.[ U ]
ရှောင်ရီ သီချင်းမပြီးခင်ထိလုကျိုးသူ့ကို
လှည့်မကြည့်ဘဲအခန်းဘက်သို့ တိတ်တဆိတ်ဖြင့်လှည့်လျက် ရှိနေတယ်၊
"သီချင်းကကောင်းတယ်"
လုကျိုး ပြောလာတယ်,
" သီချင်းစာသားတွေကအသေးစိတ်
ကျလွန်းတယ်, မင်းရဲ့ စာသားတွေက
သံစဥ်ကို ပျက်စီးစေတယ်,အဲ့ဒါက ပရိသတ်
တစ်ယောက်ရဲ့ ဝန်ခံမှု တစ်ခု မလား?"
ရှောင်ရီ : " ဟားဟား....ကျွန်တော်ကအတော်ခက်တယ်နော်"
လုကျိုး : " သီချင်းခေါင်းစဥ်ကဘာလဲ?"
"တစ်ကိုယ်တော်ဂီတ"
ရှောင်ရီ က ဂစ်တာတီးရင်း ပြန်ပြောလိုက်တယ်,
" ကျွန်တော်အဲ့ဒါကို စဥ်းစားမိတယ်,
ကော်ဘင် ရဲ့ခံစားချက်က အဲ့ဒီလိုဖြစ်နိုင်တယ်၊အချစ်ဆိုတာကပြောပြဖို့ခက်တယ်လေ၊ဝန်ခံဖို့ရာမရဲဝံ့သလိုနိမ့်ချဖို့ရာလည်း အားကိုးရာမဲ့ဖြစ်နေတယ်...ဒါက တကယ်လည်း ရိုးရှင်းတယ်, အရိုးရှင်းဆုံးအချစ်
ဇာတ်လမ်း လေး တစ်ခုပဲ"
"ဟုတ်ပါပြီ"
လုကျိုး က ကပြက်ကချော် ပြောလာတယ်,
" နောက်တစ်ပုဒ်ကရောဘယ်လိုလဲ?"
"မေ့သွားပြီ"
ရှောင်ရီကူကယ်ရာမဲ့စွာပြောလာတယ်၊
လုကျိုး :"စားဖို့ကျ ဘယ်လိုဖြစ်ပြီးမင်းမမေ့တာလဲ !"
ရှောင်ရီ :"......"
မိုးသည်းထန်စွာရွာသွန်းပြီးနောက်ရာသီဥတုက တဖြေးဖြေးပူနွေးလာတယ်။ရှောင်ရီလည်းစတင်အလုပ်များလာတယ်,လုကျိုးက
နှင့် နေ့တိုင်းလိုလို ရိုက်ကူးရေး သို့လိုက်ပါနေရပြီး အိမ်သို့ပြန်ရောက်တဲ့အခါတွင်လည်း
ပင်ပန်းလွန်းတာမို့ မျက်ကွင်းတွေပင်ညိုလာတယ်၊ဒရမ်မာ နှစ်ခုမှ(The Era of leftover Men) တစ်ခုက ပထမဆုံးပြီးဆုံးခဲ့တယ်၊
ယခုတွင်လုကျိုးကဒါရိုက်တာကော်၏ညဥ်းပန်းနှိပ်စက်မှု ကို လက်ခံဖို့ရာ (Floating with the Wind)အတွက် အချိန်အားလုံး
ကို မြုပ်နှံထားပြီး မဂ္ဂဇင်း ဓာတ်ပုံ ရိုက်ဖို့ အတွက် ကိုလည်း အချိန်ပေးရတယ်။
နောက်ဆုံးအနေနဲ့ ဒါရိုက်တာကော်ရဲ့ဒရမ်မာလည်းပြီးစီးသွားခဲ့ပြီ၊ လူတိုင်းစိတ်လက်ပေါ့ပါးသွားပြီး လုကျိုးတစ်ယောက်အိမ်မှာနေပြီး သုံးရက်လုံးလုံးအိပ်နေခဲ့တယ်၊ပင်ပန်းနေတဲ့ရှောင်ရီကတော့ တီးဝိုင်းနှင့် တွေ့ဆုံပြီး
သီချင်းစာသားနဲ့ သံစဥ်အတွက် လိုအပ်သည်များကို ပြင်ဆင်ခဲ့ တယ်။
တည်းဖြတ်သူတွေက တည်းဖြတ်ခြင်းရဲ့ နောက်ဆုံးအဆင့်တွေသို့ရောက်တဲ့အခါ
လူတိုင်းက ရုပ်ရှင်ရိုက်ကူးရေး ကုမ္ပဏီတွင်
အားလုံးစုရုံးပြီး အစည်းအဝေးပြုလုပ်ကြတယ်၊ရှောင်ရီက သူ့သီချင်းအား စန္ဒရား
သံစဥ်ဖြင့် ပထမဆုံး သရုပ်ပြခဲ့ပြီး နောက်
ရောစပ်ထားတဲ့ ပုံစံကို ပြတယ်၊ လုကျိုးမှ
လွဲ၍ လူတိုင်းက သူ့ရဲ့ ဖန်တီးမှုကိုပထမဆုံး
အနေဖြင့် ကြားရခြင်းဖြစ်တယ်။
အစပထမ၌ သီချင်းလေးက အရမ်းကောင်းတယ်လို့ ရှောင်ရီ တွေးထားပေမဲ့ တဖြေးဖြေး ပင် ယုံကြည်မှုတွေ ပျောက်ဆုံးလာတယ်၊
အစမ်းလေ့ကျင့်ခန်းထဲမဝင်ဘဲခြေဦးတည့်ရာ
ထွက်ပြေးချင်လာတယ်၊အဆုံးသတ်မှာ,
လုကျိုးက သူ့ကို အဆိုပါ အစမ်းလေ့ကျင့်ခန်းဆီသို့ ကိုယ်တိုင်ပင် ကန်သွင်းခဲ့တယ်။
"အရမ်းကောင်းတယ်"
ကျွှိဟွားရဲ့ သူဌေးကအံ့အားသင့်စွာပဲ မေးလာတယ်၊
"မင်းနာမည် ဘယ်လိုခေါ်လဲ?"
"ရှောင်ရီ ...ကျွန်တော်က မစ္စတာလုကျိုးရဲ့
လက်ထောက်ပါ"
ကျွီဟွားရဲ့ သူဌေးက ခဏအကြာပြောလာတယ်၊
" ဒီသီချင်းကကြီးမားတဲ့ အောင်မြင်မှုတစ်ခု
ဖြစ်လာမယ်၊သီချင်းက အဓိပ္ပာယ်တွေနဲ့
ပြည့်ဝနေတယ်၊လူတွေကိုလည်းဆွဲဆောင်
နိုင်သလိုနှလုံးသားထဲထိငြိတွယ်စေနိုင်တယ်၊
ငါတို့ အဆိုတော်တစ်ယောက်ရှာပြီးသီချင်း
စသွင်းကြစို့"
လုကျိုးပြောလာတယ်,
"ရှောင်ရီကိုပဲဆိုခိုင်းလိုက်ပါ"
ရှောင်ရီ အံ့သြသွားတယ်,
" မလိုဘူး...မဖြစ်ဘူး"
လုကျိုးမျက်နှာပျက်စွာရှောင်ရီကိုကြည့်တယ်၊ရှောင်ရီ ကလည်းလုကျိုးမျက်နှာပျက်မှာ စိုးရိမ်တယ်၊သူ့ စိတ်ထဲတွေးလိုက်မိတာက , ကော..ကောက ကျွန်တော့် လက်ရှိအခြေအနေကို နားမလည်ဘူး၊ ကောရဲ့ညီကျွန်တော်က သီချင်းမဆိုတာ နှစ်အတော်ကြာပြီ၊ ကျွန်တော့်အသံကလည်း ပြာနေ
ပြီ၊ကောကျွန်တော့်ကို recordလုပ်ခိုင်းမယ့်အစားကျွန်တော်ကောအတွက်သေပေး
ပါ့မယ်။
လုကျိုးက ရှောင်ရီ့ကို ကူညီဖို့ ကြိုးစားနေတာကို ကျွီဟွားရဲ့သူဌေးက နားလည်ပေမဲ့
လက်ရှိနေရာတွင် သဘောတူဖို့ရာတော့
ဆန္ဒမရှိခဲ့ဘူး။ သူက ဒူမိူင်ကို တချက်ကြည့်လိုက်ရာ ဒူမိုင်ကလည်း လုကျိုးကို ကြည့်ပြီး
ပြောလာတယ်၊
" ဒီကိစ္စကို နောက်မှသပ်သပ်ဆွေးနွေးကြမယ်ဆိုရင်ရော ဘယ်လိုလဲ?"
လုကျိုး ပြန်မဖြေဘဲ နှာခေါင်းရှုံ့ပြီး မတ်တပ်ထရပ်တယ်၊အခြားသူတွေထွက်သွားတဲ့အခါ
ဒူမိုင်က အပြုံးလေးဖြင့် မေးလာတယ်၊
" တဖက်ကလည်း မင်းရှောင်ရီကို ကူညီချင်တယ်၊ တဖက်မှာလည်းသူ့ကို မင်းရဲ့ လက်ထောက်ဖြစ်စေချင်တယ်, မင်းက
အခုဘာဖြစ်ချင်နေတာလဲ?"
"ကျွန်တော်ပျော်နေတယ်"
လုကျိုး ပြန်ဖြေလာချိန် ရှောင်ရီက အလျင်စလို မေးလာတယ်၊
" ကျိုးကော, ကောအဲ့ဒီသီချင်းဆိုရင်ရောဘယ်လိုလဲ"
"မဆိုဘူး, မင်းသီချင်းက စျေးပေါလွန်းတယ်,
ငါ့အတွက် အချစ်သီချင်းဆိုဖို့လည်းမလိုဘူး"
လူတစ်ယောက်ရဲ့ ခါးသီးတဲ့ခံစားချက်ကို မနှစ်သက်တာမို့ ဒီသီချင်းအပေါ်မမြုပ်နှံချင်ဘူးလို့ရှောင်ရီ တွေးမိတယ်၊လုကျိုးထံမှ
မမျှော်လင့်ဘဲ အကြည့်စူးစူးတချက်အားရရှိပြီး ရှောင်ရီကို ပြောလာတယ်၊
" ဒီသီချင်းက မင်းနဲ့ ပိုသင့်တော်တာ အသိသာကြီးပဲ၊ ငါက Male godလေ ,သိမ်ငယ် တာမျိုးလည်းမဖြစ်သလို မဝံ့မရဲလည်းမရှိဘူး, ငါက အနေသာကြီး "
ရှောင်ရီ :"......."
လုကျိုးက နေကာမျက်မှန်ကို တပ်ဆင်ကာ
အဆောက်အဦးရှေ့ အပြင်ဘက် တောက်ပနေသော နွေဦးပေါက်နေရောင်အောက်သို့
လျှောက်သွားတယ်၊ရှောင်ရီက လည်းလုကျိုးရှေ့ ရောက်အောင်သွားကာ ကားမောင်းပြီး
အိမ်သို့ ပြန်လာလိုက်တယ်။
မေလရောက်လာပြီမို့ ဘေဂျင်း တစ်ခုလုံး ပူလာပြီ၊လုကျိုး ရဲ့ မွေးနေ့ က ဂျူလိုင်လထဲ
ဖြစ်တာကို ရှောင်ရီ ပြန်သတိရမိတာမို့ မမေ့စေဖို့အတွက်ထိုနေ့ကို သတိပေးချက်လေးတစ်ခုလုပ်ထားတယ်၊ဒူမိုင်က လုကျိုးအား
ဒရမ်မာအချို့ အမှန်တကယ်ရိုက်ကူးပေးစေချင်ပေမဲ့ လုကျိုးက ၎င်းတို့ကို ချက်ခြင်းပင်
ငြင်းပယ်ခဲ့တယ်။
" ဒရမ်မာ နှစ်ကားတောင် ရိုက်ပြီးပြီလေ!...
နားချိန်တော့ ပေးဦးပေါ့!"
လုကျိုး ပြောလာတာမို့ ဒူမိုင်က ,
"အခုကမင်းအနားယူနေတာမဟုတ်ဘူးလား?
ငါကလည်းမင်းကို ရုပ်ရှင်ရိုက်ဖို့ ချက်ခြင်း
မတောင်းဆိုပါဘူး"
" ကျွန်တော်တပတ်လောက်ဘဲ နားရသေးတယ်လေ, ခုထိ အဆင်မပြေသေးဘူး,
ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု တွေလည်း
မလုပ်ရသေးဘူး, ကျွန်တော့်ကိုယ်
ကျွန်တော်လည်းပြန်လည် ထိန်းညှိဖို့ လိုသေး
တယ်, ဒီနှစ်ဝက်လောက်ထိတော့ ကျွန်တော် ရုပ်ရှင်ထပ်မရိုက် နိုင်လောက်ဘူး,ကျွန်တော့်လက်ရှိအခြေ အနေကအဆင်မပြေဘူး"
"မင်းက ဘယ်လိုထိန်းညှိချင်တာလဲ?"
ဒူမိုင်ပြောလာတယ်,
" ဒီလိုလား? ခုက လွယ်ကူသက်သာတဲ့ lifestyleမဟုတ်လို့လား? မင်းရဲ့ အားလပ်ချိန်ထဲ မိသားစုဒရမ်မာကား
တစ်ကားလောက်ရိုက်လို့မရဘူးလား?"
လုကျိုးကသူ့လက်ကိုဝေ့ယမ်းပြီးမရကြောင်း
အမူအရာ ပြရင်း ပြောလာတယ်,
" မဟုတ်ဘူး...ဥက္ကဌဒူ ..ကျွန်တော်တကယ်အနားယူမှရမယ်, ရုပ်ရှင်ဆက်ရိုက်မယ်ဆို
ကျွန်တော်ကျန်းမာရေး ပိုဆိုးသွားမယ်,
ကျွန်တော်က အရင်တုန်းကလို မဟုတ်ဘူး,
အသက်နှစ်ဆယ်တုန်းကဆို တနေ့တည်းနဲ့
သုံးကားဆက်တိုက်ရိုက်လည်းရတယ်, အခု
ဆို ကျွန်တော်က အသက်သုံးဆယ် ကျော်ပြီ"
ဒူမိုင်သက်ပြင်းချလိုက်သော်လည်း လုကျိုးကိုစည်းရုံးရန် ကြိုးစားမှုအား အရှုံးမပေးချင်တာကအထင်အရှား၊
" မင်းက အားလပ်ရက်မှာ ဘယ်သွားချင်လို့လဲ?"
ရှောင်ရီ က လုကျိုး သူ့ကို ခေါ်ပြီး နေရာစုံ
လည်ပတ်သွားလာဖို့ ကိုပင် နေ့ကြီး အချိန်
အိပ်မက်မက်နေလိုက်သေးတယ်၊ သာယာလှပတဲ့ကမ်းခြေနဲ့ လှိုင်းလုံးကြီးတွေရှိတဲ့
ဟာဝိုင်ရီလား ? မော်ဒိုက်လား? ဒါမှမဟုတ်
ရောမမြို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ နေရာတွေဆီလား? ဒါမှမဟုတ် ဂျပန်ရှိ ကမာကူရ ဘုရားကြီးသို့ ဦးတိုက်ရင်း စိမ်းလန်းတဲ့
မြက်ခင်းပြင်တွေဆီလား?
" အားလပ်ရက် ဘယ်မှမသွားဘူး,
အိမ်မှာပဲ အနားယူမယ်"
ရှောင်ရီရဲ့ နေ့ခင်းအိပ်မက်က ရုတ်ခြည်း
အဆုံးသတ်သွားချိန် ဒူမိုင်ပြောလာတယ်၊
"ဒါဆို ရှောင်ရီကို ကုမ္ပဏီမှာကူညီခိုင်းလို့
ရမလား? ငါသူ့ကို လူသစ်တစ်ယောက်နဲ့
သတို့သမီးလုပ်ခိုင်း...."
ရှောင်ရီ တစ်ယောက် ဒူမိုင်ကို ပင် ဒူးထောက် တောင်းပန်ချင်လာပြီး သူ့စိတ်ထဲ တွေးမိလာက...လုကျိုး မင်းငါ့ကို သူ့ကို မပေးပါနဲ့နော်...
ထိုအချိန် လုကျိုးက တစ်စက္ကန့်ပင်မတွေးပဲ
ပြောလာတယ်,
" မလိုဘူး!"
ဒူမိုင် ရှောင်ရီကို ကြည့်တော့ ကောင်လေးက
သွားလေး ဖြဲကာပြုံးပြလာတယ်၊သူတကယ်
ဒီနှစ်ယောက်ကို လက်လျော့ လိုက်ပြီ ၊
" ဒီနှစ်အတွက် ငါ့အစီအစဥ်တွေကို မင်းသိတယ်နော်, လုကျိုး , အဲ့ဒါတွေကိုရော
မင်းဘယ်လိုလုပ်မလဲ?ငါက ဝူဟန်းကူကိုဘဲ
အားကိုးရတော့မှာလား? ဒါမှမဟုတ်
မင်းကို အရင်မပြောဘဲ ဝူဟန်းကူကို
စာချုပ်ချုပ်လိုက်လို့မင်းစိတ်ဆိုးနေတာလား"
"ပြောချင်ရာတွေပြောနေပြန်ပြီ"
လုကျိုး တစ်ယောက် ရယ်ရမလား ငိုရမလား မသိတော့ဘူး၊
" ကျွန်တော်က ဥက္ကဌနဲ့စာချုပ်ချုပ်ထားတာပဲမလား? ကျွန်တော်လုံးဝ မရိုက်တော့ဘူးလို့ပြောတာလည်းမဟုတ်ဘူး။ ကျွန်တော်အနားလေးယူချင်တာ, ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေလုပ်ပြီး ခန္ဓာကိုယ်လည်း ပြန်အဆင်ပြေအောင်ပါ"
" ဘယ်နှစ်လလဲ?"
ဒူမိုင်မေးခွန်းထုတ်တယ်၊
" သုံးလ"
လုကျိုး ပြောလာတယ်,
" သြဂုတ်လအပူကုန်တဲ့အထိ,နွေရာသီ
ကြီးကျွန်တော်ရုပ်ရှင်မရိုက်ချင်ဘူး,ဒရမ်မာ
တစ်ကားကိုလက်ခံပြီး ဟန်းတျန့်မှာနှစ်လဆက်တိုက် အပူချိန် လေးဆယ်စင်တီဂရိတ်
နဲ့ ရိုက်ကူးခဲ့ရတာကျွန်တော်ဘယ်လိုနေခဲ့
ရလဲ?"
" နှစ်လ, မင်းမွေးနေ့ပြီးရင် မင်းအလုပ်ပြန်လုပ်ရမယ်, ဒါထက်တော့ ပိုမရတော့ဘူး"
လုကျိုး စဥ်းစားပြီး ပြောလိုက်တယ်,
"ကောင်းပြီ"
17.5.2022
........................................................................
[ Z ]
လှည့်လျက် ရှိနေတယ်၊
"သီချင်းကကောင်းတယ်"
လုကျိုး ပြောလာတယ်,
ခက်တယ်နော်"
"တစ်ကိုယ်တော်ဂီတ"
"ဟုတ်ပါပြီ"
"မေ့သွားပြီ"
ရှောင်ရီ :"......"
ပြင်ဆင်ခဲ့ တယ်။
"အရမ်းကောင်းတယ်"
လက်ထောက်ပါ"
စသွင်းကြစို့"
လုကျိုးပြောလာတယ်,
" မလိုဘူး...မဖြစ်ဘူး"
ပြောလာတယ်၊
"ကျွန်တော်ပျော်နေတယ်"
"မဆိုဘူး, မင်းသီချင်းက ဈေးပေါလွန်းတယ်,
ရှောင်ရီ :"......."
မတောင်းဆိုပါဘူး"
ဒူမိုင်ပြောလာတယ်,
အိမ်မှာပဲ အနားယူမယ်"
သတို့သမီးလုပ်ခိုင်း...."
ပြောလာတယ်,
" မလိုဘူး!"
" ဘယ်နှစ်လလဲ?"
" သုံးလ"
လုကျိုး ပြောလာတယ်,
" သြဂုတ်လအပူကုန်တဲ့အထိ,နွရောသီ
ရလဲ?"
"ကောင်းပြီ"
17.5.2022
........................................................................