Bodyguard (Complete)

Από Sandi_Bear

643K 57K 4.6K

Kim Taehyung × Jeon Jungkook Περισσότερα

Part ~ 1
Part ~ 2
Part ~ 3
Part ~ 4
Part ~ 5
Part ~ 6
Part ~ 7
Part ~ 8
Part ~ 9
Part ~ 10
Part ~ 11
Part ~ 12
Part ~ 13
Part ~ 14
Part ~ 15
Part ~ 16
Part ~ 17
Part ~ 18
Part ~ 19
Part ~ 20
Part ~ 21
Part ~ 23
Part ~ 24
Part ~ 25
Part ~ 26
Part ~ 27
Part ~ 28
Part ~ 29
Part ~ 30
Part ~ 31
Part ~ 32
Part ~ 33
Part ~ 34
Part ~ 35
Part ~ 36
Part ~ 37
Part ~ 38
Part ~ 39
Part ~ 40 (final)

Part ~ 22

11.9K 1.3K 61
Από Sandi_Bear

zawgyi

Partyပြဲက်င္းပရာ ၿခံဝင္းထဲကို ျပန္လာခဲ့သည့္ Jungkook ။
Min Hyungsoekကိုက သူ႕၏အိပ္ခန္းထဲထိတိုင္ ပို႔ေဆာင္ခဲ့ရသည္ျဖစ္၍ အခ်ိန္ကအနည္းငယ္လင့္သြားကာ ပြဲခင္းထဲက အညိုေလး ေနရာယူထားသည့္ စားပြဲဆီသို႔ေရာက္လွ်င္ အညိုေလးက မရွိေတာ့ေခ်..။

Jungkookက Min Hyungsoekကို သြားမပို႔ခင္ အညိုေလးက အခန္းျပန္မည္ဟုေျပာေသာေၾကာင့္ အခန္းကိုျပန္သြားေလာက္ၿပီဟု ယူဆကာ ထိုေနရာကေန လွည့္ထြက္ရန္ျပင္လိုက္စဥ္ Min Hannaက Jungkookအေရွ႕မွာ ပိတ္ရပ္လာသည္ ။

" Kim Taehyungကို ရွာေနတာမလား..."

အေျဖျပန္မလာသည့္ Jungkookက သူမကို စိတ္ရႈပ္သလို တစ္ခ်က္သာၾကည့္ၿပီး ေရွာင္ထြက္ရန္ျပင္လိုက္သည္ကို Hannaက လမ္းထပ္ပိတ္လာသည္ ။

" Kim Taehyungက ဘယ္သူနဲ႕ဘယ္ကို သြားခဲ့တယ္ဆိုတာ.. ကြၽန္မ သိတယ္..."

" ဘာ?..."

သူမစကားက Bodyguard Jeon၏စိတ္ကို ဖမ္းစားလိုက္နိုင္၍ Min Hanna ရွန္ပိန္ခြက္ေလးကို ေမြ႕ယမ္းကာသေဘာက်သလို ၿပဳံးစစႏွင့္...

" Yoon Saeheeနဲ႕... ပါသြားတာ... အင္းမ္... Hotelကို ျဖစ္ေလာက္မယ္..."

မ်က္ေမွာင္ၾကဳတ္သြားသည့္ Bodyguard Jeonက သူမထင္ထားသလို မ်က္ႏွာလည္းမပ်က္သြားဘဲ မ်က္လႊာအသာခ်ကာ သူမႏွင့္ နီးကပ္ရာသို႔တိုးလာခဲ့လွ်င္ Min Hannna အလိုက်သလို ႏႈတ္ခမ္းေထာင့္စြန္းက ေကြးၫႊတ္သြားသည္ ။

" အဲ့ဒါေၾကာင့္... ကြၽန္မ ဘာေျပာခဲ့လဲ... Jeon... Kim Taehyungက ရွင့္အစား.. မိန္းကေလးတစ္ေယာက္ကို ေ႐ြးခ်ယ္သြားမွာပါလို႔... အခ်ိန္က သိပ္မႏွောင္းေသးပါဘူး... Jeon.. ရွင္လည္း.. ရွင့္အတြက္ မွန္ကန္တဲ့သူကို ေ႐ြးခ်ယ္သင့္တယ္ေလ..."

Jungkook၏ရင္ဘတ္ကို ပြတ္သီးပြတ္သပ္ လုပ္လာခဲ့သည့္ Min Hannnaလက္ထဲမွ ရွန္ပိန္ခြက္ကို Jungkookဆြဲယူလိုက္လွ်င္ သူမက သေဘာက်သလို ရယ္သံေလးပင္ထြက္လာကာ လက္ႏွစ္ဖက္လုံးႏွင့္ Jungkook၏လည္တိုင္ကို မယွက္တြယ္လာခင္ Jungkook သူ႕လက္ထဲက ရွန္ပိန္ခြက္ႏွင့္ Min Hannaဦးေခါင္းထံကေန ေလာင္းခ်လိဳက္သည္ ။

" အား!... Jeon... ရွင္..."

သူမ အလွလုပ္ထားသည့္ ဆံႏြယ္ေခြေခြလိမ္ေတြဆီကေနတဆင့္ တစက္စက္စီးက်လာေသာ ရွန္ပိန္ေတြက မ်က္ႏွာထက္ေရာ လည္ၫႊန့္ရိုးမွာေရာ အနီေရာင္dressဆီမွာပါ စြန္းက်ံသြားသည္ ။

" အာ... သခင္ေလးရဲ႕ ဝမ္းကြဲမလို႔... အတတ္နိုင္ဆုံး သည္းခံခဲ့ေပမယ့္... ဒီ့ထက္ပို မရေတာ့လို႔ပါ... ခင္ဗ်ားနားက အနံ႕ထြက္ေနၿပီဆိုေတာ့.. ေရသြားခ်ိဳးလိုက္ပါဦး..."

Jungkook သူမလက္ထဲကို ရွန္ပိန္ခြက္အား ျပန္ထည့္ေပးလိုက္ၿပီး ႐ြံရွာသလို ႏွာေခါင္းပိတ္ဟန္ျပဳကာ ထိုေနရာကေန ေျခလမ္းက်ဲႀကီးမ်ားႏွင့္ ထြက္လာခဲ့သည္ ။

ဖုန္းကိုထုတ္ကာ အညိုေလး၏တည္ေနရာကို အလွ်င္အျမန္ရွာေဖြလိုက္သည့္သူ..။

ရပ္ေဝးမွာ အျခားBodyguardေတြ မရွိနိုင္သည့္အတြက္ အညိုေလး၏ဆြဲႀကိဳးမွာ ေျခရာခံစက္ထည့္ထားေပးသည္က အေတာ္ေလးကို မွန္ကန္သည့္လုပ္ရပ္ျဖစ္သြားခဲ့သည္ ။

" အိမ္ေတာ္ထိန္း Han.. ကြၽန္ေတာ့္ကို ကားတစ္စီးေလာက္ ဌားေပးပါဦး..."

Jungkook၏ ပ်ာေနသည့္ပုံရိပ္ေၾကာင့္ အိမ္ေတာ္ထိန္းHanက ကားေသာ့တစ္ခုကို အေမးအျမန္းမရွိထုတ္ေပးလာသည္ႏွင့္ တစ္ၿပိဳင္နက္ Jungkook ထိုကားေသာ့ကိုဆြဲၿပီး အေျပးအလႊား ထြက္လာခဲ့ရေတာ့သည္ ။
.
.
.

Hotel၏ အခန္းက်ယ္တစ္ခုအတြင္း...။

ဝန္ထမ္းေတြ၏ အကူအညီႏွင့္ ကုတင္ေပၚမွာတင္ထားေသာ Kim Taehyung၏ခႏၶာကိုယ္ကို Yoon Saehee ထိလည္းမထိရဲဘဲ မွိုင္ေတြၿပီးေတာ့သာ ရပ္ၾကည့္ေနမိသည္ ။

သူမရဲ႕လုပ္ရပ္က မွားေနမွန္းသိတယ္..။
သူမကလည္း အမွားကို က်ဴးလြန္ရတာမ်ိဳး ႀကိဳက္ႏွစ္သက္သည့္သူ မဟုတ္ေပမယ့္ Min Hannaႏွင့္ ပတ္သက္လာတိုင္း မလြန္ဆန္နိုင္ခဲ့တာက ဟိုးငယ္စဥ္တည္းကပဲေလ...။

အခ်က္ေပးသံ ျမည္လာခဲ့သည့္ သူမ၏ဖုန္းသံေၾကာင့္ Yoon Saehee အသိစိတ္ကပ္လာကာ စားပြဲေပၚတင္ထားသည့္ ဖုန္းကိုသြားေကာက္ယူၾကည့္လိုက္လွ်င္ Min Hannaထံမွ..။

အရင္လိုဆို စကၠန့္ပင္မျခား တန္းကိုင္က်င့္ရွိတတ္ေသာ္လည္း ယခုမွာေတာ့ သူမ ျပန္ေျဖခ်င္စိတ္မရွိစြာ ဖုန္းကိုပိတ္လိုက္သည္ ။

ထိုအခါက် သူမဖုန္းထဲသို႔ ဝင္လာသည့္မတ္ေဆ့ခ်္မ်ားက တေတာင္ေတာင္..။

'အ႐ူးမ! ေသေနတာလား..။
'ဘာလို႔ ငါ့ဖုန္းကို မေျဖတာလဲ..။
'သူ႕Bodyguardက နင္တို႔ရွိတဲ့ေနရာရွာေနၿပီ..။
'ကိစၥျမန္ျမန္ျပတ္ေအာင္လုပ္..။
'နင္နဲ႕ Kim Taehyung ေနတဲ့ဓာတ္ပုံကို ရိုက္ၿပီး ငါ့ကို ပို႔လာခဲ့..။

ေယာက္်ားေလးေတြႏွင့္ တစ္ခါမွ မရင္းႏွီးဖူးေသာ သူမကို Min Hannaက ထိုသို႔ရာဇသံေတြ ခ်လာခဲ့ကာ Yoon Saeheeကေတာ့ အစတည္းကမွားမွန္းသိရက္ႏွင့္ ေလွ်ာက္ခဲ့မိေသာလမ္းျဖစ္၍ သူမလုပ္ရပ္ကိုေနာင္တရေနကာ ေရွ႕ဆက္မတိုးခ်င္ေတာ့ေပ..။

ထို႔ေၾကာင့္ ထိုင္ခုံမွာသာ အသိစိတ္မဲ့သူလို ထိုင္ခ်လ်က္ Taehyung၏ Bodyguardအလာကိုသာ တိတ္ဆိတ္ၿငိမ္သက္စြာ ေစာင့္ေနမိသည္ ။

တဒုန္းဒုန္းႏွင့္ က်ယ္ေလာင္စြာ အထုရိုက္ခံလိုက္ရသည့္ Hotel၏အခန္းတံခါးသံ..။

ေသာ့လက္ကိုင္ဘုကို နီးစပ္ရာက မီးသတ္ေဆးဘူးဆြဲၿပီးေတာ့ပါ ရိုက္ဖ်က္ရန္လုပ္လိုက္သည့္ Jungkookကို အထဲမွတံခါးဖြင့္ေပးသံထြက္ေပၚလာလွ်င္ Jungkook မီးသတ္ေဆးဘူးကိုပစ္ခ်ၿပီး အခန္းတံခါးအား အၾကမ္းပတမ္းဖြင့္ဝင္လာခဲ့သည္ ။

" သခင္ေလး!... သခင္ေလး..."

" သူ.. အိပ္ေပ်ာ္ေနတာပါ... အိပ္ေဆးျပယ္ရင္.. သတိရလာလိမ့္မယ္.."

" မင္း!.. ေတာက္!..."

Jungkookကို ေလျပည္သံႏွင့္သာ ဆိုလာခဲ့သည့္ Yoon Saeheeက မိန္းကေလးတစ္ေယာက္ျဖစ္ေန၍ Jungkook လက္သီးသုံးခ်င္သည့္စိတ္ကို ခ်ိဳးႏွိမ္လိုက္ကာ စူးရဲစြာသာၾကည့္ေပးလိုက္သည္ ။

" Min Hannaနဲ႕မင္းက... ပူးေပါင္းႀကံစည္ၿပီး သခင္ေလးကို ဘယ္လိုဒုကၡေပးခ်င္တယ္ဆိုတာ မသိေပမယ့္.. ဒီကိစၥကို လုံးဝ ေက်ာ္သြားမွာမဟုတ္ဘူး..."

" Hanna မပါဘူး... ကြၽန္မတစ္ေယာက္တည္း လုပ္ခဲ့တာ... "

" မင္း.. သူ႕ကို ကာေပးေနတာလား..."

" မဟုတ္ဘူး... Kim Taehyungက အစစအရာရာ တပ္မက္ခ်င္စရာေကာင္းတဲ့ ေယာက္်ားတစ္ဦးေလ.. ႐ုပ္ရည္ေရာ.. စည္းစိမ္ဉစၥာေရာ.. အာဏာအသိုင္းအဝိုင္းေရာ.. အဲ့ဒါေၾကာင့္ ကြၽန္မက အပိုင္ဖမ္းခ်င္ခဲ့႐ုံပဲ.. Hannaက ဘာမွမဆိုင္ဘူး..."

Yoon Saeheeရဲ႕စကားေၾကာင့္ Jungkook ပါးေစာင္ကို လွ်ာဖ်ားႏွင့္ အသာထိုးကာ ေဒါသမေပါက္ကြဲေအာင္ ခ်ဳပ္တည္းလိုက္ရင္း အခ်က္ေပးသံျမည္လာျပန္သည့္ Yoon Saeheeဖုန္းကိုသတိျပဳမိလွ်င္ စားပြဲထက္ကေန သူမ မယူနိုင္ခင္ အရင္လက္ဦးမႈကို ရယူလိုက္သည္ ။

" အာ... ဘာမွမဆိုင္တဲ့ Min Hannaက ဖုန္း ဆက္လာတာပဲ.. မင္းဆီကို..."

" မဟုတ္... မကိုင္နဲ႕..."

Jungkook လက္ထဲမွဖုန္းကို လုယူရန္ေျပးဝင္လာခဲ့သည့္ Yoon Saeheeခႏၶာကိုယ္အား ေရွာင္ကာတြန္းထုတ္မိလိုက္လွ်င္ သူမက ၾကမ္းျပင္ထက္ လႊင့္စင္က်သြားကာ ေတာ္႐ုံႏွင့္ျပန္မထနိုင္..။

ထို႔ေၾကာင့္ Jungkookက ဖုန္းဖြင့္နားေထာင္ၿပီး အသံဖိုင္ကို recordလုပ္လိုက္သည္အား မတားျမစ္လိုက္နိုင္ေခ်..။

" Yoon Saehee!.. အ႐ူးမ... နင္ ေသေနတာလား.. ဟမ္!.. Kim Taehyungနဲ႕ နင္အိပ္တဲ့ပုံေတြကို ငါ ခိုင္းထားတဲ့အတိုင္း.. ရိုက္ၿပီးၿပီလား... "

လိုခ်င္သည့္ သက္ေသက ရလာသည္ႏွင့္ Jungkook ဖုန္းကိုျပန္ပိတ္ခ်လိဳက္သည္ ။

" ဒီကိစၥကို... Jejuက စံအိမ္ေတာ္မွာ... ရွင္းၾကတာေပါ့... Yoon Saehee..."

သူမ၏ဖုန္းကိုသိမ္းသြားသည့္ Bodyguard Jeonကို Yoon Saehee မတားျမစ္လိုက္နိုင္သလို Bodyguard Jeonက ကုတင္ထက္မွ Kim Taehyung၏ ခႏၶာကိုယ္ကို အသာယာေပြ႕ခ်ီရင္း အခန္းထဲကေနထြက္သြားခဲ့ကိုသာ သူမ ေငးစိုက္ၾကည့္က်န္ခဲ့ရသည္ ။

ဒီတစ္ႀကိမ္ အမွားကေနေတာ့.. Min Hannaကို သူမ မကာကြယ္လိုက္နိုင္..။
.
.
.

Jejuက စံအိမ္ကိုေရာက္သည္ႏွင့္ Jungkookက Taehyungကို အိပ္ခန္းထဲက ကုတင္ထက္ ေနရာခ်ေပးကာ ေနရခက္မည္စိုး၍ အဝတ္အစားအေသအခ်ာလဲေပးရင္း ေစာင္ပါးလႊမ္းၿခဳံေပးၿပီး နဖူးထက္ကို အနမ္းတစ္ပြင့္ေပးကာ အပူအပင္ကင္းမဲ့စြာသာ အိပ္စက္ေစလိုက္သည္ ။

တကယ္ပါ... အညိုေလးကို ဘယ္သူကမွ အထိအခိုက္မျပဳနိုင္ အႏွောင့္အယွက္မေပးနိုင္တဲ့ သီးသန့္ကမၻာေလးမွာ ဖြက္ထားခ်င္လိုက္တာ..။

အညိုေလး မနိုးလာခင္ ျပႆနာကို အျပတ္ရွင္းရမည္ျဖစ္၍ Jungkookက အမ်ိဳးအုပ္စုံရာမွာ Min Hanna၏အသံဖိုင္ကို ဖြင့္ခ်ျပခဲ့သည္ ။

တုန္လႈပ္ေနသည့္ သူမကို သူမ၏မိဘက တတ္နိုင္သေလာက္ အကာအကြယ္ေပးခဲ့ေပမယ့္ အဘြားက ေက်ာ္မသြားေပးနိုင္ဘဲ သူမ၏အျပစ္ကိုတာဝန္ယူခိုင္းသည့္အေနႏွင့္ Taehyungကို ကိုယ္တိုင္ကိုယ္က် ေတာင္းပန္စကားဆိုခိုင္းကာ နိုင္ငံျခားကိုပညာေတာ္သင္လႊတ္ဖို႔ ညတြင္းခ်င္းပင္ စီစဥ္ခိုင္းသည္ ။

" မေတာင္းပန္နိုင္ဘူး... အဘြား... Hannaမမွားဘူး!..."

" Min Hanna.. နင္ ဒီေလာက္ အေကာက္ႀကံထားတာေတာင္မွ အသိတရားက မဝင္ေသးတာလား... နင္တို႔ေတြ နင့္ရဲ႕သမီးကို ဘယ္လို ေမြးျမဴဆုံးမထားတာလဲ..."

" Hanna.. တိတ္ေတာ့... ကိုယ့္အမွားကိုယ္သိၿပီး ေတာင္းပန္လိုက္..."

" ဟင့္အင္း.. Kim Taehyungကို ေသေတာင္ မေတာင္းပန္နိုင္ဘူး... သူ႕ကို မုန္းတယ္.. အရမ္း မုန္းတယ္!.."

" ကြၽန္ေတာ္ကလည္း သခင္ေလးကို Min Hannaက ေတာင္းပန္တာကို မလိုခ်င္ပါဘူး... သခင္ေလးက ဒီျပႆနာကို မသိေသးဘူး.. သိလည္းမသိေစခ်င္ဘူး... သခင္ေလးကို စိတ္သန့္သန့္နဲ႕ပဲ Jejuကေန ျပန္သြားေစခ်င္တယ္.. ေကာင္းမြန္တဲ့အမွတ္တရတစ္ခုအေနနဲ႕ပဲ.. မွတ္ယူသြားေစခ်င္တယ္... အဲ့ဒါေၾကာင့္... Min Hannaကိုပဲ ေနာင္က်ဥ္ေအာင္ အျပစ္ေပးလိုက္ပါ..."

" Jeon!.. ရွင္.. ကြၽန္မကို ဒီလို လုပ္လို႔မရဘူး!.. ရွင္က ဘာမို႔လို႔လဲ!.. သခင္ကို ေစာင့္ေရွာက္အလုပ္အေကြၽးျပဳရတဲ့ Bodyguard တစ္ေယာက္သာသာပဲေလ... ရွင့္မွာ ဝင္စြက္ခြင့္မရွိဘူး!.."

" နင္တို႔သမီးကို ပါးစပ္ပိတ္ခိုင္းထားလိုက္စမ္း!.. သြား... သြား!.. ငါ့အေရွ႕ကေန ထြက္သြား!.. သူ႕ကို ညတြင္းခ်င္း နိုင္ငံျခားပို႔ဖို႔စီစဥ္ၿပီး ပိုက္ဆံအေထာက္အပံ့လည္း ျဖတ္ပစ္မယ္... "

" အဘြားက ဘာသိလို႔လဲ!.. အဲ့ဒီ့Bodyguardနဲ႕ Kim Taehyungက ေယာက္်ားအခ်င္းခ်င္း ႀကိဳက္ေနၾကတာ!.. Kim Taehyungက ႐ြံဖို႔ေကာင္းတဲ့ကိစၥကို လုပ္ေနတာလို႔..."

Min Hanna၏ ႐ုန္းကန္ ေအာ္ဟစ္ေပါက္ကြဲမႈၾကားမွာ အမ်ိဳးအုပ္ေတြေရာ အဘြားကေရာမွင္သက္သြားခဲ့ေပမယ့္ Min Hannaကိုေတာ့ ဆြဲထုတ္သြားေစလိုက္သည္ ။

Min Hannaကေတာ့ ျမင္ကြင္းထဲမွ မေပ်ာက္မသြားခ်င္း Taehyungႏွင့္ Jungkookကို ရင့္သီးသီးစကားမ်ားႏွင့္ ပုတ္ခတ္ေနခဲ့ေတာ့တာျဖစ္သည္ ။

အမ်ိဳးအုပ္ေတြ၏Jungkookအေပၚသို႔ က်ေရာက္လာသည့္ အမ်ိဳးမ်ိဳးအေထြေထြ အၾကည့္မ်ား..။

" ဒီမွာရွိေနတဲ့သူေတြ.. ဒီကိစၥကို တစ္ခြန္းမွ မဟဘဲ.. အျပင္ကို ေပါက္မၾကားေစနဲ႕.. မင္းတို႔လည္း ကိုယ့္အခန္းကိုယ္ျပန္ၾကေတာ့..."

Taehyungႏွင့္ Jungkook၏အေၾကာင္းကို တိုးစိတိုးစိေျပာခ်င္ေနၾကေသးေပမယ့္ အဘြား၏အာဏာကို မည္သူမွ်မလြန္ဆန္နိုင္ေသာအခါ အမ်ိဳးေတြအကုန္လုံးက ကိုယ့္အခန္းကိုယ္ ပါးစပ္ေလးေစ့ပိတ္ရင္း ျပန္သြားၾကရသည္ ။

Jungkookကေတာ့ တစ္ခ်ိန္ခ်ိန္မွာ သူႏွင့္အညိုေလး၏ ဆက္ဆံေရးက တစ္နည္းမဟုတ္တစ္နည္း ေပၚေပါက္လာနိုင္မွန္းႀကိဳေတြးထားၿပီးသားျဖစ္သလို ယခုအေျခအေနကလည္း သူ႕ကို မတုန္လႈပ္ေစ..။
သို႔ေပမယ့္ အညိုေလးအေပၚမွာေတာ့ ထိုးႏွက္ခ်က္တစုံတရာ က်ေရာက္လာမည္ကို စိုးရိမ္ပူပန္မိသည္ ။

" Bodyguard Jeon..."

" ဟုတ္ကဲ့...."

Taehyung၏အဘြားက သူ႕အေရွ႕မွာ မ်က္လႊာခ်ကာ ရပ္ေနသည့္ Jungkookကို ၾကည့္ရင္း သက္ျပင္းအသာခ်သည္ ။

" မင္းတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးက... အစတည္းက သာမန္မဟုတ္မွန္း ရိပ္မိပါတယ္... Taehyungရဲ႕အေဖကလည္း သူ႕သားျဖစ္သူကို Jejuကိုမလႊတ္ခင္တည္းက Bodyguard Jeonက သူ႕သားအတြက္ အေရးႀကီးတဲ့ျဖစ္တည္မႈဆိုတာကို တဖြဖြအသိေပးသြားတာ.. မင္းတစ္ေယာက္ကပဲ.. Taehyungကို လုံၿခဳံေအာင္ကာကြယ္ေစာင့္ေရွာက္နိုင္တာတဲ့... ငါ့လို အဘြားႀကီးတစ္ေယာက္ကေတာ့ မင္းတို႔ရဲ႕ ပတ္သက္မႈကိုဝင္စြက္ဖို႔ စိတ္ကူးမရွိပါဘူး.. ဝင္စြက္ပိုင္ခြင့္လည္း မရွိဘူးေလ... တစ္ခုပဲမွာခ်င္တယ္... ငါတို႔ရဲ႕ အဖိုးတန္ေျမးေလး.. Taehyungကို ေရွ႕ေလွ်ာက္ေတြမွာလည္း.. အခုလိုမ်ိဳး အႏၱရာယ္တစုံတရာမက်ေရာက္နိုင္ေအာင္ ကာကြယ္ေစာင့္ေရွာက္သြားေပး.. Bodyguard Jeonသာဆို... လုပ္နိုင္လိမ့္မယ္လို႔.. ငါယုံပါတယ္..."

" စိတ္ခ်ပါ... ကြၽန္ေတာ္က သခင္ေလးကို အဆုံးထိ ကာကြယ္ေစာင့္ေရွာက္သြားမွာပါ..."

Jungkook၏ တည္ၾကည္ေလးနက္သည့္မ်က္ႏွာထားႏွင့္ အသံေၾကာင့္ Taehyung၏အဘြားက ခပ္ေရးေရးၿပဳံးကာ သူယုံေၾကာင္း ေခါင္းေလးညိတ္ျပလာသည္ ။

" အင္း... မင္းလည္း သြားနားေတာ့... ဒီေန႕ ပင္ပန္းသြားရၿပီ..."

" ဟုတ္ကဲ့.. ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး...."

Taehyung၏အဘြားျဖစ္သူကို ဦးၫႊတ္ႏႈတ္ဆက္ၿပီး အိပ္ခန္းဆီကို ျပန္ေလွ်ာက္လမ္းလာခဲ့သည့္ Jeon Jungkook ။

အခန္းတံခါးကို ျဖည္းညွင္းစြာ ဖြင့္ဟလိုက္သည့္အခါ ကုတင္ထက္တြင္ အပူအပင္ကင္းမဲ့စြာ အိပ္ေမာက်ေနေသာ အညိုေလး၏ပုံရိပ္ေၾကာင့္ ႏႈတ္ခမ္းပါးထက္ ခပ္ေရးေရး အၿပဳံးျဖစ္တည္သည္ ။

သူ ကုတင္ေပၚမွာ ဝင္ထိုင္လိုက္ရင္း ႏုဖတ္ေနသည့္မ်က္ႏွာလွလွေလးကို ေငးစိုက္ၾကည့္ကာ ဆံႏြယ္တို႔ကိုလည္း တယုတယ သပ္တင္ေပးမိသည္ ။

အသက္ရႈသံသဲ့သဲ့ေလး ထြက္ေပၚေနေသာ အညိုေလးက သူ႕အေပၚ ဦးတည္ႀကံ႐ြယ္သည့္ ျပႆနာ တစုံတရာမွ်ကို မသိလိုက္ဘဲ ႏွစ္ၿခိဳက္စြာသာ အိပ္ေမာက်ေနခဲ့ေတာ့ျဖစ္သည္ ။

" ေရွ႕ေလွ်ာက္ကိုလည္း... သခင္ေလးက ဒီလိုမ်ိဳး အပူအပင္မရွိ ဘာကိုမွ မသိလိုက္ခင္ ကြၽန္ေတာ္က ေစာင့္ေရွာက္ေပးသြားနိုင္ဖို႔အတြက္ကိုပဲ.. ေမွ်ာ္လင့္မိတယ္... "

Taehyung၏လက္ဖမိုးေလးကို ႏႈတ္ခမ္းသားႏွင့္ ဖိကပ္ရင္း ေရ႐ြတ္လာခဲ့သည့္ Jungkook၏ေလသံတိုးတိုး...။

အညိုေလးက သူ႕ဘဝထက္ အေရးႀကီးသည့္လူသားတစ္ဦးျဖစ္တာမို႔ အညိုေလးကို ထိခိုက္ေအာင္ လုပ္တဲ့သူေတြမွန္သမွ်ကို သူ ဘယ္ေတာ့မွ ဒီအတိုင္းထားမွာ မဟုတ္ဘူး...။
.
.
.

Sandi Bear
Taekook makes me happy.

unicode

Partyပွဲကျင်းပရာ ခြံဝင်းထဲကို ပြန်လာခဲ့သည့် Jungkook ။
Min Hyungsoekကိုက သူ့၏အိပ်ခန်းထဲထိတိုင် ပို့ဆောင်ခဲ့ရသည်ဖြစ်၍ အချိန်ကအနည်းငယ်လင့်သွားကာ ပွဲခင်းထဲက အညိုလေး နေရာယူထားသည့် စားပွဲဆီသို့ရောက်လျှင် အညိုလေးက မရှိတော့ချေ..။

Jungkookက Min Hyungsoekကို သွားမပို့ခင် အညိုလေးက အခန်းပြန်မည်ဟုပြောသောကြောင့် အခန်းကိုပြန်သွားလောက်ပြီဟု ယူဆကာ ထိုနေရာကနေ လှည့်ထွက်ရန်ပြင်လိုက်စဥ် Min Hannaက Jungkookအရှေ့မှာ ပိတ်ရပ်လာသည် ။

" Kim Taehyungကို ရှာနေတာမလား..."

အဖြေပြန်မလာသည့် Jungkookက သူမကို စိတ်ရှုပ်သလို တစ်ချက်သာကြည့်ပြီး ရှောင်ထွက်ရန်ပြင်လိုက်သည်ကို Hannaက လမ်းထပ်ပိတ်လာသည် ။

" Kim Taehyungက ဘယ်သူနဲ့ဘယ်ကို သွားခဲ့တယ်ဆိုတာ.. ကျွန်မ သိတယ်..."

" ဘာ?..."

သူမစကားက Bodyguard Jeon၏စိတ်ကို ဖမ်းစားလိုက်နိုင်၍ Min Hanna ရှန်ပိန်ခွက်လေးကို မွေ့ယမ်းကာသဘောကျသလို ပြုံးစစနှင့်...

" Yoon Saeheeနဲ့... ပါသွားတာ... အင်းမ်... Hotelကို ဖြစ်လောက်မယ်..."

မျက်မှောင်ကြုတ်သွားသည့် Bodyguard Jeonက သူမထင်ထားသလို မျက်နှာလည်းမပျက်သွားဘဲ မျက်လွှာအသာချကာ သူမနှင့် နီးကပ်ရာသို့တိုးလာခဲ့လျှင် Min Hannna အလိုကျသလို နှုတ်ခမ်းထောင့်စွန်းက ကွေးညွှတ်သွားသည် ။

" အဲ့ဒါကြောင့်... ကျွန်မ ဘာပြောခဲ့လဲ... Jeon... Kim Taehyungက ရှင့်အစား.. မိန်းကလေးတစ်ယောက်ကို ရွေးချယ်သွားမှာပါလို့... အချိန်က သိပ်မနှောင်းသေးပါဘူး... Jeon.. ရှင်လည်း.. ရှင့်အတွက် မှန်ကန်တဲ့သူကို ရွေးချယ်သင့်တယ်လေ..."

Jungkook၏ရင်ဘတ်ကို ပွတ်သီးပွတ်သပ် လုပ်လာခဲ့သည့် Min Hannnaလက်ထဲမှ ရှန်ပိန်ခွက်ကို Jungkookဆွဲယူလိုက်လျှင် သူမက သဘောကျသလို ရယ်သံလေးပင်ထွက်လာကာ လက်နှစ်ဖက်လုံးနှင့် Jungkook၏လည်တိုင်ကို မယှက်တွယ်လာခင် Jungkook သူ့လက်ထဲက ရှန်ပိန်ခွက်နှင့် Min Hannaဦးခေါင်းထံကနေ လောင်းချလိုက်သည် ။

" အား!... Jeon... ရှင်..."

သူမ အလှလုပ်ထားသည့် ဆံနွယ်ခွေခွေလိမ်တွေဆီကနေတဆင့် တစက်စက်စီးကျလာသော ရှန်ပိန်တွေက မျက်နှာထက်ရော လည်ညွှန့်ရိုးမှာရော အနီရောင်dressဆီမှာပါ စွန်းကျံသွားသည် ။

" အာ... သခင်လေးရဲ့ ဝမ်းကွဲမလို့... အတတ်နိုင်ဆုံး သည်းခံခဲ့ပေမယ့်... ဒီ့ထက်ပို မရတော့လို့ပါ... ခင်ဗျားနားက အနံ့ထွက်နေပြီဆိုတော့.. ရေသွားချိုးလိုက်ပါဦး..."

Jungkook သူမလက်ထဲကို ရှန်ပိန်ခွက်အား ပြန်ထည့်ပေးလိုက်ပြီး ရွံရှာသလို နှာခေါင်းပိတ်ဟန်ပြုကာ ထိုနေရာကနေ ခြေလမ်းကျဲကြီးများနှင့် ထွက်လာခဲ့သည် ။

ဖုန်းကိုထုတ်ကာ အညိုလေး၏တည်နေရာကို အလျှင်အမြန်ရှာဖွေလိုက်သည့်သူ..။

ရပ်ဝေးမှာ အခြားBodyguardတွေ မရှိနိုင်သည့်အတွက် အညိုလေး၏ဆွဲကြိုးမှာ ခြေရာခံစက်ထည့်ထားပေးသည်က အတော်လေးကို မှန်ကန်သည့်လုပ်ရပ်ဖြစ်သွားခဲ့သည် ။

" အိမ်တော်ထိန်း Han.. ကျွန်တော့်ကို ကားတစ်စီးလောက် ဌားပေးပါဦး..."

Jungkook၏ ပျာနေသည့်ပုံရိပ်ကြောင့် အိမ်တော်ထိန်းHanက ကားသော့တစ်ခုကို အမေးအမြန်းမရှိထုတ်ပေးလာသည်နှင့် တစ်ပြိုင်နက် Jungkook ထိုကားသော့ကိုဆွဲပြီး အပြေးအလွှား ထွက်လာခဲ့ရတော့သည် ။
.
.
.

Hotel၏ အခန်းကျယ်တစ်ခုအတွင်း...။

ဝန်ထမ်းတွေ၏ အကူအညီနှင့် ကုတင်ပေါ်မှာတင်ထားသော Kim Taehyung၏ခန္ဓာကိုယ်ကို Yoon Saehee ထိလည်းမထိရဲဘဲ မှိုင်တွေပြီးတော့သာ ရပ်ကြည့်နေမိသည် ။

သူမရဲ့လုပ်ရပ်က မှားနေမှန်းသိတယ်..။
သူမကလည်း အမှားကို ကျူးလွန်ရတာမျိုး ကြိုက်နှစ်သက်သည့်သူ မဟုတ်ပေမယ့် Min Hannaနှင့် ပတ်သက်လာတိုင်း မလွန်ဆန်နိုင်ခဲ့တာက ဟိုးငယ်စဥ်တည်းကပဲလေ...။

အချက်ပေးသံ မြည်လာခဲ့သည့် သူမ၏ဖုန်းသံကြောင့် Yoon Saehee အသိစိတ်ကပ်လာကာ စားပွဲပေါ်တင်ထားသည့် ဖုန်းကိုသွားကောက်ယူကြည့်လိုက်လျှင် Min Hannaထံမှ..။

အရင်လိုဆို စက္ကန့်ပင်မခြား တန်းကိုင်ကျင့်ရှိတတ်သော်လည်း ယခုမှာတော့ သူမ ပြန်ဖြေချင်စိတ်မရှိစွာ ဖုန်းကိုပိတ်လိုက်သည် ။

ထိုအခါကျ သူမဖုန်းထဲသို့ ဝင်လာသည့်မတ်ဆေ့ချ်များက တတောင်တောင်..။

'အရူးမ! သေနေတာလား..။
'ဘာလို့ ငါ့ဖုန်းကို မဖြေတာလဲ..။
'သူ့Bodyguardက နင်တို့ရှိတဲ့နေရာရှာနေပြီ..။
'ကိစ္စမြန်မြန်ပြတ်အောင်လုပ်..။
'နင်နဲ့ Kim Taehyung နေတဲ့ဓာတ်ပုံကို ရိုက်ပြီး ငါ့ကို ပို့လာခဲ့..။

ယောက်ျားလေးတွေနှင့် တစ်ခါမှ မရင်းနှီးဖူးသော သူမကို Min Hannaက ထိုသို့ရာဇသံတွေ ချလာခဲ့ကာ Yoon Saeheeကတော့ အစတည်းကမှားမှန်းသိရက်နှင့် လျှောက်ခဲ့မိသောလမ်းဖြစ်၍ သူမလုပ်ရပ်ကိုနောင်တရနေကာ ရှေ့ဆက်မတိုးချင်တော့ပေ..။

ထို့ကြောင့် ထိုင်ခုံမှာသာ အသိစိတ်မဲ့သူလို ထိုင်ချလျက် Taehyung၏ Bodyguardအလာကိုသာ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်နေမိသည် ။

တဒုန်းဒုန်းနှင့် ကျယ်လောင်စွာ အထုရိုက်ခံလိုက်ရသည့် Hotel၏အခန်းတံခါးသံ..။

သော့လက်ကိုင်ဘုကို နီးစပ်ရာက မီးသတ်ဆေးဘူးဆွဲပြီးတော့ပါ ရိုက်ဖျက်ရန်လုပ်လိုက်သည့် Jungkookကို အထဲမှတံခါးဖွင့်ပေးသံထွက်ပေါ်လာလျှင် Jungkook မီးသတ်ဆေးဘူးကိုပစ်ချပြီး အခန်းတံခါးအား အကြမ်းပတမ်းဖွင့်ဝင်လာခဲ့သည် ။

" သခင်လေး!... သခင်လေး..."

" သူ.. အိပ်ပျော်နေတာပါ... အိပ်ဆေးပြယ်ရင်.. သတိရလာလိမ့်မယ်.."

" မင်း!.. တောက်!..."

Jungkookကို လေပြည်သံနှင့်သာ ဆိုလာခဲ့သည့် Yoon Saeheeက မိန်းကလေးတစ်ယောက်ဖြစ်နေ၍ Jungkook လက်သီးသုံးချင်သည့်စိတ်ကို ချိုးနှိမ်လိုက်ကာ စူးရဲစွာသာကြည့်ပေးလိုက်သည် ။

" Min Hannaနဲ့မင်းက... ပူးပေါင်းကြံစည်ပြီး သခင်လေးကို ဘယ်လိုဒုက္ခပေးချင်တယ်ဆိုတာ မသိပေမယ့်.. ဒီကိစ္စကို လုံးဝ ကျော်သွားမှာမဟုတ်ဘူး..."

" Hanna မပါဘူး... ကျွန်မတစ်ယောက်တည်း လုပ်ခဲ့တာ... "

" မင်း.. သူ့ကို ကာပေးနေတာလား..."

" မဟုတ်ဘူး... Kim Taehyungက အစစအရာရာ တပ်မက်ချင်စရာကောင်းတဲ့ ယောက်ျားတစ်ဦးလေ.. ရုပ်ရည်ရော.. စည်းစိမ်ဉစ္စာရော.. အာဏာအသိုင်းအဝိုင်းရော.. အဲ့ဒါကြောင့် ကျွန်မက အပိုင်ဖမ်းချင်ခဲ့ရုံပဲ.. Hannaက ဘာမှမဆိုင်ဘူး..."

Yoon Saeheeရဲ့စကားကြောင့် Jungkook ပါးစောင်ကို လျှာဖျားနှင့် အသာထိုးကာ ဒေါသမပေါက်ကွဲအောင် ချုပ်တည်းလိုက်ရင်း အချက်ပေးသံမြည်လာပြန်သည့် Yoon Saeheeဖုန်းကိုသတိပြုမိလျှင် စားပွဲထက်ကနေ သူမ မယူနိုင်ခင် အရင်လက်ဦးမှုကို ရယူလိုက်သည် ။

" အာ... ဘာမှမဆိုင်တဲ့ Min Hannaက ဖုန်း ဆက်လာတာပဲ.. မင်းဆီကို..."

" မဟုတ်... မကိုင်နဲ့..."

Jungkook လက်ထဲမှဖုန်းကို လုယူရန်​ပြေးဝင်လာခဲ့သည့် Yoon Saeheeခန္ဓာကိုယ်အား ရှောင်ကာတွန်းထုတ်မိလိုက်လျှင် သူမက ကြမ်းပြင်ထက် လွှင့်စင်ကျသွားကာ တော်ရုံနှင့်ပြန်မထနိုင်..။

ထို့ကြောင့် Jungkookက ဖုန်းဖွင့်နားထောင်ပြီး အသံဖိုင်ကို recordလုပ်လိုက်သည်အား မတားမြစ်လိုက်နိုင်ချေ..။

" Yoon Saehee!.. အရူးမ... နင် သေနေတာလား.. ဟမ်!.. Kim Taehyungနဲ့ နင်အိပ်တဲ့ပုံတွေကို ငါ ခိုင်းထားတဲ့အတိုင်း.. ရိုက်ပြီးပြီလား... "

လိုချင်သည့် သက်သေက ရလာသည်နှင့် Jungkook ဖုန်းကိုပြန်ပိတ်ချလိုက်သည် ။

" ဒီကိစ္စကို... Jejuက စံအိမ်တော်မှာ... ရှင်းကြတာပေါ့... Yoon Saehee..."

သူမ၏ဖုန်းကိုသိမ်းသွားသည့် Bodyguard Jeonကို Yoon Saehee မတားမြစ်လိုက်နိုင်သလို Bodyguard Jeonက ကုတင်ထက်မှ Kim Taehyung၏ ခန္ဓာကိုယ်ကို အသာယာပွေ့ချီရင်း အခန်းထဲကနေထွက်သွားခဲ့ကိုသာ သူမ ငေးစိုက်ကြည့်ကျန်ခဲ့ရသည် ။

ဒီတစ်ကြိမ် အမှားကနေတော့.. Min Hannaကို သူမ မကာကွယ်လိုက်နိုင်..။
.
.
.

Jejuက စံအိမ်ကိုရောက်သည်နှင့် Jungkookက Taehyungကို အိပ်ခန်းထဲက ကုတင်ထက် နေရာချပေးကာ နေရခက်မည်စိုး၍ အဝတ်အစားအသေအချာလဲပေးရင်း စောင်ပါးလွှမ်းခြုံပေးပြီး နဖူးထက်ကို အနမ်းတစ်ပွင့်ပေးကာ အပူအပင်ကင်းမဲ့စွာသာ အိပ်စက်စေလိုက်သည် ။

တကယ်ပါ... အညိုလေးကို ဘယ်သူကမှ အထိအခိုက်မပြုနိုင် အနှောင့်အယှက်မပေးနိုင်တဲ့ သီးသန့်ကမ္ဘာလေးမှာ ဖွက်ထားချင်လိုက်တာ..။

အညိုလေး မနိုးလာခင် ပြဿနာကို အပြတ်ရှင်းရမည်ဖြစ်၍ Jungkookက အမျိုးအုပ်စုံရာမှာ Min Hanna၏အသံဖိုင်ကို ဖွင့်ချပြခဲ့သည် ။

တုန်လှုပ်နေသည့် သူမကို သူမ၏မိဘက တတ်နိုင်သလောက် အကာအကွယ်ပေးခဲ့ပေမယ့် အဘွားက ကျော်မသွားပေးနိုင်ဘဲ သူမ၏အပြစ်ကိုတာဝန်ယူခိုင်းသည့်အနေနှင့် Taehyungကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်စကားဆိုခိုင်းကာ နိုင်ငံခြားကိုပညာတော်သင်လွှတ်ဖို့ ညတွင်းချင်းပင် စီစဥ်ခိုင်းသည် ။

" မတောင်းပန်နိုင်ဘူး... အဘွား... Hannaမမှားဘူး!..."

" Min Hanna.. နင် ဒီလောက် အကောက်ကြံထားတာတောင်မှ အသိတရားက မဝင်သေးတာလား... နင်တို့တွေ နင့်ရဲ့သမီးကို ဘယ်လို မွေးမြူဆုံးမထားတာလဲ..."

" Hanna.. တိတ်တော့... ကိုယ့်အမှားကိုယ်သိပြီး တောင်းပန်လိုက်..."

" ဟင့်အင်း.. Kim Taehyungကို သေတောင် မတောင်းပန်နိုင်ဘူး... သူ့ကို မုန်းတယ်.. အရမ်း မုန်းတယ်!.."

" ကျွန်တော်ကလည်း သခင်လေးကို Min Hannaက တောင်းပန်တာကို မလိုချင်ပါဘူး... သခင်လေးက ဒီပြဿနာကို မသိသေးဘူး.. သိလည်းမသိစေချင်ဘူး... သခင်လေးကို စိတ်သန့်သန့်နဲ့ပဲ Jejuကနေ ပြန်သွားစေချင်တယ်.. ကောင်းမွန်တဲ့အမှတ်တရတစ်ခုအနေနဲ့ပဲ.. မှတ်ယူသွားစေချင်တယ်... အဲ့ဒါကြောင့်... Min Hannaကိုပဲ နောင်ကျဥ်အောင် အပြစ်ပေးလိုက်ပါ..."

" Jeon!.. ရှင်.. ကျွန်မကို ဒီလို လုပ်လို့မရဘူး!.. ရှင်က ဘာမို့လို့လဲ!.. သခင်ကို စောင့်ရှောက်အလုပ်အကျွေးပြုရတဲ့ Bodyguard တစ်ယောက်သာသာပဲလေ... ရှင့်မှာ ဝင်စွက်ခွင့်မရှိဘူး!.."

" နင်တို့သမီးကို ပါးစပ်ပိတ်ခိုင်းထားလိုက်စမ်း!.. သွား... သွား!.. ငါ့အရှေ့ကနေ ထွက်သွား!.. သူ့ကို ညတွင်းချင်း နိုင်ငံခြားပို့ဖို့စီစဥ်ပြီး ပိုက်ဆံအထောက်အပံ့လည်း ဖြတ်ပစ်မယ်... "

" အဘွားက ဘာသိလို့လဲ!.. အဲ့ဒီ့Bodyguardနဲ့ Kim Taehyungက ယောက်ျားအချင်းချင်း ကြိုက်နေကြတာ!.. Kim Taehyungက ရွံဖို့ကောင်းတဲ့ကိစ္စကို လုပ်နေတာလို့..."

Min Hanna၏ ရုန်းကန် အော်ဟစ်ပေါက်ကွဲမှုကြားမှာ အမျိုးအုပ်တွေရော အဘွားကရောမှင်သက်သွားခဲ့ပေမယ့် Min Hannaကိုတော့ ဆွဲထုတ်သွားစေလိုက်သည် ။

Min Hannaကတော့ မြင်ကွင်းထဲမှ မပျောက်မသွားချင်း Taehyungနှင့် Jungkookကို ရင့်သီးသီးစကားများနှင့် ပုတ်ခတ်နေခဲ့တော့တာဖြစ်သည် ။

အမျိုးအုပ်တွေ၏Jungkookအပေါ်သို့ ကျရောက်လာသည့် အမျိုးမျိုးအထွေထွေ အကြည့်များ..။

" ဒီမှာရှိနေတဲ့သူတွေ.. ဒီကိစ္စကို တစ်ခွန်းမှ မဟဘဲ.. အပြင်ကို ပေါက်မကြားစေနဲ့.. မင်းတို့လည်း ကိုယ့်အခန်းကိုယ်ပြန်ကြတော့..."

Taehyungနှင့် Jungkook၏အကြောင်းကို တိုးစိတိုးစိပြောချင်နေကြသေးပေမယ့် အဘွား၏အာဏာကို မည်သူမျှမလွန်ဆန်နိုင်သောအခါ အမျိုးတွေအကုန်လုံးက ကိုယ့်အခန်းကိုယ် ပါးစပ်လေးစေ့ပိတ်ရင်း ပြန်သွားကြရသည် ။

Jungkookကတော့ တစ်ချိန်ချိန်မှာ သူနှင့်အညိုလေး၏ ဆက်ဆံရေးက တစ်နည်းမဟုတ်တစ်နည်း ပေါ်ပေါက်လာနိုင်မှန်းကြိုတွေးထားပြီးသားဖြစ်သလို ယခုအခြေအနေကလည်း သူ့ကို မတုန်လှုပ်စေ..။
သို့ပေမယ့် အညိုလေးအပေါ်မှာတော့ ထိုးနှက်ချက်တစုံတရာ ကျရောက်လာမည်ကို စိုးရိမ်ပူပန်မိသည် ။

" Bodyguard Jeon..."

" ဟုတ်ကဲ့...."

Taehyung၏အဘွားက သူ့အရှေ့မှာ မျက်လွှာချကာ ရပ်နေသည့် Jungkookကို ကြည့်ရင်း သက်ပြင်းအသာချသည် ။

" မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက... အစတည်းက သာမန်မဟုတ်မှန်း ရိပ်မိပါတယ်... Taehyungရဲ့အဖေကလည်း သူ့သားဖြစ်သူကို Jejuကိုမလွှတ်ခင်တည်းက Bodyguard Jeonက သူ့သားအတွက် အရေးကြီးတဲ့ဖြစ်တည်မှုဆိုတာကို တဖွဖွအသိပေးသွားတာ.. မင်းတစ်ယောက်ကပဲ.. Taehyungကို လုံခြုံအောင်ကာကွယ်စောင့်ရှောက်နိုင်တာတဲ့... ငါ့လို အဘွားကြီးတစ်ယောက်ကတော့ မင်းတို့ရဲ့ ပတ်သက်မှုကိုဝင်စွက်ဖို့ စိတ်ကူးမရှိပါဘူး.. ဝင်စွက်ပိုင်ခွင့်လည်း မရှိဘူးလေ... တစ်ခုပဲမှာချင်တယ်... ငါတို့ရဲ့ အဖိုးတန်မြေးလေး.. Taehyungကို ရှေ့လျှောက်တွေမှာလည်း.. အခုလိုမျိုး အန္တရာယ်တစုံတရာမကျရောက်နိုင်အောင် ကာကွယ်စောင့်ရှောက်သွားပေး.. Bodyguard Jeonသာဆို... လုပ်နိုင်လိမ့်မယ်လို့.. ငါယုံပါတယ်..."

" စိတ်ချပါ... ကျွန်တော်က သခင်လေးကို အဆုံးထိ ကာကွယ်စောင့်ရှောက်သွားမှာပါ..."

Jungkook၏ တည်ကြည်လေးနက်သည့်မျက်နှာထားနှင့် အသံကြောင့် Taehyung၏အဘွားက ခပ်ရေးရေးပြုံးကာ သူယုံကြောင်း ခေါင်းလေးညိတ်ပြလာသည် ။

" အင်း... မင်းလည်း သွားနားတော့... ဒီနေ့ ပင်ပန်းသွားရပြီ..."

" ဟုတ်ကဲ့.. ကျွန်တော့်ကို ခွင့်ပြုပါဦး...."

Taehyung၏အဘွားဖြစ်သူကို ဦးညွှတ်နှုတ်ဆက်ပြီး အိပ်ခန်းဆီကို ပြန်လျှောက်လမ်းလာခဲ့သည့် Jeon Jungkook ။

အခန်းတံခါးကို ဖြည်းညှင်းစွာ ဖွင့်ဟလိုက်သည့်အခါ ကုတင်ထက်တွင် အပူအပင်ကင်းမဲ့စွာ အိပ်မောကျနေသော အညိုလေး၏ပုံရိပ်ကြောင့် နှုတ်ခမ်းပါးထက် ခပ်ရေးရေး အပြုံးဖြစ်တည်သည် ။

သူ ကုတင်ပေါ်မှာ ဝင်ထိုင်လိုက်ရင်း နုဖတ်နေသည့်မျက်နှာလှလှလေးကို ငေးစိုက်ကြည့်ကာ ဆံနွယ်တို့ကိုလည်း တယုတယ သပ်တင်ပေးမိသည် ။

အသက်ရှုသံသဲ့သဲ့လေး ထွက်ပေါ်နေသော အညိုလေးက သူ့အပေါ် ဦးတည်ကြံရွယ်သည့် ပြဿနာ တစုံတရာမျှကို မသိလိုက်ဘဲ နှစ်ခြိုက်စွာသာ အိပ်မောကျနေခဲ့တော့ဖြစ်သည် ။

" ရှေ့လျှောက်ကိုလည်း... သခင်လေးက ဒီလိုမျိုး အပူအပင်မရှိ ဘာကိုမှ မသိလိုက်ခင် ကျွန်တော်က စောင့်ရှောက်ပေးသွားနိုင်ဖို့အတွက်ကိုပဲ.. မျှော်လင့်မိတယ်... "

Taehyung၏လက်ဖမိုးလေးကို နှုတ်ခမ်းသားနှင့် ဖိကပ်ရင်း ရေရွတ်လာခဲ့သည့် Jungkook၏လေသံတိုးတိုး...။

အညိုလေးက သူ့ဘဝထက် အရေးကြီးသည့်လူသားတစ်ဦးဖြစ်တာမို့ အညိုလေးကို ထိခိုက်အောင် လုပ်တဲ့သူတွေမှန်သမျှကို သူ ဘယ်တော့မှ ဒီအတိုင်းထားမှာ မဟုတ်ဘူး...။
.
.
.

Sandi Bear
Taekook makes me happy.

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

12.2K 527 50
Due to a strange twist in time, Sarah Teubner and Carly Sullivan are suddenly thrown back in time to when Erik is on his way to Persia. What will hap...
Sharing Corrie Από Hannah Neely

Ιστορικό φαντασίας

80.6K 8.3K 46
"Hope deferred makes the heart sick, but when longing is fulfilled, it is a tree of life." Corrie Walker never expected to have to abandon her Engl...
91.9K 2.8K 23
Darcy has a habit of making questionable decisions, but when she's offered a job that she'll actually be paid for -- and by the Avengers, no less...
16.8K 1.2K 36
ماذا تفعل عندما تحب شخص ما ، شخص بعيد عنك ، و لكنك مازلت تحبه ، مهما تكون الصعاب ؛ تتذكره، ليس لأنه مشهور ، ولكن فعلا لأن قلبك معه ؛ و هنا تلعب الأقد...