Bodyguard (Complete)

By Sandi_Bear

645K 57.1K 4.6K

Kim Taehyung × Jeon Jungkook More

Part ~ 1
Part ~ 2
Part ~ 3
Part ~ 4
Part ~ 5
Part ~ 6
Part ~ 7
Part ~ 8
Part ~ 9
Part ~ 10
Part ~ 11
Part ~ 12
Part ~ 13
Part ~ 14
Part ~ 16
Part ~ 17
Part ~ 18
Part ~ 19
Part ~ 20
Part ~ 21
Part ~ 22
Part ~ 23
Part ~ 24
Part ~ 25
Part ~ 26
Part ~ 27
Part ~ 28
Part ~ 29
Part ~ 30
Part ~ 31
Part ~ 32
Part ~ 33
Part ~ 34
Part ~ 35
Part ~ 36
Part ~ 37
Part ~ 38
Part ~ 39
Part ~ 40 (final)

Part ~ 15

14.5K 1.3K 105
By Sandi_Bear

zawgyi

Taxiျဖင့္ ေရာက္ရွိလာခဲ့သည့္ Jejuက အဘိုးအဘြားေတာ္စပ္သည့္သူတို႔၏ စံအိမ္ေတာ္ ။
ေတာင္ကုန္းအျမင့္ပိုင္းမွာ တသီးတသန့္တည္ေဆာက္ထားေသာ စံအိမ္ေတာ္က အေဆာင္ေပါင္းမ်ားစြာ၊ အခန္းေပါင္းမ်ားစြာႏွင့္ ဖြဲ႕စည္းထားကာ ေရပန္းဉယ်ာဥ္၊ ပန္းပု႐ုပ္လုံး႐ုပ္ႂကြ၊ မ်ိဳးစုံသည့္ပန္းေပါင္းမ်ားႏွင့္ ေတာ္ဝင္ဆန္စြာ တခမ္းတနား ။

Jungက ကားအေနာက္ဖုံးထဲကေန လက္ေဂ့ခ်္မ်ားကိုဆြဲထုတ္ေနစဥ္ Taehyungကေတာ့ ကားလမ္းတေလွ်ာက္ ဝါးလာခဲ့သည့္ ပီေကကိုတေဖာက္ေဖာက္လုပ္ရင္း ခမ္းနားသည့္အိမ္ႀကီးကို အကဲခတ္ေနကာ အခ်ိဳကုန္သြားေသာ ပီေကကို အိမ္ေရွ႕မွာပင္ ေထြးခ်လိဳက္သည္ ။

" ထြီ...."

" ႀကိဳဆိုပါတယ္.. သခင္ေလး.. အိမ္ထဲကိုႂကြပါ..."

အိမ္ေတာ္ထိန္းျဖစ္ဟန္တူသည့္ ဉပဓိ႐ုပ္ေကာင္းေကာင္းႏွင့္ လူႀကီးတစ္ေယာက္က အိမ္ေတာ္ထဲကေနထြက္လာလ်က္ Taehyungကို ဦးၫႊတ္ႀကိဳဆိုကာ သူ႕အေနာက္ပါးဆီမွာ ပါလာေသာ တူညီဝတ္စုံႏွင့္အလုပ္သမားႏွစ္ေယာက္ကိုေတာ့ Jungkookထံမွ လက္ေဂ့ခ်္မ်ားကိုသြားဆြဲကူရန္ အခ်က္ျပလိုက္သည္ ။

" သခင္ေလး ဒီေန႕ ေရာက္လာမယ့္ဆိုလို႔ ဧည့္ခန္းထဲမွာ လူစုံတက္စုံ ေစာင့္ေနၾကပါတယ္..."

လူစုံတက္စုံ?..
Taehyung မ်က္ခုံးပင့္သြားလ်က္ Jungကသူ႕အနားေရာက္လာၿပီဆိုမွ ထိုလူလမ္းျပေခၚေဆာင္ရာေနာက္ကို လိုက္လာခဲ့သည္ ။

" ေရာက္လာၿပီပဲ..."

ဧည့္ခန္းထဲ၌ အသီးသီးေနရာယူထိုင္ေစာင့္ေနၾကသည့္ လူေတြကအုပ္လိုက္ႀကီး ။
Taehyungလိုလူငယ္ေတြလည္းပါသလို ကေလးေပါက္စန၊ သက္ႀကီး႐ြယ္အို လူစုံတက္စုံ ။

Taehyungကိုစူးစမ္းေနၾကသည့္သူတို႔ေၾကာင့္ Taehyung၏ မ်က္ေမွာင္ကသိသိသာသာ တြန့္ေကြးသြားရသည္ ။

" မင္းက... တကယ္... Sohyungနဲ႕ တူတာပဲ..."

ဆိုဖာထက္ကေနထကာ Taehyungအနားသို႔ ေရာက္လာသည့္ ဆံႏြယ္ေတြျဖဴေနသည့္တိုင္ က်က္သေရရွိလွပေနဆဲ အမ်ိဳးသမီးႀကီးက Taehyungကိုစိုက္ၾကည့္ကာ သူမမ်က္ဝန္းတို႔က ေငြ႕ရည္ဖြဲ႕သြားသည္ ။

Sohyungဆိုတာက Taehyungအေမ၏နာမည္ျဖစ္ၿပီး ထိုအမ်ိဳးသမီးႀကီးက အဘြားဆိုသူျဖစ္ရမည္ ။
Taehyungထံ လက္လွမ္းခ်င္လာသည့္ သူမလက္ကို Taehyung လက္သင့္မခံသလိုေရွာင္ဖယ္လိုက္လွ်င္ သူမကအလိုက္တသိႏွင့္ လက္ျပန္႐ုတ္သြားသည္ ။

" မင္းအတြက္ အခန္းျပင္ေပးထားတယ္... မင္းနဲ႕အတူ ပါလာတဲ့ ေကာင္ေလးအတြက္လည္း အခန္းသက္သက္ ျပင္ေပးထား.."

" မလိုဘူး.. သူက ကြၽန္ေတာ္နဲ႕ တစ္ခန္းတည္းပဲသုံးလိမ့္မယ္.."

" မင္းအေဖဆီက ၾကားထားၿပီးသား.. သူကမင္းရဲ႕Bodyguardဆို ဘယ္လိုလုပ္ Bodyguardနဲ႕ တစ္ခန္းတည္းအတူသုံးမွာလဲ..."

" ကြၽန္ေတာ္တို႔က အတူတူအိပ္ေနက်ပဲ.."

Taehyung၏ မထုံတက္ေတးမ်က္ႏွာေပးေၾကာင့္ အဘြားက သေဘာမက်ေပမယ့္ ထိုအေၾကာင္းအရာကို ထပ္မေျပာေတာ့ဘဲ လမ္းေၾကာင္းေျပာင္းသည္ ။

" ဟိုမွာ ထိုင္ေနၾကတာက.. မင္းအေမရဲ႕အစ္ကိုနဲ႕အစ္မ.. က်န္တဲ့သူေတြက မင္းနဲ႕ဆိုတဝမ္းကြဲေတာ္စပ္တဲ့ ေမာင္ႏွမေတြပဲ.."

အာ.. အေမြေတြကို အတူတူခြမ္းျခမ္းေဝရမယ့္ သူေတြလား..။
အဲ့လိုမွန္းသိ Taehyung Jejuကိုေျခခ်ခဲ့မွာမဟုတ္ဘူး..။
သူက ေသာက္ဇယားရႈပ္ရတာမ်ိဳးေတြဆို အေသမုန္းတယ္..။

" Min Yoongiကေတာ့... ဝမ္းကြဲေတြထဲမွာ အစ္ကိုအႀကီးဆုံးပဲ.."

ေအးတိေအးစက္ဟန္ႏွင့္ လူတစ္ေယာက္က Taehyungကိုအသိအမွတ္ျပဳသလို အၾကည့္ႏွင့္သာ ႏႈတ္ဆက္သည္ ။

" ၿပီးရင္ေတာ့.. Min Hyungsoek.. Min Hannaကေတာ့ မင္းနဲ႕႐ြယ္တူပဲ..."

အထက္ဆီးဆန္သည့္မ်က္ႏွာေပးႏွင့္ မိန္းကေလးက Taehyung မ်က္စိထဲကိုဝင္လာသည္ႏွင့္ က်က္သေရတုံးသည္ဟု ခ်က္ျခင္းလက္ငင္းခံစားလိုက္ရသည္ ။
စိတ္ပ်က္လက္ပ်က္ႏွင့္ ေဆြမ်ိဳးအုပ္ႀကီး မိတ္ဆက္ခန္းအၿပီးဆုံးမွာေတာ့ Taehyungကလည္း သူတို႔ကိုမၾကည္သလို သူတို႔ကလည္း Taehyungကို ၾကည္ဟန္မတူ..။

" မင္းရဲ႕အဘိုးကေတာ့.. အိပ္ရာထဲလဲေနရတယ္.. သူ႕က်န္းမာေရးက အခုတေလာ တေရွာင္ေရွာင္ျဖစ္ေနတာ.. ဝွီးခ်ဲအကူအညီနဲ႕ပဲ အသြားအလာလုပ္ရေတာ့တယ္.. ေနာက္လထဲမွာ.. သူ႕အသက္၇၆ႏွစ္ျပည့္တဲ့ Partyလုပ္မွာ.. ငါတို႔ရဲ႕ေဆြမ်ိဳးအသိုင္းအဝိုင္းနဲ႕ပဲ.. အဲ့ဒီ့ေန႕က်ရင္.. မင္းအတြက္ အေမြခံစားခြင့္ကိုလည္း ေရွ႕ေနေတြနဲ႕ တစ္ခါတည္းလႊဲေပးမယ္..."

" ေျပာစရာေတြ ၿပီးၿပီဆိုရင္.. နားလို႔ရၿပီလား.."

Taehyung၏ အေရးမစိုက္သလို ခပ္ေပါ့ေပါ့ဟန္ေၾကာင့္ အမ်ိဳးအုပ္စုႀကီးကေတာ့ ရႈံ႕ခ်ရင္းအတင္းႏွက္ေနၿပီ ။

" အာ.. နားခ်င္ေတာ့မွာပဲေပါ့.. အိမ္ေတာ္ထိန္းHan အခန္းလိုက္ျပေပးလိုက္ပါဦး.."

" Nae..."

Taehyung အဘြားျဖစ္သူကို ဝတ္ေက်တန္းေက် ဦးတစ္ခ်က္ၫႊတ္ျပလိုက္ၿပီးမွ အမ်ိဳးအုပ္ႀကီးကိုေတာ့ တစ္ခ်က္မၾကည့္စတမ္း ထြက္လာခဲ့လိုက္သည္ ။

" Sohyungရဲ႕သားသာေျပာတာ.. အက်င့္စရိုက္က တျခားဆီပဲ.. လူႀကီးေတြကို ရိုေသရေကာင္းမွန္းလည္း မသိဘူး..."

" သူ႕အေဖကလည္း မဆုံးမထားဘူးေနမွာေပါ့.."

အဘြားကေတာ့ သက္ျပင္းအသာခ်ရင္း အခန္းထဲျပန္ဝင္သြားခဲ့သလို လူႀကီးေတြ၏ အတင္းအဖ်င္းၾကားမွာ Min Yoongiကေတာ့ အေရးတစ္ခ်က္မစိုက္ဘဲ ထထြက္သြားသည္ ။

Min Hannaကေတာ့ သူမေတာက္ေလွ်ာက္ ေစာင့္ၾကည့္ခဲ့သည့္ Bodyguardဆိုသူ၏ ေခ်ာေမာခန့္ညားသည့္ အသြင္အျပင္ကိုျပန္ျမင္ေယာင္လွ်င္ ဆိုးေဆးတင္ထားသည့္ ႏႈတ္ခမ္းပါးက ေကြးၫႊတ္သြားရသည္ ။
အေမတို႔ေဆြးႏြေးေနၾကသည့္ Kim Taehyung၏ အမူအက်င့္စရိုက္ေတြကို သူ ေသးေသးေလးေတာင္ စိတ္မဝင္စားေပမယ့္ Kim Taehyungရဲ႕ Bodyguardကိုေတာ့ အရမ္းစိတ္ဝင္စားတယ္..။
.
.
.

" က်စ္... ေသာက္ရမ္း စိတ္ပ်က္ဖို႔ေကာင္းတယ္..."

အိမ္ေတာ္ထိန္းHan လိုက္လံပို႔ေဆာင္ေပးသည့္ အခန္းထဲကိုေရာက္သည္ႏွင့္ Taehyung စိတ္ပ်က္မႈကိုသည္းမခံနိုင္ဘဲ ေရ႐ြတ္လိုက္ကာ ကုတင္ေပၚမွာ ေျခပစ္လက္ပစ္ ထိုင္ခ်လိဳက္သည္ ။

Jungကေတာ့ လက္ေဂ့ခ်္ထဲက အဝတ္အစားေတြကို အဝတ္ဗီဒိုထဲေျပာင္းထည့္ေနသည္ ။

" အဲ့ဒါက နည္းတဲ့အမ်ိဳးအုပ္ႀကီးတဲ့လား.."

" ကြၽန္ေတာ္လည္း အဲ့ဒီ့ေလာက္ ေဆြမ်ိဳးမ်ားမယ္မထင္ထားလို႔ နည္းနည္း အံ့ၾသသြားတယ္.."

" ေသာက္ခ်ိဳးေျပတဲ့သူလည္း တစ္ေယာက္မွ မပါဘူး.. က်စ္.. ငါ့ရဲ႕ ေက်ာင္းပိတ္ရက္က အက်ိဳးနည္းပဲ.."

" ေရာက္တုန္းေရာက္ခိုက္.. တျခားသူေတြနဲ႕ မေျပလည္ခ်င္ေတာင္ အဘိုးနဲ႕အဘြားကို ေကာင္းေကာင္းဆက္ဆံေပးလိုက္ပါ..."

" ဟက္.. သူတို႔က သူတို႔မွာ ခ်စ္စရာ ေျမးေတြအမ်ားႀကီးရွိေနေတာ့ ငါ့ကို မ်က္လုံးထဲမထည့္ခဲ့တာမလား..."

ခနဲ႕သလို အညိုေလး၏ေလသံမွာ အနည္းငယ္ေသာ စိတ္မေကာင္းျဖစ္မႈေတြပါဝင္ေနသည္ကို Jungkook သတိျပဳမိတာေပါ့..။

" သခင္ေလးကို မ်က္လုံးထဲထည့္ထားတဲ့ ကြၽန္ေတာ္တစ္ေယာက္လုံး ရွိေနတာပဲ.. တျခားသူက မ်က္လုံးထဲထည့္ဖို႔ လိုေသးလို႔လား.."

" အင္း.. မင္းက ငါ့ကို မ်က္လုံးတင္မက dickလည္း ထည့္တာပဲေလ.. မလိုဘူး..."

ခပ္ညစ္ညစ္အၿပဳံးႏွင့္ စကားက ခ်စ္စဖြယ္လွတပတမ်က္ႏွာႏွင့္ အၿမဲတမ္းဆန့္က်င္ဘက္ ။
Jungkook မနိုင္သလိုသာ ေခါင္းေလးယမ္းလိုက္မိသည္ ။

" Jejuကို ေရာက္လက္စနဲ႕ေတာ့.. ငါ အေပ်ာ္အပါးရွာမွာေနာ္.. Jung.. ငါ့ကိုတားဖို႔ စိတ္မကူးနဲ႕..."

" ျပႆနာမရွာသ၍ေတာ့ရတယ္..."

" ငါက အားအားယားယား ျပႆနာရွာမယ့္သူလား.. အေပ်ာ္အပါးပဲရွာမွာ..."

လည္ပတ္ေပ်ာ္ပါးရမည့္ အစီအစဥ္ကို အေကာင္အထည္ေဖာ္ရေတာ့မည္ဆိုေတာ့ Kim Taehyung၏ စိတ္ႏွောက္ေနမႈေတြက လႊင့္ပါးသြားကာ ႏႈတ္ခမ္းပါးထက္ တၿပဳံးၿပဳံး ။
.
.
.

" ေဒါက္... ေဒါက္..."

" သခင္ေလး Taehyungတို႔ကို ညစာစားဖို႔အတြက္ လာေခၚတာပါ.."

Taehyungက ကုတင္ထက္မွာ အနားယူရင္းဖုန္းသုံးေနသလို Jungကေတာ့ စာၾကည့္စားပြဲမွာ Laptopတစ္လုံးႏွင့္ အလုပ္လုပ္ေနစဥ္ အခန္းတံခါးကိုလာေခါက္သည့္ အိမ္ေတာ္ထိန္းHan ။

မိမိ၏ေနရပ္မဟုတ္ေတာ့ သူတို႔ေခၚသည့္အခ်ိန္ သြားမွသင့္ေတာ္မည္ျဖစ္၍ Jungkookက စိတ္လက္မၾကည္သာေသာ အညိုေလးကိုေျဖာင္းဖ်ကာ အိမ္ေတာ္ထိန္းHanအေနာက္ကို လိုက္ခဲ့ရသည္ ။

Taehyungကေတာ့ အမ်ိဳးအုပ္ေတြမ်က္ႏွာ ျမင္ေယာင္႐ုံႏွင့္ ထမင္းစားခ်င္စိတ္က ကုန္ခမ္းေနၿပီ ။

ထမင္းစားခန္းကိုေရာက္ေတာ့ ထင္သည့္အတိုင္း ရွည္လ်ားလွသည့္စားပြဲထက္မွာ ေနရာကိုယ္စီယူထားသည့္ အမ်ိဳးမ်ားကမနည္းလွ ။

" Bodyguardေကာင္ေလးလည္း ေနရာယူလိုက္ပါ.. "

" ကြၽန္ေတာ္က ေတာ္ပါၿပီ..."

" ဝင္ထိုင္ပါ.. မင္းက Taehyungအတြက္ အေရးပါတဲ့သူပဲေလ.. ငါတို႔အတြက္လည္း အေရးႀကီး ဧည့္သည္လို႔ပဲ သေဘာထားပါတယ္..."

Taehyungကလည္း Jungkookကို သူ႕ေဘးကခုံေနရာမွာပင္ အကၤ်ီစကိုဆြဲၿပီး ထိုင္ခ်ေစလိုက္လွ်င္ Jungkook မျငင္းဆန္နိုင္ေတာ့ဘဲ အလိုက္သင့္ထိုင္လိုက္ရသည္ ။

" ဒါက ပထမဆုံးအေနနဲ႕ ေဆြမ်ိဳးေတြအကုန္ မ်က္ႏွာခ်င္းဆိုင္မိတဲ့ ညစာစားပြဲပဲ.. အင္း.. မင္းတို႔အဘိုးကေတာ့ ထမင္းဝိုင္းမွာ အတူမထိုင္နိုင္ေပမယ့္လို႔ေပါ့.. "

ခဏအၾကာ Maidမ်ားက တစ္ေယာက္ခ်င္းဆီ၏အေရွ႕မွာ ထမင္းပြဲကို လာေရာက္ခ်ေပးသည္ ။

Taehyungကေတာ့ အစတည္းက ဒီထမင္းစားပြဲဝိုင္းကို စိတ္ပ်က္ေနသူျဖစ္၍ မည္သူစကားေျပာေျပာ အာ႐ုံမရွိ ။

Jungkook၏အေရွ႕မွာေတာ့ Min Hannaက ထိုင္ေနကာ ေစ့ေစ့ၾကည့္ေနသည္ ။
သူမ၏ရဲတင္းလွသည့္ အၾကည့္တို႔ကို Jungkookရိပ္မိေပမယ့္ မသိက်ိဳးကြၽံျပဳၿပီးေတာ့သာ ထမင္းစားျခင္းကိုပဲ အာ႐ုံစိုက္ဟန္ျပဳေနလိုက္သည္ ။

Min Hannaက Jungkook၏တည္တန့္ၾကည့္ေကာင္းလွသည့္ အသြင္အျပင္ကို ၾကည့္ေလၾကည့္ေလ သေဘာက်မိေလမို႔ အိမ္ေပၚစီးကြင္းထိုးဖိနပ္ေလးကိုအသာယာခြၽတ္ကာ ေျခတစ္ဖက္ဆန့္ထုတ္လိုက္ရင္း Jungkook၏ေျခေထာက္ကို ပြတ္သပ္က်ီစယ္လိုက္သည္ ။

သူမအျပဳအမူေၾကာင့္ လက္သီးဆုပ္တင္းခနဲျဖစ္သြားရသည့္ Jeon Jungkook ။
ထိုမိန္းကေလးကို ဤမွ်ထိ ရဲတင္းလိမ့္မည္မထင္ထား..။

အၾကည့္စူးစူးႏွင့္ သူမကို စိုက္ၾကည့္လိုက္ေပမယ့္ မ်က္ခုံးပင့္ရင္း Jungkookကိုတန္ျပန္ၾကည့္ကာ မထီမရီၿပဳံးျပေနသည္ ။

လူအမ်ားႀကီးရွိသည့္ ေနရာမွာ Jungkookတစ္ေယာက္ သိသိသာသာလည္း ျပဳမူလို႔မရဘဲ သူ႕ေျခေထာက္ကိုသာ ေနရာေ႐ြ႕လိုက္ရင္း စိတ္က်ဥ္းက်ပ္ေနသည္ကို Taehyung သတိျပဳမိသြားလ်က္ မ်က္ေမွာင္ၾကဳတ္သြားရသည္ ။

Jungkook၏မ်က္ႏွာရိပ္ကို အကဲခတ္ရင္း သူ႕မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနသည့္ Min Hannaထံ Taehyung အၾကည့္က်ေရာက္သြားသည္ ။
Min Hanna၏ Jungkookအေပၚ ျမႇူဆြယ္လိုေသာအၾကည့္တို႔က ထင္ထင္သာသာ ။
အာ.. က်က္သေရတုံးမက ငါ့ရဲ႕Jungကို ခ်ိန္ေနတာလား...။

Taehyung ေရခြက္ကိုေမာ့ေသာက္လိုက္ရင္း မခိုးမခန့္အၿပဳံးႏွင့္အတူ မ်က္ဝန္းတို႔က ေအးစက္သြားသည္ ။

" Taehyung ah.. အိမ္ေတာ္ထဲက မင္းအေမရဲ႕အခန္းကို အခုထိထိန္းသိမ္းထားတယ္.. လိုက္ၾကည့္ခ်င္လား..."

အဘြား၏စကားေၾကာင့္ Taehyung အာ႐ုံက အဘြားဆီကိုေရာက္သြားရသည္ ။

" ထမင္းစားၿပီးရင္ အဘြားနဲ႕အတူ.. လိုက္ၾကည့္မလား..."

အေမက Taehyungအတြက္ တန္ဖိုးထားခ်စ္ခင္ရသည့္ တစ္ဦးတည္းေသာ အမ်ိဳးသမီး..။
သို႔ျဖစ္၍ အဘြားစကားကို မျငင္းဆန္နိုင္..။
အေမႏွင့္ပတ္သက္သည့္ အရာေတြကို သူသိခ်င္သည္၊ တန္ဖိုးထားသည္ ။

ထမင္းစားေသာက္ၿပီးသြားသည့္အခါ အဘြားက Taehyungကို အေမ့၏အခန္းဆီသို႔ ေခၚေဆာင္သြားေပးသည္ ။

" Sohyungက မင္းအေဖနဲ႕လက္ထပ္ၿပီး အိမ္ေတာ္ကေနထြက္မသြားခင္အထိ သူေနခဲ့တဲ့ အခန္းပဲ.. သူဆုံးသြားတည္းက လက္ရာမပ်က္ေစဘဲ ထိန္းသိမ္းထားခဲ့တာ..."

အဘြားက အခန္းတြင္းကို ေဝ့ဝဲၾကည့္ရင္း အခန္းပိုင္ရွင္ကို တမ္းတမိသြားသလို ေဆြးျမည့္စြာၿပဳံးသည္ ။

" ၁၅ႏွစ္ေတာင္ ရွိသြားခဲ့ၿပီပဲ... သားသမီးက မိဘျဖစ္သူေတြထက္ ေလာကႀကီးထဲကေန အရင္ထြက္သြားခဲ့လိမ့္မယ္လို႔ကိုမထင္ထားတာ..."

အေမ့၏အခန္းက ရိုးရွင္းေပမယ့္ သပ္ရပ္ရွင္းသန့္ကာ ပကာသနမ်ား မစီျခယ္ထား..။
သူ မွတ္မိသေလာက္ေတာ့ အေမက အဖိုးတန္လက္ဝတ္ရတနာမ်ား ဝတ္ဆင္ရသည္ကိုလည္း မႀကိဳက္ႏွစ္သက္ ။
ေဆြႀကီးမ်ိဳးႀကီးအသိုင္းအဝိုင္းက အမ်ိဳးသမီးျဖစ္ေသာ္လည္း ပကာသနဂုဏ္မမက္ဘဲ ရိုးရွင္းေအးခ်မ္းစြာေနခဲ့ၿပီး ႏူးညံ့သိမ္ေမြ႕သည္ ။

" အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ကို မုန္းခဲ့တာမလား... အေမက ကြၽန္ေတာ့္ကိုေမြးခဲ့လို႔ ေလာကႀကီးကေန အရင္ထြက္ခြာသြားခဲ့ရလို႔ေလ..."

" Taehyung ah..."

" ထားပါ.. အဘြားတို႔ရဲ႕ ခ်စ္ျခင္းမုန္းျခင္းက ကြၽန္ေတာ့္အတြက္လည္း အေရးမပါဘူး.. ကြၽန္ေတာ္ သြားေတာ့မယ္..."

အဘြားျဖစ္သူက သူ႕ကိုတစုံတရာ မေျပာနိုင္ခင္မွာပင္ Taehyungလွည့္ထြက္လာခဲ့လိုက္သည္ ။

သူတို႔ကေတာင္ Taehyungနဲ႕ မဆက္ႏြယ္ခ်င္လို႔ ၁၅ႏွစ္လုံးလုံး သံေယာဇဥ္ျဖတ္ထားခဲ့ၾကတာမလား.. အခုက်မွ ဘာဇာတ္ေတြခင္းခ်င္ေနၾကတာတဲ့လဲ?..

Taehyungကေတာ့ ဒီကိုလာခဲ့တယ္ဆိုတာ ေပ်ာ္ဖို႔ပါးဖို႔ အသစ္အဆန္းရွာဖို႔နဲ႕.. အေမြယူဖို႔သက္သက္ပဲ..။

နဂိုကမွ ၾကည္သာ မေနသည့္ Taehyung၏စိတ္ကို အေျခအေနပိုဆိုးသြားေစသည့္ ျမင္ကြင္းတစ္ခုက ဧည့္ခန္းဆီမွာ ဆီးႀကိဳလ်က္ရွိေနလွ်င္ Taehyung စိတ္ပ်က္သလို မ်က္လုံးအေပၚလွန္မိလိုက္သည္ ။

Jungkook၏အနားမွာ ရစ္သီေနေသာ Min Hannaက Jungkook၏ရင္ခြင္ထဲကို မပစ္ဝင္႐ုံတမယ္ ။

Taehyungစိတ္အေျခအေနက တကယ္ဆိုးေနၿပီျဖစ္၍ တျခားဘာဘာညာညာ ေတြးေတာဆင္ျခင္မေနဘဲ သူတို႔အနားကို တန္းတန္းမတ္မတ္သြားလိုက္ကာ Min Hannaကို တြန္းထုတ္လိုက္လွ်င္ ေယာက္်ားေလးအားေၾကာင့္ သူမက ၾကမ္းျပင္ထက္ပုံခနဲလဲသြားရင္း Taehyungကို ေဒါသတႀကီးစိုက္ၾကည့္လာသည္ ။

" Kim Taehyung!.. နင္ ငါ့ကို ဘာလုပ္လိုက္တာလဲ!.."

" က်စ္.. ေသာက္စကားေျပာခ်င္စိတ္က ရွိမေနပါဘူးဆိုမွ.."

" သခင္ေလး.."

" မင္းလည္း ေသာက္ေပါက္ပိတ္.. အဲ့ဒီ့က်က္သတုံးမ ျပဳသမွ် ႏုေနရလား.."

" Kim Taehyung!!.. နင္ ငါ့ကို ဘာေျပာလိုက္တယ္.."

တရႈးရႈးတရွားရွား ေဒါသထြက္စြာ ထရပ္လာသည့္ Min Hannaကို Taehyung စိတ္ပ်က္သလို မသတီစြာၾကည့္လိုက္သည္ ။

" အာ.. ငါ-ိုးပဲ... နားကန္းေနတာလား.. မင္းျပစ္မွားေနတာက ဘယ္သူလို႔ ထင္လို႔လဲ.. ငါ့အပိုင္.. ငါ့ဟာ.. ငါ့လူ.. ငါ့လူကို မရိုးမသားထပ္လုပ္ရဲလုပ္လာၾကည့္.. ငါ့အေၾကာင္း ေကာင္းေကာင္းသိသြားေစရမယ္လို႔ အာမခံတယ္... သြားမယ္... Jung...."

Taehyung ရာဇဝင္မွာ မိမိအပိုင္ကိုလာထိလာၿငိရင္ တစ္ဖက္က မိန္းကေလးေသာဘာေသာလည္း မေထာက္ထားေနဘူး..။
Taehyung အျမင္ကပ္တဲ့ Min Hannaဆို ပိုဆိုးေသးသည္ ။

Jungkookကေတာ့ သူ႕အညိုေလး၏ဆတ္ဆတ္ႀကဲပုံေၾကာင့္ ေဒါသထြက္ေနၿပီမွန္းနားလည္လိုက္ကာ ႏႈတ္ပိတ္ရင္းသာ အညိုေလးအေနာက္ကို ေကာက္ေကာက္ပါေအာင္လိုက္ရသည္ ။

Min Hannaကေတာ့ သူမ ႀကဳံေတြ႕လိုက္ရသည့္ Kim Taehyung၏ မေခ်မငံဆက္ဆံခံရမႈေၾကာင့္ ေဒါသတႀကီးႏွင့္သာ ေအာက္ႏႈတ္ခမ္းပါးကို ျပတ္လုမတတ္ ဖိကိုက္လိုက္ရင္း...။

ငါကလည္း ငါ့ကိုလာထိတဲ့နင့္ကို ဒီအတိုင္း ထားမယ္ထင္ေနလား.. Kim Taehyung ။
.
.
.

Sandi Bear
Taekook makes me happy.

unicode

Taxiဖြင့် ရောက်ရှိလာခဲ့သည့် Jejuက အဘိုးအဘွားတော်စပ်သည့်သူတို့၏ စံအိမ်တော် ။
တောင်ကုန်းအမြင့်ပိုင်းမှာ တသီးတသန့်တည်ဆောက်ထားသော စံအိမ်တော်က အဆောင်ပေါင်းများစွာ၊ အခန်းပေါင်းများစွာနှင့် ဖွဲ့စည်းထားကာ ရေပန်းဉယျာဥ်၊ ပန်းပုရုပ်လုံးရုပ်ကြွ၊ မျိုးစုံသည့်ပန်းပေါင်းများနှင့် တော်ဝင်ဆန်စွာ တခမ်းတနား ။

Jungက ကားအနောက်ဖုံးထဲကနေ လက်ဂေ့ချ်များကိုဆွဲထုတ်နေစဥ် Taehyungကတော့ ကားလမ်းတလျှောက် ဝါးလာခဲ့သည့် ပီကေကိုတဖောက်ဖောက်လုပ်ရင်း ခမ်းနားသည့်အိမ်ကြီးကို အကဲခတ်နေကာ အချိုကုန်သွားသော ပီကေကို အိမ်ရှေ့မှာပင် ထွေးချလိုက်သည် ။

" ထွီ...."

" ကြိုဆိုပါတယ်.. သခင်လေး.. အိမ်ထဲကိုကြွပါ..."

အိမ်တော်ထိန်းဖြစ်ဟန်တူသည့် ဉပဓိရုပ်ကောင်းကောင်းနှင့် လူကြီးတစ်ယောက်က အိမ်တော်ထဲကနေထွက်လာလျက် Taehyungကို ဦးညွှတ်ကြိုဆိုကာ သူ့အနောက်ပါးဆီမှာ ပါလာသော တူညီဝတ်စုံနှင့်အလုပ်သမားနှစ်ယောက်ကိုတော့ Jungkookထံမှ လက်ဂေ့ချ်များကိုသွားဆွဲကူရန် အချက်ပြလိုက်သည် ။

" သခင်လေး ဒီနေ့ ရောက်လာမယ့်ဆိုလို့ ဧည့်ခန်းထဲမှာ လူစုံတက်စုံ စောင့်နေကြပါတယ်..."

လူစုံတက်စုံ?..
Taehyung မျက်ခုံးပင့်သွားလျက် Jungကသူ့အနားရောက်လာပြီဆိုမှ ထိုလူလမ်းပြခေါ်ဆောင်ရာနောက်ကို လိုက်လာခဲ့သည် ။

" ရောက်လာပြီပဲ..."

ဧည့်ခန်းထဲ၌ အသီးသီးနေရာယူထိုင်စောင့်နေကြသည့် လူတွေကအုပ်လိုက်ကြီး ။
Taehyungလိုလူငယ်တွေလည်းပါသလို ကလေးပေါက်စန၊ သက်ကြီးရွယ်အို လူစုံတက်စုံ ။

Taehyungကိုစူးစမ်းနေကြသည့်သူတို့ကြောင့် Taehyung၏ မျက်မှောင်ကသိသိသာသာ တွန့်ကွေးသွားရသည် ။

" မင်းက... တကယ်... Sohyungနဲ့ တူတာပဲ..."

ဆိုဖာထက်ကနေထကာ Taehyungအနားသို့ ရောက်လာသည့် ဆံနွယ်တွေဖြူနေသည့်တိုင် ကျက်သရေရှိလှပနေဆဲ အမျိုးသမီးကြီးက Taehyungကိုစိုက်ကြည့်ကာ သူမမျက်ဝန်းတို့က ငွေ့ရည်ဖွဲ့သွားသည် ။

Sohyungဆိုတာက Taehyungအမေ၏နာမည်ဖြစ်ပြီး ထိုအမျိုးသမီးကြီးက အဘွားဆိုသူဖြစ်ရမည် ။
Taehyungထံ လက်လှမ်းချင်လာသည့် သူမလက်ကို Taehyung လက်သင့်မခံသလိုရှောင်ဖယ်လိုက်လျှင် သူမကအလိုက်တသိနှင့် လက်ပြန်ရုတ်သွားသည် ။

" မင်းအတွက် အခန်းပြင်ပေးထားတယ်... မင်းနဲ့အတူ ပါလာတဲ့ ကောင်လေးအတွက်လည်း အခန်းသက်သက် ပြင်ပေးထား.."

" မလိုဘူး.. သူက ကျွန်တော်နဲ့ တစ်ခန်းတည်းပဲသုံးလိမ့်မယ်.."

" မင်းအဖေဆီက ကြားထားပြီးသား.. သူကမင်းရဲ့Bodyguardဆို ဘယ်လိုလုပ် Bodyguardနဲ့ တစ်ခန်းတည်းအတူသုံးမှာလဲ..."

" ကျွန်တော်တို့က အတူတူအိပ်နေကျပဲ.."

Taehyung၏ မထုံတက်တေးမျက်နှာပေးကြောင့် အဘွားက သဘောမကျပေမယ့် ထိုအကြောင်းအရာကို ထပ်မပြောတော့ဘဲ လမ်းကြောင်းပြောင်းသည် ။

" ဟိုမှာ ထိုင်နေကြတာက.. မင်းအမေရဲ့အစ်ကိုနဲ့အစ်မ.. ကျန်တဲ့သူတွေက မင်းနဲ့ဆိုတဝမ်းကွဲတော်စပ်တဲ့ မောင်နှမတွေပဲ.."

အာ.. အမွေတွေကို အတူတူခွမ်းခြမ်းဝေရမယ့် သူတွေလား..။
အဲ့လိုမှန်းသိ Taehyung Jejuကိုခြေချခဲ့မှာမဟုတ်ဘူး..။
သူက သောက်ဇယားရှုပ်ရတာမျိုးတွေဆို အသေမုန်းတယ်..။

" Min Yoongiကတော့... ဝမ်းကွဲတွေထဲမှာ အစ်ကိုအကြီးဆုံးပဲ.."

အေးတိအေးစက်ဟန်နှင့် လူတစ်ယောက်က Taehyungကိုအသိအမှတ်ပြုသလို အကြည့်နှင့်သာ နှုတ်ဆက်သည် ။

" ပြီးရင်တော့.. Min Hyungsoek.. Min Hannaကတော့ မင်းနဲ့ရွယ်တူပဲ..."

အထက်ဆီးဆန်သည့်မျက်နှာပေးနှင့် မိန်းကလေးက Taehyung မျက်စိထဲကိုဝင်လာသည်နှင့် ကျက်သရေတုံးသည်ဟု ချက်ခြင်းလက်ငင်းခံစားလိုက်ရသည် ။
စိတ်ပျက်လက်ပျက်နှင့် ဆွေမျိုးအုပ်ကြီး မိတ်ဆက်ခန်းအပြီးဆုံးမှာတော့ Taehyungကလည်း သူတို့ကိုမကြည်သလို သူတို့ကလည်း Taehyungကို ကြည်ဟန်မတူ..။

" မင်းရဲ့အဘိုးကတော့.. အိပ်ရာထဲလဲနေရတယ်.. သူ့ကျန်းမာရေးက အခုတလော တရှောင်ရှောင်ဖြစ်နေတာ.. ဝှီးချဲအကူအညီနဲ့ပဲ အသွားအလာလုပ်ရတော့တယ်.. နောက်လထဲမှာ.. သူ့အသက်၇၆နှစ်ပြည့်တဲ့  Partyလုပ်မှာ.. ငါတို့ရဲ့ဆွေမျိုးအသိုင်းအဝိုင်းနဲ့ပဲ.. အဲ့ဒီ့နေ့ကျရင်.. မင်းအတွက် အမွေခံစားခွင့်ကိုလည်း ရှေ့နေတွေနဲ့ တစ်ခါတည်းလွှဲပေးမယ်..."

" ပြောစရာတွေ ပြီးပြီဆိုရင်.. နားလို့ရပြီလား.."

Taehyung၏ အရေးမစိုက်သလို ခပ်ပေါ့ပေါ့ဟန်ကြောင့် အမျိုးအုပ်စုကြီးကတော့ ရှုံ့ချရင်းအတင်းနှက်နေပြီ ။

" အာ.. နားချင်တော့မှာပဲပေါ့.. အိမ်တော်ထိန်းHan အခန်းလိုက်ပြပေးလိုက်ပါဦး.."

" Nae..."

Taehyung အဘွားဖြစ်သူကို ဝတ်ကျေတန်းကျေ ဦးတစ်ချက်ညွှတ်ပြလိုက်ပြီးမှ အမျိုးအုပ်ကြီးကိုတော့ တစ်ချက်မကြည့်စတမ်း ထွက်လာခဲ့လိုက်သည် ။

" Sohyungရဲ့သားသာပြောတာ.. အကျင့်စရိုက်က တခြားဆီပဲ.. လူကြီးတွေကို ရိုသေရကောင်းမှန်းလည်း မသိဘူး..."

" သူ့အဖေကလည်း မဆုံးမထားဘူးနေမှာပေါ့.."

အဘွားကတော့ သက်ပြင်းအသာချရင်း အခန်းထဲပြန်ဝင်သွားခဲ့သလို လူကြီးတွေ၏ အတင်းအဖျင်းကြားမှာ Min Yoongiကတော့ အရေးတစ်ချက်မစိုက်ဘဲ ထထွက်သွားသည် ။

Min Hannaကတော့ သူမတောက်လျှောက် စောင့်ကြည့်ခဲ့သည့် Bodyguardဆိုသူ၏ ချောမောခန့်ညားသည့် အသွင်အပြင်ကိုပြန်မြင်ယောင်လျှင် ဆိုးဆေးတင်ထားသည့် နှုတ်ခမ်းပါးက ကွေးညွှတ်သွားရသည် ။
အမေတို့ဆွေးနွေးနေကြသည့် Kim Taehyung၏ အမူအကျင့်စရိုက်တွေကို သူ သေးသေးလေးတောင် စိတ်မဝင်စားပေမယ့် Kim Taehyungရဲ့ Bodyguardကိုတော့ အရမ်းစိတ်ဝင်စားတယ်..။
.
.
.

" ကျစ်... သောက်ရမ်း စိတ်ပျက်ဖို့ကောင်းတယ်..."

အိမ်တော်ထိန်းHan လိုက်လံပို့ဆောင်ပေးသည့် အခန်းထဲကိုရောက်သည်နှင့် Taehyung စိတ်ပျက်မှုကိုသည်းမခံနိုင်ဘဲ ရေရွတ်လိုက်ကာ ကုတင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည် ။

Jungကတော့ လက်ဂေ့ချ်ထဲက အဝတ်အစားတွေကို အဝတ်ဗီဒိုထဲပြောင်းထည့်နေသည် ။

" အဲ့ဒါက နည်းတဲ့အမျိုးအုပ်ကြီးတဲ့လား.."

" ကျွန်တော်လည်း အဲ့ဒီ့လောက် ဆွေမျိုးများမယ်မထင်ထားလို့ နည်းနည်း အံ့သြသွားတယ်.."

" သောက်ချိုးပြေတဲ့သူလည်း တစ်ယောက်မှ မပါဘူး.. ကျစ်.. ငါ့ရဲ့ ကျောင်းပိတ်ရက်က အကျိုးနည်းပဲ.."

" ရောက်တုန်းရောက်ခိုက်.. တခြားသူတွေနဲ့ မပြေလည်ချင်တောင် အဘိုးနဲ့အဘွားကို ကောင်းကောင်းဆက်ဆံပေးလိုက်ပါ..."

" ဟက်.. သူတို့က သူတို့မှာ ချစ်စရာ မြေးတွေအများကြီးရှိနေတော့ ငါ့ကို မျက်လုံးထဲမထည့်ခဲ့တာမလား..."

ခနဲ့သလို အညိုလေး၏လေသံမှာ အနည်းငယ်သော စိတ်မကောင်းဖြစ်မှုတွေပါဝင်နေသည်ကို Jungkook သတိပြုမိတာပေါ့..။

" သခင်လေးကို မျက်လုံးထဲထည့်ထားတဲ့ ကျွန်တော်တစ်ယောက်လုံး ရှိနေတာပဲ.. တခြားသူက မျက်လုံးထဲထည့်ဖို့ လိုသေးလို့လား.."

" အင်း.. မင်းက ငါ့ကို မျက်လုံးတင်မက dickလည်း ထည့်တာပဲလေ.. မလိုဘူး..."

ခပ်ညစ်ညစ်အပြုံးနှင့် စကားက ချစ်စဖွယ်လှတပတမျက်နှာနှင့် အမြဲတမ်းဆန့်ကျင်ဘက် ။
Jungkook မနိုင်သလိုသာ ခေါင်းလေးယမ်းလိုက်မိသည် ။

" Jejuကို ရောက်လက်စနဲ့တော့.. ငါ အပျော်အပါးရှာမှာနော်.. Jung.. ငါ့ကိုတားဖို့ စိတ်မကူးနဲ့..."

" ပြဿနာမရှာသ၍တော့ရတယ်..."

" ငါက အားအားယားယား ပြဿနာရှာမယ့်သူလား.. အပျော်အပါးပဲရှာမှာ..."

လည်ပတ်ပျော်ပါးရမည့် အစီအစဥ်ကို အကောင်အထည်ဖော်ရတော့မည်ဆိုတော့ Kim Taehyung၏ စိတ်နှောက်နေမှုတွေက လွှင့်ပါးသွားကာ နှုတ်ခမ်းပါးထက် တပြုံးပြုံး ။
.
.
.

" ဒေါက်... ဒေါက်..."

" သခင်လေး Taehyungတို့ကို ညစာစားဖို့အတွက် လာခေါ်တာပါ.."

Taehyungက ကုတင်ထက်မှာ အနားယူရင်းဖုန်းသုံးနေသလို Jungကတော့ စာကြည့်စားပွဲမှာ Laptopတစ်လုံးနှင့် အလုပ်လုပ်နေစဥ် အခန်းတံခါးကိုလာခေါက်သည့် အိမ်တော်ထိန်းHan ။

မိမိ၏နေရပ်မဟုတ်တော့ သူတို့ခေါ်သည့်အချိန် သွားမှသင့်တော်မည်ဖြစ်၍ Jungkookက စိတ်လက်မကြည်သာသော အညိုလေးကိုဖြောင်းဖျကာ အိမ်တော်ထိန်းHanအနောက်ကို လိုက်ခဲ့ရသည် ။

Taehyungကတော့ အမျိုးအုပ်တွေမျက်နှာ မြင်ယောင်ရုံနှင့် ထမင်းစားချင်စိတ်က ကုန်ခမ်းနေပြီ ။

ထမင်းစားခန်းကိုရောက်တော့ ထင်သည့်အတိုင်း ရှည်လျားလှသည့်စားပွဲထက်မှာ နေရာကိုယ်စီယူထားသည့် အမျိုးများကမနည်းလှ ။

" Bodyguardကောင်လေးလည်း နေရာယူလိုက်ပါ.. "

" ကျွန်တော်က တော်ပါပြီ..."

" ဝင်ထိုင်ပါ.. မင်းက Taehyungအတွက် အရေးပါတဲ့သူပဲလေ.. ငါတို့အတွက်လည်း အရေးကြီး ဧည့်သည်လို့ပဲ သဘောထားပါတယ်..."

Taehyungကလည်း Jungkookကို သူ့ဘေးကခုံနေရာမှာပင် အင်္ကျီစကိုဆွဲပြီး ထိုင်ချစေလိုက်လျှင် Jungkook ​မငြင်းဆန်နိုင်တော့ဘဲ အလိုက်သင့်ထိုင်လိုက်ရသည် ။

" ဒါက ပထမဆုံးအနေနဲ့ ဆွေမျိုးတွေအကုန် မျက်နှာချင်းဆိုင်မိတဲ့ ညစာစားပွဲပဲ.. အင်း.. မင်းတို့အဘိုးကတော့ ထမင်းဝိုင်းမှာ အတူမထိုင်နိုင်ပေမယ့်လို့ပေါ့.. "

ခဏအကြာ Maidများက တစ်ယောက်ချင်းဆီ၏အရှေ့မှာ ထမင်းပွဲကို လာရောက်ချပေးသည် ။

Taehyungကတော့ အစတည်းက ဒီထမင်းစားပွဲဝိုင်းကို စိတ်ပျက်နေသူဖြစ်၍ မည်သူစကားပြောပြော အာရုံမရှိ ။

Jungkook၏အရှေ့မှာတော့ Min Hannaက ထိုင်နေကာ စေ့စေ့ကြည့်နေသည် ။
သူမ၏ရဲတင်းလှသည့် အကြည့်တို့ကို Jungkookရိပ်မိပေမယ့် မသိကျိုးကျွံပြုပြီးတော့သာ ထမင်းစားခြင်းကိုပဲ အာရုံစိုက်ဟန်ပြုနေလိုက်သည် ။

Min Hannaက Jungkook၏တည်တန့်ကြည့်ကောင်းလှသည့် အသွင်အပြင်ကို ကြည့်လေကြည့်လေ သဘောကျမိလေမို့ အိမ်ပေါ်စီးကွင်းထိုးဖိနပ်လေးကိုအသာယာချွတ်ကာ ခြေတစ်ဖက်ဆန့်ထုတ်လိုက်ရင်း Jungkook၏ခြေထောက်ကို ပွတ်သပ်ကျီစယ်လိုက်သည် ။

သူမအပြုအမူကြောင့် လက်သီးဆုပ်တင်းခနဲဖြစ်သွားရသည့် Jeon Jungkook ။
ထိုမိန်းကလေးကို ဤမျှထိ ရဲတင်းလိမ့်မည်မထင်ထား..။

အကြည့်စူးစူးနှင့် သူမကို စိုက်ကြည့်လိုက်ပေမယ့် မျက်ခုံးပင့်ရင်း Jungkookကိုတန်ပြန်ကြည့်ကာ မထီမရီပြုံးပြနေသည် ။

လူအများကြီးရှိသည့် နေရာမှာ Jungkookတစ်ယောက် သိသိသာသာလည်း ပြုမူလို့မရဘဲ သူ့ခြေထောက်ကိုသာ နေရာရွေ့လိုက်ရင်း စိတ်ကျဥ်းကျပ်နေသည်ကို Taehyung သတိပြုမိသွားလျက် မျက်မှောင်ကြုတ်သွားရသည် ။

Jungkook၏မျက်နှာရိပ်ကို အကဲခတ်ရင်း သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် Min Hannaထံ Taehyung အကြည့်ကျရောက်သွားသည် ။
Min Hanna၏ Jungkookအပေါ် မြှူဆွယ်လိုသောအကြည့်တို့က ထင်ထင်သာသာ ။
အာ.. ကျက်သရေတုံးမက ငါ့ရဲ့Jungကို ချိန်နေတာလား...။

Taehyung ရေခွက်ကိုမော့သောက်လိုက်ရင်း မခိုးမခန့်အပြုံးနှင့်အတူ မျက်ဝန်းတို့က အေးစက်သွားသည် ။

" Taehyung ah.. အိမ်တော်ထဲက မင်းအမေရဲ့အခန်းကို အခုထိထိန်းသိမ်းထားတယ်.. လိုက်ကြည့်ချင်လား..."

အဘွား၏စကားကြောင့် Taehyung အာရုံက အဘွားဆီကိုရောက်သွားရသည် ။

" ထမင်းစားပြီးရင် အဘွားနဲ့အတူ.. လိုက်ကြည့်မလား..."

အမေက Taehyungအတွက် တန်ဖိုးထားချစ်ခင်ရသည့် တစ်ဦးတည်းသော အမျိုးသမီး..။
သို့ဖြစ်၍ အဘွားစကားကို မငြင်းဆန်နိုင်..။
အမေနှင့်ပတ်သက်သည့် အရာတွေကို သူသိချင်သည်၊ တန်ဖိုးထားသည် ။

ထမင်းစားသောက်ပြီးသွားသည့်အခါ အဘွားက Taehyungကို အမေ့၏အခန်းဆီသို့ ခေါ်ဆောင်သွားပေးသည် ။

" Sohyungက မင်းအဖေနဲ့လက်ထပ်ပြီး အိမ်တော်ကနေထွက်မသွားခင်အထိ သူနေခဲ့တဲ့ အခန်းပဲ.. သူဆုံးသွားတည်းက လက်ရာမပျက်စေဘဲ ထိန်းသိမ်းထားခဲ့တာ..."

အဘွားက အခန်းတွင်းကို ဝေ့ဝဲကြည့်ရင်း အခန်းပိုင်ရှင်ကို တမ်းတမိသွားသလို ဆွေးမြည့်စွာပြုံးသည် ။

" ၁၅နှစ်တောင် ရှိသွားခဲ့ပြီပဲ... သားသမီးက မိဘဖြစ်သူတွေထက် လောကကြီးထဲကနေ အရင်ထွက်သွားခဲ့လိမ့်မယ်လို့ကိုမထင်ထားတာ..."

အမေ့၏အခန်းက ရိုးရှင်းပေမယ့် သပ်ရပ်ရှင်းသန့်ကာ ပကာသနများ မစီခြယ်ထား..။
သူ မှတ်မိသလောက်တော့ အမေက အဖိုးတန်လက်ဝတ်ရတနာများ ဝတ်ဆင်ရသည်ကိုလည်း မကြိုက်နှစ်သက် ။
ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းက အမျိုးသမီးဖြစ်သော်လည်း ပကာသနဂုဏ်မမက်ဘဲ ရိုးရှင်းအေးချမ်းစွာနေခဲ့ပြီး နူးညံ့သိမ်မွေ့သည် ။

" အဲ့ဒါကြောင့် ကျွန်တော့်ကို မုန်းခဲ့တာမလား... အမေက ကျွန်တော့်ကိုမွေးခဲ့လို့ လောကကြီးကနေ အရင်ထွက်ခွာသွားခဲ့ရလို့လေ..."

" Taehyung ah..."

" ထားပါ.. အဘွားတို့ရဲ့ ချစ်ခြင်းမုန်းခြင်းက ကျွန်တော့်အတွက်လည်း အရေးမပါဘူး.. ကျွန်တော် သွားတော့မယ်..."

အဘွားဖြစ်သူက သူ့ကိုတစုံတရာ မပြောနိုင်ခင်မှာပင် Taehyungလှည့်ထွက်လာခဲ့လိုက်သည် ။

သူတို့ကတောင် Taehyungနဲ့ မဆက်နွယ်ချင်လို့ ၁၅နှစ်လုံးလုံး သံယောဇဥ်ဖြတ်ထားခဲ့ကြတာမလား.. အခုကျမှ ဘာဇာတ်တွေခင်းချင်နေကြတာတဲ့လဲ?..

Taehyungကတော့ ဒီကိုလာခဲ့တယ်ဆိုတာ ပျော်ဖို့ပါးဖို့ အသစ်အဆန်းရှာဖို့နဲ့.. အမွေယူဖို့သက်သက်ပဲ..။

နဂိုကမှ ကြည်သာ မနေသည့် Taehyung၏စိတ်ကို အခြေအနေပိုဆိုးသွားစေသည့် မြင်ကွင်းတစ်ခုက ဧည့်ခန်းဆီမှာ ဆီးကြိုလျက်ရှိနေလျှင် Taehyung စိတ်ပျက်သလို မျက်လုံးအပေါ်လှန်မိလိုက်သည် ။

Jungkook၏အနားမှာ ရစ်သီနေသော Min Hannaက Jungkook၏ရင်ခွင်ထဲကို မပစ်ဝင်ရုံတမယ် ။

Taehyungစိတ်အခြေအနေက တကယ်ဆိုးနေပြီဖြစ်၍ တခြားဘာဘာညာညာ တွေးတောဆင်ခြင်မနေဘဲ သူတို့အနားကို တန်းတန်းမတ်မတ်သွားလိုက်ကာ Min Hannaကို တွန်းထုတ်လိုက်လျှင် ယောက်ျားလေးအားကြောင့် သူမက ကြမ်းပြင်ထက်ပုံခနဲလဲသွားရင်း Taehyungကို ဒေါသတကြီးစိုက်ကြည့်လာသည် ။

" Kim Taehyung!.. နင် ငါ့ကို ဘာလုပ်လိုက်တာလဲ!.."

" ကျစ်.. သောက်စကားပြောချင်စိတ်က ရှိမနေပါဘူးဆိုမှ.."

" သခင်လေး.."

" မင်းလည်း သောက်ပေါက်ပိတ်.. အဲ့ဒီ့ကျက်သတုံးမ ပြုသမျှ နုနေရလား.."

" Kim Taehyung!!.. နင် ငါ့ကို ဘာပြောလိုက်တယ်.."

တရှုးရှုးတရှားရှား ဒေါသထွက်စွာ ထရပ်လာသည့် Min Hannaကို Taehyung စိတ်ပျက်သလို မသတီစွာကြည့်လိုက်သည် ။

" အာ.. ငါ-ိုးပဲ... နားကန်းနေတာလား.. မင်းပြစ်မှားနေတာက ဘယ်သူလို့ ထင်လို့လဲ.. ငါ့အပိုင်.. ငါ့ဟာ.. ငါ့လူ.. ငါ့လူကို မရိုးမသားထပ်လုပ်ရဲလုပ်လာကြည့်.. ငါ့အကြောင်း ကောင်းကောင်းသိသွားစေရမယ်လို့ အာမခံတယ်... သွားမယ်... Jung...."

Taehyung ရာဇဝင်မှာ မိမိအပိုင်ကိုလာထိလာငြိရင် တစ်ဖက်က မိန်းကလေးသောဘာသောလည်း မထောက်ထားနေဘူး..။
Taehyung အမြင်ကပ်တဲ့ Min Hannaဆို ပိုဆိုးသေးသည် ။

Jungkookကတော့ သူ့အညိုလေး၏ဆတ်ဆတ်ကြဲပုံကြောင့် ဒေါသထွက်နေပြီမှန်းနားလည်လိုက်ကာ နှုတ်ပိတ်ရင်းသာ အညိုလေးအနောက်ကို ကောက်ကောက်ပါအောင်လိုက်ရသည် ။

Min Hannaကတော့ သူမ ကြုံတွေ့လိုက်ရသည့် Kim Taehyung၏ မချေမငံဆက်ဆံခံရမှုကြောင့် ဒေါသတကြီးနှင့်သာ အောက်နှုတ်ခမ်းပါးကို ပြတ်လုမတတ် ဖိကိုက်လိုက်ရင်း...။

ငါကလည်း ငါ့ကိုလာထိတဲ့နင့်ကို ဒီအတိုင်း ထားမယ်ထင်နေလား.. Kim Taehyung ။
.
.
.

Sandi Bear
Taekook makes me happy.

Continue Reading

You'll Also Like

19.9K 2.1K 38
Kim Euijin wanted nothing but Lee Minho. She is only a misunderstood girl who has been alienated by everyone all her life for being different from wh...
1.1M 61.4K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
859K 52.8K 117
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
33.8K 2.1K 15
This is a story based on recent plot of ishqbaaaz. Where Tej does the shraad of Gauri.. What if Omkara was not allowed to leave with Gauri. What woul...