ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူ...
By suukhant
794K 55.3K 3.8K
ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန... More
Part- 1
Part- 2
Part-3 💛
Part- 4💛
Part- 5
Part- 6💛
Part- 7💛
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part-13
Part- 14
Part- 15
Part-16
Part-17
Part-18
Part-19
Part- 20
Part- 21
Part-22
Part- 23
Part-24
Part- 25
Part- 26
Part- 27
Part- 28
Part- 30
Final Part
Special part- 1
Special part- 2 (Unicode)
Special part- 2 (Zawgyi)
Part- 29
25K 1.9K 216
By suukhant
ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ
Part- 29
For unicode
"ပါးပါး ဝမ်ချောလား"
"ပါးပါးသားလေးကအချောဆုံးဘဲ"
ရှောင်းကျန့်ကသူ့သားဆံပင်လေးကိုအပေါ်ကစုပြီးပိုနီတေးလေးစည်းပေးလိုက်၏။ ပြီးမှဆံပင်ပါးပါးမျှင်မျှင်လေးတွေကိုဆံမိတ်ချပေးထားလိုက်တယ်။ မျက်လုံးဝိုင်းဝိုင်း၊ပါးဖောင်းဖောင်းလေးနဲ့ဝမ်ဝမ်ကအနောက်တိုင်းဝတ်စုံအဖြူရောင်‌နဲ့အရမ်းကိုချစ်ဖို့ကောင်းနေတော့သည်။ ရှောင်းကျန့်ကချစ်မဝလို့ထပ်ခါထပ်ခါနမ်းနေမိ၏။
"ဝမ်ဝမ်လေး!"
"ဘွားဘွား!"
ဝမ်ဝမ်ကသူ့အဘိုးအဘွားလာတော့ရှောင်းကျန့်ကိုယ်ပေါ်ကဆင်းပြီးသူ့အဘွားဆီပြေးသွားခဲ့၏။ မားနဲ့ပါးနောက်မှာတော့ရိပေါ်ကမျက်နှာငယ်နဲ့မတ်တပ်ရပ်နေတယ်။ ဘယ်လောက်ထိဆူခံထားရပြန်ပြီလဲမသိဘူး။ သူနဲ့ရိပေါ်မျက်လုံးချင်းဆုံမိကြတော့ရှောင်းကျန့်ကအလိုလိုမျက်လွှာချမိသွားတယ်။ ရိပေါ်အကြည့်တစ်ချက်နဲ့တောင်သူ့ရင်ထဲမှာဗြောင်းဆန်ကုန်ပြီ။ ရှောင်းကျန့်ကသူ့လက်တွေကိုအချင်းချင်းဆုတ်ကိုင်ထားပြီးခေါင်းငုံ့ရပ်နေမိတယ်။ သူမားနဲ့ပါးကိုနှုတ်ဆက်ဖို့တောင်သတိမရတော့ဘူး။
မားနဲ့ပါးကရယ်ပြီးထွက်သွားသံကိုကြားပေမယ့်ရိပေါ်ခြေသံကိုတော့မကြားလိုက်။ ရှောင်းကျန့်ကခေါင်းမော့ပြီးရိပေါ်ကိုကြည့်လိုက်တော့ရိပေါ်ကသူ့ဆီကိုတစ်ရွေ့ရွေ့လျှောက်လာတယ်။ ဒီအခိုက်အတန့်သူဘာဆက်လုပ်ရမလဲမသိတော့ဘူး။ သူရိပေါ်ကိုဆက်ပြီးကြည့်နေမိတယ်..။ ရိပေါ်ကသူ့ရှေ့ရောက်မှဒူးထောက်လိုက်တော့သူလန့်ပြီးအလိုလိုနောက်ဆုတ်မိသွား၏။
"ရှောင်း ကျွန်တော်တောင်းပန်ပါတယ်
အိမ်ကိုပြန်လာခဲ့ပေးပါ"
"ရိ.ရိပေါ်"
"ဒီ‌အတောအတွင်းဖြစ်ခဲ့သမျှတွေအကုန်လုံးကကျွန်တော့်အမှားတွေပါဘဲ
ကျွန်တော်မှားသွားပါတယ်..
ကျွန်တော်.ကျွန်တော်ဒီထက်ပိုပြီးခင်များနဲ့ခွဲမနေနိုင်တော့ဘူး"
ရိပေါ်ငိုနေတယ်။ ‌ဝမ်ရိပေါ်လိုမာနကြီးတဲ့ယောက်ျားကသူ့ရှေ့မှာဒူးထောက်ပြီးငိုနေတယ်။ ရှောင်းကျန့်ကကြက်သေသေပြီးကြောင်အသွားခဲ့၏။
"ရှောင်း ကျွန်တော်တောင်းပန်ပါတယ်
အိမ်ပြန်လာခဲ့ပါတော့ ကျွန်တော်ခင်များနဲ့မကွာရှင်းနိုင်ဘူး
တကွဲတပြားလည်းမနေနိုင်ဘူး"
"ရိ.ရိပေါ်"
ရိပေါ်ကမျက်ရည်သုတ်ပြီးဒူးထောက်မြဲထောက်နေတယ်။
"ကျွန်တော်ကိုယ့်ကိုယ်ကိုပြောင်းလဲပါ့မယ်
ခင်များစောင့်ကြည့်ပေးပါ"
"ကိုယ်.ကိုယ်"
ကိုယ်မလိုချင်ဘူး။ ကိုယ်ကအစကတည်းမင်းဒီပုံစံဆိုတာသိရက်နဲ့ချစ်ခဲ့တာပါ။ မင်းရဲ့ခပ်ဆိုးဆိုးပုံစံကိုဘဲချစ်ခဲ့တာပါရိပေါ်ရယ်။ ဒါပေမယ့်ရှောင်းကျန့်ကရင်ထဲမှာဆို့နေလို့ဘာမှပြောမထွက်တော့ဘူး။
"ရှောင်း မသွားပါနဲ့!
အဝေးကိုထပ်ထွက်မသွားပါနဲ့တော့!"
ရိပေါ်ကဒူးထောက်လျက်သူ့ရှေ့တိုးလာပြီးသူ့ဒူးကိုဖက်ကာကလေးလေးလိုငိုနေ၏။
"ရိပေါ် ထပါ..
ကိုယ့်ကိုအနေခက်အောင်မလုပ်ပါနဲ့"
"ကျွန်တော့်ဆီကထပ်ပြီးထွက်မပြေးပါနဲ့တော့! ကျွန်တော်ဒီအိမ်မှာအထီးကျန်လွန်းလို့သေတော့မယ်
သွားမယ်ဆိုကျွန်တော့်ကိုသတ်ပြီးမှသွားပါ"
"မင်း.မင်းကိုယ့်ကိုချစ်ရဲ့လားဟင်"
"ကျွန်တော်ခင်များကိုခင်များထက်အရင်ချစ်ခဲ့တာ!"
ဟင်!..။
"မင်း ဘယ်တုန်းက! မဖြစ်နိုင်"
"ခင်များstudentဘဝကတည်းက ဆေးရုံမှာpracticalလာဆင်းရတာထင်တယ်
ကျွန်တော်တို့အဖွဲ့ရန်ဖြစ်လို့ဆေးရုံကိုဆေးထည့်ဖို့ရောက်လာကြတာ.."
"မင်းအဲ့တုန်းကဆို၁၂၊၁၃လောက်ဘဲရှိဦးမယ်လေ!"
"ငယ်ပေမယ့်ကျွန်တော်ချစ်တတ်တယ်
ဒါ.ဒါပေမယ့် အခုအဲ့လိုမဆိုးတော့ပါဘူး
အဲ့တုန်းကကျွန်တော်တို့အဖွဲ့ကိုအဲ့ဖက်ကရန်လာစတာ
မယုံ.မယုံရင်ဟောက်ရွှမ်းကိုမေးကြည့်လို့ရပါတယ်"
ရိပေါ်ကသူငယ်ငယ်နဲ့ရန်ဖြစ်ရဲနေလို့အခုချိန်မှာရှောင်းကျန့်ဘက်ကပိုပြီးအမြင်ဆိုးဝါးသွားမှာကြောက်နေပုံရသည်။
"ဒါပေမယ့် မင်းကိုယ့်အပေါ်ကိုဘာလို့ရက်စက်နိုင်ခဲ့ရတာလဲ!"
"ကျွန်တော်ခင်များကိုချစ်ရမှာကြောက်တယ်
ကျွန်တော်ကလူဆိုး! လူတွေနဲ့လည်းသိပ်မတည့်ဘူး
ဒါပေမယ့်ခင်များကတော့မတူဘူး
ခင်များကနှစ်လိုဖွယ်ကောင်းတယ် ခင်များကိုလူတိုင်းကချစ်ကြတယ်
ခင်များကလူတိုင်းကိုဂရုစိုက်ပေးတယ်
ကျွန်တော်အဲ့ဒါကိုသဘောမကျဘူး
ကျွန်တော်သဝန်တိုတယ် ခင်များလူတိုင်းနဲ့ရောရောနှောနှောနေတိုင်းကျွန်တော်အလိုလိုနေရင်းခံစားနေရတယ်
ကျွန်တော်ခင်များကိုကျွန်တော့်လိုပြန်ခံစားစေချင်လို့ရှောင်းပိုင်ကိုရွေးတွဲခဲ့တာ
အဲ့တုန်းကကျွန်တော့်ရဲ့အမှားကြောင့်ကျွန်တော်တို့ပိုဝေးသွားခဲ့တယ်
ခင်များအဆောင်ကထွက်သွားတော့ကျွန်တော့်ဘဝဗလာဖြစ်သွားသလိုဘဲ
ကျွန်တော်ခင်များပြန်လာမယ့်နေ့၊ကျွန်တော်တို့မတော်တဆပြန်ဆုံမယ့်နေ့ကိုအမြဲတမ်းမျှော်နေခဲ့တာ
ဒါပေမယ့်ကျွန်တော့်လိုလူဆိုးကောင်ကိုထားခဲ့မှာစိုးလို့ ကျွန်တော်အသည်းကွဲရမှာကြောက်လို့‌
ခင်များနဲ့ကျွန်တော်ကမီးနဲ့ရေလိုဆန့်ကျင်ဘက်ဖြစ်နေတယ်
ခင်များကအေးချမ်းပြီးကျွန်တော်ကျတော့ဒေါသလည်းကြီးတယ်
မိဘစကားလည်းနားမထောင်ခဲ့ဘူး
ဒါ.ဒါပေမယ့်အခုကစပြီးအကျင့်ဆိုးမှန်သမျှအကုန်ပြင်ပါ့မယ်လို့ကတိပေးပါတယ်
ကျွန်တော့်ကိုထပ်ပြီးရွေးချယ်ပေးပါ
နော် ရှောင်းနော်"
"ရိပေါ် ဘာလုပ်တာလဲ..ထပါ"
ရိပေါ်ကသူ့ပေါင်ကိုမျက်နှာအပ်ပစ်လိုက်တော့ရှောင်းကျန့်ကရိပေါ်အတင်းခွါချနေရသည်။ ရိပေါ်ကတစ်ခါတစ်လေခွေးပေါက်လေးလိုဘဲ။
"ရှောင်းပိုင်ကိုကူညီတယ်ဆိုတာလည်းသူကခင်များညီဖြစ်လို့!
ချီးရှီပွဲတော်နေ့ကတည်းကသူကကျွန်တော့်ကိုအားလုံးကိုအမှန်တိုင်းလာပြောပြခဲ့တာ
ကျွန်တော်သူ့ကိုကူညီခဲ့တာသူ့ကိုအားနာလို့ပါ
ဒီတစ်လျှောက်လုံးသူ့ကိုအသုံးချပြီးသူ့အချိန်တွေကိုကုန်ဆုံးစေခဲ့တယ် အဲ့ဒါကြောင့်ပါ နောက်ခင်များမသိဘဲဘာမှမရင်းနှီးတော့ပါဘူး ငွေတွေအကုန်လုံးကိုလည်းခင်များကိုအပ်မယ် ခင်များပေးသလောက်ဘဲသုံးပါ့မယ်"
"ဟွန့် အဲ့လောက်ထိမလိုပါဘူး"
"ကျွန်တော်ခင်များကိုအထင်လွဲမိလို့တောင်းပန်ပါတယ်‌‌ဗျာ..
တကယ်ဆိုအဲ့နေ့ကတည်းကခင်များကိုဖွင့်ပြောခဲ့ရမှာ
ကျွန်တော်ထင်တာခင်များလည်းကျွန်တော်ချစ်နေတာကိုရိပ်မိလိမ့်မယ်ထင်လို့!"
"ကိုယ် ကိုယ်ကဘယ်လိုလုပ်မင်းဖွင့်မပြောဘဲနဲ့သိမှာလဲ
မင်း‌ကိုယ့်ကိုကြည့်တဲ့အကြည့်တွေကလည်း.."
ရှောင်းကျန့်ကရှက်လို့ပါးပြင်လေးတွေရောင်ရဲတက်လာခဲ့၏။ သူ့ကိုကြည့်တဲ့ရိပေါ်အကြည့်တွေကအမြဲတမ်းတောက်လောင်ပြီးဆန္ဒတွေပြင်းပြနေတာ။ အဲ့ကိစ္စမှာဆိုလည်းတစ်ပတ်၅ကြိမ်လောက်စိတ်အားထက်သန်သေးတယ်..။ အဲ့အကြည့်တွေကိုလည်းချစ်တယ်လို့ဘာသာပြန်လို့မှမရတာ။
"ကျွန်တော့်အကြည့်ကဘာဖြစ်လို့လဲ ဆက်ပြောလေ"
"မင်း!.."
ရိပေါ်ကရှောင်းကျန့်‌စိတ်ပြေသွားပုံရတာနဲ့ဒူးထောက်ထားရာကရပ်ပြီးရှောင်းကျန့်လက်ကိုဆွဲယူကာလက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်၏။ ပြီးမှထိုလက်တွေကိုခေါင်းငုံ့ပြီးမြတ်မြတ်နိုးနိုးနမ်းရှိုက်တယ်။ ရိပေါ်အနမ်းကြောင့်ရှောင်းကျန့်ဒူးတွေပျော့ခွေသွားပြီးဘယ်ကနေဘယ်လိုရိပေါ်ရင်ခွင်ထဲရောက်သွားမှန်းမသိတော့။ သူသိတာကရိပေါ်အကြင်နာကြားသူ့မူးမေ့မတတ်ရင်ခုန်နေတယ်ဆိုတာပါဘဲ..
"ခင်များကဘောင်းဘီတိုလေးနဲ့ရှေ့ကလျှောက်ပြနေတာကို..."
"ဘောင်းဘီတိုမဝတ်တဲ့နေ့တွေ့မှာလည်းဘဲ.."
"ခင်များကအမြဲတမ်းနတ်သားလေးလိုလှပနေလို့လေ.."
"အပိုတွေ.."
‌ရိပေါ်ကရှောင်းကျန့်ကိုပိုပြီးတင်းကျပ်စွာဖက်လိုက်ပြီးဆွယ်တာလည်ပိတ်ပေါ်ကနေရှောင်းလည်ပင်းကိုတစ်ရှုံ့ရှုံ့နမ်းနေပြန်၏။ ရှောင်းကလည်းနွေးထွေးတဲ့ရင်ခွင်ကိုမှီထားပြီးအသက်ရှုသံတွေပြင်းရှလာခဲ့၏။ ရိပေါ်ရဲ့အထိအတွေ့နည်းနည်းနဲ့တင်သူစိတ်ပါလာပြန်ပြီ။
"ကျွန်တော်ခင်များကိုချစ်လိုက်တာဗျာ.."
"ကိုယ်လည်းမင်းကိုချစ်တယ်"
ရိပေါ်ကရှောင်းကျန့်ကိုခါးကနေပွေ့ပြီးဝမ်ဝမ်ကုတင်ပေါ်မှာနှစ်ယောက်သားပူးပြီးထိုင်ချပစ်၏။ ရှောင်းကျန့်ကရိပေါ်ပေါင်မှာထိုင်လျက်သား။ ရိပေါ်ရဲ့လက်တွေကရှောင်းကျန့်တစ်ကိုယ်လုံးကိုထိတွေ့နေပြီးလက်ကအကျီအောက်ကိုလျှိုဝင်လာခဲ့၏။
"အင့်..ကို!"
"ကျွန်တော်ရှိတယ်"
"ကိုယ့်ကိုပိုပြီးထိတွေ့ပေး..ဟင့်"
"ကောင်းပြီ"
ရိပေါ်ကရှောင်းအကျီကိုနည်းနည်းဆွဲချလိုက်ပြီးလည်ပင်းနဲ့သွားနဲ့ဖွဖွကိုက်လိုက်၏။ ပြီးမှလက်တွေကရှောင်းအကျီထဲပြန်ဝင်သွားပြီးရှောင်းနို့လေးကိုလက်ညှိုးနဲ့လက်မကိုသုံးပြီးဝိုက်ကာဝိုက်ကာပွတ်သပ်ပေးလိုက်၏။ ရိပေါ်ကနမ်းရှိုက်ရင်းမှတစ်ခုခုကိုအတွက်ပေါ်သွားပြီးလှုပ်ရှားမှုတွေရပ်တန့်သွားခဲ့၏။
ရိပေါ်ရဲ့အထိအတွေ့တွေရပ်တန့်ကုန်တော့ရှောင်းမျက်လုံးလေးတွေပွင့်လာခဲ့ပြီးဘာဖြစ်တာလဲဆိုတဲ့အကြည့်နဲ့ကြည့်လာတယ်။
"ရှောင်း ကျွန်တော်တို့လုပ်လို့ဖြစ်ပါ့မလား"
"မင်း.မင်းသိ‌နေတယ်"
"ကျွန်တော်သိတယ် သိတာမကြာသေးဘူး"
သူ့ကိုရှောင်းပိုင်က'ကောကိုကြည့်ရတာကိုယ်ဝန်ရှိနေပုံပေါ်တယ်'ဆိုပြီးစာပို့လာမှသူပြန်ပြီးစုံစမ်းရင်းသိလာခဲ့တာ။
"ကိုယ်ဖျက်မချဘူး!"
ရှောင်းကျန့်ကရိပေါ်ကိုယ်ပေါ်ကထရပ်လိုက်ပြီးတင်းမာစွာဆိုလိုက်၏။ သူအမြဲတမ်းရိပေါ်ဒီကိစ္စကိုသိသွားရင်ဘယ်လိုတုံ့ပြန်မလဲအမြဲခေါင်းရှုပ်နေခဲ့တာ။ ရိပေါ်ကအမြဲတားဆီးခိုင်းခဲ့တာလေ..
"ကျွန်တော်တို့မွေးကြတာပေါ့ ကျွန်တော်အမြဲတမ်းစိတ်ပူနေခဲ့တာ
ပထမကိုယ်ဝန်နဲ့တုန်းကအချင်းရှေ့ရောက်‌နေလို့ခင်များအမြဲတမ်းနားနေရတယ်လေ
ခင်များတစ်ခုခုလုပ်တိုင်းသွေးဆင်းတာတွေရှိလို့အလုပ်လည်းကောင်းကောင်းမလုပ်ခဲ့ရဘူး ကိုယ်ဝန်ကြောင့်ခင်များတစ်ခုခုဖြစ်သွားမှကျွန်တော်ကြောက်တယ်"
"ရိပေါ် မင်းအဲ့ဒါကိုလည်းသိတယ်"
"ကျွန်တော်ခင်များအခြေအနေကိုစောင့်ကြည့်ဖို့လူတစ်ယောက်ငှားခဲ့တာ
ကိုယ်တိုင်စောစောမလာခဲ့လို့တောင်းပန်ပါတယ်..
ဒါပေမယ့်အဲ့တုန်းကခင်များလုပ်သွားတာကလည်း.."
"ဆက်မပြောနဲ့တော့ ကိုယ်ရှက်တယ်"
"ခင်များသတ္တိရှိလို့တော်ပါသေးတယ်ဗျာ.."
"ကိုယ်ကဘာမှမလုပ်ရဲပေမယ့်မင်းကိုတော့ချစ်ရဲတယ်"
"ဒါဆိုကျွန်တော့်ကိုခွင့်လွှတ်ပြီမဟုတ်လားဟင်"
"နောက်ဆိုကိုယ့်ကိုထမင်းချက်တစ်ယောက်လိုသဘောမထားရဘူး သဘောတူလား"
"ခင်များကိုကျွန်တော်ဘယ်တုန်းကမှထမင်းချက်တစ်ယောက်လိုသဘောမထားခဲ့ဖူးဘူး
နောက်နေ့ကစပြီးခင်များကျေနပ်လောက်အောင်အထိကိုယ့်ကိုယ်ကိုပြောင်းလဲပါ့မယ်..
မယကလို့ဘဲဆိုချင်ဆိုခင်များပြောစကားနားထောင်မယ်
ခင်များကိုရွှေ၊ငွေစည်းစိမ်ချမ်းသာအကုန်ပေးမယ်"
"ကိုယ်ကမင်းအချစ်နဲ့တင်ပြည့်စုံပါတယ်
ကိုယ့်ကို‌သာပိုချစ်ပေးပါ.."
"ခင်များဖြစ်ချင်တာဖြစ်ရစေမယ်ရှောင်း ယောက်ျားကတိပါ ကျွန်တော့်ကြောင့်ခင်များမျက်ရည်မကျစေရတော့ဘူး"
"နောက်မှမပြောင်းလဲနဲ့ ကိုယ်လည်းမင်းထင်တာထက်သဝန်တိုတက်တယ်
HSမှာမင်းသမီးငယ်ငယ်လေးတွေနဲ့ဖြစ်ဖြစ်၊ကောင်လေးငယ်ငယ်လေးတွေနဲ့ဖြစ်ဖြစ်သတင်းတက်မလာစေနဲ့တော့!"
"မဖြစ်စေရဘူး"
ရှောင်းကျန့်ကရိပေါ်အနိုင်ယူလို့ရတုန်းနှာခမ်းလေးစူကာhsကိစ္စကိုထပ်တလဲလဲဆူပူနေ၏။ ရိပေါ်ကလည်းခေါင်းညိတ်ပြီးရှောင်းကိုချစ်မဝစွာစိုက်ကြည့်နေတယ်။ လေထုထဲမှာချိုမြိန်ခြင်းအငွေ့‌အသက်တွေလွှမ်းခြုံနေပြီး တစ်လလောက်ခွဲနေကြတဲ့လူနှစ်ယောက်ကတော့သားမွေးနေ့ကိုမေ့ပြီးပြောစရာစကားတွေပြောလို့မပြီးတော့။ အထူးသဖြင့် ရှောင်းကျန့်..။ ရှောင်းကျန့်ကလည်းဟိုအိမ်မှာအဲ့ရက်ကလွဲပြီးကျန်တဲ့နေ့တွေမှာထမင်းမချက်ကျွေးခဲ့ကြောင်းသူ့ယောက်ျားကိုမျက်နှာငယ်လေးနဲ့ပြန်ပြောပြတယ်။
"ဝမ်လေး ရှောင်ရှောင်း!
မွေးနေ့ကိတ်ခွဲတော့မယ်
မဆင်းလာကြသေးဘူးလား!.."
"လာပြီမားရေ!!"
"အဲ့ဒါမင်းကြောင့်!"
"ဟုတ်တယ် ကျွန်တော့်ကြောင့်ပါ"
(9.9.22)
.....................
Part- 29
For zawgyi
"ပါးပါး ဝမ်ချောလား"
"ဝမ်ဝမ်လေး!"
"ဘွားဘွား!"
"ရိ.ရိပေါ်"
"ရိ.ရိပေါ်"
"ကိုယ်.ကိုယ်"
"ရှောင်း မသွားပါနဲ့!
"ရိပေါ် ထပါ..
ဟင်!..။
နော် ရှောင်းနော်"
"ရိပေါ် ဘာလုပ်တာလဲ..ထပါ"
"မင်း!.."
"အပိုတွေ.."
"အင့်..ကို!"
"ကျွန်တော်ရှိတယ်"
"ကောင်းပြီ"
"မင်း.မင်းသိ‌နေတယ်"
"ကိုယ်ဖျက်မချဘူး!"
"မဖြစ်စေရဘူး"
"ဝမ်လေး ရှောင်ရှောင်း!
မဆင်းလာကြသေးဘူးလား!.."
"လာပြီမားရေ!!"
"အဲ့ဒါမင်းကြောင့်!"
(9.9.22)
.....................
Continue Reading
You'll Also Like
675K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
1.5K 215 5
ကျွန်တော်သာ ငှက်တစ်ကောင်ဆိုရင် ခများက ကျွန်တော်အမြင့်ပျံနိုင်အောင် ထောက်ပံ့ပေးတဲ့ တောင်ပံတစ်စုံပဲ ဖြစ်လိမ့်မယ်။
4.1K 123 24
"Time won't fly, it's like I'm paralyzed by it I'd like to be my old self again But I'm still trying to find it" Eryn Blake hated the person that she...
22.1K 1K 12