ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူ...

By suukhant

795K 55.3K 3.8K

ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန... More

Part- 1
Part- 2
Part-3 💛
Part- 4💛
Part- 5
Part- 6💛
Part- 7💛
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part-13
Part- 14
Part- 15
Part-16
Part-17
Part-18
Part-19
Part- 20
Part- 21
Part-22
Part- 23
Part-24
Part- 26
Part- 27
Part- 28
Part- 29
Part- 30
Final Part
Special part- 1
Special part- 2 (Unicode)
Special part- 2 (Zawgyi)

Part- 25

20.9K 1.7K 245
By suukhant

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part-25

For unicode

"ရှောင်းကျန့် သတင်းတွေဖတ်ပြီးလျှောက်ခံစားမနေနဲ့!"

"ဝမ်ရိပေါ်ကအမှန်တရားကိုမချပြဘူး သူရှောင်းပိုင်ကိုဘဲကာကွယ်သွားတာ"

"ဝမ်ရိပေါ်မှာတခြားအကြံရှိဦးမှာပါ"

"ဟင့်အင်း ငါကအရူးလိုဘဲ
တစ်ခါတည်းနဲ့အမှတ်မရှိဘူး"

ရှောင်းကျန့်ကမျက်ရည်တွေကိုသုတ်ပြီးနာနာကျင်ကျင်ပြုံးလိုက်၏။ ဒီပြသနာတွေဖြစ်ပြီးနောက်သူ့ရင်ထဲမှာရိပေါ်ကသူတို့အိမ်ထောင်ရေးကိုချပြဖို့မသိမသာမျှော်လင့်ခဲ့မိတယ်။ ဒါပေမယ့် HOPE official ကလည်းသူတို့မင်းသားကိုမသိမသာကာကွယ်သွားခဲ့ပြီးမဟုတ်မမှန်သတင်းဖြန့်သူတွေနဲ့ဆဲဆိုသူတွေကိုတရားစွဲမယ်လို့သာထုတ်ပြန်ခဲ့တယ်။ ရိပေါ်ကလည်းပြန်ပြီးrepostလုပ်ထား‌ပေမယ့်ထွက်လာတဲ့သတင်းတွေအကုန်မငြင်းထားဘူး။ ဒါပေမယ့်ရှောင်းကျန့်မသိခဲ့တာကဝမ်ရိပေါ်ကရှောင်းကျန့်နဲ့ဝမ်ဝမ်ကိုရစရာမရှိအောင်ဆဲဆိုထားသူတွေကိုအမှန်တကယ်တရားစွဲခဲ့တယ်ဆိုတာပင်။

ပြီးတော့ရှောင်းကျန့်ကရိပေါ်မားတင်ထားတဲ့ပို့စ်ကိုလည်းမမြင်ခဲ့။ အဲ့ပို့စ်ကြောင့်တရားဝင်ဇနီးကဘယ်သူဆိုတာကွဲကွဲပြားပြားဖြစ်သွားပြီးကောလဟာလအားလုံးကိုငြင်းလိုက်တာနဲ့အတူတူပင်။

"Stress တို့ pressure တို့များရင်ကိုယ်ဝန်ပျက်ကျတတ်တယ်ဆိုတာသိတယ်မဟုတ်လားရှောင်းကျန့်"

"ငါ ငါ.."

"ထပြီးတစ်ခုခုစားဦး"

‌ရိရန်ကလှဲနေသောရှောင်းကျန့်ကိုဆွဲထူလိုက်ပြီးနောက်ကခေါင်းအုံးခံပေးလိုက်၏။ ရှောင်းကျန့်ကိုယ်ကဒီတစ်ရက်နှစ်ရက်အတွင်းသိသိသာသာချောင်ကျသွားကာအရင်ကမျက်ဝန်းတောက်တောက်တွေလည်းသိသိသာသာမှေးမှိန်နေ၏။

"နားချင်ရင်လည်းကောင်းကောင်းမွန်မွန်နားကွာ
သတင်းတွေကတစ်ပတ်ဆိုပြန်ငြိမ်ကျသွားမှာ"

"အင်း"

"ဝမ်ဝမ်ကိုဘယ်လိုလုပ်မှာလဲ"

"ဝမ်ဝမ်ကငါ့သား ပြန်ခေါ်သွားမှာ.."

"ဝမ်ရိပေါ်ကငြိမ်ခံနေမှာတဲ့လား"

"သူကငါမရှိလည်းဖြစ်တယ် သူ.သူ.."

ရှောင်းကျန့်ကမျက်ရည်တွေပြန်ကျလာပြီးရင်ထဲမှာဆို့နေလို့တစ်ရှူးနဲ့မျက်ရည်တွေကိုပွတ်သုတ်ပစ်၏။ ဇာတ်ပို့ကအမြဲတမ်းဇာတ်ပို့ဘဲ...။ ဘယ်တော့မှအဓိကဇာတ်ဆောင်ကိုမယှဉ်နိုင်ဘူး။ လူတွေကသူအပိုတွေလုပ်နေတာလို့ထင်နိုင်တယ်။ ဒါပေမယ့်ရှောင်းပိုင်သူ့ဆီကိုရောက်လာပြီးချိန်းခြောက်သွားကတည်းကဒီနေ့လိုဖြစ်လာမှာသူတွေးကြောက်နေခဲ့တယ်။

ရှောင်းပိုင်ကသူပြောသလိုတကယ်လုပ်ခဲ့ရင်သူဝမ်ဝမ့်ကိုခေါ်ပြီးဒီနိုင်ငံကအပြီးထွက်သွားဖို့ပါကြိုတွေးထားပြီးသား။ သူရိပေါ်နဲ့မျက်နှာချင်းဆိုင်ပြီးထိပ်တိုက်ဖြေရှင်းဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။ ရိပေါ်ကိုမကြည့်ချင်ဘူး။ ဒါပေမယ့်ရိပေါ်ကိုလည်းအပြစ်တင်လို့မရဘူးလေ။ ချစ်သူနှစ်ယောက်ကြားကလေးတစ်ယောက်နဲ့လာရှုပ်ခဲ့တာသူဘဲဖြစ်ခဲ့တာကိုး။

"ငါအကူညီတောင်းထားတဲ့ကိစ္စ.."

"ရှေ့နေတစ်ယောက်ကိုစီစဉ်ခိုင်းထားတယ်"

"ကျေးဇူးပါ"

"သူစိမ်းတွေလိုပြောမနေနဲ့"

ရိရန်ကပြောလည်းပြောရှောင်းကျန့်ကိုလည်းဆန်ပြုတ်တစ်ဇွန်းခပ်တိုက်၏။ ရှောင်းကျန့်ကလေးငါးဇွန်းသောက်ပြီးတာနဲ့ဆက်မသောက်လိုတော့။ ရိရန်ကလည်းရှောင်းကျန့်ကိုဆန်ပြုတ်တိုက်ပြီးတာနဲ့ဆေးရုံသွားဖို့ပြင်နေ၏။

"ငါလည်းအပြင်ခဏသွားမယ်"

"ဘာလုပ်မလို့လဲ"

"ဝယ်စရာရှိလို့"

"ငါဝယ်ခဲ့ပေးမယ်"

"ဒီနားကmini marketကိုသွားမှာ ဝယ်စရာလေးရှိလို့!"

"တစ်ခုခုဆိုငါ့ကိုဖုန်းဆက်ဖို့မမေ့နဲ့နော်"

"အင်းပါ ညနေအိမ်ပြန်လာရင်ကောင်းကောင်းမွန်မွန်ချက်ကျွေးမယ်"

"မလိုဘူး မင်းသာအပြည့်အဝနား"

ရိရန်ဆေးရုံသွားတာနဲ့ရှောင်းကျန့်ကရေချိုးပြီးအဝတ်အစားလဲလိုက်၏။ ဟူဒီပွပွတစ်ထည်နဲ့ဂျင်းpantကိုလဲပြီးတာနဲ့အနီးအနားကmini marketကိုထွက်လာခဲ့၏။ morning sickness ရနေတာရော၊ခံစားနေရတဲ့stressတွေကြောင့်လူကနုံးခွေနေ၏။ ဈေးဝယ်ပြီးရင်ဝမ်ဝမ့်ကိုခေါ်ဖို့သွားရမယ်..။

သူကိုယ်ဝန်ရှိနေတဲ့ကိစ္စကိုလည်းရိပေါ်ကိုပေးမသိတော့ဘူး။ ရိပေါ်ကဒီကလေးကိုလိုချင်ခဲ့တာမှမဟုတ်တာ။ ရိပေါ်တားဖို့ပြောရက်နဲ့မတော်တဆရလာခဲ့တဲ့ကလေး။ ဒီတစ်ခါတော့သူတားခဲ့ပါရက်နဲ့..။ ဝမ်ရိပေါ်ကကလေးမလိုချင်ဘူးဆိုပြီးသူ့အထဲမှာဘဲအကြိမ်ကြိမ်ပြီးခဲ့တယ်။ နောက်ဆုံးတားဆေးကအလုပ်မဖြစ်ခဲ့တာဖြစ်မယ်။

သူဈေးဝယ်နေတုန်းကောင်မလေးနှစ်ယောက်ကသူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေတယ်။ ရှောင်းကျန့်ကသူ့ကိုကြည့်နေတာကိုသိပေမယ့်ဘာလို့စပ်စုနေတာလဲဆိုတာမရိပ်မိသေး‌ပေ။

"ရှောင်းကျန့်! ရှောင်းကျန့်ဟုတ်တယ်မလား!"

"ဘယ်သူ.."

"ရှင်ရှောင်းပိုင်ရည်းစားကိုလုခဲ့တယ်ဆိုတာတကယ်လား"

"မင်းတို့လူမှားနေပြီ"

"ဘာလို့မှားရမှာလဲ ရှင်ကရှောင်းကျန့်!
ရှောင်းကျန့်မှအစစ်!"

ကောင်မလေးသုံးယောက်‌လုံးကရှောင်းပိုင်ပရိတ်သတ်တွေထင်တယ်။ အသံတွေကျယ်လာတာကြောင့်လူတွေလည်းစပ်စုလာကာအလယ်ကကောင်မလေးကအသံစူးစူးနဲ့အကျယ်ဆုံးဖြစ်သည်။ ထိုကောင်မလေးကသူပြန်ဖြေခွင့်မရဘဲ သူ့ကိုဘဲလက်ညှိုးငေါက်ငေါက်နဲ့အော်ဟစ်နေ၏။ ရှောင်းကျန့်ကရှက်ရှက်နဲ့လှည့်ထွက်မလို့ပြင်တော့ထိုကောင်မလေးကရှောင်းကျန့်လက်ကိုတွန်းပစ်လိုက်၏။

"အာ့!"

ရှောင်းကျန့်လက်ထဲကဆွဲခြင်းလည်းလွတ်ကျသွားပြီးပစ္စည်းတွေလည်းထွက်ကျကုန်၏။ ရှောင်းကျန့် ခေါင်းကမိုက်ခနဲဖြစ်သွားပြီးလူကပါကတုန်ကရင်ဖြစ်လာခဲ့သည်။

"ဘာဖြစ်သွားတာလဲ တွန်းတာလေးနဲ့!
ရှင်မူယာမာယာများလှချည်လား"

"နင် တော်တော့!"

ရှောင်းကျန့်မျက်နှာကသွေးဆုတ်သလိုဖြူဖျော့လာတာကြောင့်ဘေးနားကကောင်မလေးကလှမ်းဟန့်တယ်။ security guard ရောက်လာတာကြောင့်ကောင်မလေးတွေလည်းပြန်ထွက်သွားခဲ့၏။

"စောက်စနိုက်ကျော်ကောင်!"

အလယ်ကကောင်မလေးကလှည့်ထွက်မသွားခင်ဆဲသွားသေးတာကြောင့်သူနာနာကျင်ကျင်ပြုံးလိုက်တယ်။ အခုခေတ်ကလေးတွေဆိုးလိုက်တာ။ ကိုယ့်အစ်ကိုကြီးအရွယ်ကို၊အရပ်လေးငါးပေမပြည့်ဘဲနဲ့သူ့ကိုအကြောက်အလန့်လည်းမရှိကြတော့ဘူး။

ရိပေါ်အပါအဝင်လူတွေကသူမူယာမာယာများတယ်လို့စွပ်စွဲကြတယ်။ သူကလူအတိုင်းအပေါ်ကိုသူ့စိတ်ရင်းအတိုင်းဘဲဆက်ဆံခဲ့တယ်။ ပြီးတော့လူတိုင်းနဲ့လည်းအဆင်ပြေအောင်၊တည့်အောင်ပေါင်းခဲ့တယ်။ ဒါပေမယ့်တစ်ချို့ကပစ်ခွာသွားကြတယ်။ နောက်ဆုံးသူ့မှာဘယ်သူမှမကျန်ခဲ့ဘူး။ သူ့လုပ်ခဲ့တဲ့ရူးရူးမိုက်မိုက်အလုပ်ထဲမှာသူ့သားလေးကိုခိုးမွေးခဲ့တာကအမှန်ကန်ဆုံးဖြစ်မယ်ထင်တယ်..။

ဘယ်သူဘဲဖယ်ခွာသွားသွားသူ့မိသားစုဝင်နှစ်ယောက်တော့ရှိပါသေးတယ်။ သူ့သားလေးနဲ့ဗိုက်ထဲကကလေး။ ဒီလောက်ဆိုသူအထီးမကျန်မလောက်တော့ဘူးမလား။

"ဧည့်သည် ရှင်အဆင်ပြေရဲ့လား"

"ပြေပါတယ် နည်းနည်းမူးနေလို့"

"ဒီနားလေးမှာဆေးခန်းတစ်ခုရှိတယ်"

"ရတယ် ရတယ် ကျေးဇူးပါ"

ကောင်တာကကောင်မလေးတစ်‌ယောက်ကသူ့ကိုတွဲပြီးထိုင်ခုံပေါ်မှာထိုင်စေတယ်။

"ကိုယ်ဝန်ရှိနေတာလား"

"....."

ရှောင်းကျန့်ကအထိတ်တလန့်မော့ကြည့်လိုက်တော့ထိုကောင်မလေးကပြုံးပြတယ်။

"မကြောက်ပါနဲ့ ကျွန်မကိုယ်ဝန်ရှိတုန်းကလည်းအဲ့လိုဖြစ်ခဲ့လို့လေ
ပြီးတော့ကျွန်မဘယ်သူ့ကိုမှပြန်မပြောပါဘူး"

ထိုကောင်မလေးအကူအညီနဲ့taxiလည်းအလွယ်တကူငှားလို့ရခဲ့ပြီးရှောင်းကျန့်ကအေးအေးဆေးဆေးဘဲအိမ်ပြန်လာခဲ့တယ်။ ရှောင်းကျန့်ပစ္စည်းတွေကိုချပြီးရေခဲ‌သေတ္တာမှာထည့်သင့်တာထည့်တယ်။ ခေါက်ဆွဲထုတ်၊ကြာဆံထုတ်တွေကိုတော့စင်လေးပေါ်မှာစီစီရီရီတင်လိုက်ပြီးသပ်သပ်ဖြစ်အောင်ပါသန့်ရှင်းလိုက်၏။

"တင်း...တောင်"

တံခါးbellသံကြောင့်ရှောင်းကျန့်ကလုပ်လက်စတွေကိုရပ်လိုက်ပြီးလက်ဆေးကာထွက်လာခဲ့၏။

"တင်း...တောင်"

ရှောင်းကျန့်ကအပေါက်ဝကချောင်းကြည့်လိုက်တော့ရည်ရည်မွန်မွန်အမျိုးသမီးတစ်ယောက်ကရပ်နေ၏။ ရှောင်းကျန့်ကတံခါးဖွင့်ပေးပြီးနှုတ်ဆက်လိုက်၏။

"ဘယ်သူ..."

"ကျွန်တော်!"

ရိပေါ်ကိုမြင်တာနဲ့ရှောင်းကျန့်ကတံခါးကိုပြန်ဆွဲပိတ်၏။ ဒါပေမယ့်ရိပေါ်ကတံခါးကိုအတင်းဆွဲထားပြီးအထဲကိုအတင်းတိုးဝင်လာတယ်။

"ကူညီပေးလို့ကျေးဇူးတင်ပါတယ်"

"ကိစ္စမရှိပါဘူး"

ဒုန်း!!

တံခါးပိတ်သံကြောင့်အမျိုးသမီးကလန့်သွားပြီးနှာခမ်းကိုက်လိုက်ကာပြန်လှည့်ထွက်သွားခဲ့၏။

"ဘာကိစ္စလဲ!"

"ခင်များကိုပြန်လာခေါ်တာ!"

"မလိုက်ဘူး ပြန်တော့!"

"ခင်များပြန်လိုက်မှ"

"ဝမ်ရိပေါ် ဒါပိုင်နက်ကျူးကျော်မှုဘဲ
မင်းမသွားရင်ငါရဲခေါ်ရလိမ့်မယ်"

"ရဲခေါ်မယ်! ခင်များဘာဖြစ်နေတာလဲ
ဟိုအဘွားကြီးပြောသွားတာကိုယုံနေတာလား ခင်များမှာဦးနှောက်မရှိဘူးလား
သူကျွန်တော်တို့ကိုကွဲစေချင်နေတာ!"

"ဒါဆိုလည်းကွာရှင်းကြမယ်"

"ခင်များ ခင်များ!"

"ကွာရှင်းကြမယ်ဝမ်ရိပေါ်.."

"ခင်များဘာစိတ်ရူးထပြန်တာလဲ
အိမ်ထောင်ရေးကိုကစားစရာထင်နေတာလား"

"ငါကွာရှင်းချင်တယ်"

"ငါ-ိုး ခင်များကျုပ်ကိုလာကစားနေတာဘဲ
ကျုပ်ကိုဘာမှတ်နေတာလဲ
ခင်များကစားချင်တိုင်းကစားလို့ရမယ်ထင်လား"

"ထွက်သွား!"

ရိပေါ်အသံမာသွားတာနဲ့ရှောင်းကျန့်ကမျက်ရည်ဝဲလာကာရိပေါ်ကိုအတင်းနှင်ထုတ်တော့၏။ ရိပေါ်ကခါးကိုလက်ထောက်ရင်းဒေါသတွေကိုပြန်မြိုချလိုက်ကာရှောင်းကျန့်လက်မောင်းနှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်လိုက်၏။

"ဒီကောင့်ကြောင့်လား!"

"ဘာ!"

"ဒီကောင့်ကြောင့်! ဟုတ်တယ်မဟုတ်လား"

"မဆိုင်တဲ့သူကိုဆွဲမထည့်နဲ့ဝမ်ရိပေါ် သူကငါ့ကိုကူညီထားတာ"

"ရှောင်းကျန့် ခင်များအဆိပ်ပြင်းလွန်းတယ်
လူကိုဘယ်လိုလုပ်ရင်နာကျင်စေလဲခင်များကောင်းကောင်းသိတာဘဲ"

"ငါနာကျင်ရတာကိုမမီပါဘူး"

"ခင်များကျုပ်ကိုအဲ့လိုကောင်လို့ထင်နေတာလား
ခင်များကဘဝကိုdramaအရမ်းဆန်ချင်နေတာဘဲ
ကျုပ်နဲ့မျက်နှာချင်းဆိုင်မဖြေရှင်းရဲဘဲ‌နဲ့လေ"

"ဝမ်ရိပေါ် မင်းနားမလည်ပါဘူး
မင်းချစ်တဲ့သူကငါမဟုတ်လို့မင်းငါ့ကိုနားလည်မှာမဟုတ်ပါဘူး
ငါ့ရင်ထဲကစိုးရိမ်မှုတွေ သဝန်တိုမှုတွေကိုလည်းမင်းနားလည်မှမဟုတ်ဘူး
ဘာလို့လဲဆိုတော့မင်းချစ်တာငါမှမဟုတ်တာ!"

"ခင်များကပါးစပ်ကချစ်တယ်လို့တစ်ဖွဖွပြောနေမှချစ်တယ်ထင်နေတာလား
ပါးစပ်ကတစ်ဖွဖွပြောနေမှချစ်ရာရောက်တာလား"

"ငါ့ကိုခေါင်းလာမစားနဲ့တော့ ငါအေးဆေးနေချင်တယ်
ပြန်တော့!"

ရှောင်းကျန့်ကရိပေါ်ကိုကျောခိုင်းပြီးမီးဖိုချောင်ဘက်လှည့်ထွက်လာ၏။ ရိပေါ်ကအရင်လိုသန့်ရှင်းသပ်ရပ်မှုတွေပျောက်ဆုံးနေပြီးမုတ်ဆိတ်ငုတ်တိုလေးတွေပေါက်ကာညှင်းသိုးသိုးလေးဖြစ်နေတယ်။ မျက်တွင်းတွေလည်းကျပြီးသူလည်းအိပ်ရေးပျက်နေခဲ့တာလား။

ဝမ်ရိပေါ်ကရှောင်းကျန့်နောက်တစ်ကောက်ကောက်လိုက်ရင်းရှောင်းကျန့်ကဟိုကောင့်အတွက်ဟင်းချက်တော့မှာလည်းမြင်ရောသဝန်တိုမှုတွေရော၊ဒေါသတွေရောထွက်လာကာပြသနာရှာတော့၏။

"ခင်များဟိုကောင့်အတွက်ပါထမင်းချက်ပေးနေတာလား!"

"ဟုတ်တယ် သူကကြင်နာတတ်တယ်
ငါ့ကိုဂရုစိုက်ပေးတယ် ငါကလည်းပြန်ဂရုစိုက်ပေးတာဘာမှားလို့လဲ!
တစ်ဖက်သတ်ဂရုစိုက်ပေးနေရတာမှမဟုတ်တာ"

"မချက်ရဘူး ခင်များကျုပ်ကလွဲပြီးဘယ်သူ့အတွက်မှမချက်ပေးရဘူး!
ကျုပ်ကလွဲပြီးဘယ်သူ့ကိုမှလည်းဂရုစိုက်မပေးရဘူး!"

"ငါ့ကိုလာမချုပ်ချယ်နဲ့!"

ရိပေါ်ကဒေါသကိုတစ်ထစ်လျှော့လိုက်ပြီးရှောင်းကျန့်ကိုချော့လိုက်၏။

"ရှောင်းပိုင်ကိုရှင်းပြခိုင်းရင်ရပြီမလား ဒီထက်ပိုပြီးသူများအိမ်မှာမနေနဲ့တော့
ဒီနေ့ဘဲသူ့ကိုရှင်းပြခိုင်း‌လိုက်မယ်"

"မလိုတော့ဘူး မလိုတော့ဘူးဝမ်ရိပေါ်!
မင်းသူ့ကိုဘဲရွေးပြီးကာကွယ်ပေးပါပြီ
သူ့အတွက်စဉ်းစားပြီးရင်းနှီးမြှုပ်နှံပေးခဲ့တယ်မလား"

"အဲ့ဒါစီးပွားရေး လူမှုရေးနဲ့ဘာမှမဆိုင်ဘူး
အဲ့seriesကပေါက်မှာသေချာလို့ရင်းနှီးမြှုပ်နှံခဲ့တာ"

"ယွမ်သန်းသုံးဆယ်တောင်လေ"

"ရှောင်းကျန့် မရစ်ပါနဲ့တော့ဗျာ
အိမ်ပြန်ရအောင်ပါနော်
ကျွန်တော်နောက်ဆိုအဲ့လောက်မရင်းနှီးပစ်တော့ပါဘူး"

"ရိပေါ် ငါ့ကိုလွှတ်ထားပေးပါ please!"

"ဝမ်ဝမ်လည်းမျှော်နေတယ် ကျွန်တော်ခင်များချက်ပေးတဲ့ဟင်းတွေကိုအရမ်းလွမ်းတာဘဲ
နော် အိမ်ပြန်ရအောင်နော်"

"ရိပေါ် ငါကမင်းရဲ့ထမင်းချက်မဟုတ်ဘူး! မင်းပြန်ပါတော့"

"ခင်များအဲ့ကောင်နဲ့ဖောက်ပြန်နေတာလား! အဲ့ဒါကြောင့်လား ကျွန်တော့်ကိုအတင်းနှင်ထုတ်နေတာ"

"ဘာ!"


(28.8.22)

.......................

"ေရွာင္းက်န႔္ရဲ႕ခင္ပြန္းကိုကလူက်ီစယ္ျခင္းနည္းလမ္းမ်ား"

Part-25

For zawgyi

"ေရွာင္းက်န႔္ သတင္းေတြဖတ္ၿပီးေလွ်ာက္ခံစားမေနနဲ႕!"

"ဝမ္ရိေပၚကအမွန္တရားကိုမခ်ျပဘူး သူေရွာင္းပိုင္ကိုဘဲကာကြယ္သြားတာ"

"ဝမ္ရိေပၚမွာတျခားအႀကံရွိဦးမွာပါ"

"ဟင့္အင္း ငါကအ႐ူးလိုဘဲ
တစ္ခါတည္းနဲ႕အမွတ္မရွိဘူး"

ေရွာင္းက်န႔္ကမ်က္ရည္ေတြကိုသုတ္ၿပီးနာနာက်င္က်င္ၿပဳံးလိုက္၏။ ဒီျပသနာေတြျဖစ္ၿပီးေနာက္သူ႕ရင္ထဲမွာရိေပၚကသူတို႔အိမ္ေထာင္ေရးကိုခ်ျပဖို႔မသိမသာေမွ်ာ္လင့္ခဲ့မိတယ္။ ဒါေပမယ့္ HOPE official ကလည္းသူတို႔မင္းသားကိုမသိမသာကာကြယ္သြားခဲ့ၿပီးမဟုတ္မမွန္သတင္းျဖန႔္သူေတြနဲ႕ဆဲဆိုသူေတြကိုတရားစြဲမယ္လို႔သာထုတ္ျပန္ခဲ့တယ္။ ရိေပၚကလည္းျပန္ၿပီးrepostလုပ္ထား‌ေပမယ့္ထြက္လာတဲ့သတင္းေတြအကုန္မျငင္းထားဘူး။ ဒါေပမယ့္ေရွာင္းက်န႔္မသိခဲ့တာကဝမ္ရိေပၚကေရွာင္းက်န႔္နဲ႕ဝမ္ဝမ္ကိုရစရာမရွိေအာင္ဆဲဆိုထားသူေတြကိုအမွန္တကယ္တရားစြဲခဲ့တယ္ဆိုတာပင္။

ၿပီးေတာ့ေရွာင္းက်န႔္ကရိေပၚမားတင္ထားတဲ့ပို႔စ္ကိုလည္းမျမင္ခဲ့။ အဲ့ပို႔စ္ေၾကာင့္တရားဝင္ဇနီးကဘယ္သူဆိုတာကြဲကြဲျပားျပားျဖစ္သြားၿပီးေကာလဟာလအားလုံးကိုျငင္းလိုက္တာနဲ႕အတူတူပင္။

"Stress တို႔ pressure တို႔မ်ားရင္ကိုယ္ဝန္ပ်က္က်တတ္တယ္ဆိုတာသိတယ္မဟုတ္လားေရွာင္းက်န႔္"

"ငါ ငါ.."

"ထၿပီးတစ္ခုခုစားဦး"

‌ရိရန္ကလွဲေနေသာေရွာင္းက်န႔္ကိုဆြဲထူလိုက္ၿပီးေနာက္ကေခါင္းအုံးခံေပးလိုက္၏။ ေရွာင္းက်န႔္ကိုယ္ကဒီတစ္ရက္ႏွစ္ရက္အတြင္းသိသိသာသာေခ်ာင္က်သြားကာအရင္ကမ်က္ဝန္းေတာက္ေတာက္ေတြလည္းသိသိသာသာေမွးမွိန္ေန၏။

"နားခ်င္ရင္လည္းေကာင္းေကာင္းမြန္မြန္နားကြာ
သတင္းေတြကတစ္ပတ္ဆိုျပန္ၿငိမ္က်သြားမွာ"

"အင္း"

"ဝမ္ဝမ္ကိုဘယ္လိုလုပ္မွာလဲ"

"ဝမ္ဝမ္ကငါ့သား ျပန္ေခၚသြားမွာ.."

"ဝမ္ရိေပၚကၿငိမ္ခံေနမွာတဲ့လား"

"သူကငါမရွိလည္းျဖစ္တယ္ သူ.သူ.."

ေရွာင္းက်န႔္ကမ်က္ရည္ေတြျပန္က်လာၿပီးရင္ထဲမွာဆို႔ေနလို႔တစ္ရႉးနဲ႕မ်က္ရည္ေတြကိုပြတ္သုတ္ပစ္၏။ ဇာတ္ပို႔ကအၿမဲတမ္းဇာတ္ပို႔ဘဲ...။ ဘယ္ေတာ့မွအဓိကဇာတ္ေဆာင္ကိုမယွဥ္နိုင္ဘူး။ လူေတြကသူအပိုေတြလုပ္ေနတာလို႔ထင္နိုင္တယ္။ ဒါေပမယ့္ေရွာင္းပိုင္သူ႕ဆီကိုေရာက္လာၿပီးခ်ိန္းေျခာက္သြားကတည္းကဒီေန႕လိုျဖစ္လာမွာသူေတြးေၾကာက္ေနခဲ့တယ္။

ေရွာင္းပိုင္ကသူေျပာသလိုတကယ္လုပ္ခဲ့ရင္သူဝမ္ဝမ့္ကိုေခၚၿပီးဒီနိုင္ငံကအၿပီးထြက္သြားဖို႔ပါႀကိဳေတြးထားၿပီးသား။ သူရိေပၚနဲ႕မ်က္ႏွာခ်င္းဆိုင္ၿပီးထိပ္တိုက္ေျဖရွင္းဖို႔ဘယ္လိုမွမျဖစ္နိုင္ဘူး။ ရိေပၚကိုမၾကည့္ခ်င္ဘူး။ ဒါေပမယ့္ရိေပၚကိုလည္းအျပစ္တင္လို႔မရဘူးေလ။ ခ်စ္သူႏွစ္ေယာက္ၾကားကေလးတစ္ေယာက္နဲ႕လာရႈပ္ခဲ့တာသူဘဲျဖစ္ခဲ့တာကိုး။

"ငါအကူညီေတာင္းထားတဲ့ကိစၥ.."

"ေရွ႕ေနတစ္ေယာက္ကိုစီစဥ္ခိုင္းထားတယ္"

"ေက်းဇူးပါ"

"သူစိမ္းေတြလိုေျပာမေနနဲ႕"

ရိရန္ကေျပာလည္းေျပာေရွာင္းက်န႔္ကိုလည္းဆန္ျပဳတ္တစ္ဇြန္းခပ္တိုက္၏။ ေရွာင္းက်န႔္ကေလးငါးဇြန္းေသာက္ၿပီးတာနဲ႕ဆက္မေသာက္လိုေတာ့။ ရိရန္ကလည္းေရွာင္းက်န႔္ကိုဆန္ျပဳတ္တိုက္ၿပီးတာနဲ႕ေဆး႐ုံသြားဖို႔ျပင္ေန၏။

"ငါလည္းအျပင္ခဏသြားမယ္"

"ဘာလုပ္မလို႔လဲ"

"ဝယ္စရာရွိလို႔"

"ငါဝယ္ခဲ့ေပးမယ္"

"ဒီနားကmini marketကိုသြားမွာ ဝယ္စရာေလးရွိလို႔!"

"တစ္ခုခုဆိုငါ့ကိုဖုန္းဆက္ဖို႔မေမ့နဲ႕ေနာ္"

"အင္းပါ ညေနအိမ္ျပန္လာရင္ေကာင္းေကာင္းမြန္မြန္ခ်က္ေကြၽးမယ္"

"မလိုဘူး မင္းသာအျပည့္အဝနား"

ရိရန္ေဆး႐ုံသြားတာနဲ႕ေရွာင္းက်န႔္ကေရခ်ိဳးၿပီးအဝတ္အစားလဲလိုက္၏။ ဟူဒီပြပြတစ္ထည္နဲ႕ဂ်င္းpantကိုလဲၿပီးတာနဲ႕အနီးအနားကmini marketကိုထြက္လာခဲ့၏။ morning sickness ရေနတာေရာ၊ခံစားေနရတဲ့stressေတြေၾကာင့္လူကႏုံးေခြေန၏။ ေဈးဝယ္ၿပီးရင္ဝမ္ဝမ့္ကိုေခၚဖို႔သြားရမယ္..။

သူကိုယ္ဝန္ရွိေနတဲ့ကိစၥကိုလည္းရိေပၚကိုေပးမသိေတာ့ဘူး။ ရိေပၚကဒီကေလးကိုလိုခ်င္ခဲ့တာမွမဟုတ္တာ။ ရိေပၚတားဖို႔ေျပာရက္နဲ႕မေတာ္တဆရလာခဲ့တဲ့ကေလး။ ဒီတစ္ခါေတာ့သူတားခဲ့ပါရက္နဲ႕..။ ဝမ္ရိေပၚကကေလးမလိုခ်င္ဘူးဆိုၿပီးသူ႕အထဲမွာဘဲအႀကိမ္ႀကိမ္ၿပီးခဲ့တယ္။ ေနာက္ဆုံးတားေဆးကအလုပ္မျဖစ္ခဲ့တာျဖစ္မယ္။

သူေဈးဝယ္ေနတုန္းေကာင္မေလးႏွစ္ေယာက္ကသူ႕ကိုကြက္ၾကည့္ကြက္ၾကည့္လုပ္ေနတယ္။ ေရွာင္းက်န႔္ကသူ႕ကိုၾကည့္ေနတာကိုသိေပမယ့္ဘာလို႔စပ္စုေနတာလဲဆိုတာမရိပ္မိေသး‌ေပ။

"ေရွာင္းက်န႔္! ေရွာင္းက်န႔္ဟုတ္တယ္မလား!"

"ဘယ္သူ.."

"ရွင္ေရွာင္းပိုင္ရည္းစားကိုလုခဲ့တယ္ဆိုတာတကယ္လား"

"မင္းတို႔လူမွားေနၿပီ"

"ဘာလို႔မွားရမွာလဲ ရွင္ကေရွာင္းက်န႔္!
ေရွာင္းက်န႔္မွအစစ္!"

ေကာင္မေလးသုံးေယာက္‌လုံးကေရွာင္းပိုင္ပရိတ္သတ္ေတြထင္တယ္။ အသံေတြက်ယ္လာတာေၾကာင့္လူေတြလည္းစပ္စုလာကာအလယ္ကေကာင္မေလးကအသံစူးစူးနဲ႕အက်ယ္ဆုံးျဖစ္သည္။ ထိုေကာင္မေလးကသူျပန္ေျဖခြင့္မရဘဲ သူ႕ကိုဘဲလက္ညွိုးေငါက္ေငါက္နဲ႕ေအာ္ဟစ္ေန၏။ ေရွာင္းက်န႔္ကရွက္ရွက္နဲ႕လွည့္ထြက္မလို႔ျပင္ေတာ့ထိုေကာင္မေလးကေရွာင္းက်န႔္လက္ကိုတြန္းပစ္လိုက္၏။

"အာ့!"

ေရွာင္းက်န႔္လက္ထဲကဆြဲျခင္းလည္းလြတ္က်သြားၿပီးပစၥည္းေတြလည္းထြက္က်ကဳန္၏။ ေရွာင္းက်န႔္ ေခါင္းကမိုက္ခနဲျဖစ္သြားၿပီးလူကပါကတုန္ကရင္ျဖစ္လာခဲ့သည္။

"ဘာျဖစ္သြားတာလဲ တြန္းတာေလးနဲ႕!
ရွင္မူယာမာယာမ်ားလွခ်ည္လား"

"နင္ ေတာ္ေတာ့!"

ေရွာင္းက်န႔္မ်က္ႏွာကေသြးဆုတ္သလိုျဖဴေဖ်ာ့လာတာေၾကာင့္ေဘးနားကေကာင္မေလးကလွမ္းဟန႔္တယ္။ security guard ေရာက္လာတာေၾကာင့္ေကာင္မေလးေတြလည္းျပန္ထြက္သြားခဲ့၏။

"ေစာက္စနိုက္ေက်ာ္ေကာင္!"

အလယ္ကေကာင္မေလးကလွည့္ထြက္မသြားခင္ဆဲသြားေသးတာေၾကာင့္သူနာနာက်င္က်င္ၿပဳံးလိုက္တယ္။ အခုေခတ္ကေလးေတြဆိုးလိုက္တာ။ ကိုယ့္အစ္ကိုႀကီးအ႐ြယ္ကို၊အရပ္ေလးငါးေပမျပည့္ဘဲနဲ႕သူ႕ကိုအေၾကာက္အလန႔္လည္းမရွိၾကေတာ့ဘူး။

ရိေပၚအပါအဝင္လူေတြကသူမူယာမာယာမ်ားတယ္လို႔စြပ္စြဲၾကတယ္။ သူကလူအတိုင္းအေပၚကိုသူ႕စိတ္ရင္းအတိုင္းဘဲဆက္ဆံခဲ့တယ္။ ၿပီးေတာ့လူတိုင္းနဲ႕လည္းအဆင္ေျပေအာင္၊တည့္ေအာင္ေပါင္းခဲ့တယ္။ ဒါေပမယ့္တစ္ခ်ိဳ႕ကပစ္ခြာသြားၾကတယ္။ ေနာက္ဆုံးသူ႕မွာဘယ္သူမွမက်န္ခဲ့ဘူး။ သူ႕လုပ္ခဲ့တဲ့႐ူး႐ူးမိုက္မိုက္အလုပ္ထဲမွာသူ႕သားေလးကိုခိုးေမြးခဲ့တာကအမွန္ကန္ဆုံးျဖစ္မယ္ထင္တယ္..။

ဘယ္သူဘဲဖယ္ခြာသြားသြားသူ႕မိသားစုဝင္ႏွစ္ေယာက္ေတာ့ရွိပါေသးတယ္။ သူ႕သားေလးနဲ႕ဗိုက္ထဲကကေလး။ ဒီေလာက္ဆိုသူအထီးမက်န္မေလာက္ေတာ့ဘူးမလား။

"ဧည့္သည္ ရွင္အဆင္ေျပရဲ႕လား"

"ေျပပါတယ္ နည္းနည္းမူးေနလို႔"

"ဒီနားေလးမွာေဆးခန္းတစ္ခုရွိတယ္"

"ရတယ္ ရတယ္ ေက်းဇူးပါ"

ေကာင္တာကေကာင္မေလးတစ္‌ေယာက္ကသူ႕ကိုတြဲၿပီးထိုင္ခုံေပၚမွာထိုင္ေစတယ္။

"ကိုယ္ဝန္ရွိေနတာလား"

"....."

ေရွာင္းက်န႔္ကအထိတ္တလန႔္ေမာ့ၾကည့္လိုက္ေတာ့ထိုေကာင္မေလးကၿပဳံးျပတယ္။

"မေၾကာက္ပါနဲ႕ ကြၽန္မကိုယ္ဝန္ရွိတုန္းကလည္းအဲ့လိုျဖစ္ခဲ့လို႔ေလ
ၿပီးေတာ့ကြၽန္မဘယ္သူ႕ကိုမွျပန္မေျပာပါဘူး"

ထိုေကာင္မေလးအကူအညီနဲ႕taxiလည္းအလြယ္တကူငွားလို႔ရခဲ့ၿပီးေရွာင္းက်န႔္ကေအးေအးေဆးေဆးဘဲအိမ္ျပန္လာခဲ့တယ္။ ေရွာင္းက်န႔္ပစၥည္းေတြကိုခ်ၿပီးေရခဲ‌ေသတၱာမွာထည့္သင့္တာထည့္တယ္။ ေခါက္ဆြဲထုတ္၊ၾကာဆံထုတ္ေတြကိုေတာ့စင္ေလးေပၚမွာစီစီရီရီတင္လိုက္ၿပီးသပ္သပ္ျဖစ္ေအာင္ပါသန႔္ရွင္းလိုက္၏။

"တင္း...ေတာင္"

တံခါးbellသံေၾကာင့္ေရွာင္းက်န႔္ကလုပ္လက္စေတြကိုရပ္လိုက္ၿပီးလက္ေဆးကာထြက္လာခဲ့၏။

"တင္း...ေတာင္"

ေရွာင္းက်န႔္ကအေပါက္ဝကေခ်ာင္းၾကည့္လိုက္ေတာ့ရည္ရည္မြန္မြန္အမ်ိဳးသမီးတစ္ေယာက္ကရပ္ေန၏။ ေရွာင္းက်န႔္ကတံခါးဖြင့္ေပးၿပီးႏႈတ္ဆက္လိုက္၏။

"ဘယ္သူ..."

"ကြၽန္ေတာ္!"

ရိေပၚကိုျမင္တာနဲ႕ေရွာင္းက်န႔္ကတံခါးကိုျပန္ဆြဲပိတ္၏။ ဒါေပမယ့္ရိေပၚကတံခါးကိုအတင္းဆြဲထားၿပီးအထဲကိုအတင္းတိုးဝင္လာတယ္။

"ကူညီေပးလို႔ေက်းဇူးတင္ပါတယ္"

"ကိစၥမရွိပါဘူး"

ဒုန္း!!

တံခါးပိတ္သံေၾကာင့္အမ်ိဳးသမီးကလန႔္သြားၿပီးႏွာခမ္းကိုက္လိုက္ကာျပန္လွည့္ထြက္သြားခဲ့၏။

"ဘာကိစၥလဲ!"

"ခင္မ်ားကိုျပန္လာေခၚတာ!"

"မလိုက္ဘူး ျပန္ေတာ့!"

"ခင္မ်ားျပန္လိုက္မွ"

"ဝမ္ရိေပၚ ဒါပိုင္နက္က်ဴးေက်ာ္မႈဘဲ
မင္းမသြားရင္ငါရဲေခၚရလိမ့္မယ္"

"ရဲေခၚမယ္! ခင္မ်ားဘာျဖစ္ေနတာလဲ
ဟိုအဘြားႀကီးေျပာသြားတာကိုယုံေနတာလား ခင္မ်ားမွာဦးႏွောက္မရွိဘူးလား
သူကြၽန္ေတာ္တို႔ကိုကြဲေစခ်င္ေနတာ!"

"ဒါဆိုလည္းကြာရွင္းၾကမယ္"

"ခင္မ်ား ခင္မ်ား!"

"ကြာရွင္းၾကမယ္ဝမ္ရိေပၚ.."

"ခင္မ်ားဘာစိတ္႐ူးထျပန္တာလဲ
အိမ္ေထာင္ေရးကိုကစားစရာထင္ေနတာလား"

"ငါကြာရွင္းခ်င္တယ္"

"ငါ-ိုး ခင္မ်ားက်ဳပ္ကိုလာကစားေနတာဘဲ
က်ဳပ္ကိုဘာမွတ္ေနတာလဲ
ခင္မ်ားကစားခ်င္တိုင္းကစားလို႔ရမယ္ထင္လား"

"ထြက္သြား!"

ရိေပၚအသံမာသြားတာနဲ႕ေရွာင္းက်န႔္ကမ်က္ရည္ဝဲလာကာရိေပၚကိုအတင္းႏွင္ထုတ္ေတာ့၏။ ရိေပၚကခါးကိုလက္ေထာက္ရင္းေဒါသေတြကိုျပန္ၿမိဳခ်လိဳက္ကာေရွာင္းက်န႔္လက္ေမာင္းႏွစ္ဖက္ကိုတင္းတင္းဆုပ္ကိုင္လိုက္၏။

"ဒီေကာင့္ေၾကာင့္လား!"

"ဘာ!"

"ဒီေကာင့္ေၾကာင့္! ဟုတ္တယ္မဟုတ္လား"

"မဆိုင္တဲ့သူကိုဆြဲမထည့္နဲ႕ဝမ္ရိေပၚ သူကငါ့ကိုကူညီထားတာ"

"ေရွာင္းက်န႔္ ခင္မ်ားအဆိပ္ျပင္းလြန္းတယ္
လူကိုဘယ္လိုလုပ္ရင္နာက်င္ေစလဲခင္မ်ားေကာင္းေကာင္းသိတာဘဲ"

"ငါနာက်င္ရတာကိုမမီပါဘူး"

"ခင္မ်ားက်ဳပ္ကိုအဲ့လိုေကာင္လို႔ထင္ေနတာလား
ခင္မ်ားကဘဝကိုdramaအရမ္းဆန္ခ်င္ေနတာဘဲ
က်ဳပ္နဲ႕မ်က္ႏွာခ်င္းဆိုင္မေျဖရွင္းရဲဘဲ‌နဲ႕ေလ"

"ဝမ္ရိေပၚ မင္းနားမလည္ပါဘူး
မင္းခ်စ္တဲ့သူကငါမဟုတ္လို႔မင္းငါ့ကိုနားလည္မွာမဟုတ္ပါဘူး
ငါ့ရင္ထဲကစိုးရိမ္မႈေတြ သဝန္တိုမႈေတြကိုလည္းမင္းနားလည္မွမဟုတ္ဘူး
ဘာလို႔လဲဆိုေတာ့မင္းခ်စ္တာငါမွမဟုတ္တာ!"

"ခင္မ်ားကပါးစပ္ကခ်စ္တယ္လို႔တစ္ဖြဖြေျပာေနမွခ်စ္တယ္ထင္ေနတာလား
ပါးစပ္ကတစ္ဖြဖြေျပာေနမွခ်စ္ရာေရာက္တာလား"

"ငါ့ကိုေခါင္းလာမစားနဲ႕ေတာ့ ငါေအးေဆးေနခ်င္တယ္
ျပန္ေတာ့!"

ေရွာင္းက်န႔္ကရိေပၚကိုေက်ာခိုင္းၿပီးမီးဖိုေခ်ာင္ဘက္လွည့္ထြက္လာ၏။ ရိေပၚကအရင္လိုသန႔္ရွင္းသပ္ရပ္မႈေတြေပ်ာက္ဆုံးေနၿပီးမုတ္ဆိတ္ငုတ္တိုေလးေတြေပါက္ကာညွင္းသိုးသိုးေလးျဖစ္ေနတယ္။ မ်က္တြင္းေတြလည္းက်ၿပီးသူလည္းအိပ္ေရးပ်က္ေနခဲ့တာလား။

ဝမ္ရိေပၚကေရွာင္းက်န႔္ေနာက္တစ္ေကာက္ေကာက္လိုက္ရင္းေရွာင္းက်န႔္ကဟိုေကာင့္အတြက္ဟင္းခ်က္ေတာ့မွာလည္းျမင္ေရာသဝန္တိုမႈေတြေရာ၊ေဒါသေတြေရာထြက္လာကာျပသနာရွာေတာ့၏။

"ခင္မ်ားဟိုေကာင့္အတြက္ပါထမင္းခ်က္ေပးေနတာလား!"

"ဟုတ္တယ္ သူကၾကင္နာတတ္တယ္
ငါ့ကိုဂ႐ုစိုက္ေပးတယ္ ငါကလည္းျပန္ဂ႐ုစိုက္ေပးတာဘာမွားလို႔လဲ!
တစ္ဖက္သတ္ဂ႐ုစိုက္ေပးေနရတာမွမဟုတ္တာ"

"မခ်က္ရဘူး ခင္မ်ားက်ဳပ္ကလြဲၿပီးဘယ္သူ႕အတြက္မွမခ်က္ေပးရဘူး!
က်ဳပ္ကလြဲၿပီးဘယ္သူ႕ကိုမွလည္းဂ႐ုစိုက္မေပးရဘူး!"

"ငါ့ကိုလာမခ်ဳပ္ခ်ယ္နဲ႕!"

ရိေပၚကေဒါသကိုတစ္ထစ္ေလွ်ာ့လိုက္ၿပီးေရွာင္းက်န႔္ကိုေခ်ာ့လိုက္၏။

"ေရွာင္းပိုင္ကိုရွင္းျပခိုင္းရင္ရၿပီမလား ဒီထက္ပိုၿပီးသူမ်ားအိမ္မွာမေနနဲ႕ေတာ့
ဒီေန႕ဘဲသူ႕ကိုရွင္းျပခိုင္း‌လိုက္မယ္"

"မလိုေတာ့ဘူး မလိုေတာ့ဘူးဝမ္ရိေပၚ!
မင္းသူ႕ကိုဘဲေ႐ြးၿပီးကာကြယ္ေပးပါၿပီ
သူ႕အတြက္စဥ္းစားၿပီးရင္းႏွီးျမႇုပ္ႏွံေပးခဲ့တယ္မလား"

"အဲ့ဒါစီးပြားေရး လူမႈေရးနဲ႕ဘာမွမဆိုင္ဘူး
အဲ့seriesကေပါက္မွာေသခ်ာလို႔ရင္းႏွီးျမႇုပ္ႏွံခဲ့တာ"

"ယွမ်သန္းသုံးဆယ္ေတာင္ေလ"

"ေရွာင္းက်န႔္ မရစ္ပါနဲ႕ေတာ့ဗ်ာ
အိမ္ျပန္ရေအာင္ပါေနာ္
ကြၽန္ေတာ္ေနာက္ဆိုအဲ့ေလာက္မရင္းႏွီးပစ္ေတာ့ပါဘူး"

"ရိေပၚ ငါ့ကိုလႊတ္ထားေပးပါ please!"

"ဝမ္ဝမ္လည္းေမွ်ာ္ေနတယ္ ကြၽန္ေတာ္ခင္မ်ားခ်က္ေပးတဲ့ဟင္းေတြကိုအရမ္းလြမ္းတာဘဲ
ေနာ္ အိမ္ျပန္ရေအာင္ေနာ္"

"ရိေပၚ ငါကမင္းရဲ႕ထမင္းခ်က္မဟုတ္ဘူး! မင္းျပန္ပါေတာ့"

"ခင္မ်ားအဲ့ေကာင္နဲ႕ေဖာက္ျပန္ေနတာလား! အဲ့ဒါေၾကာင့္လား ကြၽန္ေတာ့္ကိုအတင္းႏွင္ထုတ္ေနတာ"

"ဘာ!"


(28.8.22)

.......................


Continue Reading

You'll Also Like

677K 33.5K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
311K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
22.1K 1K 12
"လှပတဲ့ကြာပန်းလေးဝယ် နာခိုးမိတဲ့ပုစဥ်းငယ် အို....မိုက်ရူးရဲဆန်သော ပုစဥ်းငယ် ဤကြာပန်းကို သင်မပိုင်လော" "လွပတဲ့ၾကာပန္းေလးဝယ္ နာခိုးမိတဲ့ပုစဥ္းငယ္ အို...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...