အပိုင်း(၂၈)

939 124 2
                                    

ကျွန်မဒီနေ့ ဘုရားကျောင်းကို အခုတလောအတွင်း ပထမအကြိမ်သွားဖြစ်ခဲ့တယ် ရက်သတ္တပတ်ရဲ့ပထမဆုံးနေ့ဆို နတ်ဘုရားဆီဆုတောင်းဖို့ ပုံမှန်သွားလေ့ရှိတယ်
အဲ့အချိန်တုန်းကလေ အထက်တန်းဘုန်းတော်ကြီးတွေနဲ့ ဘုန်းတော်ကြီးတွေက ကျွန်မကိုစတွေ့တွေ့ချင်း အဲ့အကြောင်းကို ပြောတော့တာပဲ

"အဲ့ဒါအမှန်ပဲလား သူတော်စင် အိမ်ရှေ့စံမင်းသားရဲ့မွေးနေ့ကပွဲကို တခြားလေဒီတွေထက် တန်ဖိုးကြီးတဲ့၀တ်စုံနဲ့တတ်ရောက်ခဲ့တယ်ဆိုတာလေ"
ကျွန်မ "ဟုတ်တယ်"လို့ဖြေလိုက်တော့ သူတို့က "ဘုရားသခင်"ဆိုပြီး ထအော်ကြတာ သူတို့မျက်နှာတွေကလေ မသိရင် ကမ္ဘာကြီးပျက်စီးသွားသလို ပုံစံတွေနဲ့
ပြီးတော့ သူတို့ကလေ ကျွန်မကို စက်ဝိုင်းတစ်ခုလို ဝိုင်းထားပြီး စတင်ဆုတောင်းတော့တာပဲ
ကျွန်မက နတ်သက်ကြွေသွားတော့မဲ့ နတ်သမီးတစ်ယောက်လို ခံစားလိုက်ရတယ်
သူတို့က ကျွန်မအတွက် အဲ့လိုလုပ်မိတာနဲ့ပတ်သတ်ပြီး ပြန်ဆင်ခြင်သင့်တယ်လို့ ထင်နေကြတာလို့ ကျွန်မတွေးမိတယ် ဒါပေမဲ့ ကံမကောင်းတာက သူတို့ဘ၀တလျှောက်လုံး ထိုလိုမျိုး ကြားနိုင်တော့မှာမဟုတ်ဘူး

ကျွန်မ မှားတာ ဘာတစ်ခုမှမလုပ်ခဲ့ဘူးလေ
ဒါပေမဲ့လည်း ကျွန်မ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတုန်းပဲ
-စိမ်းလန်းသာယာတဲ့နေ့တစ်နေ့၌
အက်စတယ်လာ

အဲ့ အရူးတွေကတော့ သူတို့မှာ ဒီလောက် အင်အားတွေရှိနေရင် လမ်းပေါ်ထွက်ပြီး အမှိုက်ကောက်နေသင့်တာ အဲ့အစားလူတွေကို ကူညီနေသင့်တယ် သူတို့က အင်အားတွေကို မလိုအပ်တဲ့နေရာမှာ သုံးနေတာပဲ
ကျွန်မ‌ကတော့ ငြိမ်းချမ်းတဲ့ နေ့စဉ်ဘ၀လေးရှိခဲ့တယ် ပြောချင်တာက အရှင် ကာဒီယမ်က လက်ဆောင်တွေ ပမာဏကြီးကြီး ထပ်ပို့လိုက်ပြန်ပြီ
မနေ့ကလဲ ‌လှပတဲ့ ဂါ၀န်ကဆယ်စုံ ဖိနပ်က အရံနှစ်ဆယ် ပြီးတော့ ဒီနေ့က လက်၀တ်ရတနာတစ်စုံပို့လိုက်တယ် ငါးခုက ပတ္တမြား, နီလာ, စိန်, မြ, ပြီးတော့ garnetရောပဲ

အရှင်ကာဒီယမ်က ကျွန်မလေ အိမ်ရှေ့စံမင်းသားရဲ့ မွေးနေ့ကပွဲမှာတုန်းက သူတောင်းစားလို ၀တ်ထားတယ်လို့များ ထင်နေတာပဲဖြစ်ရမယ် ဟုတ်ပြီလေ ကျွန်မက သူရဲ့ဇနီးလောင်းတစ်ယောက်အနေနဲ့ လက်ဆောင်တွေကို ပျော်ပျော်ရွှင်ရွှင်လက်ခံရမှာပေါ့
အို ပြီးတော့လဲ အံဩစရာတစ်ခုရှိသေးတယ် ဧကရီဆီကနေ တောင်းပန်စာတစ်ခုရခဲ့တယ် သူမကပြောတယ် အဲ့နေ့ကဖြစ်ခဲ့တာတွေအတွက် စိတ်မကောင်းဘူးတဲ့ ပြီးတော့လဲ လက်ဖက်ရည်တူတူသောက်ဖို့ဖိတ်ချင်တယ်တဲ့

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now