ငါအိပ်ပျော်သွားတဲ့နေ့တိုင်း င...

By KaGura695

14.2K 2.4K 88

ကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြော... More

Description
Chapter 1.1 (U/Z)
Chapter 1.2 (U/Z)
Chapter 1.3 (U/Z)
Chapter 2.1 (U/Z)
Chapter 2.2 (U/Z)
Chapter 2.3 (U/Z)
Chapter 3.1 (U/Z)
Chapter 3.2 (U/Z)
Chapter 3.3 (U/Z)
Chapter 3.4 (U/Z)
Note
Chapter 4.1(U/Z)
Chapter 4.2 (U/Z)
Chapter 5.1 (U/Z)
Chapter 5.2 (U/Z)
Chapter 5.3(U/Z)
Chapter 6.1(U/Z)
Note
Chapter 6.2(U/Z)
Chapter 6.4(U/Z)
Chapter 7.1(U/Z)
Chapter 7.2(U/Z)
Chapter 7.3(U/Z)
Chapter 7.4(U/Z)
Chapter 8.1(U/Z)
Chapter 8.2(U/Z)
Note
Chapter 8.3(U/Z)

Chapter 6.3(U/Z)

389 89 2
By KaGura695

Unicode

အခန်း ၆.၃ - Tuhao Chicken

သူမသည်ရေခဲသေတ္တာထဲမှ ပါဝင်ပစ္စည်းအချို့ကိုထုတ်လိုက်ပြီး ကျောက်စိမ်းတုံးဖြူပုံစံယုန်ရုပ်မုန့်လေး ၁၂ခုကိုတစ်နာရီကြာအောင်ဖန်တီးပြုလုပ်ခဲ့သည်။အဲ့တာကသူမဟင်းချက်အစီအစဥ်တစ်ခုကနေသင်ယူခဲ့ရတဲ့ဂျုံမှုန့်ကိုအဓိကပါဝင်ပစ္စည်းအဖြစ်အသုံးပြုကာပြုလုပ်ရသည့်အချိုပွဲဖြစ်သည်။ အဲ့တာကချစ်စရာကောင်းသလို လုပ်ရတာလက်ဝင်ပြီးသူ့ရဲ့အရသာကချိုမြိန်ပြီးစားလို့ကောင်းသည်။

ထိခိုက်ပျက်စီးခြင်းမှကာကွယ်ရန်အတွက်ယုန်ရုပ်မုန့်လေးများကိုလုံခြုံစွာသေချာထုပ်ပိုးပြီးနောက်သူမသည် Shunfeng ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုကိုဆက်သွယ်ကာပို့‌ဆောင်ရမည့်လိပ်စာကိုရေးပေးပြီးထိုလိပ်စာအတိုင်းပို့ဆောင်ပေးရန်ပြောကြားခဲ့သည်။

အမြန်ချောပို့သမားက တစ်ခုခုမှားနေသလိုခံစားလိုက်ရပြီး "Yunlangမြို့ကဘယ်မှာရှိတာလဲ။ရေးထားတာမမှားဘူးဆိုတာ‌ရောသေချာလား။"

“ဒီတိုင်းပဲယူသွားလိုက်။မှားခဲ့ရင် လာပြန်ပို့ပေးလိုက်။"

သူထပ်မေးမှာကိုတောင်မစောင့်တော့ဘဲသူ့ရဲ့ပါးစပ်ထဲစုပ်လုံးကိုထိုးထည့်ကာတံခါးကနေ အလျင်စလိုတွန်းထုတ်လိုက်သည်။

အမြန်ချောပို့သမားသည် သူ့စိတ်ထဲတွင်ရေရွတ်ကာအထုပ်ကိုကောက်ယူလိုက်ပြီးလျှပ်စစ်ကားကိုခါးသီးသောအပြုံးဖြင့် မောင်းထွက်သွားသည်။

နောက်တစ်နေ့တွင်မီလီသည်ရှီးပိုင်ချန်းအနားသို့ရွှေရောင်ဘဏ်ကတ်တစ်ခုအနေဖြစ်ပြန်ပေါ် လာသည်။

မီလီမတုံ့ပြန်ရသေးခင်မှာပဲဘဏ်ကတ်ထဲကနေ ယွမ် ၁.၂၅ သန်းပေးချေခဲ့ပါတယ်။သူမပိုက်ဆံမဟုတ်ပေမယ့်လည်းအသဲကွဲနေသလိုခံစားရတယ်။

ရှီးပိုင်ချန်းသည်ဘဏ်ကတ်ကို ပြန်သိမ်းတော့မည်အချိန်မှာပဲ ရုတ်တရက်တုန်လှုပ်သွားသည့် အသံကိုကြားလိုက်ရသည်။

[လူအိုကြီးပိုင်၊ယွမ် 1.25 သန်းကြီးများတောင်သုံးပြီးတော့ဘာကိုဝယ်ခဲ့တာလဲ။]

ရှီးပိုင်ချန်းကရပ်လိုက်ပြီး ဘဏ်ကတ်ကိုအကြိမ်ကြိမ်အခါခါလှန်ကြည့်ပြီး "မီမီ"

[အင်း။ကျွန်မပဲလေ။]

မီလီလှည့်ကြည့်လိုက်တော့ သူတို့ကကားအရောင်းဆိုင်မှာရှိနေတာကိုတွေ့လိုက်ရတယ်။

[ရှင်ကားအသစ်ဝယ်ခဲ့တာလား။]

“ဟုတ်တယ်။”

ရှီးပိုင်ချန်းသည်ငွေရောင်ကားတစ်စီးရှေ့ကိုလျှောက်သွားပြီး တံခါးကိုဖွင့်ကာအထဲသို့ဝင်ထိုင်လိုက်သည်။

[ရှင့်မှာကားကရှိပြီးသားမဟုတ်ဘူးလား။]

“အဲ့ကားကအရင်တုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတယ်။ပြန်ပြင်ထားတာတောင်အရင်ကလိုသိပ်မကောင်းတော့လို့အသစ်တစ်စီးပဲထပ်ဝယ်ဖို့ ဆုံးဖြတ်လိုက်တာ။”

ရှီးပိုင်ချန်းကဘဏ်ကတ်ကို လေကာမှန်မှာတင်ထားပြီး ထိုင်ခုံခါးပတ်ကိုပတ်ကာကားစက်ကိုစတင်နိုးလိုက်သည်။

သူဌေးတွေကတကယ်ပဲ ရူးကြောင်ကြောင်နိုင်တာပဲ။ သူမသည်စိတ်ထဲငြူစူနေရာကနေဒီတိုင်းထားလိုက်ပြီးသူ့အား အစားအသောက်ပို့ထားပေးတဲ့အကြောင်းပြောမလို့ပြင်ပြီးမှပါးစပ်ကိုအမြန်ပြန်ပိတ်လိုက်သည်။ကမ္ဘာတစ်ခုကပစ္စည်းများကိုအခြားကမ္ဘာတစ်ခုသို့တကယ်ပဲအမြန်‌ချောပို့သမားတွေကပို့ပေးနိုင်မှာသေချာလို့လား။ပါဆယ်ထုပ်ကိုမပို့ခင်ကတည်း ကသူမဆီပြန်ရောက်လာမယ်ဆိုတာစိတ်ကကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။

[လူအိုကြီးပိုင်၊ဝတ္ထုတွေရေးတာ ကပိုက်ဆံတွေအများကြီးရတာလား။]

အိမ်ကြီးမှာနေထိုင်နိုင်သလိုဇိမ်ခံကားတွေကိုလည်းဝယ်စီးနိုင်တဲ့အတွက်ဒီကမ္ဘာကစာရေးသူတွေကဒီလိုမျိုးသုံးဖြုန်းနိုင်ကြတာလား။

“အဆင်ပြေပါတယ်။”

ရှီးပိုင်ချန်းကအကျယ်ချဲ့ပြီးမပြောပဲစကားလုံးနှစ်လုံးသာ ပြန်ပြောခဲ့သည်။

[ကျွန်မလည်းငွေရှာဖို့အတွက်သင့်တော်တဲ့အလုပ်တစ်ခုခုရှာသင့်လား။] မီလီကသူမကိုယ်သူ မစူးစမ်းလိုက်သည်။

ရှီးပိုင်ချန်းသည်သူ့မျက်လုံးထောင့်ကနေသူမကိုစိုက်ကြည့်ကာသူ့အမူအရာကအနည်းငယ်ရှုပ်ထွေးနေသည်။

"မင်းကဘာလို့ပိုက်ဆံရှာဖို့လိုအပ်တာလဲ"

[ကိုယ့်တန်ဖိုးကိုယ်သိဖို့ပေါ့]

အခုသူမတွင် အိမ်၊ကားနှင့်ငွေစုစာအုပ်ရှိသော်လည်းငွေပိုရှာရန် အတွက်သူမ၏ကိုယ်ပိုင်အစွမ်းအစကိုအသုံးပြုနိုင်ရန် မျှော်လင့်နေဆဲဖြစ်သည်။

ရှီးပိုင်ချန်းသည် သရဲတစ္ဆေလေးတစ်ကောင်ကကိုယ့်ကိုယ်ကို တန်ဖိုးထားမှန်းအရင်ကမသိခဲ့ပါ။သူသည်သူ့ရဲ့အဆိပ်ပြင်းသောလျှာကနေအကန်စကားတွေမထွက်ရအောင်ထိန်းလိုက်ပြီး "အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"

{T/N: ဖုန်းပျက်သွားတော့အရင်ကပြန်ထားတာတွေအကုန်ပျက်ပြီးအစကနေပြန်ပြီးတော့ရေးနေရတယ်😭😭ဖုန်းကပြင်ထားတာမရသေးတော့အဒေါ့်ဖုန်းခိုးသုံးပြီးဖတ်လို့ရအောင်မှီသလောက်ပြန်ပေးလိုက်တာ။တိုသွားရင် sorry ပါနော်။ဖုန်းပြန်ရမှအဝဖတ်ကြပါ။}

Zawgyi

အခန္း ၆.၃ - Tuhao Chicken

သူမသည္ေရခဲေသတၱာထဲမွ ပါဝင္ပစၥည္းအခ်ိဳ႕ကိုထုတ္လိုက္ၿပီး ေက်ာက္စိမ္းတုံးျဖဴပုံစံယုန္႐ုပ္မုန္႔ေလး ၁၂ခုကိုတစ္နာရီၾကာေအာင္ဖန္တီးျပဳလုပ္ခဲ့သည္။အဲ့တာကသူမဟင္းခ်က္အစီအစဥ္တစ္ခုကေနသင္ယူခဲ့ရတဲ့ဂ်ဳံမႈန႔္ကိုအဓိကပါဝင္ပစၥည္းအျဖစ္အသုံးျပဳကာျပဳလုပ္ရသည့္အခ်ိဳပြဲျဖစ္သည္။ အဲ့တာကခ်စ္စရာေကာင္းသလို လုပ္ရတာလက္ဝင္ၿပီးသူ႔ရဲ႕အရသာကခ်ိဳၿမိန္ၿပီးစားလို႔ေကာင္းသည္။

ထိခိုက္ပ်က္စီးျခင္းမွကာကြယ္ရန္အတြက္ယုန္႐ုပ္မုန္႔ေလးမ်ားကိုလုံၿခဳံစြာေသခ်ာထုပ္ပိုးၿပီးေနာက္သူမသည္ Shunfeng ပစၥည္းပို႔ေဆာင္ေရးဝန္ေဆာင္မႈကိုဆက္သြယ္ကာပို႔‌ေဆာင္ရမည့္လိပ္စာကိုေရးေပးၿပီးထိုလိပ္စာအတိုင္းပို႔ေဆာင္ေပးရန္ေျပာၾကားခဲ့သည္။

အျမန္ေခ်ာပို႔သမားက တစ္ခုခုမွားေနသလိုခံစားလိုက္ရၿပီး "Yunlangၿမိဳ႕ကဘယ္မွာရွိတာလဲ။ေရးထားတာမမွားဘူးဆိုတာ‌ေရာေသခ်ာလား။"

“ဒီတိုင္းပဲယူသြားလိုက္။မွားခဲ့ရင္ လာျပန္ပို႔ေပးလိုက္။"

သူထပ္ေမးမွာကိုေတာင္မေစာင့္ေတာ့ဘဲသူ႔ရဲ႕ပါးစပ္ထဲစုပ္လုံးကိုထိုးထည့္ကာတံခါးကေန အလ်င္စလိုတြန္းထုတ္လိုက္သည္။

အျမန္ေခ်ာပို႔သမားသည္ သူ႔စိတ္ထဲတြင္ေရ႐ြတ္ကာအထုပ္ကိုေကာက္ယူလိုက္ၿပီးလွ်ပ္စစ္ကားကိုခါးသီးေသာအၿပဳံးျဖင့္ ေမာင္းထြက္သြားသည္။

ေနာက္တစ္ေန႔တြင္မီလီသည္ရွီးပိုင္ခ်န္းအနားသို႔ေ႐ႊေရာင္ဘဏ္ကတ္တစ္ခုအေနျဖစ္ျပန္ေပၚ လာသည္။

မီလီမတုံ႔ျပန္ရေသးခင္မွာပဲဘဏ္ကတ္ထဲကေန ယြမ္ ၁.၂၅ သန္းေပးေခ်ခဲ့ပါတယ္။သူမပိုက္ဆံမဟုတ္ေပမယ့္လည္းအသဲကြဲေနသလိုခံစားရတယ္။

ရွီးပိုင္ခ်န္းသည္ဘဏ္ကတ္ကို ျပန္သိမ္းေတာ့မည္အခ်ိန္မွာပဲ ႐ုတ္တရက္တုန္လႈပ္သြားသည့္ အသံကိုၾကားလိုက္ရသည္။

[လူအိုႀကီးပိုင္၊ယြမ္ 1.25 သန္းႀကီးမ်ားေတာင္သုံးၿပီးေတာ့ဘာကိုဝယ္ခဲ့တာလဲ။]

ရွီးပိုင္ခ်န္းကရပ္လိုက္ၿပီး ဘဏ္ကတ္ကိုအႀကိမ္ႀကိမ္အခါခါလွန္ၾကည့္ၿပီး "မီမီ"

[အင္း။ကြၽန္မပဲေလ။]

မီလီလွည့္ၾကည့္လိုက္ေတာ့ သူတို႔ကကားအေရာင္းဆိုင္မွာရွိေနတာကိုေတြ႕လိုက္ရတယ္။

[ရွင္ကားအသစ္ဝယ္ခဲ့တာလား။]

“ဟုတ္တယ္။”

ရွီးပိုင္ခ်န္းသည္ေငြေရာင္ကားတစ္စီးေရွ႕ကိုေလွ်ာက္သြားၿပီး တံခါးကိုဖြင့္ကာအထဲသို႔ဝင္ထိုင္လိုက္သည္။

[ရွင့္မွာကားကရွိၿပီးသားမဟုတ္ဘူးလား။]

“အဲ့ကားကအရင္တုန္းက မေတာ္တဆမႈတစ္ခုျဖစ္ဖူးတယ္။ျပန္ျပင္ထားတာေတာင္အရင္ကလိုသိပ္မေကာင္းေတာ့လို႔အသစ္တစ္စီးပဲထပ္ဝယ္ဖို႔ ဆုံးျဖတ္လိုက္တာ။”

ရွီးပိုင္ခ်န္းကဘဏ္ကတ္ကို ေလကာမွန္မွာတင္ထားၿပီး ထိုင္ခုံခါးပတ္ကိုပတ္ကာကားစက္ကိုစတင္ႏိုးလိုက္သည္။

သူေဌးေတြကတကယ္ပဲ ႐ူးေၾကာင္ေၾကာင္ႏိုင္တာပဲ။ သူမသည္စိတ္ထဲျငဴစူေနရာကေနဒီတိုင္းထားလိုက္ၿပီးသူ႔အား အစားအေသာက္ပို႔ထားေပးတဲ့အေၾကာင္းေျပာမလို႔ျပင္ၿပီးမွပါးစပ္ကိုအျမန္ျပန္ပိတ္လိုက္သည္။ကမာၻတစ္ခုကပစၥည္းမ်ားကိုအျခားကမာၻတစ္ခုသို႔တကယ္ပဲအျမန္‌ေခ်ာပို႔သမားေတြကပို႔ေပးႏိုင္မွာေသခ်ာလို႔လား။ပါဆယ္ထုပ္ကိုမပို႔ခင္ကတည္း ကသူမဆီျပန္ေရာက္လာမယ္ဆိုတာစိတ္ကႀကိဳတင္ျပင္ဆင္ထားၿပီးသားျဖစ္သည္။

[လူအိုႀကီးပိုင္၊ဝတၳဳေတြေရးတာ ကပိုက္ဆံေတြအမ်ားႀကီးရတာလား။]

အိမ္ႀကီးမွာေနထိုင္ႏိုင္သလိုဇိမ္ခံကားေတြကိုလည္းဝယ္စီးႏိုင္တဲ့အတြက္ဒီကမာၻကစာေရးသူေတြကဒီလိုမ်ိဳးသုံးျဖဳန္းႏိုင္ၾကတာလား။

“အဆင္ေျပပါတယ္။”

ရွီးပိုင္ခ်န္းကအက်ယ္ခ်ဲ႕ၿပီးမေျပာပဲစကားလုံးႏွစ္လုံးသာ ျပန္ေျပာခဲ့သည္။

[ကြၽန္မလည္းေငြရွာဖို႔အတြက္သင့္ေတာ္တဲ့အလုပ္တစ္ခုခုရွာသင့္လား။] မီလီကသူမကိုယ္သူ မစူးစမ္းလိုက္သည္။

ရွီးပိုင္ခ်န္းသည္သူ႔မ်က္လုံးေထာင့္ကေနသူမကိုစိုက္ၾကည့္ကာသူ႔အမူအရာကအနည္းငယ္ရႈပ္ေထြးေနသည္။

"မင္းကဘာလို႔ပိုက္ဆံရွာဖို႔လိုအပ္တာလဲ"

[ကိုယ့္တန္ဖိုးကိုယ္သိဖို႔ေပါ့]

အခုသူမတြင္ အိမ္၊ကားႏွင့္ေငြစုစာအုပ္ရွိေသာ္လည္းေငြပိုရွာရန္ အတြက္သူမ၏ကိုယ္ပိုင္အစြမ္းအစကိုအသုံးျပဳႏိုင္ရန္ ေမွ်ာ္လင့္ေနဆဲျဖစ္သည္။

ရွီးပိုင္ခ်န္းသည္ သရဲတေစၦေလးတစ္ေကာင္ကကိုယ့္ကိုယ္ကို တန္ဖိုးထားမွန္းအရင္ကမသိခဲ့ပါ။သူသည္သူ႔ရဲ႕အဆိပ္ျပင္းေသာလွ်ာကေနအကန္စကားေတြမထြက္ရေအာင္ထိန္းလိုက္ၿပီး "ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။"

{T/N: ဖုန္းပ်က္သြားေတာ့အရင္ကျပန္ထားတာေတြအကုန္ပ်က္ၿပီးအစကေနျပန္ၿပီးေတာ့ေရးေနရတယ္😭😭ဖုန္းကျပင္ထားတာမရေသးေတာ့အေဒါ့္ဖုန္းခိုးသုံးၿပီးဖတ္လို႔ရေအာင္မွီသေလာက္ျပန္ေပးလိုက္တာ။တိုသြားရင္ sorry ပါေနာ္။ဖုန္းျပန္ရမွအဝဖတ္ၾကပါ။}

Continue Reading

You'll Also Like

331K 34.8K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
844K 39.6K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
774K 46.6K 30
A love contest between a boy who likes to kick football and a little doctor.