💞 Part - 1 💞
~~~~~~~~~~~~~
"သား"
မေမေ့အသံကြောင့် မအိပ်သေးဘူးလားဆိုသည့်အတွေးဖြင့် ခေါင်းတွေကိုက်နေသည့်အထဲမှ မျက်လုံးဖွင့်ကြည့်မိသေးသည်။
တွေ့ဆုံပွဲတစ်ခုရှိနေ၍ သူနောက်ကျနေခြင်းဖြစ်ကာ နာရီကိုတစ်ချက်လှမ်းကြည့်တော့ ၁၂နာရီခွဲတော့မည်။
မေမေက သူ့ကိုစိတ်မချသလို အကြည့်မျိုးဖြင့် ခေါင်းအစခြေအဆုံး စုန်ချီဆန်ချီကြည့်ပြီး...
"မင်း ဘာဖြစ်နေတာလဲ မဟာ ဒီရက်ပိုင်းထဲအိမ်ပြန်တာတွေ သိပ်နောက်ကျတယ် ဘာလဲ.. ပန်းခက်ဖြာဝေကိုလက်မထပ်ချင်လို့ ဆန္ဒပြနေတာလား"
မေမေ့စကားကြောင့် ပန်းခက်ဖြာဝေဆိုသည့်မိန်းမကို မျက်လုံးထဲတစ်ချက်ပြန်မြင်လာပြီး ထိုမိန်းမသည် ဆံနွယ်ရှည်ရှည်တွေဖြင့် ရိုးရိုးယဥ်ယဥ် ဘာဝတ်ဝတ်လှနေတတ်သော မိန်းကလေး...
ထို့အတူ မျက်လုံးထဲပြန်မြင်လာသည်က ရွှေရောင်ဟိုက်လိုက်ဖောက်ထားသည့် ဆံပင်လေးတွေဖြင့် အမြဲလိုရယ်မောတက်ကြွနေတတ်သော သေးသွယ်ဖြူနုသည့်မျက်နှာလေး...
ရင်ထဲဖျင်းခနဲဖြစ်သွားကာ လက်သီးကျစ်နေအောင် ဆုပ်လိုက်မိရင်း မေမေ့ကိုဘာစကားမှ ပြန်မပြောဖြစ်။
ပန်းခက်ဖြာဝေကို သူလက်ခံခဲ့သည်။
မေမေစီစဥ်ပေးလို့ဆိုတာထက် သူကိုယ်တိုင်ကလက်ခံခဲ့သည့် မိန်းမ။
သို့သော်...
"သား မေမေလုပ်ပေးခဲ့သမျှကို အခုမှလက်မခံချင်တော့သလို လုပ်ပြနေတာလား အထူးသဖြင့် မင်းဒီရက်ပိုင်းခဲမှာ အမူအယာတွေပျက်နေခဲ့တာ ဒါကိုအမေတစ်ယောက်အနေနဲ့ ပြောဆိုဆုံးမဖို့ ညနက်တဲ့အထိ တကူးတကစောင့်နေရတာမျိုး"
"မေမေစောင့်နေရတာကိုတောင်းပန်ပါတယ် မေမေပြောတာတွေကိုလည်း သား နားထောင်ပါတယ် နားမထောင်ခဲ့တာရောရှိဖူးလို့လား"
"နားထောင်တာက နာခံတာမှမဟုတ်ဘဲ ပြီးတော့ မင်းနားထောင်နေတယ်ဆိုတာက မေမေ့စကားကို ဒီဘက်နားကဝင်ပြီး ဟိုဘက်နားက ထွက်သွားတာမျိုး"
"ပန်းခက်ဖြာဝေကို မေမေသဘောကျတယ် လက်ထပ်ဖို့စီစဥ်တာလည်း ကျွန်တော်လက်ခံခဲ့တယ်လေ ဒီ့ထက် ဘယ်လိုများနေပေးရဦးမလဲ"
မေမေ့ရဲ့ဆူချင်သလိုတင်းမာနေသောမျက်နှာက ရုတ်ချဥ်းနူးညံ့သွားပြီး သူ ဘာဖြစ်နေသလဲဟု နားမလည်နိုင်သည့် မျက်လုံးတွေဖြင့်ကြည့်နေဆဲ။
တကယ်ဆို သူဘာဖြစ်နေသလဲ သူ့ကိုယ်သူလည်းနားမလည်...
"သားနဲ့ ခက် အဆင်မပြေတာ တစ်ခုခုရှိနေလို့လား"
သူ ခပ်ငိုင်ငိုင်ဖြစ်သွားကာ တစ်ချက်တော့ငြိမ်သွားမိကာ ခက်က သိပ်လှသည့်မိန်းကလေးလည်း ဖြစ်သလို မာနကြီးသော မိန်းကလေးတစ်ယောက်လည်းဖြစ်သည်။
ပန်းခက်ဖြာဝေဆိုသည့်နာမည်က ဘယ်လိုနာမည်ကျော်သလဲတော့မသိဘဲ သူမနှင့်လက်ထပ်တော့မည်ဆိုတော့ လိုင်းချင်းမတူကြသည့်ကိုယ့်ကိုပါ လူတွေကသတိထားမိလာကြသည်။
ရင်ခုန်ချင်စရာကောင်းအောင် ဆွဲအညှို့နိုင်ဆုံးက ခက်ရဲ့အကြည့်တွေဖြစ်ကာ ခက်ရဲ့ မျက်လုံးတွေဟာ အရောင်တွေထွက်နေသလို လင်းလက်တောက်ပနေတတ်သည်။
ဖျတ်ခနဲမြင်လိုက်တာနှင့် ထိုင်ငေးကြည့်ချင်စရာကောင်းအောင် ဆွဲယူဖမ်းညှို့တတ်သည့်အလှမျိုးမို့ ကြည်ဖူးမြင်ဖူးခဲ့ပေမယ့် မလှဘူး၊ လှတယ်ဆိုသည့် အကြည့်သက်သက်သာရှိခဲ့ပြီး ဒီ့ထက်လည်းမပိုခဲ့...
ကိုယ်မြင်ခဲ့သူဟာ သူမတစ်ယောက်ကိုသာ…
"မေမေ မေးနေတာဖြေဦးလေ သား"
"မပြောတတ်ဘူး မေမေ အဆင်ပြေတယ်ထင်တာပဲ"
"သားရယ် မင်းငြင်းမယ်ဆိုလည်းငြင်းခွင့်ရှိပါတယ် သားသဘောမကျဘူးဆို မေမေက အတင်းမစီစဥ်ချင်ပါဘူး အခုဟာက"
"မေမေ ကျွန်တော်ပြောပြီးပြီပဲ မေမေ့သဘောကျ ဆက်ပြီးစီစဥ်ပါ လက်ထပ်မယ့်ကိစ္စကိုလည်း ကျွန်တော်ပြုံးနေနေ မဲ့နေနေ ဘာဖြစ်နေတာလဲလို့မမေးဘဲ သားလိမ္မာတစ်ယောက်အဖြစ်နာခံလိုက်ရုံနဲ့ပဲ မေမေ ကျေနပ်ပေးပါ"
"ကျေနပ်လို့ရမလား ဒီအိမ်ထောင်မှာမင်းမပျော်ရင်..."
"ပျော်ခြင်း မပျော်ခြင်းကို စီးပွားရေးလုပ်ရတာလောက် ကျွန်တော်စိတ်မဝင်စားဘူး မေမေလည်းနားပါတော့ သားလည်းနားတော့မယ်"
သူ လှည့်ထွက်ခဲ့တော့ ဧည့်ခန်းမှာ မေမေတစ်ယောက်တည်း အသံတိတ်ပြီးကျန်နေခဲ့သည်။
နောက်ဆုတ်၍မရတော့သော ဒီအခြေအနေတွေဟာ သူကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဒါဟာစိတ်ဒဏ်ရာတစ်ခုကို ဖုံးကွယ်ဖို့ကြိုးစားနေမိမှန်း အခုမှသေသေချာချာနားလည်လာသည်။
"ဦး လုပ်ရက်လိုက်တာ ဦး မကောင်းဘူးသိလား"
ငိုချနေသည့်အသံလေးဖြင့် မျက်ရည်တွေပြည့်လာသည့်မျက်လုံးဝိုင်းလေး။
စိတ်ဆိုးလာတိုင်း ဖိကိုက်ခံရသည့် သူ အလွန်မြတ်နိုးခဲ့ရသောနှုတ်ခမ်းလေးတွေ။
စိတ်ဆိုးမာန်ဆိုးဖြင့် သူ့ရင်ဘတ်ကို အားမပါဘဲ ထုနှက်ခဲ့သည့် ဖြူနုနုလက်သီးဆုပ်လေး…
သူ သက်ပြင်းမောကြီးချလိုက်မိချိန်တွင် နားထဲတိုးဝင်လာသည်က သူမ,ကြိုက်ခဲ့သောသီချင်းလေး…
He wanted it comfortable, I wanted that pain
(အဆင်ပြေပြေဖြစ်အောင် သူကြိုးစားနေခဲ့ပေမယ့် နာကျင်ရမယ့်လမ်းကိုပဲ ငါကရွေးခဲ့မိတာ)
He wanted a bride,
(သူက သတို့သမီးဖြစ်စေချင်ခဲ့ပေမယ့်)
I was making my own name chasing that fame,
(ငါက ကိုယ့်လမ်းကိုလျှောက်ပြီး အောင်မြင်မှုနောက်ကိုပဲ လိုက်ခဲ့တာ)
He stayed the same
(သူ့ဘက်ကမပြောင်းလဲခဲ့ပေမယ့်)
All of me changed like midnight
(ငါကတော့ သန်းခေါင်ယံလို ပြောင်းလဲသွားခဲ့တယ်)
💞💞💞💞💞
It came like a postcard
(ပို့စ်ကဒ်တစ်ခုလိုပဲ)
Picture perfect, shiny family. Holiday, peppermint candy
(ပြီးပြည့်စုံတဲ့မိသားစုဓာတ်ပုံလေးရယ်
အားလပ်ရက်တွေရယ် ပူရှိန်းသကြားလုံးတွေရယ်)
But for him it's everyday
(သူ့အတွက်ကတော့ နေ့ရက်တိုင်းပြည့်စုံနေမှာပဲ)
So I peered though a window a deep portal, time travel
(ဒါကြောင့်မို့ ပြတင်းပေါက်ကနေငေးကြည့်ရင်း အတိတ်ကိုပြန်တွေးရင်း အတွေးထဲနစ်မြုတ်သွားတယ်)
All the love we unravel
(ငါတို့ကိုကို ပြိုကွဲစေခဲ့တဲ့အချစ်တွေနဲ့)
And a life I gave away
(ငါလွှင့်ပစ်ခဲ့တဲ့ဘဝတစ်ခုကိုပေါ့)
Cause he was sunshine, I was midnight rain
(သူက နေရောင်ခြည်လိုနွေးထွေးခဲ့ပေမယ့် ငါကတော့ သန်းခေါင်ယံမိုးလိုအေးစက်ခဲ့တာ)
He wanted it comfortable, I wanted that pain
(အဆင်ပြေပြေဖြစ်အောင် သူကြိုးစားနေခဲ့ပေမယ့် နာကျင်ရမယ့်လမ်းကိုပဲ ငါကရွေးခဲ့မိတာ)
He wanted a bride,
(သူက သတို့သမီးဖြစ်စေချင်ခဲ့ပေမယ့်)
I was making my own name chasing that fame,
(ငါက ကိုယ့်လမ်းကိုလျှောက်ပြီး အောင်မြင်မှုနောက်ကိုပဲ လိုက်ခဲ့တာ)
He stayed the same
(သူ့ဘက်ကမပြောင်းလဲခဲ့ပေမယ့်)
All of me changed like midnight
(ငါကတော့ သန်းခေါင်ယံလို ပြောင်းလဲသွားခဲ့တယ်)
"မ, နင်ငိုနေပြန်ပြီလား"
တံခါးခေါက်သံနှင့်အတူ Seaအသံကြားလိုက်ပေမယ့် ကိုင်းသည် မှန်ပြတင်းမှာကပ်ငြိနေသော မိုးရေစက်လေတွေကိုငေးရင်း ပြန်မဖြေဘဲငြိမ်နေမိသည်။
အပြင်မှာငိုမနေခဲ့ပေမယ့် သူမရင်ထဲမှာတော့ အလွမ်းမိုးတွေက အချိန်မှန်ငိုတတ်စမြဲဖြစ်သည်။
"မ"
လက်ထဲကစီးကရက်ကိုဆွဲယူလိုက်ပေမယ့် ကိုင်းအမူအယာပျက်မသွားဘဲ မိုးစက်တွေကိုသာကြည့်နေမိဆဲ။
ထိုမိုးရေစက်တွေသည် ကိုင်းကိုယ်တိုင်ဖြစ်နေခဲ့သည်။
တစ်ချိန်ကအားလုံး၏အမြင့်မှာရှိခဲ့ပြီး ရွာကျလာတော့လည်း အေးစက်ခဲ့သလို မြေပြင်ပေါ်မှာလည်းအကြာကြီးမနေတတ်…
"မအိပ်သေးဘူးလား"
ကိုင်း ခေါင်းကိုသာခါပြလိုက်မိသည်။
စီးကရက်ဘူးကိုလက်လှမ်းလိုက်သည်နှင့် Seaက လက်ကိုဖမ်းဆွဲပစ်လိုက်၍ ဒေါသဖြစ်သွားမိကာ ဆောင့်ရုန်းပစ်လိုက်သည်။
တစ်ဆက်တည်းမှာပင် Seaရင်ဘတ်ကိုဆောင့်တွန်းပစ်လိုက်ကာ…
"ငါလုပ်ချင်တာငါလုပ်မယ် ဘယ်သူမှမတားနဲ့ ဘယ်သူတားလို့မှလည်းငါဂရုမစိုက်ဘူး"
"မ"
"သွားစမ်းပါ ဒီအတိုင်းငါ့ကိုလွှတ်ထားစမ်းပါ"
Seaက ဘာမှမပြောတော့ဘဲ နှုတ်ဆိတ်သွားတော့မှ စီးကရက်ဘူးကိုကောက်ယူပြီး တစ်လိပ်ထုတ်ကာ နှုတ်ခမ်းနှင့်ကိုက်ထားလိုက်သည်။
စီးကရက်ကိုမီးညှိပြီး မျက်နှာလေးမော့ကာ အငွှေ့တွေကို လှလှပပလေးမှုတ်ထုတ်လိုက်တော့ Sea၏ခြေသံသဲ့သဲ့နှင့် တံခါးပိတ်သံကြားလိုက်ရ၏။
အနားမှာဘယ်သူမှမရှိလေ.. ကောင်းလေ..
ကိုင်းဟာ ကိုယ့်အတွက်ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှငဲ့မကြည့်တတ်တဲ့လူပါ ဦးရယ်
ဒါကြောင့်မို့ ကိုင်း ကိုယ့်ကိုယ်ကိုမုန်းပါရစေ…
💞💞💞💞💞
Part 2 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💞 Part - 1 💞
~~~~~~~~~~~~~
"သား"
ေမေမ့အသံေၾကာင့္ မအိပ္ေသးဘူးလားဆိုသၫ့္အေတြးျဖင့္ ေခါင္းေတြကိုက္ေနသၫ့္အထဲမွ မ်က္လံုးဖြင့္ၾကၫ့္မိေသးသည္။
ေတြ့ဆံုပဲြတစ္ခုရိွေန၍ သူေနာက္က်ေနျခင္းျဖစ္ကာ နာရီကိုတစ္ခ်က္လွမ္းၾကၫ့္ေတာ့ ၁၂နာရီခဲြေတာ့မည္။
ေမေမက သူ႔ကိုစိတ္မခ်သလို အၾကၫ့္မ်ိဳးျဖင့္ ေခါင္းအစေျခအဆံုး စုန္ခ်ီဆန္ခ်ီၾကၫ့္ၿပီး...
"မင္း ဘာျဖစ္ေနတာလဲ မဟာ ဒီရက္ပိုင္းထဲအိမ္ျပန္တာေတြ သိပ္ေနာက္က်တယ္ ဘာလဲ.. ပန္းခက္ျဖာေဝကိုလက္မထပ္ခ်င္လို႔ ဆႁႏၵပေနတာလား"
ေမေမ့စကားေၾကာင့္ ပန္းခက္ျဖာေဝဆိုသၫ့္မိန္းမကို မ်က္လံုးထဲတစ္ခ်က္ျပန္ျမင္လာၿပီး ထိုမိန္းမသည္ ဆံႏြယ္ရွည္ရွည္ေတျြဖင့္ ရိုးရိုးယဥ္ယဥ္ ဘာဝတ္ဝတ္လွေနတတ္ေသာ မိန္းကေလး...
ထို႔အတူ မ်က္လံုးထဲျပန္ျမင္လာသည္က ေရႊေရာင္ဟိုက္လိုက္ေဖာက္ထားသည့္ ဆံပင္ေလးေတျြဖင့္ အၿမဲလိုရယ္ေမာတက္ႂကြေနတတ္ေသာ ေသးသြယ္ျဖဴႏုသၫ့္မ်က္ႏွာေလး...
ရင္ထဲဖ်င္းခနဲျဖစ္သြားကာ လက္သီးက်စ္ေနေအာင္ ဆုပ္လိုက္မိရင္း ေမေမ့ကိုဘာစကားမွ ျပန္မေျပာျဖစ္။
ပန္းခက္ျဖာေဝကို သူလက္ခံခဲ့သည္။
ေမေမစီစဥ္ေပးလို႔ဆိုတာထက္ သူကိုယ္တိုင္ကလက္ခံခဲ့သၫ့္ မိန္းမ။
သို႔ေသာ္...
"သား ေမေမလုပ္ေပးခဲ့သမ်ွကို အခုမွလက္မခံခ်င္ေတာ့သလို လုပ္ျပေနတာလား အထူးသျဖင့္ မင္းဒီရက္ပိုင္းခဲမွာ အမူအယာေတြပ်က္ေနခဲ့တာ ဒါကိုအေမတစ္ေယာက္အေနနဲ႔ ေျပာဆိုဆံုးမဖို႔ ညနက္တဲ့အထိ တကူးတကေစာင့္ေနရတာမ်ိဳး"
"ေမေမေစာင့္ေနရတာကိုေတာင္းပန္ပါတယ္ ေမေမေျပာတာေတြကိုလည္း သား နားေထာင္ပါတယ္ နားမေထာင္ခဲ့တာေရာရိွဖူးလို႔လား"
"နားေထာင္တာက နာခံတာမွမဟုတ္ဘဲ ၿပီးေတာ့ မင္းနားေထာင္ေနတယ္ဆိုတာက ေမေမ့စကားကို ဒီဘက္နားကဝင္ၿပီး ဟိုဘက္နားက ထြက္သြားတာမ်ိဳး"
"ပန္းခက္ျဖာေဝကို ေမေမသေဘာက်တယ္ လက္ထပ္ဖို႔စီစဥ္တာလည္း ကၽြန္ေတာ္လက္ခံခဲ့တယ္ေလ ဒီ့ထက္ ဘယ္လိုမ်ားေနေပးရဦးမလဲ"
ေမေမ့ရဲ့ဆူခ်င္သလိုတင္းမာေနေသာမ်က္ႏွာက ရုတ္ခ်ဥ္းႏူးညံ့သြားၿပီး သူ ဘာျဖစ္ေနသလဲဟု နားမလည္ႏိုင္သၫ့္ မ်က္လံုးေတျြဖင့္ၾကၫ့္ေနဆဲ။
တကယ္ဆို သူဘာျဖစ္ေနသလဲ သူ႔ကိုယ္သူလည္းနားမလည္...
"သားနဲ႔ ခက္ အဆင္မေျပတာ တစ္ခုခုရိွေနလို႔လား"
သူ ခပ္ငိုင္ငိုင္ျဖစ္သြားကာ တစ္ခ်က္ေတာ့ၿငိမ္သြားမိကာ ခက္က သိပ္လွသၫ့္မိန္းကေလးလည္း ျဖစ္သလို မာနႀကီးေသာ မိန္းကေလးတစ္ေယာက္လည္းျဖစ္သည္။
ပန္းခက္ျဖာေဝဆိုသၫ့္နာမည္က ဘယ္လိုနာမည္ေက်ာ္သလဲေတာ့မသိဘဲ သူမႏွင့္လက္ထပ္ေတာ့မည္ဆိုေတာ့ လိုင္းခ်င္းမတူၾကသၫ့္ကိုယ့္ကိုပါ လူေတြကသတိထားမိလာၾကသည္။
ရင္ခုန္ခ်င္စရာေကာင္းေအာင္ ဆဲြအၫွို႔ႏိုင္ဆံုးက ခက္ရဲ့အၾကၫ့္ေတျြဖစ္ကာ ခက္ရဲ့ မ်က္လံုးေတြဟာ အေရာင္ေတြထြက္ေနသလို လင္းလက္ေတာက္ပေနတတ္သည္။
ဖ်တ္ခနဲျမင္လိုက္တာႏွင့္ ထိုင္ေငးၾကည့္ခ်င္စရာေကာင္းေအာင္ ဆဲြယူဖမ္းၫွို႔တတ္သၫ့္အလွမ်ိဳးမို႔ ၾကည္ဖူးျမင္ဖူးခဲ့ေပမယ့္ မလွဘူး၊ လွတယ္ဆိုသၫ့္ အၾကၫ့္သက္သက္သာရိွခဲ့ၿပီး ဒီ့ထက္လည္းမပိုခဲ့...
ကိုယ္ျမင္ခဲ့သူဟာ သူမတစ္ေယာက္ကိုသာ…
"ေမေမ ေမးေနတာေျဖဦးေလ သား"
"မေျပာတတ္ဘူး ေမေမ အဆင္ေျပတယ္ထင္တာပဲ"
"သားရယ္ မင္းျငင္းမယ္ဆိုလည္းျငင္းခြင့္ရိွပါတယ္ သားသေဘာမက်ဘူးဆို ေမေမက အတင္းမစီစဥ္ခ်င္ပါဘူး အခုဟာက"
"ေမေမ ကၽြန္ေတာ္ေျပာၿပီးၿပီပဲ ေမေမ့သေဘာက် ဆက္ၿပီးစီစဥ္ပါ လက္ထပ္မယ့္ကိစၥကိုလည္း ကၽြန္ေတာ္ႃပံုးေနေန မဲ့ေနေန ဘာျဖစ္ေနတာလဲလို႔မေမးဘဲ သားလိမၼာတစ္ေယာက္အျဖစ္နာခံလိုက္ရံုနဲ႔ပဲ ေမေမ ေက်နပ္ေပးပါ"
"ေက်နပ္လို႔ရမလား ဒီအိမ္ေထာင္မွာမင္းမေပ်ာ္ရင္..."
"ေပ်ာ္ျခင္း မေပ်ာ္ျခင္းကို စီးပြားေရးလုပ္ရတာေလာက္ ကၽြန္ေတာ္စိတ္မဝင္စားဘူး ေမေမလည္းနားပါေတာ့ သားလည္းနားေတာ့မယ္"
သူ လွၫ့္ထြက္ခဲ့ေတာ့ ဧၫ့္ခန္းမွာ ေမေမတစ္ေယာက္တည္း အသံတိတ္ၿပီးက်န္ေနခဲ့သည္။
ေနာက္ဆုတ္၍မရေတာ့ေသာ ဒီအေျခအေနေတြဟာ သူကိုယ္တိုင္ဖန္တီးခဲ့ျခင္းျဖစ္ၿပီး ဒါဟာစိတ္ဒဏ္ရာတစ္ခုကို ဖံုးကြယ္ဖို႔ႀကိဳးစားေနမိမွန္း အခုမွေသေသခ်ာခ်ာနားလည္လာသည္။
"ဦး လုပ္ရက္လိုက္တာ ဦး မေကာင္းဘူးသိလား"
ငိုခ်ေနသၫ့္အသံေလးျဖင့္ မ်က္ရည္ေတျြပၫ့္လာသၫ့္မ်က္လံုးဝိုင္းေလး။
စိတ္ဆိုးလာတိုင္း ဖိကိုက္ခံရသၫ့္ သူ အလြန္ျမတ္ႏိုးခဲ့ရေသာႏႈတ္ခမ္းေလးေတြ။
စိတ္ဆိုးမာန္ဆိုးျဖင့္ သူ႔ရင္ဘတ္ကို အားမပါဘဲ ထုႏွက္ခဲ့သၫ့္ ျဖဴႏုႏုလက္သီးဆုပ္ေလး…
သူ သက္ျပင္းေမာႀကီးခ်လိုက္မိခ်ိန္တြင္ နားထဲတိုးဝင္လာသည္က သူမ,ႀကိဳက္ခဲ့ေသာသီခ်င္းေလး…
He wanted it comfortable, I wanted that pain
(အဆင္ေျပျပေျဖစ္ေအာင္ သူႀကိဳးစားေနခဲ့ေပမယ့္ နာက်င္ရမယ့္လမ္းကိုပဲ ငါကေရြးခဲ့မိတာ)
He wanted a bride,
(သူက သတို႔သမီးျဖစ္ေစခ်င္ခဲ့ေပမယ့္)
I was making my own name chasing that fame,
(ငါက ကိုယ့္လမ္းကိုေလ်ွာက္ၿပီး ေအာင္ျမင္မႈေနာက္ကိုပဲ လိုက္ခဲ့တာ)
He stayed the same
(သူ႔ဘက္ကမေျပာင္းလဲခဲ့ေပမယ့္)
All of me changed like midnight
(ငါကေတာ့ သန္းေခါင္ယံလို ေျပာင္းလဲသြားခဲ့တယ္)
💞💞💞💞💞
It came like a postcard
(ပို႔စ္ကဒ္တစ္ခုလိုပဲ)
Picture perfect, shiny family. Holiday, peppermint candy
(ၿပီးျပၫ့္စံုတဲ့မိသားစုဓာတ္ပံုေလးရယ္
အားလပ္ရက္ေတြရယ္ ပူရိွန္းသၾကားလံုးေတြရယ္)
But for him it's everyday
(သူ႔အတြက္ကေတာ့ ေန့ရက္တိုင္းျပၫ့္စံုေနမွာပဲ)
So I peered though a window a deep portal, time travel
(ဒါေၾကာင့္မို႔ ျပတင္းေပါက္ကေနေငးၾကၫ့္ရင္း အတိတ္ကိုျပန္ေတြးရင္း အေတြးထဲနစ္ျမဳတ္သြားတယ္)
All the love we unravel
(ငါတို႔ကိုကို ၿပိဳကဲြေစခဲ့တဲ့အခ်စ္ေတြနဲ႔)
And a life I gave away
(ငါလႊင့္ပစ္ခဲ့တဲ့ဘဝတစ္ခုကိုေပါ့)
Cause he was sunshine, I was midnight rain
(သူက ေနေရာင္ျခည္လိုေနြးေထြးခဲ့ေပမယ့္ ငါကေတာ့ သန္းေခါင္ယံမိုးလိုေအးစက္ခဲ့တာ)
He wanted it comfortable, I wanted that pain
(အဆင္ေျပျပေျဖစ္ေအာင္ သူႀကိဳးစားေနခဲ့ေပမယ့္ နာက်င္ရမယ့္လမ္းကိုပဲ ငါကေရြးခဲ့မိတာ)
He wanted a bride,
(သူက သတို႔သမီးျဖစ္ေစခ်င္ခဲ့ေပမယ့္)
I was making my own name chasing that fame,
(ငါက ကိုယ့္လမ္းကိုေလ်ွာက္ၿပီး ေအာင္ျမင္မႈေနာက္ကိုပဲ လိုက္ခဲ့တာ)
He stayed the same
(သူ႔ဘက္ကမေျပာင္းလဲခဲ့ေပမယ့္)
All of me changed like midnight
(ငါကေတာ့ သန္းေခါင္ယံလို ေျပာင္းလဲသြားခဲ့တယ္)
"မ, နင္ငိုေနျပန္ၿပီလား"
တံခါးေခါက္သံႏွင့္အတူ Seaအသံၾကားလိုက္ေပမယ့္ ကိုင္းသည္ မွန္ျပတင္းမွာကပ္ၿငိေနေသာ မိုးေရစက္ေလေတြကိုေငးရင္း ျပန္မေျဖဘဲၿငိမ္ေနမိသည္။
အျပင္မွာငိုမေနခဲ့ေပမယ့္ သူမရင္ထဲမွာေတာ့ အလြမ္းမိုးေတြက အခ်ိန္မွန္ငိုတတ္စၿမဲျဖစ္သည္။
"မ"
လက္ထဲကစီးကရက္ကိုဆဲြယူလိုက္ေပမယ့္ ကိုင္းအမူအယာပ်က္မသြားဘဲ မိုးစက္ေတြကိုသာၾကၫ့္ေနမိဆဲ။
ထိုမိုးေရစက္ေတြသည္ ကိုင္းကိုယ္တိုင္ျဖစ္ေနခဲ့သည္။
တစ္ခ်ိန္ကအားလံုး၏အျမင့္မွာရိွခဲ့ၿပီး ရြာက်လာေတာ့လည္း ေအးစက္ခဲ့သလို ေျမျပင္ေပၚမွာလည္းအၾကာႀကီးမေနတတ္…
"မအိပ္ေသးဘူးလား"
ကိုင္း ေခါင္းကိုသာခါျပလိုက္မိသည္။
စီးကရက္ဘူးကိုလက္လွမ္းလိုက္သည္ႏွင့္ Seaက လက္ကိုဖမ္းဆဲြပစ္လိုက္၍ ေဒါသျဖစ္သြားမိကာ ေဆာင့္ရုန္းပစ္လိုက္သည္။
တစ္ဆက္တည္းမွာပင္ Seaရင္ဘတ္ကိုေဆာင့္တြန္းပစ္လိုက္ကာ…
"ငါလုပ္ခ်င္တာငါလုပ္မယ္ ဘယ္သူမွမတားနဲ႔ ဘယ္သူတားလို႔မွလည္းငါဂရုမစိုက္ဘူး"
"မ"
"သြားစမ္းပါ ဒီအတိုင္းငါ့ကိုလႊတ္ထားစမ္းပါ"
Seaက ဘာမွမေျပာေတာ့ဘဲ ႏႈတ္ဆိတ္သြားေတာ့မွ စီးကရက္ဘူးကိုေကာက္ယူၿပီး တစ္လိပ္ထုတ္ကာ ႏႈတ္ခမ္းႏွင့္ကိုက္ထားလိုက္သည္။
စီးကရက္ကိုမီးၫွိၿပီး မ်က္ႏွာေလးေမာ့ကာ အေငႊ့ေတြကို လွလွပပေလးမႈတ္ထုတ္လိုက္ေတာ့ Sea၏ေျခသံသဲ့သဲ့ႏွင့္ တံခါးပိတ္သံၾကားလိုက္ရ၏။
အနားမွာဘယ္သူမွမရိွေလ.. ေကာင္းေလ..
ကိုင္းဟာ ကိုယ့္အတြက္ကိုယ္ကလဲြရင္ ဘယ္သူ႔ကိုမွငဲ့မၾကည့္တတ္တဲ့လူပါ ဦးရယ္
ဒါေၾကာင့္မို႔ ကိုင္း ကိုယ့္ကိုယ္ကိုမုန္းပါရေစ…
💞💞💞💞💞
Part 2 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997