အပိုင်း(၇၆)

342 56 4
                                    

ဆူဆမ်က ငိုရှိုက်ရင်း ဆက်ပြောလေသည်
"ရွာခေါင်းဆောင်က ကျွန်မကိုပြောတယ် အသုံးမ၀င်တဲ့ဇာတ်လမ်းကြောင့် သေဆုံးသွားရတဲ့ ဂျွန်ကို မစော်ကားဖို့ အဓိကအချက်က အဲ့ကလေးက ဂျွန်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြဲပစ်တာပဲ ဒါကြောင့် ကျွန်မပါးစပ်ပိတ်နေခဲ့ရတာပါ ပြီးတော့ လူတိုင်းကလဲ သူ့ကို နတ်ဆိုးလို့ပဲ ဆက်တွေးနေခဲ့ကြတယ် ကျွန်မသာ ဒီအကြောင်း မပြောခဲ့ရင် အရာအားလုံးက ပိုလွယ်ကူသွားလိမ့်မှာလေ"

ကလေးက ရက်စက်ကြမ်းကြုတ်တဲ့ မှုခင်းတစ်ခု ကျူးလွန်ခဲ့တဲ့ အမှန်တရားကို မျက်လုံးကွယ်နေသလို နေလိုက်ခြင်းဖြင့် သူမကလဲ ကလေးကိုအကြမ်းဖက်မှုရဲ့ ကြံရာပါဖြစ်ခြင်းကနေ လွတ်မြောက်နိုင်လေသည်

‌ဒါပေမဲ့...

"ကျွန်မ ကလေးရှိလာတဲ့အချိန်ကျတော့ သူ့အကြောင်းကိုပဲ ကျွန်မတွေးမိနေတယ်"

ထိုကလေးမှာ အမေတစ်ယောက်ရှိခဲ့ကြောင်း သူမသိလေသည် သူက အနီရောင်မျက်လုံးတွေနဲ့ မွေးဖွားလာသော်လည်း သူ့အမေကလဲ သူကို ချစ်မယ်ဆိုတာ သေချာပါသည်
သူ့အမေကလဲ ဗိုက်ထဲမှာရှိနေတဲ့ ထိုကလေးအတွက် အရုပ်လုပ်ဖို့ ကြိုးကြိုးစားစားလုပ်ခဲ့မှာပင်
ထိုကလေးကလဲ သူ့အမေကို သတိရမည်ပင်
အချိန်နှောင်းနောင်တတို့ ဆူဆမ်ကို နှိပ်စက်လာလေသည် ဆူဆမ် ငိုပြီးရင်း ငိုနေတာကို ကြည့်ရတာ ရင်ကွဲစရာကောင်းလေသည် နှစ်ပေါင်းများစွာကြာအောင် နှစ်မြုတ်လာတဲ့ နောင်တတွေနဲ့ နေထိုင်ပြီးနောက် သူမခံစားရတဲ့ ပြင်းထန်တဲ့ဝေဒနာကို သူမခံစားနိုင်လေသည်

သို့ပါသော်လည်း အရာအားလုံးကအဆင်ပြေပါတယ်လို့ ဆူဆမ်ကို မပြောနိုင်

'နောက်ဆုံးတော့လဲ ရှင့်ရဲ့ ကိုယ်ပိုင် အကျိုးကြောင့် ဒါမျိုး ပြောနိုင်တာပဲ'

မောင်နှမငယ်‌လေးတွေ သူမတို့ဆီ ချဉ်းကပ်လာတာကြောင့် သူမ ကျယ်ကျယ်မပြောနိုင်ပေ မောင်နှမငယ်လေးတွေက တရေးနိုးမျက်နှာတွေနဲ့ သူမအမေကို ဖက်လေသည်

"အမေ ဘာဖြစ်လို့လဲ ဘာလို့‌ငိုနေတာလဲ"

"မြင့်မြတ်တဲ့မင်းသမီးက အမေ့ကို အနိုင်ကျင့်လို့လား"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now