မောင့်ရဲ့နှိုင်း (သို့မဟုတ်)န...

By Minus-Zero

596K 22.8K 468

"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး" More

မောင့်ရဲ့နှိုင်း(သို့မဟုတ်)နှိုင်းတုမမှီ
1
1(Zawgyi)
2
2(Zawgyi)
3
3(Zawgyi)
4
4(Zawgyi)
To My A Little Readers ❤️
5
5(Zawgyi)
6
6(Zawgyi)
7
7(Zawgyi)
8
8(Zawgyi)
9
9(Zawgyi)
10
10(Zawgyi)
11
11(Zawgyi)
12
12(Zawgyi)
13
13(Zawgyi)
14
14(Zawgyi )
15
15(Zawgyi)
16
16(Zawgyi)
17
17(Zawgyi )
18
18(Zawgyi)
19
19(Zawgyi)
20
20(Zawgyi)
21
21(Zawgyi)
22
22(Zawgyi)
23
23(Zawgyi)
24
24(Zawgyi)
25
25(Zawgyi)
26( Part-1)
27
26 Part-1(Zawgyi)
26 Part -2 (Zawgyi)
27 (Zawgyi)
28
28(Zawgyi )
29
29(Zawgyi)
30
30(Zawgyi )
31
31(Zawgyi )
31 (Part-2)
31 Part-2(Zawgyi )
32
32 (Zawgyi )
32 (Part 2)
32 Part2 ( Zawgyi )
33
33(Zawgyi)
33(Part_2)
33 Part-2 (Zawgyi)
34
34(Zawgyi )
34(Part 2)
34 Part -2(Zawgyi )
35
35(Zawgyi )
36
36(Zawgyi )
37
37(Zawgyi )
FINAL PART
FINAL PART (Zawgyi )
Physical Book 📖
Book Details ✨

26(Part -2)

7K 354 15
By Minus-Zero

"လက်ရုံး မနေ့ကစပြီး အလုပ်ဆင်းတယ်ဆို အလုပ်မလုပ်ရရင် မနေနိုင်ဘူးထင်ပါ့ ငါနဲ့များကွာပါ့ကွာ...ဟားးး "

"အဲ့လိုလည်းမဟုတ်ပါဘူး...ကျွန်တော်က
မနေတတ်ရုံပါ "

"ဘာတွေများ ကွာသွားလို့လဲကွာ.."

"ဟုတ်...ဒါနဲ့ ကိုဘလှ မနေ့ကခွင့်ယူတာ ဘာကိစ္စရှိလို့လဲ နေမကောင်းဖြစ်လို့များလား..နေမကောင်းရင်လဲ များများနားလိုက်ပါ.."

"ငါက ဒေါင်ဒေါင်မြည်ပါကွာ...အိမ်က အိမ်သူက မွေးဖွားခါနီးမို့ မနေ့ကချိန်းရက်လေ အဲ့တာဆရာ၀န် သွားပြရတယ်လေ..အဲ့တာပါပဲ"

"ဟုတ်လား..ကိုဘလှ ဇနီးမွေးရင် လာလည်ပါအုံးမယ်ဗျာ..ခုတော့ ကျန်းမာတယ်မလား "

"အကုန်အဆင်ပြေပါတယ်ကွာ.. ကျေးဇူးပါပဲ..
မင်းသာ အကူအညီလိုတယ်ဆို ငါ့ကိုပြော..
ငါတတ်နိုင်သလောက်တော့ ကူပါ့မယ်ကွာ..ပြီးတော့ မိုးဇော်လုပ်လိုက်တဲ့ကိစ္စကြောင့် မင်းလည်းတော်တော်လန့်သွားမယ်ထင်တယ် ..စိတ်မကောင်းပါဘူးကွာ ဒီကောင် ဒီလို ချုံကွယ်ရာလက်သီးပုန်းထိုးတတ်လိမ့်မယ်လို့ ထင်မထားမိဘူးကွာ..."

"ဟုတ် ကျွန်တော်အခု အကုန်အဆင်ပြေနေပါပြီ..
ကိုဘလှကိုတော့ ထပ်ပြီးကျေးဇူးတင်ပါတယ်"

"မလိုတာကွာ... ကဲ ငါလဲ ဂိုထောင်ထဲအလုပ်ဆက်လိုက်အုံးမယ်..အော် ဒါနဲ့ ဖိုးထောင်မရှိပါဘူး ဘယ်တွေသွားနေလဲ.."

"ခုချိန်ဆို ကိုမြင့်နိုင်တို့အဖွဲ့နဲ့ အဖွဲ့ကျနေရောပေါ့.."

"အေး‌ကွာ...သွားတော့မယ်"

"ဟုတ်"

ချပ်!

ကိုဘလှ ပြန်ထွက်သွားပြီး တံခါးဖွင့်သံနှင့်အတူ ၀င်လာသော အန်တီခင်ထား...

အန်တီခင်ထားက ဒီကိုဘယ်တုန်းကမှ မလာဖူးတော့ လက်ရုံးအံ့ဩနေမိသည်။

"အော်...အန်တီခင်ထား ဦးမာန်ရှိန်ဆီလာတာလားဗျ ..ဦးမာန်ရှိန်က ချိန်းထားတာ ရှိတယ်ဆိုပြီး ထွက်သွားလိုက်တာ မရှိဘူးဗျ.."

လက်ရုံးလည်း ဦးမာန်ရှိန်ကိုလာရှာသည်မှာ ဖြစ်နိုင်ခြေအရှိဆုံးမို့ မေးလိုက်မိသည်။

"မဟုတ်ပါဘူး..အန်တီ မင်းဆီကိုပဲ လာတာပါ..."

အန်တီခင်ထားက ဆွဲထားတဲ့ လက်ကိုင်အိတ်ကို စားပွဲပေါ်ကိုတင်ပြီး ၀င်ထိုင်သည်။လာရင်းက လက်ရုံးဆီကိုပဲဆိုတာ ရှင်းနေသလို။ဘာအကြောင်းကြောင့်မှန်း မသိသော်လည်း ...

"ဟုတ်.. ကျွန်တော့်ဆီကို ဘာကိစ္စများရှိလို့လဲမသိဘူး.. "

"အန်တီမင်းကို ပြောစရာလေးရှိလို့ပါ... အထူးသဖြင့် အန်တီ့သားမသိအောင်ပေါ့.. "

အန်တီခင်ထားက ဘာကိုဆိုလိုသည်ဆိုတာ မခန့်မှန်းနိုင်။ဒီလူမသိအောင် တိုးတိုးတိတ်တိတ်ဘာမျှပြောစရာ ရှိမနေဟု ထင်သော်လည်း ခုကအခိုင်အမာကြီး ကိုယ်နဲ့ပဲ ရှင်းရမည့် ကိစ္စတစ်ရပ်လို။

"ဟုတ်..ပြောပါဗျ"

"ဒီလိုပါ..အန်တီ့မှာလဲ ဒီသားတစ်ယောက်တည်းရှိတယ်ဆိုတာ..မောင်လက်ရုံးလဲအသိမဟုတ်လား..
ဒီတော့ အန်တီ့သားနဲ့ သမီးနေခြည်ကို စေ့စပ်ပေးမယ့်ကိစ္စ.."

"လိုရင်းကို ပြောလို့ရပါတယ်..ကျွန်တော်က
ဝေ့၀ိုက်ပြောနေရင် နားလည်တဲ့သူမျိုးမဟုတ်လို့
အန်တီခင်ထားလည်း အားနာစရာမလိုပါဘူး..."

အန်တီခင်ထား ဘာကိုဆိုလိုသည်ဆိုတာ လက်ရုံးဒီစကားနဲ့တင် နားလည်သလိုလို။ဒီလူနဲ့ မနေခြည်ကိုစေ့စပ်ပေးဖို့ကိစ္စဆို‌တော့ ကိုယ်ကကြားလူဖြစ်နေသလို လာပြောနေခြင်းမျိုးမဟုတ်လား။ သို့သော် အရှင်းလင်းဆုံးဖြစ်ချင်တာမို့ အားနာစရာမလိုကြောင်း ပြောတော့...

"ဒီလိုဆိုလဲ သားနှိုင်းနဲ့ သမီးနေခြည်နဲ့ကို လက်ထပ် ပေးမယ်ဆိုတာ သိထားပေးပါ။ပြီးတော့ ဒါအန်တီအရင်ထဲက စီစဉ်ထားခဲ့တဲ့ သေချာပေါက်ဖြစ်လာမဲ့ ကိစ္စတစ်ခုမို့ ဘာအမှောက်၊အဖြတ်မျိုးမှ မဖြစ်ချင်ဘူး..။ဒါကြောင့်.."

"အန်တီခင်ထား သိနေခဲ့တာလား..."

"..."

"ကျွန်တော်နဲ့ အန်တီ့သားနဲ့ ကိစ္စအချို့ကို..."

"အန်တီလဲ တည့်ပဲပြောချင်ပါတယ်..အန်တီရိပ်မိနေတာကြာပါပြီ .. သေချာနေတာမျိုးမဟုတ်ဘူး။
ဒါပေမဲ့ ခုသေချာသွားပြီလို့ ပြောလို့ရမလားမသိဘူး.."

ဒေါ်ခင်ထားစံက ဦးမာန်ရှိန်လို မဟုတ်။မိခင်တစ်ယောက်ပီပီ မိမိသား ဘယ်ခြေလှမ်း လှမ်းတော့မည်ကို မသိပဲနေမည်တဲ့လား။

ဒေါ်ခင်ထားစံက ဦးမာန်ရှိန်ကို အမှန်တကယ်အိမ်ဦးနတ်လို လေးစားချစ်ခင်သောသူတစ်ယောက်။ထို့အတူ ဦးမာန်ရှိန်သဘောကျသော မောင်လက်ရုံးကိုလဲ ထပ်တူသဘောကျပေးခဲ့ပါသည်။သို့သော် မိမိသားကို ထိုးအပ်လိုက်ရအောင်လဲ သဘောမကောင်းနိုင်။

"တောင်းပန်ပါတယ်.."

"မောင်လက်ရုံးက အန်တီ့ကိုဘာတွေများ တောင်းပန်နေရတာလဲ..အန်တီတောင်းဆိုတာ တစ်ခုထဲပါ..ဒါ မောင်လက်ရုံးကို သာသာကြည်ကြည် နောက်ဆုတ်ပေးဖို့ ပြောချင်တာ.."

"ကျွန်တော်မလုပ်နိုင်တဲ့ အခက်ခဲဆုံးအရာကလဲ အဲ့တာပါပဲ.."

"မဖြစ်နိုင်တဲ့ကိစ္စကို မင်းကဖန်တီးချင်နေတာလား..အန်တီက မိခင်တစ်ယောက်‌အနေနဲ့ သားကို လိုလေးသေးမရှိ ဖြစ်စေချင်တာ အကြီးမားဆုံးဆန္ဒပါ ..။ဒီလိုဖြစ်ဖို့ဆိုတာ အိမ်ထောင်ရေးက အရေးကြီးဆုံးမလို့ အန်တီအနေနှင့် အန်တီသတ်မှတ်ထားတဲ့ ပြီးပြည့်စုံတဲ့ သမီးနေခြည်လက်ထဲပဲ အပ်ချင်တာ...မောင်လက်ရုံး နားလည်မယ်ထင်ပါတယ်။ပြီးတော့ အန်တီခုလို လာပြောတယ်ဆိုတာ မောင်လက်ရုံးကိုလဲ လေးစားသမှုနဲ့ပါ.."

"ကျွန်တော် ထပ်ပြီးတောင်းပန်ပါတယ်...အန်တီ့သားကို ကျွန်တော်မပိုင်သေးပေမဲ့ နောက်ဆုတ်ပေးဖို့ဆိုတာက ကျွန်တော် ထွက်သတ်တိုင်ထိ မလုပ်မဲ့အရာပါ၊ကျွန်တော့်အတွက်တော့ အခက်ခဲဆုံး အရာပါ..။ကျွန်တော် မလိုက်လျောပေးနိုင်လို့ တောင်းပန်ပါတယ်"

"မောင်လက်ရုံးကို တောင်းပန်တာလိုချင်လို့ အန်တီ လာပြောတာမဟုတ်ဘူး...အသိပေးရုံပါ။ပြီးတော့ အန်တီတို့မျက်နှာတွေကို မောင်လက်ရုံး မျက်နှာပြောင်တိုက်ပြီး မစာမနာလုပ်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်.."

တောင်းပန်ပါတယ်...။ကျေးဇူးတရားတွေ ရှိလဲ ဘယ်ဘ၀ထိ ဆပ်ရဆပ်ရပြန်ဆပ်ပါ့မယ်။ဒီလူနဲ့ လဲလှယ်တာမျိုးဆိုရင်တော့ ကျေးဇူးကန်းတဲ့သူလို့ သမုတ်ခံရလဲ ခံလိုက်ရမယ်ထင်တယ်။ဒီလူ့ကိုတော့ ကျေးဇူးတရားတွေကြောင့်ဆိုပြီး ဘယ်သူ့ကိုမှ မပေးသလို ၊ဘယ်တော့မှ လက်လျှော့မှာမဟုတ်လို့ တောင်းပန်ပါတယ်...။

ကျွန်တော်က အခြားသူတွေလို ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ပေမဲ့ ဒီလူ့အတွက်တော့ ဖြစ်အောင်ကြိုးစားမှာမလို့ ကျေးဇူးပြုပြီး အခုထဲက မသတ်မှတ်လိုက်ပါနဲ့လား။အခြားသူထင်မြင်ချက်တွေကို အလေးမထားတတ်သူ ဆိုပေမဲ့ ဒီလူ့ကိုပိုင်ဆိုင်နိုင်ဖို့ ပိုင်ရှင်ဖြစ်တဲ့ သူတွေဆီကတော့ အမှတ်ပြည့်ရချင်မိတယ်။လောဘကြီးတယ်ပဲ ဆိုဆို ပိုင်ဆိုင်ချင်မိတယ်။

"တောင်းပန်ပါတယ်..."

ကျွန်တော်က အရူးတစ်ယောက်လို ထပ်တလဲလဲတောင်းပန်နေမိခဲ့တယ်။တန်ဖိုးကြီးအရုပ်လေးကို လိုချင်မှတော့ အဖိုးအခက သိပ်ကြီးမှာပေါ့။ဒီရတနာလေးကို ပိုင်ရှင်ဆီက တောင်းခံဖို့ရာ ခက်ခဲမယ်ဆိုတာ သိပြီးသားဆိုသော်လည်း တကယ်တမ်းကြုံလာပြန်တော့ ကျွန်တော့်အတွက်တော့ မဟော်သဓာရဲ့ တရားစီရင်ခန်းတွေလို ခက်ခက်ခဲခဲ။

"မာမီ..."

လူသားတစ်ယောက်ကို အရူးလိုတောင်းခံနေသည့်ကျွန်တော်နဲ့ မပေးချင်သည့် ပိုင်ရှင်ကြား တိတ်ဆိတ်ခြင်းတွေကို ဖြိုခွင်းလိုက်သော အသံလေး...

"သား.."

"မာမီ ..ဒီကောင်လေးဆီကို ဘာလာလုပ်တာလဲ...."

"မာမီ ပြောစရာရှိတာ လာပြောတာ.."

အလောတကြီး ၀င်လာပြီး ဆက်တိုက်စကားတွေပြောနေသော ဒီလူက ဘယ်လိုရောက်ချလာရတာလဲ။

အန်တီခင်ထားပုံစံကလည်း ခိုးကြောင်ခိုးဝှတ်လုပ်သည့် ကိစ္စကိုလူမိသွားသလိုပင်။ပြီးတော့ ဒီလူကလဲ ကိုယ့်ဆီကို အန်တီခင်ထားလာမည်ကို ကြိုသိနေသလို။

"ခင်ဗျား...ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ..."

"မာမီ ဒီကောင်လေးကို ဘာတွေပြောလိုက်တာလဲ"

လက်ရုံးမေးသည်ကို ဂရုမစိုက်ပါပဲ အန်တီခင်ထားဘာပြောလိုက်သည်ကိုပဲ ပိုသိချင်နေသောသူ...

"ဘာပြောရမှာလဲ..သားနဲ့ သမီးနေခြည်‌ကို စေ့စပ်ပေးမယ့်ကိစ္စ.."

"ဒီကိစ္စကို နှိုင်းကိုယ်တိုင် အတည်ပြုမယ်ဆိုတာ ပြောထားရက်နဲ့ ၊ပြီးတော့ ဒီကောင်လေးနဲ့ ဘာဆိုင်လို့လဲ..."

လွန်ခဲ့တဲ့ညက မာမီက နှိုင်းကို မနေခြည်နဲ့ စေ့စပ်ပေးဖို့ကိစ္စကို လာပြောတယ်။မာမီ့ဆန္ဒကို နှိုင်း ဥပေက္ခာပြုလိုက်ချင်သော်လည်း အချိန်ဆွဲထားမိတာ။သေချာပေါက် မနေခြည်နဲ့ စေ့စပ်ဖြစ်မှာ မဟုတ်သော်လည်း ၊မာမီကနှိုင်းကို ဦးစွာ နားလာထွင်းသည့် သဘောမျိုးပဲလို့ မှတ်ယူထားမိခဲ့တာ။ခုလို ဝုန်းဒိုင်းကြဲ လာဖြေရှင်းလိမ့်မယ်လို့ နှိုင်းထင်မထား။

သို့သော် ဘာရယ်မသိ ဒီကောင်လေးကိုလဲ စိတ်ပူနေမိခဲ့တာ။မာမီက နှိုင်းတို့အကြောင်းကိုမသိ၍ စိတ်ဒုန်းဒုန်းချလိုက်ချင်သော်လည်း ရတတ်မအေး၊မသိစိတ်ကပဲ ဒီကောင်လေးကို လာထိခိုက်မည်ကို ကျိန်းသေနေသလို။ခုလဲ နှိုင်းလိုက်လာခဲ့တာ ခုလိုတွေဖြစ်မှာဆိုးလို့..။သို့သော် မာမီကရောက်နှင့်ပြီးသား ၊ဖြစ်နှင့်ပြီးသား ဖြစ်နေသည်။မာမီကို မြင်လိုက်ကတည်းက ဒီကောင်လေးကို ပြောဆိုလိုက်မည်ကို သေမတတ်ကြောက်နေခဲ့တာ။

"သားပြောတာကို မစောင့်နိုင်လို့လေ...ပြီးတော့ သားအချိန်ဆွဲနေတာ ဘယ်သူ့ကြောင့်ဆိုတာ မာမီသိတယ် အဲ့ဒါကြောင့် မာမီက အမြန်ဆုံးဖြစ်အောင်  လုပ်လိုက်တာလေ..."

"မာမီ မှားနေပြီထင်တယ်...ဒီကောင်လေးကြောင့်လို့ ဘယ်သူပြောတာလဲ..."

"တို့ ပြောလိုက်တာလေ..."

"ဟင်..မနေခြည်.."

"ဟုတ်တယ်...အန်တီခင်ထားကို တို့ပြောလိုက်တာ ဒါပေမဲ့ ပြောစရာမလိုအောင် အန်တီကသိနေပြီးသား...အဲ့လောက်ထိ သိသာနေတာ.."

နှိုင်းနဲ့ နှိုင်းနောက်ကကောင်လေးကိုကြည့်ပြီး ခနဲ့တဲ့တဲ့ပြောလိုက်သောကြောင့် ဒေါသက ထောင်းခနဲ။နှိုင်းထက် ဒီကောင်လေးကို ပိုဖိပြောနေသလို ၊ဒီကောင်လေးကြောင့် ဒီကိစ္စတွေဖြစ်လာရသလို အပြစ်တင်လိုက်သည့်စကား။

"မနေခြည်က ဘယ်လိုရောက်လာရတာလဲ ပြီးတော့ မနေခြည်နဲ့လဲ မဆိုင်ပါဘူး...ဘာလို့ ၀င်ပါနေသေးလဲ.."

"တို့ကိုယ်တိုင် အန်တီခင်ထားကိုလိုက်ပို့တာ..
ဒီကိစ္စကလဲ တို့နဲ့သိပ်ဆိုင်တာပေါ့ နှိုင်းနဲ့စေ့စပ်မယ့် ကာယကံရှင်ကတို့လေ ဘာလို့မဆိုင်ရမှာလဲ...။နှိုင်းဘေးက ချာတိတ်ကမှ ဘာမှမဆိုင်တာဆို ပိုမှန်မယ်..."

"မနေခြည်...မလွန်လာနဲ့နော် သူနဲ့ဘာမှမဆိုင်ဘူး..ပြီးတော့ မနေခြည်နဲ့ စေ့စပ်ပါ့မယ်လို့ ကျွန်တော် မပြောခဲ့ပါဘူး..မနေခြည်မှာ ဘယ်သူ့ကိုမှပြောဆိုပိုင်ခွင့်မရှိဘူး.."

"...."

နှိုင်းက အမှန်တွေပြောလိုက်လို့ထင်သည်။မနေခြည်က မီးကိုရေနဲ့ငြိမ်းလိုက်သလို တိခနဲ ပြတ်သွားသည်။အမှန်ဆို နှိုင်းကမနေခြည်နဲ့အစထဲက အဆင်ပြေသည့်ထဲသိပ်ပါတာမဟုတ်။
စေ့စပ်မည့် ကိစ္စကိုလဲ အာမခံထားခြင်းမျိုးမရှိ၍ နှိုင်းအတွက်က တာ၀န်မရှိ။

ဒါ မာမီအတွေးတစ်ခုတည်း။ယုတ်စွအဆုံး ဒယ်ဒီတောင် သိမည်မထင်။

"ဒါဆို သားက မာမီပြောတာကို သဘောမတူဘူးလို့ပြောလိုက်တာလား၊ဒီကိစ္စကို မာမီစီစဉ်ထားသလို ဘယ်တော့မှဖြစ်မလာတော့ဘူးလို့ ပြောချင်တာလား..ဟင် သား"

"..."

"ပြောလေ သား
မာမီ့ကို ပြောလေ ..."

"နှိုင်း တောင်းပန်ပါတယ်.."

"ဘာလို့တောင်းပန်နေရပြန်တာလဲ...မာမီကို ပုန်ကန်တော့မလို့ တောင်းပန်ပါတယ်ဆိုပြီး အစပျိုး အသနားခံနေတာလား..."

"နှိုင်း မာမီ့ကို ပုန်ကန်တာမဟုတ်ရပါဘူး...နှိုင်း ဒီကိစ္စတစ်ခုတည်းကို မလိုက်လျောပေးနိုင်ရုံပါ...
နှိုင်းတစ်ဘ၀လုံးအတွက်မို့ ဒီလောက်တော့ ဆုံးဖြတ်ပိုင်ခွင့် ပေးပါ.."

"မာမီပြောသလို မဖြစ်တာ ပုန်ကန်တာမဟုတ်လို့ ဘာလဲ ။သမီးနေခြည်ကို သဘောမကျလို့လား
ဒါမှမဟုတ် ဘာကြောင့်များလဲ ....မောင်လက်ရုံးကြောင့်လား.."

"နှိုင်း.."

"ပြောလေ သား.."

"နှိုင်း ဒီကောင်လေးကို ချစ်တယ် "

"ဟင်..."

ဒီလူ ခု လက်ရုံးကို ချစ်တယ်လို့ပြောလိုက်တာပါလား။ပြီးတော့ အန်တီခင်ထားရှေ့မှာလေ...ကျွန်တော်ဖြင့်မယုံနိုင်။အသဲအသန် အဖြေတောင်းစဉ်က မရနိုင်တော့ဘူးထင်ပြီး စိုးရိမ်စိတ်လေး၀င်မိခဲ့သေးတာ။

"နှိုင်း...ဘာပြောလိုက်တယ်.."

"မနေခြည်ကြားလိုက်တာ အမှန်ပါပဲ.."

"ဘာ..."

"သား...မင်းဘာပြောလိုက်တယ်ဆိုတာ သိရဲ့လား...သားစကားတွေက မဖြစ်နိုင်ဘူးဆိုတာ သိရဲ့လား။သား ဘာတွေလုပ်နေတယ်ဆိုတာကိုရော သိရဲ့လားဟင်..."

"နှိုင်း သိပါတယ် မာမီ။ နှိုင်း တောင်းပန်ပါတယ်"

နှိုင်း လုပ်နေမိတာ နှိုင်းအဖြစ်ချင်ဆုံးအရာတွေပါပဲ။နှိုင်းအခြားအရာတွေကို မာမီ့အလိုကျအတိုင်း လုပ်ပေးနိုင်ပေမယ့် ဒီတစ်ခုတော့ နှိုင်းစိတ်တိုင်းကျဖြစ်ခွင့်ပေးပါ။

နှိုင်း ဒီကောင်လေးကို ချစ်တယ်...။
နှိုင်းအတွက်နဲ့ ဒီကောင်လေးကို အထိခိုက်မခံနိုင်လို့ ၊ဒီတစ်ခါတော့ နှိုင်းကပဲ ကာကွယ်ပေးပါရစေ..။နှိုင်းကပဲ ရဲရဲဝံ့ဝံ့ ၀န်ခံပါရစေ...။

"သား...မာမီ့ကို ရင်ကွဲစေချင်နေတာလား။ဒီလိုစကားတွေပြောနေတာက မာမီ့ကို တစ်သတ်လုံး စိတ်မချမ်းသာစေချင်တာလား ဟင်.."

"မဟုတ်ပါဘူး...မာမီ မဟုတ်ပါဘူး
နှိုင်း တောင်းပန်ပါတယ် အဲ့လိုမပြောပါနဲ့.."

နှိုင်းက မာမီ့ကိုထိခိုက်စေတဲ့သူ၊မာမီ့ကို စိတ်မချမ်းသာအောင် လုပ်တဲ့တရားခံလို့ တွေးမိပြန်တော့ မျက်ရည်တွေကအလိုလိုကျလာရတယ်။

မျက်ရည်တွေကြားက တောင်းပန်စကားတွေကို မာမီနားလည်နိုင်ပါ့မလား မသိပေမဲ့ နှိုင်းတတ်နိုင်တာ ဒီတစ်ခုတည်း။

နှိုင်းဘေးက ကောင်လေးကတော့ နှိုင်းလက်တွေကို လာဆုပ်ကိုင်ပြီး အားပေးနေသလို..

ဘာလဲ နှိုင်းမျက်လုံးတွေကို တည့်တည့်ကြည့်ပြီး ခေါင်းခါပြနေတာက နှိုင်းနဲ့ မာမီကို အဆင်ပြေစေချင်လို့ နောက်ဆုတ်ခိုင်းချင်တာလား။

နှိုင်းတို့ သားအမိကြား အတားအဆီးဖြစ်လာမှာကို ကြောက်လို့ နောက်ဆုတ်လိုက်ရမည်လား ။
ဒီတစ်ခါတော့ မိုက်မဲခွင့်ပြုပါ..။နှိုင်းလဲ ဒီကောင်လေးအတွက် တစ်ခါလောက်တော့ စွန့်စားခွင့်ပြုပါ။ဒီကောင်လေးတောင် မာမီ့ဆီမှာ အရူးလို ဒူးထောက်မတတ်တောင်းပန်နေသေးတာပဲ။နှိုင်းကျမှ အဘယ်ကြောင့် လာတားချင်နေရပါသနည်း။

"ဒီမှာ ...ခင်ဗျား "

"မပြောနဲ့..ငါလဲ မင်းကို ကာကွယ်ချင်တယ်..။
ငါလဲ မင်းလောက်နီးပါး စွန့်စားချင်တယ်..။နှစ်ယောက်သွားမဲ့ ခရီးပဲ မင်းတစ်ယောက်တည်း လူစွမ်းကောင်းလုပ်ချင်လို့ ဘယ်ရမလဲ..."

"မဟုတ်ဘူး...ကျွန်တော်ပြောတာ အဲ့လိုမဟုတ်ပါဘူး..."

ကျွန်တော် ဘယ်လိုပြောရမလဲ..။ကျွန်တော့်အတွက်ကြောင့်နဲ့ ဒီလူနဲ့ အန်တီခင်ထားထိခိုက်မှာကို မလိုလားလွန်းလို့ ဘယ်လိုလုပ်ရမလဲ။ခင်ဗျားကိုလဲ သေလောက်အောင် အပိုင်လိုချင်ခဲ့တာ ခုမှဖြစ်ပေါ်လာတဲ့ လိုအင်ဆန္ဒမှ မဟုတ်ပဲ။လွန်ဆွဲပွဲတွေကို မြင်သာမြင်ဖူးခဲ့တာ ၊ခုလို ကိုယ်တိုင် ၀င်ဆွဲရပြန်တော့ သေမတတ်ပဲ။ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကြား ကျွန်တော်က အလူးအလဲပါပဲ..။

"သား...အခြား တစိမ်းတစ်ယောက်အတွက်နဲ့ မာမီ့ကို ဒီလိုဖြစ်စေချင်တာလား..။မာမီ စိတ်ဆင်းရဲနေတာကို မြင်ချင်တာလား..."

"မဟုတ်ပါဘူး နှိုင်းက ဘာလို့ မာမီ့ကို စိတ်ဆင်းရဲစေချင်ရမှာလဲ ...။နှိုင်းက မာမီ စိတ်ချမ်းသာတာကိုပဲ အမြဲမြင်ချင်ခဲ့တာပါ.."

"ဒါဆို သားကပဲ ပြောပေးပါ..။တစ်ခေါက်ထပ်ပြီး မာမီဖြစ်စေချင်တဲ့ စေ့စပ်ပွဲကိစ္စကို အတည်ပြုပေးပါ.."

"...."

"ကျွန်တော်တို့ကို ဒီလိုခက်ခဲအောင် မလုပ်ပါနဲ့လား အန်တီ..။ကျွန်တော် တောင်းပန်ပါတယ်.."

"သားနှိုင်း တစ်ယောက်တည်းကပဲ ဖြေပေးပါ.."

"တောင်းပန်ပါတယ် မာမီ ။နှိုင်းအဖြေက အရင်အတိုင်းပါပဲ..။ဒါပေမဲ့ နှိုင်းကို ဒီလိုမလုပ်ပါနဲ့လား။ နှိုင်း မာမီထိခိုက်မှာကို မလိုလားဘူး..။ဒီတစ်ခါတော့ နှိုင်းကို ခွင့်လွှတ်ပေးပါလား...။နှိုင်းကို မထီမဲ့မြင် မပြုလိုက်ပါနဲ့လား...။နှိုင်း တောင်းပန်ပါတယ်..."

"ရပြီ...ဒီလောက်ဆို မာမီသဘောပေါက်ပြီ ထင်တယ်...သားရွေးချယ်သွားတဲ့လမ်းအတွက် မာမီ မပြောလိုတော့ဘူး..။ မာမီဖြစ်ချင်စေသလို မဖြစ်တာလေးပဲ..။ဒီလိုဆိုလဲ မိခင်တစ်ယောက်အနေနဲ့ ၀မ်းနည်းတာကလွဲ ဘာမှမတတ်နိုင်ဘူး။တစ်ခုတော့ရှိတယ် ...သားနှိုင်း မာမီ့ကိုပြန်လှည့်ကြည့်စရာမလိုတော့ဘူး..."

"ဗျာ...မာမီ အဲ့လိုမလုပ်ပါနဲ့။နှိုင်းကို အဲ့လိုမပြောပါနဲ့နော်...။နှိုင်းကို ထားမသွားပါနဲ့ "

"မာမီ ပြန်မယ်..။သမီးနေခြည်ကိုလဲ တောင်းပန်ပါတယ် အန်တီဂတိပေးခဲ့တာတွေအတွက်...။ခုတော့ ဂတိမတည်နိုင်တော့ဘူး ထင်တယ်"

"ဟို...အန်တီခင်ထား...နေခြည် နားလည်ပါတယ်"

"ခုလိုနားလည်ပေးလို့ သမီးနေခြည်ကို ကျေးဇူးတင်တယ်..."

"မသွားပါနဲ့ ...မာမီ ။နှိုင်း..."

"မာမီ တစ်ယောက်တည်း နေပါရစေ.."

နှိုင်းကို နာကျင်စေမဲ့စကားတွေပဲ ရွေးပြောနေခဲ့ပြီး လှည့်ထွက်သွားတဲ့ မာမီ့ကို နှိုင်း မျက်ရည်တွေနဲ့ လိုက်ခေါ်နေမိခဲ့တယ်။နှိုင်းကို ဒီလိုမျိုး ထားခဲ့မှဖြစ်မှာလား။နှိုင်းကို အမြဲစိတ်ပူပြီး ချစ်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူက ခုလိုမျိုး ဥပေက္ခာပြုနေခြင်းက သေလောက်အောင်နာကျင်ရတယ်ဆိုတာ မာမီမသိခဲ့လို့လား။ဒီတစ်ခါလေး ခွင့်လွှတ်ပေးလို့ မရဘူးလား။နှိုင်း ဒီကောင်လေးကို ချစ်ခြင်းက ဘာတွေများ မှားယွင်းနေခဲ့လို့ လက်မခံနိုင်ရတာလဲ။ခေါင်းတွေအထိ ပူထူနေပြီး တတ်နိုင်တာက ခွင့်လွှတ်ပေးဖို့ တောင်းဆိုခြင်းပဲမို့ ဆက်တိုက်တောင်းခံနေခဲ့တာ။နှိုင်း ရင်တွေလဲ နာလှပြီ။

အဆုံးတော့ ဘယ်သူတွေကန့်ကွက်ကန့်ကွက် နှိုင်းဒီကောင်လေးကိုပဲ ဆက်ချစ်ဖို့ ရွေးချယ်မှာ...။

"နှိုင်း..အဲ့တာ မင်းတို့နှစ်ယောက်ကြောင့် အန်တီခင်ထား ခုလိုဖြစ်သွားခဲ့တာ မင်းတို့နှစ်ယောက်ကြောင့်ဆိုတာ သိလား...နှစ်ယောက်လုံး ဒီလိုလုပ်မှဖြစ်မှာလား..."

"မနေခြည် ခင်ဗျား ပြန်ပါတော့..."

"ပြန်မှာပါ တို့ကလဲ မနေချင်ပါဘူး..."

*******.

# minus-zero
11 October 22

ရေးထားတာလေ သဘောပေါက်ကြရဲ့လားမသိဘူး..ပုံပေါ်ကြမယ်ထင်ပါတယ်‌ ဒီလောက်ပဲရေးတတ်တော့ အားလည်းနာရပါတယ် ..

Continue Reading

You'll Also Like

994K 52.6K 46
12.12.2021 >>> 1.4.2022
1.8M 135K 50
Both Unicode and Zawgyi start date-11.11.2021 End date-20.2.2022
239K 20.2K 56
[Zawgyi] အချောအလှလေးတွေသဘောကျသောplay boyကြီးမင်းသခင် ရိုးရိုးအေးအေးကြာပန်းဖြူလေးနွေဦးငယ် Both Zawgyi and Unicode #This story is my first own creation...
198K 12.7K 34
လင်းသုခ ဆိုတဲ့ ကျွန်​​တော့်​ရဲ့ ဘဝမှာ ကျွန်​​တော့်အသက်တမျှ​​ချစ်​ရတဲ့ အချစ်​ရဆုံးလူသားတစ်​​ယောက်​ရှိခဲ့ဖူးတယ်​။ ကျွန်​​တော့်​ရဲ့ အရာရာတိုင်းကို သူလ...