မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၅၂)

604 90 0
By ma_roses_are_blue

"ဒီမှာ ယောင်ခြောက်ဆယ်လုပ်ပြီး အချိန်ဖြုန်းနေကြတဲ့ ခင်ဗျားတို့တွေကတော့ ဘယ်သိလိမ့်မတုံး ဒါပေမဲ့အငြင်းပွားတဲ့ဧရိယာတစ်ဝိုက်က စစ်ပွဲတွေဆိုရင် အရမ်းကြီးတယ် နေ့ရက်တိုင်းက ထိတ်လန့်ဖွယ်ပဲ ဒါပေမဲ့ အဲ့နေ့က အထူးသဖြင့် ပို ထိတ်လန့်စရာကောင်းတယ် လူအင်အားပိုများတဲ့ ရန်သူဘက် ညလယ်ကြီးတိုက်ခိုက်ကြတာ"

'အမ်'

"ရန်သူတွေ ဆိုးယုတ်တဲ့အသံတွေအော်ပြီး ချီတတ်လာကြတာ ခဏက စစ်ပွဲရှည်ကြောင့် ပင်ပန်းနေတဲ့ ကျွန်တော်တို့ လူတွေလဲ မယ်မယ်ရရပြန်မတိုက်နိုင်တော့ဘူး"

"အား!"

"ဟမ်း!"

နာကျင်နေတဲ့ အော်သံတွေကို ဘေးပတ်ပတ်လည်မှာ ကြားနေရသည်

"ကျွန်တော်တို့နဲ့ ပူးပေါင်းထားသူတွေကလဲ လက်နက်ပြည့်စုံအောင် ထောက်ပံ့မခံထားရတဲ့သူတွေဆိုတော့ မတတ်နိုင်‌ဘူး လက်ဗလာတွေနဲ့ ပြေးရတော့တာပေါ့ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးလိုက်သူက လုရှန်ပေါ့"

"ဓားတချောင်းကို ဆွဲကိုင်ပြီးတော့ ကျွန်တော်တို့ရဲ့မဟာမိတ်တွေကို စု‌စည်းပေးလိုက်တာ အဲ့တာကြောင့် ကျွန်တော်တို့မရှုံးခဲ့တာ"

လုရှန်ကလဲပဲ အခြေအနေက ကောင်းမနေပေ သံချပ်ကာမပါဘဲ အ၀တ်ပါးလေးတစ်ခုကိုသာ၀တ်ဆင်ထားခဲ့သည် ရှပ်အင်္ကျီပေါ်က ကြယ်သီးတွေကလဲ ပြုတ်ထွက်နေခဲ့သည် မသပ်မရပ်ပုံစံပေါက်နေတဲ့ လုရှန်က ဓား‌တချောင်းကို လက်ကကိုင်ထားခဲ့သည် သို့သော်လည်း လုရှန်က သတ္တိရှိစွာ ရန်သူတွေဆီ ပြေးသွားလိုက်သည် သူ ဓားကို လွှဲရမ်းလိုက်ပြီး ရန်သူတွေကို ကြုံသလို ဖြတ်ခုတ်ခဲ့သည် ထိုအခြင်းအရာက ရန်သူတွေရဲ့အရှိန်ကို ‌လှုပ်ရှားစေခဲ့သည်

"စစ်ပွဲဇုန်ထဲမှာ ကျွန်တော်နေတာအတော်ကြာခဲ့ပြီဆိုပေမဲ့ အဲ့လိုမြင်ကွင်းမျိုး မြင်ဖူးတာကတော့ ဒါပထမဆုံးအကြိမ်ပဲ လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး လူသားများစွာကိုသတ်နိုင်ရတာလဲဆိုတာကို ယုံတောင်မယုံနိုင်ခဲ့ဘူး"

ခွန်းရဲ့ ဇာတ်လမ်းကို နားထောင်နေတဲ့ အမျိုးသမီးတွေနှင့် သူမအဖေတို့ တံတွေးတွေပင်မြိုချနေကြသည် စစ်ပွဲကို ကိုယ်တွေ့မကြုံဖူးသူတွေအတွက် ခြောက်ခြားစရာ ဇာတ်လမ်းပင်

သူမအဖေ စိတ်လှုပ်ရှားစွာနှင့်ခေါင်းညိမ့်ကာ
"ထင်တဲ့အတိုင်းပဲ အရှင်ကာဒီယမ်က အင်ပါယာရဲ့ အသန်မာဆုံး စစ်သည်ပဲ"

သူမအဖေဘေးနားက အမျိုးသမီးတွေကလဲ သဘောတူတဲ့အနေနဲ့ခေါင်းညိမ့်လာကြသည်

ဘယ်သူက-ဘာတွေသိနေတာလဲ ဆိုတဲ့ပုံစံနဲ့ ခွန်းက ရီတော့သည်
"အဲ့တာက အဆုံးသတ်မဟုတ်သေးဘူး အဲ့တာပြီးတော့ ဘာဆက်ဖြစ်တယ်ထင်လဲ"

ရန်သူတွေလဲ လုရှန်ရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားကြသည် ရန်သူတွေစိတ်ရှုပ်ထွေးနေတာကို အခွင့်ကောင်းယူပြီး မဟာမိတ်တွေကလဲ ပြန်လည်စုစည်းပြီး တိုက်ပွဲကို ဆက်ခဲ့သည် စိတ်မချမ်းမြေ့ဖွယ်စရာညကြီး ကျော်ဖြတ်ခဲ့ပြီး မနက်ခင်းရောက်လာတော့သည် တောက်ပနေတဲ့ နေက မြင့်လာတော့မှ ရန်သူ‌တွေလဲ နောက်ဆုတ်သွားတော့သည်

သို့သော်လည်း စစ်ပွဲက သူတို့အား တန်ဖိုးတွေဆုံးရှုံးစေသည် ကြမ်းပြင်မှာ လူသေခန္ဓာတွေပြန့်ကျဲနေပြီး စစ်သားတွေကလဲ ဒဏ်ရာပြင်းထန်တာကြောင့် အော်ညီးနေကြသည် ထိုလိုမြင်ကွင်းမျိုးရဲ့အလယ်မှာ ယောကျာ်းတစ်ယောက် မတ်တပ်ရပ်နေခဲ့သည် သွေးတွေနဲ့ ပေကျံနေပြီး လုရှန်က အသက်ကိုပြင်းစွာရှူနေခဲ့သည်
"ကျွန်တော်က လုရှန်စီကို ပထမဆုံးပြေးသွားတဲ့သူပေါ့ သူဒဏ်ရာတွေကိုရှာဖွေပြီး ကုသပေးရမယ်ဆိုပြီးထင်ခဲ့တာ ဒါပေမဲ့"

လုရှန်ခန္ဓာကိုယ်မှာ ဘာအနာဒဏ်ရာမှရှိမနေပေ မသိရင် တခါမှ သွေးတွေလွှမ်းနေတဲ့ စစ်ပွဲထဲတခါမှမရောက်ဖူးသလိုပုံစံနှင့်ပင်

သူမအဖေက တောက်ပလာတဲ့မျက်လုံးတွေနဲ့မေးလာခဲ့သည်
"အရှင်ကာဒီယမ်ကို ဒီလောက်ကြီးမြတ်နေအောင် ဘယ်အရာကများ လုပ်ပေးလိုက်သလဲ ဘာဒဏ်ရာဒဏ်ချက်တွေမှ မရှိတဲ့ အသန်မာဆုံးစစ်သည်တယောက်လေ အရှင်ကာဒီယမ်ဒဏ်ရာရတာ ဘယ်သူမှမမြင်ဖူးကြဘူး"

ခွန်းက ပြောစရာစကားပျောက်သွားသလို နှာခေါင်းကိုရှုံပြလိုက်သည်
"ဟ ခင်ဗျားက အဲ့တာကို ယုံတယ်လား ဒါကြောင့် စစ်ပွဲ‌ကို ဘယ်တော့မှမသွားဖူးတဲ့အထက်တန်းလွှာတွေက အရမ်းကို...
သူက genius ဆိုရင်တောင်မှ မဖြစ်နိုင်ဘူး သူခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ခုတောင်မရဖို့ဆိုတာလေ သူက စစ်ပွဲတွေကို သုံးနှစ်ကြာကြာတိုက်လာတဲ့သူနော် အဲ့တာက ပုံမှန်ပဲလို့ ခင်ဗျားထင်နေတာလား"

ပြောရရင် လုရှန်မှာ ဘာဒဏ်ရာ ဒဏ်ချက်မှမရခြင်းဆိုတဲ့‌အကြောင်းကို တိတ်တိတ်ကလေးဆွေးနွေးနေကြသည်များရှိသည်

စစ်သည်တယောက်ရဲ့ခန္ဓာကိုယ်မှာ ဘယ်လိုလုပ်ပြီး ဒဏ်ရာတစ်ခုတောင် မရှိနိုင်ရတာလဲ?

တစ်ခုထဲသောဖြေရှင်းချက်ကတော့ သူကကျိန်စာသင့်နေလို့ဖြစ်ရမယ်ဆိုတာပင် သူက နတ်ဆိုးတယောက်နဲ့စာချုပ်တစ်ခုချုပ်ထားတာဖြစ်သည် ဒီသီအိုရီကိုတော့ လူတိုင်းက ငြင်းဆန်ကြသည်

ဒါပေမဲ့ ဘယ်သူကမှ နောက်ကွယ်မှာပြန်မပြောရဲကြဘူးလေ

လုရှန်က အင်ပါယာရဲ့ အကြီးမြတ်ဆုံး Heroဖြစ်လေသည်

သို့သော်လည့် ခွန်းက ဒီလိုအထိမခံတဲ့ ခေါင်းစဉ်ကြီးကို တုံ့ဆိုင်းခြင်းမရှိပဲပြောချလာသည်
"ကာဒီယမ်က မကောင်းဆိုးဝါးတကောင်ပဲ"

ခွန်းကဆက်ပြောလာသည်
"အနီရောင်မျက်လုံးတွေနဲ့လူတွေက နတ်ဆိုးတွေဆိုတဲ့ အယူသည်းတဲ့အကြောင်းမျိုး ကျွန်တော်ပြောနေတာမဟုတ်ဘူးနော် ကျွန်တော်ပြောနေတာက သူက လူတွေထက်ကျော်လွန်နေတဲ့ စွမ်းအားတွေနဲ့ လုံး၀ကို မကောင်းဆိုးဝါးတစ်ကောင်ပဲ"

အသံတိတ်အေးစက်‌မှုတစ်ခုက ဟောခန်းမထဲ၌ ‌ရောက်ရှိလာခဲ့သည်

တစ်ချို့ကတော့ ခွန်းနဲ့အတူ သဘောတူနေပြီး တချို့ကတော့ ရှုပ်ထွေးနေတုန်းပင်

ပြီးတော့ တစ်စုံတစ်ယောက်ကတော့....

"ရှင်အခုလေးတင် ပြောလိုက်တာတွေကို ပြန်ရုပ်သိမ်းလိုက်ပါ"
သူမ စိတ်တိုမှု ပမာဏ အတော်ကြီးကြီးကို ခံစားလိုက်ရသည်

သူမ ခွန်းအနားချဉ်းကပ်သွားလိုက်ပြီး သူကိုစိုက်ကြည့်လိုက်သည် ခွန်းကလဲ သူမကိုပြန်ကြည့်နေပြီး မျက်လုံးတွေကို မှေးပြီး ကြည့်နေခဲ့သည်
"မင်းကဘယ်သူလဲ? အာ မင်းက ကာဒီယမ်ရဲ့ ဇနီးလောင်းပဲ မင်းက မင်းရဲ့ရုပ်ဆိုးတဲ့မျက်နှာကြီးနဲ့ ဒီနေရာကို တကယ်လာရဲတာပဲ"

သူ့ရဲ့ ထေ့ငေါ့တဲ့မှတ်ချက်တွေက သူမနားတွေထဲတောင်ရောက်မလာပေ အရေးကြီးဆုံးအရာအားလုံးက သူ မှိုချိုးမှစ်ချိုးပြောလိုက်တဲ့ လုရှန်က မကောင်းဆိုးဝါးတစ်ယောက်ဆိုတာပင်

"စိတ်မရှိရင် ပြန်ရုပ်သိမ်းပေးပါ လုရှန်က မကောင်းဆိုးဝါးတစ်ကောင်ဆိုတာကို"

"ငါကဘာလို့လုပ်ရမှာလဲ"

"ရှင်က စကားအမှားတွေနဲ့ လူတွေကို နေရထိုင်ရခက်အောင်လုပ်နေတာလေ အဲ့တာက ရိုင်းစိုင်းတယ်လို့ ရှင်မထင်ဘူးလား"

ခွန်းက နှာခေါင်းသေးသေးလေးရှုံးပြရင်း ပြောလာခဲ့သည်

"လုံး၀မလုပ်နိုင်ဘူး ထူးဆန်းတဲ့လူတွေကို မကောင်းဆိုးဝါးလို့ခေါ်ကြတယ် ပြီးတော့ လုရှန်ရဲ့ စွမ်းရည်က ကို့ရိုးကားယားနိုင်တယ် ငါပြောခဲ့တာတွေအားလုံးက အမှန်တရားတွေပေါ်မှာပဲ အခြေခံထားတာမလို့ အမှားကင်းတယ်လို့ ငါထင်တယ်"

'ဝိုး ငါဒီလိုမျိုးဒေါသထွက်သလိုမျိုးခံစားဖူးတာ အတော်ကြာခဲ့ပြီပဲ'

သူပုံစံက "ငါက အမှန်တရားတွေပဲပြောတာ ဒါကြောင့် ငါတစ်ခုမှမမှားဘူး"ဆိုတဲ့ မောက်မာတဲ့ကားလစ်စိတ်ထားနှင့်တူနေလေသည်

ဒီလိုကောင်စားမျိုးတွေကို ဘယ်လို‌ကိုင်တွယ်ရမလဲဆိုတာ သူမကောင်းကောင်းသိလေသည်

"ဒါဆို အမှန်တရားတွေအပေါ်မူတည်နေတဲ့ တစ်စုံတစ်ခုကိုပြောတာမျိုးက ရိုင်းတာ လုံး၀မဟုတ်ဘူးပေါ့ အဲ့လိုလား"

"ဟုတ်တယ်"

ခွန်းက ‌လက်ပိုက်ပြီး ခေါင်းညိမ့်ပြလေသည်

သူက တစုံတယောက်ရဲ့ သတို့သားလောင်းကို မကောင်းဆိုးဝါးတကောင်လို့ခေါ်လိုက်တဲ့ အတော်လေးအရှက်မရှိတဲ့ လူတယောက်ပင်

ထိုအခြေအနေနဲ့ပတ်သတ်ပြီး ခံစားချက်မကောင်းသလိုခံစားရပြီး သူမအဖေက သူမကို ဆွဲခေါ်သွားလေသည်
"ရပ် ရပ်တော့ ပါနေးရား အရှင်ခွန်းက မကောင်းတာတစ်ခုခုကို ရည်ရွယ်တာမဟုတ်ပါဘူး"

တချို့သော အမျိုးသမီးငယ်လေးတွေကလဲ စိတ်ပူသောမျက်နှာတွေနှင့်သူမကိုကြည့်နေခဲ့သည် အကွာအဝေးတစ်ခုကနေပြီး သူမအား ဖြူဖျော့နေသောအသားရောင်နှင့်ကြည့်နေသော ဧကရီဘွားတော်ကိုလဲ မြင်လိုက်သည်

သူမသိသည်

ဒီနေရာမှာ ခွန်းကိုရန်စနေတာက ဧကရာဇ်နဲ့ ဧကရီတို့ကိုလဲ အကျိုးသတ်ရောက်လိမ့်သည်

ဒါပေမဲ့ သူမ တစ်ခုခုတော့ပြောလိုက်ရမှဖြစ်မည်
'ဘယ်လိုလုပ်ပြီးတော့များ ငါ့ကောင်လေးကို မကောင်းဆိုးဝါး‌တကောင်လိုများ ခေါ်ရဲရတာလဲ'

သူမ သူ့ကိုခွင့်မလွှတ်နိုင်ပေ

"အရှင်ခွန်း"

သူမ ခွန်းကိုပြုံးပြလိုက်သည်

ဒါက "သူမ သေချာပေါက် ပြုံးနေပေမဲ့ သူမပုံစံက အလွန်ကိုစိတ်တိုနေတယ်" ဆိုတဲ့ အထက်တန်းလွှာအမျိုးသမီးတွေရဲ့ ကျွမ်းကျင်မှုတွေထဲက တစ်ခုပင်

"ဘာလဲ"

ခွန်းက သူမကို ရန်စချင်သလိုပုံစံနှင့် သူမနဲ့ အကြည့်ချင်းဆုံလိုက်သည်

ဒါကို ထောက်ပြဖို့ သူမ မရည်ရွယ်ခဲ့ပေမဲ့ သူက သူမကိုစိန်ခေါ်နေမှတော့ မတတ်နိုင်ဘူးလေ

သူမလဲရွေးချယ်စရာမရှိဘူးဆိုပေမဲ့ ရိုင်းပြစွာနဲ့ ပြန်တုံ့ပြန်လိုက်သည်
သူမပါးစပ်ကို ဖြေးညှင်းစွာဖွင့်ပြီး

"ရှင်.. ရှင့်ရဲ့ eyeliner က.... ညီလဲ မညီဘူး"

“……!”

ခွန်းမျက်လုံးတွေပြူးသွားတော့သည်

'အောင်မြင်!'
* * *

သူမအဖေက ငိုတော့သည်
"ဝါးး ငါတို့မိသားစုတော့ သွားပြီ ငါဖြင့်ယုံတောင်မယုံနိုင်ဘူး "ရှင်ရဲ့eyelinerက ညီလဲမညီဖူး"ဆိုတဲ့ စကားကြောင့် နှစ်၃၀၀သက်တမ်းရှိတဲ့ ငါတို့မိသားစုလေး ပျောက်ကွယ်သွားရတော့မယ် ငါကတော့ ‌ရှေးဘိုးဘေးတွေနဲ့မျက်နှာချင်းဆိုင်ရမှာတောင် အရမ်းရှက်တယ် မဟုတ်ဘူး ငါ အခုမသေချင်သေးဘူး ပါနေးရား ငါတို့ထုပ်ပိုးပြီး ထွက်ပြေးကြမလား" (lmao)

ငိုခြင်းချနေတဲ့သူမအဖေရဲ့ကျောကို ပုတ်ပေးလိုက်သည်
"အဖေရယ် မငိုပါနဲ့တော့ သမီးတို့ သေရမယ်လို့ အဖေတကယ်ထင်နေတာလား"

သူမအဖေက ပြန်အော်လေသည်
"အဲ့တာဆို ဘာဆက်ဖြစ်မှာလဲ မင်းပြောလိုက်တုန်းက အရှင်ခွန်းပုံစံက ဖြူဖျော့ပြီး ကပွဲခန်းမထဲကထွက်သွားတာလေ ဧကရီဘွားတော်ကလဲ အရမ်းအံဩသွားပြီး ခွန်းနောက်ကို ကမန်းကတန်းလိုက်သွားတာလေ"

ထိုကဲ့သိုဖြစ်သွားပြီး ကပွဲက ရုတ်တရက်ကြီး ရပ်တန့်သွားတော့သည်

ခွန်းနောက်ကိုလိုက်သွားတဲ့ ဧကရီဘွားတော်ကတော့ ဘာစကားမှမပြောခဲ့ပေမဲ့ ကပွဲခန်းမထဲက လူတိုင်းက သူမနှင့် သူမအဖေအား တူညီသောအတွေးနှင့်ကြည့်နေကြသည်

သူမတို့နှစ်ယောက်လုံး မကြာခင်သေဒဏ်ပေးခံရတော့မယ်ဆိုတဲ့ အတွေးပင် (ငါနှယ်ရီသေ)

'သူတို့အဲ့လိုတွေးတာလဲ ဖြစ်သင့်ပါတယ်'

ဧကရာဇ်ရဲ့အသက်ကို ကိုင်ထားသူခွန်းက မကျေမနပ်ဖြစ်သွားတာလေ

ခွန်းကသာ ဧကရာဇ်ကို ဆက်ပြီးမကုသတော့ဘူး ပြောလာရင် ဒီသားအဖအတွဲတော့ အဆင့်မြင့်အပြစ်သားတွေဖြစ်လာကြမည်

ကပွဲခန်းမထဲက ထွက်လာကထဲက သူမအဖေငိုရှိုက်နေတော့သည် မိသားစုအတွက် အရင်ကမဖြစ်ဖူးသေးတဲ့ကပ်ဆိုက်ကာလဖြစ်လာတော့မယ်လို့တွေးရင်းနှင့်ပင်

ရိုးရိုးရှင်းရှင်း သိချင်စိတ်ပြင်းပြလို့ ကပွဲကိုလာတဲ့ သူမအဖေကို ပြဿနာတွေများစွာထဲ ဆွဲထည့်မိသလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိသည်

ဒါပေမဲ့ သူမနောင်တ မရပေ

တစ်စုံတစ်ယောက်က လုရှန်ကိုမကောင်းဆိုးဝါးလို့ ခေါ်တာ မြင်ရတာက ၀မ်းနည်းမိသည်

ကလေးဘ၀ကထဲက သူ့ကို ခေါ်ခဲ့တဲ့ စကားလုံး

သူ စစ်မှန်တဲ့ ကြိုးစားမှုတွေကြောင့် စစ်သည်တယောက်ဖြစ်လာခဲ့သည် သူ့အသက်ကို အင်ပါယာအတွက်ရင်းခဲ့သည် စစ်ပွဲနိုင်ပြီး ပြန်လာတာတောင်မှ လူတွေက သူ့ကို ထိုသို့ခေါ်နေကြသေးသည်

ခွန်း၌ လုရှန်အား မကောင်းဆိုးဝါးလို့ ခေါ်ရအောင် စိတ်ထင့်စရာဘာတစ်ခုမှမရှိပေ

'ငါ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး'

ဧကရာဇ်ကလာပြီး ဒူးထောက်တောင်းပန်ဖို့ပြောလာရင်တောင့် သူမ ဘယ်တော့မှလုပ်မည်မဟုတ်ပေ

လုရှန်က စိတ်ထဲရောက်လာတော့သည်
သူမ လုရှန်ဆီ ခုချက်ချင်းသွားလိုက်ပြီး အရာအားလုံးကိုပြောပြလိုက်ချင်သည် ထို‌အကြောင်းကို လူတိုင်းအား ပြောပြရဲသည့် ခွန်းကို ကန်ထုတ်ပစ်ဖို့ သူ့ကိုပြောပစ်ချင်သည်

တခြားတစ်ဖက်မှာတော့ ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို သူ့အားမသိစေချင်ပင် အဓိပ္ပာယ်မရှိတဲ့အရာတစ်ခုကြောင့် သူစိတ်တိုတာမျိုး သူမမဖြစ်စေချင်တာကြောင့်ဖြစ်သည်

ညတာအရှည်ကြီးကို ပြီးဆုံးသွားခဲ့ပြီ

နောက်ဆုံးတော့ မျက်နှာအမူအရာမရှိပဲနှင့် နံနက်ခင်းကိုနှုတ်ဆက်လိုက်သည် ထို့နောက် ဧကရာဇ်ရဲ့အစေခံက သူမဆီရောက်လာခဲ့သည်

တညကိုဖြတ်သန်းပြီးနောက် ပိန်ချုံးသွားတဲ့ သူမအဖေက ဖြူဖျော့နေသောမျက်နှာနှင့် အစေခံကို ပိတ်ရပ်ထားသည်
(ပုံမှန်မဟုတ်ပဲ ပိန်ချုံးလာခြင်း သို့မဟုတ် အားနည်းလာခြင်း အထူးသဖြင့် အစားအသောက်ပျက်ခြင်း သို့မဟုတ် ဖျားနာမှုကြောင့်ဖြစ်တတ်သည်)

"ဒီ ဒီကမ္ဘာ‌မှာ စည်းမျဉ်းတွေ ဥပဒေတွေရှိတယ် တစ်စုံတစ်ယောက်ရဲ့ eyeliner ကမညီဘူးဆိုတဲ့စကားကြောင့် လူတယောက်ကို မဖမ်းချုပ်နိုင်ဘူး အရှင်ဧကရာဇ်က ဘယ်လောက်ပဲ စည်းကမ်းကြီးနေပါစေ"

သူအဖေက အမူအရာမဲ့နေတဲ့အစေခံကို အော်ပစ်လိုက်သည်
"မင်း သူ့ကိုခေါ်သွားလို့မရဘူး"

ထိုအချိန်မှာတော့ သူမအပေါ်ထားရှိတဲ့ သူမအဖေရဲ့ အလွန်လေးနက်တဲ့အချစ်ကို ခံစားလိုက်ရသည်

ဧကရာဇ်ရဲ့ဒေါသကို သယ်ဆောင်လာရမည့်အစား အစေခံက ပြောလာခဲ့သည်

"အရှင်ခွန်းက လေဒီပါနေးရားနဲ့ အေးအေးဆေးဆေး စကားပြောဖို့ မျှော်လင့်နေပါတယ်"

အစေခံက ဆက်ပြီးပြောလာတော့သည်
"အခုချက်ချင်း"

ဧကရာဇ်ဆွဲခေါ်သွားတာမျိုး ခံရတာပိုကောင်းလိမ့်မယ်လို့ သူမထင်မိသည်
* * *

'ငါ လျစ်လျှူရှုပြီး အာမခံငွေပေးလိုက်ရမလား'
သူမထိုအကြောင်းတွေးလိုက်ပေမဲ့ ခေါင်းကိုခါပစ်လိုက်သည်

ခွန်းနဲ့ သူမ အချင်းချင်း ပစ်ခတ်ခဲ့တာကြောင့် သူမရဲ့ ဖြူစင်တဲ့အဖေနှင့် ဧကရာဇ်တို့ ပါ၀င်လာခဲ့ရသည်

ဒီနေ့နဲ့တင် အပြီးသတ်လိုက်ရအောင်

အစေခံနှင့် တော်၀င်နန်းတော်ဆီ လိုက်သွားခဲ့သည်

"သူက VIPတယောက်လို အဆက်ဆံခံရတယ်လို့ ငါကြားပါတယ် ဒါပေမဲ့ ဝိုး သူ့အတွက် ဒီလောက်အထိလုပ်ပေးထားတာလား"

တော်၀င်နန်းတော်က မက်မောဖွယ် အရမ်းကောင်းသလောက် နှိုင်းယှဉ်ကြည့်ရင် အရာအားလုံးကို ဖြူဖျော့စွာ အလှဆင်ထားသည် ခွန်းရဲ့အကြိုက်နဲ့တွေ့စေရန် တောက်ပမှုအများဆုံးနှင့်ဖြစ်လေသည်

တချို့ကတော့ ဒါက ဆရာ၀န်တယောက်အတွက်မဟုတ်ပဲ တစ်စုံတစ်ယောက်ရဲ့ အလွန်ချစ်ရသောတိရစ္ဆာန်တကောင်အတွက်ပဲဖြစ်ရမယ် ဆိုသော အတွေးမျိုးပင်ရှိလိမ့်မည်

လမ်းဆက်လျှောက်ပြီးနောက် ပန်းချီကားတွေနှင့်အခန်းထဲကို၀င်လိုက်သည်

ခွန်းက ကျောက်မျက်ရတနာတွေ ဆင်မြန်းထားရင်း အခန်းတစ်ခုထဲ၌ ထိုင်နေခဲ့သည်

ပိုပြီးမျက်စိနောက်စရာကောင်းတဲ့ အ၀တ်အစားတွေနှင့် မနေ့ကထက်ပိုများတဲ့ မိတ်ကပ်တွေနှင့်ပင်

ခွန်းက သူမကို ကြည့်ပြီး တောက်ပစွာပြုံးပြကာ
"ကြိုဆိုပါတယ် ပါနေးရား"

'သူဘာဖြစ်နေတာလဲ'

မနေ့က သူ့ကို မတရား အရှက်ရအောင်လုပ်ခဲ့လူကို သူလုပ်ရမည့်အရာတစ်ခု လုံး၀မဟုတ်ပေ

ခွန်းက တောက်ပစွာပြုံးပြပြီး သူမကို လက်ယက်ခေါ်လိုက်သည်
"လာ ထိုင်! တော်၀င်မြို့တော်ရဲ့ အကျွမ်းကျင်ဆုံး မုန့်လုပ်သူ ပြင်ဆင်ပေးထားတဲ့ refreshment (teaနဲ့ dessertလိုအတွဲမျိုး) တစ်ချို့ရှိတယ်"

သူပြောသလိုပဲ စားပွဲဝိုင်းပေါ်၌ တလက်လက်တောက်ပနေတဲ့ အချိုမုန့်တွေ တဆက်လိုက်ရှိနေလေသည် Whipped cream အတုံးလိုက်အခဲလိုက် အပေါ်မှာအလှဆင်ထားတဲ့ ကိတ်တစ်ပိုင်း ပန်းသီးယိုကို အပေါ်မှာအလှဆင်ထားတဲ့ tartတွေရယ် နှင့် ကြည့်ရုံနဲ့တင် ချိုမြိန်မှုကိုခံစားရအောင်လုပ်နိုင်တဲ့ ချောကလက်တွေလဲ ပါလေသည်

ပုံမှန်အားဖြင့် "ငါ့ရဲ့အဖိုးတန်လေးတွေ"လို့ပြောရင်း စားလိမ့်မည်ဖြစ်ပေမဲ့ အခုတော့ အဲ့လို moodမှာ ရှိမနေပေ

သူမ ခွန်းကိုပြောလိုက်သည်
"ကျွန်မက ကြည့်လိုက်ရင်ဘာမှမဟုတ်ပေမဲ့ လျှာကောင်းကောင်းတစ်ခုတော့ရှိပါတယ်"

"မင်း ဘာကိုဆိုလိုတာလဲ"

"ကျွန်မပြောချင်တာက ဒီကိတ်ထဲမှာသာ အဆိပ်ပါနေခဲ့ရင် တကိုက်ထဲနဲ့တင် ကျွန်မသိနိုင်တယ်လို့လေ"

'ဒါကြောင့် ရှင့်ရဲ့အကြံအစည် အလဟဿဖြစ်သွားမှာပဲ'

Continue Reading

You'll Also Like

1.1M 132K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
102K 5.6K 117
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
3.1M 240K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023