တီချယ့်ကိုမှ ချစ်မိနေပါပြီ Un...
By HpatHpat
161K 7.6K 402
မာန်မာန ဆိုတာ အလွန်တရာကြောက်ဖို့ကောင်းတဲ့ အပြင် အချစ်တွေလည်း ဝေးသွားခဲ့ပါပြီ တီချယ် More
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16(Final)
မေးချင်လို့🥺
Extra part-17
Extra Part-18 🚨🔞🚨
Extra part-19
Part-9
7K 386 33
By HpatHpat
"ဒေါက်‌..ဒေါက်"
နှင်း:"ဘာပြောမလို့လဲသမီး"
ရေချိုးခန်းလေးထဲက
ခေါင်းလေးထွက်လာတဲ့တီချယ်...
မျက်နှာလေး ပေါ်မှာတွဲခိုနေတဲ့ ရေစက်လေးတွေကို
အေးမြ မနာလို ဖြစ်မိတယ်.....
အေးမြ:"ဟိုလေ...တီချယ် ရေချိုးပြီးရင်ဝတ်ဖို့အကျီ...."
နှင်း:"ပေး...ပေး..."
အေးမြရဲ့ T shirtပွပွ နဲ့ JJဘောင်းဘီလေး တစ်ထည်
‌တီချယ် ရေချိုးပြီးနောက်...
တီချယ်က ဘယ်လိုပဲ ဝတ်ဝတ် အရမ်းဖို့ကောင်းတယ်
ခုတောင်မှ ဆယ်ကျော်သက်အရွယ်လေးလိုပဲ....
မိန်းမချင်းတောင် ပြန်ငေးရတယ် တီချယ်ရယ်...
နှင်း:"သမီး ဘာလို့ အဲ့လောက်တောင်ကြည့်နေတာ‌တုန်း
တီချယ်တောင် မနေတတ်တော့ဘူး"
အေးမြ:"အော်...တီချယ်က ဒီလိုလေးနဲ့လည်း
ချစ်ဖို့ကောင်းနေလို့ပါ.."
နှင်း:" ဟဲဟဲ....တီချယ်လည်း ဒီလို တစ်ခါမှ မဝတ်ဖူးဘူး
ထမီပဲ အမြဲဝတ်နေကြဆိုတော့ တစ်မျိုးလေးပဲ..
ဒါနဲ့ သမီး ဘာရပ်လုပ်နေတာလဲ...
စာလုပ်မယ်...ဒီမှာ လာထိုင်လေ.."
အေးမြ:"ရှင်...တီချယ်...ဟိုဟာလေ"
ဒီကလေးမ ထိုင်လို့မရဘူးဆိုတာ
နှင်းသိတာပေါ့...
သနားတော့ သနားမိပါတယ်...
ဒါပေမဲ့ ဒင်းလေးက အဲ့လိုလေး နှိပ်ကွပ်ထားမှ
မ.ယ.က ဂိုဏ်းထဲဝင်မှာ...
နှင်း:"ဘာလဲ လာထိုင်ဆိုနေ..."
အေးမြ:"ဟို လာ..လာ...လာထိုင်ပြီတီချယ်"
တီချယ်က အေးမြကို စာကြည့်ခုံမှာ ထိုင်ခိုင်းတာပါ
အေးမြကို အဲ့သလောက်တောင် ရက်စက်ရသလားလို့
ရင်နာနာနဲ့ ကလဲ့စားပြန်ချေတဲ့ အနေနဲ့...
ဖင် အနာခံပြီးတော့ကို တီချယ့်ပေါင်ပေါ်သွားထိုင်လိုက်တယ်...
နှင်း:"မင်း ..မင်းဒါ.ဘာလုပ်ပြန်တာလဲ...
ထစမ်း!!အခုထ!!"
အေးမြ:"တီချယ်ပဲ ထိုင်ပါဆို...
သမီးက ထိုင်မှ မနိုင်တာ
အဲ့တော့ softဖြစ်တဲ့နေရာမှာရွေးထိုင်ရတာပေါ့...."
နှင်း:"မင်းကို အခု ထလို့ပြောနေတယ်လေ..
ငါမနေတတ်ဘူး ...ဖယ်.."
အေးမြ:"တီချယ်ကလည်း အမျိုးမျိုးပဲ...
နေပါအုံး...၅မိနစ်လောက်ပေါ့..
သမီးက ညနေတည်းက မတ်တပ်ရပ်နေရတာ ညောင်းလှပြီ"
နှင်း:"မင်း ငါ့ကို အရွဲ့တိုက်နေတာ မလား...
ကောင်းကောင်းပြောနေတာ ဖယ်နော် မဟုတ်ရင်
ငါတွန်းချမှာ"
အေးမြ:"ဟားဟားဟား.....အာ."
နှင်းကို အပျိုကြီး မို့လား မသိဘူး..
ဒီလိုတွေ လာလုပ်ရင် နှင်း မနေတတ်ဘူး...
ပြီးတော့ အဲ့ကလေးမလေး အဲ့လိုတွေ လုပ်နေရင်
ရင်ခုန်နေသလို ခံစားမိတယ်...
နှင်းရဲ့ ပါကင်ပိတ်နေတဲ့ နှလုံးသားလေးကို အသစ်
စက်စက် ဖောက်သုံးနေတာလား ကလေးမရယ်..
အေးမြက အရမ်းဂျစ်ကန်ကန်..
နှင်း ပြောမနိုင်တဲ့ အဆုံး တွန်းချလိုက်သည်...
ကြမ်းပြင်နဲ့ နှင်းရိုက်ထားတဲ့ ဒဏ်ရာလေးကို
မိတ်ဆက်ပေးလိုက်တာ ထို‌ကလေးမ
တော်တော် အီနေရှာပြီ...
ညကျရင် မအိပ်ခင်လေးတော့ နှင်းဆေးထည့်ပေးဖို့
စဉ်းစားထားပါတယ်...
ထိုကလေးမက မရှက်ဘူး လို့သာပြောတာ
နှင်း ဖင်ချွတ်ပြီးရိုက်တော့
မျက်နှာလေးက ခရမ်းချဉ်သီးလေးလို....
အရမ်း စလို့ ကောင်းသလို...မုန်းဖို့လည်း ကောင်းတယ်တကယ့်ဇွတ်လေး....
နှင်း:"ပေး...လက်...ထူပေးမယ်"
အေးမြ:"မလိုပါဘူး..."
နှင်း:"ပေးဆို ပေးစမ်း!!!"
အေးမြ:"ဟုတ်...ဟုတ်"
အေးမြလက်လေးကမ်းပေးတော့ နှင်းကကိုင်ပြီး ဆွဲထူတယ်...
အေးမြ:"အပျိုကြီးတွေက စိတ်လည်း မရှည်ဘူး
ဟွန့်..."
နှင်း:"ဘာပြောတယ်!!!"
အေးမြရဲ့ နားရွက်လေးကို လိမ်ဆွဲထားတာ...
တကယ့် စပ် စပ် ထိမခံလေးပါ...
‌အေးမြ:"အာ...တီချယ် နာတယ်လို့
ဘာမှမပြောဘူး လွှတ်..."
နှင်း:"နာမှာပေါ့ နာအောင်လုပ်တာ‌လေ..
တို့ နား မ လေး‌နေဘူး...နောက်ဆို အပျိုကြီးဆိုတာ
ထည့်မပြောနဲ့..."
အေးမြ:"ဟုတ်ကဲ့...လွှတ်ပါတော့ တီချယ်ရယ်
နားရွက်ပြတ်သွားမယ်...
အပျိုကြီးကို အပျိုကြီးလို့ပြောတာလဲ အပြစ်ပဲလား
အပျိုကြီးရယ်.... အားးးးးးးး တော်ပါတော့
နောက်မပြောတော့ဘူး ကတိ"
နှင်း နဲ့ အေးမြနဲ့က အမြဲလိုလို ကန့်လန့်တွေကြီးပဲ..
သူက စလိုက်...နှင်းက ရိုက်လိုက်နဲ့...
တကယ့်တော့ ပျော်စရာကောင်းနေတာပါ...
နှင်းလို လှောင်အိမ်ထဲက ငှက်လေးက အခုလို
ပျော်ရွှင်မှု မျိုး ပထမဆုံးရတာ...
အေးမြကျပြန်တော့လည်း အိမ်ကြီးထဲမှာ တစ်ယောက်တည်း ဘုရင်မ ဖြစ်နေရာကနေ
အခုလို မိသားစုလို  အိမ်မှာ ဆူညံပွတ်လော ရိုက်နေကြတဲ့ ပျော်ရွှင်မှု‌မျိုးလေးကို ကြိုက်မိတယ်...
နှင်း:"မင်း အိပ်ချင်နေပြီလား"
အေးမြ:"ဟုတ် တီချယ်..
သမီး အိပ်ငိုက်နေပြီ...စာမလုပ်နိုင်တော့ဘူး"
နှင်း:"ငိုက်မှာပေါ့ တစ်နေ့လုံး အလေလိုက်နေတယ်...
၁၀တန်းရောက်နေပြီနော်...ပေါ့သေးသေး မလုပ်နဲ့.."
အေးမြ:"ဟုတ်ကဲ့ ပေါ့သေးသေး မလုပ်ဘူး တီချယ်..
ပေါ့ကြီးကြီး လုပ်မယ်..."
နှင်း:"အယ်...ငါလုပ်လိုက်ရ.."
အေးမြ:"stop...လုပ်ချင်ရင် မနက်မှ လုပ်တော့...သမီးတော့အိပ်ပြီ.."
မျက်စိမှိတ်ပြီး အိပ်ယာပေါ်သွားလှဲလိုက်တဲ့ အေးမြ
နှင်း:"ဘယ်သူက အိပ်ခိုင်းလို့လဲ...
ပြန်လာကွာ..."
အေးမြ:"ဟာ...တီချယ် အိပ်ချင်ပြီလို့"
အေးမြက အိပ်ချင်ပြီးဆို...
နှင်းက အဲ့လို အသေရစ်တာပါ...
နှင်း:"မအိပ်နဲ့အုံး.."
အေးမြ:"အိပ်မယ်..."
နှင်း:"မင်းက အဲ့ မှာ အိပ်တော့...
တို့က ဘယ်မှာ အိပ်ရမလဲ..."
အေးမြ:"ရင်ခွင်ထဲလာအိပ်လေ..."
နှင်း:"အယုတ်တမာ‌လေး...
တော်ပြီ..အိမ်ပြန်အိပ်တော့မယ်..."
အေးမြရုတ်တရက်ပြန်ထလာပြီး...
အေးမြ:"အယ်...တီချယ် မိုးချုပ်နေပြီ...
တီချယ် ဒီမှာပဲအိပ် သမီး အပြင်ထွက်သွားအိပ်မယ်"
ခေါင်းအုံးလေးကိုင်ပြီး အပြင်ထွက်တော့မယ့်အေးမြ
နှင်း:"ပြန်ထိုင်!! ဘယ်သူက အပြင်မှာ အိပ်ခိုင်းလို့လဲ"
အေးမြ:"ဟီးဟီး...
ဒါဆို သမီးရင်ခွင်ထဲမှာ လာအိပ်မှာပေါ့နော်တီချယ်"
စာကြည့်ခုံပေါ်က ဂျယ်လီပေတံကိုင်ပြီး နှင်းကလိုက်ရိုက်တယ်...
အေးမြကလည်း အိပ်‌ယာပေါ်တက်ပြေးတယ်...
နှင်း:"အင်..အင်...အဲ့မှာ ပေါက်ကရပြောချင်အုံးဟဲ့"
အေးမြ:"အပျိုကြီးရယ်...ချစ်လို့ စတာဆိုနေ"
နှင်း:"မင်းမပြေးနဲ့..."
အေးမြ ဆက်မပြေးတော့ဘဲ အိပ်ယာပေါ်မှာ စောင်လေးနဲ့ ကာလိုက်သည်။
နှင်းက အဆင်မပြတ်ရိုက်နေတော့...
အေးမြ:"အားးးတီချယ်...တီချယ်...ဆက်မရိုက်နဲ့နော်
ဆက်ရိုက်ရင်...တစ်ခုခု လုပ်လိုက်မှာနော်.."
နှင်း:" ရိုက်မှာပဲ၊ တော်တော်ဆိုးတယ်..
လုပ်ချင်တာလုပ်..."
အေးမြ နှင်းကို ဖက်ထားလိုက်သည်။
ရင်ခွင်ထဲက နှင်းက...
နှင်း:"လွှတ်ကွာ...မင်း တို့ကို လွှတ်ပေး အသက်ရှူကျပ်တယ်..."
အေးမြ:"တီချယ်ပဲ လုပ်ချင်တာလုပ်ဆို.."
နှင်း:"တို့က မင်းဆရာမနော် မရိုမသေမလုပ်နဲ့ ဖယ်..."
နှင်းရဲ့ မျက်လုံးတည့်တည့်ကို
အေးမြစိုက်ကြည့်လာပြီး...
အေးမြ:"ဆရာမ မို့လို့ကို ချစ်နေမိတာ..
တီချယ်ရယ်...တီချယ့်ကို သမီး သိပ်ချစ်မိနေပြီ.."
နှင်း:"တို့လည်း မင်းကို တပည့်တယောက်လို
အရမ်းချစ်ပါတယ်ကွယ်..
တို့က သိပ်ဆိုးတဲ့ တပည့်ဆို သိပ်မုန်းတတ်တာ
‌နော်..."
အေးမြ:"မဟုတ်ဘူး တီချယ်...
သမီးတီချယ့်ကို သိပ်ချစ်တယ်ဆိုတာ...
သမီးရဲ့ အမျိုးသမီးလေး တစ်ယောက်လို
သမီးရဲ့ ချစ်သူတယောက်လို သိပ်ချစ်နေမိပြီ...
တီချယ်နဲ့ ပတ်သက်ရင် သမီး လိမ်မာချင်နေမိတယ်..."
နှင်း:"မင်းနဲ့တို့က ဒီ အခြေနေထိရောက်ဖို့
မလိုသေးပါဘူး....
နောက်ပြီး ဆရာ တပည့် စည်း ဆိုတာ လွယ်လွယ်နဲ့ ဖြတ်လို့ရမယ် ထင်လို့လား"
အမှားပါရင် ခွင့်လွှတ်ပေးကြပါနော်
စာဖတ်ပေးတဲ့ တစ်ဦးချင်းဆီကို
ကျေးဇူးတင်ပါတယ်
အားပေးကြပါအုံး
________
Zawgyi
"ဒေါက်‌..ဒေါက်"
ရေချိုးခန်းလေးထဲက
နှင်း:"ပေး...ပေး..."
နှင်းသိတာပေါ့...
သနားတော့ သနားမိပါတယ်...
မ.ယ.က ဂိုဏ်းထဲဝင်မှာ...
ထစမ်း!!အခုထ!!"
ငါမနေတတ်ဘူး ...ဖယ်.."
ငါတွန်းချမှာ"
အေးမြ:"ဟားဟားဟား.....အာ."
တော်တော် အီနေရှာပြီ...
စဉ်းစားထားပါတယ်...
နှင်း:"ပေး...လက်...ထူပေးမယ်"
အေးမြ:"မလိုပါဘူး..."
နှင်း:"ပေးဆို ပေးစမ်း!!!"
အေးမြ:"ဟုတ်...ဟုတ်"
ဟွန့်..."
နှင်း:"ဘာပြောတယ်!!!"
ဘာမှမပြောဘူး လွှတ်..."
ထည့်မပြောနဲ့..."
နားရွက်ပြတ်သွားမယ်...
အေးမြ:"ဟုတ် တီချယ်..
ပေါ့ကြီးကြီး လုပ်မယ်..."
ပြန်လာကွာ..."
နှင်း:"မအိပ်နဲ့အုံး.."
အေးမြ:"အိပ်မယ်..."
တို့က ဘယ်မှာ အိပ်ရမလဲ..."
နှင်း:"အယုတ်တမာ‌လေး...
အေးမြ:"ဟီးဟီး...
နှင်း:"မင်းမပြေးနဲ့..."
လုပ်ချင်တာလုပ်..."
ရင်ခွင်ထဲက နှင်းက...
အရမ်းချစ်ပါတယ်ကွယ်..
‌နော်..."
အေးမြ:"မဟုတ်ဘူး တီချယ်...
မလိုသေးပါဘူး....
ကျေးဇူးတင်ပါတယ်
အားပေးကြပါအုံး
Continue Reading
You'll Also Like
76.1K 8.9K 24
ဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန်...
175K 5K 44
1.7M 94.9K 49