ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူ...

By suukhant

794K 55.3K 3.8K

ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန... More

Part- 1
Part- 2
Part-3 💛
Part- 4💛
Part- 5
Part- 6💛
Part- 7💛
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part-13
Part- 14
Part- 15
Part-16
Part-17
Part-18
Part-19
Part- 20
Part- 21
Part-22
Part- 23
Part-24
Part- 25
Part- 27
Part- 28
Part- 29
Part- 30
Final Part
Special part- 1
Special part- 2 (Unicode)
Special part- 2 (Zawgyi)

Part- 26

21.1K 1.8K 202
By suukhant

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 26

For unicode

"ရိပေါ် ငါကမင်းရဲ့ထမင်းချက်မဟုတ်ဘူး! မင်းပြန်ပါတော့"

"ခင်များအဲ့ကောင်နဲ့ဖောက်ပြန်နေတာလား! အဲ့ဒါကြောင့်လား ကျွန်တော့်ကိုအတင်းနှင်ထုတ်နေတာ"

"ဘာ!"

"အဲ့ဒါကြောင့်အပြစ်မရှိအပြစ်ရှာပြီးကျွန်တော့်ကိုခွါထုတ်ချင်နေတာ
ကျွန်တော့်ဖြေရှင်းချက်တောင်နားမထောင်ဘဲနဲ့လေ
ကျွန်တော့်ကိုကစားလို့ဝသွားလို့.."

ရိပေါ်ကနီရဲနေတဲ့မျက်လုံးနဲ့ရှောင်းကျန့်ကိုစိုက်ကြည့်ရင်းမျက်နှာကိုတစ်ဖက်ကိုလွှဲပစ်၏။ ယောက်ျားတစ်ယောက်အနေနဲ့မျက်ရည်ကျဖို့သူခွင့်မပြုဘူး။ ရှောင်းကျန့်ကိုလည်းလက်မလွှတ်နိုင်ဘူး။ နာကျင်‌ရမှာကြောက်လို့မချစ်ရဲခဲ့ဘူး။ တိတ်တခိုးချစ်နေခဲ့ရတုန်းကနာကျင်ရတာထက် အခုအဆပေါင်းများစွာနာကျင်ရတယ်။ ရှောင်းကျန့်သူ့ကိုကွာရှင်းဖို့ပြောရဲတယ်။ သူ့ကိုမယုံဘူးဆိုရင်တောင်ကိစ္စမရှိဘူး။ သူယုံအောင်သက်သေပြလို့ရတယ်..

ဒါပေမယ့် ဒီကွာရှင်းမယ့်ကိစ္စကိုရှောင်းကျန့်ကလွယ်လွယ်ပြောထွက်ရက်တယ်။ သူတောင်တစ်ခါမှမစဉ်းစားဖူးတဲ့ကိစ္စကိုရှောင်းကျန့်မို့...။

"ငါ့ကိုမစွပ်စွဲနဲ့လို့!!"

"ဒါဆိုဘာကြောင့်လဲ ခင်များပြောလေ!
ကျွန်တော်မကြိုက်တာသိသိရက်နဲ့ခင်များဒီကောင့်ဆီမှာလာနေတယ်
အိမ်ပြန်ဖို့လာခေါ်တဲ့ယောက်ျားကိုလည်းအတင်းနှင်လွှတ်တယ်
ကွာရှင်းဖို့လည်းပြောထွက်ရက်တယ်
ခင်များကျုပ်အပေါ်ရှိသမျှအပြစ်ပုံချပြီးဒီကောင့်နောက်လိုက်သွားဖို့ကြံနေတာမလား!"

ဖြန်း!!...

ရိုက်ချက်‌ကြောင့်ရိပေါ်မျက်နှာကရောင်တက်လာခဲ့၏။ ပါးမှာလည်းလက်ဝါးရာကထင်းနေတော့သည်။ ရိပေါ်ကရှောင်းကျန့်ကိုမယုံနိုင်သလိုစိုက်ကြည့်ရင်းရှောင်းကျန့်တစ်ကိုယ်လုံးကိုပုခုံးပေါ်ထမ်းတင်ပစ်သည်။

"အား! လွှတ်!
ငါ့ကိုလွှတ်စမ်း!"

"မလွှတ်နိုင်ဘူး"

"ဝမ်ရိပေါ်!! ငါပြန်မလိုက်နိုင်ဘူး"

"မလိုက်လည်းကိုယ့်မိန်းမကိုရတဲ့နည်းနဲ့ပြန်ခေါ်သွားရမှာဘဲ ဟိုကောင့်နောက်အပါမခံနိုင်ဘူး"

"ဝမ်ရိပေါ် မလိုက်ဘူးလို့ပြောနေတယ်"

ရှောင်းကျန့်ကရိပေါ်ကိုထုရင်းရိုက်ရင်းရိပေါ်ပုခုံးပေါ်ကအတင်းရုန်းကန်နေလို့ရိပေါ်ကရှောင်းကျန့်ကိုတင်းတင်းသာချုပ်ထားရ၏။

"ဟာ ရှောင်းကျန့်!"

"ရိရန် ငါ့ကိုကယ်ပါဦး!"

"ဝမ်ရိပေါ် မင်းသူ့ကိုလွှတ်လိုက်စမ်း!"

"မင်းဖယ်စမ်း!"

"သူ့ကိုချလိုက်"

"မင်းကိုဖုန်းဆက်တုန်းကရှောင်းကျန့်မရှိဘူးလို့လိမ်တယ်
သူ့မိသားစုဘယ်လောက်စိတ်ပူနေမလဲမင်းတွေးမိလား"

"ရိရန်နဲ့မဆိုင်ဘူး ငါပြောခိုင်းတာ"

"ခင်များသူ့ကိုကာကွယ်ပေးမနေနဲ့!"

"ဝမ်ရိပေါ် ရှောင်းကျန့်အေးဆေးအနားယူဖို့လိုတယ် သူ့ကိုလွှတ်လိုက်ပါ"

"ငါကဘာလို့မင်းစကားနားထောင်ရမှာလဲ"

ရိပေါ်ကရိရန်ကိုချိန်းခြောက်သလိုကြည့်လိုက်ရင်းတံခါးဝဆီကိုလျှောက်သွားခဲ့၏။ ရှောင်းကျန့်ကအော်ဟစ်နေသောကြောင့် ရိရန်ကမနေသာတော့ဘဲဝမ်ရိပေါ်ဆီကရှောင်းကျန့်ကိုအတင်းဆွဲချ၏။ ဝမ်ရိပေါ်ကမလွှတ်လိုဘဲရိရန်ကိုခြေနဲ့ကန်ပစ်တယ်။

"ခွပ်!!"

ရိရန်လက်သီးချက်ကြောင့်ရိပေါ်မျက်နှာကလည်ထွက်သွားပြီးရိပေါ်အားပျော့သွားတဲ့အချိန်အတွင်းရှောင်းကျန့်ကရိပေါ်အပေါ်ကခုန်ဆင်းလိုက်တယ်။

"ငါ-ိုး!"

"ဝမ်ရိပေါ်!! တော်လောက်ပြီ!"

ရိပေါ်က‌ရိရန်ကိုထိုးမလိုလုပ်တော့ရှောင်းကျန့်ကရိရန်အရှေ့ကဝင်လာရပ်ပစ်၏။ ရှောင်းကျန့်ကရုတ်တရတ်ကြားကိုဝင်လာတော့ရိပေါ်ကရှောင်းကျန့်ကိုထိသွားမှာကြောက်ပြီးသူ့လက်သီးသူပြန်သိမ်းကာဒေါသတွေကိုဘေးကတံခါးပေါ်ဘဲပုံချလိုက်သည်။

"ဒုန်း! ဒုန်း!"

ရိပေါ်လက်သီးလည်းစုတ်ပြတ်သတ်သွားတယ်။ ပြီးတော့ရိပေါ်ကရှောင်းကျန့်တို့ကိုတစ်ချက်မှမကြည့်တော့ဘဲတံခါးဖွင့်ကာလှည့်ထွက်သွားခဲ့တယ်။ လက်ဝါးတစ်ချက်၊လက်သီးတစ်လုံး၊လက်ကဒဏ်ရာ။ ရှောင်းကျန့်ပေးတဲ့ဒဏ်ရာ..သိပ်နာတယ်။ သူ့လက်ကဒဏ်ရာထက် ဟိုကောင့်ကိုကာကွယ်ပေးနေတာမြင်ရတာပိုပြီးနာတယ်။ တကယ်ဆိုသူဘာများလုပ်မိလို့လဲ..။ သူ့ကိုတစ်ချက်မှတောင်မယုံကြည်ပေးဘဲနဲ့ ဟိုကောင်နာကျင်သွားမှာစိုးလို့ရှောင်းကျန့်မျက်ရည်ဝဲနေတာကပိုပြီးနာကျင်ရတယ်။

ရှောင်းကျန့်..ခင်များသိပ်ရက်စက်တာဘဲဗျာ..။

ရိပေါ်ထွက်သွားတာနဲ့ရှောင်းကျန့်လည်းကြမ်းပြင်ပေါ်ဒူးထောက်ကျသွား၏။ မျက်ရည်တွေကလည်းတစ်တောက်တောက်ကြမ်းပြင်ပေါ်ကျလာတယ်။

"ရိရန် သူ..သူ.."

"ဝမ်ရိပေါ် နာကျင်သွားပုံဘဲ"

"ငါမရည်ရွယ် ဟီး"

ရှောင်းကျန့်ကသူ့အကျီသူဆုပ်ကိုင်ကာရင်ကွဲပက်လက်ငိုနေ၏။ သူလည်းရှောင်းကျန့်ကိုစိတ်မချလို့နေ့တစ်ပိုင်းခွင့်တင်ပြီးပြန်လာခဲ့တာ။ ပြန်ရောက်တော့သူများလင်မယားဘာဖြစ်နေမှန်းမသိဘဲရှောင်းကျန့်ဘက်ကဝင်ပါမိပြီးဝမ်ရိပေါ်ကိုတောင်ထိုးမိသွားတယ်။

"သူ သူ..ဟင့်"

သူသိပ်နာသွားရှာမှာ..။ ဝမ်ရိပေါ်သူ့ကိုမုန်းသွားလောက်ပါပြီ။ ဒါပေမယ့်ဒီရင်ဘက်ကြီးထဲကဘာလို့မခံစားနိုင်ရတာလဲ။ ဝမ်ရိပေါ်သူ့ကိုမုန်းသွားပြီလို့တွေးမိတော့ရင်ဘက်ထဲမှာအောင့်တက်လာတယ်။ ပြီးတော့သူ့သိပ်ချစ်ရတဲ့ပါးဖောင်းဖောင်းလေးကိုသူ့လက်နဲ့ကိုယ်တိုင်ရိုက်မိသွားပြီ။ ဒီ ဒီလက်နဲ့..။ ရှောင်းကျန့်ကဝမ်ရိပေါ်ကိုရိုက်မိတဲ့သူ့လက်သူကြည့်ပြီးလက်ကိုတင်းတင်းဆုပ်ထားလိုက်၏။

"ဉက္ကဌဝမ်"

"အိမ်ကိုမောင်း!"

"ဆေးရုံသွားဖို့လိုမယ်ထင်တယ်"

အတွင်းရေးမှူးကဝမ်ရိပေါ်လက်ကဒဏ်ရာကိုကြည့်ပြီးပြောလိုက်ပေမယ့်ဝမ်ရိပေါ်ရဲ့အေးစက်စက်အကြည့်ကိုသာရရှိသွား၏။

"နားလည်ပါပြီ"

အတွင်းရေးမှူးဖုန်းကအလိုက်တသိနန်စန်းအိမ်ရာကွင်းကဗီလာကိုဘဲမောင်းလာခဲ့၏။ ကြည့်ရတာအခြေအနေမဟန်ခဲ့ဘူးထင်တယ်။ ဝမ်ရိပေါ်ကမျက်လုံးမှိတ်ကာလိုက်ပါလာခဲ့ရင်းအခုနကအဖြစ်အပျက်တွေကသူ့အတွေးထဲဝင်လာခဲ့ပြန်၏။ ရှောင်းကျန့်ရဲ့အေးစက်စက်အကြည့်၊ရှောင်းကျန့်ရဲ့အေးစက်စက်အပြောတွေကသူ့ကိုအကြိမ်ကြိမ်သတ်နေတယ်။

ရှောင်းကျန့်ဆိုတာသူ့အတွက်တော့အနွေးထွေးဆုံးနဲ့အကြင်နာတတ်ဆုံးလူသား။ သူ့အပေါ်မှာလည်းနာခံမှုရှိပြီးအလိုက်လည်းသိတယ်။ ဖော်လည်းဖော်ရွေတယ်။ သူ့ကိုအလိုလည်းလိုက်တယ်။ သူကအမြဲတမ်းရှောင်းကျန့်ရဲ့နွေးထွေးတဲ့ဘက်နဲ့နေသားကျခဲ့လို့ထင်တယ်။ အခုရှောင်းကျန့်ရဲ့အေးစက်တဲ့အခြမ်းနဲ့နေသားမကျဘူး။ ရှောင်းကျန့်ကရှောင်းကျန့်မဟုတ်သလိုခံစားရတယ်။ ဒါပေမယ့်ရှောင်းကျန့်ရဲ့နွေးထွေးမှုတွေကသူ့အပေါ်မှာဘဲကွက်ပြီးအေးစက်သွားခဲ့တာဖြစ်မယ်..။

ဂွီ..

"ဉက္ကဌဝမ် တစ်ခုခုဝင်စားဦးမလား"

အေးစက်စက်အကြည့်တစ်ချက်ကထပ်မံပြီးရောက်ရှိလာတာကြောင့်‌အတွင်းရေးမှူးဖုန်းကသူ့ပါးစပ်သူပြန်ပိတ်ထားလိုက်၏။

"မားဆီဘဲသွားတော့!"

အခုနကဘဲအိမ်ကိုဘဲသွားမှာဆို။ အိမ်မှာထမင်းချက်မရှိတာသိသွားလို့များလား..။

"အိမ်ထိန်းတစ်ယောက်ငှားလိုက်တော့!"

"ရှောင်းသခင်လေးပြန်မလာ.."

"သူပြန်မလာတော့ဘူးထင်တယ်"

ဝမ်ရိပေါ်အသံကသိသိသာသာတုန်ရင်နေတယ်။ ဝမ်ရိပေါ်ကိုယ့်ကိုယ်ကိုလည်းမလိမ်ချင်တော့ဘူး။ သူ့ခံစားချက်တွေကိုဖွင့်ချပစ်ချင်တယ်။

ရှောင်းကျန့်..ကျွန်တော်ဒီလိုဖြစ်အောင်ခင်များဘဲပုံသွင်းခဲ့တာမဟုတ်လား။ ကျွန်တော်ကိုယ့်ဘာကိုယ်နေတုန်းကအကောင်းပါ။ ခင်များရောက်လာမှဘာဆိုဘာမှမလုပ်တတ်တော့ဘူး။ သွားတိုက်ဆေးထည့်တာကအစခင်များလုပ်ပေးထားမှစောစောစီးစီးစိတ်ချမ်းသာတယ်။ ခင်များအိပ်ရာကနှိုးမှ၊ခင်များအသံလေးကြားရမှအိပ်ရာကထချင်တယ်။ ခင်များချက်ပေးတဲ့ဟင်းမှစားချင်တယ်။ ခင်များကခင်များမရှိရင်မဖြစ်တဲ့ကျွန်တော်အဖြစ် ခင်များကိုယ်တိုင်တဖြည်းဖြည်းပုံသွင်းခဲ့တာဘဲ။

ကျွန်တော်ပုံစံခွက်ထဲမှာနေသားကျသွားမှခင်များကရက်ရက်စက်စက်ထားပစ်ခဲ့ရက်တယ်။ ကျွန်တော်ထမင်းမစားရတာနှစ်ရက်ရှိပြီ။ ဒီနေ့လည်းကျွန်ကော်ဖီနှစ်ခွက်နဲ့အအေးတစ်ခွက်ဘဲသောက်ထားသေးတယ်။ ‌ကျွန်တော်ဆိုင်ကဆီရွှဲနေတဲ့ဟင်းတွေကိုလည်းမစားချင်ဘူး။ ခင်များမရှိလို့ဒီရက်တွေအတွင်းကျွန်တော်ဘာမှလုပ်မရဘူးဗျာ..

ကျွန်တော်ထမင်းချက်တစ်ယောက်ငှားလိုက်ပြီ။ နောက်ဆိုခင်များမပင်ပန်းရတော့ဘူးပေါ့။ ခင်များနဲ့အတူစားရရင်ထမင်းချက်ချက်ပေးတဲ့ဟင်းနဲ့လည်းစားဝင်မယ်ထင်ပါတယ်။ ခင်များကိုကျွန်တော်ထမင်းချက်တစ်ယောက်အဖြစ်ဘယ်တုန်းကမှမမှတ်ယူထားဘူး။ ဒီအတိုင်းခင်များချက်ပေးတဲ့ဟင်းကိုမှကြိုက်မိသွားလို့ပါ။

"ဒက်ဒီ ပါးရော ပါးဘယ်မာလဲ"

အိမ်ရောက်တော့သူ့ကားသံကိုမျှော်နေတဲ့ဝမ်ဝမ်ကဝမ်ရိပေါ်ဆီကိုပြေးရောက်လာတယ်။ဝမ်ရိပေါ်ကဝမ်ဝမ့်ကိုကောက်ချီလိုက်ရင်းဝမ်ဝမ့်ပုခုံးပေါ်မှာမေးတင်ထားလိုက်၏။

"ပါးအပါပြန်ဘူးလား"

"ပါးပါးကိုတွေ့ခဲ့တယ်"

"အမလေး ဝမ်လေး! ငါ့‌သားလေး!
ငါ့သားကိုဘယ်သူလုပ်လိုက်တာလဲ!"

ဝမ်မားကသူမသားကားသံကြားလို့ဟင်းချက်နေရာကနေမီးလျှော့ပြီးဝမ်ဝမ့်နောက်ပြေးလိုက်လာခဲ့တယ်။ မြေးလေးတစ်ယောက်ရောက်နေလို့သူမကသူမကိုယ်တိုင်မီးဖိုချောင်မှာပါဝင်ဦးစီးနေတယ်။

"ဒက်ဒီ နာနာ!"

"မနာပါဘူး"

"မနာဘူး ဒီလောက်ဖူးရောင်နေတာကိုမနာဘူးတဲ့လားဝမ်ရိပေါ်ရဲ့"

လက်သီးကမျက်စိအောက်ကပါးရိုးကိုထိသွားလို့အောက်မျက်ခမ်းကနေစလို့အညိုမဲစွဲကာဖူးရောင်လာတယ်။ မှန်ထဲမကြည့်ရသေးလို့ရောင်နေတာကိုတော့မမြင်ရသေး။ ကွဲသွားတဲ့နေရာကနည်းနည်းတော့နာနေတယ်။

"ဒက်ဒီနာသွားပီ ဟင့်"

"မင်းဒက်ဒီကဒီလောက်လေးနဲ့မနာဘူး
ဒက်ဒီကျောင်းတုန်းကဒီထက်တောင်ဆိုးတဲ့ဒဏ်ရာရဖူးတယ်"

"မျက်လုံးကိုထိရင်မျက်လုံးကန်းသွားမှာသိရဲ့လား"

ဝမ်မားကဝမ်ရိပေါ်ကိုအော်ပြီးဝမ်ဝမ်ဘက်လှည့်ဆုံးမ၏။

"ဝမ်ဝမ်ကကြီးလာရင်ဒက်ဒီ့လိုမဆိုးရဘူး ကြားလား
မင်းဒက်ဒီကငယ်ငယ်ကတည်းကကိုယ့်စိတ်နဲ့ကိုယ်..
အိမ်ထောင်ကျသွားလို့စိတ်အေးရပြီဆိုမှ အခုစလာပြန်ပြီ ဟင်း"

"မား ကျွန်တော်ဗိုက်ဆာတယ်"

ဝမ်မားကဗျစ်တောက်ဗျစ်တောက်ပြောရင်းထမင်းဝိုင်းပြင်ဖို့ထွက်သွားခဲ့၏။ ရှောင်းကျန့်အပေါ်အထင်မလွဲသွားလို့တော်ပါသေးတယ်။

"ဖူး..နာနာ"

"တံတွေးတွေပေကုန်ပီ ဒီကလေး!"

"ဟီး"

ဝမ်ဝမ်ကတစ်ဖူးဖူးမှုတ်နေတော့ဝမ်ဝမ့်တံတွေးတွေကရိပေါ်မျက်နှာမှာကပ်နေ၏။ ဝမ်ဝမ်ကသဘောကျစွာရယ်ရင်းသူ့ဒက်ဒီကိုစနေပြန်တယ်။

"ဝမ်ဝမ် ပါးပါးဆီသွားချင်လား"

"ပါးပါးအလာဘူးလား"

"ပါးပါးကအလုပ်ရှုပ်နေသေးလို့"

"သွားမယ် ဝမ်ဝမ်ပါးပါးကိုလွမ်းနေပီ"

ညနေရောက်တော့ဝမ်ရိပေါ်ကသူ့အတွင်းရေးမှူးကိုဖုန်းဆက်ပြီးဝမ်ဝမ့်ကိုရှောင်းကျန့်ဆီလွှတ်လိုက်တယ်။ တံခါးbellသံကြားတော့ရှောင်းကျန့်တို့ညစာစား‌နေတဲ့အချိန်။ ရှောင်းကျန့်ကဘဲစားလက်စကိုရပ်ပြီးတံခါးလာဖွင့်ပေးတယ်။ အပြင်မှာသူ့သားကိုတွေ့တော့အံ့ဩသွားပြီးအရမ်းလည်းပျော်သွားခဲ့တယ်။

"ရိ ရိပေါ်ရော.."

"ကျွန်တော်သခင်လေးကိုမနက်ဖြန်မူကြိုပို့ဖို့လာခေါ်ပါမယ် အဆင်သင့်လုပ်ထားပေးပါ"

"ကောင်းပါပြီ"

အတွင်းရေးမှူးကအပိုစကားတစ်ခွန်းမှမဖြေဘဲပြန်ထွက်သွားခဲ့တယ်။ ရှောင်းကျန့်ကဝမ်ဝမ့်ကိုချီပြီးထမင်းစားဖို့ပြန်လာခဲ့တယ်။ ဒါပေမယ့်ဝမ်ဝမ်စကားတစ်ခွန်းကြောင့်သူလည်းထမင်းမဝင်နိုင်တော့။

"ပါးပါးသိလား
ဒက်ဒီကဗိုက်ဆာတယ်ဆိုပြီးထမင်းလည်းအစားဘူး
ဘွားဘွားဆိုဒက်ဒီ့ကိုအသေဆူနေတာ
ဒက်ဒီကဒီနေ့ဒဏ်ယာလည်းရလာတယ်"

ဝမ်ဝမ်ကတော့ဘာမှမသိဘဲသူ့မြင်ရာဘဲသူလျှောက်ပြောနေတော့သည်။ ကလေးတွေဆိုတာမလိမ်တတ်ဘူးလေ။


(30.8.22)

ကိုယ်တကယ်အလုပ်ရှုပ်နေလို့ပါ‌။

.................

"ေရွာင္းက်န႔္ရဲ႕ခင္ပြန္းကိုကလူက်ီစယ္ျခင္းနည္းလမ္းမ်ား"

Part- 26

For zawgyi

"ရိေပၚ ငါကမင္းရဲ႕ထမင္းခ်က္မဟုတ္ဘူး! မင္းျပန္ပါေတာ့"

"ခင္မ်ားအဲ့ေကာင္နဲ႕ေဖာက္ျပန္ေနတာလား! အဲ့ဒါေၾကာင့္လား ကြၽန္ေတာ့္ကိုအတင္းႏွင္ထုတ္ေနတာ"

"ဘာ!"

"အဲ့ဒါေၾကာင့္အျပစ္မရွိအျပစ္ရွာၿပီးကြၽန္ေတာ့္ကိုခြါထုတ္ခ်င္ေနတာ
ကြၽန္ေတာ့္ေျဖရွင္းခ်က္ေတာင္နားမေထာင္ဘဲနဲ႕ေလ
ကြၽန္ေတာ့္ကိုကစားလို႔ဝသြားလို႔.."

ရိေပၚကနီရဲေနတဲ့မ်က္လုံးနဲ႕ေရွာင္းက်န႔္ကိုစိုက္ၾကည့္ရင္းမ်က္ႏွာကိုတစ္ဖက္ကိုလႊဲပစ္၏။ ေယာက္်ားတစ္ေယာက္အေနနဲ႕မ်က္ရည္က်ဖိဳ႕သူခြင့္မျပဳဘူး။ ေရွာင္းက်န႔္ကိုလည္းလက္မလႊတ္နိုင္ဘူး။ နာက်င္‌ရမွာေၾကာက္လို႔မခ်စ္ရဲခဲ့ဘူး။ တိတ္တခိုးခ်စ္ေနခဲ့ရတုန္းကနာက်င္ရတာထက္ အခုအဆေပါင္းမ်ားစြာနာက်င္ရတယ္။ ေရွာင္းက်န႔္သူ႕ကိုကြာရွင္းဖို႔ေျပာရဲတယ္။ သူ႕ကိုမယုံဘူးဆိုရင္ေတာင္ကိစၥမရွိဘူး။ သူယုံေအာင္သက္ေသျပလို႔ရတယ္..

ဒါေပမယ့္ ဒီကြာရွင္းမယ့္ကိစၥကိုေရွာင္းက်န႔္ကလြယ္လြယ္ေျပာထြက္ရက္တယ္။ သူေတာင္တစ္ခါမွမစဥ္းစားဖူးတဲ့ကိစၥကိုေရွာင္းက်န႔္မို႔...။

"ငါ့ကိုမစြပ္စြဲနဲ႕လို႔!!"

"ဒါဆိုဘာေၾကာင့္လဲ ခင္မ်ားေျပာေလ!
ကြၽန္ေတာ္မႀကိဳက္တာသိသိရက္နဲ႕ခင္မ်ားဒီေကာင့္ဆီမွာလာေနတယ္
အိမ္ျပန္ဖို႔လာေခၚတဲ့ေယာက္်ားကိုလည္းအတင္းႏွင္လႊတ္တယ္
ကြာရွင္းဖို႔လည္းေျပာထြက္ရက္တယ္
ခင္မ်ားက်ဳပ္အေပၚရွိသမွ်အျပစ္ပုံခ်ၿပီးဒီေကာင့္ေနာက္လိုက္သြားဖို႔ႀကံေနတာမလား!"

ျဖန္း!!...

ရိုက္ခ်က္‌ေၾကာင့္ရိေပၚမ်က္ႏွာကေရာင္တက္လာခဲ့၏။ ပါးမွာလည္းလက္ဝါးရာကထင္းေနေတာ့သည္။ ရိေပၚကေရွာင္းက်န႔္ကိုမယုံနိုင္သလိုစိုက္ၾကည့္ရင္းေရွာင္းက်န႔္တစ္ကိုယ္လုံးကိုပုခုံးေပၚထမ္းတင္ပစ္သည္။

"အား! လႊတ္!
ငါ့ကိုလႊတ္စမ္း!"

"မလႊတ္နိုင္ဘူး"

"ဝမ္ရိေပၚ!! ငါျပန္မလိုက္နိုင္ဘူး"

"မလိုက္လည္းကိုယ့္မိန္းမကိုရတဲ့နည္းနဲ႕ျပန္ေခၚသြားရမွာဘဲ ဟိုေကာင့္ေနာက္အပါမခံနိုင္ဘူး"

"ဝမ္ရိေပၚ မလိုက္ဘူးလို႔ေျပာေနတယ္"

ေရွာင္းက်န႔္ကရိေပၚကိုထုရင္းရိုက္ရင္းရိေပၚပုခုံးေပၚကအတင္း႐ုန္းကန္ေနလို႔ရိေပၚကေရွာင္းက်န႔္ကိုတင္းတင္းသာခ်ဳပ္ထားရ၏။

"ဟာ ေရွာင္းက်န႔္!"

"ရိရန္ ငါ့ကိုကယ္ပါဦး!"

"ဝမ္ရိေပၚ မင္းသူ႕ကိုလႊတ္လိုက္စမ္း!"

"မင္းဖယ္စမ္း!"

"သူ႕ကိုခ်လိဳက္"

"မင္းကိုဖုန္းဆက္တုန္းကေရွာင္းက်န႔္မရွိဘူးလို႔လိမ္တယ္
သူ႕မိသားစုဘယ္ေလာက္စိတ္ပူေနမလဲမင္းေတြးမိလား"

"ရိရန္နဲ႕မဆိုင္ဘူး ငါေျပာခိုင္းတာ"

"ခင္မ်ားသူ႕ကိုကာကြယ္ေပးမေနနဲ႕!"

"ဝမ္ရိေပၚ ေရွာင္းက်န႔္ေအးေဆးအနားယူဖို႔လိုတယ္ သူ႕ကိုလႊတ္လိုက္ပါ"

"ငါကဘာလို႔မင္းစကားနားေထာင္ရမွာလဲ"

ရိေပၚကရိရန္ကိုခ်ိန္းေျခာက္သလိုၾကည့္လိုက္ရင္းတံခါးဝဆီကိုေလွ်ာက္သြားခဲ့၏။ ေရွာင္းက်န႔္ကေအာ္ဟစ္ေနေသာေၾကာင့္ ရိရန္ကမေနသာေတာ့ဘဲဝမ္ရိေပၚဆီကေရွာင္းက်န႔္ကိုအတင္းဆြဲခ်၏။ ဝမ္ရိေပၚကမလႊတ္လိုဘဲရိရန္ကိုေျခနဲ႕ကန္ပစ္တယ္။

"ခြပ္!!"

ရိရန္လက္သီးခ်က္ေၾကာင့္ရိေပၚမ်က္ႏွာကလည္ထြက္သြားၿပီးရိေပၚအားေပ်ာ့သြားတဲ့အခ်ိန္အတြင္းေရွာင္းက်န႔္ကရိေပၚအေပၚကခုန္ဆင္းလိုက္တယ္။

"ငါ-ိုး!"

"ဝမ္ရိေပၚ!! ေတာ္ေလာက္ၿပီ!"

ရိေပၚက‌ရိရန္ကိုထိုးမလိုလုပ္ေတာ့ေရွာင္းက်န႔္ကရိရန္အေရွ႕ကဝင္လာရပ္ပစ္၏။ ေရွာင္းက်န႔္က႐ုတ္တရတ္ၾကားကိုဝင္လာေတာ့ရိေပၚကေရွာင္းက်န႔္ကိုထိသြားမွာေၾကာက္ၿပီးသူ႕လက္သီးသူျပန္သိမ္းကာေဒါသေတြကိုေဘးကတံခါးေပၚဘဲပုံခ်လိဳက္သည္။

"ဒုန္း! ဒုန္း!"

ရိေပၚလက္သီးလည္းစုတ္ျပတ္သတ္သြားတယ္။ ၿပီးေတာ့ရိေပၚကေရွာင္းက်န႔္တို႔ကိုတစ္ခ်က္မွမၾကည့္ေတာ့ဘဲတံခါးဖြင့္ကာလွည့္ထြက္သြားခဲ့တယ္။ လက္ဝါးတစ္ခ်က္၊လက္သီးတစ္လုံး၊လက္ကဒဏ္ရာ။ ေရွာင္းက်န႔္ေပးတဲ့ဒဏ္ရာ..သိပ္နာတယ္။ သူ႕လက္ကဒဏ္ရာထက္ ဟိုေကာင့္ကိုကာကြယ္ေပးေနတာျမင္ရတာပိုၿပီးနာတယ္။ တကယ္ဆိုသူဘာမ်ားလုပ္မိလို႔လဲ..။ သူ႕ကိုတစ္ခ်က္မွေတာင္မယုံၾကည္ေပးဘဲနဲ႕ ဟိုေကာင္နာက်င္သြားမွာစိုးလို႔ေရွာင္းက်န႔္မ်က္ရည္ဝဲေနတာကပိုၿပီးနာက်င္ရတယ္။

ေရွာင္းက်န႔္..ခင္မ်ားသိပ္ရက္စက္တာဘဲဗ်ာ..။

ရိေပၚထြက္သြားတာနဲ႕ေရွာင္းက်န႔္လည္းၾကမ္းျပင္ေပၚဒူးေထာက္က်သြား၏။ မ်က္ရည္ေတြကလည္းတစ္ေတာက္ေတာက္ၾကမ္းျပင္ေပၚက်လာတယ္။

"ရိရန္ သူ..သူ.."

"ဝမ္ရိေပၚ နာက်င္သြားပုံဘဲ"

"ငါမရည္႐ြယ္ ဟီး"

ေရွာင္းက်န႔္ကသူ႕အက်ီသူဆုပ္ကိုင္ကာရင္ကြဲပက္လက္ငိုေန၏။ သူလည္းေရွာင္းက်န႔္ကိုစိတ္မခ်လိဳ႕ေန႕တစ္ပိုင္းခြင့္တင္ၿပီးျပန္လာခဲ့တာ။ ျပန္ေရာက္ေတာ့သူမ်ားလင္မယားဘာျဖစ္ေနမွန္းမသိဘဲေရွာင္းက်န႔္ဘက္ကဝင္ပါမိၿပီးဝမ္ရိေပၚကိုေတာင္ထိုးမိသြားတယ္။

"သူ သူ..ဟင့္"

သူသိပ္နာသြားရွာမွာ..။ ဝမ္ရိေပၚသူ႕ကိုမုန္းသြားေလာက္ပါၿပီ။ ဒါေပမယ့္ဒီရင္ဘက္ႀကီးထဲကဘာလို႔မခံစားနိုင္ရတာလဲ။ ဝမ္ရိေပၚသူ႕ကိုမုန္းသြားၿပီလို႔ေတြးမိေတာ့ရင္ဘက္ထဲမွာေအာင့္တက္လာတယ္။ ၿပီးေတာ့သူ႕သိပ္ခ်စ္ရတဲ့ပါးေဖာင္းေဖာင္းေလးကိုသူ႕လက္နဲ႕ကိုယ္တိုင္ရိုက္မိသြားၿပီ။ ဒီ ဒီလက္နဲ႕..။ ေရွာင္းက်န႔္ကဝမ္ရိေပၚကိုရိုက္မိတဲ့သူ႕လက္သူၾကည့္ၿပီးလက္ကိုတင္းတင္းဆုပ္ထားလိုက္၏။

"ဉကၠဌဝမ္"

"အိမ္ကိုေမာင္း!"

"ေဆး႐ုံသြားဖို႔လိုမယ္ထင္တယ္"

အတြင္းေရးမႉးကဝမ္ရိေပၚလက္ကဒဏ္ရာကိုၾကည့္ၿပီးေျပာလိုက္ေပမယ့္ဝမ္ရိေပၚရဲ႕ေအးစက္စက္အၾကည့္ကိုသာရရွိသြား၏။

"နားလည္ပါၿပီ"

အတြင္းေရးမႉးဖုန္းကအလိုက္တသိနန္စန္းအိမ္ရာကြင္းကဗီလာကိုဘဲေမာင္းလာခဲ့၏။ ၾကည့္ရတာအေျခအေနမဟန္ခဲ့ဘူးထင္တယ္။ ဝမ္ရိေပၚကမ်က္လုံးမွိတ္ကာလိုက္ပါလာခဲ့ရင္းအခုနကအျဖစ္အပ်က္ေတြကသူ႕အေတြးထဲဝင္လာခဲ့ျပန္၏။ ေရွာင္းက်န႔္ရဲ႕ေအးစက္စက္အၾကည့္၊ေရွာင္းက်န႔္ရဲ႕ေအးစက္စက္အေျပာေတြကသူ႕ကိုအႀကိမ္ႀကိမ္သတ္ေနတယ္။

ေရွာင္းက်န႔္ဆိုတာသူ႕အတြက္ေတာ့အႏြေးေထြးဆုံးနဲ႕အၾကင္နာတတ္ဆုံးလူသား။ သူ႕အေပၚမွာလည္းနာခံမႈရွိၿပီးအလိုက္လည္းသိတယ္။ ေဖာ္လည္းေဖာ္ေ႐ြတယ္။ သူ႕ကိုအလိုလည္းလိုက္တယ္။ သူကအၿမဲတမ္းေရွာင္းက်န႔္ရဲ႕ႏြေးေထြးတဲ့ဘက္နဲ႕ေနသားက်ခဲ့လို႔ထင္တယ္။ အခုေရွာင္းက်န႔္ရဲ႕ေအးစက္တဲ့အျခမ္းနဲ႕ေနသားမက်ဘဴး။ ေရွာင္းက်န႔္ကေရွာင္းက်န႔္မဟုတ္သလိုခံစားရတယ္။ ဒါေပမယ့္ေရွာင္းက်န႔္ရဲ႕ႏြေးေထြးမႈေတြကသူ႕အေပၚမွာဘဲကြက္ၿပီးေအးစက္သြားခဲ့တာျဖစ္မယ္..။

ဂြီ..

"ဉကၠဌဝမ္ တစ္ခုခုဝင္စားဦးမလား"

ေအးစက္စက္အၾကည့္တစ္ခ်က္ကထပ္မံၿပီးေရာက္ရွိလာတာေၾကာင့္‌အတြင္းေရးမႉးဖုန္းကသူ႕ပါးစပ္သူျပန္ပိတ္ထားလိုက္၏။

"မားဆီဘဲသြားေတာ့!"

အခုနကဘဲအိမ္ကိုဘဲသြားမွာဆို။ အိမ္မွာထမင္းခ်က္မရွိတာသိသြားလို႔မ်ားလား..။

"အိမ္ထိန္းတစ္ေယာက္ငွားလိုက္ေတာ့!"

"ေရွာင္းသခင္ေလးျပန္မလာ.."

"သူျပန္မလာေတာ့ဘူးထင္တယ္"

ဝမ္ရိေပၚအသံကသိသိသာသာတုန္ရင္ေနတယ္။ ဝမ္ရိေပၚကိုယ့္ကိုယ္ကိုလည္းမလိမ္ခ်င္ေတာ့ဘူး။ သူ႕ခံစားခ်က္ေတြကိုဖြင့္ခ်ပစ္ခ်င္တယ္။

ေရွာင္းက်န႔္..ကြၽန္ေတာ္ဒီလိုျဖစ္ေအာင္ခင္မ်ားဘဲပုံသြင္းခဲ့တာမဟုတ္လား။ ကြၽန္ေတာ္ကိုယ့္ဘာကိုယ္ေနတုန္းကအေကာင္းပါ။ ခင္မ်ားေရာက္လာမွဘာဆိုဘာမွမလုပ္တတ္ေတာ့ဘူး။ သြားတိုက္ေဆးထည့္တာကအစခင္မ်ားလုပ္ေပးထားမွေစာေစာစီးစီးစိတ္ခ်မ္းသာတယ္။ ခင္မ်ားအိပ္ရာကႏွိုးမွ၊ခင္မ်ားအသံေလးၾကားရမွအိပ္ရာကထခ်င္တယ္။ ခင္မ်ားခ်က္ေပးတဲ့ဟင္းမွစားခ်င္တယ္။ ခင္မ်ားကခင္မ်ားမရွိရင္မျဖစ္တဲ့ကြၽန္ေတာ္အျဖစ္ ခင္မ်ားကိုယ္တိုင္တျဖည္းျဖည္းပုံသြင္းခဲ့တာဘဲ။

ကြၽန္ေတာ္ပုံစံခြက္ထဲမွာေနသားက်သြားမွခင္မ်ားကရက္ရက္စက္စက္ထားပစ္ခဲ့ရက္တယ္။ ကြၽန္ေတာ္ထမင္းမစားရတာႏွစ္ရက္ရွိၿပီ။ ဒီေန႕လည္းကြၽန္ေကာ္ဖီႏွစ္ခြက္နဲ႕အေအးတစ္ခြက္ဘဲေသာက္ထားေသးတယ္။ ‌ကြၽန္ေတာ္ဆိုင္ကဆီ႐ႊဲေနတဲ့ဟင္းေတြကိုလည္းမစားခ်င္ဘူး။ ခင္မ်ားမရွိလို႔ဒီရက္ေတြအတြင္းကြၽန္ေတာ္ဘာမွလုပ္မရဘူးဗ်ာ..

ကြၽန္ေတာ္ထမင္းခ်က္တစ္ေယာက္ငွားလိုက္ၿပီ။ ေနာက္ဆိုခင္မ်ားမပင္ပန္းရေတာ့ဘူးေပါ့။ ခင္မ်ားနဲ႕အတူစားရရင္ထမင္းခ်က္ခ်က္ေပးတဲ့ဟင္းနဲ႕လည္းစားဝင္မယ္ထင္ပါတယ္။ ခင္မ်ားကိုကြၽန္ေတာ္ထမင္းခ်က္တစ္ေယာက္အျဖစ္ဘယ္တုန္းကမွမမွတ္ယူထားဘူး။ ဒီအတိုင္းခင္မ်ားခ်က္ေပးတဲ့ဟင္းကိုမွႀကိဳက္မိသြားလို႔ပါ။

"ဒက္ဒီ ပါးေရာ ပါးဘယ္မာလဲ"

အိမ္ေရာက္ေတာ့သူ႕ကားသံကိုေမွ်ာ္ေနတဲ့ဝမ္ဝမ္ကဝမ္ရိေပၚဆီကိုေျပးေရာက္လာတယ္။ဝမ္ရိေပၚကဝမ္ဝမ့္ကိုေကာက္ခ်ီလိုက္ရင္းဝမ္ဝမ့္ပုခုံးေပၚမွာေမးတင္ထားလိုက္၏။

"ပါးအပါျပန္ဘူးလား"

"ပါးပါးကိုေတြ႕ခဲ့တယ္"

"အမေလး ဝမ္ေလး! ငါ့‌သားေလး!
ငါ့သားကိုဘယ္သူလုပ္လိုက္တာလဲ!"

ဝမ္မားကသူမသားကားသံၾကားလို႔ဟင္းခ်က္ေနရာကေနမီးေလွ်ာ့ၿပီးဝမ္ဝမ့္ေနာက္ေျပးလိုက္လာခဲ့တယ္။ ေျမးေလးတစ္ေယာက္ေရာက္ေနလို႔သူမကသူမကိုယ္တိုင္မီးဖိုေခ်ာင္မွာပါဝင္ဦးစီးေနတယ္။

"ဒက္ဒီ နာနာ!"

"မနာပါဘူး"

"မနာဘူး ဒီေလာက္ဖူးေရာင္ေနတာကိုမနာဘူးတဲ့လားဝမ္ရိေပၚရဲ႕"

လက္သီးကမ်က္စိေအာက္ကပါးရိုးကိုထိသြားလို႔ေအာက္မ်က္ခမ္းကေနစလို႔အညိုမဲစြဲကာဖူးေရာင္လာတယ္။ မွန္ထဲမၾကည့္ရေသးလို႔ေရာင္ေနတာကိုေတာ့မျမင္ရေသး။ ကြဲသြားတဲ့ေနရာကနည္းနည္းေတာ့နာေနတယ္။

"ဒက္ဒီနာသြားပီ ဟင့္"

"မင္းဒက္ဒီကဒီေလာက္ေလးနဲ႕မနာဘူး
ဒက္ဒီေက်ာင္းတုန္းကဒီထက္ေတာင္ဆိုးတဲ့ဒဏ္ရာရဖူးတယ္"

"မ်က္လုံးကိုထိရင္မ်က္လုံးကန္းသြားမွာသိရဲ႕လား"

ဝမ္မားကဝမ္ရိေပၚကိုေအာ္ၿပီးဝမ္ဝမ္ဘက္လွည့္ဆုံးမ၏။

"ဝမ္ဝမ္ကႀကီးလာရင္ဒက္ဒီ့လိုမဆိုးရဘူး ၾကားလား
မင္းဒက္ဒီကငယ္ငယ္ကတည္းကကိုယ့္စိတ္နဲ႕ကိုယ္..
အိမ္ေထာင္က်သြားလို႔စိတ္ေအးရၿပီဆိုမွ အခုစလာျပန္ၿပီ ဟင္း"

"မား ကြၽန္ေတာ္ဗိုက္ဆာတယ္"

ဝမ္မားကဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာရင္းထမင္းဝိုင္းျပင္ဖို႔ထြက္သြားခဲ့၏။ ေရွာင္းက်န႔္အေပၚအထင္မလြဲသြားလို႔ေတာ္ပါေသးတယ္။

"ဖူး..နာနာ"

"တံေတြးေတြေပကုန္ပီ ဒီကေလး!"

"ဟီး"

ဝမ္ဝမ္ကတစ္ဖူးဖူးမႈတ္ေနေတာ့ဝမ္ဝမ့္တံေတြးေတြကရိေပၚမ်က္ႏွာမွာကပ္ေန၏။ ဝမ္ဝမ္ကသေဘာက်စြာရယ္ရင္းသူ႕ဒက္ဒီကိုစေနျပန္တယ္။

"ဝမ္ဝမ္ ပါးပါးဆီသြားခ်င္လား"

"ပါးပါးအလာဘူးလား"

"ပါးပါးကအလုပ္ရႈပ္ေနေသးလို႔"

"သြားမယ္ ဝမ္ဝမ္ပါးပါးကိုလြမ္းေနပီ"

ညေနေရာက္ေတာ့ဝမ္ရိေပၚကသူ႕အတြင္းေရးမႉးကိုဖုန္းဆက္ၿပီးဝမ္ဝမ့္ကိုေရွာင္းက်န႔္ဆီလႊတ္လိုက္တယ္။ တံခါးbellသံၾကားေတာ့ေရွာင္းက်န႔္တို႔ညစာစား‌ေနတဲ့အခ်ိန္။ ေရွာင္းက်န႔္ကဘဲစားလက္စကိုရပ္ၿပီးတံခါးလာဖြင့္ေပးတယ္။ အျပင္မွာသူ႕သားကိုေတြ႕ေတာ့အံ့ဩသြားၿပီးအရမ္းလည္းေပ်ာ္သြားခဲ့တယ္။

"ရိ ရိေပၚေရာ.."

"ကြၽန္ေတာ္သခင္ေလးကိုမနက္ျဖန္မူႀကိဳပို႔ဖို႔လာေခၚပါမယ္ အဆင္သင့္လုပ္ထားေပးပါ"

"ေကာင္းပါၿပီ"

အတြင္းေရးမႉးကအပိုစကားတစ္ခြန္းမွမေျဖဘဲျပန္ထြက္သြားခဲ့တယ္။ ေရွာင္းက်န႔္ကဝမ္ဝမ့္ကိုခ်ီၿပီးထမင္းစားဖို႔ျပန္လာခဲ့တယ္။ ဒါေပမယ့္ဝမ္ဝမ္စကားတစ္ခြန္းေၾကာင့္သူလည္းထမင္းမဝင္နိုင္ေတာ့။

"ပါးပါးသိလား
ဒက္ဒီကဗိုက္ဆာတယ္ဆိုၿပီးထမင္းလည္းအစားဘူး
ဘြားဘြားဆိုဒက္ဒီ့ကိုအေသဆူေနတာ
ဒက္ဒီကဒီေန႕ဒဏ္ယာလည္းရလာတယ္"

ဝမ္ဝမ္ကေတာ့ဘာမွမသိဘဲသူ႕ျမင္ရာဘဲသူေလွ်ာက္ေျပာေနေတာ့သည္။ ကေလးေတြဆိုတာမလိမ္တတ္ဘူးေလ။


(30.8.22)

ကိုယ္တကယ္အလုပ္ရႈပ္ေနလို႔ပါ‌။

.................




Continue Reading

You'll Also Like

4.1K 123 24
"Time won't fly, it's like I'm paralyzed by it I'd like to be my old self again But I'm still trying to find it" Eryn Blake hated the person that she...
24.4K 3.6K 13
လူတိုင်းမှာ ယုံကြည်ရာနတ်ဘုရားတော့ရှိကြတာပဲလေ လူတိုင္းမွာ ယံုၾကည္ရာနတ္ဘုရားေတာ့႐ွိၾကတာပဲေလ
2.5K 115 5
She was born as the daughter of John Winchester and Athena. Alexa Thena Winchester grew up being trained by her father and followers of her mother so...
309K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc