မောင့်ရဲ့နှိုင်း (သို့မဟုတ်)န...

De Minus-Zero

595K 22.8K 468

"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး" Mai multe

မောင့်ရဲ့နှိုင်း(သို့မဟုတ်)နှိုင်းတုမမှီ
1
1(Zawgyi)
2
2(Zawgyi)
3
3(Zawgyi)
4
4(Zawgyi)
To My A Little Readers ❤️
5
5(Zawgyi)
6
6(Zawgyi)
7
7(Zawgyi)
8
8(Zawgyi)
9
9(Zawgyi)
10
10(Zawgyi)
11
11(Zawgyi)
12
12(Zawgyi)
13
13(Zawgyi)
14
14(Zawgyi )
15
15(Zawgyi)
16
16(Zawgyi)
17
17(Zawgyi )
18
18(Zawgyi)
19
19(Zawgyi)
20
20(Zawgyi)
21
21(Zawgyi)
22
22(Zawgyi)
23
23(Zawgyi)
24
24(Zawgyi)
25(Zawgyi)
26( Part-1)
26(Part -2)
27
26 Part-1(Zawgyi)
26 Part -2 (Zawgyi)
27 (Zawgyi)
28
28(Zawgyi )
29
29(Zawgyi)
30
30(Zawgyi )
31
31(Zawgyi )
31 (Part-2)
31 Part-2(Zawgyi )
32
32 (Zawgyi )
32 (Part 2)
32 Part2 ( Zawgyi )
33
33(Zawgyi)
33(Part_2)
33 Part-2 (Zawgyi)
34
34(Zawgyi )
34(Part 2)
34 Part -2(Zawgyi )
35
35(Zawgyi )
36
36(Zawgyi )
37
37(Zawgyi )
FINAL PART
FINAL PART (Zawgyi )
Physical Book 📖
Book Details ✨

25

9K 367 15
De Minus-Zero

"ဟေ့ရောင် မောင်လွင် မင်းသူဌေးကိုအမှန်တိုင်းပြောလိုက်လေ.. မင်းတော့ကွာ မင်းတို့လုပ်လိုက်တဲ့ကိစ္စကိုအသေးလေး ထင်နေတာလား"

"ကိုဘလှရာ...ကျုပ်တကယ်မပြောရဲလို့ပါ..ပြီးတော့လုပ်ချင်လို့လုပ်တာမဟုတ်ပါဘူးဗျာ ကျုပ်ကိုခွင့်လွှတ်ပါဗျာ..."

"ဒီမှာမောင်လွင် မင်းကိုငါ့အလုပ်သမားဆိုပြီး ငါကိုယ်တိုင်စစ်မေးနေတာ မဟုတ်ရင်ရဲလက်တစ်ခါထဲ အပ်လိုက်ပြီ နားလည်လား... "

"သူဌေး ကျုပ်နောက်မလုပ်တော့ပါဘူးဗျာ ကျုပ်ပြောလိုက်ရင် ကျုပ်ကိုသတ်လိမ့်မယ်ဗျ..."

"ဟေ့ရောင် ...အမှန်အတိုင်းမပြောရင် ငါအရင်သတ်မိတော့မယ်.."

စီစီတီဗွီမှတ်တမ်းအရ လုပ်ကြံသူကို မမြင်ရသော်လည်း လုပ်ကြံသူနှင့် ပူးပေါင်းကြံစည်သူဖြစ်သည့် မောင်လွင်ကိုခေါ်ပြီး စစ်မေးနေခြင်းဖြစ်သည်။ရဲလက်တစ်ခါထဲ အပ်လိုက်လျှင် ကိစ္စအေးပါသော်လည်း နောက်ကွယ်ကကြိုးကိုင်သူကို ကိုင်တိုင်စစ်မေးလိုသောကြောင့် မေးနေခြင်းဖြစ်သည်။ဒါကို မောင်လွင်က ဘူးခံငြင်းနေ၍ ကိုဘလှပင် လုံး၀စိတ်ရှည်တော့တာမဟုတ်။ဦးမာန်ရှိန်ကိုယ်တိုင်လည်း ‌ဒီကိစ္စကျူးလွန်သည်ကို လုံး၀သီးမခံနိုင်။ဒါ မောင်လက်ရုံးသာကံမကောင်းလျှင် အသက်ပါသွားနိုင်သည်မဟုတ်ပါလား။သို့သော် ရဲလက်မအပ်ခင် မိမိလက်ထံ ခြေလွန်လက်လွန်မဖြစ်ချင်၍ ထိန်းနေခြင်း။

"ကျုပ်ကိုမသတ်ပါနဲ့ဗျာ...သူဌေး ကျုပ်ကိုခွင့်လွှတ်ပါဗျာ...ကျုပ်မိန်းမရှိသေးတယ်ဗျ ကျုပ်မရှိရင် သူတစ်ယောက်တည်းကျန်နေခဲ့မှာ သနားသောအားဖြင့်ခွင့်လွှတ်ပေးပါဗျာ..ကျုပ်က သူဌေးအလုပ်သမားပဲလေ "

"မင်းကိုမသတ်ဘူး..မင်းကိုထောင်ထဲပို့မှာ အေးတစ်ခုတော့ရှိတယ် မင်းကိုခိုင်းတဲ့သူက ဘယ်သူဆိုတာပြောရင် မင်းအပြစ်တွေလျော့အောင်တော့ လုပ်ပေးလို့ရတယ် မင်းမပြောရင် ငါလဲမတတ်နိုင်ဘူး "

"သူဌေး ကျုပ်ကိုထောင်ထဲလဲ မပို့ပါနဲ့ဗျာ..တောင်းပန်ပါတယ်ဗျာ ကျုပ်နောက်မလုပ်တော့ပါဘူး"

"ဟေ့ရောင်...လုပ်ပြီးမှ တောင်းပန်မနေနဲ့ မင်းအမှန်တိုင်းပြောရင် သူဌေးက မင်းကိုအပြစ်လျှော့ပေးမယ်တဲ့ ပြောလိုက်လေကွာ ဒီကောင်တော့"

"ပြော..ပြော ပြောပါ့မယ်ဗျာ ကျုပ်ကိုတော့ ထောင်ထဲမပို့ကြပါနဲ့ ပိုက်ဆံလိုချင်လို့သာ လုပ်ရတာပါ ကျုပ်တကယ်မလုပ်ချင်ပါဘူး ပြီးတော့ကျုပ်က အခြေအနေကြည့်ပေးရုံလေးတင်ပါ ကျုပ်ကိုယ်တိုင်လုပ်ခဲ့တာလဲ မဟုတ်ရပါဘူးဗျာ.."

"အမှန်တိုင်းပြော ငါ့ဂတိငါတည်တယ်..မင်းကိုထောင်မကျစေရဘူး"

"ဒီလိုပါဗျာ..ကိုမိုးဇော်က ကျုပ်တို့ကိုပိုက်ဆံပေးမယ်တဲ့ အဲ့တာလက်ရုံးတစ်ယောက်တည်းရှိတဲ့ချိန် လုပ်ကြံခိုင်းတာ..ကျုပ်လဲငွေလိုချင်လို့ သူခိုင်းတဲ့အတိုင်းလုပ်မိတာပါ..ကျုပ်ကအခြေအနေကြည့်ပေးရုံဆိုတော့ ကျန်တာမသိတော့ပါဘူးဗျာ ကိုမိုးဇော်က တစ်ခုတော့ပြောတယ် မသေစေနဲ့တဲ့.."

"တောတ်! ဒီကောင်မိုးဇော် ခွေးတောင်ဒီကောင်လောက် ကျေးဇူးမကန်းတတ်လောက်ဘူး အဲ့ကောင်ကများ ရာရာစစ လက်ရုံးကိုလုပ်ကြံရတယ်လို့...ဟေ့ရောင်မောင်လွင် မင်းသိလား သူလက်ရုံးကိုဘာတွေမကျေနပ်သလဲဆိုတာ"

"ဟို..သူပြောတာတော့ လက်ရုံးရှိတော့ အရင်လိုငွေတွေ ဘတ်လို့မရတော့ဘူးတဲ့ သူ့ကိုဆရာကြီးလုပ်လို့ ပညာပေးချင်တာတဲ့ ကျုပ်လဲအဲ့လောက်ပဲ သိပါတယ်ဗျာ.."

"ခွေးမသား! အဲ့ကောင်ဘယ်မှာလဲ ပြောစမ်း "

"ကျုပ်...ကျုပ်မသိပါဘူးဗျာ "

"ဟေ့ရောင် မင်းဘာလို့မသိရမှာလဲ မလိမ်နဲ့ မင်းတို့နှစ်ယောက်လုံး ပုလင်းတူ ဘူးဆို့တွေ ခုပြော အဲ့ကောင်ဘယ်မှာရှိလဲလို့ "

"အရင်ကသိပေမဲ့ ခုတကယ်မသိတော့လို့ပါဗျာ ကျုပ်ကိုလဲ ကိုမိုးဇော်က အရင်လိုအရေးမပေးတော့ပါဘူးဗျာ ကျုပ်တကယ်ဘယ်မှာရှိမှန်း မသိပါဘူး.."

"အေး..မင်းမိန်းမကိုတစ်ယောက်တည်းထားခဲ့ချင်တာလား ထောင်ထဲ၀င်ချင်ရင်မပြောနဲ့..မ၀င်ချင်ရင် မိုးဇော်ဘယ်မှာရှိလဲပြော"

"ဟို..ဟို အဲ့လိုမလုပ်ပါနဲ့ဗျာ ကျုပ်သိထားတဲ့ နေရာတစ်ခုတော့ရှိတယ်...ဒါပေမဲ့ အဲ့မှာအပိုင်ရှိမယ်လို့တော့ အာမ မခံဘူး ကျုပ်အဲ့နေရာကို ပြောပြပါ့မယ်ဗျာ.."

"အေး ...ခုချက်ချင်း သူဌေးကိုပြောပြလိုက်"

"ကိုမိုးဇော်က လောင်းကစားစွဲနေတာ ..သူသွားနေကျ လောင်းကစားရုံကို ကျုပ်ပြောပါ့မယ်"

"ဟေ့ရောင် ...မင်းအမှားကြီးပြောရင် ဘယ်လိုလုပ်မလဲ မင်းပါလိုက်ခဲ့ပြီးပြ မိုးဇော်ကိုတွေ့မှ ငါယုံမယ်"

"ကျုပ် သူဌေးကိုမလိမ်ရဲပါဘူးဗျာ..လိုက်ပြဆိုလဲ လိုက်ပြပါ့မယ်.. "

"ကောင်းပြီလေ ဘလှ၊ မြင့်နိုင် မင်းတို့နှစ်ယောက်ငါနဲ့လိုက်ခဲ့ကြ အောင်ကျော်သွားမယ်..ဒီနေ့ အဲ့လူယုတ်မာကို ရဲလက်အပ်ရမှ ကျေနပ်မယ်..."

"ဟုတ်။ ကျုပ်တို့လိုက်ခဲ့မှာပါ သူဌေး.."

*****
ရပ်ကွက်တစ်ခုအတွင်း ဂိုထောင်ပျက်ပုံစံရှိသော တိုက်အိုကြီးတစ်ခုတွင် စည်ကားနေသော လောင်းကစားရုံ...

အကျင့်ပျက်ခြစားနေကြသူများပီပီ တရားမ၀င်လောင်းကစားကို ကိုယ့်အကျိုးအမြတ်ရလိုသူများက ဒိုင်ခံ၊အကောက်စားသဘောမျိုး ဖွင့်ထားကြခြင်း။ဒါကို သားကောင်များကလည်း ကျော့ကွင်းထဲဇွတ်တိုး၀င်ကြသည် ဆိုသလို ထိုးသားများကအများအပြား။ဒိုင်တွေအတွက်တော့ မြွေကိုအိတ်ထဲထည့် ရိုက်နေကြရသလို ။

ဖဲဝိုင်း ၊ဂျင်ဝိုင်းနှင့် အမျိုးစုံသော လောင်းကစားဝိုင်းများ...

"ဟေ့ရောင် မိုးဇော် အခြေအနေမဟန်ရင် ငါ့ဆီကဆွဲကွာ..အချင်းချင်းတွေပဲ "

"ဟာ ကျုပ်တော်တော်များနေပြီဗျ ဖြစ်ပါ့မလား"

မိုးဇော်တစ်ယောက် လောင်းကစားစွဲပြီးကတည်းက ဘ၀ပင်ပျက်နေပြီဖြစ်သည်။သို့သော် လောင်းကစားကိုမစွန့်ပါပဲ ခုချိန်ထိ နွံထဲနစ်၀င်နေဆဲပင်။

ခုလဲ အချီကြီးဆိုပြီး ဩချလိုက်တာ အရှုံးနှင့်ပက်ပင်းတိုးနေခြင်။

"ဖြစ်ပါတယ်ကွာ ...မင်းရှုံးသွားတဲ့ငွေတွေ ပြန်မလိုချင်ဘူးလား ဒီမှာ မင်း မှတ်ထား ငွေကိုငွေနဲ့ ပြန်မျှားရတယ်ကွ..."

"အေးဗျာ အဲ့လိုဆိုလဲ ချဗျာ "

"ငါ့ကောင်ကြီး ဒီလိုမှပေါ့ ရော့ ကြိုက်သလောက်ယူ အပြည့်နော် "

"ကျေးဇူးပါဗျာ ကျုပ်မွဲနေတဲ့အချိန် ချေးမယ့်ငှားမယ့် ခင်ဗျားရှိနေသေးလို့ တော်သေးတာပေါ့ဗျာ"

"အဲ့စကားတွေမပြောနဲ့ ဘော်ဒါတွေပဲ ချ "

"ဟာ ကိုဘလှ ဟိုမှာ ဟိုမှာ မိုးဇော်မလား"

"အေး ငါလဲမြင်တယ် ဒီကောင်ငါတို့ကို အရင်မြင်သွားလို့ မဖြစ်ဘူး"

မောင်လွင်ခေါ်လာလို့သာ ဒီလိုနေရာမျိုးကိုရောက်လာတာ။ရပ်ကွက်ကြားကနေဖြတ်လာရသည်မှာ အစွန်ရောက်မှတွေ့သည်။လောင်းကစား ဝါသနာမပါလှသော ကိုဘလှတို့အတွက် လောင်းကစားရုံဘယ်လို‌ နေရာမျိုးရှိတတ်မှန်းပင် သိတာမဟုတ်။ကိုယ်ကျင်လည်သည့် နေရာမဟုတ်တော့ ပိုဆိုးသည်။ဒါတောင် မောင်လွင်က သူမလိုက်ရဲတော့ပါဘူးလုပ်နေလို့ ဇွတ်ဆွဲခေါ်လာရခြင်း။

"ဟို...ကိုဘလှ ကျုပ်လိုက်ပို့ပြီးပြီပဲ ပြန်တော့မယ်ဗျာ ကိုမိုးဇော်သာကျုပ်ပြောတာ သိသွားရင် သတ်မှာဗျ..."

"ဟေ့ မင်းအဲ့လိုလုပ်လို့မရဘူး မင်းက မိုးဇော်မဟုတ်ပေမဲ့ မင်းလည်း အပြစ်လုပ်ထားတဲ့ကောင် လွှတ်ပေးလို့မရဘူး..."

"ဟာ...ဟိုကောင် မိုးဇော် ပြေးပြီ ပြေးပြီဗျ"

"ဟာ ဘာလုပ်နေတာလဲ လိုက်လေ ဟေ့ကောင် လာခဲ့ ..."

စကားပြောနေစဉ် မိုးဇော်က မြင်သွားပြီး ပြေးတာဖြစ်သည်။

ထို့ကြောင့် သုံးယောက်သား နောက်ကနေ လိုက်ဖမ်းရပြန်သည်။

"ဟေ့‌ကောင် မိုးဇော် မပြေးနဲ့ "

"ဟေ့ကောင် မပြေးနဲ့လို့"

ဝုန်း!

တိုက်ကြိုတိုက်ကြား ၊လမ်း‌ကျဉ်းကျဉ်းလေးတွေကနေ ပြေးသွားတဲ့ သကောင့်သားမိုးဇော်ကြောင့် ကိုဘလှတို့လဲ ရှေ့ကခံနေတဲ့အရာတွေကြောင့် ခရီးကမပေါက်နိုင်ပေ။ဒီကောင် မိုးဇော် ဘယ်အချိန်ထိ ဒုက္ခပေးမည်လဲ မသိပေ။

"ဟေ့ကောင် ခွေးမသား မပြေးနဲ့ ခုရပ် .."

"အေး မိလို့ကတော့ အသေနော် ..."

အားးး!

"ကိုဘလှ မိုးဇော် လဲသွားပြီဗျ.."

"အေး"

"ခွေးကောင် ခုရပ် ဆက်ပြေးလို့ကတော့
မင်းကို ၀ရမ်းထုတ်ပစ်မယ် ခွေးမသား ...
ဟင် အပြစ်ကရှောင်လို့ရမယ်များ မှတ်နေလား "

"ကိုဘလှ ခင်ဗျားနဲ့ဘာဆိုင်လို့ ကျုပ်ကိုလိုက်ဖမ်းနေတာလဲ‌ဗျ "

ခြေချော်လဲကျပြီး ခြေထောက်နာသွားသောကြောင့် မိုးဇော်ကို မှီသွားတာဖြစ်သည်။လူကလည်း ဘယ်အချိန်တည်းက စုတ်ပြတ်သတ်သောက်စားထားသည်မသိ နံစော်နေပြီး ပြေးတာတောင် လူမသိသူမသိ ကမူးရှုးထိုး။ဒီပုံစံအတိုင်းဆို လောင်ကစားစွဲပြီး အရက်နာကျနေတာပဲ ဖြစ်မည်။

"ဟေ့ကောင် မူးမူးနဲ့ လျှောက်ပြောမနေနဲ့ ငါ့သူဌေးကိစ္စက ငါတို့အလုပ်သမားတွေကိစ္စပဲ သူဌေးခိုင်းတာ လုပ်ပေးတာ မင်းလိုမဟုတ်ဘူး မင်းလိုကောင်ကသာ ကျေးဇူးရှင်လက်ကို ပြန်ကိုက်တဲ့ကောင်..."

"ဟားးး ကိုဘလှ ခင်ဗျားအတော်ရီရတာပဲ...ကျုပ်လုပ်တာ သူဌေးကိုမှ မဟုတ်တာ သူဌေးယောင်ဆောင်နေတဲ့ကောင်ကိုလုပ်တာ ဟိုကောင်လက်ရုံးကို လုပ်တာလေ ဘာတဲ့ အဲ့ကောင် မသေသေးဘူးမလား ကျုပ်ကလဲ သေအောင်လုပ်တာ မဟုတ်ပါဘူး...ကျုပ်ထောင်ထဲမ၀င်ချင်သေးလို့လေ .."

"ဟာ...ဒီခွေးကောင် လူပါး၀လို့ ...ကဲဟာ "

ခွပ်!

ခွပ်!

"တော်တော့ ကိုဘလှ ..အဲ့ကောင်ကို လူလုပ်ပြီး စကားပြောမနေနဲ့ မတန်ဘူး သက်ဆိုင်ရာအပ်မှာပဲဟာ ..ကိုယ်တိုင်ဆုံးမစရာမလိုပါဘူး ခုလိုမြန်မြန်ဆန်ဆန်ဖမ်းမိတာပဲ အေးသွားပြီ "

"မြင့်နိုင် မင်းကပါ ကိုဘလှနောက်ကလိုက်ပြီး..
ငါ့ကိုအာခံတယ်ပေါ့..ငါကမင်းတို့ မန်နေဂျာနော်"

"ငါက အမှန်တရားလုပ်တာ ဟေ့ကောင် ဘယ်သူ့နောက်လိုက်မှ မဟုတ်ဘူး"

"ဟားးး မောင်လွင်မင်းကရော ငါ့ကိုသစ္စာဖောက်တယ်ပေါ့ ဟုတ်လား "

"ဟို..ကျုပ်ကိုခွင့်လွှတ်ပါဗျာ ကိုမိုးဇော် သူဌေးက ကျုပ်ကိုထောင်ထဲထည့်ပစ်မယ် ဆိုလို့ပါ "

"ဟေ့ကောင် ခွေးလိုကောင် ဘယ်သူ့ကိုမှ အပြစ်လိုက်တင်စရာမလိုဘူး မောင်လွင်ရော ၊မင်းရော ကိုယ့်အပြစ်ကိုယ်ခံကျ.."

"မြင့်နိုင် ဒီကောင့်ကို ချုပ်ထား သူဌေးဆီ အရင်ခေါ်သွားရအောင်.."
^

"အောင်ကျော် လိုက်သွားရင်ကောင်းမလား သွားတာကြာနေပြီ မောင်လွင်လိမ်ခေါ်သွားတာများ ဖြစ်နေမလား"

"သူဌေးကိုယ်တိုင်တော့ လိုက်မသွားပါနဲ့ မသင့်တော်ပါဘူး လောင်းကစားဝိုင်းဆိုတော့ ...
ကျွန်တော်လိုက်သွားပေးရမလားဗျ"

"နေနေ ခုဆိုသူတို့လဲ ဘယ်ရောက်နေပြီသိတာမဟုတ်ဘူး ဒီကပဲစောင့်နေလိုက်တော့ "

လောင်းကစားဝိုင်းမလို့ အထဲထိလိုက်မ၀င်သွားရန်ပြောသောကြောင့် ဦးမာန်ရှိန်တစ်ယောက် နေခဲ့တာဖြစ်သည်။

"သူဌေး ‌ဟိုမှာ ရောက်လာကုန်ပြီ ..မိုးဇော်လည်း ပါလာတယ် ဒီကောင်သိပ်အခြေအနေမဟန်လောက်ဘူး ရဲစခန်း တခါတည်းမောင်းရမယ်မလားဗျ"

"အေး တခါထဲမောင်း ဒီကောင် ဒါနဲ့ပဲတန်တယ်"

*********
"ခင်ဗျား ဘယ်သွားမလို့လဲ ကျုပ်ကို အ၀တ်လဲပေးလေ "

"ဘာကို..ဘာလို့လဲပေးရမှာလဲ ကိုယ့်ဘာသာလဲလိုက်လေ လက်ကပြန်ကောင်းနေပြီမလား ဆေးရုံတောင်ဆင်းလာပြီပဲလေ "

"အားး ကျွတ် လက်က သိပ်မကောင်းသေးဘူးလေ လဲပေးမှရမှာ အကျီတောင်မမြှောက်နိုင်ဘူး မြင်လား"

ဒီကောင်လေး ဆရာ၀န်ကတောင် ကောင်းပြီဆိုပြီး ပြန်လွှတ်လိုက်တာဖြစ်သည်။အစောကတောင် သူ့ဟာတွေ သူ့ဘာသာမရွှေ့နေတာ။ခုမှ လက်ကထဖောက်နေပါသည်တဲ့၊မာယာများချက်။နှိုင်းကိုမသိဘူးအထင်နှင့် ထုံးစံအတိုင်း အကျီလေးတစ်ထည်တောင် မမြှောက်နိုင်ဘူးဆိုကာ ဟန်လုပ်ပြနေသေးသည်။

"အဟွင်း ဟန်ဆောင်မနေနဲ့ ငါသိတယ် မင်းလုပ်နိုင်တယ်ဆိုတာ"

"အာ့ဆိုပြော လဲပေးမလား မလဲပေးဘူးလား"

"မ လဲ ပေး ဘူး ရှင်းပြီလား"

နှိုင်းလဲ မလဲပေးနိုင်ကြောင်း တစ်လုံးချင်းပြောလိုက်သည်။ပြီးတော့ ဒီကောင်လေးက အဖြေမြန်မြန်ပေးအောင်ဆိုပြီး လူကိုကလိနေသေးတာ။နှိုင်း ခုထဲက ကြိုတင်ကာကွယ်ထားမှ တော်ကာကျမည်။

"အဟက်..ရတယ်လေ နှိုင်းတုမမှီက ကျုပ်ကို လာစမ်းနေတာပဲ သာသာကြည်ကြည်ပြောတာကို မရဘူး လာထား "

"မင်း မင်း ဘာလုပ်တာလဲ ခုပြန်ချ ငါ့ကို.."

"ဟင့်အင်း မချပေးနိုင်ဘူး "

ဒီကောင်လေးက လုပ်လိုက်ရင် အမြဲလက်မြန်ခြေမြန်။ခုလဲ မပြောမဆို ပွေ့ချီသည်။နှိုင်း မကြိုက်တာမျိုး မဟုတ်သော်လည်း ဒီကောင်လေးဇိုးဇိုးဇွတ်ဇွတ် လုပ်လွန်းလို့ မျက်လုံးပြူးရတာလဲ မနည်းတော့ပြီ။

"မင်း ချပေးလို့ ပြောနေတာ "

နှိုင်းကို သတို့သမီးစတိုင် ပွေ့ချီထားတော့ သူ့ဗလတောင့်တောင့်ကြွက်သားတွေကြားထဲ နှိုင်းက လူးလွန့်နေတဲ့ ငါ့ရံ့လိုလိုဖြစ်နေရသည်။
ခြေထောက်တွေကိုပါ လှုပ်ခါပြီး ချခိုင်းတော့လည်း မရ။

ဒီကောင်လေးအခန်းထဲမို့ ရုတ်တရတ်ဖိုးထောင်များ ၀င်လာပါက မလွယ်။ခုရက်ပိုင်း ဖိုးထောင်ကအလိုလိုနေလျှင်တောင် ဘာတွေသဘောပေါက်နေမှန်းမသိ နှိုင်းဒီကောင်လေးကို ဘာလေးလုပ်ပေးလုပ်ပေး မျက်နှာကြီးက ပြုံးဖြီးနေသည်။ရိုးရိုးပြုံးနေတာမျိုးမဟုတ်ပဲ သူအကုန်သိနေသလိုမျိုး။

"ဆက်ရုန်းနေရင် ဒီပုံစံအတိုင်း တစ်အိမ်လုံးကို ပတ်ရမလား ပြော"

"မင်း...ဘာပြောတယ် ရုန်းမှာပဲ
ခု ငါ့ကိုချပေး "

"ဟင့်အင်း မချပေးနိုင်ပါဘူး "

"အင့်ဟာ...မချ‌ပေးအုံး"

နှိုင်း သူ့ရင်ဘတ်ကြီးကို ထုရိုက်ပစ်တော့...

"ခုဘယ်ကို လာရိုက်နေတာလဲ.."

"ဘယ်ကိုရိုက်ရိုက်ပေါ့ မင်းမှ ငါ့ကိုမချပေးတာ ရိုက်မှာပဲ..."

"ရိုက်ချင်ရိုက်လေ...ဒီရင်ဘတ်ကြီးက ကျုပ်အပိုင်မဟုတ်ဘူး ခင်ဗျားအပိုင် အဲ့ထဲမှာ ခင်ဗျားပဲရှိတာ..."

"မင်းနော် .. "

"ဘာလဲ ဆက်ရိုက်အုံးမလို့လား "

"ချပေးဆိုတော့လဲ မချပေးဘူး ငါကဘယ်လိုလုပ်ရမှာလဲ..ငါ့ကိုတစ်သတ်လုံး ဒီတိုင်း ပွေ့ထားတော့မှာလား မင်းက"

"အင်း တစ်သတ်လုံး ပွေ့ထားချင်တာ.."

ဒီကောင်လေးက နှိုင်းပြောသလိုတကယ် လူလည်လေး။တော်ကီကလဲ ကြွယ်တာမှ တစ်ခါတလေ သတိထားနေတဲ့ကြားက မျောမျောသွားရတာလဲ နှိုင်းအသိ။

"ခုက ဘယ်ကို.."

"ရော့ ဆင်းလို့ရပြီ လဲပေးတော့ "

အ၀တ်ဗီရိုနားအထိ ပွေ့ချီလာပြီးကာမှ  နှိုင်းကိုချပေးသည်။ဒီကောင်လေး မျက်နှာကိုငေးပြီး ဟိုနားသည်နားလေးကို လွင့်မျောလာလိုက်တာ ဘယ်ကိုခေါ်လာသည်ကိုတောင် နှိုင်းမသိတာဖြစ်သည်။

သူ့ကို အကျီလဲပေးဆိုကာ လက်ထဲ အကျီကြီးဇွတ်ထိုးထည့်နေပြန်သည်။

"ကိုယ့်ဘာသာလဲ..."

"ဘာလဲ ကိုယ့်ဘာသာလဲခိုင်းမလို့လား မလဲနိုင်ဘူးနော်...အဖြေမြန်မြန်ပြန်ပေးရင်တော့ မလုပ်ခိုင်းတော့ဘူး "

"မင်းကို ဘယ်သူကပြောလဲ..ဒီလိုလုပ်ရင် အဖြေရတယ်လို့ "

"ကျုပ်ပြောတာလေ ...ခင်ဗျား မပေးမချင်း ဒီလိုပဲ လုပ်နေအုံးမှာ.."

"အရူးကောင်လေး..."

"ခင်ဗျား ကျုပ်ကိုဘာပြောတယ် "

"ဘာမှမပြောဘူး လဲပေးမလို့ ခေါင်းကငုံ့လေ "

"မဟုတ်ဘူး ...ပြောလိုက်ပါတယ် ကျုပ်ကြားလိုက်တယ်လေ"

အဖြေတောင်းနည်းကို အခြားသူတွေတော့မသိ နှိုင်းတော့ လက်လန်ပါသည်။နှိုင်း အဖြေမြန်မြန်ပြန်မပေးရင်တော့ တော်ရုံမလွယ်တာမျိုးတော့ မဖြစ်နိုင် ၊တော်တော်ကြီးကို မလွယ်တော့မှာ။

ဒီကောင်လေး နှိုင်းကို ဒီလိုတွေလုပ်နေတာကို နှိုင်းမျက်လုံးထဲတော့ ခါတိုင်းလိုပဲ ချစ်စရာကောင်းနေခြင်းက အပြည့်။ဒီကောင်လေးရဲ့ အခြားတစ်ဖက်ကိုထွင်းဖောက် မြင်နေရသလို နှိုင်းမှာ သဘောတကျ။ဒီကောင်လေးအကြောင်းကို ပိုသိစရာမလိုဘူး၊နှိုင်း ဒီကောင်လေးဖြစ်နေတာနဲ့တင် အဖြေကရှိပြီးသား။နှိုင်း ဒီလိုတွေလုပ်နေတဲ့ ကောင်လေးကို သဘောကျလွန်းလို့ အဖြေပြန်မပေးရသေးတာလားဟုပင် ကိုယ့်ကိုကိုယ် ထင်မိပါသည်။

***********
#minus-zero
4 October 22

နောက်ကျသွားတာက အရင်တစ်ပိုင်းတင်ပြီးတဲ့ ညထဲက နေမကောင်းဖြစ်ပြီး လိမ့်သွားတာ ဆေးလဲထိုးရတယ် တော်တော်နဲ့မထနိုင်တော့ စာကမရေးဖြစ်လို့ပါ

နောက်နေ့ ပုံမှန်ပြန်ရေးပါ့မယ်နော် 💛

Continuă lectura

O să-ți placă și

2.5M 162K 72
ရင်ထဲမှာရှိမရှိကို... ရင်ထဲကအလိုလိုသိပြီးသားမို့ ... ချစ်သလားလို့ မမေးတော့ဘူး မောင်... အရာအရာတိုင်းက.... မောင့်အလိုကျပါ မောင်ရယ်.... ရင်ထဲမှာရှိမရှိက...
1.8M 135K 50
Both Unicode and Zawgyi start date-11.11.2021 End date-20.2.2022
75.4K 2.2K 5
កូនជាបេះដូង ជាកែវភ្នែក ជីវិតរបស់dadayទាំងពីរ