"နှိုင်းကို.. တို့ပဲ ခေါ်သွားပြီး ပြန်ပို့လိုက်ပါ့မယ်"
"အော်... ရပါတယ်ဗျ နှိုင်းတုကို ကျွန်တော်ပဲ ပြန်ပို့လိုက်ပါ့မယ်.. မနေခြည်က မိန်းကလေးဆိုတော့ မသင့်တော်ပါဘူး ပြီးတော့ ဒီကောင်က မှောက်နေပြီ"
ဒီကောင် နှိုင်းတု တစ်ခါမှ မူးပြီးမှောက်တာမျိုးမရှိ။ဒီကြွက်တွင်းကောင် ဒီနေ့မှ အရှိန်လွန်တာများကြိုးပျက်ပြီး ဘရိတ်ကိုမအုပ်နိုင်တော့။
ဒါကို မနေခြည်က သူပြန်ခေါ်သွားမယ်လုပ်နေသည်။ထည့်လိုက်လို့က မဖြစ်။ဘယ်သူ့မှမကြောက်။ကြောက်တာက မှောက်နေတဲ့ ငမူးကောင်။မနက်ကျ သူ့ကိုသူစိမ်းလက်ထဲ ထည့်လိုက်ရလားဆိုပြီး ပြဿနာရှာမှာ အသေအချာ။ကြားထဲက ကိုယ်က ခါးနာနေရအုံးမည်မို့ အမှန်တကယ် တိုင်ပတ်။
"ဘာလို့လဲ..နှိုင်းမာမီ အန်တီခင်ထားကလဲ တို့နဲ့ဆို စိတ်ချမှာပါ..နှိုင်းနဲ့ကလဲ သိပ်ရင်းနှီးတဲ့ ဆက်ဆံရေးလေ..အို ရင်းနှီးတာထက် ပိုတော့မှာပါ.."
"ဟို..အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးဗျ..
နှိုင်းတုက ကျွန်တော်တို့ပဲ လိုက်ပို့ရမယ်ပြောလို့ပါ.."
ဟုတ်တာ မဟုတ်တာအသာထား။ကြားထဲက ကိုယ်ကပဲ ဖာတတ်ရသည်။ဟိုကောင်နှစ်ကောင်ကလဲ သုံးစားမရ။မနေခြည်ကလဲ ဇွတ်မို့ လူက ရူးချင်လာရသည်။
"ကိုသာလွန်.."
"အော်..လက်ရုံး လာပြီလား မြန်မြန်ကြွခဲ့ပါ လာ"
သုံးယောက်စလုံး မှောက်နေသည်မို့ မလွှဲသာသည့်အဆုံး ကံကောင်းပါစေဆိုပြီး လက်ရုံးကို ဖုန်းဆက်ခေါ်ကြည့်လိုက်တာ နယ်ဘက်ကပြန်ရောက်နေသည်မို့ တော်သေးသည်။မဟုတ်ရင် ဒီငမူးကောင်တွေကတစ်မျိုး မနေခြည်ကတစ်မျိုး ခေါင်းမွှေးဖြူမည့်ကိန်းလေ။
လက်ရုံး နယ်ကပြန်ရောက်ရောက်ချင်း ကိုသာလွန်က ဖုန်းဆက်ခေါ်လို့ မီးခဲပေါ်ယင်နားသလောက်တောင်မထိုင်နိုင်ပဲအပြေးလာရသည်။
မနေခြည်က ဘယ်လိုလုပ်ပြီး ရောက်နေရတာလဲ။
ကိုသာလွန်ပုံစံကလဲ ကိုယ့်ကိုတွေ့မှ ကယ်တင်ရှင်ကြီး တွေ့သည့်နှယ်။အံတကြိတ်ကြိတ်နဲ့ ရောက်နေတာကိုပဲ အမြန်လာခိုင်းနေပြန်သည်။
"အမလေး ကယ်တင်ရှင်လေး လာလာ
ဒီမယ် မင်းကောင်က မှောက်နေပြီ.."
သာလွန်လဲ ခုမှ အသက်ရှုရှောင်သည်..
"ဟို..မနေခြည် လက်ရုံးလဲရောက်လာပြီဆိုတော့
သူနဲ့ပဲ ပြန်ထည့်လိုက်တော့မယ် မနေခြည် ဒုက္ခခံစရာ မလိုတော့ပါဘူးဗျ.."
"အိုကေလေ ..ဒါဆိုလဲ တို့သွားပြီ"
လိုလိုလားလား လက်ခံလိုက်တာလား၊စိတ်ထဲကရော ပါလားမသိ။ကိုယ်ကတော့ လှည့်ထွက်သွားတဲ့ မနေခြည်ရဲ့ ခပ်ပြင်းပြင်း ဒေါက်ဖိနပ်သံ တစ်ချက်တိုင်းမှာ တခါပါးအရိုက်ရသလို စပ်ဖျင်းဖျင်းနဲ့။
"ခင်ဗျား..ထတော့လေ..အိမ်ပြန်မယ်"
လက်ရုံးလဲ ခုံပေါ် လက်လေးတင်မှောက်အိပ်နေတဲ့ ငမူးလေးကို နှိုးရသည်။ဘယ်လောက်သောက်ထားလဲ မသိ ဘေးတစောင်းမြင်နေရတဲ့ ပါးမို့မို့လေးတွေများ ရဲတွတ်လို့..
"ဟင်..ဘယ်သူလဲ
မပြန်သေးဘူး..အိပ်အုံးမှာ.."
ဒီလူတော့ ကိုယ့်အိမ်ကိုယ့်ယာများမှတ်လို့ အိပ်ရအောင်။တကယ် ငမွှေထိုးလေး။
ပြန်အိပ်မယ်လုပ်နေတဲ့ လူကို လက်မောင်းလေးကနေ ဖွဖွလေး ဆွဲထူတော့ လက်သေးသေးလေးတွေနဲ့ ကိုယ့်လက်ကို ဖယ်ချကာ..
"အိပ်အုံးမှာပါဆို..ဘယ်သူမို့ လာခေါ်နေရတာလဲ"
တကယ် ဒီမူးနေတဲ့ ငဂျစ်လေးကိုတော့ ဘယ်လိုချော့ခေါ်ရမလဲမသိ။ကလေးလိုလဲ မုန့်ပြပြီးလဲ ခေါ်လို့မရ။
"ဘယ်သူဖြစ်ဖြစ် ခင်ဗျား ဒီမှာအိပ်လို့မရဘူး.. လာထ အိမ်ပြန်မယ်.."
"ဟင်..လက်ရုံးလား..ငါ့ကို လာခေါ်တာလား"
သိချင်တော့လဲ ဘာမှမဟုတ်ပဲ ကိုယ့်ကိုကောက်သိနေလိုက်သည်။သူ့ကိုလာခေါ်တာလားဆိုပြီး နှုတ်ခမ်းလေး တထော်ထော်နဲ့ မော့ပြီး မေးနေပြန်သည်။
"အင်း ..ဟုတ်တယ် ကျုပ်ပဲ"
"မင်း..က..အိမ်မှာမရှိဘူးလေ"
"ဒီမှာရှိလို့ပဲ ရောက်နေပြီလေ..
ရစ်မနေနဲ့ မဟုတ်ရင် ကျုပ်ကထမ်းခေါ်သွားတော့မှာ.."
လူအကောင်လိုက် သူ့ရှေ့ရောက်နေသည်ကိုပင် လက်ညိုးတထိုးထိုးနဲ့ ကိုယ်မဟုတ်ပါဘူး လုပ်နေပြန်သည်။ငမူးလေးဆိုတော့ စကားတွေကလဲ အစဉ်မချော။
"တကယ်လက်ရုံးလား.."
"ဟုတ်တယ်"
"တို့လက်ရုံးလေးက ချောလိုက်တာ..
ဘယ်သူ့တူလို့လဲဟင်..ဒီလောက်ချောနေရအောင်..ပြောလေ "
"ခင်ဗျား..ဆံပင်တွေကို မဆွဲနဲ့လေ အ..!"
ဒီလူ ချောလိုက်တာ ပြောပြီး ကိုယ့်ခေါင်းကို ကိုင်ပြီး ခါရမ်းနေသောကြောင့် မသောက်ဘဲ မူးတော့မည်။
"အာ့ဆို..ချီ "
"ဟင်.."
"ချီလို့..ငါ့ကိုချီ ချီမှ ပြန်မယ်"
ဒါက ရစ်နည်းအသစ်လား။ချီမှ ပြန်မယ်ဆိုပြီး မျက်နှာလေး ဘေးလှည့်သွားသည်။မချီရင် စိတ်ကောက်မယ်ပေါ့။လက်ရုံးတော့ ဘယ်ဘ၀က ၀ဋ်ကြွေးရယ်မသိ။ရည်းစားတောင် မထားဖူးတဲ့ကိုယ္က စိတ်ကောက်တာတွေ ချော့တာတွေ မသိ။ခုမှ ကလေးကြီးကို အိမ်ပြန်ပါလာဖို့အရေး လူကြားထဲ ချီခေါ်ရပါမည်တဲ့။
"ကဲ လာ ချီမယ် ..
ထပ်မရစ်နဲ့ ရစ်နေရင် မချီပဲ ထမ်းခေါ်မှာ"
ချီမယ်ဆိုတော့လဲ မျက်နှာလှလှလေးက ချက်ချင်း လန်းလာလိုက်တာ။ခွေးပေါက်လေးတွေလိုပဲ လျှာလေးထုတ်မပြရုံ တစ်မယ်။
"ခင်ဗျား..ဇွတ်မတတ်နဲ့လေ..
ဒီမှာ ပုဆိုးကျွတ်ကျတော့မယ်"
တတ်ဆိုတော့လဲ လူပေါ်ဇွတ်ခွတတ်ပြီး ခါးကို ခြေကလိမ်လေးချိတ်ကာ လက်လေးတွေကလဲ လည်ပင်းကိုဖက်ပြီး လုပ်နေကျအရာလိုလို အကျအန နေရာယူတယ်။
ဒီလူ ကိုယ်နဲ့စာရင်သာ ခေါင်းတစ်လုံးလောက် နိမ့်နေတာ မပုတဲ့အရပ်ထဲ ပါသည်မို့ မလွယ်။ဇွတ်ကုတ်တတ်နေတဲ့သူကြောင့် ပုဆိုးကမခိုင်။
ကိုယ်များလာမခေါ်ရင် လူတကာနောက်လိုက်မည်လားမသိ။တကယ် နောက်မှတ်သွားအောင်နာနာရိုက်ချင်စရာလေး။ကိုယ်မဟုတ်တဲ့ တခြားသူဆို မဖြစ်ဘူးမလား။
အခြားတစ်ယောက်များ ဒီလူ့ရဲ့ ဒီလိုပုံစံလေးကို အတွေ့ခံလို့ မဖြစ်ဘူးမလား။
"ကိုသာလွန်..ခေါ်သွားပြီနော်..
ကိုသာလွန်ရော ဖြစ်တယ်မလား"
ဘေးမှာမှောက်နေပြန်တဲ့ ကိုမိုးဇက်နဲ့ ကိုညီစေနှစ်ယောက်နဲ့ အဆင်ပြေပါ့မလားဆိုပြီး မေးတော့...
"ဖြစ်ပါတယ်ကွာ..နှိုင်းတုကိုသာ ခေါ်သွားတော့"
"ဟုတ်.."
သွားမယ်ဆိုတော့လဲ ချီထားရင်းနဲ့ ကားသော့တွေ၊ပိုက်ဆံအိတ်တွေရော ပစ္စည်းအတိုအစလေးတွေက အစကိုယ့်မှာ လိုက်သိမ်းယူရပြန်သည်။
လူပေါ်ရောက်တော့ အိပ်စရာမွေ့ယာရှာတွေ့သွားသည် ထင်နေလားမသိ။ပခုံးပေါ် ခေါင်းလေးစောင်းပြီး လည်ပင်းကြားထဲ မျက်နှာလေးလာဝှက်ကာ ငြိမ်ကျသွားသည်။ပြုတ်ကျမှာစိုးလို့ တင်ပါးလေးကို ပြင်ပြီး ထိန်းကိုင်ပေးတော့ လူပေါ်ကနေ အင်း အဲ လုပ်လာသည်။
ဆိုင်ထဲကနေ ကားပါကင်အကွာအဝေးလေးကို အပီအပြင်အိပ်လိုက်လာတဲ့လူ ။
အိပ်နေ၍ နိုးသွားမည် စိုးသော်လည်း အိမ်ကမရောက်သေးသည်မို့ ဒီလူ့ကိုအရင် ကားပေါ်တင်မည်အလုပ်..
"ခင်ဗျား..ဆင်းအုံးလေ အိမ်ပြန်ရအုံးမယ်"
လူပေါ်ရောက်သွားတော့လဲ တောတ်တဲ့လို ကပ်နေလိုက်တာ ဆင်းခိုင်း၍မရတော့။ခုလိုပုံစံဆို အိမ်ပြန်ရောက်တော့မည် မဟုတ်သောကြောင့် လည်ပင်းကို အတင်းတွယ်ကပ်ထားတဲ့ လက်လေးကို တစ်ဖက်ချင်း ဖြည်ချတော့ ပြေကျသွားရင်း ပြန်ဖက်ရင်းနဲ့ တိုင်ပတ်နေသည်။
ဘယ်လို အကျင့်ဆိုးလေးလဲ မသိ။
မတတ်နိုင်တဲ့ အဆုံး ကလိမ်ကကျစ်လေးကို ရှေ့ကပိုးရင်းနဲ့ပဲ ကားထဲကို မနည်းဝင်ထိုင်လိုက်ရသည်။ကလေးသေးသေးလေး မဟုတ်တဲ့ ကလေးကြီးကြောင့် ကားမောင်းတော့လဲ ထင်သလောက်ခရီးကမပေါက်။
စိတ်မရှည်သော်လည်း လူပေါ်အိပ်လိုက်လာသူကြောင့် လကမ္ဘာလိုလမ်းမျိုးတွေဆို ကြမ်းကြမ်းတမ်းတမ်းမလုပ်ရဲ။
....
....
"ခင်ဗျား အိမ်ပြန်ရောက်ပြီနော်"
"အင်း.."
အိမ်ပြန်ရောက်ပြီပြောတော့လည်း သိသည်။
အရမ်းကြီး မူးနေတာလား ဆိုတော့လည်း မဟုတ်၊ တချက်တချက် ထထဆိုးတာ။
သူ့ကိုယ်လုံးလေးကို ကုတင်ပေါ် ဖွဖွလေးတင်ပေးပြန်တော့လည်း အမိန့်နာခံသည့် ယုန်သူငယ်လေးသဖွယ် ငြိမ်ငြိမ်သက်သက်။ဒီတစ်ခါတော့ မြေခွေးလေးက ကလိမ်ကကျစ် မကျပြန်တော့။
အင်းအင်းအဲအဲ လုပ်နေတဲ့ ငမူးလေးက အရက်သောက်လာတာလား ၊ပုလင်းလိုက် တစ်ကိုယ်လုံးပေါ် လောင်းချထားသည်လား မသဲကွဲ။ရနေကျ ကိုယ်သင်းရနံ့လေးတောင် ရှုရှိုက်ရ မရတော့။
ဒီတိုင်းထားပြန်လျှင်လည်း မဖြစ်သည်မို့..
သက်တောင့်သက်သာ ဖြစ်စေရန် ဖိနပ်လေးတွေက အစ ကိုယ့်မှာ ယုယုယယ ချွတ်ပေးရသည်။
ခြေအိတ်လေးများ မရှိတော့ ထွက်ပေါ်လာတဲ့ ခြေဖဝါး နီတာရဲလေးက ကိုယ်ပြိုလဲရာ နယ်မြေအစများလား။
"ခင်ဗျား ကျွန်တော်ရေပတ်တိုက်ပေးမယ်နော်..
နေလို့ကောင်းသွားအောင်..ငြိမ်ငြိမ်နေပေး "
"အင်း ..ပူတယ် ချွတ်မယ် "
ပူပါတယ်ဆိုပြီး သူ့အကျီလေးချွတ်ပေးနေသည်ကို ကိုယ်လုံးလေးကို အလိုက်သင့် ကြွပေးပြန်သည်...
"ခင်ဗျား..ဘောင်းဘီပါ မချွတ်နဲ့လေ.."
"ပူတယ် ချွတ်မှာ အကုန်ချွတ်မှာ.."
"မရဘူးလို့.."
ဘောင်းဘီတွေပါ အကုန်ချွတ်မယ်ဆိုပြီး ဆွဲချွတ်နေသည်။ကိုယ့်မှာ အတင်းဆွဲချွတ်နေတဲ့ သူ့လက်သေးသေးလေးတွေကို လိုက်ဆွဲပြီး တားရသေးသည်။ခုမှ လိမ်မာတယ်ချီးကျူးမယ် ကြံသေး လူဆိုးလေးက အချီးမွမ်း မခံ။
အပေါ်ထပ် နက်ဆွေးဆွေကိုရော စွတ်ကျယ် အနက်လေးပါ ဖယ်လိုက်တော့ ပေါ်ထွက်လာတဲ့
နို့နှစ်ရောင် ကိုယ်လုံးလေး..
အရှိန်များလာသည်ထင်သည် ပါးမို့မို့လေးနှစ်ဖက်က ခုထိ ရဲတွတ်နေသည်..
မျက်လုံး မို့အစ်အစ်လေးတွေကစ နှာတံလုံးလုံးလေးနဲ့ မေးဖျားလေးအဆုံး ရေပတ်တိုက်ပေးလိုက်မှ အစောကလို ညှိုးမနေဘဲ ပွင့်လန်းလာတဲ့ မိုးဆန်းပန်းကလေးလို...
ခြေဖဝါးနီတာရဲလေးက ပြိုလဲရာ နယ်မြေအစဆို
ဒီ ညှပ်ရိုးသွယ်သွယ်လေးတွေက ရုန်းမထွက်နိုင်တဲ့ ရပ်ဝန်းပဲနေမှာ...
ဗိုက်သားချပ်ချပ်လေးတွေနဲ့ ခါးသိမ်သိမ်လေးတွေက မမြင်အပ်တဲ့ အန္တရာယ်တွေမို့ စေ့စေ့တောင်မကြည့်ရဲခဲ့..
နှင်းဆီဖူး ဂျယ်လီလုံးလေးက အသက်ရှင်နေထိုင်ရခြင်းရဲ့ အမြုတေ...
အ၀တ်ဗီရိုထဲ ကြည့်တော့ ထုံးစံအတိုင်း အရုပ်လေးတွေနဲ့ ည၀တ်တွေပဲ ရှိသည်မို့ သက်တောင့်သက်သာဖြစ်စေရန် ၀တ်ပေးလိုက်ရသည်။
အမှုကိစ္စပြီးဆုံးသော်လည်း စိတ်ဝိညာဉ်က ထိန်းချုပ်ခြင်းခံထားရသလို နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေးထံမှ မရွေ့..
အနည်းငယ် ရှုပ်နေတဲ့ ဆံပင်ပျော့အိအိလေးတွေကို လက်ချောင်းလေးတွေနဲ့ သပ်ရပ်အောင်ဖြီးသင်ပေးလိုက်တော့..
နှုတ်ခမ်းဖူးဖူးလေးထံမှ ညှို့ယူခြင်းခံရသလို..ဖိတ်ခေါ်ခြင်းခံရသလိုလိုမို့..
မျက်နှာလှလှလေးထံ တိုးကပ်သွားမိသည်..
ဒီနှုတ်ခမ်းဖူးလေးကို ထိကပ်ပစ်လိုက်မည် ကြံရွယ်ကာမှ တားဆီးခြင်းခံလိုက်ရတဲ့ အသိစိတ်တွေ..
စိတ်လေးများ ဆိုးသွားမလားဆိုတဲ့ အတွေးတွေ..
နမ်းချင်တာ...
ဒီနှုတ်ခမ်း ဖူးဖူးလေးကို နမ်းချင်နေခဲ့တာ...
တစ်ကြိမ် နှစ်ကြိမ်မှ မဟုတ်တော့တာ...
ဆန္ဒတွေထိန်းချုပ်လိုက်ရပါစေ ဒီလူစိတ်ခုသွားလို့ မဖြစ်သည်မို့ ဖယ်ခွာရန် အပြု...
ကိုယ့်လည်ပင်းကို လာသိုင်းဆွဲချသွားပြီး တစ်ဆက်တည်း ဖိကပ်လာတဲ့ နှုတ်ခမ်းသားအိအိလေး...
ဘာလဲ ဒီလူက နမ်းလိုက်တာပါလား..
နမ်းတာလဲ မမည်တဲ့ ဖိကပ်ထားတဲ့ နူးနူးညံ့ညံ့ အထိအတွေ့လေး..
ထိကပ်ထားတဲ့ နှုတ်ခမ်းဖူးဖူးလေးကြောင့်ပဲ ကိုယ့်မှာ ထိတ်ထိတ်လန့်လန့်...
ဘာလဲ နှိုင်းတုမမှီက လူကိုဘာဖြစ်
စေချင်တာပါလဲ...
ဤနေရာတွင်ပဲ နှလုံးသွေးတွေ ရပ်တန့်သွားအောင် ပြုစားနေတာပါလား...
တစ်စက္ကန့်..
နှစ်စက္ကန့်...
သုံးစက္ကန့်....
စက္ကန့်အတော်ကြာ ဖိကပ်ထားတဲ့ မထိတထိ အနမ်းလေးကြောင့်..
ကမ္ဘာလောကကြီး ခဏရပ်တန့်သွားသလို...
ခန္ဓာကိုယ်က သွေးလွှတ်ကြောတွေက အစ သူ့အလုပ်သူမလုပ်တော့သလို...
ကိုယ့်ရင်ခုန်သံစည်းချက်တွေကလွဲ အဘယ်တို့ ကြီးစိုးအံ့နည်း...
စတော်ဘယ်ရီတွေ ဘယ်လောက်ချိုလဲ မမြည်းစမ်းဖူးခဲ့ဘူး...
စီးကရက်တွေ ဘယ်လောက် စွဲလမ်းတတ်လဲ မလေ့လာခဲ့ဖူးဘူး...
သေချာတာက စတော်ဘယ်ရီတွေနဲ့ စီးကရက်တွေထက် သာလွန်ပြီး အမြဲချိုလွင် စွဲလန်းစေအုံးမယ့် ဒီနီစွေးစွေး နှုတ်ခမ်းဖူးဖူးလေးတွေ...
သောက်လေသောက်လေ ငတ်မပြေဆိုသလို တကယ့်အနမ်းကို ကိုယ်ကပဲ အငမ်းမရ ပုံဖော်တယ်...
အောက်နှုတ်ခမ်းလေးကို ငုံထွေးပြန်တော့ အလိုက်သင့်ပါလာတဲ့ နှုက်ခမ်းလုံးလုံးထွေးထွေးလေး...
နှုတ်ခမ်းတစ်စုံလုံးကို အလှည့်ကျ ငုံထွေးတော့ တုံ့ပြန်လာတဲ့ အနမ်းလေး..
ဘာလဲ ဒီငမူးလေးက လူကို ပြန်နမ်းနေတာပါလား...
ရိုက်စစ်စရာမလိုအောင် ကိုယ့်ကျောပြင်ကို လာကုတ်ဆွဲနေတဲ့ လက်ကလေးတွေကသက်သေ...
အပေးအယူမျှမျှ အရှိန်ရရနဲ့ ..
အချိန်အတော်ကြာ ထပ်တူကျနေခဲ့တဲ့ နှုတ်ခမ်းသားနှစ်စုံ...
အားမလိုအားမရ မျက်နှာလှလှလေးကို ကိုင်ကာထိန်းနမ်းမိပြန်တော့...
အစုန်အဆန်ရင်ဘက်တို့က မောဟိုက်လာ၍ထင်သည်...
နှစ်ဦးသား အောက်ဆီဂျင် အလုံအလောက် မရတော့ဟန်မှ လွှတ်ပေးမိတဲ့ နှုတ်ခမ်းသားတွေ...
"အဟင့်.."
"ဟင်..ခင်ဗျား ဘာဖြစ်တာလဲ.."
"အဟင့်.."
ဘာလဲ ဒီလူ အနမ်းခံရတာကို ငိုနေတာပါလား...
နှစ်ယောက်အတူတူနမ်းခဲ့ကြတာကို ဒီလူက ခုမှ ငိုနေတာလား..
အတိအလင်း ငိုနေသည်လဲမဟုတ် အိမ်မက်ယောင်နေသလို ရှိုက်နေခဲ့တာ..
ဒီလူနဲ့တော့ ကြာရင်နှလုံးရောဂါ ရတော့မယ်ထင်တယ်..
အိမ်မက်ယောင်နေသူကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ချော့မြူလိုက်ကာမှ ငြိမ်ကျသွားသည်။
ပြောဖူးတာရော..
ဒီကကောင်က ကြည့်နေရရင်တောင် ရူးမတတ်ဆိုတာ...
မထိရက် မတို့ရက်လေးမို့ ဒီကြွေရုပ်လေးကို ကျွန်တော်ကိုယ်တိုင် စည်းတွေခြားထားခဲ့တာ..
ကျွန်တော်မကျော်ရဲတဲ့ စည်းတွေကို ခင်ဗျားကပဲ ဖျတ်ပေးခဲ့တာ..
စည်းပေါက်သွားပြီဆို ကျွန်တော့နှလုံးသားက ခင်ဗျားအတွက်တော့ ပြန်လမ်းမဲ့..
ခင်ဗျားက စနမ်းခဲ့ပေမဲ့ ကျွန်တော်က ကြံရွယ်ခဲ့သူမို့ ဒီအနမ်းကို ကျွန်တော်က ခိုးယူခဲ့တယ်လို့ မှတ်ပါ...
နောက်တစ်ခါ ခင်ဗျားဘက်က စိတ်လိုလက်ရ ပြန်နမ်းလာခဲ့ရင် ဒီကကောင်က ဒီလောက်နဲ့ လွှတ်မပေးတော့ဘူး...
ခင်ဗျားကလွဲပြီး အခြားအရာတွေအားလုံးက တပ်မက်ခြင်းကင်းမဲ့ဇုန်တွေမို့..
ခင်ဗျားနဲ့ပက်သက်ရင် ဒီကကောင်က
သိပ်လောဘကြီးတာ...
*******
#minus-zero
12 September 22
ပုံပေါ်ကြရဲ့လား မသိဘူး..
နမ်းလိုက်တာပါတဲ့ ဟီးး
Kissssssssss😘