ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူ...
By suukhant
794K 55.3K 3.8K
ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန... More
Part- 1
Part- 2
Part-3 💛
Part- 4💛
Part- 5
Part- 6💛
Part- 7💛
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part-13
Part- 14
Part- 15
Part-16
Part-17
Part-18
Part-19
Part- 20
Part- 21
Part-22
Part- 23
Part- 25
Part- 26
Part- 27
Part- 28
Part- 29
Part- 30
Final Part
Special part- 1
Special part- 2 (Unicode)
Special part- 2 (Zawgyi)
Part-24
19.9K 1.6K 109
By suukhant
"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"
Part- 24
For unicode
"ရှောင်းကျန့် မင်းတစ်ခုခုထစားဦး"
"ငါဘယ်လိုလုပ်ရမလဲရိရန် ဟင့်"
ရှောင်းကျန့်ကပြောရင်းခန္ဓာကိုယ်ကတုန်ရင်လာကာငိုလာပြန်သည်။ ရှောင်းကျန့်ကိုယ်ကတသိမ့်သိမ့်ရှိုက်နေသောကြောင့်သနားစဖွယ်အတိ။ မနေ့ကတည်းကရောက်လာပြီးငိုနေတာအခုထိအငိုမရပ်နိုင်သေး။ ငိုအားကြီးလို့အသံတောင်မထွက်နိုင်တော့ဘူး။ ရောက်ကတည်းကအစားလည်းသေချာဝင်အောင်မစား၊ အစကတည်းကပိန်ရတဲ့အထဲ ကိုယ်ဝန်ပါရှိနေတော့လူကပါးလှပ်နေတော့သည်။
မနေ့ညကဝမ်ရိပေါ်ဖုန်းဆက်တော့လည်းရှောင်းကျန့်သဘောအတိုင်းလိမ်ပေးလိုက်ရသည်။ တစ်ဖက်ကလူကလည်းအမှန်တကယ်စိုးရိမ်နေပုံရပြီးအသံတွေတောင်တုန်ရင်နေကာ ရှောင်းကျန့်ရှိနေဖို့မျှော်လင့်နေပုံရသည်။ နောက်ဆုံးဝမ်ရိပေါ်ကရှောင်းကျန့်ရောက်လာရင်သူ့ကိုဆက်သွယ်ပေးဖို့တောင်းဆိုသံကဝမ်ရိပေါ်လိုမာနကြီးတဲ့လူနဲ့တောင်မလိုက်ဖက်ချင်။ အခုလည်းလိုင်းပေါ်ကသတင်းကိုမြင်ပြီးရှောင်းကျန့်ကငိုနေပြန်သည်။
ဘာဘဲဖြစ်ဖြစ်နှစ်ဦးနှစ်ဖက်တွေ့ပြီးညှိနှိုင်းကြဖို့ပြောပေမယ့်ရှောင်းကျန့်ကလက်မခံ။ သူ့စိတ်သူပြင်ဆင်ထားဖို့အချိန်လိုတယ်တဲ့။ ရှောင်းကျန့်လိုသန်မာတဲ့လူကဒီလိုပျော့ဖပ်နေတော့လည်းသူလုံးဝစိတ်မကောင်း။ ငိုပြီးရောက်လာတုန်းကလည်းအကျိုးအကြောင်းမေးမြန်းခဲ့ပေမယ့်ပြန်မဖြေ။ မျက်လုံးဖောင်းလောက်အောင်သာငိုဘဲငိုနေခဲ့သည်။
ကြည့်ရတာဒီမနက်တက်လာတဲ့HSကအမှန်ဖြစ်မယ်ထင်တယ်။ ရှောင်းကျန့်ဆိုတဲ့လူကဝမ်ရိပေါ်ကိုဘယ်လောက်ချစ်လိုက်လဲ။ သူproposeအကြိမ်ကြိမ်လုပ်ခဲ့တာတောင်အားမနာစတမ်းငြင်းပစ်ခဲ့တာလေ။ အဲ့ကောင်ကရှောင်းကျန့်ကိုလုံးဝတန်ဖိုးမထားဘူးဘဲ။
ရိရန်ကရှောင်းကျန့်cmtတွေကိုဆက်မဖတ်နိုင်အောင်ဖုန်းကိုဆွဲလုပြီးရှောင်းကျန့်ဖတ်နေတဲ့သတင်းကိုဆက်ဖတ်လိုက်၏။ 'ဝမ်ရိပေါ်နဲ့ ရှောင်းပိုင်ဆေးရုံကိုဘာလာလုပ်တာလဲ' 'ရှောင်းပိုင်ရဲ့ကိုယ်ဝန်'‌နှစ်ခုလုံးကHS 1နဲ့2မှာနေရာယူထားကာအင်တာနက်အသုံးပြုသူတွေကဆက်တိုက်repostလုပ်နေကြ၏။ အထူးသဖြင့်ဝမ်ရှောင်းCP fanတွေနဲ့ကျောင်းတုန်းကအသိတွေ။
'ငါပြောတယ်မလား ဝမ်ရိပေါ်နဲ့ရှောင်းပိုင်ဆက်ဆံရေးကမရိုးသားဘူးလို့'
'ဝမ်ရိပေါ်နဲ့ရှောင်းပိုင်ကကျောင်းတုန်းကတည်းကကြိုက်နေကြတာ
ငါတို့ပြောတာမှမယုံကြတာ ဟဟဟ'
'ငါတို့မင်းသားလေးကိုဂရုစိုက်ပေးပါဦးဝမ်ရိပေါ်ရေ'
'ကလေးလေးရဲ့အနာဂတ်သတို့သမီးကကျွန်မပါရှင်'
'ရှောင်းပိုင်ကကံကောင်းလိုက်တာ ဝမ်ရိပေါ်ကတကယ့်စီးပွားရေးလုပ်ငန်းရှင်'
စတဲ့cmtတွေကတော့likeအများဆုံးရထားပြီးဆွေးနွေးမှုတွေလည်းဆက်တိုက်မြင့်မားလာခဲ့သည်။ ဒါပေမယ့်ရှောင်းပိုင်အတွက်မကောင်းတဲ့မှတ်ချက်တွေလည်းအများကြီးရလာခဲ့သည်။ အထူးသဖြင့်စုန့်ရှောင်းcp fanတွေဖြစ်သည်။ သူတို့ကရှောင်းပိုင်ကိုပိုင်းလုံးသဖွယ်မှတ်ချက်ပေးခဲ့ကြသည်။ cpပြိုကွဲသွားလို့ငိုတဲ့သူကငိုနဲ့၊ပေါက်ကွဲတဲ့သူကပေါက်ကွဲနေကြသည်။
"မင်းနားလိုက်ဦးရှောင်းကျန့်"
"အင်း"
ဝမ်ရိပေါ်ကရှောင်းကျန့်ဆေးရုံလာမယ်ထင်လို့ဆေးရုံ reception ကထိုင်ခုံမှာဒီအတိုင်းထိုင်စောင့်နေတာဖြစ်သည်။ သူကမနက်စာလေးတောင်မပြင်တတ်တာမို့ဝမ်ဝမ့်ကိုတော့မားတို့ဆီသွားပို့ထားလိုက်သည်။ သူလည်းမနက်စာကိုအခုထိမစားရသေး။ သူ့ပုံစံကညှင်းသိုးသိုးဖြစ်နေကာမနေ့ညကအရက်သောက်ထားတာကြောင့်ခေါင်းကလည်းရီဝေနေသည်။
အိပ်ရာကထတည်းက‌အကုန်အလွဲလွဲအချော်ချော်၊ဘာတစ်ခုမှလုပ်လို့အဆင်မပြေ။ ရှောင်းကျန့်နဲ့ရင်းနှီးတဲ့အပေါင်းအပါတွေကိုလည်းအကုန်ဆက်သွယ်ကြည့်ထားပြီးပြီ။ ရှောင်းကျန့်နဲ့ဘယ်သူနဲ့မှအဆက်အသွယ်မရလို့သူတော်တော်စိတ်ပူနေပြီ။ ဒီနေ့မှဆေးရုံမလာရင်သူလုပ်လို့ရတာမှန်သမျှအကုန်လုပ်မိတော့မယ်။
"ရိပေါ် ဝမ်ရိပေါ်!!"
"ကော.."
"မင်းဒီမှာဘာလုပ်နေတာလဲကွာ မင်းပုံစံလည်းပြန်ကြည့်ဦး"
"ကျွန်တော့်ပုံစံကဘာဖြစ်နေလို့လဲ"
‌ဆေးရုံရဲ့CEOကသက်ပြင်းချလိုက်ပြီးခေါင်းယမ်း၏။ ဝမ်ရိပေါ်ကfashionကသိသိသာသာမလိုက်ဖက်ဘူးဖြစ်နေတယ်။ ဖြစ်သလိုကောက်စွပ်လာပုံဘဲ။
"ငါ့ရုံးခန်းထဲသွားမယ်"
"မလိုက်တော့ဘူး"
"မင်းဘာဖြစ်နေတာလဲငါ့ညီရာ မင်းသတင်းကိုငါတွေ့တယ်နော်"
"ကောတွေ့တယ်ဆိုရင် ရှောင်းကျန့်လည်းတွေ့မှာပေါ့နော်
ဒါမှကျွန်တော့်ကိုစိတ်ဆိုးပြီးရန်ရှာဖို့အိမ်ပြန်လာမှာ"
"ရှောင်းကျန့်ကိုလာစောင့်နေတာလား"
"အင်း"
"ဒါဆိုစောင့်‌မနေနဲ့တော့ ရှောင်းကျန့်ကအခုနလေးတင်ဘဲတစ်နှစ်ပြည့်ခွင့်တင်သွားတယ်"
"တစ်နှစ်မပြည့်သေးဘူးမလား ဘာလို့ခွင့်ပေးလိုက်ရတာလဲ!"
ဝမ်ရိပေါ်မျက်နှာကသိသိသာသာပျက်ယွင်းသွားကာအသံတောင်ကျယ်လာခဲ့၏။
"သူကမင်းလောင်ဖောလေ အခွင့်ထူးမပေးလို့ရမလား!"
ဝမ်ရိပေါ်ကဆေးရုံရဲ့CEOကိုနှုတ်တောင်မဆက်နိုင်တော့ဘဲပြေးထွက်သွားခဲ့၏။ ဝမ်ရိပေါ်ကကားကိုခပ်ကြမ်းကြမ်းမောင်းရင်းသူ့အတွင်းရေးမှူးကိုမြန်မြန်ဖုန်းဆက်လိုက်၏။
"ရှောင်းကျန့်ဖုန်းနံပါတ်ကိုမြန်မြန်ခြေရာခံလိုက်တော့!"
ဝမ်ရိပေါ်ကရှောင်းကျန့်ကိုရှာမတွေ့ခင်မှာဘဲweiboပေါ်ကဆွေးနွေးမှုတွေကမြင့်သထက်မြင့်တက်လာခဲ့သည်။ ဒါနဲ့ဆိုရှောင်းပိုင်နဲ့ဝမ်ရိပေါ်HSပေါ်ရောက်တာသုံးလေးကြိမ်ရှိပြီမို့လူတွေနဲ့မစိမ်းသက်တော့။
အချိန်အားဖြင့်၁၂နာရီလောက်မှာcmtတစ်ကြောင်းကြောင့်ဝမ်ရိပေါ်၊ရှောင်းကျန့်၊ရှောင်းပိုင်တို့ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းကဝေဖန်မှုမြင့်သထက်မြင့်တက်လာခဲ့သည်။ သူမရေးထားတာက'ရှောင်းပိုင်နဲ့‌ဝမ်ရိပေါ်ကတကယ်လား ဝမ်ရိပေါ်ကတကယ်လူရှုပ်ဘဲ ဝမ်ဝမ်လေးကိုသနားလို့ဘယ်လိုလုပ်ရမလဲ ရှောင်းကျန့်ကိုရော ရှောင်းကျန့်ကသိပ်လှတာ ရှောင်းကျန့်ကိုတန်ဖိုးမထားဘဲရှောင်းပိုင်နဲ့ဖောက်ပြန်ရဲတယ် ဝမ်ဝမ်ကိုသနားလို့ငါကအကုန်ဖော်မှာဘဲ ဝမ်ရိပေါ်မှာအိမ်ထောင်ရှိတယ်ရှောင်းပိုင်ရဲ့'..။
cmtရေးထားခဲ့တာကဝမ်ဝမ့်ရဲ့အရင်မူကြိုဆရာမလေးဖြစ်သည်။ သူမကအိမ်ထောင်ကျသွားလို့သူမရဲ့အိမ်ရှင်နဲ့လိုက်ပါနေထိုင်ခဲ့တာဖြစ်သည်။ ဒီပို့စ်တွေကိုတွေ့ရတော့သူမဘယ်လိုမှမနေနိုင်တော့။  သူမကဘာလို့ဝမ်ရိပေါ်နဲ့ရှောင်းပိုင်ကိုကောင်းချီးပေးရမှာလဲ။ ရှောင်းပိုင်ကနောက်မှပေါက်တဲ့ရွှေကြာမှန်းသိသာနေတဲ့ဟာ...
ထိုcmtကြောင့်ဝမ်ရိပေါ်တို့အတွင်းရေးကိုလူတွေပိုစိတ်ဝင်စားလာကြပြီးရှောင်းကျန့်အကြောင်းပါစပြီးရှာလာကြ၏။ ကျောင်းတုန်းကရှောင်းပိုင်သူငယ်ချင်းတွေကလည်း ရှောင်းကျန့်နဲ့ရှောင်းပိုင်ဟာညီအစ်ကိုတွေဖြစ်ကြောင်း၊ရှောင်းကျန့်ကသူ့ညီရည်းစားကိုအမြဲတမ်းစနိုက်ကျော်ချင်နေကြောင်းသူတို့သိထားသလို‌မှတ်ချက်ပေးလာကြ၏။ ထိုမှတ်ချက်တွေကြောင့်ထိုမူကြိုဆရာမရော၊ရှောင်းကျန့်ကိုပါအင်တာနက်အသုံးပြုတွေကရိုင်းစိုင်းစွာဆဲဆိုလာခဲ့ကြပြန်သည်။
ရှောင်းပိုင်သူငယ်ချင်းတွေကြောင့်ရှောင်းကျန့်weibo accကိုလည်းသိသွားကြပြီးသူ့ကိုဆဲဆိုထားတဲ့မက်ဆေ့ခ်ျတွေအများကြီးကိုလည်းပို့လာကြ၏။ ရှောင်းကျန့်ကိုဆဲရုံနဲ့မကျေနပ်နိုင်သေး၊ရှောင်းကျန့်အကောင့်မှာတင်ထားတဲ့ဝမ်ဝမ့်ကိုပါဆဲလာခဲ့ကြတယ်။
ထိုcmtတွေကြောင့်ရှောင်းကျန့်ဒေါသထွက်လွန်းလို့အသက်ရှူနှုန်းတွေတောင်ကမောင့်ကမဖြစ်သွား၏။ ဒါပေမယ့်သူလိုအစွမ်းအစမရှိတဲ့လူကဘာလုပ်နိုင်မှာလဲ။ ထိုaccကိုဖျက်ရုံဘဲရှိတော့တာပေါ့..။ ရှောင်းကျန့်ကအားနည်းစွာအိပ်နေရင်းမျက်ရည်တွေကနှာတံကိုဖြတ်ပြီးနားထင်ဘက်စီးဆင်းသွားခဲ့၏။
"ဥက္ကဌဝမ် မကောင်းတော့ဘူး!"
အတွင်းရေးမှူးဖုန်းကတက်လာတဲ့သတင်းကိုဝမ်ရိပေါ်ဘက်ပြလိုက်၏။ ဝမ်ရိပေါ်ကweiboကသတင်းတွေကိုမဖြေရှင်းဘဲရှောင်းကျန့်ကိုဘဲသည်းကြီးမည်းကြီးရှာနေတယ်။ ဝမ်ရိပေါ်ကသတင်းဖတ်ပြီးမျက်နှာကပုတ်ပုတ်မဲသွားခဲ့၏။
"တောက်!! ခွေးမသားတွေ
ငါ-ိုး"
ဒုန်း!!
ဝမ်ရိပေါ်ကသူ့စားပွဲခုံကိုပိတ်ကန်လိုက်တာကြောင့်အတွင်းရေးမှုးဖုန်းတောင်လန့်ပြီးတုန်သွားခဲ့၏။ ဝမ်ရိပေါ်မျက်နှာကဒေါသကြောင့်တွတ်တွတ်ရဲနေပြီးသူစကားမှားရင်ထသတ်တော့မယ့်ပုံတောင်ပေါ်နေ၏။
"ငါ-ိုး!! သူတို့ကဘာဖြစ်‌ချင်နေတာလဲ"
"ဥက္ကဌဝမ် အခုဖြစ်နေတဲ့ကိစ္စကိုအရင်ဖြေရှင်းဖို့လိုပါတယ်"
"ငါ့သားနဲ့ငါ့လူကိုရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုနေတဲ့လူတွေကိုတရားစွဲဖို့ပြင်ထားလိုက်
မဟုတ်မမှန်သတင်းဖြန့်တဲ့သူတွေ‌ကိုရောတရားစွဲမယ်လို့စာတမ်းထုတ်ပြန်လိုက်!"
"ကောင်းပါပြီ"
လိုင်းပေါ်မှာကဆိုးဆိုးရွားရွားပင်ဝမ်ဝမ်ကိုဝမ်ရိပေါ်သားမဟုတ်ဘူးလို့ပြောထားကြပြီးသူ့ပုံနဲ့ဝမ်ဝမ့်ပုံကိုပါနှိုင်းယှဉ်ထားကြ၏။ ဝမ်ဝမ်ကရှောင်းကျန့်နဲ့သူနှစ်ယောက်ပေါင်းထားရုပ်၊ရှောင်းကျန့်နဲ့လည်းဆင်ပြီးသူနဲ့ဆင်တာကို၊ဝမ်ဝမ့်နှာခေါင်းတွေကသိသိသာသာကိုသူနဲ့တူတယ်။ အဲ့ဆံပင်ခွေခွေလိပ်လိပ်လေးကိုဘဲအပြစ်ရှာပြီးခွဲနေကြတယ်။
HOPE official ကတရားဝင်စာတမ်းထုတ်ပြီးတာနဲ့ WYB 85 accကပါတရားဝင်စာတမ်းထုတ်ပြန်ခဲ့သည်။ ဝမ်ရိပေါ်ရဲ့ချိန်းခြောက်စာကအလုပ်ဖြစ်ခဲ့သည်။ ဆဲဆိုဝေဖန်မှုတွေမရှိတော့ပေမယ့် အဲ့ကိစ္စကိုတော့ဆက်ပြီးဆွေးနွေးနေကြတုန်းပင်။ နောက်ဆုံးမှာလူတွေကဘယ်သူကဝမ်ရိပေါ်ရဲ့ဇနီးအစစ်လဲ၊ဘယ်သူကစနိုက်ကောင်လဲသိချင်ခဲ့ကြသည်။
ဝမ်ရိပေါ်ရဲ့အမေကလည်းဒေါသထွက်လွန်းလို့သူမအကောင့်မှာသူမနဲ့မြေးပုံကိုတင်ပြီးပေါက်ကွဲခဲ့၏။ သူမရေးသားခဲ့တာက 'ငါကဝမ်ရိပေါ်အမေဘဲ ဒီလောက်ဆိုဝမ်ဝမ်ကငါ့မြေးစစ်ပြီလား'ဟူ၍ပင်။ ဝမ်ဝမ်ကချစ်ဖို့ကောင်းစွာရယ်နေပြီးမြေးဘွားနှစ်ယောက်လုံးဆံပင်ခွေခွေလိပ်လိပ်လေးတွေနဲ့။
.
.
.
.
"ကျွန်တော်ရှက်လို့သေတော့မယ် အား!
မားကကျွန်တော့်ကိုဘယ်လိုကောင်ဖြစ်အောင်လုပ်လိုက်တာလဲ
ကျွန်တော်ဘာကောင်ဖြစ်သွားပြီလဲ မားသိလား"
"မားလုပ်နေတာအကုန်လုံးကသားဖို့!"
"ကျွန်တော့်အတွက်လို့မပြောစမ်းပါနဲ့!!
မားအတ္တအတွက်မားလုပ်နေတာ"
"မားကဂယက်လေးနည်းနည်းဖြစ်အောင်ဘဲလုပ်လိုက်တာပါ ကျန်တာတွေကသူ့အလိုလိုဖြစ်သွားတာ"
"ကျွန်တော့်ကိုသနားရင်ဖြစ်ဖြစ်မလုပ်ပါနဲ့တော့မားရယ် နော်
ကျွန်တော်တို့အေးအေးဆေးဆေးနေရအောင်ပါ"
"ဒါဆိုကိုယ်ဝန်ကိုဖျက်ချလိုက်!"
"မလုပ်နိုင်ဘူး"
"မလုပ်နိုင်ရင်မားစီမံတဲ့အတိုင်းနေ"
"မုန့်ရွှီ! လာခဲ့ဦး"
ရှောင်းသခင်ကြီးမျက်နှာကတည်တင်းနေ၏။ ဒါပေမယ့်လင်ယောက်ျားကိုတစ်ခါမှမကြောက်ဖူးတဲ့မုန့်ရွှီကရှောင်းလူကြီးကိုကြောက်ကိုမကြောက်။ ‌အခုနောက်ပိုင်းမှာအသုံးချရမယ်တောင်မသိတော့။ မုန့်ရွှီထွက်လာခဲ့တော့ရှောင်းပိုင်ကအခန်းထဲမှာငိုကျန်ခဲ့၏။ မုန့်ရွှီကလက်ထဲကရှောင်းပိုင်ဖုန်းကိုအံဆွဲထဲထည့်သိမ်းလိုက်၏။ ဒီအကြံမအောင်မြင်ရင်လည်းဒါဟာကောလဟာလပါလို့ဖြေရှင်းလို့ရသေးတယ်။
"ဖြန်း!!"
ရိုက်ချက်ကအားပါလှတာမို့မုန့်ရွှီမျက်နှာကတစ်ဖက်ကိုလည်ထွက်သွားကာခန္ဓာကိုယ်ကတောင်နောက်ကိုသုံးလေးလှမ်းဆုတ်သွားခဲ့၏။ သူမမယုံနိုင်ခြင်းပေါင်းများစွာနဲ့သူမယောက်ျားကိုမော့ကြည့်လိုက်တယ်။ ပြီးတော့နှာခမ်းထောင့်ကသွေးကိုသုတ်ပြီးမျက်ရည်တွေကိုမျက်တောင်တွေနဲ့ပြန်သိမ်းဆည်းလိုက်၏။
"ရှင် ရှင်!"
"တော်တော်အတ္တကြီးတဲ့မိန်းမ"
"ဟုတ်တယ် အဲ့တော့ဘာလုပ်ချင်လဲ"
"ငါကွာ တောက်!"
"ရှင်လိုအိမ်ထောင်ရေးဖောက်ပြန်တဲ့သူမဟုတ်ဘူး"
"ငါမဖောက်ပြန်ခဲ့ဘူး ရှောင်းကျန့်ကိုရခဲ့တာလည်းမတော်တဆအမှားဘဲ
မင်းအပေါ်အမြဲတမ်းသစ္စာရှိခဲ့တယ်"
"ဖောက်ပြန်တာကဖောက်ပြန်တာဘဲ
သူတို့သားမိကိုကျွန်မသိပ်မုန်းတယ်"
"မင်းကမင်းအမုန်းအတွက်မင်းသားကိုပါအသုံးချနေတာ"
"သူကောင်းစားဖို့ကျွန်မလုပ်နေတာ
ရှောင်းကျန့်ကောင်းစားတာကိုကျွန်မထိုင်ကြည့်နေရမှာလား"
"ရှောင်းကျန့်ကသူ့အချစ်စစ်မှန်လို့ဝမ်ရိပေါ်နဲ့ညားသွားတာ
ရှောင်းပိုင်မှာလည်းအခုသူ့ချစ်သူနဲ့ကိုယ်ဝန်ရှိနေတာ
ဘာလို့မဆီမဆိုင်ရှောင်းကျန့်တို့လင်မယားနှစ်ယောက်ကိုဆွဲထည့်နေရတာလဲ!"
"ရှောင်းကျန့်ပျော်နေတာမမြင်ချင်လို့လေ ရှင့်သားထိတော့နာပြီပေါ့!"
"ရှောင်းကျန့်နဲ့ရှောင်းပိုင်နှစ်ယောက်လုံးကငါ့သားတွေဘဲ"
"ဒါဆိုလည်းဆက်ပြီးအရင်လိုမသိချင်ယောင်ဆောင်ထားပါတော့လား!"
ဒုန်း!!"
မုန့်ရွှီကထိုလူကြီးကိုကျောခိုင်းပြီးတံခါးကိုဒုန်းခနဲဆောင့်ပိတ်ပစ်၏။
(26.8.22)
................
Part- 24
For zawgyi
"အင်း"
"ရိပေါ် ဝမ်ရိပေါ်!!"
"ကော.."
"မလိုက်တော့ဘူး"
"အင်း"
"တောက်!! ခွေးမသားတွေ
ငါ-ိုး"
ဒုန်း!!
"ကောင်းပါပြီ"
.
.
.
.
"မလုပ်နိုင်ဘူး"
"မုန့်ရွှီ! လာခဲ့ဦး"
"ဖြန်း!!"
"ရှင် ရှင်!"
"ငါကွာ တောက်!"
ဒုန်း!!"
(26.8.22)
................
Continue Reading
You'll Also Like
22K 1K 12
1M 54.5K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
26.8K 1.4K 17
systemပုံစံficလေးပါအခါးမပါပါဘူးအခါးကြိုက်တဲ့သူများမဖတ်ရန် yizhanပါ introကနေစဖတ်ပါ systemပုံစံficေလးပါအခါးမပါပါဘူးအခါးႀကိဳက္တဲ့သူမ်ာ မဖတ္ရန္ yizhanပါ ...
9K 111 10
ʟɪᴠᴇ ɴᴏᴡ, ᴛʜɪɴᴋ ʟᴀᴛᴇʀ, ɪ ᴅᴏ ɪᴛ sᴏ ᴡᴇʟʟ ғᴀʟʟ ʜᴀʀᴅ, ʜᴇᴀʀᴛ ʙʀᴇᴀᴋᴇʀ in which, oliver quick & lucy williams are whisked away to Saltburn 𝐒𝐭𝐚𝐫𝐭𝐞𝐝:...