ဘယ်လိုပဲဖြစ်နေပါစေ ထိုယောကျာ်းနှစ်ယောက်က ပါနေးရားမှားယွင်းစရာခံစားနေရတဲ့အပေါ် ဘာသဘောမှမရှိချေအက်စတယ်လာရဲ့လက်တွေက သူမပခုံးပေါ် တင်လိုက်စဉ်မှာပဲ သူမဟာ ထိုယောကျာ်းနှစ်ယောက်ရဲ့ဘုံရန်သူဖြစ်လာလေသည်
အက်စတယ်လာရဲ့ လှပတဲ့လက်တွေက သူမရဲ့သက်တမ်းကို တိုလာစေသလိုပင်────── 〔〕──────
အက်စတယ်လာ သူမအား ပွဲခန်းမရဲ့ ဘေးဘက်ရှိ ဧည့်ခန်းဆီသို့ ခေါ်ဆောင်သွားလေသည်
ထိုအထဲတွင် ဘယ်သူမှမရှိပေ ဒါကြောင့် သူတို့ မျက်နှာချင်းဆိုင် သက်တောင့်သက်သာထိုင်လိုက်ကြသည်
ပါနေးရား မျက်လုံးတွေကို ငေးကြည့်နေတဲ့ အက်စတယ်လာ သူ့မျက်ခုံးတွေကိုနှိမ့်ပြီး ပြောလိုက်သည်
"ကျွန်မတောင်းပန်ပါတယ် မစ်နေးရား ကျွန်မရှင့်ကို ရုတ်တရက်ခေါ်လာလိုက်တော့ ရှင်လန့်သွားတယ်မလား"သူမမအံဩသလိုမခံစားရပေမဲ့ အဲ့အစား သူ့မဘ၀ အခြိမ်းခြောက်ခံနေရသလို ခံစားရလေသည် သူမရဲ့အတွင်းပိုင်းကအတွေးတွေကို ဖော်ပြရင်း ခေါင်းကို တချက်ညိမ့်လိုက်လေသည်
"ဟုတ်တယ်"
အက်စတယ်လာ ပါနေးရားရဲ့အဖြေကြောင့် မျက်နှာ နီမြန်းလာခဲ့လေသည်"ကျွန်မ ရှင့်ကို လက်ဆောင်တစ်ခုပေးချင်တာကြောင့်ပါ ကျွန်မအတွက်တော့ လူများတဲ့နေရာမှာပေးဖို့အတွက်ကျ နည်းနည်း ရှက်ဖို့ကောင်းတယ်"
"လက်ဆောင်တစ်ခုလား?"တခဏကြာပြီးနောက် အက်စတယ်လာ သူမအားအရောင်စုံလိပ်ပြာကလစ်ကလေးပေးလာခဲ့သည် ငွေရောင်ပုလဲတွေကအနည်းငယ်တောက်ပနေသည်
"ဘယ်လိုလဲ ရှင်ကြိုက်ရဲ့လား"
သူမ အက်စတယ်လာစကားကို အပြင်းအထန်ခေါင်းညိတ်လေသည်"လုံး၀ကို ကျွန်မရဲ့စတိုင်ပဲ ဒါပေမဲ့ ရှင်ဘာလို့ကျွန်မကို ရုတ်တရက်ကြီး လက်ဆောင်ထပေးရတာလဲ"
အက်စတယ်လာ ပြုံးလာလေသည် ကလစ်ကလေးကို သူမလက်ထဲကို ထည့်ပေးရင်း သူမကံကြမ္မာကို ခံစားလိုက်ရသလို ပြသရင်း ပြောလာလေသည် "ကျွန်မအားလုံးကိုသိပါတယ် ရှင် ဒီ၀တ်စုံ၀တ်တာက ကျွန်မကြောင့်မလား"
“!!”
YOU ARE READING
မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီး
FantasyThe Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Year 2019 Status in COO 122 Chapters + 32 Side Stories (Complete) This is just a fun translation. if Im wrong something, don't take it seriousl...