Heart attack system

By LovelyVampiregirl

16.3K 1.5K 71

ကိုယ့်ကိုယ်ကိုရှောင်ကျန့်ဆိုတဲ့နာမည်ကလွဲပြီး ဘာမှမမှတ်မိတဲ့ကောင်လေးတစ်ယောက်... သူ့ရဲ့တကယ်သရုပ်မှန်ကဘာလဲ...? အ... More

Ep - 1
EP - 2 (Arc - 1.1)
EP - 3 (Arc - 1.2)
Ep - 4 (Arc - 1.3)
Ep - 5 (Arc - 1.4)
Ep - 6 (Arc - 1.5)
Ep - 8 (Arc - 2.1)
Ep - 9 (Arc - 2.2)
Ep - 10 (Arc - 2.3)
Ep - 11 (Arc - 2.4)
Ep - 12 (Arc - 2.5)
Ep - 13 (Arc - 2.6)
EP - 14 (Arc - 2.7)
Ep - 15 (Arc - 2.8)
Ep - 16 (Arc - 2.9)
Ep - 17 (Arc - 2.10 End)
Ep - 18 (Arc - 3.1)
Ep - 19 (Arc - 3.2)
Ep - 20 (Arc - 3.3)
Ep - 21 (Arc - 3.4)
Ep - 22 (Arc - 3.5)

Ep - 7 (Arc - 1.6 End)

715 77 2
By LovelyVampiregirl

Zawgyi

❤ ဖရက္ဒီ ❤


ပြောမပြတတ်အောင်ပါပဲ...

တာ...

နောက်ကမ္ဘာဆီကူးပြောင်းလို့ရပြီ

မှာလဲ...*

ဘာကြောင့်ရယ်မသိ...

လို့ရမှာပါ..."

*အဲ့လိုလား...သိပြီ...*


လူ၁ယောက်...

တိုးဝင်လာခဲ့တယ်...

လေတယ်...

"ဖ ဖရက်..."


လေ...အရှင်ဖရက်ဒ်ီကိုမဟုတ်ဘူး...

သွားတော့တယ်...


အစ်ကိုဒန်နီရယ်..."

မကျန်အောင်ကုသပေးမယ်..."




စိတ်ချချင်တယ်..."

လိုက်တယ်...
မဲ့လဲ...

တာပဲနားထောင်နေပေးပါ...
ပေးပါတယ်..."

နိုင်ပါပေ...



ရပ်တန့်သွားလေတယ်...

ဖရက် ဖရက်!!!....

----------------------

လာခဲ့ပြီ...
ဒဏ်ရာလဲမရှိတော့သလို

လိုက်တာ..."

လွင့်ပါသွားရတယ်...

"ဗြဲ သနားလိုက်တာဗျာ...
မခံစားနိုင်ဘူး..."


ဘူးလေ..."




"ငါ ငါမသိဘူး.."

ပထမကမ္ဘာမှာထဲကသူ့hostဒီလို

ဖယ်ရှားပြီးနောက်ကမ္ဘာကူးပြောင်းကြ
စို့လား..."

"အွန်း သွားကြမယ်..."


ပြီး...

"ဘာskillလဲ..."


တစ်ခုပါတယ်...


"အွန်း..."

လည်တယ် လည်တယ်...
မှာရပ်တန့်သွားတယ်...

skillပါhost..."

ပြီးသားလေ..."

"အဲ့ဒါကဒီလိုရှိပါတယ်...
တတ်မြောက်မှာပါ..."

"အွန်း..."

ထွက်မှာမဟုတ်ပါဘူး..."




သောက်လိုက်တယ်...
သွားတယ်...

"ပြီးရင်နောက်ကမ္ဘာဒိုးစို့..."

ဘူးလား..."

"ရှုပ်ပါတယ်hostရာ...ကမ္ဘာဘယ်နှစ်ခု
စိတ်လေးထဲမှ့တ်ထားလိုက်...
0%...25%...50%...75%...100%...
loading..."

ရသေး..."

ကျန်ခဲ့တော့တယ်...

--------------------------------------------------------------

Arc 2...

XZ
ကလဲငါကိုကြိုက်တယ်...
တယ်တဲ့..."

____________________________________

ep 8.....မျှော်

👻👻👻
ဖြစ်စေပါတယ်...😍😍😍
⭐လေးလဲနှိပ်ခဲ့ပါနော်...😘😘😘

Unicode

❤ ဖရကျဒီ ❤

နောက်တစ်နေ့မှာပဲ သရည်စာတိုင်းပြည်
ပြည့်ရှင်မင်း နဲ့ အချိုပွဲတိုင်းပြည်
ပြည့်ရှင်မင်းရဲ့ခမ်းနားကြီးကျယ်တဲ့
မင်္ဂလာပွဲကြီးကို ကြီးကြီးကျယ်ကျယ်
ခမ်းခမ်းနားနားကျင်းပခဲ့ကြတယ်...

အချိုပွဲတိုင်းပြည်ရဲ့ပြည်သူပြည်သား
အပေါင်းတို့ဟာတိုင်းပြည်အတွင်း
မြောက်များလှသောချောကလက်
များစွာပြန်လည်ရောက်ရှိလာခြင်း
ကြောင့်ရယ် သူတို့ဘုရင်မင်းမြတ်ရဲ့
မင်္ဂလာသတင်းရယ်ကြောင့်
၂ထပ်ကွမ်းပျော်ရွှင်ဝမ်းမြှောက်မှုက
ပြောမပြတတ်အောင်ပါပဲ...

အားလုံးထဲမှာဖရက်ဒီ၁ယောက်သာ
မျက်နှာက ဟန်ဆောင်ပန်ဆောင်တောင်
မပြုံးမရွှင်နိုင်ဖြစ်နေရတာ...
ဒန်နီရယ်ကတော့ ဘုံ ၃၁ ဘုံကိုအပိုင်
စားရလိုက်သလိုကိုပျော်ရွှင်မြူ းတူး
ပြီးမျက်နှာအရောင်လင်းလက်နေခဲ့
တာ...

မင်္ဂလာအစီစဉ်ပြီးမြှောက်တဲ့အချိန်
မှာပဲဖရက်ဒီ ဒန်နီရယ်ရဲ့
ချစ်ခြင်းမေတ္တာတွေပြည့်နက်နေတဲ့
အနမ်းဖွဖွလေးပေးခြင်းခံလိုက်ရတယ်...
တစ်ချိန်တည်းမှာပဲsystemဆီကနေ
missionအားလုံးcompleteဖြစ်လို့
နောက်ကမ်ဘာဆီကူးပြောင်းလို့ရပြီ
ဖြစ်ကြောင်းပြောသံကြားလာရတယ်...

*အွန်း ငါထွက်ခွာမယ်ဆိုဘယ်လိုလုပ်ရ
မှာလဲ...*

မေးသာမေးလိုက်ပေမဲ့လဲတကယ့်
တကယ်ထွက်ခွာရမယ်ဆိုတော့လဲ
ဘာကြောင့်ရယ်မသိ...
ရင်ဘတ်ထဲကအောင့်တောင့်တောင့်
ခံစားချက်ကြီးကနေရခက်လို့နေတယ်...

"ဒီခန္ဓာကိုယ်သေမှhostဝိညာဉ်ထွက်ခွာ
လို့ရမှာပါ..."

*အဲ့လိုလား...သိပြီ...*

ဒန်နီရယ် ဖရက်ဒီ့ကိုနမ်းပြီးတော့
လက်လေး၂ဖက်ကိုဆုတ်ကိုင်ကာ
အကြင်နာတွေပြည့်လျှံနေတဲ့မျက်ဝန်း
နဲ့အကြည့်ချင်းဆုံကာပြုံးနေမိတယ်...
ဖရက်ဒီလဲပြန်ကာပြုံးပြလိုက်ပါတယ်...

ထိုအချိန်ဖရက်ဒီအကြည့်ထဲဝင်ရောက်
လာတဲ့ဒန်နီရယ့်အနောက်ဘက်
ခပ်လှမ်းလှမ်းကမသင်္ကာစရာ
လူ၁ယောက်...
ထိုသူကဘယ်သူမှသတိမထားမိခင်မှာ
ပဲ လိုက်ကာ၁ခုနောက်မှာဖွက်ထားတဲ့
ဒူးလေး ကိုထုတ်ကာဒန်နီရယ်ဘက်ကို
ချိန်ပြီးပစ်လိုက်တယ်...

ဖရက်ဒီ ဒန်နီရယ်ကိုဖက်ပြီးကိုယ်ကို
လှည့်လိုက်တော့ ဒူးလေးမှထွက်လာ
တဲ့အဆိပ်လူးမြှားတံဟာ
သူ့နှလုံးရှိရာကိုထုတ်ချင်းပေါက်
တိုးဝင်လာခဲ့တယ်...
လျက်တပြတ်အခြေနေမို့ဒန်နီရယ်
သူ့ကိုဖက်ကာနှုတ်ခမ်းပါးကနေ
သွေးတွေစီးကျနေတဲ့ဖရက်ဒီကို
ကြည့်ပြီးကျောက်ရုပ်ဖြစ်နေမိတယ်...

အသိဝင်လာချိန်မှာတော့သူရင်ခွင်ဆီကို
ဖရက်ဒီရဲ့ကိုယ်လေးဟာ လဲပြိုကျလာ
လေတယ်...
ဒန်နီရယ် ဖရက်ဒီကိုပွေးဖက်ထားရင်း
မျက်ရည်တွေစို့တက်လာခဲ့တယ်...

"ဖ ဖရက်..."

ဒူးလေးနဲ့ပစ်လိုက်တဲ့သူဟာလဲ
ကြောက်ကြောက်လန့်လန့်နဲ့
သူ့ဒူးလေးကိုကြမ်းပေါ်ပစ်ချပြီး...

"မဟုတ်ဘူး...ငါသတ်တာဒန်နီရယ့်ကို
လေ...အရှင်ဖရက်ဒီ်ကိုမဟုတ်ဘူး...
ငါသတ်တာချောကလက်သူခိုး...အစ်!!!"

အသိစိတ်ရဲ့ရဲ့လေးကျန်နေသေးတဲ့
ဖရက်ဒီဟာထိုစကားကိုကြားမိချိန်
အလျင်မြန်ပဲ ဘေးနားကမင်္ဂလာကိတ်
ခွဲတဲ့ဓားကိုလှမ်းဆွဲရင်
ထိုသူရဲ့ကိုပစ်လိုက်တာလည်ပင်း
တည့်တည့်ထိပြီးချက်ချင်းလည်ပင်းမှ
သွေးတွေပန်းထွက်ကာပစ်လဲသေဆုံး
သွားတော့တယ်...

ပြီးနောက်အားမရှိတော့တဲ့ခန္ဓာလေး
ကိုအနိုင်နိုင်ထိန်းချုပ်ရင်း
ဒန်နီရယ်ကိုပြုံးပြကာ...

"အရာ အားလုံးအတွက်ကျေးဇူးပါ
အစ်ကိုဒန်နီရယ်..."

"မဟုတ်ဘူးလေ...မင်းဘာစကားတွေ
ပြောနေတာလဲ...ဘာမှမပူနဲ့နော်
ဒီဒဏ်ရာကို ကိုယ်အမာရွတ်တောင်
မကျန်အောင်ကုသပေးမယ်..."

ဖရက်ဒီခေါင်းကိုအသာခါရမ်းပြရင်း...

"အဲ့လိုဖြစ်မလာနိုင်တော့ဘူးဆိုတာ
ကျွန်တော့်ကိုကျွန်တော်အသိဆုံးပါ..."

ပြီးနောက်၂ကိုယ်သားကြားယုံသာဖြင့်...

"အစ်ကိုကချောကလက်တွေခိုးယူတဲ့
သူဆိုတာဘယ်သူမှမသိပါစေနဲ့နော်...
အဟွတ်...အစ်ကို့ကိုကျွန်တော်
စိတ်ချချင်တယ်..."

နှုတ်ခမ်းပါးမှသွေးတွေဒလဟောစီးကျ
ကာ အားယူပြီးပြောနေရတာမို့
ဒန်နီရယ်ခေါင်းကိုအလျင်မြန်ငြိမ့်ပြ
လိုက်တယ်...
တစ်ခုခုပြောရန်နှုတ်ကိုဖွင့်ဟလိုက်ပေ
မဲ့လဲ...

"ရှူ း...ဘာမှမပြောပါနဲ့...ကျွန်တော်ပြော
တာပဲနားထောင်နေပေးပါ...
နောက်များမှာအစ်ကို့ကိုလဲတကယ်
ချစ်ပြီး အစ်ကိုကလဲတကယ်ချစ်တဲ့
သူတွေ့ပါစေလို့ကျွန်တော်ဆုတောင်း
ပေးပါတယ်..."

ဒီစကားကိုတော့ဒန်နီရယ်လက်မခံ
နိုင်ပါပေ...

"အဲ့လိုနေ့မျိုးရောက်လာမှာမဟုတ်ဘူး
ဖရက်...ကိုယ့်ရဲ့ပထမဆုံးအချစ်နဲ့
နောက်ဆုံးအချစ်ဟာမင်းပဲ...
ကိုယ့်နှလုံးသားတစ်ခုလုံးကိုမင်းကိုပဲ
အပိုင်စားပေးထားတာမို့သူနောက်လူ
ဆိုတာရှိလာမှာမဟုတ်ဘူး..."

"ဟင်းးးစကားကိုကုန်အောင်မပြောပါနဲ့...
ကျွန်တော်ရဲ့အချိုပွဲတိုင်းပြည်ကိုလဲ
အစ်ကိုလက်ထဲလွှဲပြောင်းပေးခဲ့ပါရစေ..."

ပြောပြီးနောက်တော့မျက်ခွံလေးဟာ
မှိန်ကျသွားပြီးအသက်ရှူ သံလေးဟာလဲ
ရပ်တန့်သွားလေတယ်...

"မဟုတ်ဘူး အဲ့လိုမဖြစ်ရဘူးလေ...
ဖရက် ဖရက်!!!....

----------------------

ရှောင်ကျန့်system spaceထဲပြန်ရောက်
လာခဲ့ပြီ...
သူ့ခန္ဓာကိုယ်ဟာလဲပေါ့ပါးနေပြီး
ဒဏ်ရာလဲမရှိတော့သလို
နာကျင်မှုဟာလဲမရှိတော့...
စိတ်ကသာအနဲငယ်လေးလံလို့နေတာ...

"ဒန်နီရယ် ဘယ်လိုကျန်နေခဲ့လဲသိချင်
လိုက်တာ..."

ဆွေးချင်နေတဲ့စိတ်အနေထားဟာ
systemရဲ့အသံကြောင့်လေနဲ့အတူ
လွင့်ပါသွားရတယ်...

"ဗြဲ သနားလိုက်တာဗျာ...
မခံစားနိုင်ဘူး..."

မျက်ရည်တွေရေပန်းအလားဖြာထွက်နေ
ပြီးအော်နေတဲ့systemလေးကို
ရှောင်ကျန့်ချော့ရန်ပြင်ရတော့တယ်...

"ငါငိုဖို့ ငါဝမ်းနဲ့ဖို့လဲထားပါအုံး...
မငိုနဲ့ တိတ်တိတ်...ငါဘာမှမဖြစ်တော့
ဘူးလေ..."

"ဘယ်သူကhostအတွက်ဝမ်းနည်းနေ
လို့လဲ...ကျွန်တော်ဝမ်းနည်းနေတာ
အရှင်ဒန်နီရယ်ကို အရမ်းသနားစရာ
ကောင်းတာပဲ...ဟင့် ရွှတ်...သူကhost
ကိုတော်တော်ချစ်ရှာတာပဲ..."

"ကြာရင်သူငါ့ကိုမေ့သွားမှာပါကွာ..."

"မဖြစ်နိုင်တာ သူပြောတာလဲhost
ကြားကြားကြီးနဲ့...hostကလွဲပြီး
ဘယ်သူ့မှထပ်မချစ်နိုင်ပါဘူးတဲ့လေ...
hostကောသူ့ကိုမချစ်ဘူးလား..."

"ငါ ငါမသိဘူး.."

မျက်နှာမကောင်းစွာခေါင်းလေးငိုက်စိုက်
ကျသွားတဲ့hostဖြစ်သူကြောင့်
systemစကားမှားပြောမိမှန်းသိလေပြီ...
ပထမကမ်ဘာမှာထဲကသူ့hostဒီလို
ခံစားချက်တွေရှုပ်ထွေးနေရင်
missionတွေကိုထိခိုက်လာနိုင်တာ
ကြောင့်စကားလွှဲရတော့တယ်...

"အားလုံးလဲပြီးဆုံးခဲ့ပြီပဲhostရယ်...
ကဲ စိတ်ထဲကမကောင်းတာတွေ
ဖယ်ရှားပြီးနောက်ကမ်ဘာကူးပြောင်းကြ
စို့လား..."

"အွန်း သွားကြမယ်..."

"မသွားခင် မတတ်တာမရှိတဲ့hostလေး
ရေ...skillတစ်ခုလက်ဆောင်ရပါမယ်..."

ရှောင်ကျန့်မျက်လုံးထဲလင်းခနဲဖြစ်သွား
ပြီး...

"ဘာskillလဲ..."

"ဒါကတော့ကံအပေါ်မူတည်ပါတယ်..."

ပြောပြီးနောက်လေထဲမှာရောင်စုံ
စက်ဝိုင်းလေးပေါ်လာခဲ့တယ်...
ထိပ်မှာလဲအောက်စိုက်နေတဲ့မြှားတံလေး
တစ်ခုပါတယ်...

"hostအဲ့စက်ဝိုင်းလေးကိုလှည့်လိုက်ပါ..."

"အွန်း..."

ရှောင်ကျန့်စက်ဝိုင်းလေးကို
အားပြင်းပြင်းလေးလှည့်လိုက်တယ်...
လည်တယ် လည်တယ်...
လည်ပြီးရင်းဆက်လည်တယ်...
တစ်ဖြည်းဖြည်းလည်တဲ့အရှိန်လျော့
လာပြီး နောက်ဆုံးအနီရောင်လေး
မှာရပ်တန့်သွားတယ်...

"အနီရောင်ကတော့ အတိုက်အခိုက်
skillပါhost..."

"ဟင် ငါကအတိုက်ခိုက်ပညာတတ်မြောက်
ပြီးသားလေ..."

"အဲ့ဒါကဒီလိုရှိပါတယ်...
စက်ဝိုင်းကိုလှည့်လိုက်လို့
hostမတတ်တဲ့skillဆိုရင်
အဲ့skillကိုhostသင်ယူစရာမလိုပဲ
တတ်မြောက်မှာပါ..."

"အွန်း..."

"တကယ်လို့hostတတ်မြောက်ပြီးသား
skillဆိုရင်တော့အဲ့ဒီskillကို
double updateမြှင့်ပေးမှာပါ...
ဒါကြောင့်ခု hostရဲ့အတိုက်အခိုက်
ပညာဟာအဆင်ပိုမြင့်ပြီး
လူအယောက်၁၀၀နဲ့ချလဲချွေးတောင်
ထွက်မှာမဟုတ်ပါဘူး..."

"wow အဲ့လိုဆိုတော့လဲမိုက်သား..."

လေထဲကစက်ဝိုင်းလေးဟာပြန်လည်
ပျောက်သွားပြီးထိုနေရာမှာ
လက်ညှိုးအရွယ်ရှိတဲ့ဖန်ပုလင်း
အကြည်ရောင်လေးပေါ်လာတယ်...
ပုလင်းထဲမှာလဲအနီရောင်လဲ့လဲ့ထနေ
တဲ့အရည်လေးတွေပါရှိတယ်...

"hostအဲ့ဆေးရည်ကိုသောက်လိုက်ပါ..."

ရှောင်ကျန့်လေထဲကပုလင်းလေးကို
လှမ်းဖမ်းပြီးအဖုံးလေးဖွင့်ကာ
သောက်လိုက်တယ်...
သောက်ပြီးတော့ပုလင်းလေးဟာ
လေထဲမှာပြန်လည်ပျောက်ကွယ်
သွားတယ်...

"ပြီးရင်နောက်ကမ်ဘာဒိုးစို့..."

"ဟမ် ရလဒ်တွေ အမှတ်တွေမပြတော့
ဘူးလား..."

"ရှုပ်ပါတယ်hostရာ...ကမ်ဘာဘယ်နှစ်ခု
ပြီးပြီလဲဆိုတာကိုယ့်ဟာကိုယ်သာ
စိတ်လေးထဲမ့ှတ်ထားလိုက်...
ပြီးတော့ဘာအမှတ်မှလဲမပေးပါ...
အမှတ်တွေနဲ့လဲလှယ်ရတာလဲမရှိပါ...
ကူး​ပြောင်းချင်းစတင်ပြီ...
0%...25%...50%...75%...100%...
loading..."

"နေ နေအုံးလေ...ဘာမှတောင်မပြင်ဆင်
ရသေး..."

ချက်ချင်းပြောက်ကွယ်ကာ
ဟင်းလင်းပြင်အဖြူ ရောင်ကြီးသာ
ကျန်ခဲ့တော့တယ်...

--------------------------------------------------------------

Arc 2...

XZ
"ဇာတ်လိုက်မကဇာတ်လိုက်ကို
ကြိုက်တယ်...ဇာတ်လိုက်ကငါ့ကို
ကြိုက်တယ်...ဇာတ်လိုက်ရဲ့အစ်ကို
ကလဲငါကိုကြိုက်တယ်...
ဇာတ်လိုက်ရဲ့တူကလဲငါ့ကိုကြိုက်နေ
တယ်တဲ့..."

____________________________________

ep 8.....မျှော်

ဖုန်းစုတ်lineသုံးရအဆင်မပြေ...🤧🤧🤧
ရေးချင်လွန်းလို့သာ ကြိုးစားရေးနေရတာ...
👻👻👻
အားပေးတဲ့သူသိပ်မရှိပေမဲ့
cmလေးတစ်ခုကလဲ အတာ့ကိုအားဆေး
ဖြစ်စေပါတယ်...😍😍😍
⭐လေးလဲနှိပ်ခဲ့ပါနော်...😘😘😘

Continue Reading

You'll Also Like

301K 9.8K 56
When he denied his own baby calling her a cheater. "This baby is not mine." But why god planned them to meet again? "I would like you to transfer in...
323K 7.1K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1M 18.7K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1M 57.5K 36
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...