တီချယ့်ကိုမှ ချစ်မိနေပါပြီ Un...

By HpatHpat

159K 7.6K 401

မာန်မာန ဆိုတာ အလွန်တရာကြောက်ဖို့ကောင်းတဲ့ အပြင် အချစ်တွေလည်း ဝေးသွားခဲ့ပါပြီ တီချယ် More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-13
Part-14
Part-15
Part-16(Final)
မေးချင်လို့🥺
Extra part-17
Extra Part-18 🚨🔞🚨
Extra part-19

Part-12

6.5K 355 11
By HpatHpat

နှင်းမေမေ:"သမီးလေးရေ...
ထည့်စားနော် အားမနာနဲ့
သမီး‌ရဲ့ဖေဖေနဲ့ သမီးတီချယ်ရဲ့ဖေဖေက
အရမ်းခင်ကြတာ...
ကိုယ့်အိမ်လိုသဘောထားနော်.."

နှင်း:"မေမေရယ်...အဲ့လောက်ဂရုစိုက်မနေပါနဲ့...
သူက ကလေးလည်း မဟုတ်ဘူး
ကိုယ့်ဘာကိုယ်ထည့်စား ...ကြားလား ကလေးမ"

အေးမြ:"ဟုတ်ကဲ့တီချယ်...
တီချယ်ပြောတာလည်း ဟုတ်ပါတယ် မေမေရဲ့"

မေမေ လို့ခေါ်လိုက်တာ ဘာများမှားလို့လဲ...
တီချယ်က ခုံအောက်ကနေ အေးမြပေါင်ကို
လာဆွဲစိပ်တယ်လေ...

အေးမြ:"အားးးး"

နှင်းမေမေ:"ဘာဖြစ်တာလဲ သမီးလေး"

အေးမြ:"မေမေ့ရဲ့သမီးပေါ့...
သမီးက အန်တီ့ကို မေမေလို့ခေါ်တာ ပေါင်ကို
လာဆွဲစိပ်နေတယ်.."

နှင်းမေမေ:"ဟော်....သမီး
ဘာလို့ကလေးကိုသွားစိပ်တာတုန်း....."

နှင်း:"မေမေကလည်း သူက ပိုင်ဆိုးပိုင်နက်နဲ့...
သူများမေမေကို မေမေလို့ခေါ်တာကိုးးး"

နှင်းမေမေ:"ဟယ်...သမီးကလည်း ကလေးလေးကျနေတာပဲ...မေမေကလေ သားလေးရှိရင်တောင်
အေးမြလေးကို ချွေးမတော်ချင်တာ..."

ထိုကလေးမ ပြုံးစိစိဖြစ်နေတာကို နှင်းသိသည်...
တကယ်ပဲ လူပါးဝတဲ့ရုပ်လေးနဲ့ ...
ဘေးမှာ ရေသန့်ဗူးကလည်း အရန်သင့်လိုလိုပဲရှိနေတော့..
မေမေရှေ့မှာမို့ စိတ်ကို မနည်းထိန်းထားရတယ်...

နှင်းမေမေ:"ကဲ...သမီးတို့အေးဆေးစားကြအုံး..
မေမေ အပြင်မှာ လုပ်စရာလေးရှိ‌သေးလို့"

နှင်း&အေးမြ:"ဟုတ် မေမေ"

အသံလေးက ပြိုင်တူဖြစ်သွားတော့...
နှင်းက အေးမြကို မျက်စောင်းလေးထိုးပြန်ရော...

မေမေထွက်သွားတော့...
နှင်းက အေးမြရဲ့ ဗိုက်ခေါက်ကို လာလိမ်ဆွဲတယ်လေ...

အေးမြ:"အား...မေမေရေ...မေမေ့သမီး အနိုင်ကျင့်နေတာ..."

အေးမြက အော်တတ်နေလို့ နှင်းက အေးမြပါးစပ်ကိုလက်နဲ့ လိုက်အုပ်နေရရှာတယ်...

နှင်းမေမေ:"မိနှင်း...ဘာလို့ ကလေးကို အနိုင်ကျင့်နေတာလဲ..."

နှင်း:"အယ်...မေမေ မသိဘူးနော်...
ဒီကလေးမ ဆိုးနေတာ..."

မေမေ့ကွယ်ရာမှာ နှင်းကို လျှာလာထုတ်ပြတဲ့ ကလေးမ ‌ညကျရင်တွေ့အုံးမယ်....

နှင်းမေမေ:"ဟင်း ဟင်း...သမီးလေးကို
ဒီညဒီမှာပဲ သိပ်လိုက် နှင်း"

အေးမြ:"မအိပ်တော့ပါဘူး မေမေရယ်...
တချို့လူတွေက စိတ်ပုတ်တယ် မေမေရဲ့...
ခေါ်မသိပ်ချင်တဲ့သူတွေရှိတယ်..."

နှင်း:"အေးးမြ....သန့်..စင်!!!
မင်းတို့ကို စောင်းပြောနေတာ သိတယ်နော်"

အေးမြ:"ရော်...တီချယ့်နာမည် ထည့်ပြောလိုက်မိလို့လား"

နှင်း:"တောက်...မင်း...မင်းနော်"

နှင်းမေမေ:"အော်...ဘယ်လိုတွေဖြစ်နေကြတာတုန်း
တော်ပါတော့...ဒီဆရာတပည့် နှစ်ယောက်ကလည်း တွေ့တာနဲ့ ကိုက်နေတော့တာပဲ.."

နှင်း:"ဟင်း...မေမေ ကိုက်နေတယ် ဆိုတော့ သမီးက ခွေးဖြစ်သွားပြီပေါ့...အဲ့တာမင်းကြောင့်..."

အေးမြ:"ခွေးဖြစ်လည်းတူတူပေါ့ နော်မေမေ.."

နှင်း:"ဖြီးပြမနေနဲ့...
အခု လုပ်လိုက်ရ...၃၂ချောင်းလုံးကျွတ်သွားမယ်"

အေးမြ:"မေမေတွေ့လား...မေမေ့သမီးက သမီးကို ဆို အမြဲ အော်ငေါက်နေတာပဲ..."

နှင်းမေမေ:"ဟုတ်သား သမီးရယ်...
ကလေးလေးကို မအော်ပါနဲ့‌ကွယ်..."

နှင်း:"အဲ့တာပဲ...မေမေတို့က
သမီးက ဒီမှာ ကလေးကို ဆုံးမနေတာ ကြားက ဝင်ရှုပ်နေတော့တာပဲ.."

နှင်းမေမေ:"အော် အေးပါဟယ် ကြားထဲက ဝင်ပြောမိတယ် မေမေပဲမှားတာပါ..."

ဒီနေ့ညတော့ အေးမြ နှင်းအခန်းထဲသို့ ပထမဦးဆုံးရောက်ခြင်း....

အခန်းလေးက အပြာရောင်လေးနဲ့ သိပ် လှတယ်..

အေးမြ:"ဒါ တီချယ့် အခန်းပေါ့လေ...
Wow...လှလိုက်တာ.."

နှင်း:"အင်း ဒါ တီချယ့်အခန်း"

အေးမြ:"တီချယ်ကလေ...အရမ်း ချစ်ဖို့ကောင်းပြီး
‌ဘာမှ လိုလေသေးမရှိပြည့်စုံတာကို ဘာလို့ အိမ်ထောင်မပြုသေးတာလဲ"

နှင်း:"တီချယ်က ထပ်မချစ်နိုင်လို့ပေါ့ကွယ်"

အေးမြ:"ဟင်...ဒါဆို တီချယ်က အရင်က ချစ်ဖူးတာပေါ့နော်..."

နှင်း:"အင်း...တီချယ့်ရဲ့ အချစ်ဉီးပေါ့...
တီချယ် တက္ကသိုလ်တက်တုန်းက
ပထမနှစ်ကတည်းက တွဲခဲ့တာ...
တီချယ် နောက်ဆုံးနှစ်ကျတော့ သူ့အိမ်က ပေးစားသူနဲ့  လက်ထပ်သွားတယ်လေ...ဟက်..ဟက်..
သိပ်ချစ်တယ် ဆိုတာ ပုံပြင်ပြောသလိုပဲပေါ့ကွယ်.."

အေးမြ:"တီချယ် အရမ်းခံစားရမှာ‌ပဲ...
ဒါပေမဲ့..သမီးပြောတဲ့ အရမ်းချစ်တယ်ဆိုတဲ့
စကားက ပုံပြင်ပြောတာ မဟုတ်ဘူး...
တီချယ့်ကို တကယ် မြတ်မြတ်နိုးနိုးနဲ့ကို ချစ်မိနေပြီ"

နှင်း:"တီချယ် သမီးကို ကျန်တာကလွဲလို့
အချစ်နဲ့ ပတ်သက်ရင်ယုံပါတယ်...
သမီးသာ လိမ်လိမ်မာမာနေမယ်ဆို ဘယ်လို
အခက်အခဲတွေ ရှိနေ ရှိနေ အတူတူ ကျော်လွှားသွားမယ်..."

အေးမြ:"သမီး တီချယ့် အတွက် လိမ်မာပေးမှာပေါ့"

ရင်ခွင်ထဲ ကို နစ်ဝင်သွားတဲ့ အထိ နှင်းရဲ့ကိုယ်လေးကို ထည့်ထားလိုက်သည်...

ဒီညလည်း အေးမြရင်ခွင်ထဲမှာ နှင်း နွေးထွေးမှုတွေ အပြည့်နဲ့ အိပ်ပျော်ခဲ့သည်...

ဒီလို နှစ်ခြိုက်စရာ အိပ်စက်ခြင်းတွေ မုန်တိုင်း ကြီး တစ်ခု မလာခင် အထိ တော့ တူတူ အိပ်ပျော်ခဲ့တဲ့
နေ့ရက်တွေပေါ့....

အမှားပါရင် ခွင့်လွှတ်ပေးကြပါနော်...
အားပေးတဲ့ အတွက် ကျေးဇူးပါနော်🤍

____

Zawgyi

နှင်းမေမေ:"သမီးလေးရေ...
အရမ်းခင်ကြတာ...

သူက ကလေးလည်း မဟုတ်ဘူး

အေးမြ:"ဟုတ်ကဲ့တီချယ်...

လာဆွဲစိပ်တယ်လေ...

အေးမြ:"အားးးး"


လာဆွဲစိပ်နေတယ်.."

နှင်းမေမေ:"ဟော်....သမီး





နှင်း&အေးမြ:"ဟုတ် မေမေ"


မေမေထွက်သွားတော့...




ဒီကလေးမ ဆိုးနေတာ..."




နှင်း:"အေးးမြ....သန့်..စင်!!!






နှင်း:"ဖြီးပြမနေနဲ့...







Wow...လှလိုက်တာ.."











နေ့ရက်တွေပေါ့....


Continue Reading

You'll Also Like

54.6K 4.8K 29
ကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးကို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းေ...
547K 24.5K 28
ကိုယ် crushနေတဲ့ ကောင်မလေးက ကိုယ့်ကို ချစ်ကြောင်းဖွင့်ပြောသောအခါ (Both Zawgyi amd Unicode)