Bodyguard (Complete)

By Sandi_Bear

642K 57K 4.6K

Kim Taehyung × Jeon Jungkook More

Part ~ 1
Part ~ 2
Part ~ 3
Part ~ 4
Part ~ 5
Part ~ 6
Part ~ 7
Part ~ 8
Part ~ 9
Part ~ 10
Part ~ 11
Part ~ 13
Part ~ 14
Part ~ 15
Part ~ 16
Part ~ 17
Part ~ 18
Part ~ 19
Part ~ 20
Part ~ 21
Part ~ 22
Part ~ 23
Part ~ 24
Part ~ 25
Part ~ 26
Part ~ 27
Part ~ 28
Part ~ 29
Part ~ 30
Part ~ 31
Part ~ 32
Part ~ 33
Part ~ 34
Part ~ 35
Part ~ 36
Part ~ 37
Part ~ 38
Part ~ 39
Part ~ 40 (final)

Part ~ 12

15.2K 1.4K 60
By Sandi_Bear

zawgyi

အိမ်ပြာတော်အတွင်း ။

" ထိုင်ပါဦး..."

" Nae..."








" အာ..."







" Bodyguard Jeon..."




" Nae..."


" Nae..."










" သွားမယ်..."

.
.
.


Shopping Mallအတွင်း pool partyအတွက် ဈေးဝယ်ထွက်လာကြသည့် Yeonjun၊ Jihoon၊ Taehyungတို့နှင့်အတူ Jungkookရော Bae Jinyoungရော Choi Soobinပါ ပါလာသည် ။






" Jinyoung..."

" Nae?..."





" မင်း!..."





" ကျွန်တော်..."




" ဈေးဝယ်တာက ပြီးပြီ.. ပြန်မယ်..."





" Nae...."


.
.
.

" ဗွမ်း!!...."









" သိတယ်.. "

" မုန်းဖို့ကောင်းတယ်..."

" သိတယ်..."



" တောက်!..."



.
.
.




" Taehyung ah..."





" အင်း.. ငါ... ပါခဲ့တယ်..."



Jung....။



" Jung..."








" ငါ.. ချွတ်ပေးမယ်..."















" အ!.. အရမ်းပဲ.. နာတယ်..."










" အင်း.. အရေးမကြီးဘူး..."

.
.
.

Sandi Bear
Taekook makes me happy.

unicode

အိမ်ပြာတော်အတွင်း ။
သမ္မတကြီးက Jungkookကိုခေါ်တွေ့၍ Jungkookတစ်ယောက် သမ္မတကြီးအရှေ့မှောက်သို့ရောက်လျှင် သတိအနေအထားဖြင့် ခြေစုံရပ်လိုက်သည် ။

" ထိုင်ပါဦး..."

" Nae..."

သမ္မတကြီးက စကားပြောသည့်အခါ အနည်းငယ် ပြတ်သားကောင်းပြတ်သားလိမ့်မည်ဆိုပေမယ့် ဘယ်သောအခါမှ ခွဲခြားဆက်ဆံသည်မျိုးမရှိဖူး ။

Jungkookက သမ္မကြီးအရှေ့ကထိုင်ခုံမှာ နေရာယူလိုက်ပြီဆိုမှ သမ္မတKimက စာကြည့်မျက်မှန်လေးကိုချွတ်ရင်း ပင့်သက်အသာရှိုက်သည် ။

" ခဏနေကျရင်... Private Flightနဲ့.. UNကို သွားရတော့မှာ.. မသွားခင်.. မင်းကို မှာချင်ခဲ့တာလေးတွေရှိလို့..."

" သခင်လေးအတွက်ကတော့ စိတ်ချပါ.. သမ္မတကြီး.. ကျွန်တော် သေချာ စောင့်ရှောက်မှာပါ..."

" အင်း.. မင်းကိုက ယုံတယ်... မင်းပဲ သူ့ကို ထိန်းနိုင်တာ.. အခု.. ပြောချင်တဲ့စကားက Taehyungကို မင်း ဖြောင်းဖျပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့... အမှာပါးခဲ့ချင်တာ..."

Jungkook၏ အာရုံတစိုက်နားစွင့်ပေးနေသည့် ဟန်ပန်ကို သမ္မတKimက ကြည့်လာသည် ။

" Taehyungရဲ့အမေဘက်က အဘိုးအဘွားက ရှေ့တစ်ပတ်လောက်က ငါ့ကို ဆက်သွယ်လာခဲ့တယ်.. သူတို့က အသက်အရွယ် ရလာပြီဆိုတော့.. နောင်တရတာလားဘာလားတော့ မသိပေမယ့်.. Taehyungကို တွေ့ချင်တယ်တဲ့... အမွေကိစ္စလည်း ပြောချင်တယ်တဲ့... အဲ့ဒါ... စာမေးပွဲပြီးလို့ ကျောင်းပိတ်ရက်ရှည်ကျ သူ့အဘိုးအဘွားရှိတဲ့ Jejuကို သွားနေဖို့ဖြောင်းဖျပေးကြည့်ပါလား..."

" အာ..."

သမ္မတကြီး၏စကားကို Jungkookချက်ချင်း အဖြေမပေးနိုင် ။
အညိုလေးက သူ့အမေနှင့်ပတ်သက်ပြီး သိုဝှက်ထားသည့်ခံစားချက်တို့က နက်ရှိုင်းလွန်းသည် ။
အမိမြေတစ်မြေတည်းမှာ ရှိနေသားနဲ့ ယခုမှပင် အဆက်အသွယ်လုပ်လာသော အဘိုးအဘွားတို့ဆီသွားနေပေးရန် ဖြောင်းဖျလို့ရမရကမသေချာ ။

" ခက်ခဲလောက်မယ်ဆိုတာတော့ သိတယ်... ဒါပေမယ့်.. ငါ့အနေနဲ့တော့ Taehyungကို သူ့အဘိုးအဘွားတွေဆီ သွားစေချင်တယ်.. Taehyungက သူ့ရဲ့အမေနဲ့သိပ်တူတာ... Taehyungကိုသာ သူတို့တွေ့ခဲ့ရင်... နည်းနည်းလောက်ဖြစ်ဖြစ်.. Taehyungအမေကို လွမ်းတဲ့စိတ်တွေ လျော့ပါးသွားလိမ့်မယ်လို့ မျှော်လင့်မိတယ်..."

တစ်ယောက်သောသူကို တမ်းတမိသွားသလို သမ္မတKimက ခပ်ယဲ့ယဲ့ပြုံးသည် ။

" ဟုတ်ကဲ့... ကျွန်တော် သခင်လေးကို ဖြောင်းဖြထားပါ့မယ်... "

Jungkook၏ စကားကြောင့် သမ္မတကြီးက စိတ်ချသွားသလိုမျိုး ခေါင်းညိတ်ပြသည် ။

ထို့နောက်မှာတော့ UNကိုသွားရန်အတွက် အိမ်ပြာတော်ကနေ အတွင်းရေးမှူး၊ Bodyguardများဖြင့် ထွက်ခွာသွားသည့် သမ္မတကြီးစီးသည့်ကားကို ခြံရံသွားသည့် ကားနက်များ၊ လုံခြုံရေးဆိုင်ကယ်များ ။
ဟယ်လီကော်ပတာကလည်း လမ်းကြောင်းရှင်းမရှင်းကြည့်ရန်အတွက် အသင့်အနေအထားဖြင့် စတင်ထွက်ခွာသည် ။

" Bodyguard Jeon..."

သမ္မတကြီး၏ ထွက်ခွာမှုကို ရပ်ကြည့်ကျန်ခဲ့သည့် Jungkook၏အနားကို Bodyguard Bae Jinyoungက ရောက်လာသည် ။

" သခင်လေးကျောင်းသွားတဲ့အခါ ကျွန်တော်ရော လိုက်ပါစောင့်ရှောက်ရမှာလား..."

" ရတယ်... မင်းက အိမ်ပြာတော်မှာပဲ စောင့်ကြပ်ကျန်ခဲ့လိုက်..."

" Nae..."

" ကားကို အသင့်ပြင်ထားပေး... ကျောင်းချိန်နီးပြီ..."

" Nae..."

Bodyguard Bae Jinyoungက Jungkookကို ဦးညွှတ်နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့မှ Jungkookလည်း အညိုလေး၏အခန်းဆီသို့ ဦးတည်လာခဲ့သည် ။

" ငါ့ကို အမွေပေးမယ်တဲ့လား..."

" အဲ့လိုဖြစ်မယ်ထင်တယ်... သခင်လေး... သခင်လေးရဲ့အဘိုးအဘွားတွေက အမွေကိစ္စတွေပါ ပြောချင်တယ်လို့ ပြောတာဆိုတော့...."

အညိုလေး၏ Shirtကြယ်သီးကို Jungkookတပ်ပေးနေရင်းမှ သမ္မတကြီး အမှာပါးခဲ့သည့်အကြောင်းကိစ္စကို ပြန်လည်တင်ပြရင်း အညိုလေး၏မျက်နှာရိပ်မျက်နှာကဲကိုလည်း ကြည့်ရသေးသည် ။

" ကျောင်းပိတ်ရက်ရှည်ကျ သွားနေရုံပဲမလား... သွားတာပေါ့..."

ထိုအကြောင်းအရာကိစ္စကို အညိုလေးက စိတ်ထဲသိပ်မထည့်ဟန်နှင့် ခပ်ပေါ့ပေါ့ဆိုသည် ။

" တကယ် အဆင်ပြေလို့လား.. သခင်လေး..."

" ဘာအဆင်မပြေစရာ အကြောင်းရှိလို့လဲ.. သူတို့က ငါ့ကို အမွေပေးမှာပဲလေ.. သမ္မတကြီးကလည်း ချမ်းသာတယ်ဆိုပေမယ့်.. သူတို့ကလည်း ပေါ့ပေါ့သေးသေး မဟုတ်ဘူး.. ငါ့ရဲ့ ဝေစုရမယ့် အမွေကိုသွားယူရမှာပေါ့... အလကားရမှာပဲလေ... ပြီးရင် မင်းကို ရှယ်အမ်းမယ်..."

Jungkook၏တင်ပါးကို ဖျစ်ညှစ်ရင်း ခပ်စစပြုံးကာ ဆိုလာသည့် အညိုလေး ။

" သွားမယ်..."

လျှာဖျားနီနီလေးကို အသာသပ်ရင်း အရှေ့ကနေ ဦးဆောင်ထွက်သွားခဲ့ကာ Jungkookကတော့ ခန့်မှန်းရခက်သည့် အညိုလေးကြောင့် တွေးစစနှင့်သာ လိုက်ပါလာခဲ့ရသည် ။
.
.
.

" Hyung... စားချင်တာ သောက်ချင်တာမှန်သမျှ ရွေးနော်... "

Shopping Mallအတွင်း pool partyအတွက် စျေးဝယ်ထွက်လာကြသည့် Yeonjun၊ Jihoon၊ Taehyungတို့နှင့်အတူ Jungkookရော Bae Jinyoungရော Choi Soobinပါ ပါလာသည် ။

အလုပ်သမားတွေကို သီးသန့်စီစဥ်ခိုင်းလည်း ရရဲ့သားနှင့် Choi Yeonjunက တမင်သက်သက် Scholarshipကို ညှဥ်းဆဲရအောင် ကိုယ်တိုင်ကိုယ်ကျ ထစီစဥ်နေတာ ။

Yeonjunအနောက် တကောက်ကောက်လိုက်နေရသည့် Soobinက မျက်မှန်ဝိုင်းကြီးကိုပင့်ကာ စိတ်အိုက်လျက်အလိုမကျဖြစ်နေပုံမှာ သိသိသာသာ ။
ဝန်ကြီးသား၏ အနိုင်ကျင့်ဗိုလ်ကျမှုကြောင့် သူ့မှာ ကိုယ်ပိုင်စာလုပ်ချိန်လည်းလျော့သည်၊ အမေ့ဆိုင်မှာကူညီရမည့် အချိန်လည်းလျော့သည် ။

Jihoonကတော့ သူတို့နှင့်အတူ လိုက်ပါလာသော Bodyguard Bae Jinyoungကို မျက်နှာပူနေဆဲဖြစ်ကာ မျက်နှာချင်းမဆိုင်မိအောင် သတိကြီးကြီးကပ်နေမိသည် ။

" ပျင်းတောင် ပျင်းလာပြီ..."

Taehyungက စားစရာသောက်စရာတွေလည်း ရွေးချယ်ဖို့စိတ်ကူးမရှိဘဲ ပျင်းရိပျင်းတွဲဟန်ပန်နှင့် လျှောက်ပတ်ကြည့်နေသည် ။
လူတွေ၏အာရုံကိုသာ ဂရုစိုက်စရာမလိုဘူးဆိုရင် သူ Jungရဲ့ခါးကိုတွယ်ချိတ်ရင်း တစ်ကိုယ်လုံး ပစ်မှီထားမိမှာ ။

" Jinyoung..."

" Nae?..."

Jungkook၏ နားမှာတပ်ဆင်ထားသော ဆက်သွယ်ရေးကိရိယာထံကနေတဆင့် ခေါ်ဆိုမှုကြောင့် Bae Jinyoungချက်ချင်းပြန်ဖြေဆိုလိုက်သည် ။

" ငါတို့ကို နောက်ယောင်ခံ လိုက်နေတဲ့သူရှိတယ်... နာရီလက်တံ ၄၈အနေအထားလောက်မှာ..."

အစောပိုင်းတည်းက Jungkookတို့အနောက်ကို တစ်စုံတစ်ယောက်က တောက်လျှောက်လိုက်လာသလို ခံစားနေရကာ အသေအချာသတိကပ်ပြီး စစ်ဆေးကြည့်အခါ နောက်ယောင်ခံလိုက်လာသူဟုယူဆရသည့်သူအား သတိပြုမိလိုက်သည် ။

Jungkookတို့လိုက်ပါစောင့်ရှောက်နေရသည့်သူက သမ္မတသားဖြစ်သည့်အပြင် ကျန်သည့်သူနှစ်ယောက်ကလည်း သံအမတ်သားနှင့် ဝန်ကြီး၏သား ။
ထို့ကြောင့် နောက်ယောင်ခံလိုက်လာသူအား အချိန်းအချက်နှင့် အပေးအယူလုပ်ရင်း ဖမ်းဆီးရသည် ။

" မင်း!..."

စင်တန်းတွေအကွယ်မှာ လက်ပူးလက်ကြပ်ဖမ်းဆီးမိလိုက်သည့် Bae Jinyoungဖမ်းချုပ်ထားသည့်သူက ဟိုတစ်ခေါက်တုန်းက အီတလီစားသောက်ဆိုင်မှာ ဆုံတွေ့ခဲ့သည့်လူ ။

Jungkook ထိုသူ့ကိုသေချာပေါက် မှတ်မိသည်၊ သူ့ကြောင့် အညိုလေးက မူပျက်သွားခဲ့ဖူးသည် ။

သိုသိုသိပ်သိပ်ဖမ်းချုပ်မှုက တခြားလမ်းသွားလမ်းလာများကို အနှောင့်အယှက်မဖြစ်စေလိုက် ။

" မင်း.. ဘာရည်ရွယ်ချက်နဲ့ ငါတို့နောက်ကို လိုက်နေတာလဲ..."

" ကျွန်တော်..."

ဖြေဆိုရန် တုံ့ဆိုင်းနေဟန်နှင့် ထိုသူက Jungkookအနောက်ကနေ ပေါ်လာခဲ့သည့် Taehyungကိုမြင်လျှင် အပြစ်ရှိသူလို ခေါင်းငုံ့ကျသွားသည် ။

" သူက ငါတို့နောက် လိုက်တာ မဟုတ်ဘူး.. Jung... လွှတ်ပေးလိုက်..."

Taehyungက ထိုသူ့ထံအေးတိအေးစက် စိုက်ကြည့်သည်မှာ ခေတ္တမျှသာ..။
ချက်ချင်းပဲ အကြည့်ပြန်လွှဲလိုက်ရင်း...

" စျေးဝယ်တာက ပြီးပြီ.. ပြန်မယ်..."

Jungkook မျက်မှောင်စုကြုံသွားရပေမယ့် Bae Jinyoungကိုတော့ ထိုလူ့အားအလွှတ်ပေးရန် အချက်ပြလိုက်သည် ။

ခေါင်းငိုက်စိုက်ချထားသည့် ထိုသူ့ကို Jungkook အလွှတ်ပေးလိုက်ရသော်ငြား သံသယတို့ကတော့ ပိုမို တိုးလာခဲ့သည် ။
သေချာပေါက် အညိုလေးနဲ့ထိုသူ့ကြားမှာ တစ်ခုခုရှိနေတယ်...။

" သူက အန္တရာယ်ရှိတဲ့သူတော့ မဟုတ်လောက်ဘူး... Bodyguard Jeon... ကျွန်တော် သူ့ကိုဖမ်းချုပ်လိုက်တုန်းက လွယ်လင့်တကူပဲ.. ကိုယ်ခံပညာလည်းမရှိဘူး... ပြီးတော့ နောက်ယောင်ခံလိုက်ပုံကလည်း မသေသပ်ဘူး..."

" အဲ့ဒီလို အန္တရာယ်မပေးနိုင်တဲ့ပုံရှိတဲ့သူတွေက ပိုပြီး အန္တရာယ် အများဆုံးပဲ.. သတိတစ်ချက်မှ မလွှတ်နဲ့..."

" Nae...."

Jungkook ထိုစကားကို ခပ်ပြတ်ပြတ်ဆိုလိုက်ပေမယ့် သူလည်း Bae Jinyoungပြောသည်ကို သတိထားမိသည် ။

ဒါပေမယ့် အန္တရာယ်အငွေ့အသက် လွှမ်းခြုံနေသည့် နောက်ယောင်ခံလိုက်ခံရတဲ့ ခံစားချက်ကို သေချာပေါက် ခံစားမိလိုက်တာ..။
အဲ့ဒီ့စားသောက်ဆိုင်က တစ်ယောက်မဟုတ်ဘူးဆိုရင် နောက်ယောက်ခံလိုက်တဲ့သူက ထပ်ရှိနေသေးတာလား??..
ထိုအတွေးနှင့်အတူ Jungkook ပတ်ဝန်းကျင်ကို အကဲခတ်လိုက်စဥ် အုတ်နံရံထောင်ချိုးမှာ အကာအကွယ်ယူထားသည့် လူတစ်ယောက်က ကတ်ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားကာ မျက်နှာကိုလည်း Maskနှင့်ဖုံးကာထားရင်း သူတို့အား တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည် ။
.
.
.

" ဗွမ်း!!...."

Yeonjunတို့၏ အိမ်တော်ရှိ မြေညီထပ်က တသီးတသန့်တည်ဆောက်ထားသည့် ရေကူးကန်က ဇိမ်ခံHotelတွေက ရေကူးကန်များကဲ့သို့ပင် အထက်တန်းကျ သပ်ရပ်ပြီး ကျယ်ဝန်းသည် ။

ရေကူးကန်ဘေးမှာ အပန်းဖြေထိုင်ခုံများကို စီရီစွာချထားလျက် စားပွဲဝိုင်းထက်တွင်တော့ သောက်စရာ ယမကာဖျော်ရည်အစုံနှင့် အမြည်းအစုံရှိသည် ။

Bae Jinyoungနှင့် Jeon Jungkookကတော့ ခပ်လှမ်းလှမ်းမှာသာ စောင့်ကြပ်နေကာ အတူပျော်ပါးရန်ခေါ်ဆိုလည်းမရ ။
Choi Soobinကတော့ သူတစ်ယောက်ပဲ ဒိုင်ခံပြီး အမြည်းများ ယမကာများကို စီစဥ်ပေးနေရသည် ။

ဝန်ကြီးသားက သူ့ကို တမင်သက်သက် အကျင့်ယုတ်နေတာ..။
ဒီလောက် အလုပ်သမားတွေအများကြီး ရှိနေတာကို Soobinတစ်ယောက်ကိုပဲ သိမ်းကြုံးလုပ်ခိုင်းသည် ။

" ငါ့ကို ကြည့်တဲ့အကြည့်က မီးတွေတောက်နေပါလား... ဘာလို့လဲ.. မကျေနပ်ဘူးလား..."

ရေကူးကန်ထဲကနေ ပြန်တက်လာသည့် Yeonjunက Bathrobeကိုထပ်ဝတ်ရင်း ခုံမှာ ထိုင်လာကာ သူ့ကို မီးဝင်းဝင်းတောက်သည့်အကြည့်နှင့် ကြည့်နေသည့် Scholarshipကို ရန်စလိုက်သည် ။

မျက်မှန်ဝိုင်းဝိုင်းကြီးအောက်က ဒေါသထွက်သလို တရှုးရှုးတရှားရှားအကြည့်ကို မြင်ရသည်က သိပ်ကိုပျော်ဖို့ကောင်းသည် ။

" မင်းက သိပ်ကို အကျင့်ယုတ်တယ်..."

" သိတယ်.. "

" မုန်းဖို့ကောင်းတယ်..."

" သိတယ်..."

" မင်း!!.. ငါ့ကို အဲ့ဒီလောက်တောင် ကြည့်မရဖြစ်နေတာလား.. ငါ့ကို ဘာလို့ အနိုင်ကျင့်တာလဲ.. ငါမင်းကို ဘာလုပ်မိလို့လဲ..."

ဒေါသတရားကို မထိန်းချုပ်နိုင်တော့သည့် Choi Soobin ခံပြင်းလှစွာ ဆိုလာခဲ့လျှင် Yeonjunက အဖြေမပေးဘဲ ပခုံးတွန့်ပြသည် ။

" တောက်!..."

ထိုဝန်ကြီးသားအရှေ့မှာ သူ ထပ်ရပ်နေမိလျှင် တစ်ခုခုလုပ်ပစ်မိမည်စိုး၍ Soobin တောက်ခေါက်ရင်းသာ လှည့်ထွက်ခဲ့ရသည် ။

Yeonjunကတော့ စပ်ထားသည့် အရက်ခွက်လေးကို မော့သောက်ကာ Scholarshipနောက်ကျောကို စိုက်ကြည့်ကျန်ခဲ့ရင်း..။

" မင်းက ငါ့ကို မကြည့်လို့လေ.. စာတစ်ခုပဲ သိတဲ့.. Scholarshipရဲ့.."
.
.
.

ရေကူးကန်ထဲမှာ ကူးခတ်နေသည့် Taehyung ။

ရေကူးနေရာမှ ရေငုပ်လိုက်ကာ အောက်ခြေနက်နက်အထိ ငုပ်ဆင်းလာခဲ့သည် ။
လေရှုထုတ်မှုကြောင့် ရေမြှုပ်ပူဖောင်းလေးတွေက စီခနဲ စီခနဲ ထွက်ပေါ်နေသည် ။

အောက်ခြေသို့ရောက်လျှင် သူ ဒူးလေးကို လက်နှစ်ဖက်လုံးနှင့် ပွေ့ဖက်ကာ မျက်ဝန်းတို့ကို စုံမှိတ်မိလိုက်လျှင် မြင်ယောင်လာသည့် အတိတ်၏တစ်စွန်းတစ်စ ။

" Taehyung ah..."

ပြုံးရယ်လိုက်တိုင်း မှေးမှိတ်သွားခဲ့သည့် မျက်ဝန်းတွေ..။
နှုတ်ခမ်းထူထူဆီက ဖြစ်တည်တတ်သည့် အပြုံးချိုချို..။

ပျော်ရွှင်နေသည့် ပုံရိပ်တွေကနေ ကူးလူးသွားခဲ့သည့် မြင်ကွင်းတွေ..။
သူက Taehyung အရှေ့မှာ ခေါင်းငိုက်စိုက်ချထားသည် ။

" တောင်းပန်ပါတယ်.. Taehyung..."

" ငါ့ကို.. တစ်ခုပဲဖြေ... အခုဖြစ်ခဲ့တဲ့ကိစ္စမှာ မင်းရော.. ပါခဲ့လား..."

" အင်း.. ငါ... ပါခဲ့တယ်..."

တုန်ရီစွာထွက်ပေါ်လာသည့် ဝန်ခံသံအဆုံး Taehyung အသက်ရှုကြပ်လာခဲ့သည် ။

ရေအောက်မှာ ရုန်းကန်နေရရင်း အပေါ်ဆီသို့လည်း ပြန်မတက်နိုင် ။
အသက်ရှုရပ်မတတ် ခံရခက်သည့်ဝေဒနါကို ခါးစည်းခံနေရစဥ် သူရှိရာဆီ ဒိုင်ဗင်ထိုးဝင်လာပြီး ကူးခတ်လာခဲ့သည့် တစ်ယောက်သောသူ၏ပုံရိပ်က မှုန်ပြပြ ။

Jung....။

Taehyung၏ ခါးသွယ်သွယ်ကို ဖက်တွယ်လာခဲ့သည့် Jungက နှုတ်ခမ်းချင်းတေ့ရင်း အောက်ဆီဂျင်ပေးသည် ။
သူတို့နှစ်ယောက် ပတ်ဝန်းကျင်မှာ ပေါ်ထွက်နေခဲ့သည့် ရေမြှုပ်တွေ..။

Jungက ရေပေါ်သို့ Taehyungအားဆွဲဖက်ရင်း ပြန်ခေါ်သွားခဲ့မှ ရေထဲကနေပေါ်လာခဲ့သည့် Taehyung အောက်ဆီဂျင်အား အလုအယက်ရှုလိုက်ရသည် ။

" Jung..."

Yeonjunအိမ်က စီစဥ်ပေးထားသည့် အခန်းထဲမှာ Taehyung ရေစိုနေသည့်အဝတ်အပေါ် တဘက်ပိုင်းလွှမ်းခြုံထားရင်း သူ့အား အခန်းထဲ လိုက်ပို့ဆောင်ပေးသည့် Jungအား အသံပြုလိုက်ပေမယ့် မျက်နှာထားတည်တည်နှင့် Jungက သူ့အားတစ်ချက်မကြည့် ။

" Jungလို့... အဲ့ဒါက မတော်တဆ ဖြစ်သွားတာပါဆို..."

" ကျစ်!.. ကျွန်တော်သာ သခင်လေးကို အချိန်မှီသတိမပြုမိခဲ့ဘဲ လွှတ်ထားမိမယ်ဆို.. သခင်လေးတစ်ခုခုဖြစ်နိုင်တာ သိတယ်မလား..."

" မင်း သတိပြုမိခဲ့တာပဲလေ.. အဲ့ဒါကြောင့်.. ငါ အခု အကောင်းကြီးမလား.. ကြည့်.."

Taehyung ရေကူးကန်ထဲကနေ ပြန်မတက်နိုင်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး Jungက အကြီးအကျယ်စိတ်ဆိုးနေကာ Taehyungကို အကြည့်ချင်းမဆုံဘဲလွှဲသွားသည် ။

" Jung... ငါ့ရဲ့Jung... ငါ မှားသွားတယ်လေနော်.."

Jungရဲ့လက်ကို ဆုပ်ကိုင်ပြီး တောင်းပန်လိုက်ပေမယ့် Jungက ခါထုတ်ရင်း ရေစိုနေသည့်Bodyguardဝတ်စုံကို ချွတ်ရန်ပြင်သည် ။

" ငါ.. ချွတ်ပေးမယ်..."

Jungရဲ့ခါးပတ်ခေါင်းဆီ Taehyung လက်လှမ်းလိုက်ပေမယ့် ပုတ်ထုတ်ခံရလျှင် လူက နည်းနည်း တင်းသွားရသည် ။
ထို့ကြောင့် တဘက်ပိုင်းအဖြူကိုလည်း ဖယ်ချကာ သူ့၏ရေစိုနေသည့်တီရှပ်နှင့် ရေကူးဘောင်းဘီကိုပါ ဆွဲချွတ်လိုက်သည် ။

အဝတ်အစားကင်းမဲ့သွားသည့် Taehyungတစ်ယောက် Jungအရှေ့မှာ ရပ်ပြလိုက်လျှင် Jungက တစ်ချက်သာကြည့်ပြီး သူ့ကိုယ်သူ အပေါ်ဝတ်ကုတ်ကို ချွတ်နေသည် ။

" မင်း ငါ့ကို ကြည့်မှာလား မကြည့်ဘူးလား..."

အရေးမစိုက်ဟန် Jungkookပုံစံကြောင့် Taehyung မခိုးမခန့် ဟက်ခနဲတစ်ချက်ရယ်သည် ။

" ကောင်းပြီလေ.. မင်းမကြည့်ဘူးဆိုရင်.. ငါ တန်းလန်းတန်းလန်းနဲ့ Yeonjunတို့အရှေ့လည်းသွားမယ်.. အပြင်တွေလည်း လိုက်ပတ်လျှောက်သွားမယ်.. သမ္မတသားရဲ့ကိုယ်လုံးတီးနဲ့ လမ်းမထက်သလားနေတဲ့ သတင်းပုံရိပ်တွေသာ ပျံ့သွားရင် တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြမှာပဲ..."

အခန်းပြင်သို့ အဝတ်မဲ့ကိုယ်လုံးနှင့် တကယ်ထွက်ရန်ပြင်လိုက်မှ Jungက သူ့လက်ကိုလမ်းဆွဲတားလာသည် ။

" ကျွန်တော်ပိုင်တဲ့ အဲ့ဒီ့တန်းလန်းတန်းလန်းကို သူများတွေလိုက်ပြမယ်ဆိုရင် တစ်ခါတည်း တန်းလန်းတန်းလန်းကို ဖြတ်ပစ်မှာ.. တကယ်မလုပ်ဘူးမထင်နဲ့..."

ဒေါသမပြေသေးသည့် Jungလေသံနှင့်အကြည့်က ကျောစိမ့်ဖွယ်ရာမို့ Taehyungရဲ့Juniorလေးတောင် ကျုံ့ဝင်သွားသလို ခံစားလိုက်သည် ။

" မင်းမှ ငါ့ကို မကြည့်တာ..."

Jungkookက Shirtကို သုံးလေးလုံးလောက် ဖြုတ်ထားလျက် ကုတင်ထက်မှာ ထိုင်ချလိုက်လျှင် Taehyungလည်း အဝတ်မဲ့ခန္ဓာကိုယ်နှင့်ပင် သူ့အပေါ်ခွထိုင်လိုက်သည် ။

" ကျွန်တော် စိတ်ဆိုးနေသေးတယ်..."

" ဘယ်လိုပြေအောင် လုပ်ပေးရမလဲ..."

Jungkook၏ ခန္ဓာကိုယ်ကို ပွတ်သီးပွတ်သပ်လုပ်နေသည့် Taehyungက Jungkook၏ လည်ပင်းသားကို လျှာဖျားနှင့်ထိတွေ့ကျီစယ်ကာ ခပ်ဖွဖွကိုက်ခဲလိုက် စုပ်ယူလိုက်နှင့် အမှတ်သားချန်နေသည် ။

ဆူဝေလာသည့် သွေးသားဆန္ဒကြောင့် Jungkook သူ့အပေါ်က အဝတ်မဲ့ခန္ဓာကိုယ်ကို ပြန်လည်ဖက်တွယ်ရင်း ပခုံးသားကို ကိုက်ခဲစုပ်ယူကာ ခပ်နာနာဖိကိုက်ချလိုက်သည် ။

" အ!.. အရမ်းပဲ.. နာတယ်..."

" ကျွန်တော်က ပိုနာတယ်.. နောက်တစ်ခါ သခင်လေးအန္တရာယ် ရှိစေမယ့်အပြုအမူတွေကို ထပ်မလုပ်နဲ့.. ကျွန်တော်.. ရူးသွားမယ်ထင်တယ်..."

စိတ်ရင်းအမှန်မှန်း သိရှိနိုင်သည့် ဖွင့်ဟဝန်ခံသံတိုးတိုး ။

Taehyung အနည်းငယ် မှင်သက်သွားရင်းမှ Jungနှင့် အကြည့်ချင်းဆုံစေလိုက်လျှင် Jung၏ခံစားချက်များပြည့်နှက်နေသည့် မျက်ဝန်းထဲမှာ အကြောက်တရားတစ်ချို့ကို တွေ့လိုက်ရသည် ။

" အင်း... ငါ လုံးဝ အန္တရာယ်ဖြစ်စေမယ့်ကိစ္စတွေကို မလုပ်တော့ဘူး..."

Jung၏ မေးရိုးကိုလက်ဖျားလေးနှင့် ခပ်ဖွဖွထိတွေ့ရင်းမှ Taehyung ကတိစကားပေးလိုက်ပြီး Jungနှုတ်ခမ်းသားထံ ထိကပ်လိုက်သည် ။

ပြင်းရှရှအနမ်းများက ပူလောင်ဆူဝေသည့်ဘက်ကို ကူးပြောင်းလာလျက် အချင်းချင်း အငမ်းမရငုံထွေးနမ်းရှိုက်စုပ်ယူနေမှုကို Jungkook ခဲရာခဲဆစ် လက်စဖြတ်လိုက်ရသည် ။

" ငါ့ဟာ..နာနေပြီ.. ဘာလို့ရပ်လိုက်တာလဲ.."

" သူများအိမ်လေ... မသင့်တော်ဘူး..."

" ဒီလိုအချိန်မှာ အဲ့ဒါက သောက်ရေးကြီးလား.. "

" အင်း.. အရေးမကြီးဘူး..."

Jungkook၏အဖြေကြောင့် Taehyungနှုတ်ခမ်းပါးက ကွေးညွှတ်သွားရသလို Jungkookလည်း ပြုံးရိပ်ယောင်နှုတ်ခမ်းသားနှင့်သာ အနမ်းတို့ကို ပြန်လည်ချိတ်ဆက်ရင်း မွတ်သိပ်စွာ ပြင်းပြစွာ အချစ်ခရီးကို ရှေ့ဆက်ခဲ့ကြတော့သည် ။
.
.
.

Sandi Bear
Taekook makes me happy.

Continue Reading

You'll Also Like

80.6K 8.3K 46
"Hope deferred makes the heart sick, but when longing is fulfilled, it is a tree of life." Corrie Walker never expected to have to abandon her Engl...
16.8K 1.2K 36
ماذا تفعل عندما تحب شخص ما ، شخص بعيد عنك ، و لكنك مازلت تحبه ، مهما تكون الصعاب ؛ تتذكره، ليس لأنه مشهور ، ولكن فعلا لأن قلبك معه ؛ و هنا تلعب الأقد...
12.2K 527 50
Due to a strange twist in time, Sarah Teubner and Carly Sullivan are suddenly thrown back in time to when Erik is on his way to Persia. What will hap...
78.6K 5.1K 15
YoonMin & TaeKook *Yaoi*