ငါအိပ်ပျော်သွားတဲ့နေ့တိုင်း င...

By KaGura695

14.2K 2.4K 88

ကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြော... More

Description
Chapter 1.1 (U/Z)
Chapter 1.2 (U/Z)
Chapter 1.3 (U/Z)
Chapter 2.1 (U/Z)
Chapter 2.2 (U/Z)
Chapter 2.3 (U/Z)
Chapter 3.1 (U/Z)
Chapter 3.2 (U/Z)
Chapter 3.3 (U/Z)
Chapter 3.4 (U/Z)
Note
Chapter 4.1(U/Z)
Chapter 4.2 (U/Z)
Chapter 5.1 (U/Z)
Chapter 5.2 (U/Z)
Chapter 5.3(U/Z)
Chapter 6.1(U/Z)
Note
Chapter 6.2(U/Z)
Chapter 6.3(U/Z)
Chapter 7.1(U/Z)
Chapter 7.2(U/Z)
Chapter 7.3(U/Z)
Chapter 7.4(U/Z)
Chapter 8.1(U/Z)
Chapter 8.2(U/Z)
Note
Chapter 8.3(U/Z)

Chapter 6.4(U/Z)

400 89 4
By KaGura695

Unicode

အခန်း ၆.၄ - Tuhao Chicken

ကားအသစ်တစ်စီးဝယ်ပြီးနောက် ရှီးပိုင်ချန်းသည်အိမ်သို့ အလျင်စလိုမပြန်ဘဲမြို့အနှံ့ကားပတ်မောင်းခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုဖြစ်တဲ့အချိန်ဆိုသူသည်ဆေးလိပ်သောက်ရန်ပြတင်းပေါက်ကိုဖွင့်ပြီးပြင်ပရှုခင်းကိုကြည့်သည်။ စကားစမြည်ပြောရန်အတွက်သူ့‌ဘေးနားတွင်တစ္ဆေလေးတစ်ကောင်လည်းရှိသေးသည်။

သူ့ပုံစံသည်အပြင်ပန်းကြည့်ရင်တစ်ဖက်သားကိုနူးညံ့ညင်သာတတ်သည့်ပုံပေါက်သော်လည်းအမှန်တကယ်တွင်သူသည်ဘဝနှင့်ပတ်သက်လာလျှင်ပတ်ဝန်းကျင်အပေါ်ဂရုမစိုက်တတ်တဲ့သဘောထားရှိသည်။သူကတခြားသူတွေကိုဂရုမစိုက်သလိုတခြားသူတွေကလည်းသူ့ကိုဂရုစိုက်ရန်မလိုအပ်ဘူးလို့ထင်တယ်။သူသည်ဖျားနာပြီး သေဆုံးခါနီးတွင်ပင်လျှင်မလှုပ်မယှက်ဘဲနေမည့်သဘောတွင်ရှိသည်။

[လူအိုကြီးပိုင်၊ကျွန်မတို့ညစာတူတူသွားစားကြမလား။] မီလီကနွေးထွေးစွာနဲ့ဖိတ်လိုက်သည်။

“မသွားဘူး။”

ရှီးပိုင်ချန်းသည်စီးကရက်ကို ပါးစပ်ထဲထည့်ကာယာဉ်ကြောပိတ်ဆို့မှုကိုဖြတ်ကျော်ရန်ကားကိုဖြည်းညှင်းစွာရွေ့လျားသွားနေသည်။

[အမြဲလိုလိုအပြင်စာကြီးပဲဝယ်စားနေတာမကောင်းဘူး။]

"ကောင်းပါတယ်၊ဘာလို့မကောင်းရမှာလဲ၊အဖွားကြီးလိုပွစိပွစိပြောနေတာရပ်လိုက်တော့။"

[ရှင် ဘဝကိုဘယ်လိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမယ်ဆိုတာမသိဘူးပဲ။]

မီလီကထပ်ပြီးတော့[ရှင်တကယ့်ကိုအရသာရှိတဲ့အစားအသောက်အစစ်မှန်ဆိုတာဘာလဲဆိုတာမသိတာသေချာတယ်။]

"အဲ့တော့ဘာဖြစ်သလဲ။အစာစားတာကဗိုက်ပြည့်ဖို့အတွက်ပဲ၊ အစာငတ်ပြီးမသေသရွေ့တော့ အကုန်အဆင်ပြေတယ်။”

မီလီက သူ့အမြင်ကိုလုံးဝသဘောမတူနိုင်ဘူး။

[လူအိုကြီးပိုင်၊ဒီနေ့တော့ငါ့စကားကိုနားထောင်ပြီးစား‌သောက်ဆိုင်ကြီးမှာသွားစားရအောင်လေ။ဘာပဲဖြစ်ဖြစ်ရှင်ကပိုက်ဆံမရှိတဲ့သူမှမဟုတ်တာ။အဆင့်မြင့် စားသောက်ဆိုင်ကိုရှာပြီးသူတို့ဆီကအရသာရှိတဲ့ဟင်းလျာအချို့ကိုမှာယူပြီးတော့ ကောင်းကောင်းစားလိုက်နော်။]

ရှီးပိုင်ချန်းကလှောင်ပြောင်နေသလိုလုပ်နေသော်လည်းသူမအကြံဉာဏ်ကိုနားထောင်နေဆဲဖြစ်သည်။သူခဏလောက် လှည့်ပတ်မောင်းပြီးနောက်ဆုံးတွင်စားသောက်ဆိုင်တစ်ခုရှေ့မှာရပ်လိုက်တယ်။

[ဒါကရှင်တွေးထားတဲ့စျေးကြီးတဲ့စားသောက်ဆိုင်လား???]

မီလီသည် “Tuhao Chicken” ဟုခေါ်တဲ့အမြန်စား စားသောက်ဆိုင်ကိုမယုံကြည်နိုင်စွာဖြင့်စိုက်ကြည့်နေသည်။

“Tuhao Chicken က ကမ္ဘာကျော်ပြီးနိုင်ငံပေါင်းစုံမှာ ဆိုင်ခွဲတွေဖွင့်ထားတဲ့စားသောက်ဆိုင်တစ်ခုဖြစ်တယ်လေ၊ အဆင့်အတန်းမြင့်တယ်မဟုတ်ဘူးလား?"

ရှီးပိုင်ချန်းသည်မျက်နှာအမူအရာမပြောင်းလဲဘဲဆိုင်ထဲသို့ဝင်သွားခဲ့သည်။

[ High-end ရဲ့အဓိပ္ပါယ်ကို ရှင် နားမလည်ဘူးလား?]

မီလီကသူ့ကိုကြိုးစားပြီးစိတ်ပျက်အားလျော့လာအောင်လုပ်ကာ [ကျွန်မပြောတာနားထောင်ပါ၊တခြားတစ်နေရာကိုသွားကြရအောင်။ပင်လယ်စာ၊အမဲကင်၊တစ်ခြားဟာတွေသွားစားကြမယ်။]

ရှီးပိုင်ချန်းသည်လည်းနားမကြားသလိုပုံစံဖြင့်နေနေ‌သည်။

မီလီက ပြင်းပြင်းထန်ထန်ပြောသည် - [ရှင့်ရဲ့ဘဏ်ကတ်ကကျွန်မလက်ထဲမှာ။ကျွန်မက ကြက်သားစားခွင့်မပေးရင်ရှင်ကြက်သားလုံးဝမစားရဘူးပဲ။]

ရှီးပိုင်ချန်းသည်သူ၏ဖုန်းကို ထုတ်ကာငွေပေးချေရန် QR ကုဒ်ကို scan ဖတ်နိုင်ကြောင်းပြောခဲ့သည်။

မီလီသည်အလွန်တရာဒေါသအမျက်ထွက်ခဲ့သည်။

"ငါ့ကိုနံပါတ် 148 အဆင့်မြင့် အစားအစာအစုံ set ကိုလုပ်‌ပေးပါ။" ရှီးပိုင်ချန်းကသပ်သပ်ရပ်ရပ်နဲ့အမိန့်ပေးပြီးမှာလိုက်သည်။

"ကောင်းပြီ၊ခဏစောင့်ပေးပါ။"

မိနစ်အနည်းငယ်ကြာသောအခါတွင်သူသည်မှာထားတာကိုယူကာထိုင်ခုံတစ်ခုရှာလိုက်သည်။ မီလီကသူ့ကိုစကားမပြောတာကြာပြီကိုမြင်တော့သူက နှစ်သိမ့်ကာ “ကြည့်၊ဒီဆိုင်ကဈေးအကြီးဆုံးအစားစာကိုငါ မှာထားတာလေ။ဒါကဂန္ထဝင်ဆန်ပြီးစားကောင်းမယ့်ပုံပဲမဟုတ်လား”

အမြန်အစားအစာ #148၊ဒါကဘယ်နေရာကနေနေလုံးဝဂန္တဝင်မဆန်ဘူး။

မီလီဟာအမြန်စား စားသောက်ဆိုင်တွေကိုမုန်းတီးတာမျိုးမဟုတ်ပေမယ့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာမျိုးတွေကိုတော့အများကြီးမစားသင့်ဘူးလို့ထင်တယ်။

ဒီလူဟာ အသင့်စားအစားအစာမျိုးစုံရဲ့အဆိပ်အတောက်တွေကြားထဲကနေချောမောပြီးအရပ်ရှည်ရှည်နဲ့ကြီးလာနိုင်ခဲ့တယ်။ ဒါကြီးကလုံးဝကိုယုတ္တိမဆန်ဘူး။

Zawgyi

အခန္း ၆.၄ - Tuhao Chicken

ကားအသစ္တစ္စီးဝယ္ၿပီးေနာက္ ရွီးပိုင္ခ်န္းသည္အိမ္သို႔ အလ်င္စလိုမျပန္ဘဲၿမိဳ႕အႏွံ႔ ကားပတ္ေမာင္းခဲ့သည္။ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္တဲ့အခ်ိန္ဆိုသူသည္ေဆးလိပ္ေသာက္ရန္ျပတင္းေပါက္ကိုဖြင့္ၿပီးျပင္ပရႈခင္းကိုၾကည့္သည္။ စကားစျမည္ေျပာရန္အတြက္သူ႔‌ေဘးနားတြင္တေစၦေလးတစ္ေကာင္လည္းရွိေသးသည္။

သူ႔ပုံစံသည္အျပင္ပန္းၾကည့္ရင္တစ္ဖက္သားကိုႏူးညံ့ညင္သာတတ္သည့္ပုံေပါက္ေသာ္လည္းအမွန္တကယ္တြင္သူသည္ဘဝႏွင့္ပတ္သက္လာလွ်င္ပတ္ဝန္းက်င္အေပၚဂ႐ုမစိုက္တတ္တဲ့သေဘာထားရွိသည္။သူကတျခားသူေတြကိုဂ႐ုမစိုက္သလိုတျခားသူေတြကလည္းသူ႔ကိုဂ႐ုစိုက္ရန္မလိုအပ္ဘူးလို႔ထင္တယ္။သူသည္ဖ်ားနာၿပီး ေသဆုံးခါနီးတြင္ပင္လွ်င္မလႈပ္မယွက္ဘဲေနမည့္သေဘာတြင္ရွိသည္။

[လူအိုႀကီးပိုင္၊ကြၽန္မတို႔ညစာတူတူသြားစားၾကမလား။] မီလီကေႏြးေထြးစြာနဲ႔ဖိတ္လိုက္သည္။

“မသြားဘူး။”

ရွီးပိုင္ခ်န္းသည္စီးကရက္ကို ပါးစပ္ထဲထည့္ကာယာဥ္ေၾကာပိတ္ဆို႔မႈကိုျဖတ္ေက်ာ္ရန္ကားကိုျဖည္းညႇင္းစြာေ႐ြ႕လ်ားသြားေနသည္။

[အၿမဲလိုလိုအျပင္စာႀကီးပဲဝယ္စားေနတာမေကာင္းဘူး။]

"ေကာင္းပါတယ္၊ဘာလို႔မေကာင္းရမွာလဲ၊အဖြားႀကီးလိုပြစိပြစိေျပာေနတာရပ္လိုက္ေတာ့။"

[ရွင္ ဘဝကိုဘယ္လိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းရမယ္ဆိုတာမသိဘူးပဲ။]

မီလီကထပ္ၿပီးေတာ့[ရွင္တကယ့္ကိုအရသာရွိတဲ့အစားအေသာက္အစစ္မွန္ဆိုတာဘာလဲဆိုတာမသိတာေသခ်ာတယ္။]

"အဲ့ေတာ့ဘာျဖစ္သလဲ။အစာစားတာကဗိုက္ျပည့္ဖို႔အတြက္ပဲ၊ အစာငတ္ၿပီးမေသသေ႐ြ႕ေတာ့ အကုန္အဆင္ေျပတယ္။”

မီလီက သူ႔အျမင္ကိုလုံးဝသေဘာမတူႏိုင္ဘူး။

[လူအိုႀကီးပိုင္၊ဒီေန႔ေတာ့ငါ့စကားကိုနားေထာင္ၿပီးစား‌ေသာက္ဆိုင္ႀကီးမွာသြားစားရေအာင္ေလ။ဘာပဲျဖစ္ျဖစ္ရွင္ကပိုက္ဆံမရွိတဲ့သူမွမဟုတ္တာ။အဆင့္ျမင့္ စားေသာက္ဆိုင္ကိုရွာၿပီးသူတို႔ဆီကအရသာရွိတဲ့ဟင္းလ်ာအခ်ိဳ႕ကိုမွာယူၿပီးေတာ့ ေကာင္းေကာင္းစားလိုက္ေနာ္။]

ရွီးပိုင္ခ်န္းကေလွာင္ေျပာင္ေနသလိုလုပ္ေနေသာ္လည္းသူမအႀကံဉာဏ္ကိုနားေထာင္ေနဆဲျဖစ္သည္။သူခဏေလာက္ လွည့္ပတ္ေမာင္းၿပီးေနာက္ဆုံးတြင္စားေသာက္ဆိုင္တစ္ခုေရွ႕မွာရပ္လိုက္တယ္။

[ဒါကရွင္ေတြးထားတဲ့ေစ်းႀကီးတဲ့စားေသာက္ဆိုင္လား???]

မီလီသည္ “Tuhao Chicken” ဟုေခၚတဲ့အျမန္စား စားေသာက္ဆိုင္ကိုမယုံၾကည္ႏိုင္စြာျဖင့္စိုက္ၾကည့္ေနသည္။

“Tuhao Chicken က ကမာၻေက်ာ္ၿပီးႏိုင္ငံေပါင္းစုံမွာ ဆိုင္ခြဲေတြဖြင့္ထားတဲ့စားေသာက္ဆိုင္တစ္ခုျဖစ္တယ္ေလ၊ အဆင့္အတန္းျမင့္တယ္မဟုတ္ဘူးလား?"

ရွီးပိုင္ခ်န္းသည္မ်က္ႏွာအမူအရာမေျပာင္းလဲဘဲဆိုင္ထဲသို႔ဝင္သြားခဲ့သည္။

[ High-end ရဲ႕အဓိပၸါယ္ကို ရွင္ နားမလည္ဘူးလား?]

မီလီကသူ႔ကိုႀကိဳးစားၿပီးစိတ္ပ်က္အားေလ်ာ့လာေအာင္လုပ္ကာ [ကြၽန္မေျပာတာနားေထာင္ပါ၊တျခားတစ္ေနရာကိုသြားၾကရေအာင္။ပင္လယ္စာ၊အမဲကင္၊တစ္ျခားဟာေတြသြားစားၾကမယ္။]

ရွီးပိုင္ခ်န္းသည္လည္းနားမၾကားသလိုပုံစံျဖင့္ေနေန‌သည္။

မီလီက ျပင္းျပင္းထန္ထန္ေျပာသည္ - [ရွင့္ရဲ႕ဘဏ္ကတ္ကကြၽန္မလက္ထဲမွာ။ကြၽန္မက ၾကက္သားစားခြင့္မေပးရင္ရွင္ ၾကက္သားလုံးဝမစားရဘူးပဲ။]

ရွီးပိုင္ခ်န္းသည္သူ၏ဖုန္းကို ထုတ္ကာေငြေပးေခ်ရန္ QR ကုဒ္ကို scan ဖတ္ႏိုင္ေၾကာင္းေျပာခဲ့သည္။

မီလီသည္အလြန္တရာေဒါသအမ်က္ထြက္ခဲ့သည္။

"ငါ့ကိုနံပါတ္ 148 အဆင့္ျမင့္ အစားအစာအစုံ set ကိုလုပ္‌ေပးပါ။" ရွီးပိုင္ခ်န္းကသပ္သပ္ရပ္ရပ္နဲ႔အမိန႔္ေပးၿပီးမွာလိုက္သည္။

"ေကာင္းၿပီ၊ခဏေစာင့္ေပးပါ။"

မိနစ္အနည္းငယ္ၾကာေသာအခါတြင္သူသည္မွာထားတာကိုယူကာထိုင္ခုံတစ္ခုရွာလိုက္သည္။ မီလီကသူ႔ကိုစကားမေျပာတာၾကာၿပီကိုျမင္ေတာ့သူက ႏွစ္သိမ့္ကာ “ၾကည့္၊ဒီဆိုင္ကေဈးအႀကီးဆုံးအစားစာကိုငါ မွာထားတာေလ။ဒါကဂႏၴဝင္ဆန္ၿပီးစားေကာင္းမယ့္ပုံပဲမဟုတ္လား”

အျမန္အစားအစာ #148၊ဒါကဘယ္ေနရာကေနေနလုံးဝဂႏၲဝင္မဆန္ဘူး။

မီလီဟာအျမန္စား စားေသာက္ဆိုင္ေတြကိုမုန္းတီးတာမ်ိဳးမဟုတ္ေပမယ့္ က်န္းမာေရးနဲ႔မညီၫြတ္တဲ့ အစားအစာမ်ိဳးေတြကိုေတာ့အမ်ားႀကီးမစားသင့္ဘူးလို႔ထင္တယ္။

ဒီလူဟာ အသင့္စားအစားအစာမ်ိဳးစုံရဲ႕အဆိပ္အေတာက္ေတြၾကားထဲကေနေခ်ာေမာၿပီးအရပ္ရွည္ရွည္နဲ႔ႀကီးလာႏိုင္ခဲ့တယ္။ ဒါႀကီးကလုံးဝကိုယုတၱိမဆန္ဘူး။

Continue Reading

You'll Also Like

307K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
475K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.5M 156K 99
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
275K 26.2K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...