ငါအိပ်ပျော်သွားတဲ့နေ့တိုင်း င...
By KaGura695
14.2K 2.4K 88
ကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြော... More
Description
Chapter 1.1 (U/Z)
Chapter 1.2 (U/Z)
Chapter 1.3 (U/Z)
Chapter 2.1 (U/Z)
Chapter 2.2 (U/Z)
Chapter 2.3 (U/Z)
Chapter 3.1 (U/Z)
Chapter 3.2 (U/Z)
Chapter 3.3 (U/Z)
Chapter 3.4 (U/Z)
Note
Chapter 4.1(U/Z)
Chapter 4.2 (U/Z)
Chapter 5.1 (U/Z)
Chapter 5.2 (U/Z)
Chapter 5.3(U/Z)
Chapter 6.1(U/Z)
Note
Chapter 6.2(U/Z)
Chapter 6.3(U/Z)
Chapter 6.4(U/Z)
Chapter 7.1(U/Z)
Chapter 7.2(U/Z)
Chapter 7.3(U/Z)
Chapter 7.4(U/Z)
Chapter 8.2(U/Z)
Note
Chapter 8.3(U/Z)
Chapter 8.1(U/Z)
387 86 14
By KaGura695
Unicode
အခန်း ၈ - အထူးဆုကြီး
မီလီသည်အိမ်သာခန်းထဲတွင်စောင့်ဆိုင်းရင်း အပြင်ဘက်မှလှုပ်ရှားမှုများကို ဂရုတစိုက်စိုက်ကြည့်နေသည်။ရံဖန်ရံခါတွင်ရေပက်သံများနှင့်ဟိုဘက်ဒီဘက်အပြန်ပြန်အလှန်လှန်လျှောက်သွား‌နေသည့်ခြေသံများကို သူမ ကြားနေရသည်။
သုံးမိနစ်အကြာတွင်မီလီက သူမသည် ယောက်ျားလေးအိမ်သာထဲတွင်ရှိနေကြောင်းအတည်ပြုနိုင်ခဲ့သည်။ဆီးသွားသည့်အခါအမျိုးသားများသည်အိမ်သာခန်းထဲသို့မ၀င်ရသောကြောင့် သူမကို အသုံးပြုရန်မှာအခွင့်အလမ်းနည်းပါးသည်။သို့သော်ဝမ်းနည်းစရာကောင်းသည်မှာတစ်စုံတစ်ယောက်ဝင်လာသည်နှင့်သေချာပေါက်အဲ့လူဟာယောက်ျားလေးဖြစ်လိမ့်မည်။အခုသူမရင်ဆိုင်နေရသည်မှာသူမပုံဖော်မပြနိုင်တဲ့ယောက်ျားလေးခန္တာကိုယ်အောက်ပိုင်းများပင်ဖြစ်သည်။
မီလီသည်အခုလက်ရှိအခြေအနေကိုကြာကြာခံနိုင်ရည်မရှိမည်မှာသေချာတာမို့သူမ၏စွမ်းအားအားလုံးကို အသုံးပြုကာ အခြားအရာဆီသို့ကူးပြောင်းရန် ကြိုးစားခဲ့သည်။
လေးငါးမိနစ်လောက်ရုန်းကန်ပြီးတဲ့အခါမှာတော့သူမရဲ့ အသိစိတ်ကအနည်းငယ် ပြောင်းလဲသွားခဲ့သည်။သူမအလွန်ပျော်ရွှင်နေပြီး ဆက်လက်ကြိုးစားခဲ့သည်။ နောက်ဆုံးတော့ သူမခြေကုန်လက်ပမ်းမကျခင်မှာဘဲ အောင်မြင်စွာပြောင်းရွှေ့နိုင်ခဲ့တယ်။
[ရေးးးး!] မီလီ ဝမ်းသာအားရငိုချမိလိုက်သည်။သို့သော်လည်း ရက်စက်ကြမ်းကြုတ်သောအဖြစ်မှန်တစ်ခုက နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ သူမကို မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။သူမ၏ ကြိုးစားအားထုတ်မှုအားလုံးသည် အိမ်သာခွက်တစ်ခုမှအိမ်သာသုံးစက္ကူကနေအခြားအိမ်သာခွက်တစ်ခုရဲ့အိမ်သာသုံးစက္ကူအဖြစ်သို့ပြောင်းသွားသည်ကို သူမဝမ်းနည်းစွာတွေ့ရှိခဲ့ရသည်။
[ငါ့ကိုလာနောက်နေတာလား?!] မီလီငိုကြွေးလိုက်သည်။
ပိုရယ်စရာကောင်းတာကအဲ့ဒီအချိန်မှာ ယောက်ျားတစ်ယောက်ဟာသူမ ရှိတဲ့အိမ်သာခွက်နေရာကိုဝင်လာပြီး သူ့ခါးပတ်ကိုဆွဲဖြုတ်လိုက်ကာထိုင်ဖို့ပြင်ဆင်နေတာပါပဲ။
[မဟုတ်ဘူး၊မဟုတ်ဘူး၊မဟုတ်ဘူး!] မီလီရဲ့နှလုံးသားတွေပြိုကျလုမတတ်ဖြစ်သွားတယ်။ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှုအောက်တွင် သူမ၏ အသိစိတ်သည်တစ်ဖန်ပြောင်းသွားပြီး ယခင်နေရာသို့ ပြန်ရောက်သွားခဲ့သည်။ သူမသည် အိမ်သာသုံးစက္ကူဖြစ်နေသေးသော်လည်း အနည်းဆုံးတော့ယခုအချိန်တွင် ရှက်ရွံ့စရာကောင်းသောအခြေနေကိုရှောင်ရှားနိုင်ခဲ့ပြီဖြစ်သည်။
ဒါကပထမဆုံးအကြိမ်စိတ်အားထက်သန်စွာနဲ့ သူမ ပြန်သွားချင်နေခဲ့တာဖြစ်သည်။သို့သော်လည်း သူမဘယ်အချိန်ထွက်သွားလို့ရသည်ကို မထိန်းချုပ်နိုင်တာမို့ ထွက်ခွာမသွားမီ သူမ၏ဂုဏ်သိက္ခာကိုထိန်းသိမ်းနိုင်စေရန်သာ ဆုတောင်းနိုင်ခဲ့သည်။
သူမထိတ်လန့်တကြားဖြစ်နေစဉ်မှာပဲသစ်သားတံခါးသည်ရုတ်တရက်တွန်းဖွင့်ခြင်းခံလိုက်ရသည်။မီလီ ပေါက်ကွဲသွားသည်။အိမ်သာသုံးစက္ကူကို လှိမ့်လိုက်ပြီး အထဲကအလိပ်ကိုထိလိုက်သောအခါတွင် သူမသည်အသံတိုးတိုးလေးထွက်မိသည်။
အထဲသို့ဝင်လာသောလူသည်လည်း အနည်းငယ် ရပ်တန့်သွားသည်။သူက စက္ကူလိပ်ကို ခဏလောက်စိုက်ကြည့်ပြီးနောက် သူ့ခါးပတ်ကိုပြန်ဖြုတ်လိုက်သည်။သွယ်လျသောလက်ချောင်းများသည် ကျွမ်းကျင်စွာနှင့်အစွမ်းထက်စွာ ခါးပတ်ခေါင်းကိုဖြုတ်ချလိုက်ပြီးဖြောင့်စင်းသောခြေထောက်များသည် အစိမ်းရောင်ထင်းရှူးပင်များကဲ့သို့ ဖြောင့်ဖြောင့်မတ်မတ်ရပ်နေသည်။
[လူအိုကြီးပိုင် !!! ] မီလီက ထိုလူကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည် ။ သူမသည်အလွန်စိတ်လှုပ်ရှားနေသဖြင့် ထိန်းချုပ်မှုပျောက်ဆုံးသွားခဲ့သည်။
ရှီးပိုင်ချန်းသည် ဘောင်းဘီရှည်ကိုလျှော့ခါနီးတွင် သူမအသံကိုကြားလိုက်တာမို့ သူ၏လှုပ်ရှားမှုများသည်ချက်ချင်းပင်ရပ်တန့်သွားသည်။
"မင်း...မင်းကနှာဘူးလား.." ရှီးပိုင်ချန်း ကသူ့ဘောင်းဘီကိုပြန်ဆွဲတင်လိုက်ပြီး ခါးပတ်ကိုပြန်ချိတ်လိုက်သည်။
[မဟုတ်ပါဘူး! ] မီလီသည် သူမအမှားကြီးလုပ်လိုက်မိသလို ခံစားလိုက်ရသည်။ [ရှင့်တင်ပါးကိုသုတ်ဖို့အတွက်အိမ်သာသုံးစက္ကူအဖြစ်နဲ့ နေချင်တယ်လို့များထင်နေတာလား။]
ရှီးပိုင်ချန်းက သူ့နှုတ်ခမ်းကိုကိုက်လိုက်ပြီး လှည့်ထွက်ဖို့ပြင်ဆင်လိုက်တယ်။
Zawgyi
အခန်း ၈ - အထူးဆုကြီး
Continue Reading
You'll Also Like
774K 46.6K 30
A love contest between a boy who likes to kick football and a little doctor.
260K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
475K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."