းကြပါဦး"
ကိုဆန်းထူးသည် မှုံနံ့သာအစား သူကပဲခပ်စွာစွာနှင့်ရှင်းပြလိုက်တော့သည်။
နေပိုင်ထွဋ်မှာ မနက်စောစောစီးစီးအာရုံနောက်စွာနဲ့ ဒီမော်ဒယ်၂ယောက်ရဲ့မပြီးနိုင်သောပြဿနာကိုလိုက်ဖြေရှင်းရသည်အားစိတ်ကုန်လာပါတော့သည်။
"ရွှေအဆင်းက ကျွန်တော့်ကိုပြောခဲ့တော့ မှုံနံ့သာတောင်းပန်တာကိုကျေနပ်ပါတယ်ဆို အခုကဘယ်လိုဖြစ်တာလဲ "
"အဆင်းအခုရောက်လာတာက မှုံနံ့သာကိုနောက်တစ်ခါဒီလိုသတင်းတွေမဖြန့်ဖို့သတိလာပေးတာပါ "
"နံ့သာကတိပေးပါတယ် နောက်ဒါမျိုးထပ်မဖြစ်စေရပါဘူး "
မှုံနံ့သာသည်နေပိုင်ထွဋ်ရဲ့ဘေးမှနေ၍ မျက်နှာချင်းဆိုင်မှာရှိနေသော ရွှေအဆင်းအားခေါင်းငုံ့ပြီးကတိပေးလေသည်။
"ကျွန်တော်လည်း မှုံနံ့သာ အကူအညီတောင်းလို့သာလာခဲ့တာ ဒီကိစ္စတွေအထိလည်းဝင်မပါချင်ဘူး ရွှေအဆင်းလည်းကျေနပ်သင့်တယ်ထင်ပါတယ်မှုံနံ့သာကသူ့ကတိတောင်းပန်ခဲ့တာပဲ"
ရွှေအဆင်းအနေနဲ့ နေပိုင်ထွဋ်ဟာမှုံနံ့သာဘက်မှာရှိနေတာကိုနည်းနည်းမှမကျေနပ်ပေမဲ့ဒီအချိန်မှာသာသူမဘက်ကအလျော့မပေးခဲ့ရင် နေပိုင်ထွဋ်ဟာတကယ်ပဲသူမကိုမျက်မုန်းကျိုးသွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်ရွှေအဆင်းက နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ပိတ်ကာ
"ကတိတည်ပါစေမှုံနံ့သာ အဆင်းလည်းကိုနေထွဋ်ကို အားနာပါတယ် အဆင်းကတော့မဆိုင်တဲ့လူကိုဖုန်းဆက်ပြီးခေါ်နေမှာမဟုတ်ဘူး ကိုယ့်ကိစ္စကိုယ်ဟာကိုယ်ပဲဖြေရှင်းလိုက်မှာ အခုလည်းရှုတင်ရှိသေးလို့ပြန်လိုက်ဦးမယ်"
ရွှေမဆင်းက နေပိုင်ထွဋ်နဲ့မှုံနံ့သာရှေ့ကနေခပ်မြန်မြန်ထွက်သွားလေတော့.
"အမလေး မြန်မြန်ကြွ!"
ဟုဆိုကာ ကိုဆန်းထူးကရွှေအဆင်းနောက်ကနေလိုက်သွားပါသည်။
မှုံနံ့သာ၏အိမ်သည်Studioနှင့်တွဲရပ်ဖြစ်ပြီး Studioကလည်း မှုံနံ့သာ၏ဦးလေးStudioသာဖြစ်သည်။ မနက်၆နာရီဒီနေ့Studioကအားနေတာမို့သာ ရွှေအဆင်းရောက်လာတာကိုStudioထဲသို့ထွက်တွေ့နိုင်တာဖြစ်လေသည်။
အခုဒီStudioခန်းကြီးထဲ၌ နေပိုင်ထွဋ်နှင့်မှုံနံ့သာ၂ယောက်ပဲကျန်ခဲ့တာဖြစ်သည်။ မှုံနံ့သာကတရှုံ့ရှုံ့ငိုပြီးနေပိုင်ထွဋ်ကိုမော့ကြည့်ကာ....
"နံ့သာတောင်းပန်ပါတယ်နော် နံ့သာလည်း ဘယ်သူ့ကိုခေါ်ရမှန်းမသိတာနဲ့ဒီပြဿနာကိုသိတာလည်းကိုနေပိုင်ထွဋ်ပဲရှိတာမို့ကိုနေပိုင်ထွဋ်ကိုခေါ်လိုက်ရတာပါ နောက်မဖြစ်စေရတော့ပါဘူးနော် ကိုနေပိုင်ထွဋ်ကိုလည်းဒုက္ခမပေးတော့ပါဘူး"
နေပိုင်ထွဋ်လည်း မှုံနံ့သာရဲ့နှာခေါင်းဖျားကလေးများရဲနေအောင်ပွတ်ပြီးငိုနေပုံကိုကြည့်ပြီး ပိုလို့စိတ်ရှုပ်ရသည်။
"ရပါတယ်...တော်ပါတော့...ငိုမနေနဲ့တော့ မင်းမျက်နှာတစ်ခုလုံးလည်းရဲတွက်နေပြီ"
နေပိုင်ထွဋ်သည်မှုံနံ့သာ၏မျက်ရည်တွေနဲ့ကပ်နေသော ဆံပင်တွေကိုသူ့လက်ချောင်းရှည်များဖြင့်သပ်ပေးလိုက်တော့ မှုံနံ့သာဟာရှိုက်သံထွက်မလာတော့ဘဲမျက်လုံးဝိုင်းကလေးများဖြင့်ပြူးကြည့်နေသည်။ နေပိုင်ထွဋ်လည်း သူကိုယ်တိုင်သူမဆံပင်များကိုထိကိုင်မိပြီးမှ မှုံနံ့သာရဲ့စိတ်လှုပ်ရှားနေဟန်ရှိသောမျက်နှာကိုသတိပြုမိပြီး ကိုယ်ဘာတွေလုပ်နေမိသလဲဆိုတာကို သတိရကာ သူ့လက်များကိုရုတ်သိမ်းလိုက်တော့ မှုံနံ့သာကနေပိုင်ထွဋ်ရဲ့လက်ဖဝါးကြီးကြီးကိုဖမ်းဆုပ်ထားလိုက်သည်။
"နံ့သာ အလုပ်ရှုပ်မိစေတဲ့အတွက် ကိုနေပိုင်ထွဋ်ကိုDinner လိုက်ကျွေးပါရစေ"
နေပိုင်ထွဋ်က အဖြေပြန်မပေးဘဲသူမဖမ်းဆုပ်ထားသောသူ့ရဲ့လက်ကိုသာအာရုံရောက်နေတာမို့ မှုံနံ့သာလည်းနေပိုင်ထွဋ်၏လက်ဖဝါးကြီးကိုသူမရဲ့လက်သေးသေးလေးနှစ်ဖက်လုံးနဲ့ဆုပ်ကိုင်ထားလိုက်သည်။
"ဟင်...ကိုနေပိုင်ထွဋ် လက်ခံပေးပါနော် နံ့သာ တကယ်အားနာမိလို့ပါ ကိုနေပိုင်ထွဋ်ငြင်းလိုက်ရင်နံ့သာစိတ်မကောင်းဖြစ်မိမှာသိလား နော်"
"အင်း...အချိန်နဲ့နေရာကို Message ပို့ထားလိုက် ကျွန်တော် ကုမ္ပဏီနောက်ကျနေပြီမို့သွားတော့မယ်"
"တကယ်လာခဲ့နော် နံ့သာMessageပို့လိုက်ပါ့မယ် "
"အင်း...အပြင်ထိလိုက်မပို့နဲ့နော် နေခဲ့ "
ဟု မှုံနံ့သာအား အမိန့်ပေးကာ နေပိုင်ထွဋ်ခြေလှမ်းခပ်ကျဲကျဲဖြင့်ကိုStudioထဲမှထွက်လာလိုက်ပါသည်။ ကားထဲရောက်တော့ နေပိုင်ထွဋ်ချက်ချင်းကားမမောင်းနိုင်။ ခေါင်းလိမ်းဆီမလိမ်းခဲ့ရသောဆံသားများကိုလက်နှစ်ဖက်ဖြင့်နှဖူးကနေနောက်စေ့အထိပွတ်သပ်ပစ်လိုက်သည်။
ဘာလို့ သူမရဲ့ဆံပင်များကိုထိကိုင်မိသွားသလဲကိုယ့်ကိုယ်ကိုမသိ။ မှုံနံ့သာဟာတစ်စုံတစ်ယောက်နှင့်ရုပ်ချင်းဆင်နေတာကတော့သေကိုသေချာသည်။
***********************************
ခင်သက်ကိုဒီနေ့ အမျိုးသားသရုပ်ဆောင်တစ်ယောက် ဝတ်စုံလာအပ်မယ်လို့ပြောထားသောကြောင့် ဘယ်သူများလာလေမလဲဟုစောင့်နေခဲ့တာဖြစ်သည်။ ပန်းအိဖျော်ပေးထားသော ကော်ဖီတစ်ခွက်နှင့်အတူ ဒီဇိုင်းအသစ်များကိုသူမရဲ့စာအုပ်ထဲမှာချဆွဲနေသည်။
"မေမေက ခင်သက်တင်ကအလုပ်တွေချည်းဖိလုပ်နေတယ်လို့ပြောတာကို မယုံခဲ့ဘူးအခုတော့တကယ်ပါလား လူလာတာတောင်မသိဘူးပဲ"
ခင်သက်လည်း စကားသံကြားလာမှစာအုပ်ကိုဘေးချပြီးမော့ကြည့်လိုက်တော့ သူ၏အလုပ်စားပွဲပေါ်မှာလက်နှစ်ဖက်ထောက်ပြီးခင်သက်ကိုငုံ့ကြည့်နေသော ဆံပင်အညိုရောင်နဲ့မေးချွန်ချွန်မျက်လုံးခပ်မှေးမှေးကောင်လေးကိုတွေ့ရသည်။
သူမကိုပြုံးကြည့်ပြီး သူရောက်နေတာကိုမသိရမလားဟုအပြစ်တင်နေသောထိုကောင်လေးအား အံ့သြတသမော့ကြည့်နေမိသည်။
"နင်...စိုင်းခမ်းစစ်! "
ခင်သက် သားရေဂျာကင်အနက်ရောင်နဲ့ဘောင်းဘီအနက်ရောင်ကိုလိုက်ဖက်စွာဝတ်ဆင်ထားတဲ့အဲ့ဒီကောင်လေးနာမည်ကိုခေါ်ရင်းမတ်တပ်ထရပ်လိုက်ပါသည်။
"အမှန်ပဲပေါ့...တော်သေးတယ် ကျွန်တော့်ကိုတော့မှတ်မိသေးလို့ အလုပ်တွေလုပ်လွန်းအားကြီးပြီးကျွန်တော့်ကိုမေ့သွားရင်တော့ ကျွန်တော်ကခွင့်မလွှတ်ဘူးဗျ"
"နေပါဦး...နင်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ဘယ်တုန်းကပြန်ရောက်တာလဲ အန်တီမိုးခမ်းကမပြောဘူးကြည့်စမ်း "
"ကျွန်တော်ပြန်ရောက်နေတာ တစ်ပတ်ကျော်ပြီ မေမေ့ကိုသေချာမပြောပြခိုင်းတာ မမသက်အခုလိုအံ့ကြသွားစေချင်လို့ကိုယ်တိုင်Suprise လာလုပ်တာ"
စိုင်းခမ်းစစ်ဆိုသည် ဒေါ်မိုးခမ်းဝါ၏တစ်ဦးတည်းသောသားဖြစ်ပြီး နိုင်ငံခြားမှာအနုပညာကျောင်းတက်နေတာဖြစ်သည်။ ခင်သက်လက်မထပ်ခင်ကတည်းက အမေရိကကိုထွက်သွားခဲ့တာဖြစ်သည်။ ခင်သက်နှင့်စိုင်းခမ်းစစ်သည် ငယ်သူငယ်ချင်းဖြစ်သော အမေနှစ်ယောက်ကိုအကြောင်းပြုပြီး ခင်မင်ခဲ့ကြတာဖြစ်သည်။ စိုင်းခမ်းစစ်ဟာ ခင်သက်ထက် ၃နှစ်မျှငယ်သည်။
"ဟယ်...တကယ် Suprise ဖြစ်သွားတာ ၆ နှစ်လောက်လုံးဝပြန်မလာဘဲအခုမှလူအကောင်လိုက်ကြီးပေါ်လာတာကြည့်စမ်း "
ခင်သက်သည် စားပွဲနောက်ကနေစိုင်းခမ်းစစ်ရှိသောဘက်သို့ထွက်လာပြီး စိုင်းခမ်းစစ်အားမော့ကြည့်လျှက်ပြောလေသည်။
"ဘယ်လိုလဲ အများကြီးချောလာတယ်မလား "
စိုင်းခမ်းစစ်ဟာ သူ့အင်္ကျီကိုဆွဲချပြီးမျက်ခုံးပင့်လျှက်သူချောလားဟုမေးနေတော့ခင်သက်ရယ်မိသည်။
"ချောတာပေါ့...ငယ်ငယ်က မင်းသားဖြစ်ချင်တယ်ဆိုပြီးအရူးထခဲ့တဲ့ကလေးကအခုတော့တကယ်ပဲမင်းသားဖြစ်လာတယ် "
"ကျွန်တော်က ပြောရင်ပြောတဲ့အတိုင်းလုပ်ပါတယ် ကျွန်တော်ကတိပေးပြီးမလုပ်လိုက်ရတာတစ်ခုပဲရှိတယ် "
"ဘာလဲ "
"မမသက် အိမ်ထောင်ကျသွားပြီပဲလေ "
သူက ခင်သက်မျက်နှာလှလှလေးကိုကြည့်ပြီး ဝမ်းနည်းသမှုနှင့်ပြောလာတော့ခင်သက်က ဟာသပြန်လုပ်ဖို့စဥ်းစားနေမိပေမဲ့ပြောစရာစကားတွေကပျောက်ရှသွားသည်။
"ဘာလို့ ယောက်ျားယူသွားတာလဲ "
" ဟဲ့... ရောက်ရောက်ချင်းဘာတွေလာနောက်နေပြန်လာလဲ "
ခင်သက်က လိမ္မော်ရောင်စကပ်တိုကလေးကိုသိမ်းပြီး အထည်ချုပ်လက်စတွေတင်ထားသောစားပွဲအရှည်ကိုတင်ပါးတစ်ခြမ်းဖြင့်မှီလိုက်သည်။
"ကျွန်တော်က အဲ့ဒီတုန်းကအတည်ပြောခဲ့တာကို "
"နင်အဲ့ဒီတုန်းက ကလေးပဲရှိသေးတာကို တော်ပါ... အဲ့ဒီပေါက်စတုန်းကဟာတွေကိုလျှောက်ပြောမနေနဲ့ ဘယ်နေ့အားလဲ ငါနင့်ကိုဧည့်ခံကျွေးမွေးရမှာပေါ့"
"မမသက်က လှတုန်းပဲနော်...မမသက်ပုံတွေတင်တိုင်းကျွန်တော်ဝင်ကြည့်တယ် ပုံထဲမှာထက်အပြင်မှာအများကြီးပိုလှတာပဲ"
အဖျားကောက်ထားတဲ့ဆံပင်တွေကိုပုခုံးပေါ်မှာတစ်ဖက်တည်းသိမ်းချထားတဲ့ခင်သက်ကိုတစိမ့်စိမ့်ကြည့်ပြီး ပြောနေပြန်တဲ့စိုင်းခမ်းစစ်ကြောင့် ခင်သက်သူ့လက်မောင်းကိုလှမ်းရိုက်လိုက်သည်။
"တော်ပါတော့ ငါလှတာ ငါသိပါတယ် "
"နှမျောလို့သေတော့မယ်ဗျာ"
စိုင်းခမ်းစစ်သည် ခင်သက်ကိုကြည့်နေရာကနေမျက်လုံးတွေလွှဲလိုက်ကာ
"ဘာလို့ ယောက်ျားယူလိုက်တာလဲဗျာ"
ခံပြင်းစွာနှင့်ပြောလာတဲ့စိုင်းခမ်းစစ်ကိုခင်သက် သက်ပြင်းသာချမိတော့သည်။
ရောက်ကတည်းက ဒီလိုသာပြောမရဘူးဆိုရင် မြန်မာနိုင်ငံမှာပဲမင်းသားလုပ်တော့မယ် ဒီကလေးရဲ့Designer အဖြစ်တာဝန်ယူပေးဖို့ ဝန်လေးမိသည်။
"ကဲ...တော်ပါတော့..အလုပ်အကြောင်းပြောရအောင်နင်ကဘယ်ဇာတ်လမ်းကိုလက်ခံတာလဲ ဘယ်နေရာကသရုပ်ဆောင်မှာလဲ နင့်မန်နေဂျာရောမပါဘူးလား"
"မပါဘူးလေ တစ်ယောက်တည်းလာတာ ဒီနေ့က မမသက်ကိုလာတွေ့ရုံတင်ပဲနောက်ရက်မှအလုပ်အကြောင်းက ကျွန်တော်မန်နေဂျာနဲ့ပြော"
"အဲ့တာဆိုလည်း တစ်ခုခုစားမလား ငါလိုက်ကျွေးမယ်လေ"
"တော်ပါပြီ ကျွန်တော်မအားဘူးရယ် ပြန်ရမှာ နောက်တစ်ပတ်မှအားမှာ မမသက်ကိုမြင်ချင်လှပြီနောက်တစ်ပတ်ထိမစောင့်နိုင်လို့ အခုလာတွေ့တာ ပြန်တော့မယ် "
"အင်း... အင်း အားတဲ့နေ့ကျ ဖုန်းဆက်လိုက်နော် အေးဆေးစကားပြောကြတာပေါ့ "
ခင်သက် ထိုအမေရိကားပြန်ရှမ်းချောချောလေးကို အပြင်ထိလိုက်ပို့ပေးလိုက်သည်။
ငယ်ငယ်က သူလူပျိုပေါက်အရွယ်ရောက်တော့ခင်သက်ကတက္ကသိုလ်ကျောင်းသူဖြစ်နေပြီ။ ဒါကိုဒီကောင်လေးကမမသက်ကိုချစ်ပါတယ်ကြိုက်ပါတယ်လုပ်တော့ခင်သက်ကလည်း စိတ်ကစားလို့ပြောတာလို့ပဲယူဆပြီး စိုင်းခမ်းစစ်အပေါ်မောင်လေးတစ်ယောက်ထက်ပိုလို့ခံစား၍မရခဲ့ချေ။ ခင်သက်က သူဒီမချိန်မှတော့ငယ်ငယ်က ပြောခဲ့တာတွေမေ့ပြီမှတ်နေခဲ့တာသူကတော့ခင်သက်ယောက်ျားယူလို့ဆိုပြီးမကျေမနပ်နဲ့ရန်လုပ်သွားသေးသည်။
*********************************
ခင်သက်အိမ်ပြန်ရောက်တော့ နေပိုင်ထွဋ်လည်းရှိနေပြီး သန့်ပြန့်နေအောင် ဝတ်စားထားတာကိုမြင်ရသည်။
နေ့တိုင်း Suit နဲ့ပဲမြင်နေရပေမဲ့ ဒီနေ့တော့ ညနေပိုင်းမှ အနက်ရောင်တီရှပ်လက်ရှည် Body fix ဝတ်ထားပြီး ဘောင်းဘီရှည်ခဲရောင်နှင့် ဆံပင်များကိုလည်း ဆီဖြင့်သပ်ရပ်စွာလက်များဖြင့်ထိုးသပ်ထားသည်။
အခုလိုကြည့်ကောင်းနေလေတော့ခင်သက်အိမ်ပြန်ရောက်ကတည်းကသူ့ကိုပဲလိုက်ကြည့်နေရသည်။ ခင်သက်နားကပ်နှင့်ဆွဲကြိုးတွေချွတ်ပြီးဘူးထဲပြန်ထည့်နေတုန်း သူကတော့ ဖုန်းလာတာနဲ့ချက်ချင်းပဲ "လာပြီ ထွက်ခဲ့ပြီ" ဟုဆိုကာ ထွက်သွားလေသည်။
ခင်သက် သတိပေးထားပြီးမှ ခြေလှမ်းပျက်ချင်နေသောနေပိုင်ထွဋ်ကြောင့်ခင်သက်လည်း မိတ်ကပ်တွေဖျက်နေရင်းနဲ့မှစိတ်ထဲအလိုမကျဖြစ်လာရသည်။ ထို့ကြောင့်ဂွမ်းတွေကိုအမှိုက်ပုံးထဲသို့ပစ်ထည့်ကာ ရေချိုးဖို့ပဲပြင်ဆင်လိုက်တော့၏။
မနက်ကလည်း မှုံနံ့သာခေါ်တာနဲ့ချက်ချင်းပဲအပြေးအလွှားထွက်သွားသည်။ အခုလည်းအဲ့သလောက်ကြည့်ကောင်းနေအောင်ပြင်ဆင်ပြီးတစ်ခါထွက်သွားပြန်ပြီ။ ခင်သက် ရေချိုးပြီးနောက် အိပ်ယာပေါ်မှာ Facebook သုံးနေပေမဲ့ အာရုံကနေပိုင်ထွဋ်ဆီကိုပဲရောက်နေလေသည်။
"ကျစ်!...ငါ့ကိုတော့ ဒါမျိုးလာလုပ်လို့မရဘူး "
ခင်သက် မကျေမနပ်ဖြစ်ကာ အချိန်ကိုကြည့်တော့လည်း သူထွက်သွားတာ ၂နာရီနီးပါးရှိနေပြီမို့ နေပိုင်ထွဋ်ရဲ့ဖုန်းကိုဆက်လိုက်ပါတော့သည်။ ဖုန်းကခေါ်တာနဲ့ချက်ချင်းမကိုင်ဘဲ ကျသွားသည်။ ခင်သက်လည်းမကိုင်ရမလားဟုပို၍စိတ်တိုကာထပ်ခေါ်လိုက်သည်။
ဒီတစ်ကြိမ်တော့ဖုန်းကိုင်တာမို့
"ဘာလို့ဖုန်းကိုချက်ချင်းမကိုင်....."
"ဟို...မမသက်လား "
ဖုန်းဖြေတာက မိန်းမသံဖြစ်နေတာကြောင့်ခင်သက် ဖုန်းနံပါတ်များမှားတာလားဟုနားမှာကပ်ထားတဲ့ဖုန်းကိုပြန်ကြည့်လိုက်သည်။ ဒီဖုန်းနံပါတ်ကိုခင်သက် contact listမှာမှတ်မထားပေမဲ့ ဘယ်အချိန်မေးမေးအလွတ်ရနေတာမို့မှားနိုင်စရာအကြောင်းလုံးဝမရှိ။
"နံ့သာပါ "
ခင်သက် မျက်ခုံးများအလယ်သို့တွန့်ချိုးညွတ်ကျသွားပြီး ဒေါသတွေလည်းအရမ်းထွက်သွားရသည်။
"ကိုနေပိုင်ထွဋ်က Toilet သွားလို့ပါ ဘာပြောစရာရှိလို့လဲ နံ့သာပြောပေးရမလား"
"မလိုပါဘူး ဖုန်းချလိုက်တော့မယ်"
ခင်သက်လည်း ဖုန်းချပစ်လိုက်ပြီး ဖုန်းကိုလည်းအိပ်ယာပေါ်သို့ပစ်တင်လိုက်သည်။
"တောက်!"
ခင်သက် ဒေါသထွက်ထွက်နဲ့ မတ်တပ်ထရပ်လိုက်သည်။ ဒီတိုင်းတော့သည်းမခံနိုင်။ သူတို့၂ယောက်ကိုအေးအေးဆေးဆေးတွေ့ခွင့်မပေးနိုင်။ ခင်သက် အဝတ်အစားလဲဖို့ဗီရိုဖွင့်ပြီး နီညိုရောင်Body fix ဂါဝန်တိုကလေးကိုရွေးထုတ်ဝတ်ဆင်လိုက်သည်။ နေ့လည်ကကိုင်သွားသောပစ္စည်းတွေ့မထုတ်ရသေးတဲ့ လက်ကိုင်အိတ်ထဲသို့ဖုန်းကိုကောက်ထည့်ကာ အိမ်ကနေထွက်လာခဲ့သည်။
နေပိုင်ထွဋ်သွားနေကျဟိုတယ်သို့ သူမကားကိုတန်းတန်းမတ်မတ်မောင်းလာခဲ့ပြီးနောက် ကားထဲမှမထွက်ခင် နှုတ်ခမ်းနီတောင့်ကိုထုတ်ပြီး သူမနှုတ်ခမ်းပေါ်သို့တင်ဆိုးလိုက်သည်။ နောက်ကြည့်မှန်မှတစ်ဆင့်မြင်ရသော နှုတ်ခမ်းနီခပ်ရဲရဲနဲ့သူမသည်မိတ်ကပ်လိမ်းမထားပေမဲ့လည်းဆွဲဆောင်မှုရှိရှိလှနေပြန်သည်။
ခင်သက် ကားထဲကထွက်လာပြီးကော့သော့ကိုပေါ်တီအောက်ကဝန်ထမ်းကောင်လေးဆီပေးလိုက်ပြီး ဟိုတယ်ထဲသို့တံတောင်ဆစ်မှာအဖြူရောင်လက်ကိုင်အိတ်ကိုချိတ်ထားလျှက်ဝင်လာသည်။ Reception မှာ နေပိုင်ထွဋ် နာမည်နဲ့ဝင်မေးတဲ့အခါ ခင်သက်အား Receptionကဝန်ထမ်းမလေးကနှုတ်ဆက်ကာနေပိုင်ထွဋ်၏အခန်းကိုပြောပြသည်။ ထိုဝန်ထမ်းမလေးအနေနဲ့ ခင်သက်ဟာနေပိုင်ထွဋ်ရဲ့ဇနီးဆိုတာမသိစရာအကြောင်းမရှိ။
ခင်သက်လည်း နေပိုင်ထွဋ်ရဲ့အခန်းရှိသောအလွှာသို့ဓာတ်လှေကားဖြင့်တက်လာရင်း ဝန်ထမ်းမလေးပြောလိုက်တဲ့အခန်းနံပါတ်ကိုရှာသည်။ ခင်သက်ရှေ့က အခန်း၂ခုကျော်မှာ ခင်သက်တွေ့လိုက်ရတာက အခန်းတံခါးရှေ့ကနေဖွင့်နေသောနေပိုင်ထွဋ်ရယ် ထိုအခန်းထဲကနေထွက်လာသော ခပ်ချောချောငယ်ငယ်ကောင်မလေး၂ယောက်ရယ်ဖြစ်သည်။ ကောင်မလေး၂ယောက်သည်လည်းသန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နဲ့အလှလေးတွေဖြစ်သည်။
ခင်သက်သူတို့ကိုမြင်ပြီးနှလုံးသားထဲကဒေါသသွေးတွေကဆူပွက်လာကာ အခန်းထဲဝင်တော့မယ့်နေပိုင်ထွဋ်အား နောက်ကနေလက်ကိုင်အိတ်ဖြင့်ပစ်ရိုက်လိုက်သည်။
"အာ့...!"
နေပိုင်ထွဋ်ရဲ့ကျောပြင်သို့ဗုန်းကနဲရောက်လာသော လက်ကိုင်အိတ်ဒဏ်ကိုနေပိုင်ထွဋ်ကျောကော့ခနဲခံလိုက်ရပြီး လှည့်ကြည့်လာတော့ တရားခံဟာအိမ်ကဇနီးချောလေးဖြစ်နေသည်။
"ဟ... မင်း ဘယ်လိုလုပ်ရောက်...ဘာလို့ရိုက်ရတာလဲ"
"တော်တော်စောက်ရှက်မရှိတဲ့ကောင်ပဲ နေပိုင်ထွဋ် ရှင် ကျွန်မကိုလည်းမကွာဘူး...ဟိုတယ်မှာလည်း ကောင်မ၂ယောက်နဲ့ သရီးစမ်းလာလုပ်တယ် တော်တော်မကောင်းတာပဲ မုန်းလိုက်တာ အင့်ဟယ်....အင့်ဟယ်..."
ခင်သက် ဒေါသတွေမထိန်းနိုင်စွာနဲ့လက်ထဲကအိတ်နဲ့ဆက်တိုက်ထုရိုက်နေမိတော့ နေပိုင်ထွဋ်လက်နဲကာရင်းနဲ့မနိုင်တော့တာကြောင့် အိတ်ဆွဲလုလိုက်တော့သည်။
"ဘယ်လိုဖြစ်နေတာလဲ...နည်းနည်းပါးပါးမေးပြီးမှ ရိုက်ပါလား "
"ဘာမေးနေရမှာလဲ ကျွန်မမျက်လုံးကကန်းနေတာမှမဟုတ်တာ ဒီအခန်းထဲကနေမိန်းမ၂ယောက်ထွက်သွားတာဒီမျက်လုံးတွေနဲ့တပ်အပ်မြင်တယ်!"
"မင်း ငါ့ကို မိန်းမတိုင်းနဲ့လိုက်အိပ်နေတဲ့ ဖာခေါင်းမှတ်နေတာလား ခင်သက်တင် !"
"ရှင့်ကိုရှင်သိမှာပေါ့!"
"ဘာ..ကွ!"
**************************************
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (15) ဆက်ရန်
အစအဆုံး အပိုင်း (50) အထိရှိပါတယ်ရှင့်။
pdf file ဝယ်ယူလိုရင်ကျွန်တော်ရဲ့ fb acc Eaint Shin Sitt cb ကို လာခဲ့ပါရှင့်။.
Zawgyi Version
ျပန္လိုခ်င္တယ္
အပိုင္း (14)
ခင္သက္ မေန႕ကအေစာႀကီးအိပ္ေပ်ာ္သြားတာမို႔ ေနပိုင္ထြဋ္အိမ္ျပန္လာသလား၊ မလာသလားဆိုတာေတာင္မသိလိုက္ခဲ့ပါ။ ဒီရက္ပိုင္းမွာလည္း စိတ္ေရာလူေရာပင္ပန္းေနတာမို႔ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနခဲ့တာ တစ္ညလုံးလည္းတစ္ေရးမွမနိုးခဲ့။ အိပ္ယာေပၚမွာတဂ်ီဂ်ီနဲ႕တုန္ခါလာေသာအႏွောင္အယွက္ေပၚလာလို႔ ခင္သက္မဖြင့္ခ်င္ဖြင့္ခ်င္နဲ႕ မ်က္လုံးဖြင့္ၾကည့္လိုက္တဲ့အခါ သူမရဲ႕ေဘးအိပ္ယာေနရာလြတ္ေပၚ၌ ရွိေနေသာေနပိုင္ထြဋ္၏ဖုန္းလာေနတာျဖစ္သည္။
ခင္သက္လည္း သူမခႏၶာကိုယ္ေလးကိုထိုဖုန္းအနားေရာက္ေအာင္လွိမ့္ၿပီးဖုန္းScreenကိုၾကည့္လိုက္ေတာ့ မွတ္မထားေသာဖုန္းနံပါတ္အစိမ္းတစ္ခုျဖစ္သည္။ ေနပိုင္ထြဋ္ကေရခ်ိဳးခန္းထဲကေနေဘာင္းဘီတစ္ထည္တည္းႏွင့္ထြက္လာၿပီး ခင္သက္ၾကည့္ေနေသာဖုန္းကိုေကာက္ယူ၍နားမွာကပ္လိုက္သည္။
"ဟယ္လို"
"................"
"ေၾသာ္....မႈံနံ႕သာလား "
ခင္သက္ ေနပိုင္ထြဋ္ဆီကေနမႈံနံ႕သာဆိုတဲ့နာမည္ၾကားလိုက္ရၿပီးေနာက္ ေနပိုင္ထြဋ္ကအခန္းထဲကေနထြက္သြားပါသည္။ ခင္သက္လည္း ေခါင္းအုံးေဘးကစားပြဲေပၚမွာရွိေနသည့္သူမရဲ႕ဖုန္းကိုဖြင့္ၾကည့္လိုက္ေတာ့မနက္၆နာရီအခ်ိန္ျဖစ္သည္။ ေနပိုင္ထြဋ္ဟာမနက္၆နာရီအိပ္ယာထမယ့္လူမဟုတ္။ သူမနက္မွအိမ္ျပန္လာတာပဲျဖစ္ရမည္။
ခင္သက္ သူဘယ္ခ်ိန္ျပန္လာတာလဲဆိုတာကိုအတည္ျပဳေနရင္း တစ္ဆက္တည္းေတြးမိလာတာက ဒီအခ်ိန္ဘာေၾကာင့္မႈံနံ႕သာက သူ႕ကိုဖုန္းဆက္ရလဲဆိုတာျဖစ္သည္။
ခင္သက္လည္းနိုးေနတဲ့အတူတူ ဆိုင္သြားဖို႔ျပင္ဆင္ဖို႔အိပ္ယာကေနထလိုက္ေတာ့သည္။ ထိုစဥ္ ေနပိုင္ထြဋ္ကဖုန္းေျပာၿပီးအခန္းထဲသို႔ျပန္လာဝင္လာကာ သူ႕အဝတ္ဗီရိုကိုဖြင့္၍ကုမၸဏီသြားရန္အဝတ္အစားဝတ္သည္။ ခင္သက္ကိုေတာင္စကားမေျပာဘဲခ်က္ခ်င္းျပန္ထြက္သြားတာမို႔ မႈံနံ႕သာနဲ႕ဘယ္ေလာက္မ်ားအေရးႀကီးေသာကိစၥမ်ားရွိေနသလဲဟု စဥ္းစားမိလာသည္။
***********************************
"ေရာက္လာေပးလို႔ ေက်းဇူးပါ ကိုေနပိုင္ထြဋ္"
မႈံနံ႕သာဟာ Studioထဲသို႔ဝင္လာေသာ ေနပိုင္ထြဋ္ဆီသို႔အားကိုးတႀကီးေျပးလာသည္။ မႈံနံ႕သာဟာအျဖဴေရာင္ဂါဝန္တိုကေလးအေပၚကေနအသားေရာင္လက္ရွည္အပါးေလးဝတ္ထားလွ်က္ မ်က္ႏွာကလည္းမိတ္ကပ္မပါဘဲငိုထားပုံရသည္။
"ဘယ္လိုျဖစ္တာလဲ ဟိုတစ္ေန႕ကပဲ မင္းေတာင္းပန္ၿပီးၿပီဆို"
ေနပိုင္ထြဋ္လည္း မႈံနံ႕သာနဲ႕အတူ Studio ထဲသို႔ဝင္လာတဲ့အခါ တစ္ေယာက္တစ္ခြန္းစကားမ်ားေနၾကေသာ မႈံနံ႕သာ၏မန္ေနဂ်ာကိုဆန္းထူးႏွင့္ေ႐ႊအဆင္းကိုေတြ႕ရသည္။ ေ႐ႊအဆင္းဟာ ေနပိုင္ထြဋ္ကိုျမင္တာနဲ႕မ်က္လုံးေတြျပဴးက်ယ္သြားၿပီး ကိုဆန္းထူးရဲ႕ရန္စကားမ်ားကိုေခ်ပမေျပာဆိုနိုင္ေတာ့ေခ်။
"နံ႕သာ ေတာင္းပန္ပါၿပီး ကိုေနပိုင္ထြဋ္ရယ္ အဲ့တာကို ေ႐ႊအဆင္းကဒီမနက္ပဲ နံ႕သာဆီေရာက္လာၿပီး အခုလိုခ်ိန္းေျခာက္ေတာ့တာပဲ"
ေနပိုင္ထြဋ္သည္မႈံနံ႕သာေျပာတာကိုနားေထာင္ၿပီးေ႐ႊအဆင္းကိုလွမ္းၾကည့္ေတာ့ေ႐ႊအဆင္းကမ်က္စိမ်က္ႏွာပ်က္စြာႏွင့္
"အဆင္း ဘာခ်ိန္းေျခာက္လို႔လဲ အဆင္းကျပႆနာမတက္ခ်င္လို႔ေတာင္မန္ေနဂ်ာေခၚမလာတာကို အခုမႈံနံ႕သာက အဆင္းရဲ႕ကုမၸဏီCEOအထိပါေခၚလာတာပဲ ဒါကေတာ့အဆင္မေျပဘူးေနာ္"
"အဲ့တာဆိုရင္ ေ႐ႊအဆင္းက ဘာလို႔ဒီကိုေရာက္ေနတာလဲ "
"ဘာလို႔ရမလဲ...အမေလး ကိုဆန္းတို႔ရဲ႕နံ႕သာေလးကသူ႕ကိုSocialမွာ Tag တြဲၿပီးေတာင္းပန္ေပးရမယ္တဲ့ေလ နံ႕သာက အဲ့ဒီေန႕ကိုေနပိုင္ထြဋ္ဆီကျပန္လာကတည္းက ေ႐ႊအဆင္းကိုေသေသခ်ာခ်ာဖုန္းဆက္ၿပီးေတာင္းပန္ၿပီးပါၿပီ အဲ့တာကိုအခုလိုအိမ္အထိလာၿပီးဒါမ်ိဳးေစာ္ကားတာကေတာ့လြန္တာေပါ့ ကိုေနပိုင္ထြဋ္ရယ္ ရွင္တို႔ေမာ္ဒယ္မကိုလည္းၾကည့္ထိန္းၾကပါဦး"
ကိုဆန္းထူးသည္ မႈံနံ႕သာအစား သူကပဲခပ္စြာစြာႏွင့္ရွင္းျပလိုက္ေတာ့သည္။
ေနပိုင္ထြဋ္မွာ မနက္ေစာေစာစီးစီးအာ႐ုံေနာက္စြာနဲ႕ ဒီေမာ္ဒယ္၂ေယာက္ရဲ႕မၿပီးနိုင္ေသာျပႆနာကိုလိုက္ေျဖရွင္းရသည္အားစိတ္ကုန္လာပါေတာ့သည္။
"ေ႐ႊအဆင္းက ကြၽန္ေတာ့္ကိုေျပာခဲ့ေတာ့ မႈံနံ႕သာေတာင္းပန္တာကိုေက်နပ္ပါတယ္ဆို အခုကဘယ္လိုျဖစ္တာလဲ "
"အဆင္းအခုေရာက္လာတာက မႈံနံ႕သာကိုေနာက္တစ္ခါဒီလိုသတင္းေတြမျဖန့္ဖို႔သတိလာေပးတာပါ "
"နံ႕သာကတိေပးပါတယ္ ေနာက္ဒါမ်ိဳးထပ္မျဖစ္ေစရပါဘူး "
မႈံနံ႕သာသည္ေနပိုင္ထြဋ္ရဲ႕ေဘးမွေန၍ မ်က္ႏွာခ်င္းဆိုင္မွာရွိေနေသာ ေ႐ႊအဆင္းအားေခါင္းငုံ႕ၿပီးကတိေပးေလသည္။
"ကြၽန္ေတာ္လည္း မႈံနံ႕သာ အကူအညီေတာင္းလို႔သာလာခဲ့တာ ဒီကိစၥေတြအထိလည္းဝင္မပါခ်င္ဘူး ေ႐ႊအဆင္းလည္းေက်နပ္သင့္တယ္ထင္ပါတယ္မႈံနံ႕သာကသူ႕ကတိေတာင္းပန္ခဲ့တာပဲ"
ေ႐ႊအဆင္းအေနနဲ႕ ေနပိုင္ထြဋ္ဟာမႈံနံ႕သာဘက္မွာရွိေနတာကိုနည္းနည္းမွမေက်နပ္ေပမဲ့ဒီအခ်ိန္မွာသာသူမဘက္ကအေလ်ာ့မေပးခဲ့ရင္ ေနပိုင္ထြဋ္ဟာတကယ္ပဲသူမကိုမ်က္မုန္းက်ိဳးသြားလိမ့္မည္ျဖစ္သည္။ ထို႔ေၾကာင့္ေ႐ႊအဆင္းက ႏႈတ္ခမ္းကိုခပ္တင္းတင္းေစ့ပိတ္ကာ
"ကတိတည္ပါေစမႈံနံ႕သာ အဆင္းလည္းကိုေနထြဋ္ကို အားနာပါတယ္ အဆင္းကေတာ့မဆိုင္တဲ့လူကိုဖုန္းဆက္ၿပီးေခၚေနမွာမဟုတ္ဘူး ကိုယ့္ကိစၥကိုယ္ဟာကိုယ္ပဲေျဖရွင္းလိုက္မွာ အခုလည္းရႈတင္ရွိေသးလို႔ျပန္လိုက္ဦးမယ္"
ေ႐ႊမဆင္းက ေနပိုင္ထြဋ္နဲ႕မႈံနံ႕သာေရွ႕ကေနခပ္ျမန္ျမန္ထြက္သြားေလေတာ့.
"အမေလး ျမန္ျမန္ႂကြ!"
ဟုဆိုကာ ကိုဆန္းထူးကေ႐ႊအဆင္းေနာက္ကေနလိုက္သြားပါသည္။
မႈံနံ႕သာ၏အိမ္သည္Studioႏွင့္တြဲရပ္ျဖစ္ၿပီး Studioကလည္း မႈံနံ႕သာ၏ဦးေလးStudioသာျဖစ္သည္။ မနက္၆နာရီဒီေန႕Studioကအားေနတာမို႔သာ ေ႐ႊအဆင္းေရာက္လာတာကိုStudioထဲသို႔ထြက္ေတြ႕နိုင္တာျဖစ္ေလသည္။
အခုဒီStudioခန္းႀကီးထဲ၌ ေနပိုင္ထြဋ္ႏွင့္မႈံနံ႕သာ၂ေယာက္ပဲက်န္ခဲ့တာျဖစ္သည္။ မႈံနံ႕သာကတရႈံ႕ရႈံ႕ငိုၿပီးေနပိုင္ထြဋ္ကိုေမာ့ၾကည့္ကာ....
"နံ႕သာေတာင္းပန္ပါတယ္ေနာ္ နံ႕သာလည္း ဘယ္သူ႕ကိုေခၚရမွန္းမသိတာနဲ႕ဒီျပႆနာကိုသိတာလည္းကိုေနပိုင္ထြဋ္ပဲရွိတာမို႔ကိုေနပိုင္ထြဋ္ကိုေခၚလိုက္ရတာပါ ေနာက္မျဖစ္ေစရေတာ့ပါဘူးေနာ္ ကိုေနပိုင္ထြဋ္ကိုလည္းဒုကၡမေပးေတာ့ပါဘူး"
ေနပိုင္ထြဋ္လည္း မႈံနံ႕သာရဲ႕ႏွာေခါင္းဖ်ားကေလးမ်ားရဲေနေအာင္ပြတ္ၿပီးငိုေနပုံကိုၾကည့္ၿပီး ပိုလို႔စိတ္ရႈပ္ရသည္။
"ရပါတယ္...ေတာ္ပါေတာ့...ငိုမေနနဲ႕ေတာ့ မင္းမ်က္ႏွာတစ္ခုလုံးလည္းရဲတြက္ေနၿပီ"
ေနပိုင္ထြဋ္သည္မႈံနံ႕သာ၏မ်က္ရည္ေတြနဲ႕ကပ္ေနေသာ ဆံပင္ေတြကိုသူ႕လက္ေခ်ာင္းရွည္မ်ားျဖင့္သပ္ေပးလိုက္ေတာ့ မႈံနံ႕သာဟာရွိုက္သံထြက္မလာေတာ့ဘဲမ်က္လုံးဝိုင္းကေလးမ်ားျဖင့္ျပဴးၾကည့္ေနသည္။ ေနပိုင္ထြဋ္လည္း သူကိုယ္တိုင္သူမဆံပင္မ်ားကိုထိကိုင္မိၿပီးမွ မႈံနံ႕သာရဲ႕စိတ္လႈပ္ရွားေနဟန္ရွိေသာမ်က္ႏွာကိုသတိျပဳမိၿပီး ကိုယ္ဘာေတြလုပ္ေနမိသလဲဆိုတာကို သတိရကာ သူ႕လက္မ်ားကို႐ုတ္သိမ္းလိုက္ေတာ့ မႈံနံ႕သာကေနပိုင္ထြဋ္ရဲ႕လက္ဖဝါးႀကီးႀကီးကိုဖမ္းဆုပ္ထားလိုက္သည္။
"နံ႕သာ အလုပ္ရႈပ္မိေစတဲ့အတြက္ ကိုေနပိုင္ထြဋ္ကိုDinner လိုက္ေကြၽးပါရေစ"
ေနပိုင္ထြဋ္က အေျဖျပန္မေပးဘဲသူမဖမ္းဆုပ္ထားေသာသူ႕ရဲ႕လက္ကိုသာအာ႐ုံေရာက္ေနတာမို႔ မႈံနံ႕သာလည္းေနပိုင္ထြဋ္၏လက္ဖဝါးႀကီးကိုသူမရဲ႕လက္ေသးေသးေလးႏွစ္ဖက္လုံးနဲ႕ဆုပ္ကိုင္ထားလိုက္သည္။
"ဟင္...ကိုေနပိုင္ထြဋ္ လက္ခံေပးပါေနာ္ နံ႕သာ တကယ္အားနာမိလို႔ပါ ကိုေနပိုင္ထြဋ္ျငင္းလိုက္ရင္နံ႕သာစိတ္မေကာင္းျဖစ္မိမွာသိလား ေနာ္"
"အင္း...အခ်ိန္နဲ႕ေနရာကို Message ပို႔ထားလိုက္ ကြၽန္ေတာ္ ကုမၸဏီေနာက္က်ေနၿပီမို႔သြားေတာ့မယ္"
"တကယ္လာခဲ့ေနာ္ နံ႕သာMessageပို႔လိုက္ပါ့မယ္ "
"အင္း...အျပင္ထိလိုက္မပို႔နဲ႕ေနာ္ ေနခဲ့ "
ဟု မႈံနံ႕သာအား အမိန့္ေပးကာ ေနပိုင္ထြဋ္ေျခလွမ္းခပ္က်ဲက်ဲျဖင့္ကိုStudioထဲမွထြက္လာလိုက္ပါသည္။ ကားထဲေရာက္ေတာ့ ေနပိုင္ထြဋ္ခ်က္ခ်င္းကားမေမာင္းနိုင္။ ေခါင္းလိမ္းဆီမလိမ္းခဲ့ရေသာဆံသားမ်ားကိုလက္ႏွစ္ဖက္ျဖင့္ႏွဖူးကေနေနာက္ေစ့အထိပြတ္သပ္ပစ္လိုက္သည္။
ဘာလို႔ သူမရဲ႕ဆံပင္မ်ားကိုထိကိုင္မိသြားသလဲကိုယ့္ကိုယ္ကိုမသိ။ မႈံနံ႕သာဟာတစ္စုံတစ္ေယာက္ႏွင့္႐ုပ္ခ်င္းဆင္ေနတာကေတာ့ေသကိုေသခ်ာသည္။
***********************************
ခင္သက္ကိုဒီေန႕ အမ်ိဳးသားသ႐ုပ္ေဆာင္တစ္ေယာက္ ဝတ္စုံလာအပ္မယ္လို႔ေျပာထားေသာေၾကာင့္ ဘယ္သူမ်ားလာေလမလဲဟုေစာင့္ေနခဲ့တာျဖစ္သည္။ ပန္းအိေဖ်ာ္ေပးထားေသာ ေကာ္ဖီတစ္ခြက္ႏွင့္အတူ ဒီဇိုင္းအသစ္မ်ားကိုသူမရဲ႕စာအုပ္ထဲမွာခ်ဆြဲေနသည္။
"ေမေမက ခင္သက္တင္ကအလုပ္ေတြခ်ည္းဖိလုပ္ေနတယ္လို႔ေျပာတာကို မယုံခဲ့ဘူးအခုေတာ့တကယ္ပါလား လူလာတာေတာင္မသိဘူးပဲ"
ခင္သက္လည္း စကားသံၾကားလာမွစာအုပ္ကိုေဘးခ်ၿပီးေမာ့ၾကည့္လိုက္ေတာ့ သူ၏အလုပ္စားပြဲေပၚမွာလက္ႏွစ္ဖက္ေထာက္ၿပီးခင္သက္ကိုငုံ႕ၾကည့္ေနေသာ ဆံပင္အညိုေရာင္နဲ႕ေမးခြၽန္ခြၽန္မ်က္လုံးခပ္ေမွးေမွးေကာင္ေလးကိုေတြ႕ရသည္။
သူမကိုၿပဳံးၾကည့္ၿပီး သူေရာက္ေနတာကိုမသိရမလားဟုအျပစ္တင္ေနေသာထိုေကာင္ေလးအား အံ့ၾသတသေမာ့ၾကည့္ေနမိသည္။
"နင္...စိုင္းခမ္းစစ္! "
ခင္သက္ သားေရဂ်ာကင္အနက္ေရာင္နဲ႕ေဘာင္းဘီအနက္ေရာင္ကိုလိုက္ဖက္စြာဝတ္ဆင္ထားတဲ့အဲ့ဒီေကာင္ေလးနာမည္ကိုေခၚရင္းမတ္တပ္ထရပ္လိုက္ပါသည္။
"အမွန္ပဲေပါ့...ေတာ္ေသးတယ္ ကြၽန္ေတာ့္ကိုေတာ့မွတ္မိေသးလို႔ အလုပ္ေတြလုပ္လြန္းအားႀကီးၿပီးကြၽန္ေတာ့္ကိုေမ့သြားရင္ေတာ့ ကြၽန္ေတာ္ကခြင့္မလႊတ္ဘူးဗ်"
"ေနပါဦး...နင္ဘယ္လိုလုပ္ၿပီးေရာက္လာတာလဲ ဘယ္တုန္းကျပန္ေရာက္တာလဲ အန္တီမိုးခမ္းကမေျပာဘူးၾကည့္စမ္း "
"ကြၽန္ေတာ္ျပန္ေရာက္ေနတာ တစ္ပတ္ေက်ာ္ၿပီ ေမေမ့ကိုေသခ်ာမေျပာျပခိုင္းတာ မမသက္အခုလိုအံ့ၾကသြားေစခ်င္လို႔ကိုယ္တိုင္Suprise လာလုပ္တာ"
စိုင္းခမ္းစစ္ဆိုသည္ ေဒၚမိုးခမ္းဝါ၏တစ္ဦးတည္းေသာသားျဖစ္ၿပီး နိုင္ငံျခားမွာအႏုပညာေက်ာင္းတက္ေနတာျဖစ္သည္။ ခင္သက္လက္မထပ္ခင္ကတည္းက အေမရိကကိုထြက္သြားခဲ့တာျဖစ္သည္။ ခင္သက္ႏွင့္စိုင္းခမ္းစစ္သည္ ငယ္သူငယ္ခ်င္းျဖစ္ေသာ အေမႏွစ္ေယာက္ကိုအေၾကာင္းျပဳၿပီး ခင္မင္ခဲ့ၾကတာျဖစ္သည္။ စိုင္းခမ္းစစ္ဟာ ခင္သက္ထက္ ၃ႏွစ္မွ်ငယ္သည္။
"ဟယ္...တကယ္ Suprise ျဖစ္သြားတာ ၆ ႏွစ္ေလာက္လုံးဝျပန္မလာဘဲအခုမွလူအေကာင္လိုက္ႀကီးေပၚလာတာၾကည့္စမ္း "
ခင္သက္သည္ စားပြဲေနာက္ကေနစိုင္းခမ္းစစ္ရွိေသာဘက္သို႔ထြက္လာၿပီး စိုင္းခမ္းစစ္အားေမာ့ၾကည့္လွ်က္ေျပာေလသည္။
"ဘယ္လိုလဲ အမ်ားႀကီးေခ်ာလာတယ္မလား "
စိုင္းခမ္းစစ္ဟာ သူ႕အကၤ်ီကိုဆြဲခ်ၿပီးမ်က္ခုံးပင့္လွ်က္သူေခ်ာလားဟုေမးေနေတာ့ခင္သက္ရယ္မိသည္။
"ေခ်ာတာေပါ့...ငယ္ငယ္က မင္းသားျဖစ္ခ်င္တယ္ဆိုၿပီးအ႐ူးထခဲ့တဲ့ကေလးကအခုေတာ့တကယ္ပဲမင္းသားျဖစ္လာတယ္ "
"ကြၽန္ေတာ္က ေျပာရင္ေျပာတဲ့အတိုင္းလုပ္ပါတယ္ ကြၽန္ေတာ္ကတိေပးၿပီးမလုပ္လိုက္ရတာတစ္ခုပဲရွိတယ္ "
"ဘာလဲ "
"မမသက္ အိမ္ေထာင္က်သြားၿပီပဲေလ "
သူက ခင္သက္မ်က္ႏွာလွလွေလးကိုၾကည့္ၿပီး ဝမ္းနည္းသမႈႏွင့္ေျပာလာေတာ့ခင္သက္က ဟာသျပန္လုပ္ဖို႔စဥ္းစားေနမိေပမဲ့ေျပာစရာစကားေတြကေပ်ာက္ရွသြားသည္။
"ဘာလို႔ ေယာက္်ားယူသြားတာလဲ "
" ဟဲ့... ေရာက္ေရာက္ခ်င္းဘာေတြလာေနာက္ေနျပန္လာလဲ "
ခင္သက္က လိေမၼာ္ေရာင္စကပ္တိုကေလးကိုသိမ္းၿပီး အထည္ခ်ဳပ္လက္စေတြတင္ထားေသာစားပြဲအရွည္ကိုတင္ပါးတစ္ျခမ္းျဖင့္မွီလိုက္သည္။
"ကြၽန္ေတာ္က အဲ့ဒီတုန္းကအတည္ေျပာခဲ့တာကို "
"နင္အဲ့ဒီတုန္းက ကေလးပဲရွိေသးတာကို ေတာ္ပါ... အဲ့ဒီေပါက္စတုန္းကဟာေတြကိုေလွ်ာက္ေျပာမေနနဲ႕ ဘယ္ေန႕အားလဲ ငါနင့္ကိုဧည့္ခံေကြၽးေမြးရမွာေပါ့"
"မမသက္က လွတုန္းပဲေနာ္...မမသက္ပုံေတြတင္တိုင္းကြၽန္ေတာ္ဝင္ၾကည့္တယ္ ပုံထဲမွာထက္အျပင္မွာအမ်ားႀကီးပိုလွတာပဲ"
အဖ်ားေကာက္ထားတဲ့ဆံပင္ေတြကိုပုခုံးေပၚမွာတစ္ဖက္တည္းသိမ္းခ်ထားတဲ့ခင္သက္ကိုတစိမ့္စိမ့္ၾကည့္ၿပီး ေျပာေနျပန္တဲ့စိုင္းခမ္းစစ္ေၾကာင့္ ခင္သက္သူ႕လက္ေမာင္းကိုလွမ္းရိုက္လိုက္သည္။
"ေတာ္ပါေတာ့ ငါလွတာ ငါသိပါတယ္ "
"ႏွေမ်ာလို႔ေသေတာ့မယ္ဗ်ာ"
စိုင္းခမ္းစစ္သည္ ခင္သက္ကိုၾကည့္ေနရာကေနမ်က္လုံးေတြလႊဲလိုက္ကာ
"ဘာလို႔ ေယာက္်ားယူလိုက္တာလဲဗ်ာ"
ခံျပင္းစြာႏွင့္ေျပာလာတဲ့စိုင္းခမ္းစစ္ကိုခင္သက္ သက္ျပင္းသာခ်မိေတာ့သည္။
ေရာက္ကတည္းက ဒီလိုသာေျပာမရဘူးဆိုရင္ ျမန္မာနိုင္ငံမွာပဲမင္းသားလုပ္ေတာ့မယ္ ဒီကေလးရဲ႕Designer အျဖစ္တာဝန္ယူေပးဖို႔ ဝန္ေလးမိသည္။
"ကဲ...ေတာ္ပါေတာ့..အလုပ္အေၾကာင္းေျပာရေအာင္နင္ကဘယ္ဇာတ္လမ္းကိုလက္ခံတာလဲ ဘယ္ေနရာကသ႐ုပ္ေဆာင္မွာလဲ နင့္မန္ေနဂ်ာေရာမပါဘူးလား"
"မပါဘူးေလ တစ္ေယာက္တည္းလာတာ ဒီေန႕က မမသက္ကိုလာေတြ႕႐ုံတင္ပဲေနာက္ရက္မွအလုပ္အေၾကာင္းက ကြၽန္ေတာ္မန္ေနဂ်ာနဲ႕ေျပာ"
"အဲ့တာဆိုလည္း တစ္ခုခုစားမလား ငါလိုက္ေကြၽးမယ္ေလ"
"ေတာ္ပါၿပီ ကြၽန္ေတာ္မအားဘူးရယ္ ျပန္ရမွာ ေနာက္တစ္ပတ္မွအားမွာ မမသက္ကိုျမင္ခ်င္လွၿပီေနာက္တစ္ပတ္ထိမေစာင့္နိုင္လို႔ အခုလာေတြ႕တာ ျပန္ေတာ့မယ္ "
"အင္း... အင္း အားတဲ့ေန႕က် ဖုန္းဆက္လိုက္ေနာ္ ေအးေဆးစကားေျပာၾကတာေပါ့ "
ခင္သက္ ထိုအေမရိကားျပန္ရွမ္းေခ်ာေခ်ာေလးကို အျပင္ထိလိုက္ပို႔ေပးလိုက္သည္။
ငယ္ငယ္က သူလူပ်ိဳေပါက္အ႐ြယ္ေရာက္ေတာ့ခင္သက္ကတကၠသိုလ္ေက်ာင္းသူျဖစ္ေနၿပီ။ ဒါကိုဒီေကာင္ေလးကမမသက္ကိုခ်စ္ပါတယ္ႀကိဳက္ပါတယ္လုပ္ေတာ့ခင္သက္ကလည္း စိတ္ကစားလို႔ေျပာတာလို႔ပဲယူဆၿပီး စိုင္းခမ္းစစ္အေပၚေမာင္ေလးတစ္ေယာက္ထက္ပိုလို႔ခံစား၍မရခဲ့ေခ်။ ခင္သက္က သူဒီမခ်ိန္မွေတာ့ငယ္ငယ္က ေျပာခဲ့တာေတြေမ့ၿပီမွတ္ေနခဲ့တာသူကေတာ့ခင္သက္ေယာက္်ားယူလို႔ဆိုၿပီးမေက်မနပ္နဲ႕ရန္လုပ္သြားေသးသည္။
*********************************
ခင္သက္အိမ္ျပန္ေရာက္ေတာ့ ေနပိုင္ထြဋ္လည္းရွိေနၿပီး သန့္ျပန့္ေနေအာင္ ဝတ္စားထားတာကိုျမင္ရသည္။
ေန႕တိုင္း Suit နဲ႕ပဲျမင္ေနရေပမဲ့ ဒီေန႕ေတာ့ ညေနပိုင္းမွ အနက္ေရာင္တီရွပ္လက္ရွည္ Body fix ဝတ္ထားၿပီး ေဘာင္းဘီရွည္ခဲေရာင္ႏွင့္ ဆံပင္မ်ားကိုလည္း ဆီျဖင့္သပ္ရပ္စြာလက္မ်ားျဖင့္ထိုးသပ္ထားသည္။
အခုလိုၾကည့္ေကာင္းေနေလေတာ့ခင္သက္အိမ္ျပန္ေရာက္ကတည္းကသူ႕ကိုပဲလိုက္ၾကည့္ေနရသည္။ ခင္သက္နားကပ္ႏွင့္ဆြဲႀကိဳးေတြခြၽတ္ၿပီးဘူးထဲျပန္ထည့္ေနတုန္း သူကေတာ့ ဖုန္းလာတာနဲ႕ခ်က္ခ်င္းပဲ "လာၿပီ ထြက္ခဲ့ၿပီ" ဟုဆိုကာ ထြက္သြားေလသည္။
ခင္သက္ သတိေပးထားၿပီးမွ ေျခလွမ္းပ်က္ခ်င္ေနေသာေနပိုင္ထြဋ္ေၾကာင့္ခင္သက္လည္း မိတ္ကပ္ေတြဖ်က္ေနရင္းနဲ႕မွစိတ္ထဲအလိုမက်ျဖစ္လာရသည္။ ထို႔ေၾကာင့္ဂြမ္းေတြကိုအမွိုက္ပုံးထဲသို႔ပစ္ထည့္ကာ ေရခ်ိဳးဖို႔ပဲျပင္ဆင္လိုက္ေတာ့၏။
မနက္ကလည္း မႈံနံ႕သာေခၚတာနဲ႕ခ်က္ခ်င္းပဲအေျပးအလႊားထြက္သြားသည္။ အခုလည္းအဲ့သေလာက္ၾကည့္ေကာင္းေနေအာင္ျပင္ဆင္ၿပီးတစ္ခါထြက္သြားျပန္ၿပီ။ ခင္သက္ ေရခ်ိဳးၿပီးေနာက္ အိပ္ယာေပၚမွာ Facebook သုံးေနေပမဲ့ အာ႐ုံကေနပိုင္ထြဋ္ဆီကိုပဲေရာက္ေနေလသည္။
"က်စ္!...ငါ့ကိုေတာ့ ဒါမ်ိဳးလာလုပ္လို႔မရဘူး "
ခင္သက္ မေက်မနပ္ျဖစ္ကာ အခ်ိန္ကိုၾကည့္ေတာ့လည္း သူထြက္သြားတာ ၂နာရီနီးပါးရွိေနၿပီမို႔ ေနပိုင္ထြဋ္ရဲ႕ဖုန္းကိုဆက္လိုက္ပါေတာ့သည္။ ဖုန္းကေခၚတာနဲ႕ခ်က္ခ်င္းမကိုင္ဘဲ က်သြားသည္။ ခင္သက္လည္းမကိုင္ရမလားဟုပို၍စိတ္တိုကာထပ္ေခၚလိုက္သည္။
ဒီတစ္ႀကိမ္ေတာ့ဖုန္းကိုင္တာမို႔
"ဘာလို႔ဖုန္းကိုခ်က္ခ်င္းမကိုင္....."
"ဟို...မမသက္လား "
ဖုန္းေျဖတာက မိန္းမသံျဖစ္ေနတာေၾကာင့္ခင္သက္ ဖုန္းနံပါတ္မ်ားမွားတာလားဟုနားမွာကပ္ထားတဲ့ဖုန္းကိုျပန္ၾကည့္လိုက္သည္။ ဒီဖုန္းနံပါတ္ကိုခင္သက္ contact listမွာမွတ္မထားေပမဲ့ ဘယ္အခ်ိန္ေမးေမးအလြတ္ရေနတာမို႔မွားနိုင္စရာအေၾကာင္းလုံးဝမရွိ။
"နံ႕သာပါ "
ခင္သက္ မ်က္ခုံးမ်ားအလယ္သို႔တြန့္ခ်ိဳးၫြတ္က်သြားၿပီး ေဒါသေတြလည္းအရမ္းထြက္သြားရသည္။
"ကိုေနပိုင္ထြဋ္က Toilet သြားလို႔ပါ ဘာေျပာစရာရွိလို႔လဲ နံ႕သာေျပာေပးရမလား"
"မလိုပါဘူး ဖုန္းခ်လိဳက္ေတာ့မယ္"
ခင္သက္လည္း ဖုန္းခ်ပစ္လိုက္ၿပီး ဖုန္းကိုလည္းအိပ္ယာေပၚသို႔ပစ္တင္လိုက္သည္။
"ေတာက္!"
ခင္သက္ ေဒါသထြက္ထြက္နဲ႕ မတ္တပ္ထရပ္လိုက္သည္။ ဒီတိုင္းေတာ့သည္းမခံနိုင္။ သူတို႔၂ေယာက္ကိုေအးေအးေဆးေဆးေတြ႕ခြင့္မေပးနိုင္။ ခင္သက္ အဝတ္အစားလဲဖို႔ဗီရိုဖြင့္ၿပီး နီညိုေရာင္Body fix ဂါဝန္တိုကေလးကိုေ႐ြးထုတ္ဝတ္ဆင္လိုက္သည္။ ေန႕လည္ကကိုင္သြားေသာပစၥည္းေတြ႕မထုတ္ရေသးတဲ့ လက္ကိုင္အိတ္ထဲသို႔ဖုန္းကိုေကာက္ထည့္ကာ အိမ္ကေနထြက္လာခဲ့သည္။
ေနပိုင္ထြဋ္သြားေနက်ဟိဳတယ္သို႔ သူမကားကိုတန္းတန္းမတ္မတ္ေမာင္းလာခဲ့ၿပီးေနာက္ ကားထဲမွမထြက္ခင္ ႏႈတ္ခမ္းနီေတာင့္ကိုထုတ္ၿပီး သူမႏႈတ္ခမ္းေပၚသို႔တင္ဆိုးလိုက္သည္။ ေနာက္ၾကည့္မွန္မွတစ္ဆင့္ျမင္ရေသာ ႏႈတ္ခမ္းနီခပ္ရဲရဲနဲ႕သူမသည္မိတ္ကပ္လိမ္းမထားေပမဲ့လည္းဆြဲေဆာင္မႈရွိရွိလွေနျပန္သည္။
ခင္သက္ ကားထဲကထြက္လာၿပီးေကာ့ေသာ့ကိုေပၚတီေအာက္ကဝန္ထမ္းေကာင္ေလးဆီေပးလိုက္ၿပီး ဟိုတယ္ထဲသို႔တံေတာင္ဆစ္မွာအျဖဴေရာင္လက္ကိုင္အိတ္ကိုခ်ိတ္ထားလွ်က္ဝင္လာသည္။ Reception မွာ ေနပိုင္ထြဋ္ နာမည္နဲ႕ဝင္ေမးတဲ့အခါ ခင္သက္အား Receptionကဝန္ထမ္းမေလးကႏႈတ္ဆက္ကာေနပိုင္ထြဋ္၏အခန္းကိုေျပာျပသည္။ ထိုဝန္ထမ္းမေလးအေနနဲ႕ ခင္သက္ဟာေနပိုင္ထြဋ္ရဲ႕ဇနီးဆိုတာမသိစရာအေၾကာင္းမရွိ။
ခင္သက္လည္း ေနပိုင္ထြဋ္ရဲ႕အခန္းရွိေသာအလႊာသို႔ဓာတ္ေလွကားျဖင့္တက္လာရင္း ဝန္ထမ္းမေလးေျပာလိုက္တဲ့အခန္းနံပါတ္ကိုရွာသည္။ ခင္သက္ေရွ႕က အခန္း၂ခုေက်ာ္မွာ ခင္သက္ေတြ႕လိုက္ရတာက အခန္းတံခါးေရွ႕ကေနဖြင့္ေနေသာေနပိုင္ထြဋ္ရယ္ ထိုအခန္းထဲကေနထြက္လာေသာ ခပ္ေခ်ာေခ်ာငယ္ငယ္ေကာင္မေလး၂ေယာက္ရယ္ျဖစ္သည္။ ေကာင္မေလး၂ေယာက္သည္လည္းသန့္သန့္ရွင္းရွင္းသပ္သပ္ရပ္ရပ္နဲ႕အလွေလးေတြျဖစ္သည္။
ခင္သက္သူတို႔ကိုျမင္ၿပီးႏွလုံးသားထဲကေဒါသေသြးေတြကဆူပြက္လာကာ အခန္းထဲဝင္ေတာ့မယ့္ေနပိုင္ထြဋ္အား ေနာက္ကေနလက္ကိုင္အိတ္ျဖင့္ပစ္ရိုက္လိုက္သည္။
"အာ့...!"
ေနပိုင္ထြဋ္ရဲ႕ေက်ာျပင္သို႔ဗုန္းကနဲေရာက္လာေသာ လက္ကိုင္အိတ္ဒဏ္ကိုေနပိုင္ထြဋ္ေက်ာေကာ့ခနဲခံလိုက္ရၿပီး လွည့္ၾကည့္လာေတာ့ တရားခံဟာအိမ္ကဇနီးေခ်ာေလးျဖစ္ေနသည္။
"ဟ... မင္း ဘယ္လိုလုပ္ေရာက္...ဘာလို႔ရိုက္ရတာလဲ"
"ေတာ္ေတာ္ေစာက္ရွက္မရွိတဲ့ေကာင္ပဲ ေနပိုင္ထြဋ္ ရွင္ ကြၽန္မကိုလည္းမကြာဘူး...ဟိုတယ္မွာလည္း ေကာင္မ၂ေယာက္နဲ႕ သရီးစမ္းလာလုပ္တယ္ ေတာ္ေတာ္မေကာင္းတာပဲ မုန္းလိုက္တာ အင့္ဟယ္....အင့္ဟယ္..."
ခင္သက္ ေဒါသေတြမထိန္းနိုင္စြာနဲ႕လက္ထဲကအိတ္နဲ႕ဆက္တိုက္ထုရိုက္ေနမိေတာ့ ေနပိုင္ထြဋ္လက္နဲကာရင္းနဲ႕မနိုင္ေတာ့တာေၾကာင့္ အိတ္ဆြဲလုလိုက္ေတာ့သည္။
"ဘယ္လိုျဖစ္ေနတာလဲ...နည္းနည္းပါးပါးေမးၿပီးမွ ရိုက္ပါလား "
"ဘာေမးေနရမွာလဲ ကြၽန္မမ်က္လုံးကကန္းေနတာမွမဟုတ္တာ ဒီအခန္းထဲကေနမိန္းမ၂ေယာက္ထြက္သြားတာဒီမ်က္လုံးေတြနဲ႕တပ္အပ္ျမင္တယ္!"
"မင္း ငါ့ကို မိန္းမတိုင္းနဲ႕လိုက္အိပ္ေနတဲ့ ဖာေခါင္းမွတ္ေနတာလား ခင္သက္တင္ !"
"ရွင့္ကိုရွင္သိမွာေပါ့!"
"ဘာ..ကြ!"
**************************************
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း (15) ဆက္ရန္
အစအဆုံး အပိုင္း (50) အထိရွိပါတယ္ရွင့္။
pdf file ဝယ္ယူလိုရင္ကြၽန္ေတာ္ရဲ႕ fb acc Eaint Shin Sitt cb ကို လာခဲ့ပါရွင့္။