"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"
Part- 28
For unicode
"ဥက္ကဌဝမ် အထဲဝင်ဦးမလား"
"မဝင်တော့ပါဘူး.."
ဥက္ကဌဝမ်ကရှောင်းကျန့်တို့အခန်းဘက်ကိုခပ်ဆွေးဆွေးကြည့်နေပြီးရှောင်းကျန့်အပြင်ကပြန်လာတာမြင်တာနဲ့ကားမှန်ကိုအမြန်တင်ခိုင်း၏။ အခုလိုခိုးကြောင်ခိုးဝှက်လာစောင့်နေတာကိုမမြင်စေချင်ဘူးထင်တယ်။ ရှောင်းကျန့်လက်မှာလည်းအထုတ်ကြီးအထုတ်ငယ်တွေနဲ့ဈေးဝယ်ပြီးပြန်လာတာဖြစ်မယ်..။
"သူ့ကိုသွားကူပေးလိုက်ဦး..
ပြီးတော့မနက်ဖြန်ဝမ်ဝမ်မွေးနေ့ကိုအိမ်မှာဘဲလုပ်မယ်လို့ပြောလိုက်"
"ဟို ဥက္ကဌဝမ်ကိုမေးရင်ရော.."
"အလုပ်မှာလို့ပြောလိုက်"
အတွင်းရေးမှူးဖုန်းကကားပေါ်ကဆင်းသွားပြီးရှောင်းကျန့်ဆီလျှောက်လာခဲ့၏။
"ရှောင်းသခင်လေး!"
"အတွင်းရေးမှူးဖုန်း! ဒီကိုဘယ်လိုလုပ်"
သူ့ကိုမြင်တာနဲ့ရှောင်းသခင်လေးကဝမ်ရိပေါ်ပါမလားဆိုပြီးမျက်လုံးဝိုင်းဝိုင်းလေးတွေလိုက်ရှာကြည့်နေ၏။
"ရှောင်းသခင်လေး စိတ်ချလက်ချနေလို့ရပါတယ်
ဥက္ကဌဝမ်မပါပါဘူးဗျ"
"သူ.သူမလာဘူးလား"
အတွင်းရေးမှူးဖုန်းကရှောင်းကျန့်လက်ထဲကအထုတ်တွေအားလုံးကိုသယ်ယူလိုက်ပြီးပြန်ဖြေလိုက်၏။
"ဥက္ကဌဝမ်ကအလုပ်မှာပါ"
ရှောင်းသခင်လေးကဥက္ကဌဝမ်မပါဘူးဆိုတော့မျက်နှာလေးကညှိုးသွားခဲ့၏။
"သူဘာလို့မလာတော့တာလဲ"
အတွင်းရေးမှူးဖုန်းကသူမေးတာကိုမဖြေဘဲစကားလမ်းကြောင်းလွှဲပစ်၏။ သူ့မှာကအပိုတွေလုပ်ပိုင်ခွင့်မှမရှိတာ။
"ဥက္ကဌဝမ်ကမှာလိုက်ပါတယ် မနက်ဖြန်ဝမ်ဝမ့်မွေးနေ့ပွဲကိုအိမ်မှာဘဲလုပ်မှာပါတဲ့
အဲ့ဒါရှောင်းသခင်လေးကိုကျွန်တော်အစောကြီးလာခေါ်ပါမယ်
ပြင်စရာရှိတာပြင်ထားပေးပါ"
"ကောင်းပါပြီ"
ရှောင်းသခင်လေးတို့အခန်းကိုရောက်တဲ့အထိတောင်ရှောင်းသခင်လေးမျက်နှာကသိပ်မလန်းချင်။ တစ်ခုခုကိုတွေးပြီးဝမ်းနည်းနေပုံပေါက်သည်။
"သူ.သူထမင်းပုံမှန်စားတယ်မဟုတ်လား"
"ဥက္ကဌဝမ်ကိုစိတ်မပူပါနဲ့ ရှောင်းသခင်လေးသာကျန်းမာရေးကိုဂရုစိုက်ပါ"
"အတွင်းရေးမှူးဖုန်း ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးကိုယ်မေးတာလေးကိုဖြေပေးပါ"
"ဟို ဟို.."
"ရိပေါ်မသိစေရပါဘူး"
"မေးတော့မေးလို့ရပေမယ့်သိပ်မမေးပါနဲ့
ကျွန်တော်ဥက္ကဌဝမ်ကိုကြောက်တယ်ဗျ"
"သူ့ဒဏ်ရာသက်သာရဲ့လား"
"ဥက္ကဌဝမ်ကဆရာဝန်စကားနားမထောင်ဘူး
ရေမထိရဘူးဆိုလည်းထိတာဘဲ
အနာကကျက်တာနှေးနေပြီးပိုးဝင်မှာစိုးရတယ်"
"သူ့ကိုဂရုစိုက်ပေးပါနော် သူကတော်တော်တော့ခေါင်းမာတယ်"
"ဟုတ်ကဲ့ပါ"
"သူထမင်းသုံးထပ်ပုံမှန်စားရဲ့လားဟင်"
"ကျွန်တော်လည်းသေချာမသိဘူး ရုံးကကျွေးတဲ့နေ့လည်စာဘူးကတော့ထက်ဝက်လောက်ကျန်သေးတာဘဲ"
"သူ့ကိုအသားများများပဲများများကျွေးပေးပါနော် အနာကျက်မြန်အောင်လို့လေ ပြီးတော့"
"ဟုတ်ကဲ့ နောက်.နောက်ကျနေပြီမို့ကျွန်တော်ပြန်ပါဦးမယ်"
"ကိုယ်ပြောတာတွေကိုသူ့ကိုမသိစေချင်ဘူး"
"ပြန်မပြောပါဘူး"
အတွင်းရေးမှူးဖုန်းကနာရီကိုကြည့်ပြီးမျက်နှာပျက်နေပြီ။ လိုတာထက်ပိုကြာနေပြီဖို့မယုံသင်္ကာဖြစ်တဲ့အကြည့်နဲ့ကြည့်ခံရမယ့်အပြင်ကြားထဲကသဝန်တိုတာပါခံရဦးမည်။ ဓာတ်လှေကားကလည်းကြာလိုက်တာ။ အတွင်းရေးမှူးဖုန်းကမျက်နှာတစ်ပျက်ပျက်..။ ကားထဲရောက်တော့ထင်တဲ့အတိုင်းဥက္ကဌဝမ်ကမျက်မှောင်ကုတ်နေပြီ။
"ဘာလုပ်နေလို့အဲ့လောက်ကြာနေတာလဲ"
ကြည့်လေ..။ ထင်တဲ့အတိုင်းဘဲ။ ဒါတောင်သူကဝမ်ရိပေါ်ယုံကြည်စိတ်ချတဲ့သူတွေထဲမှာပါသေးလို့။
"ရှောင်းသခင်လေးကဥက္ကဌဝမ်ကိုထမင်းပုံမှန်စားဖို့မှာလိုက်ပါတယ်"
"သူကတော့ဟိုကောင်ကိုချက်ကျွေးနေတာဘဲမဟုတ်လား"
သူ့စကားကြောင့်နည်းနည်းစိတ်ပြေသွားပုံပေါ်ပြီးမျက်မှောင်ကုတ်နေတာတွေပြေလျှော့သွားခဲ့၏။ ဒါပေမယ့်အသံကတော့ဟိုနေ့ကကိစ္စကိုကျေနပ်ပုံမပေါ်။
"ပြီးတော့ဘာပြောသေးလဲ.."
"ပြီးတော့ အသားနဲ့ပဲများများစားဖို့မှာလိုက်ပါတယ်
အနာမြန်မြန်ကျက်အောင်ပါတဲ့"
"သိပြီ"
ဝမ်ရိပေါ်ကသွားချင်ပုံမပေါ်သေးလို့အတွင်းရေးမှူးဖုန်းကကားစက်မနှိုးဘဲတိတ်တိတ်လေးဘဲငြိမ်နေလိုက်သည်။ ဝမ်ရိပေါ်ကအကြာကြီးစဉ်းစားနေပုံရပြီးနောက်မှဆေးလိပ်လှမ်းတောင်းလာ၏။
"ဆေးလိပ်!.."
"ဆေးလိပ်သောက်တာကျန်းမာရေးအတွက်.."
"ဆေးလိပ်!!"
အတွင်းရေးမှူးဖုန်းကအိတ်ကပ်ထဲကဆေးလိပ်ကိုထုတ်ပြီးဝမ်ရိပေါ်ကိုလှမ်းပေးလိုက်၏။ အရင်ကဆေးစွဲပြီးကတည်းကဝမ်ရိပေါ်ကဆေးလိပ်ပါဖြတ်ထားတာကြာပြီ။ ဒါပေမယ့်အခုနောက်ပိုင်းပြန်သောက်လာပြန်တယ်။ ကိုယ်တိုင်ဆောင်ထားတာလည်းမဟုတ်ဘဲသူကဘဲဆောင်ထားပေးရတယ်။ အတွင်းရေးမှူးဖုန်းကအလိုက်တသိမီးခြစ်ပါကမ်းပေးလိုက်၏။
ဝမ်ရိပေါ်ကသူ့ဘာသူဆေးလိပ်လက်ကြားညှပ်ပြီးရှောင်းကျန့်တို့အခန်းဘက်ကိုငေးနေပြန်တယ်။ ဆေးလိပ်တစ်လိပ်လောက်ကြာချိန်ရောက်တော့...
"မောင်းတော့.."
ဒီအချိန်ကဝမ်ဝမ်ရဲ့မူကြိုလွှတ်ချိန်မို့အတွင်းရေးမှူးဖုန်းကသားဖနှစ်ယောက်အတူအိမ်ပြန်လာလို့ရအောင်မူကြိုဘက်မောင်းလာခဲ့တယ်။ ကျောင်းတံခါးဝမှာဝမ်ဝမ်ကမူကြိုဆရာမလေးနဲ့ရပ်စောင့်နေတယ်။ အိမ်တော်ထိန်းဝတ်ပေးလိုက်တဲ့အဝတ်အစားတွေကရှောင်းကျန့်ဆင်ပေးကျပုံစံနဲ့လုံးဝကွဲထွက်နေပြီးဝမ်ဝမ်အအေးမမိအောင်သေသေချာချာထုတ်ပိုးထားတာနဲ့တူနေတယ်။
ဝမ်ရိပေါ်ကကားထဲကမထွက်ခင်ဆေးလိပ်နံ့တွေလျှော့သွားအောင် air freshenerဖြန်းဖို့ပြောလိုက်၏။ အမဲရောင်ပြောင်လက်နေတဲ့နောက်ဆုံးပေါ်SUVကားပေါ်ကဆင်းလာတဲ့ဝမ်ရိပေါ်ကိုဝမ်ဝမ်ရောမူကြိုဆရာမလေးပါငေးကြည့်နေကြ၏။ မူကြိုဆရာမကတော့လိုင်းပေါ်မှာခဏခဏအဆဲခံနေရတဲ့လူကဒီလိုအရမ်းမိုက်နေတာမြင်တော့မျက်နှာလေးကပန်းနုရောင်သန်းနေတော့သည်..။ ဒါပေမယ့်ဝမ်ရိပေါ်လက်ပေါ်ကဝမ်ဝမ်လေးရဲ့နှာခမ်းစူနေတာကိုမြင်တော့ချက်ချင်းဘဲသူမမျက်နှာကိုပြန်တည်ထားလိုက်၏။ ချောလို့ငေးတာကို..
"ဒက်ဒီ! ဘာလို့နောက်ကျတာယဲဆို"
"ဒက်ဒီနာရီမကြည့်မိလိုက်ဘူး"
"အိမ်ပြန်မယ် ပါးရောက်နေပီလားအသိဘူး"
"ပါးကအလုပ်ရှုပ်နေတယ် သူစာမေးပွဲဖြေရဦးမယ်လေ"
"ပါးကိုလွမ်းနေပီ"
"မနေ့ညကဘဲပါးနဲ့အိပ်လာပြီးတော့
မင်းပါးကမနက်ဖြန်လာမှာ.."
"တကယ်နော်..ဝမ်ကဟိုအိမ်မှာအနေချင်ဘူး
ဝမ်တို့သုံးယောက်ဘဲအတူနေမာ"
"ပါးကိုစိတ်ကောက်ပြေတဲ့အထိစောင့်ကြစို့ကွာ.."
"အွန်း.."
သားဖြစ်သူမပျော်တာသိပေမယ့်ရိပေါ်ကသူလည်းဘာမှမလုပ်တတ်။ ကလေးနဲ့တောင်စလို့နောက်လို့သူမနေတတ်ပေ။
ဒါပေမယ့်မနက်ဖြန် surpriseကိုမြင်ရင်တော့သူ့ငတုံးသားလေးသေချာပေါက်ပျော်သွားလောက်မှာ။
"သခင်လေးတို့လာကြပြီလား"
"ဝမ်ဝမ်ကိုရေချိုးပေးပြီးညစာကျွေးလိုက်.."
"သခင်လေးရော.."
"ကျွန်တော်မစားတော့ဘူး အမြည်းလေးကောင်းကောင်းလေးပြင်ထားပေးပါဦးလေးရုန်ဟွေး"
ဒီအိမ်တော်ထိန်းကသူ့မိဘအိမ်မှာကတည်းကအလုပ်လုပ်လာခဲ့သူဖြစ်သည်။ သူအိမ်ထိန်းတစ်ယောက်ရှာတော့မယ်ဆိုတာမားကြားတော့ကလေးနဲ့အဆင်ပြေအောင်အိမ်ကအိမ်တော်ထိန်းကိုလှမ်းပို့လိုက်တာဖြစ်သည်။ ဦးလေးရုန်ကသူငယ်ငယ်ကတည်းကအလုပ်လုပ်လာသူမို့အလုပ်လုပ်တာလည်းစေ့စပ်သေချာကာအလိုက်လည်းသိ၏။
"နိုး ဒက်ဒီ နိုး!"
"ဘာဖြစ်ပြန်ပြီလဲကွာ"
"အရက်သောက်တာအကောင်းဘူး"
"အရက်မဟုတ်ပါဘူး ဘီယာလေးဘဲသောက်မှာ"
"အရက်နဲ့ဘီယာကအတူဘူးလား"
"မတူဘူး အရက်ကအရက်၊ဘီယာကဘီယာ!"
ဝမ်ရိပေါ်ကခပ်တည်တည်နဲ့လျှောက်ရွှီးခဲ့ပြီးသားကိုအိမ်တော်ထိန်းလက်ထဲထည့်ပေးခဲ့၏။ ရေချိုးပြီးလို့ညစာစားကြတော့ဝမ်ဝမ်ကသူ့ဘာသူစားနေပြီးရိပေါ်ကလည်းသူ့အရည်ကိုသူသောက်နေခဲ့၏။
"မနက်ဖြန်ဝမ်ဝမ့်မွေးနေ့အတွက်ဘာတွေပြင်ဆင်ပေးရဦးမလဲသခင်လေး!"
"ဦးလေးရုန်ကောင်းသလိုစီစဉ်လိုက်ပါ
မနက်ဖြန်ကျောင်းလည်းပိတ်ထားတော့ဝမ်ဝမ့်အတန်းဖော်တွေလည်းလာကြလိမ့်မယ်
Ice cream ပွဲတစ်ရာစာလောက် ပြီးတော့.."
"ဝမ်ဝမ်ကချယ်ရီသီးနဲ့ကိတ်ဘဲစားမာ.."
"ဦးလေးရုန်ကြားတဲ့အတိုင်းဘဲ သူခွဲမယ့်ကိတ်မှာချယ်ရီသီးနဲ့အလှဆင်ဖို့မှာလိုက်ဦး
ကလေးတွေအတွက်မဲဖောက်ပေးဖို့အစီအစဉ်ရောလုပ်ထားတယ်မဟုတ်ဘူး"
"လုပ်ထားပါတယ်သခင်လေး"
"အမှားအယွင်းမရှိစေနဲ့!"
"ဟုတ်ကဲ့ပါသခင်လေး!"
တစ်ဖက်မှာတော့ရှောင်းပိုင်ကလက်ထဲကဖိတ်စာကိုကြည့်ပြီးတွေဝေနေမိ၏။ သူသွားသင့်လား၊မသွားသင့်ဘူးလားလို့လည်းစဉ်းစားနေမိတယ်။ သူတို့ကအမှားလုပ်ထားတဲ့သူတွေဆိုတော့ဟိုဘက်မိသားစုနဲ့မျက်နှာချင်းဆိုင်ဖို့တောင်သတ္တိမရှိပါ။
သူတို့အတွင်းရေးတွေချိုးဖောက်ခံထားရလို့အခုချိန်အထိလိုင်းပေါ်တက်ဖို့တောင်မရဲချေ။ သူဒီလောကထဲဝင်ကတည်းကအဆဲခံဖို့၊ဝေဖန်ခံရဖို့ကိုပြင်ဆင်ထားတယ်ဆိုပေမယ့်တကယ်တန်းရင်ဆိုင်ရတော့အဆဲခံရတာတကယ်အဆင်မပြေဘူးဆိုတာသိလာရတယ်။ သူတကယ်လူမူအသိုင်းအဝိုင်းထဲကတောင်ပြေးထွက်သွားချင်တဲ့အထိ..။
စုန့်ရန်ကတော့သူ့ကိုအားပေးထားတဲ့ရှားရှားပါးပါးမှတ်ချက်တွေကိုသူသိအောင်ဖတ်ပြပေးသည်။ ဒါပေမယ့်သူ့ရဲ့စိတ်အခြေအနေကတိုးတက်လာခြင်းမရှိပါ။ သူနေ့တိုင်းအသက်မဲ့သလိုအခန်းထဲမှာဘဲပုန်းအောင်းနေမိတယ်။ အမြဲတမ်းကိုယ့်ကိုယ်ကိုအပြစ်သားတစ်ယောက်လိုခံစားနေရတယ်။ ဒီမွန်းကျပ်တဲ့ခံစားချက်ဟာသူ့ပါးကုမ္ပဏီဒေဝါလီခံရတဲ့အချိန်တုန်းကထက်ပိုဆိုးပါတယ်။ ပြီးတော့တစ်ခါတစ်လေဘာလို့ငါဒီလိုလုပ်ခဲ့မိတာလဲဆိုပြီးကိုယ့်ကိုယ်ကိုဘဲအပြစ်တင်မိတယ်။
ဝမ်ရိပေါ်တို့လင်မယားအခုထိကွဲနေတယ်လို့ကြားရတိုင်းသူလုံးဝစိတ်မကောင်း။ သူကောကိုထပ်တောင်းပန်ချင်သေးတယ်။ ဒီထက်ပိုပြီးရှင်းပြချင်တယ်။ ဒါပေမယ့်ကောရှေ့ထပ်သွားဖို့သူလုံးဝမရဲတော့ဘူး။ ဝမ်ဝမ်လေးကိုမျက်နှာချင်းဆိုင်ဖို့ရော..။
'တောင်းပန်ပါတယ်ကလေးရယ် အန်ကယ်လေးတောင်းပန်ပါတယ်
အန်ကယ်လေးကဒီအတွင်းမီးတွေကိုဖြစ်စေခဲ့သူပါ"
ရှောင်းပိုင်ကလက်ထဲကဖိတ်စာကဒ်ကိုစားပွဲပေါ်မှာချပြီးလိုက်ကာစကိုဆွဲပိတ်လိုက်၏။ အခန်းတစ်ခုလုံးကပိန်းပိန်းမှောင်ပြီးပိန်ပိန်ပါးပါးကောင်လေးကိုပါအမှောင်ထုထဲဝါးမြိုသွားခဲ့၏။
.............
အတွင်းရေးမှူးဖုန်းကသူ့စကားအတိုင်းမနက်၇နာရီလောက်ကျတော့လာခေါ်ပေးတယ်။ ရှောင်းကျန့်ကဝမ်ဝမ်လေးရဲ့သုံးနှစ်ပြည့်မွေးနေ့ထက်သူတို့အိမ်ကိုပြန်ရမှာကိုပိုပြီးစိတ်လှုပ်ရှားမိတယ်။ လက်ကဝမ်ဝမ်ဖို့ထိုးပေးထားတဲ့ဆွယ်တာ၊ဦးထုတ်၊လည်စည်းလေးကိုထည့်ထားတဲ့အိတ်လေးကိုကိုင်ထားတယ်။ ကားလေးကအိမ်နဲ့နီးလာလေသူပိုပြီးရင်ခုန်လာလေလေ။ သူလက်တွေကိုအချင်းချင်းဆုပ်ကိုင်ထားမိတယ်။ ရိပေါ်နဲ့သူရန်ဖြစ်ကြတဲ့နေ့ကတည်းက ရိပေါ်နဲ့မတွေ့ဖြစ်တာတစ်ပတ်လောက်ရှိသွားပြီ။
ရှောင်းကျန့်ကရိပေါ်ကိုရိုက်မိတဲ့သူ့လက်တွေကိုပြန်ကြည့်ပြီးငိုချင်လာပြန်တယ်။ ပြန်တွေ့ရင်ဘယ်လိုနှုတ်ဆက်ရမှာလဲ..။ အစကတည်းကရိပေါ်နဲ့သူ့ရဲ့ဆက်ဆံရေးကမပြတ်မသားဖြစ်နေပါတယ်ဆိုမှ။
"ရှောင်းသခင်လေး ရောက်ပါပြီ"
ရှောင်းကျန့်ကရိုးရိုးရှင်းရှင်းလည်ပိတ်ဆွယ်တာဆင်စွယ်ရောင်လေးနဲ့ဘောင်းဘီရှည်ကိုဝတ်လာခဲ့တယ်။ ဒီကော်ရစ်တာတစ်လျှောက်မှာသူနဲ့ဝမ်ဝမ်လမ်းလျှောက်ပြီးရိပေါ်အလုပ်ကပြန်လာမယ့်ကားကိုမျှော်နေခဲ့ကြတာ။ သူစိုက်ထားတဲ့အပင်လေးတွေကိုလည်းအရင်ထက်တောင်စနစ်တကျပျိုးထားသေးတယ်။
"ဝမ်ဝမ်ကရှောင်းသခင်လေးလာမယ့်လမ်းကိုမျှော်နေတာပါခင်မျ"
"သူရော.."
"ဥက္ကဌဝမ်ကြောင့်အနှောင့်အယှက်ဖြစ်မှာကိုတော့စိတ်မပူပါနဲ့
ဥက္ကဌဝမ်ကစာကြည့်ခန်းမှာသူ့ဘာသူအေးဆေးနေနေပါတယ်"
ရှောင်းကျန့်မျက်နှာလေးကညှိုးသွားခဲ့ပြီးခေါင်းငိုက်စိုက်ကျသွား၏။ ပြီးမှအားတင်းပြုံးရင်းဝမ်ဝမ်အခန်းကိုလျှောက်လာခဲ့လိုက်တယ်။
"ဒါအဝတ်ချင်ဘူး..ဝမ့်စတိုင်အဟုတ်ဘူး!"
ဟော..။ သူ့သားအသံစူးစူးကြောင့်ရှောင်းကျန့်ကအလိုလိုပြုံးလိုက်မိ၏။ ဘာတွေအလိုမကျဖြစ်နေတာလဲမင်းသားလေးရာ။ ကြည့်ရတာမွေးနေ့အတွက်ပြင်ထားတဲ့ဝတ်စုံကိုသဘောမကျဘူးထင်တယ်။ သူမရှိတုန်းဝမ်ဝမ်ကဘယ်လိုတောင်သူ့ဒက်ဒီစရိုက်နဲ့တူလာရတာလဲ။ ဒီလိုဂျစ်ကန်ကန်နဲ့ပြောစကားနားမထောင်တာမကြိုက်ပါဘူးဆိုနေမှ!..
"ဝမ်ဝမ်!"
"ပါး..ဝမ့်ပါးပါး!!"
ဝမ်ဝမ်ကကုတင်ပေါ်ကခုန်ချပြီးအတွင်းဝတ်ဘောင်းဘီတိုလေးနဲ့သူ့ဆီကိုပြေးလာတယ်။ ပြီးတော့သူ့ပေါင်ကိုဖက်ပြီးချီဖို့ပြောတော့တာဘဲ။ ဒီနှစ်ထဲမှာမိဘနှစ်ယောက်လုံးအရပ်ရှည်လို့ဝမ်ဝမ်က8cmလောက်အရပ်ရှည်လာတယ်။ မပီတပီပြောတတ်တာနေအသံသေးသေးလေးနဲ့ပိုပြီးပီအောင်ပြောတတ်လာခဲ့ပြီ။
"ပါးသားလေး ပါးရဲ့ချစ်မဝလေး!"
"ဟိ ဟိ ပါး အလုပ်နဲ့! ဟိ"
ရှောင်းကျန့်ကဝမ်ဝမ်ကိုကောက်ချီပြီးတစ်ကိုယ်လုံးကိုမွှေးကြူပစ်တယ်။ ဝမ်ဝမ်ကယားလို့ကော့ပြန်နေတော့တာဘဲ..
"ဘာတွေအလိုမကျဖြစ်နေတာလဲမင်းသားလေးရာ"
"ဝမ်ဝမ်ကမွေးနေ့အတွက်ပြင်ဆင်ထားတဲ့အနောက်တိုင်းဝတ်စုံကိုမဝတ်လိုဘူး"
အိမ်တော်ထိန်းကရှောင်းကျန့်ကိုဝမ်ဝမ့်အစားရှင်းပြတယ်။
"အဲ့တော့ဘာတွေဝတ်ချင်တာလဲ ဝမ်ဝမ်က"
"ဝမ်ဝတ်ပါ့မယ်"
"အဲ့လိုမှပေါ့"
ရှောင်းကျန့်ကသားသမီးကိုနေရာတကာမှာအလိုမလိုက်ချင်။ သူ့ကလေးလိုချင်တာရနေရင်ပျက်စီးသွားမှာစိုးတယ်။ သူ့တုန်းကဆိုဒီလိုအကောင်းစားအနောက်တိုင်းဝတ်စုံကိုထား၊မွေးနေ့ပွဲတောင်ကျင်းပဖူးတာမဟုတ်ဘူး။ အခုမှမဝတ်ချင်တော့ဘူးဆိုတော့ဖြစ်ပါ့မလား။ နောက်နှစ်ဆိုဝမ်ဝမ်နဲ့တန်ပါတော့မလား။ ငွေတွေကိုအလကားဖြုန်းတီးရာကျမှာသူတော့လုံးဝမကြိုက်..
"ဦးလေးရုန် ကလေးကိုခဏအပ်ထားခဲ့ဦးမယ်နော်
ကျွန်တော်လုပ်စရာရှိသေးလို့"
"ကောင်းပါပြီရှောင်းသခင်လေး"
ဦးလေးရုန်ကသူနဲ့လုံးဝစိမ်းနေတာမျိုးမရှိ။ သူကဝမ်အိမ်တော်ကိုခဏခဏရောက်ဖူးနေကျမို့ဦးလေးရုန်နဲ့လည်းရင်းနှီးသည်။ ရှောင်းကျန့်ကဦးလေးရုန်ကိုနှုတ်ဆက်ပြီးသူတို့နှစ်ယောက်အခန်းဘက်လျှောက်လာခဲ့၏။ အခန်းတံခါးဆွဲဖွင့်လိုက်တော့ရင်းနှီးနေကျအငွေ့အသက်တွေကသူ့ကိုလွှမ်းခြုံသွားခဲ့၏။
ဒီအိမ်ကိုစပြောင်းလာတဲ့နေ့တုန်းကရိပေါ်သူ့ကိုဒီအခန်းထဲမှာအပြစ်ပေးခဲ့တာတွေ၊ဒီအခန်းကိုသူ့စိတ်ကြိုက်ပြင်ဆင်ခဲ့တာတွေ၊ ဒီအခန်းထဲမှာရိပေါ်ကိုသူမသိမသာမြှူဆွယ်ခဲ့မိတာတွေ။ ရိပေါ်နဲ့သူနှစ်ကိုယ်တူချစ်ရည်လူးခဲ့တာတွေ..။ ရှောင်းကျန့်မျက်ရည်တွေထိန်းမရတော့..။ သူသိပ်အထီးကျန်နေပြီ။ သူ့အခန်း၊သူတို့အိမ်ကိုသူသိပ်လွမ်းနေပြီ။
သူ့ယောက်ျားကိုလည်းသူသိပ်လွမ်းနေပြီ။
ရိပေါ်ကကွန်ပြူတာရှေ့မှာထိုင်မှာကီးဘုတ်နဲ့တစ်ဒေါက်ဒေါက်အလုပ်ရှုပ်နေရင်သူကနွားနို့တစ်ခွက်စီတိုက်မယ်။ သူ့ကိုအချိန်အကြာကြီးပြစ်ထားရင်နှိပ်ပေးသလိုနဲ့ရိပေါ်ကိုမြှူဆွယ်မယ်။ ပြီးရင်ရိပေါ်ကမခံနိုင်တော့ဘဲ ကွန်ပြူတာရှေ့မှာဖြစ်ဖြစ်၊ရိပေါ်ထိုင်ခုံပေါ်ဆွဲချပြီးဖြစ်ဖြစ်သူ့ကိုအပြစ်ပေးမယ်..။
ရိပေါ်ကသိပ်မြှူဆွယ်လို့ကောင်းတာဘဲ။ အစားအသောက်ကောင်းကောင်းလေးလည်းကြိုက်တတ်တယ်။ ရိပေါ်ကြိုက်တတ်တာတွေကိုသူ့လောက်ဘယ်သူကသိမှာလဲ။
ရှောင်းကျန့်ကလူတွေထင်သလောက်မသန်မာပါဘူး။ သူကသိပ်ချစ်တတ်ပါတယ်။ သူကအချစ်ကိုလည်းငတ်မွတ်ပါတယ်။ ပြီးတော့အချစ်လည်းခံချင်တယ်။ သူကသဝန်လည်းတိုတတ်သေးတယ်။
သူတစ်ခန်းလုံးကိုလျှောက်ပတ်ကြည့်ပြီးပြီဆိုပေမယ့်ရိပေါ်နဲ့လုံးဝမတွေ့သေး။ အတွင်းရေးမှူးပြောသလိုဘဲသူ့ကိုအခက်မတွေ့အောင်တခြားအခန်းကိုပြောင်းနေတယ်ဆိုတာတကယ်ဖြစ်မယ်...
(5.9.22)
အရင်တုန်းကwarningမပေးခဲ့မိလို့ကိုယ့်အပြစ်လို့ဘဲမှတ်ယူပါတယ်။ ကိုယ့်လူတွေကိုကျေးဇူးပြုပြီးလေးစားတန်ဖိုးပေးပါpls!
ပြီးတော့updateလာတောင်းတဲ့သဲလေးတွေရေ တကယ်မအားလို့ပါနော်
ဒါလေးကပြီးတော့မယ်ဆိုပေမယ့်ဖြစ်သလိုဇာတ်မသိမ်းချင်တာကြောင့်ကြာနေတာပါနော်။ ထင်သလိုမဖြစ်ခဲ့ရင်လည်းဆောရီးပါ။ ရှောင်းရဲ့ကာရိုက်တာကလေဒီplotရဲ့ဒီလိုကာရိုက်တာဖြစ်အောင်ရေးထားတာပါ။ ဒီတစ်ခါတော့ရှောင်းရဲ့povကိုဘဲသေချာရေးပြခဲ့တာပါ။ ခေါင်းစဉ်အတိုင်းပါဘဲ..
ရှောင်းကဝမ်ရိပေါ်ကိုသိပ်ချစ်ပါတယ်။ ဝမ်ရိပေါ်ကလည်းချစ်လို့ဘဲရှောင်းကျန့်တစ်ယောက်တည်းအပေါ်ကိုဘဲဆိုးနေတာပါ။ သိပ်လှတဲ့လူကိုရထားတော့လည်းသူ့မှာစိတ်မချနိုင်ပြီးသဝန်တွေဇွတ်တိုနေတာပါ..
ချစ်ဖူးရင်သိပါတယ်။ ကိုယ်ချစ်တဲ့သူကတခြားတစ်ယောက်အပေါ်ကောင်းပေးရင်၊ရယ်ရယ်မောမောစကားပြောနေတာတောင်မှရင်ထဲမှာအောင့်သက်သက်ဖြစ်ရပါတယ်။ ရိပေါ်ကလည်းအဲ့အတိုင်းဖြစ်နေတာပါ။ ဒါပေမယ့်သူ့ခံစားချက်တွေကိုတစ်ခါမှချမပြခဲ့ဖူးပါဘူး။
နောက်တစ်ပိုင်းမှာတော့ရိပေါ်ကသေချာပေါက်တောင်းပန်မှာပါ..။ ပြောချင်တာကရှောင်းကာရိုက်တာကအရမ်းနူးညံ့ပါတယ်။ သူကလည်းယောက်ျားကိုအရမ်းချစ်ပြီးအရမ်းလည်းအချစ်ခံချင်လို့ပါ..။စကားများသွားပါပြီ။
.................
"ေရွာင္းက်န႔္ရဲ႕ခင္ပြန္းကိုကလူက်ီစယ္ျခင္းနည္းလမ္းမ်ား"
Part- 28
For zawgyi
"ဥကၠဌဝမ္ အထဲဝင္ဦးမလား"
"မဝင္ေတာ့ပါဘူး.."
ဥကၠဌဝမ္ကေရွာင္းက်န႔္တို႔အခန္းဘက္ကိုခပ္ေဆြးေဆြးၾကည့္ေနၿပီးေရွာင္းက်န႔္အျပင္ကျပန္လာတာျမင္တာနဲ႕ကားမွန္ကိုအျမန္တင္ခိုင္း၏။ အခုလိုခိုးေၾကာင္ခိုးဝွက္လာေစာင့္ေနတာကိုမျမင္ေစခ်င္ဘူးထင္တယ္။ ေရွာင္းက်န႔္လက္မွာလည္းအထုတ္ႀကီးအထုတ္ငယ္ေတြနဲ႕ေဈးဝယ္ၿပီးျပန္လာတာျဖစ္မယ္..။
"သူ႕ကိုသြားကူေပးလိုက္ဦး..
ၿပီးေတာ့မနက္ျဖန္ဝမ္ဝမ္ေမြးေန႕ကိုအိမ္မွာဘဲလုပ္မယ္လို႔ေျပာလိုက္"
"ဟို ဥကၠဌဝမ္ကိုေမးရင္ေရာ.."
"အလုပ္မွာလို႔ေျပာလိုက္"
အတြင္းေရးမႉးဖုန္းကကားေပၚကဆင္းသြားၿပီးေရွာင္းက်န႔္ဆီေလွ်ာက္လာခဲ့၏။
"ေရွာင္းသခင္ေလး!"
"အတြင္းေရးမႉးဖုန္း! ဒီကိုဘယ္လိုလုပ္"
သူ႕ကိုျမင္တာနဲ႕ေရွာင္းသခင္ေလးကဝမ္ရိေပၚပါမလားဆိုၿပီးမ်က္လုံးဝိုင္းဝိုင္းေလးေတြလိုက္ရွာၾကည့္ေန၏။
"ေရွာင္းသခင္ေလး စိတ္ခ်လက္ခ်ေနလို႔ရပါတယ္
ဥကၠဌဝမ္မပါပါဘူးဗ်"
"သူ.သူမလာဘူးလား"
အတြင္းေရးမႉးဖုန္းကေရွာင္းက်န႔္လက္ထဲကအထုတ္ေတြအားလုံးကိုသယ္ယူလိုက္ၿပီးျပန္ေျဖလိုက္၏။
"ဥကၠဌဝမ္ကအလုပ္မွာပါ"
ေရွာင္းသခင္ေလးကဥကၠဌဝမ္မပါဘူးဆိုေတာ့မ်က္ႏွာေလးကညွိုးသြားခဲ့၏။
"သူဘာလို႔မလာေတာ့တာလဲ"
အတြင္းေရးမႉးဖုန္းကသူေမးတာကိုမေျဖဘဲစကားလမ္းေၾကာင္းလႊဲပစ္၏။ သူ႕မွာကအပိုေတြလုပ္ပိုင္ခြင့္မွမရွိတာ။
"ဥကၠဌဝမ္ကမွာလိုက္ပါတယ္ မနက္ျဖန္ဝမ္ဝမ့္ေမြးေန႕ပြဲကိုအိမ္မွာဘဲလုပ္မွာပါတဲ့
အဲ့ဒါေရွာင္းသခင္ေလးကိုကြၽန္ေတာ္အေစာႀကီးလာေခၚပါမယ္
ျပင္စရာရွိတာျပင္ထားေပးပါ"
"ေကာင္းပါၿပီ"
ေရွာင္းသခင္ေလးတို႔အခန္းကိုေရာက္တဲ့အထိေတာင္ေရွာင္းသခင္ေလးမ်က္ႏွာကသိပ္မလန္းခ်င္။ တစ္ခုခုကိုေတြးၿပီးဝမ္းနည္းေနပုံေပါက္သည္။
"သူ.သူထမင္းပုံမွန္စားတယ္မဟုတ္လား"
"ဥကၠဌဝမ္ကိုစိတ္မပူပါနဲ႕ ေရွာင္းသခင္ေလးသာက်န္းမာေရးကိုဂ႐ုစိုက္ပါ"
"အတြင္းေရးမႉးဖုန္း ေက်းဇူးျပဳၿပီး ေက်းဇူးျပဳၿပီးကိုယ္ေမးတာေလးကိုေျဖေပးပါ"
"ဟို ဟို.."
"ရိေပၚမသိေစရပါဘူး"
"ေမးေတာ့ေမးလို႔ရေပမယ့္သိပ္မေမးပါနဲ႕
ကြၽန္ေတာ္ဥကၠဌဝမ္ကိုေၾကာက္တယ္ဗ်"
"သူ႕ဒဏ္ရာသက္သာရဲ႕လား"
"ဥကၠဌဝမ္ကဆရာဝန္စကားနားမေထာင္ဘူး
ေရမထိရဘူးဆိုလည္းထိတာဘဲ
အနာကက်က္တာႏွေးေနၿပီးပိုးဝင္မွာစိုးရတယ္"
"သူ႕ကိုဂ႐ုစိုက္ေပးပါေနာ္ သူကေတာ္ေတာ္ေတာ့ေခါင္းမာတယ္"
"ဟုတ္ကဲ့ပါ"
"သူထမင္းသုံးထပ္ပုံမွန္စားရဲ႕လားဟင္"
"ကြၽန္ေတာ္လည္းေသခ်ာမသိဘူး ႐ုံးကေကြၽးတဲ့ေန႕လည္စာဘူးကေတာ့ထက္ဝက္ေလာက္က်န္ေသးတာဘဲ"
"သူ႕ကိုအသားမ်ားမ်ားပဲမ်ားမ်ားေကြၽးေပးပါေနာ္ အနာက်က္ျမန္ေအာင္လို႔ေလ ၿပီးေတာ့"
"ဟုတ္ကဲ့ ေနာက္.ေနာက္က်ေနၿပီမို႔ကြၽန္ေတာ္ျပန္ပါဦးမယ္"
"ကိုယ္ေျပာတာေတြကိုသူ႕ကိုမသိေစခ်င္ဘူး"
"ျပန္မေျပာပါဘူး"
အတြင္းေရးမႉးဖုန္းကနာရီကိုၾကည့္ၿပီးမ်က္ႏွာပ်က္ေနၿပီ။ လိုတာထက္ပိုၾကာေနၿပီဖို႔မယုံသကၤာျဖစ္တဲ့အၾကည့္နဲ႕ၾကည့္ခံရမယ့္အျပင္ၾကားထဲကသဝန္တိုတာပါခံရဦးမည္။ ဓာတ္ေလွကားကလည္းၾကာလိုက္တာ။ အတြင္းေရးမႉးဖုန္းကမ်က္ႏွာတစ္ပ်က္ပ်က္..။ ကားထဲေရာက္ေတာ့ထင္တဲ့အတိုင္းဥကၠဌဝမ္ကမ်က္ေမွာင္ကုတ္ေနၿပီ။
"ဘာလုပ္ေနလို႔အဲ့ေလာက္ၾကာေနတာလဲ"
ၾကည့္ေလ..။ ထင္တဲ့အတိုင္းဘဲ။ ဒါေတာင္သူကဝမ္ရိေပၚယုံၾကည္စိတ္ခ်တဲ့သူေတြထဲမွာပါေသးလို႔။
"ေရွာင္းသခင္ေလးကဥကၠဌဝမ္ကိုထမင္းပုံမွန္စားဖို႔မွာလိုက္ပါတယ္"
"သူကေတာ့ဟိုေကာင္ကိုခ်က္ေကြၽးေနတာဘဲမဟုတ္လား"
သူ႕စကားေၾကာင့္နည္းနည္းစိတ္ေျပသြားပုံေပၚၿပီးမ်က္ေမွာင္ကုတ္ေနတာေတြေျပေလွ်ာ့သြားခဲ့၏။ ဒါေပမယ့္အသံကေတာ့ဟိုေန႕ကကိစၥကိုေက်နပ္ပုံမေပၚ။
"ၿပီးေတာ့ဘာေျပာေသးလဲ.."
"ၿပီးေတာ့ အသားနဲ႕ပဲမ်ားမ်ားစားဖို႔မွာလိုက္ပါတယ္
အနာျမန္ျမန္က်က္ေအာင္ပါတဲ့"
"သိၿပီ"
ဝမ္ရိေပၚကသြားခ်င္ပုံမေပၚေသးလို႔အတြင္းေရးမႉးဖုန္းကကားစက္မႏွိုးဘဲတိတ္တိတ္ေလးဘဲၿငိမ္ေနလိုက္သည္။ ဝမ္ရိေပၚကအၾကာႀကီးစဥ္းစားေနပုံရၿပီးေနာက္မွေဆးလိပ္လွမ္းေတာင္းလာ၏။
"ေဆးလိပ္!.."
"ေဆးလိပ္ေသာက္တာက်န္းမာေရးအတြက္.."
"ေဆးလိပ္!!"
အတြင္းေရးမႉးဖုန္းကအိတ္ကပ္ထဲကေဆးလိပ္ကိုထုတ္ၿပီးဝမ္ရိေပၚကိုလွမ္းေပးလိုက္၏။ အရင္ကေဆးစြဲၿပီးကတည္းကဝမ္ရိေပၚကေဆးလိပ္ပါျဖတ္ထားတာၾကာၿပီ။ ဒါေပမယ့္အခုေနာက္ပိုင္းျပန္ေသာက္လာျပန္တယ္။ ကိုယ္တိုင္ေဆာင္ထားတာလည္းမဟုတ္ဘဲသူကဘဲေဆာင္ထားေပးရတယ္။ အတြင္းေရးမႉးဖုန္းကအလိုက္တသိမီးျခစ္ပါကမ္းေပးလိုက္၏။
ဝမ္ရိေပၚကသူ႕ဘာသူေဆးလိပ္လက္ၾကားညွပ္ၿပီးေရွာင္းက်န႔္တို႔အခန္းဘက္ကိုေငးေနျပန္တယ္။ ေဆးလိပ္တစ္လိပ္ေလာက္ၾကာခ်ိန္ေရာက္ေတာ့...
"ေမာင္းေတာ့.."
ဒီအခ်ိန္ကဝမ္ဝမ္ရဲ႕မူႀကိဳလႊတ္ခ်ိန္မို႔အတြင္းေရးမႉးဖုန္းကသားဖႏွစ္ေယာက္အတူအိမ္ျပန္လာလို႔ရေအာင္မူႀကိဳဘက္ေမာင္းလာခဲ့တယ္။ ေက်ာင္းတံခါးဝမွာဝမ္ဝမ္ကမူႀကိဳဆရာမေလးနဲ႕ရပ္ေစာင့္ေနတယ္။ အိမ္ေတာ္ထိန္းဝတ္ေပးလိုက္တဲ့အဝတ္အစားေတြကေရွာင္းက်န႔္ဆင္ေပးက်ပဳံစံနဲ႕လုံးဝကြဲထြက္ေနၿပီးဝမ္ဝမ္အေအးမမိေအာင္ေသေသခ်ာခ်ာထုတ္ပိုးထားတာနဲ႕တူေနတယ္။
ဝမ္ရိေပၚကကားထဲကမထြက္ခင္ေဆးလိပ္နံ႕ေတြေလွ်ာ့သြားေအာင္ air freshenerျဖန္းဖို႔ေျပာလိုက္၏။ အမဲေရာင္ေျပာင္လက္ေနတဲ့ေနာက္ဆုံးေပၚSUVကားေပၚကဆင္းလာတဲ့ဝမ္ရိေပၚကိုဝမ္ဝမ္ေရာမူႀကိဳဆရာမေလးပါေငးၾကည့္ေနၾက၏။ မူႀကိဳဆရာမကေတာ့လိုင္းေပၚမွာခဏခဏအဆဲခံေနရတဲ့လူကဒီလိုအရမ္းမိုက္ေနတာျမင္ေတာ့မ်က္ႏွာေလးကပန္းႏုေရာင္သန္းေနေတာ့သည္..။ ဒါေပမယ့္ဝမ္ရိေပၚလက္ေပၚကဝမ္ဝမ္ေလးရဲ႕ႏွာခမ္းစူေနတာကိုျမင္ေတာ့ခ်က္ခ်င္းဘဲသူမမ်က္ႏွာကိုျပန္တည္ထားလိုက္၏။ ေခ်ာလို႔ေငးတာကို..
"ဒက္ဒီ! ဘာလို႔ေနာက္က်တာယဲဆို"
"ဒက္ဒီနာရီမၾကည့္မိလိုက္ဘူး"
"အိမ္ျပန္မယ္ ပါးေရာက္ေနပီလားအသိဘူး"
"ပါးကအလုပ္ရႈပ္ေနတယ္ သူစာေမးပြဲေျဖရဦးမယ္ေလ"
"ပါးကိုလြမ္းေနပီ"
"မေန႕ညကဘဲပါးနဲ႕အိပ္လာၿပီးေတာ့
မင္းပါးကမနက္ျဖန္လာမွာ.."
"တကယ္ေနာ္..ဝမ္ကဟိုအိမ္မွာအေနခ်င္ဘူး
ဝမ္တို႔သုံးေယာက္ဘဲအတူေနမာ"
"ပါးကိုစိတ္ေကာက္ေျပတဲ့အထိေစာင့္ၾကစို႔ကြာ.."
"အြန္း.."
သားျဖစ္သူမေပ်ာ္တာသိေပမယ့္ရိေပၚကသူလည္းဘာမွမလုပ္တတ္။ ကေလးနဲ႕ေတာင္စလို႔ေနာက္လို႔သူမေနတတ္ေပ။
ဒါေပမယ့္မနက္ျဖန္ surpriseကိုျမင္ရင္ေတာ့သူ႕ငတုံးသားေလးေသခ်ာေပါက္ေပ်ာ္သြားေလာက္မွာ။
"သခင္ေလးတို႔လာၾကၿပီလား"
"ဝမ္ဝမ္ကိုေရခ်ိဳးေပးၿပီးညစာေကြၽးလိုက္.."
"သခင္ေလးေရာ.."
"ကြၽန္ေတာ္မစားေတာ့ဘူး အျမည္းေလးေကာင္းေကာင္းေလးျပင္ထားေပးပါဦးေလး႐ုန္ေဟြး"
ဒီအိမ္ေတာ္ထိန္းကသူ႕မိဘအိမ္မွာကတည္းကအလုပ္လုပ္လာခဲ့သူျဖစ္သည္။ သူအိမ္ထိန္းတစ္ေယာက္ရွာေတာ့မယ္ဆိုတာမားၾကားေတာ့ကေလးနဲ႕အဆင္ေျပေအာင္အိမ္ကအိမ္ေတာ္ထိန္းကိုလွမ္းပို႔လိုက္တာျဖစ္သည္။ ဦးေလး႐ုန္ကသူငယ္ငယ္ကတည္းကအလုပ္လုပ္လာသူမို႔အလုပ္လုပ္တာလည္းေစ့စပ္ေသခ်ာကာအလိုက္လည္းသိ၏။
"နိုး ဒက္ဒီ နိုး!"
"ဘာျဖစ္ျပန္ၿပီလဲကြာ"
"အရက္ေသာက္တာအေကာင္းဘူး"
"အရက္မဟုတ္ပါဘူး ဘီယာေလးဘဲေသာက္မွာ"
"အရက္နဲ႕ဘီယာကအတူဘူးလား"
"မတူဘူး အရက္ကအရက္၊ဘီယာကဘီယာ!"
ဝမ္ရိေပၚကခပ္တည္တည္နဲ႕ေလွ်ာက္႐ႊီးခဲ့ၿပီးသားကိုအိမ္ေတာ္ထိန္းလက္ထဲထည့္ေပးခဲ့၏။ ေရခ်ိဳးၿပီးလို႔ညစာစားၾကေတာ့ဝမ္ဝမ္ကသူ႕ဘာသူစားေနၿပီးရိေပၚကလည္းသူ႕အရည္ကိုသူေသာက္ေနခဲ့၏။
"မနက္ျဖန္ဝမ္ဝမ့္ေမြးေန႕အတြက္ဘာေတြျပင္ဆင္ေပးရဦးမလဲသခင္ေလး!"
"ဦးေလး႐ုန္ေကာင္းသလိုစီစဥ္လိုက္ပါ
မနက္ျဖန္ေက်ာင္းလည္းပိတ္ထားေတာ့ဝမ္ဝမ့္အတန္းေဖာ္ေတြလည္းလာၾကလိမ့္မယ္
Ice cream ပြဲတစ္ရာစာေလာက္ ၿပီးေတာ့.."
"ဝမ္ဝမ္ကခ်ယ္ရီသီးနဲ႕ကိတ္ဘဲစားမာ.."
"ဦးေလး႐ုန္ၾကားတဲ့အတိုင္းဘဲ သူခြဲမယ့္ကိတ္မွာခ်ယ္ရီသီးနဲ႕အလွဆင္ဖို႔မွာလိုက္ဦး
ကေလးေတြအတြက္မဲေဖာက္ေပးဖို႔အစီအစဥ္ေရာလုပ္ထားတယ္မဟုတ္ဘူး"
"လုပ္ထားပါတယ္သခင္ေလး"
"အမွားအယြင္းမရွိေစနဲ႕!"
"ဟုတ္ကဲ့ပါသခင္ေလး!"
တစ္ဖက္မွာေတာ့ေရွာင္းပိုင္ကလက္ထဲကဖိတ္စာကိုၾကည့္ၿပီးေတြေဝေနမိ၏။ သူသြားသင့္လား၊မသြားသင့္ဘူးလားလို႔လည္းစဥ္းစားေနမိတယ္။ သူတို႔ကအမွားလုပ္ထားတဲ့သူေတြဆိုေတာ့ဟိုဘက္မိသားစုနဲ႕မ်က္ႏွာခ်င္းဆိုင္ဖို႔ေတာင္သတၱိမရွိပါ။
သူတို႔အတြင္းေရးေတြခ်ိဳးေဖာက္ခံထားရလို႔အခုခ်ိန္အထိလိုင္းေပၚတက္ဖို႔ေတာင္မရဲေခ်။ သူဒီေလာကထဲဝင္ကတည္းကအဆဲခံဖို႔၊ေဝဖန္ခံရဖို႔ကိုျပင္ဆင္ထားတယ္ဆိုေပမယ့္တကယ္တန္းရင္ဆိုင္ရေတာ့အဆဲခံရတာတကယ္အဆင္မေျပဘူးဆိုတာသိလာရတယ္။ သူတကယ္လူမူအသိုင္းအဝိုင္းထဲကေတာင္ေျပးထြက္သြားခ်င္တဲ့အထိ..။
စုန႔္ရန္ကေတာ့သူ႕ကိုအားေပးထားတဲ့ရွားရွားပါးပါးမွတ္ခ်က္ေတြကိုသူသိေအာင္ဖတ္ျပေပးသည္။ ဒါေပမယ့္သူ႕ရဲ႕စိတ္အေျခအေနကတိုးတက္လာျခင္းမရွိပါ။ သူေန႕တိုင္းအသက္မဲ့သလိုအခန္းထဲမွာဘဲပုန္းေအာင္းေနမိတယ္။ အၿမဲတမ္းကိုယ့္ကိုယ္ကိုအျပစ္သားတစ္ေယာက္လိုခံစားေနရတယ္။ ဒီမြန္းက်ပ္တဲ့ခံစားခ်က္ဟာသူ႕ပါးကုမၸဏီေဒဝါလီခံရတဲ့အခ်ိန္တုန္းကထက္ပိုဆိုးပါတယ္။ ၿပီးေတာ့တစ္ခါတစ္ေလဘာလို႔ငါဒီလိုလုပ္ခဲ့မိတာလဲဆိုၿပီးကိုယ့္ကိုယ္ကိုဘဲအျပစ္တင္မိတယ္။
ဝမ္ရိေပၚတို႔လင္မယားအခုထိကြဲေနတယ္လို႔ၾကားရတိုင္းသူလုံးဝစိတ္မေကာင္း။ သူေကာကိုထပ္ေတာင္းပန္ခ်င္ေသးတယ္။ ဒီထက္ပိုၿပီးရွင္းျပခ်င္တယ္။ ဒါေပမယ့္ေကာေရွ႕ထပ္သြားဖို႔သူလုံးဝမရဲေတာ့ဘူး။ ဝမ္ဝမ္ေလးကိုမ်က္ႏွာခ်င္းဆိုင္ဖို႔ေရာ..။
'ေတာင္းပန္ပါတယ္ကေလးရယ္ အန္ကယ္ေလးေတာင္းပန္ပါတယ္
အန္ကယ္ေလးကဒီအတြင္းမီးေတြကိုျဖစ္ေစခဲ့သူပါ"
ေရွာင္းပိုင္ကလက္ထဲကဖိတ္စာကဒ္ကိုစားပြဲေပၚမွာခ်ၿပီးလိုက္ကာစကိုဆြဲပိတ္လိုက္၏။ အခန္းတစ္ခုလုံးကပိန္းပိန္းေမွာင္ၿပီးပိန္ပိန္ပါးပါးေကာင္ေလးကိုပါအေမွာင္ထုထဲဝါးၿမိဳသြားခဲ့၏။
.............
အတြင္းေရးမႉးဖုန္းကသူ႕စကားအတိုင္းမနက္၇နာရီေလာက္က်ေတာ့လာေခၚေပးတယ္။ ေရွာင္းက်န႔္ကဝမ္ဝမ္ေလးရဲ႕သုံးႏွစ္ျပည့္ေမြးေန႕ထက္သူတို႔အိမ္ကိုျပန္ရမွာကိုပိုၿပီးစိတ္လႈပ္ရွားမိတယ္။ လက္ကဝမ္ဝမ္ဖို႔ထိုးေပးထားတဲ့ဆြယ္တာ၊ဦးထုတ္၊လည္စည္းေလးကိုထည့္ထားတဲ့အိတ္ေလးကိုကိုင္ထားတယ္။ ကားေလးကအိမ္နဲ႕နီးလာေလသူပိုၿပီးရင္ခုန္လာေလေလ။ သူလက္ေတြကိုအခ်င္းခ်င္းဆုပ္ကိုင္ထားမိတယ္။ ရိေပၚနဲ႕သူရန္ျဖစ္ၾကတဲ့ေန႕ကတည္းက ရိေပၚနဲ႕မေတြ႕ျဖစ္တာတစ္ပတ္ေလာက္ရွိသြားၿပီ။
ေရွာင္းက်န႔္ကရိေပၚကိုရိုက္မိတဲ့သူ႕လက္ေတြကိုျပန္ၾကည့္ၿပီးငိုခ်င္လာျပန္တယ္။ ျပန္ေတြ႕ရင္ဘယ္လိုႏႈတ္ဆက္ရမွာလဲ..။ အစကတည္းကရိေပၚနဲ႕သူ႕ရဲ႕ဆက္ဆံေရးကမျပတ္မသားျဖစ္ေနပါတယ္ဆိုမွ။
"ေရွာင္းသခင္ေလး ေရာက္ပါၿပီ"
ေရွာင္းက်န႔္ကရိုးရိုးရွင္းရွင္းလည္ပိတ္ဆြယ္တာဆင္စြယ္ေရာင္ေလးနဲ႕ေဘာင္းဘီရွည္ကိုဝတ္လာခဲ့တယ္။ ဒီေကာ္ရစ္တာတစ္ေလွ်ာက္မွာသူနဲ႕ဝမ္ဝမ္လမ္းေလွ်ာက္ၿပီးရိေပၚအလုပ္ကျပန္လာမယ့္ကားကိုေမွ်ာ္ေနခဲ့ၾကတာ။ သူစိုက္ထားတဲ့အပင္ေလးေတြကိုလည္းအရင္ထက္ေတာင္စနစ္တက်ပ်ိဳးထားေသးတယ္။
"ဝမ္ဝမ္ကေရွာင္းသခင္ေလးလာမယ့္လမ္းကိုေမွ်ာ္ေနတာပါခင္မ်"
"သူေရာ.."
"ဥကၠဌဝမ္ေၾကာင့္အႏွောင့္အယွက္ျဖစ္မွာကိုေတာ့စိတ္မပူပါနဲ႕
ဥကၠဌဝမ္ကစာၾကည့္ခန္းမွာသူ႕ဘာသူေအးေဆးေနေနပါတယ္"
ေရွာင္းက်န႔္မ်က္ႏွာေလးကညွိုးသြားခဲ့ၿပီးေခါင္းငိုက္စိုက္က်သြား၏။ ၿပီးမွအားတင္းၿပဳံးရင္းဝမ္ဝမ္အခန္းကိုေလွ်ာက္လာခဲ့လိုက္တယ္။
"ဒါအဝတ္ခ်င္ဘူး..ဝမ့္စတိုင္အဟုတ္ဘူး!"
ေဟာ..။ သူ႕သားအသံစူးစူးေၾကာင့္ေရွာင္းက်န႔္ကအလိုလိုၿပဳံးလိုက္မိ၏။ ဘာေတြအလိုမက်ျဖစ္ေနတာလဲမင္းသားေလးရာ။ ၾကည့္ရတာေမြးေန႕အတြက္ျပင္ထားတဲ့ဝတ္စုံကိုသေဘာမက်ဘဴးထင္တယ္။ သူမရွိတုန္းဝမ္ဝမ္ကဘယ္လိုေတာင္သူ႕ဒက္ဒီစရိုက္နဲ႕တူလာရတာလဲ။ ဒီလိုဂ်စ္ကန္ကန္နဲ႕ေျပာစကားနားမေထာင္တာမႀကိဳက္ပါဘူးဆိုေနမွ!..
"ဝမ္ဝမ္!"
"ပါး..ဝမ့္ပါးပါး!!"
ဝမ္ဝမ္ကကုတင္ေပၚကခုန္ခ်ၿပီးအတြင္းဝတ္ေဘာင္းဘီတိုေလးနဲ႕သူ႕ဆီကိုေျပးလာတယ္။ ၿပီးေတာ့သူ႕ေပါင္ကိုဖက္ၿပီးခ်ီဖို႔ေျပာေတာ့တာဘဲ။ ဒီႏွစ္ထဲမွာမိဘႏွစ္ေယာက္လုံးအရပ္ရွည္လို႔ဝမ္ဝမ္က8cmေလာက္အရပ္ရွည္လာတယ္။ မပီတပီေျပာတတ္တာေနအသံေသးေသးေလးနဲ႕ပိုၿပီးပီေအာင္ေျပာတတ္လာခဲ့ၿပီ။
"ပါးသားေလး ပါးရဲ႕ခ်စ္မဝေလး!"
"ဟိ ဟိ ပါး အလုပ္နဲ႕! ဟိ"
ေရွာင္းက်န႔္ကဝမ္ဝမ္ကိုေကာက္ခ်ီၿပီးတစ္ကိုယ္လုံးကိုေမႊးၾကဴပစ္တယ္။ ဝမ္ဝမ္ကယားလို႔ေကာ့ျပန္ေနေတာ့တာဘဲ..
"ဘာေတြအလိုမက်ျဖစ္ေနတာလဲမင္းသားေလးရာ"
"ဝမ္ဝမ္ကေမြးေန႕အတြက္ျပင္ဆင္ထားတဲ့အေနာက္တိုင္းဝတ္စုံကိုမဝတ္လိုဘူး"
အိမ္ေတာ္ထိန္းကေရွာင္းက်န႔္ကိုဝမ္ဝမ့္အစားရွင္းျပတယ္။
"အဲ့ေတာ့ဘာေတြဝတ္ခ်င္တာလဲ ဝမ္ဝမ္က"
"ဝမ္ဝတ္ပါ့မယ္"
"အဲ့လိုမွေပါ့"
ေရွာင္းက်န႔္ကသားသမီးကိုေနရာတကာမွာအလိုမလိုက္ခ်င္။ သူ႕ကေလးလိုခ်င္တာရေနရင္ပ်က္စီးသြားမွာစိုးတယ္။ သူ႕တုန္းကဆိုဒီလိုအေကာင္းစားအေနာက္တိုင္းဝတ္စုံကိုထား၊ေမြးေန႕ပြဲေတာင္က်င္းပဖူးတာမဟုတ္ဘူး။ အခုမွမဝတ္ခ်င္ေတာ့ဘူးဆိုေတာ့ျဖစ္ပါ့မလား။ ေနာက္ႏွစ္ဆိုဝမ္ဝမ္နဲ႕တန္ပါေတာ့မလား။ ေငြေတြကိုအလကားျဖဳန္းတီးရာက်မွာသူေတာ့လုံးဝမႀကိဳက္..
"ဦးေလး႐ုန္ ကေလးကိုခဏအပ္ထားခဲ့ဦးမယ္ေနာ္
ကြၽန္ေတာ္လုပ္စရာရွိေသးလို႔"
"ေကာင္းပါၿပီေရွာင္းသခင္ေလး"
ဦးေလး႐ုန္ကသူနဲ႕လုံးဝစိမ္းေနတာမ်ိဳးမရွိ။ သူကဝမ္အိမ္ေတာ္ကိုခဏခဏေရာက္ဖူးေနက်မိဳ႕ဦးေလး႐ုန္နဲ႕လည္းရင္းႏွီးသည္။ ေရွာင္းက်န႔္ကဦးေလး႐ုန္ကိုႏႈတ္ဆက္ၿပီးသူတို႔ႏွစ္ေယာက္အခန္းဘက္ေလွ်ာက္လာခဲ့၏။ အခန္းတံခါးဆြဲဖြင့္လိုက္ေတာ့ရင္းႏွီးေနက်အေငြ႕အသက္ေတြကသူ႕ကိုလႊမ္းၿခဳံသြားခဲ့၏။
ဒီအိမ္ကိုစေျပာင္းလာတဲ့ေန႕တုန္းကရိေပၚသူ႕ကိုဒီအခန္းထဲမွာအျပစ္ေပးခဲ့တာေတြ၊ဒီအခန္းကိုသူ႕စိတ္ႀကိဳက္ျပင္ဆင္ခဲ့တာေတြ၊ ဒီအခန္းထဲမွာရိေပၚကိုသူမသိမသာျမႇူဆြယ္ခဲ့မိတာေတြ။ ရိေပၚနဲ႕သူႏွစ္ကိုယ္တူခ်စ္ရည္လူးခဲ့တာေတြ..။ ေရွာင္းက်န႔္မ်က္ရည္ေတြထိန္းမရေတာ့..။ သူသိပ္အထီးက်န္ေနၿပီ။ သူ႕အခန္း၊သူတို႔အိမ္ကိုသူသိပ္လြမ္းေနၿပီ။
သူ႕ေယာက္်ားကိုလည္းသူသိပ္လြမ္းေနၿပီ။
ရိေပၚကကြန္ျပဴတာေရွ႕မွာထိုင္မွာကီးဘုတ္နဲ႕တစ္ေဒါက္ေဒါက္အလုပ္ရႈပ္ေနရင္သူကႏြားနို႔တစ္ခြက္စီတိုက္မယ္။ သူ႕ကိုအခ်ိန္အၾကာႀကီးျပစ္ထားရင္ႏွိပ္ေပးသလိုနဲ႕ရိေပၚကိုျမႇူဆြယ္မယ္။ ၿပီးရင္ရိေပၚကမခံနိုင္ေတာ့ဘဲ ကြန္ျပဴတာေရွ႕မွာျဖစ္ျဖစ္၊ရိေပၚထိုင္ခုံေပၚဆြဲခ်ၿပီးျဖစ္ျဖစ္သူ႕ကိုအျပစ္ေပးမယ္..။
ရိေပၚကသိပ္ျမႇူဆြယ္လို႔ေကာင္းတာဘဲ။ အစားအေသာက္ေကာင္းေကာင္းေလးလည္းႀကိဳက္တတ္တယ္။ ရိေပၚႀကိဳက္တတ္တာေတြကိုသူ႕ေလာက္ဘယ္သူကသိမွာလဲ။
ေရွာင္းက်န႔္ကလူေတြထင္သေလာက္မသန္မာပါဘူး။ သူကသိပ္ခ်စ္တတ္ပါတယ္။ သူကအခ်စ္ကိုလည္းငတ္မြတ္ပါတယ္။ ၿပီးေတာ့အခ်စ္လည္းခံခ်င္တယ္။ သူကသဝန္လည္းတိုတတ္ေသးတယ္။
သူတစ္ခန္းလုံးကိုေလွ်ာက္ပတ္ၾကည့္ၿပီးၿပီဆိုေပမယ့္ရိေပၚနဲ႕လုံးဝမေတြ႕ေသး။ အတြင္းေရးမႉးေျပာသလိုဘဲသူ႕ကိုအခက္မေတြ႕ေအာင္တျခားအခန္းကိုေျပာင္းေနတယ္ဆိုတာတကယ္ျဖစ္မယ္...
(5.9.22)
အရင္တုန္းကwarningမေပးခဲ့မိလို႔ကိုယ့္အျပစ္လို႔ဘဲမွတ္ယူပါတယ္။ ကိုယ့္လူေတြကိုေက်းဇူးျပဳၿပီးေလးစားတန္ဖိုးေပးပါpls!
ၿပီးေတာ့updateလာေတာင္းတဲ့သဲေလးေတြေရ တကယ္မအားလို႔ပါေနာ္
ဒါေလးကၿပီးေတာ့မယ္ဆိုေပမယ့္ျဖစ္သလိုဇာတ္မသိမ္းခ်င္တာေၾကာင့္ၾကာေနတာပါေနာ္။ ထင္သလိုမျဖစ္ခဲ့ရင္လည္းေဆာရီးပါ။ ေရွာင္းရဲ႕ကာရိုက္တာကေလဒီplotရဲ႕ဒီလိုကာရိုက္တာျဖစ္ေအာင္ေရးထားတာပါ။ ဒီတစ္ခါေတာ့ေရွာင္းရဲ႕povကိုဘဲေသခ်ာေရးျပခဲ့တာပါ။ ေခါင္းစဥ္အတိုင္းပါဘဲ..
ေရွာင္းကဝမ္ရိေပၚကိုသိပ္ခ်စ္ပါတယ္။ ဝမ္ရိေပၚကလည္းခ်စ္လို႔ဘဲေရွာင္းက်န႔္တစ္ေယာက္တည္းအေပၚကိုဘဲဆိုးေနတာပါ။ သိပ္လွတဲ့လူကိုရထားေတာ့လည္းသူ႕မွာစိတ္မခ်နိဳင္ၿပီးသဝန္ေတြဇြတ္တိုေနတာပါ..
ခ်စ္ဖူးရင္သိပါတယ္။ ကိုယ္ခ်စ္တဲ့သူကတျခားတစ္ေယာက္အေပၚေကာင္းေပးရင္၊ရယ္ရယ္ေမာေမာစကားေျပာေနတာေတာင္မွရင္ထဲမွာေအာင့္သက္သက္ျဖစ္ရပါတယ္။ ရိေပၚကလည္းအဲ့အတိုင္းျဖစ္ေနတာပါ။ ဒါေပမယ့္သူ႕ခံစားခ်က္ေတြကိုတစ္ခါမွခ်မျပခဲ့ဖူးပါဘူး။
ေနာက္တစ္ပိုင္းမွာေတာ့ရိေပၚကေသခ်ာေပါက္ေတာင္းပန္မွာပါ..။ ေျပာခ်င္တာကေရွာင္းကာရိုက္တာကအရမ္းႏူးညံ့ပါတယ္။ သူကလည္းေယာက္်ားကိုအရမ္းခ်စ္ၿပီးအရမ္းလည္းအခ်စ္ခံခ်င္လို႔ပါ..။စကားမ်ားသြားပါၿပီ။
.................