ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူ...

By suukhant

793K 55.2K 3.8K

ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန... More

Part- 1
Part- 2
Part-3 💛
Part- 4💛
Part- 5
Part- 6💛
Part- 7💛
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part-13
Part- 14
Part- 15
Part-16
Part-17
Part-18
Part-19
Part- 20
Part- 21
Part-22
Part-24
Part- 25
Part- 26
Part- 27
Part- 28
Part- 29
Part- 30
Final Part
Special part- 1
Special part- 2 (Unicode)
Special part- 2 (Zawgyi)

Part- 23

20.7K 1.7K 141
By suukhant

"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"

Part- 23

For unicode

"ဝမ်ဝမ် ဒီတစ်ခါလည်းသားဘွားဘွားလာတွေ့တယ်
အပြင်ကိုလိုက်ခဲ့မယ်မလားဟင်"

"ဘွားဘွား"

"သားဘွားဘွားကသားအတွက်မုန့်တွေအများကြီးယူလာတယ်တဲ့
ပြီးတော့သားပါးပါးငယ်ငယ်ကအကြောင်းတွေလည်းပြောပြမယ်တဲ့"

"ဟုတ်လား"

"အွန်း ဆရာမနဲ့လိုက်ခဲ့မယ်မလားဟင်"

ဝမ်ဝမ်ကခေါင်းညိတ်ပြလိုက်ပြီးဆရာမ‌လက်ဆွဲကာတွေ့နေကျကစားကွင်းထဲကိုလိုက်လာခဲ့လိုက်သည်။ မူကြိုကျောင်းနဲ့ကစားကွင်းကသိပ်မဝေးပေ၊အားလပ်ချိန်မဟုတ်လို့ကစားမယ့်ကလေးတွေလည်းမရှိ။ ဂိတ်ဝမှာမူကြိုဆရာမကဂိတ်စောင့်ကိုဝန်ထမ်းကတ်ပြားပြလိုက်တာနဲ့တံခါးချက်ခြင်းဖွင့်ပေးလာသည်။

ဝမ်ဝမ်မူကြိုကထွက်လာတာနဲ့ဝမ်ဝမ့်ကိုစောင့်ရှောက်ဖို့ဝမ်ရိပေါ်လွှတ်ထားတဲ့လူကဝမ်ရိပေါ်ကိုချက်ချင်းသတင်းပို့လာခဲ့သည်။

"ဘွားဘွားက ဝမ့်ကိုဘာလို့ကျောင်းမှာလာမတွေ့တာလဲဟင်"

"ကျောင်းမှာလာတွေ့ဖို့ဆိုရင်မိသားစုတော်စပ်ကြောင်းလက်မှတ်ထိုးရလို့ပေါ့
ဝင်တွေ့ရဖို့ရှုပ်လည်းရှုပ်တယ်လေ
ဝမ်ဝမ်ကလိမ်မာပြီးအိမ်ကိုပြန်မတိုင်ရဘူးနော်
ကျောင်းမှာပျင်းစရာကြီး ဟုတ်တယ်မလား"

ဒီတစ်ခါတော့ဆရာမဝမ်ဝမ့်ကိုသေသေချာချာလေးနားလည်အောင်ရှင်းပြသည်။ ကလေးထိခိုက်နစ်နာအောင်လုပ်တာမှမဟုတ်ဘဲ။ ကလေးအဘွားနဲ့တွေ့ပေးရုံဘဲကို..

"ကဲ ဘွားဘွားနဲ့စကားပြောကြ
ဆရာမကဟိုးနားကစောင့်နေမယ်"

"ဟုတ်ကဲ့"

ဆရာမကသူမစောင့်နေမယ့်နေရာကိုလက်ညှိုးထိုးပြပြီးဝမ်ဝမ့်ကိုနှုတ်ဆက်ကာထွက်သွားခဲ့သည်။ ဒေါ်မုန့်ရွှီကဝမ်ဝမ့်ကိုမြင်တော့ဝမ်းသာအားရပြေးဖက်လာသည်။

"ငါ့မြေးတကယ်ဘဲ ဘွားဘွားဆီလာတွေ့တယ်"

"ဟုတ်"

"အမလေး ငါ့မြေး! ငါ့မြေးလေးအေးနေတော့မှာဘဲ
နွေးသွားအောင်ကော်ဖီသောက်မလား"

"ကော်ဖီသောက်လို့အရဘူး
ဝမ်ကသုံးနှစ်တောင်အပြည့်သေးဘူး"

"အော် အင်းပါ
ဘွားဘွားအမှားပါ"

ဝမ်ဝမ်ကဒီတစ်ခါတော့သွက်သွက်လက်လက်ရှိမနေဘဲမေးမှပြန်ဖြေသည်။ ဒါပေမယ့်လူကြီးတစ်ယောက်ကကလေးတစ်ယောက်ကိုမလှည့်စားနိုင်ရိုးထုံးစံမရှိဘူးလေ။ သေချာပေါက်ဒေါ်မုန့်ရွှီလိုလူစားမျိုးကကလေးတစ်ယောက်ကသူမကိုချစ်ခင်ယုံကြည်လာအောင်လုပ်နိုင်တာပေါ့..

"သကြားလုံးထပ်လိုချင်သေးလား"

"ဟင့်အင်း ဟင့်အင်း"

"ဟား ဟား ဘာတွေအကြောက်အကန်ငြင်းနေရတာလဲကွာ"

"သကြားလုံးအစားတော့ဘူး"

"အပြင်ကနို့အရသာနဲ့ အထဲကချောကလက်အနှစ်နဲ့လေ
မြေးမစားဘူးဆိုတော့တခြားတစ်ယောက်ကိုပေးပစ်ရမှာပေါ့
ရွှတ် ရွှတ်!..
ဟေ့ ကလေးလေး
သကြားလုံးလာစားပါဦး"

ဒေါ်မုန့်ရွှီကသကြားလုံးအဆုပ်လိုက်ကိုကွင်းထဲမှာကစားနေတဲ့ကလေးတစ်ယောက်ကိုခေါ်ပြီးကျွေးလိုက်တော့ဝမ်ဝမ်မျက်နှာလေးကညှိုးသွားပြီးလက်လေးတွေကအချင်းချင်းကုတ်ခြစ်ကုန်၏။ ‌ဒေါ်မုန့်ရွှီကဝမ်ဝမ့်ကိုကြည့်ပြီးမဲ့ပြုံးပြုံးလိုက်ရင်းဆက်ပြောသည်။ သကြားလုံးမကြိုက်တဲ့ကလေးမရှိဘူးလေ။ အိမ်ကသကြားလုံးမကျွေးတဲ့ကလေးတွေကတခြားကလေး‌တွေထက်သကြားလုံးပိုမက်တယ်..။

"ဘွားဘွားတစ်ခုပြောပြရမလား"

ဝမ်ဝမ်ကလျှာရည်ကိုပြန်မြိုချလိုက်ပြီးခေါင်းညိတ်၏။

"ဝမ်ရိပေါ်ကမြေးဒက်ဒီအစစ်လို့ထင်လား"

"ဝမ်ဝမ့်ဒက်ဒီကဘာဖြစ်လို့လဲ"

"တကယ်တော့ဝမ်ရိပေါ်ကမြေးဒက်ဒီအရင်းမဟုတ်ဘူး"

"ဟုတ်ဘူး ဟုတ်ဘူး
ဘွားဘွားလျှောက်ပြောနေတာ!"

"ဘွားဘွားကလျှောက်ပြောနေတာဖြစ်ပါ့မလား
မြေးပါးပါးကလူရှုပ်တစ်ယောက်လေ
ဘယ်သူနဲ့ရလာမှန်းမသိတဲ့ကလေးကိုဝမ်ရိပေါ်ကိုတာဝန်ယူခိုင်းခဲ့တာ"

"ဟင့် ဟုတ်ဘူး အဟုတ်ဘူး ဟီး"

"ဘွားဘွားကဘာလို့ညာရမှာလဲ
မြေးဒက်ဒီအစစ်ကဘယ်သူလဲပါးပါးကိုပြန်မေးကြည့်လိုက်လေ
အရင်တုန်းကဝမ်ရိပေါ်ကိုတစ်ခါမှမမြင်ဖူးဘူးမလား"

"မြင်ဖူးတယ် ပါးပါးမှာဒက်ဒီ့ပုံရှိတယ်!
ဒက်ဒီကဝမ်ဝမ့်ဒက်ဒီ! အီးဟီး"

"ဘွားဘွားပြောတာမယုံဘူးပေါ့
မြေးနဲ့မြေးဒက်ဒီကတစ်စက်မှမတူဘူး
မြေးမှာဆံပင်ကောက်ကောက်လေးတွေရှိတယ် ဝမ်ရိပေါ်မှာမရှိဘူး
ရှောင်းကျန့်ကဝမ်ရိပေါ်ကိုအတင်းမြှူဆွယ်ပြီး.."

"တော်လောက်ပြီ!!"

ဩဇာရှိတဲ့အေးစက်စက်အသံကြောင့်ဒေါ်မုန့်ရွှီတုန်ရင်သွားပြီးလက်သီးကိုတင်းတင်းဆုပ်ထားလိုက်၏။ ဘယ်လောက်မှမကြာသေးဘဲရိပ်မိသွားပြီပေါ့..။

"ဒက်ဒီ! ဒက်ဒီ! ဟီး..."

ဝမ်ဝမ်ကဒေါ်မုန့်ရွှီကိုယ်ပေါ်က‌ရုန်းထွက်ကာဝမ်ရိပေါ်ဆီပြေးလာခဲ့၏။ မျက်နှာလေးကနီရဲနေကာတက်မတတ်ငိုကြွေးနေ၏။ ဝမ်ရိပေါ်ကဝမ်ဝမ့်ကိုကောက်ချီလိုက်ပြီးရှောင်းကျန့်လုပ်ပေးသလိုကျောလေးကိုပွတ်သပ်ပေးလိုက်၏။ ဝမ်ဝမ်ကရိပေါ်ပုခုံးပေါ်မှာမျက်နှာအပ်ထားပြီးလက်လေးနဲ့ရိပေါ်လည်ပင်းကိုဖက်တွယ်ထားခဲ့သည်။ ဝမ်ဝမ့်ခန္ဓာကိုယ်လေးကတုန်ယင်နေကာမျက်ရည်တွေကရိပေါ်suitကိုတောင်စိုစွတ်လာခဲ့၏။

"တိတ်တော့! အဘွားကြီးပြောသမျှလျှောက်ယုံနေတာဘဲလား ဟမ်!"

"အဘွား အဘွားကြီး?"

"ခင်များတိတ်တိတ်နေ!"

ဝမ်ရိပေါ်ကရှောင်းသခင်မကြီးကိုစူးစိုက်ကြည့်ပေးလိုက်ပြီးအေးစက်စွာပြောလိုက်၏။

"ဒက်ဒီကသားဒက်ဒီမလား ဟင့်"

"Bမြို့တော်မှာဝမ်မျိုးရိုးကဘယ်နှစ်ယောက်တောင်ရှိမယ်ထင်လဲ
မင်းကဝမ်ရိပေါ်သားမို့လို့ဝမ်ဝမ်ဖြစ်နေတာပေါ့
ငါကဝမ်မျိုးရိုးထဲကိုသူစိမ်းဝင်ခံပါ့မလား"

"ဘွားဘွားက.."

"အဲ့ဒါမင်းဘွားဘွားမဟုတ်ဘူး
မင်းဘွားဘွားကတစ်ယောက်ဘဲရှိတယ်
ဆံပင်ကောက်ကောက်နဲ့ မင်းလိုဘဲ"

"သူဝမ့်ကိုလိမ်တယ်"

"သူ့ကိုပြောလိုက်! လူလိမ်မကြီး မကောင်းတဲ့အဘွားကြီးလို့!"

"လူလိမ်မရီး မကောင်းတဲ့အဘွားရီး ဝမ့်ကိုလိမ်တယ်!"

"နင် နင်!"

"ကျုပ်ခင်များကိုတော်တော်သည်းခံခဲ့ပြီးပြီ
တရားရုံးမှာတွေ့ကြတာပေါ့"

"ငါ ငါကဘာလုပ်မိလို့လဲဟဲ့!"

"အသရေဖျက်မှုနဲ့ခင်များကိုတရားစွဲထားတယ်
ကလေးကိုလိမ်လည်လှည့်ဖျားမှုပါထပ်တိုးပြီးတရားစွဲမှာ!"

"ဘာ ဘာ!"

"ရှေ့နေနဲ့ပြောကြတာပေါ့!"

"ငါကရှောင်းပိုင်အမေပါဟဲ့! ငါ့သားမျက်နှာကိုထောက်ပါဦး
ငါ့သားကဘယ်လောက်တောင်သနားဖို့ကောင်းလိုက်လဲ
သူ့ သူ့မှာအခု.."

"ရှောင်းပိုင်ကိုအားနာလို့သူနာမည်ကြီးလာအောင်ကျွန်တော့်ဘက်ကထောက်ပံ့ပေးထားပေးပြီးပြီ
တကယ်ဆိုကျွန်တော်နဲ့တွဲနေစဉ်တစ်လျှောက်လုံးသူအကျိုးအမြတ်ရနေခဲ့တာ"

"ဒါဆို ကိုယ်ဝန်ကိစ္စကရော!"

"ကိုယ် ကိုယ်ဝန်!"

နောက်မှာဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ရှောင်းကျန့်ကလက်ထဲကအထုတ်တွေပြုတ်ကျပြီးအံဩလွန်းတဲ့မျက်နှာနဲ့ကြည့်လာခဲ့သည်။ ဝမ်ရိပေါ်လည်းဝမ်ဝမ့်ကိုချီရင်းရှောင်းကျန့်နားကပ်လာတော့ရှောင်းကျန့်ကနောက်သို့ပြန်ဆုတ်သည်။

"သူပြောတာမယုံနဲ့!"

"ပါးပါး ဝမ့်ကိုချီ"

"ရိပေါ် မဟုတ် မဟုတ်ဘူးမလားဟင်!"

"သူလျှောက်ပြောတိုင်းယုံတာလား ခင်များ"

"ငါလျှောက်ပြောတာဟုတ်လား၊မဟုတ်ဘူးလား ရှောင်းကျန့်..နင့်မျက်လုံးနဲ့မြင်အောင်ကြည့်!"

ရှောင်းသခင်မကြီးကအိတ်ထဲကဓာတ်ပုံအထပ်လိုက်ကြီးကိုထုတ်ပြီးရှောင်းကျန့်ရှေ့ပစ်ပေးလိုက်၏။ ဓာတ်ပုံထဲမှာဝမ်ရိပေါ်နဲ့ရှောင်းပိုင်ဟိုတယ်ထဲကထွက်လာပုံတွေ၊ နောက်ပြီးဆေးရုံထဲအတူသွားပုံတွေ၊နှစ်ယောက်လုံးက maskတပ်ထားပေမယ့်ဝမ်ရိပေါ်နဲ့ရှောင်းပိုင်မှန်းသိသာလှပါသည်။ ပြီးတော့အိပ်ရာပေါ်မှာနှစ်ယောက်သားဖက်တွယ်ထားပုံတွေ၊ သူဆက်မကြည့်နိုင်တော့ဘူး။

"ရှောင်းကျန့်! ကျွန်တော်ပြောတာနားထောင်"

"မပြောနဲ့တော့..ဟင့်အင်း ဟင့်အင်း
မင်းတို့ပတ်သတ်မှုအကြောင်းဆက်မပြောပါနဲ့တော့!"

"ငါ့သားအတွက်ငါလုပ်တာ ငါ့မြေးလည်းဝမ်မျိုးရိုးကိုခံယူသင့်တယ်မဟုတ်ဘူးလား!"

"ခင်များပါးစပ်ပိတ်ထား!!"

ရှောင်းကျန့်ကအရမ်းယူကြုံးမရဖြစ်နေပုံပေါ်ပြီးသူဘာပြောပြောယုံမယ့်ပုံမပေါ်ဘူး။ ဝမ်ရိပေါ်လည်းဘယ်ကနေဘယ်လိုရှင်းပြရမလဲမသိတော့ဘူး။ 'ရင်ခုန်သံအရင်းနှီးဆုံး' series ကအရမ်းပေါက်သွားလို့စီးပွားရေးအရရှောင်းပိုင်တို့နဲ့ခဏခဏပတ်သတ်ရတယ်။ ရှောင်းပိုင်ကိုယ်တိုင်လာဝန်ခံကတည်းကသူနဲ့ရှောင်းပိုင်သူငယ်ချင်းတွေလိုဆက်သွားဖို့ဆုံးဖြတ်ခဲ့ကြပြီးသား။

ရှောင်းပိုင်ကသူ့ကုမ္ပဏီကထွက်လိုက်တော့HOPEနဲ့စာချုပ်ချုပ်ဖြစ်ခဲ့တယ်။ ရှောင်းပိုင်ဟာရှောင်းကျန့်ညီမို့သူ့အကျိုးကိုယ့်အကျိုးအတွက်ပူးပေါင်းခဲ့ကြတယ်။ ဒါတွေအားလုံးကစီးပွားရေးဘဲ။ ရှောင်းပိုင်ရိုက်ကွင်းမှာမူးလဲလို့သူကိုယ်တိုင်ဘဲဆေးရုံပို့ပေးခဲ့တယ်။ ရှောင်းပိုင်မှာကိုယ်ဝန်ရှိနေလို့သူကိုယ်တိုင်အနုပညာလောကကခဏပျောက်နေဖို့ခွင့်ရက်ရှည်ပေးတယ်။ ဒါတွေအားလုံးကသူ့အသုံးချခံဖြစ်ခဲ့တဲ့ရှောင်းပိုင်ရဲ့အချိန်တွေအတွက်သူပြန်လုပ်ပေးခဲ့တာတွေပါ..။

"ရှောင်းကျန့်!"

"ဝေးဝေးနေ!!"

"ပါးပါး! အသွားနဲ့!"

ရှောင်းကျန့်ကမျက်ရည်တွေကိုသုတ်လိုက်ပြီးသူနဲ့ဝေးရာကိုထွက်ပြေးတော့၏။ ဝမ်ဝမ်ကသူ့ကိုယ်ပေါ်ကရုန်းပြီးရှောင်းကျန့်ကိုဘဲအော်ခေါ်နေ၏။ ဝမ်ရိပေါ်ကဝမ်ဝမ့်ကိုကိုယ်ရံတော်လက်ထဲထည့်ပေးလိုက်ပြီးရှောင်းကျန့်နောက်လိုက်ဖို့အရိပ်ပြလိုက်၏။ ကိုယ်ရံတော်ကဝမ်ဝမ်ကိုချီပြီးထွက်သွားတော့မှဝမ်ရိပေါ်ကရှောင်းသခင်မကြီးဆီကိုတစ်လှမ်းချင်းလှမ်းလာခဲ့၏။ ဝမ်ရိပေါ်မျက်နှာကကြောက်ဖို့ကောင်းလောက်အောင်ခတ်ထန်နေလို့ရှောင်းသခင်မကြီးတစ်ကိုယ်လုံးကတုန်ယင်လာခဲ့တယ်..

"မလာ မလာနဲ့!"

"ပျော်လား"

"မလာနဲ့လို့ပြောနေတယ်နော်!"

ဝမ်ရိပေါ်တစ်လှမ်းတိုးလာတိုင်းရှောင်းသခင်မကြီးကနောက်ဆုတ်လာတော့နောက်ကခုံတန်းရှည်နဲ့တိုက်မိပြီးထိုင်ကျသွားခဲ့၏။ ဝမ်ရိပေါ်ကရှောင်းသခင်မကြီးလည်ပင်းကိုညှစ်လိုက်ရင်းအေးစက်စွာပြောလိုက်၏။

"ကျုပ်ရဲ့ဒီပုံစံကိုမြင်ချင်နေတာမဟုတ်လား
Showလုပ်လိုက်ရလို့ပျော်လား! ဟမ်!!"

"အစ်.အစ် လွှတ်"

"အား!!"

ဝမ်ရိပေါ်ကအော်သံဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး ရှောင်းသခင်မကြီးမျက်နှာနီရဲလာပြီးမျက်လုံးပြူးလာတော့မှညှစ်ထားတာကိုလွှတ်ပေးလိုက်၏။

"အဟွတ် အဟွတ်!"

"ရှင် ရှင်!"

"ဝမ်ဝမ်ကိုခေါ်လာတဲ့မူကြိုဆရာမ မဟုတ်လား!"

"ဝမ် ဝမ်ရိပေါ်!"

"ဝမ်ရိပေါ်မဟုတ်ဘူး မကောင်းဆိုးဝါးကောင်! အဟွတ်"

"မသိ.မသိခဲ့လို့ပါ
တောင်းပန်ပါတယ် တောင်းပန်ပါတယ်ရှင်"

မူကြိုဆရာမကဝမ်ရိပေါ်ကိုယ်တိုင်ရှောင်းသခင်မကြီးကိုလည်ပင်းညှစ်နေတာမြင်လိုက်ရတော့ကြောက်လန့်ပြီးဒူးထောက်တောင်းပန်လာခဲ့၏။ ဝမ်ရိပေါ်ကမူကြိုဆရာမဒူးထောက်ပြီးတောင်းပန်နေတာလျစ်လျူရှုလိုက်ပြီးရှောင်းသခင်မကြီးကိုလှည့်ပြောလိုက်၏။

"ရှောင်းကျန့်ဆီကတောင်းထားတဲ့ပိုက်ဆံတွေနဲ့ရှောင်းကျန့်ကိုဒုက္ခရောက်အောင်လုပ်တယ်ပေါ့
သနားလို့လွှတ်ထားတာကိုရောင့်တက်လာတာဘဲ
ပြီးတော့ကျုပ်သားကိုbrainwashလုပ်ပြီးကျုပ်နဲ့သွေးခွဲမယ်၊အဲ့လိုလား
ကျုပ်သားကbrainwashလုပ်စရာတောင်မလိုဘူး သူ့ခေါင်းထဲမှာအိပ်ဖို့၊စားဖို့၊ကစားဖို့ဘဲသိတာ
ဒါပေမယ့်ခင်များရဲ့Photoshopကတော့မဆိုးပါဘူး"

"ရှောင်းကျန့်ကတော့မင်းလိုမတွေးနိုင်ဘူး တော်တော်တုံးတာဘဲ
အခုဆိုချောင်မှာကုတ်ပြီးငိုနေလောက်ရော့ပေါ့!"

"မနက်ဖြန်ကစပြီးကြုံရမယ့်အခက်အခဲတွေအတွက်ကြိုပြီးပြင်ဆင်ထားလိုက်ပါဦး Mrs.ရှောင်း!"

ဝမ်ရိပေါ်ကမူကြိုဆရာမဘက်လှည့်ပြီးဆက်ပြောလိုက်၏။

"ဒီနိုင်ငံမှာဝမ်မျိုးရိုးနဲ့မိသားစုဘယ်နှစ်ယောက်တောင်ရှိလို့လဲ
စိတ်ပျက်လိုက်တာ ငွေရရင်ဘာမဆိုလုပ်မယ့်လူတွေ!"

"ရှင်.."

"ထန်ရှင်းမူကြိုကျောင်းကဝမ်ဝမ်အတွက်အဆင်ပြေမယ်ထင်ထားခဲ့တာ
ထင်ထားသလိုဖြစ်မနေဘူးဘဲ!"

"တောင်းပန်ပါတယ် တစ်ခါလောက်ဘဲခွင့်လွှတ်ပေးပါ နောက်မလုပ်တော့ပါဘူး ဟင့်"

"ကျောင်းအုပ်ရုံးခန်းမှာတွေ့ကြတာပေါ့"

ဝမ်ရိပေါ်ကထန်ရှင်းကျောင်းအုပ်ရုံးခန်းကိုယ်တိုင်သွားပြီးသူ့သားကိစ္စကိုကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်သည်။ မူကြိုဆရာမကတော့ဒီကျောင်းကတရားဝင်ထွက်လိုက်ရပြီး ကျောင်းတိုင်းရဲ့blacklist ထဲကိုသွင်းခံလိုက်ရ၏။

ဝမ်ရိပေါ်ကကိစ္စတွေဖြေရှင်းပြီးလို့အိမ်ပြန်လာတော့အိမ်ကိုရှောင်းကျန့်ကပြန်မရောက်သေးပေ။ ‌ဝမ်ရိပေါ်တစ်ချိန်လုံးရှောင်းကျန့်ကိုဖုန်းခေါ်နေပေမယ့်ရှောင်းကျန့်ကဖုန်းကိုစက်ပါပိတ်ပစ်လိုက်၏။ ကိုယ်ရံတော်ရဲ့စကားအရသူ့ကားကိုပါမျက်ခြေဖျက်သွားတယ်တဲ့။

"ဒက်ဒီပါးပါးရော.."

ဝမ်ဝမ်ကဒီနေ့ဝတ်စုံလေးကိုမလဲရသေးဘဲနည်းနည်းပေစုတ်စုတ်လေးဖြစ်နေ၏။

"ဒက်ဒီ ဝမ်ဝမ်ဗိုက်ဆာနေပီ ပါးကဘယ်အချိန်မှရောက်မှလဲ ဟင့်"

"ပါးပါးကဒက်ဒီ့ကိုစိတ်ကောက်နေတယ်
ပါးပါးပြန်လာတော့မှာ ဝမ်ဝမ်ကစိတ်ရှည်ရမယ်နော်"

ဝမ်ရိပေါ်ကအပြင်ကအတွင်းရေးမှူးကိုဖုန်းဆက်လိုက်ပြီးညစာလာပို့ဖို့မှာလိုက်၏။ သူခန့်ထားတဲ့ကိုယ်ရံတော်ကိုလည်းအပြင်မှာရှောင်းကျန့်ကိုရှာဖို့တာဝန်ပေးထားတယ်။
ဝမ်ရိပေါ်ကဝမ်ဝမ့်ကိုရေချိုးပေးတော့လည်းအလွဲလွဲအချော်ချော်။ ကိုယ်ရေချိုးပြီးလာတော့လည်းအဝတ်တွေကအဆင်သင့်ထုတ်ပြီးသားမရှိ။ ဝမ်ဝမ့်ကိုညဝတ်ဝတ်ပေးထားပေမယ့်သူကိုယ်တိုင်ကတော့ bathrobeနဲ့။ သူ့ညဝတ်အကျီဘယ်အထပ်မှာထားလဲမသိဘူး။

"ပါးပါးကဘယ်အချိန်မှလာမာလဲ!"

"မင်းပါးပါးကဆေးရုံမှာအလုပ်မပြီးသေးလို့နေမှာပါ အရင်လည်းနောက်ကျဖူးတယ်မဟုတ်လား"

ဝမ်ဝမ်နဲ့သူရှောင်းကျန့်ကိုစောင့်ရင်းဝမ်ဝမ်ကအရင်အိပ်ပျော်သွားခဲ့၏။ ဝမ်ဝမ်အိပ်ပျော်သွားမှရိပေါ်ကအတွင်းရေးမှူးပို့ပေးလာတဲ့ရှောင်းကျန့်နဲ့ရင်းနှီးတဲ့သူတွေကိုဆက်သွယ်လိုက်၏။

ရှောင်းကျန့်..ခင်များကျွန်တော့်ကိုရှင်းပြခွင့်တောင်မပေးပါလားဗျာ။


(24.8.22)

ခေါင်းထဲမှာဗလာဖြစ်နေလို့ကြာသွားပါတယ်။

.....................

"ေရွာင္းက်န႔္ရဲ႕ခင္ပြန္းကိုကလူက်ီစယ္ျခင္းနည္းလမ္းမ်ား"

Part- 23

For zawgyi

"ဝမ္ဝမ္ ဒီတစ္ခါလည္းသားဘြားဘြားလာေတြ႕တယ္
အျပင္ကိုလိုက္ခဲ့မယ္မလားဟင္"

"ဘြားဘြား"

"သားဘြားဘြားကသားအတြက္မုန႔္ေတြအမ်ားႀကီးယူလာတယ္တဲ့
ၿပီးေတာ့သားပါးပါးငယ္ငယ္ကအေၾကာင္းေတြလည္းေျပာျပမယ္တဲ့"

"ဟုတ္လား"

"အြန္း ဆရာမနဲ႕လိုက္ခဲ့မယ္မလားဟင္"

ဝမ္ဝမ္ကေခါင္းညိတ္ျပလိုက္ၿပီးဆရာမ‌လက္ဆြဲကာေတြ႕ေနက်ကစားကြင္းထဲကိုလိုက္လာခဲ့လိုက္သည္။ မူႀကိဳေက်ာင္းနဲ႕ကစားကြင္းကသိပ္မေဝးေပ၊အားလပ္ခ်ိန္မဟုတ္လို႔ကစားမယ့္ကေလးေတြလည္းမရွိ။ ဂိတ္ဝမွာမူႀကိဳဆရာမကဂိတ္ေစာင့္ကိုဝန္ထမ္းကတ္ျပားျပလိုက္တာနဲ႕တံခါးခ်က္ျခင္းဖြင့္ေပးလာသည္။

ဝမ္ဝမ္မူႀကိဳကထြက္လာတာနဲ႕ဝမ္ဝမ့္ကိုေစာင့္ေရွာက္ဖို႔ဝမ္ရိေပၚလႊတ္ထားတဲ့လူကဝမ္ရိေပၚကိုခ်က္ခ်င္းသတင္းပို႔လာခဲ့သည္။

"ဘြားဘြားက ဝမ့္ကိုဘာလို႔ေက်ာင္းမွာလာမေတြ႕တာလဲဟင္"

"ေက်ာင္းမွာလာေတြ႕ဖို႔ဆိုရင္မိသားစုေတာ္စပ္ေၾကာင္းလက္မွတ္ထိုးရလို႔ေပါ့
ဝင္ေတြ႕ရဖို႔ရႈပ္လည္းရႈပ္တယ္ေလ
ဝမ္ဝမ္ကလိမ္မာၿပီးအိမ္ကိုျပန္မတိုင္ရဘူးေနာ္
ေက်ာင္းမွာပ်င္းစရာႀကီး ဟုတ္တယ္မလား"

ဒီတစ္ခါေတာ့ဆရာမဝမ္ဝမ့္ကိုေသေသခ်ာခ်ာေလးနားလည္ေအာင္ရွင္းျပသည္။ ကေလးထိခိုက္နစ္နာေအာင္လုပ္တာမွမဟုတ္ဘဲ။ ကေလးအဘြားနဲ႕ေတြ႕ေပး႐ုံဘဲကို..

"ကဲ ဘြားဘြားနဲ႕စကားေျပာၾက
ဆရာမကဟိုးနားကေစာင့္ေနမယ္"

"ဟုတ္ကဲ့"

ဆရာမကသူမေစာင့္ေနမယ့္ေနရာကိုလက္ညွိုးထိုးျပၿပီးဝမ္ဝမ့္ကိုႏႈတ္ဆက္ကာထြက္သြားခဲ့သည္။ ေဒၚမုန႔္႐ႊီကဝမ္ဝမ့္ကိုျမင္ေတာ့ဝမ္းသာအားရေျပးဖက္လာသည္။

"ငါ့ေျမးတကယ္ဘဲ ဘြားဘြားဆီလာေတြ႕တယ္"

"ဟုတ္"

"အမေလး ငါ့ေျမး! ငါ့ေျမးေလးေအးေနေတာ့မွာဘဲ
ႏြေးသြားေအာင္ေကာ္ဖီေသာက္မလား"

"ေကာ္ဖီေသာက္လို႔အရဘူး
ဝမ္ကသုံးႏွစ္ေတာင္အျပည့္ေသးဘူး"

"ေအာ္ အင္းပါ
ဘြားဘြားအမွားပါ"

ဝမ္ဝမ္ကဒီတစ္ခါေတာ့သြက္သြက္လက္လက္ရွိမေနဘဲေမးမွျပန္ေျဖသည္။ ဒါေပမယ့္လူႀကီးတစ္ေယာက္ကကေလးတစ္ေယာက္ကိုမလွည့္စားနိုင္ရိုးထုံးစံမရွိဘူးေလ။ ေသခ်ာေပါက္ေဒၚမုန႔္႐ႊီလိုလူစားမ်ိဳးကကေလးတစ္ေယာက္ကသူမကိုခ်စ္ခင္ယုံၾကည္လာေအာင္လုပ္နိုင္တာေပါ့..

"သၾကားလုံးထပ္လိုခ်င္ေသးလား"

"ဟင့္အင္း ဟင့္အင္း"

"ဟား ဟား ဘာေတြအေၾကာက္အကန္ျငင္းေနရတာလဲကြာ"

"သၾကားလုံးအစားေတာ့ဘူး"

"အျပင္ကနို႔အရသာနဲ႕ အထဲကေခ်ာကလက္အႏွစ္နဲ႕ေလ
ေျမးမစားဘူးဆိုေတာ့တျခားတစ္ေယာက္ကိုေပးပစ္ရမွာေပါ့
႐ႊတ္ ႐ႊတ္!..
ေဟ့ ကေလးေလး
သၾကားလုံးလာစားပါဦး"

ေဒၚမုန႔္႐ႊီကသၾကားလုံးအဆုပ္လိုက္ကိုကြင္းထဲမွာကစားေနတဲ့ကေလးတစ္ေယာက္ကိုေခၚၿပီးေကြၽးလိုက္ေတာ့ဝမ္ဝမ္မ်က္ႏွာေလးကညွိုးသြားၿပီးလက္ေလးေတြကအခ်င္းခ်င္းကုတ္ျခစ္ကုန္၏။ ‌ေဒၚမုန႔္႐ႊီကဝမ္ဝမ့္ကိုၾကည့္ၿပီးမဲ့ၿပဳံးၿပဳံးလိုက္ရင္းဆက္ေျပာသည္။ သၾကားလုံးမႀကိဳက္တဲ့ကေလးမရွိဘူးေလ။ အိမ္ကသၾကားလုံးမေကြၽးတဲ့ကေလးေတြကတျခားကေလး‌ေတြထက္သၾကားလုံးပိုမက္တယ္..။

"ဘြားဘြားတစ္ခုေျပာျပရမလား"

ဝမ္ဝမ္ကလွ်ာရည္ကိုျပန္ၿမိဳခ်လိဳက္ၿပီးေခါင္းညိတ္၏။

"ဝမ္ရိေပၚကေျမးဒက္ဒီအစစ္လို႔ထင္လား"

"ဝမ္ဝမ့္ဒက္ဒီကဘာျဖစ္လို႔လဲ"

"တကယ္ေတာ့ဝမ္ရိေပၚကေျမးဒက္ဒီအရင္းမဟုတ္ဘူး"

"ဟုတ္ဘူး ဟုတ္ဘူး
ဘြားဘြားေလွ်ာက္ေျပာေနတာ!"

"ဘြားဘြားကေလွ်ာက္ေျပာေနတာျဖစ္ပါ့မလား
ေျမးပါးပါးကလူရႈပ္တစ္ေယာက္ေလ
ဘယ္သူနဲ႕ရလာမွန္းမသိတဲ့ကေလးကိုဝမ္ရိေပၚကိုတာဝန္ယူခိုင္းခဲ့တာ"

"ဟင့္ ဟုတ္ဘူး အဟုတ္ဘူး ဟီး"

"ဘြားဘြားကဘာလို႔ညာရမွာလဲ
ေျမးဒက္ဒီအစစ္ကဘယ္သူလဲပါးပါးကိုျပန္ေမးၾကည့္လိုက္ေလ
အရင္တုန္းကဝမ္ရိေပၚကိုတစ္ခါမွမျမင္ဖူးဘူးမလား"

"ျမင္ဖူးတယ္ ပါးပါးမွာဒက္ဒီ့ပုံရွိတယ္!
ဒက္ဒီကဝမ္ဝမ့္ဒက္ဒီ! အီးဟီး"

"ဘြားဘြားေျပာတာမယုံဘူးေပါ့
ေျမးနဲ႕ေျမးဒက္ဒီကတစ္စက္မွမတူဘူး
ေျမးမွာဆံပင္ေကာက္ေကာက္ေလးေတြရွိတယ္ ဝမ္ရိေပၚမွာမရွိဘူး
ေရွာင္းက်န႔္ကဝမ္ရိေပၚကိုအတင္းျမႇူဆြယ္ၿပီး.."

"ေတာ္ေလာက္ၿပီ!!"

ဩဇာရွိတဲ့ေအးစက္စက္အသံေၾကာင့္ေဒၚမုန႔္႐ႊီတုန္ရင္သြားၿပီးလက္သီးကိုတင္းတင္းဆုပ္ထားလိုက္၏။ ဘယ္ေလာက္မွမၾကာေသးဘဲရိပ္မိသြားၿပီေပါ့..။

"ဒက္ဒီ! ဒက္ဒီ! ဟီး..."

ဝမ္ဝမ္ကေဒၚမုန႔္႐ႊီကိုယ္ေပၚက‌႐ုန္းထြက္ကာဝမ္ရိေပၚဆီေျပးလာခဲ့၏။ မ်က္ႏွာေလးကနီရဲေနကာတက္မတတ္ငိုေႂကြးေန၏။ ဝမ္ရိေပၚကဝမ္ဝမ့္ကိုေကာက္ခ်ီလိုက္ၿပီးေရွာင္းက်န႔္လုပ္ေပးသလိုေက်ာေလးကိုပြတ္သပ္ေပးလိုက္၏။ ဝမ္ဝမ္ကရိေပၚပုခုံးေပၚမွာမ်က္ႏွာအပ္ထားၿပီးလက္ေလးနဲ႕ရိေပၚလည္ပင္းကိုဖက္တြယ္ထားခဲ့သည္။ ဝမ္ဝမ့္ခႏၶာကိုယ္ေလးကတုန္ယင္ေနကာမ်က္ရည္ေတြကရိေပၚsuitကိုေတာင္စိုစြတ္လာခဲ့၏။

"တိတ္ေတာ့! အဘြားႀကီးေျပာသမွ်ေလွ်ာက္ယုံေနတာဘဲလား ဟမ္!"

"အဘြား အဘြားႀကီး?"

"ခင္မ်ားတိတ္တိတ္ေန!"

ဝမ္ရိေပၚကေရွာင္းသခင္မႀကီးကိုစူးစိုက္ၾကည့္ေပးလိုက္ၿပီးေအးစက္စြာေျပာလိုက္၏။

"ဒက္ဒီကသားဒက္ဒီမလား ဟင့္"

"Bၿမိဳ႕ေတာ္မွာဝမ္မ်ိဳးရိုးကဘယ္ႏွစ္ေယာက္ေတာင္ရွိမယ္ထင္လဲ
မင္းကဝမ္ရိေပၚသားမို႔လို႔ဝမ္ဝမ္ျဖစ္ေနတာေပါ့
ငါကဝမ္မ်ိဳးရိုးထဲကိုသူစိမ္းဝင္ခံပါ့မလား"

"ဘြားဘြားက.."

"အဲ့ဒါမင္းဘြားဘြားမဟုတ္ဘူး
မင္းဘြားဘြားကတစ္ေယာက္ဘဲရွိတယ္
ဆံပင္ေကာက္ေကာက္နဲ႕ မင္းလိုဘဲ"

"သူဝမ့္ကိုလိမ္တယ္"

"သူ႕ကိုေျပာလိုက္! လူလိမ္မႀကီး မေကာင္းတဲ့အဘြားႀကီးလို႔!"

"လူလိမ္မရီး မေကာင္းတဲ့အဘြားရီး ဝမ့္ကိုလိမ္တယ္!"

"နင္ နင္!"

"က်ဳပ္ခင္မ်ားကိုေတာ္ေတာ္သည္းခံခဲ့ၿပီးၿပီ
တရား႐ုံးမွာေတြ႕ၾကတာေပါ့"

"ငါ ငါကဘာလုပ္မိလို႔လဲဟဲ့!"

"အသေရဖ်က္မႈနဲ႕ခင္မ်ားကိုတရားစြဲထားတယ္
ကေလးကိုလိမ္လည္လွည့္ဖ်ားမႈပါထပ္တိုးၿပီးတရားစြဲမွာ!"

"ဘာ ဘာ!"

"ေရွ႕ေနနဲ႕ေျပာၾကတာေပါ့!"

"ငါကေရွာင္းပိုင္အေမပါဟဲ့! ငါ့သားမ်က္ႏွာကိုေထာက္ပါဦး
ငါ့သားကဘယ္ေလာက္ေတာင္သနားဖို႔ေကာင္းလိုက္လဲ
သူ႕ သူ႕မွာအခု.."

"ေရွာင္းပိုင္ကိုအားနာလို႔သူနာမည္ႀကီးလာေအာင္ကြၽန္ေတာ့္ဘက္ကေထာက္ပံ့ေပးထားေပးၿပီးၿပီ
တကယ္ဆိုကြၽန္ေတာ္နဲ႕တြဲေနစဥ္တစ္ေလွ်ာက္လုံးသူအက်ိဳးအျမတ္ရေနခဲ့တာ"

"ဒါဆို ကိုယ္ဝန္ကိစၥကေရာ!"

"ကိုယ္ ကိုယ္ဝန္!"

ေနာက္မွာဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိတဲ့ေရွာင္းက်န႔္ကလက္ထဲကအထုတ္ေတြျပဳတ္က်ၿပီးအံဩလြန္းတဲ့မ်က္ႏွာနဲ႕ၾကည့္လာခဲ့သည္။ ဝမ္ရိေပၚလည္းဝမ္ဝမ့္ကိုခ်ီရင္းေရွာင္းက်န႔္နားကပ္လာေတာ့ေရွာင္းက်န႔္ကေနာက္သို႔ျပန္ဆုတ္သည္။

"သူေျပာတာမယုံနဲ႕!"

"ပါးပါး ဝမ့္ကိုခ်ီ"

"ရိေပၚ မဟုတ္ မဟုတ္ဘူးမလားဟင္!"

"သူေလွ်ာက္ေျပာတိုင္းယုံတာလား ခင္မ်ား"

"ငါေလွ်ာက္ေျပာတာဟုတ္လား၊မဟုတ္ဘူးလား ေရွာင္းက်န႔္..နင့္မ်က္လုံးနဲ႕ျမင္ေအာင္ၾကည့္!"

ေရွာင္းသခင္မႀကီးကအိတ္ထဲကဓာတ္ပုံအထပ္လိုက္ႀကီးကိုထုတ္ၿပီးေရွာင္းက်န႔္ေရွ႕ပစ္ေပးလိုက္၏။ ဓာတ္ပုံထဲမွာဝမ္ရိေပၚနဲ႕ေရွာင္းပိုင္ဟိုတယ္ထဲကထြက္လာပုံေတြ၊ ေနာက္ၿပီးေဆး႐ုံထဲအတူသြားပုံေတြ၊ႏွစ္ေယာက္လုံးက maskတပ္ထားေပမယ့္ဝမ္ရိေပၚနဲ႕ေရွာင္းပိုင္မွန္းသိသာလွပါသည္။ ၿပီးေတာ့အိပ္ရာေပၚမွာႏွစ္ေယာက္သားဖက္တြယ္ထားပုံေတြ၊ သူဆက္မၾကည့္နိုင္ေတာ့ဘူး။

"ေရွာင္းက်န႔္! ကြၽန္ေတာ္ေျပာတာနားေထာင္"

"မေျပာနဲ႕ေတာ့..ဟင့္အင္း ဟင့္အင္း
မင္းတို႔ပတ္သတ္မႈအေၾကာင္းဆက္မေျပာပါနဲ႕ေတာ့!"

"ငါ့သားအတြက္ငါလုပ္တာ ငါ့ေျမးလည္းဝမ္မ်ိဳးရိုးကိုခံယူသင့္တယ္မဟုတ္ဘူးလား!"

"ခင္မ်ားပါးစပ္ပိတ္ထား!!"

ေရွာင္းက်န႔္ကအရမ္းယူႀကဳံးမရျဖစ္ေနပုံေပၚၿပီးသူဘာေျပာေျပာယုံမယ့္ပုံမေပၚဘူး။ ဝမ္ရိေပၚလည္းဘယ္ကေနဘယ္လိုရွင္းျပရမလဲမသိေတာ့ဘူး။ 'ရင္ခုန္သံအရင္းႏွီးဆုံး' series ကအရမ္းေပါက္သြားလို႔စီးပြားေရးအရေရွာင္းပိုင္တို႔နဲ႕ခဏခဏပတ္သတ္ရတယ္။ ေရွာင္းပိုင္ကိုယ္တိုင္လာဝန္ခံကတည္းကသူနဲ႕ေရွာင္းပိုင္သူငယ္ခ်င္းေတြလိုဆက္သြားဖို႔ဆုံးျဖတ္ခဲ့ၾကၿပီးသား။

ေရွာင္းပိုင္ကသူ႕ကုမၸဏီကထြက္လိုက္ေတာ့HOPEနဲ႕စာခ်ဳပ္ခ်ဳပ္ျဖစ္ခဲ့တယ္။ ေရွာင္းပိုင္ဟာေရွာင္းက်န႔္ညီမို႔သူ႕အက်ိဳးကိုယ့္အက်ိဳးအတြက္ပူးေပါင္းခဲ့ၾကတယ္။ ဒါေတြအားလုံးကစီးပြားေရးဘဲ။ ေရွာင္းပိုင္ရိုက္ကြင္းမွာမူးလဲလို႔သူကိုယ္တိုင္ဘဲေဆး႐ုံပို႔ေပးခဲ့တယ္။ ေရွာင္းပိုင္မွာကိုယ္ဝန္ရွိေနလို႔သူကိုယ္တိုင္အႏုပညာေလာကကခဏေပ်ာက္ေနဖို႔ခြင့္ရက္ရွည္ေပးတယ္။ ဒါေတြအားလုံးကသူ႕အသုံးခ်ခံျဖစ္ခဲ့တဲ့ေရွာင္းပိုင္ရဲ႕အခ်ိန္ေတြအတြက္သူျပန္လုပ္ေပးခဲ့တာေတြပါ..။

"ေရွာင္းက်န႔္!"

"ေဝးေဝးေန!!"

"ပါးပါး! အသြားနဲ႕!"

ေရွာင္းက်န႔္ကမ်က္ရည္ေတြကိုသုတ္လိုက္ၿပီးသူနဲ႕ေဝးရာကိုထြက္ေျပးေတာ့၏။ ဝမ္ဝမ္ကသူ႕ကိုယ္ေပၚက႐ုန္းၿပီးေရွာင္းက်န႔္ကိုဘဲေအာ္ေခၚေန၏။ ဝမ္ရိေပၚကဝမ္ဝမ့္ကိုကိုယ္ရံေတာ္လက္ထဲထည့္ေပးလိုက္ၿပီးေရွာင္းက်န႔္ေနာက္လိုက္ဖို႔အရိပ္ျပလိုက္၏။ ကိုယ္ရံေတာ္ကဝမ္ဝမ္ကိုခ်ီၿပီးထြက္သြားေတာ့မွဝမ္ရိေပၚကေရွာင္းသခင္မႀကီးဆီကိုတစ္လွမ္းခ်င္းလွမ္းလာခဲ့၏။ ဝမ္ရိေပၚမ်က္ႏွာကေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ခတ္ထန္ေနလို႔ေရွာင္းသခင္မႀကီးတစ္ကိုယ္လုံးကတုန္ယင္လာခဲ့တယ္..

"မလာ မလာနဲ႕!"

"ေပ်ာ္လား"

"မလာနဲ႕လို႔ေျပာေနတယ္ေနာ္!"

ဝမ္ရိေပၚတစ္လွမ္းတိုးလာတိုင္းေရွာင္းသခင္မႀကီးကေနာက္ဆုတ္လာေတာ့ေနာက္ကခုံတန္းရွည္နဲ႕တိုက္မိၿပီးထိုင္က်သြားခဲ့၏။ ဝမ္ရိေပၚကေရွာင္းသခင္မႀကီးလည္ပင္းကိုညွစ္လိုက္ရင္းေအးစက္စြာေျပာလိုက္၏။

"က်ဳပ္ရဲ႕ဒီပုံစံကိုျမင္ခ်င္ေနတာမဟုတ္လား
Showလုပ္လိုက္ရလို႔ေပ်ာ္လား! ဟမ္!!"

"အစ္.အစ္ လႊတ္"

"အား!!"

ဝမ္ရိေပၚကေအာ္သံဘက္ကိုတစ္ခ်က္လွည့္ၾကည့္လိုက္ၿပီး ေရွာင္းသခင္မႀကီးမ်က္ႏွာနီရဲလာၿပီးမ်က္လုံးျပဴးလာေတာ့မွညွစ္ထားတာကိုလႊတ္ေပးလိုက္၏။

"အဟြတ္ အဟြတ္!"

"ရွင္ ရွင္!"

"ဝမ္ဝမ္ကိုေခၚလာတဲ့မူႀကိဳဆရာမ မဟုတ္လား!"

"ဝမ္ ဝမ္ရိေပၚ!"

"ဝမ္ရိေပၚမဟုတ္ဘူး မေကာင္းဆိုးဝါးေကာင္! အဟြတ္"

"မသိ.မသိခဲ့လို႔ပါ
ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ရွင္"

မူႀကိဳဆရာမကဝမ္ရိေပၚကိုယ္တိုင္ေရွာင္းသခင္မႀကီးကိုလည္ပင္းညွစ္ေနတာျမင္လိုက္ရေတာ့ေၾကာက္လန႔္ၿပီးဒူးေထာက္ေတာင္းပန္လာခဲ့၏။ ဝမ္ရိေပၚကမူႀကိဳဆရာမဒူးေထာက္ၿပီးေတာင္းပန္ေနတာလ်စ္လ်ဴရႈလိုက္ၿပီးေရွာင္းသခင္မႀကီးကိုလွည့္ေျပာလိုက္၏။

"ေရွာင္းက်န႔္ဆီကေတာင္းထားတဲ့ပိုက္ဆံေတြနဲ႕ေရွာင္းက်န႔္ကိုဒုကၡေရာက္ေအာင္လုပ္တယ္ေပါ့
သနားလို႔လႊတ္ထားတာကိုေရာင့္တက္လာတာဘဲ
ၿပီးေတာ့က်ဳပ္သားကိုbrainwashလုပ္ၿပီးက်ဳပ္နဲ႕ေသြးခြဲမယ္၊အဲ့လိုလား
က်ဳပ္သားကbrainwashလုပ္စရာေတာင္မလိုဘူး သူ႕ေခါင္းထဲမွာအိပ္ဖို႔၊စားဖို႔၊ကစားဖို႔ဘဲသိတာ
ဒါေပမယ့္ခင္မ်ားရဲ႕Photoshopကေတာ့မဆိုးပါဘူး"

"ေရွာင္းက်န႔္ကေတာ့မင္းလိုမေတြးနိုင္ဘူး ေတာ္ေတာ္တုံးတာဘဲ
အခုဆိုေခ်ာင္မွာကုတ္ၿပီးငိုေနေလာက္ေရာ့ေပါ့!"

"မနက္ျဖန္ကစၿပီးႀကဳံရမယ့္အခက္အခဲေတြအတြက္ႀကိဳၿပီးျပင္ဆင္ထားလိုက္ပါဦး Mrs.ေရွာင္း!"

ဝမ္ရိေပၚကမူႀကိဳဆရာမဘက္လွည့္ၿပီးဆက္ေျပာလိုက္၏။

"ဒီနိုင္ငံမွာဝမ္မ်ိဳးရိုးနဲ႕မိသားစုဘယ္ႏွစ္ေယာက္ေတာင္ရွိလို႔လဲ
စိတ္ပ်က္လိုက္တာ ေငြရရင္ဘာမဆိုလုပ္မယ့္လူေတြ!"

"ရွင္.."

"ထန္ရွင္းမူႀကိဳေက်ာင္းကဝမ္ဝမ္အတြက္အဆင္ေျပမယ္ထင္ထားခဲ့တာ
ထင္ထားသလိုျဖစ္မေနဘူးဘဲ!"

"ေတာင္းပန္ပါတယ္ တစ္ခါေလာက္ဘဲခြင့္လႊတ္ေပးပါ ေနာက္မလုပ္ေတာ့ပါဘူး ဟင့္"

"ေက်ာင္းအုပ္႐ုံးခန္းမွာေတြ႕ၾကတာေပါ့"

ဝမ္ရိေပၚကထန္ရွင္းေက်ာင္းအုပ္႐ုံးခန္းကိုယ္တိုင္သြားၿပီးသူ႕သားကိစၥကိုၾကမ္းၾကမ္းတမ္းတမ္းကိုင္တြယ္သည္။ မူႀကိဳဆရာမကေတာ့ဒီေက်ာင္းကတရားဝင္ထြက္လိုက္ရၿပီး ေက်ာင္းတိုင္းရဲ႕blacklist ထဲကိုသြင္းခံလိုက္ရ၏။

ဝမ္ရိေပၚကကိစၥေတြေျဖရွင္းၿပီးလို႔အိမ္ျပန္လာေတာ့အိမ္ကိုေရွာင္းက်န႔္ကျပန္မေရာက္ေသးေပ။ ‌ဝမ္ရိေပၚတစ္ခ်ိန္လုံးေရွာင္းက်န႔္ကိုဖုန္းေခၚေနေပမယ့္ေရွာင္းက်န႔္ကဖုန္းကိုစက္ပါပိတ္ပစ္လိုက္၏။ ကိုယ္ရံေတာ္ရဲ႕စကားအရသူ႕ကားကိုပါမ်က္ေျခဖ်က္သြားတယ္တဲ့။

"ဒက္ဒီပါးပါးေရာ.."

ဝမ္ဝမ္ကဒီေန႕ဝတ္စုံေလးကိုမလဲရေသးဘဲနည္းနည္းေပစုတ္စုတ္ေလးျဖစ္ေန၏။

"ဒက္ဒီ ဝမ္ဝမ္ဗိုက္ဆာေနပီ ပါးကဘယ္အခ်ိန္မွေရာက္မွလဲ ဟင့္"

"ပါးပါးကဒက္ဒီ့ကိုစိတ္ေကာက္ေနတယ္
ပါးပါးျပန္လာေတာ့မွာ ဝမ္ဝမ္ကစိတ္ရွည္ရမယ္ေနာ္"

ဝမ္ရိေပၚကအျပင္ကအတြင္းေရးမႉးကိုဖုန္းဆက္လိုက္ၿပီးညစာလာပို႔ဖို႔မွာလိုက္၏။ သူခန႔္ထားတဲ့ကိုယ္ရံေတာ္ကိုလည္းအျပင္မွာေရွာင္းက်န႔္ကိုရွာဖို႔တာဝန္ေပးထားတယ္။
ဝမ္ရိေပၚကဝမ္ဝမ့္ကိုေရခ်ိဳးေပးေတာ့လည္းအလြဲလြဲအေခ်ာ္ေခ်ာ္။ ကိုယ္ေရခ်ိဳးၿပီးလာေတာ့လည္းအဝတ္ေတြကအဆင္သင့္ထုတ္ၿပီးသားမရွိ။ ဝမ္ဝမ့္ကိုညဝတ္ဝတ္ေပးထားေပမယ့္သူကိုယ္တိုင္ကေတာ့ bathrobeနဲ႕။ သူ႕ညဝတ္အက်ီဘယ္အထပ္မွာထားလဲမသိဘူး။

"ပါးပါးကဘယ္အခ်ိန္မွလာမာလဲ!"

"မင္းပါးပါးကေဆး႐ုံမွာအလုပ္မၿပီးေသးလို႔ေနမွာပါ အရင္လည္းေနာက္က်ဖဴးတယ္မဟုတ္လား"

ဝမ္ဝမ္နဲ႕သူေရွာင္းက်န႔္ကိုေစာင့္ရင္းဝမ္ဝမ္ကအရင္အိပ္ေပ်ာ္သြားခဲ့၏။ ဝမ္ဝမ္အိပ္ေပ်ာ္သြားမွရိေပၚကအတြင္းေရးမႉးပို႔ေပးလာတဲ့ေရွာင္းက်န႔္နဲ႕ရင္းႏွီးတဲ့သူေတြကိုဆက္သြယ္လိုက္၏။

ေရွာင္းက်န႔္..ခင္မ်ားကြၽန္ေတာ့္ကိုရွင္းျပခြင့္ေတာင္မေပးပါလားဗ်ာ။


(24.8.22)

ေခါင္းထဲမွာဗလာျဖစ္ေနလို႔ၾကာသြားပါတယ္။

.....................













Continue Reading

You'll Also Like

26.8K 1.4K 17
systemပုံစံficလေးပါအခါးမပါပါဘူးအခါးကြိုက်တဲ့သူများမဖတ်ရန် yizhanပါ introကနေစဖတ်ပါ systemပုံစံficေလးပါအခါးမပါပါဘူးအခါးႀကိဳက္တဲ့သူမ်ာ မဖတ္ရန္ yizhanပါ ...
1.5K 215 5
ကျွန်တော်သာ ငှက်တစ်ကောင်ဆိုရင် ခများက ကျွန်တော်အမြင့်ပျံနိုင်အောင် ထောက်ပံ့ပေးတဲ့ တောင်ပံတစ်စုံပဲ ဖြစ်လိမ့်မယ်။
669K 33.2K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
22K 1K 12
"လှပတဲ့ကြာပန်းလေးဝယ် နာခိုးမိတဲ့ပုစဥ်းငယ် အို....မိုက်ရူးရဲဆန်သော ပုစဥ်းငယ် ဤကြာပန်းကို သင်မပိုင်လော" "လွပတဲ့ၾကာပန္းေလးဝယ္ နာခိုးမိတဲ့ပုစဥ္းငယ္ အို...