zawgyi
" နိုးလာၿပီလား...."
မ်က္လုံးမ်ားပြတ္သပ္ရင္း အိပ္ရာထဲမွာ လႈပ္စိလႈပ္စိ အေညာင္းညာဆန့္လာသည့္ Taehyungကို ကုတင္၏ခပ္လွမ္းလွမ္းမွာရွိသည့္ စာၾကည့္စားပြဲေပၚမွာ Laptopတစ္လုံးႏွင့္ အလုပ္လုပ္ေနသည့္ Jungက လွမ္းေမးလာသည္ ။
Taehyung တစ္ကိုယ္လုံးက ႏုံးခ်ိေနသလိုသာ ခံစားေနရေသးလ်က္ မ်က္ဝန္းမ်ားကလည္း အအိပ္လြန္မႈေၾကာင့္ ေဖာင္းအစ္ေနသလို ခံစားခ်က္ကို ရလိုက္သည္ ။
" ဘယ္အခ်ိန္ရွိသြားၿပီလဲ...."
" မနက္ျဖန္က... ေက်ာင္းျပန္တက္ရမယ့္ရက္..."
" ဘာ?.. ဒါဆို ငါက တစ္ရက္နီးပါး အိပ္ေပ်ာ္သြားတာလား..."
" အင္း... အဲ့လိုသေဘာပဲ..."
" အားရွ္... ေက်ာင္းတက္ရမွာကို... မုန္းလိုက္တာ...."
ကုတင္ေပၚမွ Taehyung ထထိုင္လိုက္ရင္း အခန္းတြင္းကို ေဝ့ဝဲၾကည့္မိသည့္အခါ ကင္မရာေတြ တစ္လုံးမွမရွိေတာ့ဘဲ Jungက ျပန္သိမ္းထားဟန္တူသည္ ။
" ငါတို႔ရဲ႕ hd ေကာင္းေကာင္း ထြက္တယ္မလား..."
" အင္း.. editထားၿပီးၿပီ..."
" ငါ့ကို ပို႔ေပး..."
" ဟင့္အင္း.. ဒီlaptopထဲက fileထဲမွာပဲ သိမ္းထားမယ္... သခင္ေလးဆီမွာရွိရင္ လုံၿခဳံမယ္မထင္ဘူး..."
" ဘာလို႔လဲ... ငါက လူတကာ လိုက္ျပမယ့္လူစားမ်ိဳးက်ေနတာပဲ... ငါ့ကို အဲ့ေလာက္ေတာင္ မယုံဘူးလား..."
" အင္း... မယုံဘူး..."
" ငါ-ိုးပဲ..."
အညိုေလးက Jungkookကို ဆဲေရးၿပီးမွ ကုတင္ေပၚကေနဆင္းကာ သန့္စင္ခန္းထဲကို အနည္းငယ္ မူပ်က္ေနသည့္ေျခလမ္းမ်ားျဖင့္ ဝင္သြားသည္ ။
" အား... ငါဆီးသြားရတာေတာင္ အဆင္မေျပဘူး.. ငါ့ရဲ႕မ်ိဳးပြားဆဲလ္ေလးေတြက အထြက္လြန္ကုန္လို႔ထင္တယ္.. က်င္တက္ေနတုန္းပဲ..."
ယခုထိတိုင္ စာၾကည့္စားပြဲေရွ႕မွာ ထိုင္ေနဆဲျဖစ္သည့္ Jung၏ေပါင္ေပၚသို႔ Taehyung တက္ထိုင္လိုက္ကာ သူႀကိဳက္ႏွစ္သက္လွသည့္ ရင္အုပ္က်ယ္ကို ပြတ္သီးပြတ္သပ္လုပ္ေနမိသည္ ။
" ငါ့ရဲ႕Jung... မင္းကေလ... ဆက္ဆံတဲ့အခါတိုင္း သားရဲႀကီးက်ေနတာပဲ.. အဲ့ဒါက ဘယ္ေလာက္ေတာင္ ဆြဲေဆာင္မႈရွိလဲသိလား..."
Taehyung၏ေအာက္ႏႈတ္ခမ္းပါးကိုကိုက္ကာ ကလူသလို စကားေၾကာင့္ Jungက နား႐ြက္ဖ်ားအနည္းငယ္ ရဲတက္လာလ်က္ ႐ုပ္တည္ႀကီးႏွင့္သာ laptop screenကို အၾကည့္ပို႔ထားေပမယ့္ Taehyung သိတာေပါ့..။
သူ႕ရဲ႕Jungက ရွက္ေနတာ...။
" ဗိုက္မဆာဘူးလား... ဆန္ျပဳတ္..."
" ရား... ငါ ဆန္ျပဳတ္ မႀကိဳက္တာသိသားနဲ႕ကို..."
" အစာေပ်ာ့ပဲ စားမွရမယ္... "
Jungkook၏ တစ္ခ်က္လႊတ္စကားေၾကာင့္ Taehyungက ႏႈတ္ခမ္းစူသြားေပမယ့္ အတြန့္ေတာ့ထပ္မတက္ ။
" မင္း အခု ဘာလုပ္ေနတာလဲ..."
" Bodyguard ေခါင္းေဆာင္က ပို႔လာေပးတဲ့ scheduleကို စစ္ေဆးေနတာ... သမၼတႀကီးက UN ေဆြးႏြေးပြဲကိုသြားရမွာ.. လိုက္ပါေစာင့္ေရွာက္ရမယ့္ Bodyguardေတြကို စီစစ္ေ႐ြးခ်ယ္ရမယ္..."
" မင္းကေတာ့ ငါ့အနားမွာပဲ က်န္ခဲ့မွာမလား..."
" ကြၽန္ေတာ္ မဟုတ္ဘဲနဲ႕... သခင္ေလးကို ဘယ္သူက ထိန္းနိုင္မွာလဲ.."
Jung၏စကားေၾကာင့္ Taehyung မ်က္လုံးအေပၚလွန္ကာ စိတ္ေလသလိုဟန္လုပ္ျပလိုက္သည္ ။
သူ႕ကို Jungက ထိန္းနိုင္တာမဟုတ္ဘဲ သူကိုယ္တိုင္က Jungရဲ႕အထိန္းခ်ဳပ္ခံနဲ႕ ရွိေနေပးတာကို အခုထက္ထိ မသိတာလား...။
Jungkookက အလုပ္ကိစၥၿပီးသြားသည္ႏွင့္ Taehyungကို ဆန္ျပဳတ္ႏြေးေကြၽးကာ ကိုယ္တိုင္ကိုယ္က် ေဆးတိုက္သည္ ။
ေဆးလုံးေလးက လွ်ာဖ်ားႏွစ္ခုၾကားမွာ ဟိုဘက္ကိုကူးလူးလိုက္ ဒီဘက္ကိုကူးလူးလိုက္ႏွင့္ ခါးသက္သက္အရသာတစ္ခ်ိဳ႕ကလည္း ခုံမင္ဖြယ္ေကာင္းလာသလို ။
ဒီေန႕ညကိုလည္း အိမ္ျပာေတာ္ဆီ မျပန္ျဖစ္ဘဲ Apartmentမွာသာ အိပ္ျဖစ္ကာ မနက္က်ေတာ့ ေက်ာင္းသြားဖို႔ရာ ျပင္ဆင္ရျပန္သည္ ။
.
.
.
ေက်ာင္းကန္တင္းမွာ Taehyungတို႔အုပ္စုက ထိုင္ေနက်ေနရာမွာသာ ေနရာယူထားၾကသည္ ။
Jungကေတာ့ ခပ္လွမ္းလွမ္းမွာသာ ေစာင့္ၾကပ္ေနသည္ကို Yeonjunက တစ္ခ်က္လွမ္းၾကည့္ရင္း စကားစလာသည္ ။
" သမၼတႀကီးက UN ေဆြးႏြေးပြဲသြားမွာဆို.. Hyung... သတင္းေတြ႕လိုက္တယ္..."
" ေအာ..."
" အဲ့ဒါဆို Hyungကေတာ့ အားတယ္မလား..."
" စိတ္ရႈပ္စရာပြဲေတြ တက္ရဖို႔လည္း မရွိဘူးဆိုေတာ့... အားတာပဲေပါ့..."
" ကြၽန္ေတာ္ အိမ္မွာ pool partyလုပ္မလားလို႔... ေပ်ာ္စရာေလးေတြ မရွာရတာ ၾကာၿပီေလ..."
Yeonjun၏စကားေၾကာင့္ Taehyung ေခါင္းေလးေထာင္သြားရသည္ ။
မဟုတ္ရင္ေတာင္ သူ ပ်င္းေနတာ ေသေတာ့မလိုဘဲ..။
ေပ်ာ္စရာေတြကလည္း Jung၏မ်က္ႏွာရိပ္မ်က္ႏွာကဲကို ၾကည့္ေနရတာနဲ႕တင္ မရွာျဖစ္တာေတာင္ ၾကာလုၿပီ ။
" Jungkookက ခြင့္ျပဳပါ့မလား... "
Park Jihoonကလည္း Partyကို စိတ္ဝင္စားသလို မ်က္လုံးေလးဝင့္ၾကည့္လာေပမယ့္ Jungkookကိုကလည္း ၾကည့္ရေသးသည္ ။
" ငါတို႔က ဒီအတိုင္း အိမ္မွာပဲ pool partyလုပ္႐ုံပဲကို.. လူလည္း မ်ားမ်ားစားစား မဖိတ္ပါဘူး... ခိုင္းဖို႔ကလည္း အရံသင့္လူရွိၿပီးသား..."
Yeonjun၏အၾကည့္က သူတို႔ႏွင့္ခပ္လွမ္းလွမ္းက စားပြဲဝိုင္းတစ္ခုမွာထိုင္ကာ ထမင္းစားေနသည့္ Scholarshipထံက်ေရာက္သြားရင္း ႏႈတ္ခမ္းေထာင့္စြန္းက အနည္းငယ္ ေကြးၫႊတ္သြားသည္ ။
Taehyungကလည္း ေပ်ာ္ပါးခ်င္သည့္အတြက္ Jungkookကို ဘယ္လိုခြင့္ျပဳေအာင္လုပ္ရမည္ဆိုသည့္ အႀကံအားထုတ္ရင္း ကြက္ၾကည့္ကြက္ၾကည့္ ။
" Jung.... ငါတို႔အျပန္ကို.. စားေသာက္ဆိုင္တစ္ခုမွာပဲ ဝင္စားရေအာင္..."
အတန္းခ်ိန္ၿပီးသည့္အခါ ထုံးစံအတိုင္း Taehyung၏ အေနာက္ပါးဆီမွာ ေျခလမ္းခြာၿပီး လိုက္လာသည့္ Jungက ဆိုက္ရပ္ထားသည့္ ကားဆီကိုေရာက္မွ အေနာက္ခန္းတံခါးအား လာဖြင့္ေပးသည္ ။
" ဘယ္အစားအေသာက္ စားခ်င္လဲ..."
" အီတလီ စားေသာက္ဆိုင္... ဝိုင္ေလးပါ ပါရင္ေကာင္းမယ္... သိတယ္မလား.. ငါတို႔ Dinner dateေလးလုပ္မယ္ေလ..."
Taehyung မ်က္ခုံးေလးတစ္ဖက္ပင့္ကာ Jungကို Flirtလိုက္ေပမယ့္ Jungကေတာ့ လူျမင္ကြင္းဆိုလွ်င္ အတည္တန့္မ်က္ႏွာထားႀကီးႏွင့္ အၿမဲလိုလို စည္းျခားထားတတ္သည္ ။
" ငါ ဘယ္သူ႕ကို စကားေျပာေနရတာပါလိမ့္?..."
တုံ႕ျပန္စကားမလာသည့္ Jungkookကို Taehyungက မ်က္လုံးေလး အေပၚတစ္ခ်က္လွန္ဟန္ျပဳျပၿပီးမွ ကားအေနာက္ခန္းမွာ ဝင္ထိုင္သည္ ။
အီတလီစားေသာက္ဆိုင္သို႔ ေရာက္သည့္အခါ VIP Roomကိုပဲ ယူလိုက္ကာ အစားအေသာက္တစ္ခ်ိဳ႕ႏွင့္ ဝိုင္နီကိုမွာယူလိုက္သည္ ။
" Jung... ငါ သန့္စင္ခန္း ခဏသြားလိုက္ဦးမယ္..."
" လိုက္ပို႔ေပးမယ္..."
" ရား.. အဲ့အထိေတာ့ မလိုဘူး.. "
" သခင္ေလးရဲ႕လုံၿခဳံေရးအရ လိုတယ္..."
Jung၏အေျပာေၾကာင့္ Taehyung ပင့္သက္ ရွိုက္လိုက္မိသည္ ။
ငယ္စဥ္တည္းကေန အခုအသက္အ႐ြယ္ထိ ေတာက္ေလွ်ာက္ အေစာင့္ၾကည့္ခံဘဝကို အမွန္တိုင္းေျပာရရင္ Taehyung ၿငီးေငြ႕ေနၿပီ ။
Jungေၾကာင့္မလို႔သာ သူ ခံသာေနတာ ။
Jungေနရာမွာ တျခားတစ္ေယာက္သာဆို Taehyung အရင္တုန္းကလို တဇြတ္ထိုး လုပ္ပစ္မည့္ကိစၥရပ္ေတြပဲ ရွိလာခဲ့မွာ..။
" လိုက္ဆိုေတာ့လည္း... လိုက္ေပါ့..."
VIP Roomထဲကေန မထြက္ခင္ မွာယူထားသည့္ အစားအေသာက္မ်ားကို တြန္းလွည္းႏွင့္ယူေဆာင္လာလ်က္ ဆိုင္ဝန္ထမ္းသုံးဦးက လာေရာက္ခ်ေပးသည္ ။
Taehyung သာမန္ကာလွ်ံကာၾကည့္လိုက္ရင္းမွ ေတြ႕လိုက္ရသည့္ တစ္စုံတစ္ေယာက္ေၾကာင့္ ေျခလမ္းတန့္သြားရသည္ ။
အံႀကိတ္လိုက္မႈေၾကာင့္ ထင္းခနဲ ျဖစ္သြားသည့္ေမရိုး ။
Taehyungကို ၾကည့္လာခဲ့သည့္ သူ႕မ်က္ဝန္းအစုံက ခပ္ေဖ်ာ့ေဖ်ာ့ ။
" သန့္စင္ခန္း သြားမယ္ဆို..."
Jungkookကလည္း Taehyung၏ တစ္ခဏမွ် ပ်က္ယြင္းသြားသည့္ အမူအရာကို အကဲဖမ္းမိလိုက္ကာ အနားသို႔ေရာက္လာခဲ့သည္ ။
" အင္း..."
ေအးစက္သြားသည့္ Taehyung၏ မ်က္ႏွာထား ။
ဖ်တ္ခနဲ ဦးေခါင္းငုံ႕က်သြားခဲ့သည့္ ဆိုင္ဝန္ထမ္းဝတ္စုံ ဝတ္ဆင္ထားသည့္ လူတစ္ဦး ။
အေရွ႕ကေန ဦးေဆာင္ထြက္သြားသည့္ အညိုေလးေၾကာင့္ Jungkook ထိုလူကို ထပ္မံအကဲမခတ္နိုင္ေတာ့ေပမယ့္ name tagကိုေတာ့ စစ္ေဆးျဖစ္ေအာင္ စစ္ေဆးလိုက္သည္ ။
name tagက အမည္က Park Jimin ။
.
.
.
လမ္းမထက္မွာ တရိပ္ရိပ္ ေမာင္းႏွင္ေနေသာ ကားေလး ။
Jungkook ကားေမာင္းေနရင္းမွ ေနာက္ၾကည့္မွန္ကေန အညိုေလးကို စစ္ေဆးလိုက္လွ်င္ အေနာက္ခန္းမွာထိုင္ေနသည့္ အညိုေလးက ပ်င္းရိပ်င္းတြဲဟန္ပန္ႏွင့္ လိုက္ပါလာသည္ ။
စားေသာက္ဆိုင္မွာတုန္းက မူတစ္ခ်က္ပ်က္သြားမွန္း Jungkook အကဲဖမ္းလိုက္နိုင္ေပမယ့္ အညိုေလးက ဘာမွျဖစ္ဟန္မျပဘဲ ေနေနက်အတိုင္းသာမို႔ Jungkook ဇေဝဇဝါေတာ့ျဖစ္သြားရသည္ ။
အိမ္ျပာေတာ္ကို ျပန္ေရာက္လွ်င္ အညိုေလးကို အိပ္ခန္းထိျပန္လိုက္ပို႔ေဆာင္ၿပီး ညအိပ္ရာဝင္ရန္အသင့္ျဖစ္တဲ့အထိ ျပင္ဆင္ေပးရသည္ ။
" Jung... ငါ့ကို မင္းထြန္းေပးေနက် အေမႊးနံ႕သာဖေယာင္းတိုင္ ထြန္းသြားေပး..."
အိပ္ခန္းထဲကေန Jungkook ျပန္မထြက္ခင္ ညအိပ္ဝတ္စုံႏွင့္ အညိုေလးက ကုတင္မွာ ဝမ္းလ်ားေမွာက္လ်က္သား အေနအထားႏွင့္ လွမ္းေျပာလာသည္ ။
" ဘာလို႔လဲ..."
" ဘာျဖစ္ရမွာလဲ.. ဒီအတိုင္းပဲ.. အေမႊးရနံ႕ကို ရခ်င္လို႔..."
" သခင္ေလး... တစ္ခုခုျဖစ္ေနတယ္မလား.. ဘာကိစၥလဲ.."
Jungkook၏အေမးေၾကာင့္ Taehyungက တစ္ခ်က္ေတြသြားေပမယ့္ ခပ္ေပါ့ေပါ့ဟန္ဖမ္းရင္း လွည့္ၾကည့္လိုက္သည္ ။
" အင္း... ျဖစ္ေနတာေတာ့ ရွိတယ္..."
" ဘာလဲ..."
" ငါ... Yeonjunရဲ႕ pool partyသြားခ်င္တယ္.... ငါ မေပ်ာ္ပါးရတာ ဘယ္ေလာက္ေတာင္ ၾကာၿပီလဲဆိုတာ သိလား... ပ်င္းလြန္းလို႔... တကယ္ ပ်င္းလြန္းလို႔ ေသေတာ့မလိုဘဲ... ေနာ္... Jung.. ငါ့ကို pool partyေပးသြားမယ္မလား..."
" စာေမးပြဲက နီးလာၿပီကို... စာက်ေတာ့ ေလ့လာမယ္စိတ္မကူးဘဲ Partyလုပ္ဖို႔ၾကေတာ့ စိတ္အားထက္သန္တယ္ေနာ္.."
" စာေမးပြဲက အခ်ိန္တန္ ေအာင္မွာပဲကို..."
" စာ မေလ့လာဘဲနဲ႕လား..."
" ရား... ငါ partyသြားခ်င္တယ္လို႔ပဲ ေျပာတာကို.. ဘယ္လိုကေန စာဘက္ေရာက္သြားတာလဲ.. စာက ငါအခ်ိန္ခဏေလးေပးရင္ေတာင္ ရတယ္..."
အဲ့ဒီ့စကားက Taehyung အမွန္ေျပာေနျခင္းျဖစ္သည္ ။
မွတ္ဉာဏ္အျပင္ ျဖတ္ထိုးဉာဏ္ေရာ သင္ယူေလ့လာနိုင္စြမ္းေရာ ျမင့္မားသည့္ Taehyungက စာကို သူမ်ားေတြလို ႀကိဳးစားပမ္းစား ေလ့လာစရာမလိုဘဲ အခ်ိန္တစ္ခဏသာလိုအပ္သည္ ။
" စာေလ့လာဖို႔အတြက္ အခ်ိန္တစ္ခု သတ္သတ္မွတ္မွတ္ လုပ္မယ္ဆိုရင္ Partyေပးသြားမယ္.."
" အားရွ္... ငါက ကေလးလား..."
" အင္း.. ကေလးပဲေလ... အခုထက္ထိ ဆိုးဖို႔ ေပ်ာ္ပါးဖို႔ပဲသိတဲ့... ကြၽန္ေတာ့္ရဲ႕ကေလး..."
မွဲ႕နက္ေလးရွိသည့္ ႏွာတံထိပ္ကို ခပ္ဖြဖြေလး ညွစ္လိုက္သည့္အခါ အညိုေလးက ခပ္စစရယ္လာသည္ ။
ခ်စ္ဖို႔ေကာင္းလြန္းသည့္အၿပဳံးႏွင့္ မအပ္စပ္သည့္ ခပ္ညစ္ညစ္ အၾကည့္ ။
" daddyစကားနားေထာင္ရင္ေရာ ဒီကေလးကို အလိုလိုက္မွာမလား.."
" အေျခအေနေပၚ မူတည္ၿပီးေပါ့..."
Jungkook၏ အေျပာေၾကာင့္ Taehyung သေဘာတူလက္ခံလိုက္သည္ ။
အခ်ိန္တစ္ခုသတ္မွတ္ၿပီး စာလုပ္မည္ဆိုသည့္ အေပးအယူႏွင့္ စပ္ၾကားစပ္ၾကား ေပ်ာ္ပါးခြင့္ကို သေဘာတူညီၿပီးသည့္ေနာက္မွာေတာ့ စာၾကည့္စားပြဲမွာ တန္းထိုင္လိုက္ရသည္ ။
" ရား... မနက္ျဖန္ေလာက္မွ စသင့္တာ မဟုတ္ဘူးလား.. အခုပဲ သေဘာတူ အခုပဲ စာစလုပ္ခိုင္းရလား.. မတရားလိုက္တာ.."
" အဲ့ဒီလို အခ်ိန္ဆြဲရင္းနဲ႕ပဲ ေနာက္ေန႕ ေနာက္ေန႕ေတြ ကူးသြားၿပီး one subject one nightထိျဖစ္သြားတဲ့ သခင္ေလးအက်င့္ကို မယုံလို႔ေလ..."
Jung၏စကားကလည္း မွန္ေနေတာ့ Taehyung စူပုပ္ပုပ္ႏွင့္သာ စာၾကည့္လိုက္ရသည္ ။
Taehyung ယူထားသည့္ ေမဂ်ာက စီးပြားေရးေမဂ်ာျဖစ္ၿပီး Taehyungႏွင့္နည္းနည္းေလးမွ် သဟဇတမျဖစ္သည့္ေမဂ်ာျဖစ္သည္ ။
Taehyungက အႏုပညာပိုင္းႏွင့္ပတ္သက္ၿပီးေတာ့ပဲ စိတ္ဝင္စားသည္ ။
ပန္းပုထုတာမ်ိဳး၊ Fashion Showေလွ်ာက္လမ္းသည့္ Modelမ်ိဳး.. ဒါမွမဟုတ္ ပန္းခ်ီဆြဲတာဆိုလည္း စိတ္အားထက္သန္သည္ ။
သို႔ေပမယ့္ အေဖဆိုသူက Taehyungကို ဒီေမဂ်ာသာယူရန္ အေပးအယူနဲ႕ Taehyungအႀကိဳက္ ၿပိဳင္ကားတစ္စီးဝယ္ေပးခဲ့သည္ ။
" ေက်ာင္းက အခုစာေမးပြဲၿပီးရင္ ေနာက္ဆုံးႏွစ္ ေရာက္ၿပီ.. ေက်ာင္းၿပီးရင္... သခင္ေလး ဘယ္လမ္းေၾကာင္းကို ေ႐ြးမွာလဲ..."
၄ႏွစ္တာေက်ာ္ အတူတူျဖတ္သန္းကုန္ဆုံးခဲ့သည့္ အခ်ိန္ကာလအားေလ်ာ္စြာ Jungက Taehyungႏွင့္ပတ္သက္သည့္ စိတ္ေနစိတ္ထား အမူအက်င့္ေတြကိုသိသူမို႔ ဒီေမးခြန္းကို ေမးလာတာ..။
ငယ္ငယ္တုန္းကေတာ့ အေမလည္း Taehyung၏ ရည္မွန္းခ်က္ ဝါသနာအေၾကာင္းကို စိတ္ပါဝင္စားလွစြာ အေမးထုတ္ဖူးသည္ ။
အဲ့တုန္းက အေမ့လိုပဲျဖစ္ခ်င္တယ္ေျပာခဲ့ဖူးတာကို သူ မွတ္မိေသးသည္ ။
အေမသာ Taehyungေဘးမွာ ရွိေပးေနဦးမယ္ဆိုရင္ အေဖဆိုသူလိုမ်ိဳးသူျဖစ္ေစခ်င္တဲ့လမ္းေၾကာင္းေပၚ အေပးအယူနဲ႕တြန္းမပို႔ဘဲ ဂ႐ုတစိုက္ ရွိေပးေလာက္မလား??..
" ငါ... ဘယ္လမ္းေၾကာင္းကိုမွ မေ႐ြးဘူး..."
" ဒါဆို ဒီအတိုင္းပဲ ေနမွာလား..."
" သမၼတႀကီးက ခ်မ္းသာတာ မင္းလည္း သိတယ္မလား.. သူ႕အေမြကို ငါပဲ ဆက္ခံရမွာေလ.. အဲ့ေတာ့ ငါက အေမြေတြယူၿပီး သူေဌးပဲလုပ္မယ္..."
" အေမြေတြက သုံးမကုန္ျဖဳန္းမကုန္ဆိုရင္ေတာင္ ဘာမွမလုပ္ရင္ လုံးပါးပါးသြားလိမ့္မယ္..."
" အလုပ္လုပ္ရမွာ ပ်င္းတယ္... လုံးပါးပါးေတာ့လည္း မင္းပဲ ငါ့ကို ရွာေကြၽးေပါ့.. ငါကေတာ့... ငါ့ရဲ႕ဘဝကို မင္းရဲ႕ Juniorဆီက အေမႊးေလးေတြေရတြက္ရင္းနဲ႕ပဲ သက္ေသာင့္သက္သာေနသြားမယ္.."
" အရမ္းေကာင္းတဲ့ ရည္႐ြယ္ခ်က္ပဲ..."
စာၾကည့္စားပြဲမွာ စာေလ့လာေနသည့္ Taehyung၏ ဆံႏြယ္အုပ္အုပ္ကို Jungkook အသည္းယားလွစြာ ထိုးဖြမိသြားရသည္ ။
" ဒါနဲ႕.. မင္းက Tattoo Artistျဖစ္ခ်င္တာမလား... မင္း အခုပဲျဖစ္ျဖစ္ ဝါသနာကို အေကာင္အထည္ေဖာ္သင့္တယ္..."
" အင္း... အားတဲ့အခ်ိန္ ေလ့လာေနတယ္..."
Taehyung စာလုပ္ေနသည့္အခ်ိန္တစ္ခုထိ Jungkookက အေဖာ္ျပဳေပးၿပီး အိပ္ခန္းထဲမွာ အေမႊးနံ႕သာဖေယာင္းတိုင္ကို မေမ့မေလ်ာ့ထြန္းေပးခဲ့ၿပီးမွ သူ႕တိုက္ခန္းဆီကိုျပန္သြားခဲ့သည္ ။
Taehyung အေမႊးနံ႕သာ ဖေယာင္းတိုင္ကို မမွိတ္မသုန္စိုက္ၾကည့္ေနမိရင္း စားေသာက္ဆိုင္မွာ ျပန္ေတြ႕ခဲ့ရသည့္ တစ္စုံတစ္ေယာက္ကို အမွတ္ရလာျပန္သည့္အခါ မ်က္ဝန္းအစုံက ေအးစက္သြားရသည္ ။
.
.
.
Sandi Bear
Taekook makes me happy.
unicode
" နိုးလာပြီလား...."
မျက်လုံးများပွတ်သပ်ရင်း အိပ်ရာထဲမှာ လှုပ်စိလှုပ်စိ အညောင်းညာဆန့်လာသည့် Taehyungကို ကုတင်၏ခပ်လှမ်းလှမ်းမှာရှိသည့် စာကြည့်စားပွဲပေါ်မှာ Laptopတစ်လုံးနှင့် အလုပ်လုပ်နေသည့် Jungက လှမ်းမေးလာသည် ။
Taehyung တစ်ကိုယ်လုံးက နုံးချိနေသလိုသာ ခံစားနေရသေးလျက် မျက်ဝန်းများကလည်း အအိပ်လွန်မှုကြောင့် ဖောင်းအစ်နေသလို ခံစားချက်ကို ရလိုက်သည် ။
" ဘယ်အချိန်ရှိသွားပြီလဲ...."
" မနက်ဖြန်က... ကျောင်းပြန်တက်ရမယ့်ရက်..."
" ဘာ?.. ဒါဆို ငါက တစ်ရက်နီးပါး အိပ်ပျော်သွားတာလား..."
" အင်း... အဲ့လိုသဘောပဲ..."
" အားရှ်... ကျောင်းတက်ရမှာကို... မုန်းလိုက်တာ...."
ကုတင်ပေါ်မှ Taehyung ထထိုင်လိုက်ရင်း အခန်းတွင်းကို ဝေ့ဝဲကြည့်မိသည့်အခါ ကင်မရာတွေ တစ်လုံးမှမရှိတော့ဘဲ Jungက ပြန်သိမ်းထားဟန်တူသည် ။
" ငါတို့ရဲ့ hd ကောင်းကောင်း ထွက်တယ်မလား..."
" အင်း.. editထားပြီးပြီ..."
" ငါ့ကို ပို့ပေး..."
" ဟင့်အင်း.. ဒီlaptopထဲက fileထဲမှာပဲ သိမ်းထားမယ်... သခင်လေးဆီမှာရှိရင် လုံခြုံမယ်မထင်ဘူး..."
" ဘာလို့လဲ... ငါက လူတကာ လိုက်ပြမယ့်လူစားမျိုးကျနေတာပဲ... ငါ့ကို အဲ့လောက်တောင် မယုံဘူးလား..."
" အင်း... မယုံဘူး..."
" ငါ-ိုးပဲ..."
အညိုလေးက Jungkookကို ဆဲရေးပြီးမှ ကုတင်ပေါ်ကနေဆင်းကာ သန့်စင်ခန်းထဲကို အနည်းငယ် မူပျက်နေသည့်ခြေလမ်းများဖြင့် ဝင်သွားသည် ။
" အား... ငါဆီးသွားရတာတောင် အဆင်မပြေဘူး.. ငါ့ရဲ့မျိုးပွားဆဲလ်လေးတွေက အထွက်လွန်ကုန်လို့ထင်တယ်.. ကျင်တက်နေတုန်းပဲ..."
ယခုထိတိုင် စာကြည့်စားပွဲရှေ့မှာ ထိုင်နေဆဲဖြစ်သည့် Jung၏ပေါင်ပေါ်သို့ Taehyung တက်ထိုင်လိုက်ကာ သူကြိုက်နှစ်သက်လှသည့် ရင်အုပ်ကျယ်ကို ပွတ်သီးပွတ်သပ်လုပ်နေမိသည် ။
" ငါ့ရဲ့Jung... မင်းကလေ... ဆက်ဆံတဲ့အခါတိုင်း သားရဲကြီးကျနေတာပဲ.. အဲ့ဒါက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလဲသိလား..."
Taehyung၏အောက်နှုတ်ခမ်းပါးကိုကိုက်ကာ ကလူသလို စကားကြောင့် Jungက နားရွက်ဖျားအနည်းငယ် ရဲတက်လာလျက် ရုပ်တည်ကြီးနှင့်သာ laptop screenကို အကြည့်ပို့ထားပေမယ့် Taehyung သိတာပေါ့..။
သူ့ရဲ့Jungက ရှက်နေတာ...။
" ဗိုက်မဆာဘူးလား... ဆန်ပြုတ်..."
" ရား... ငါ ဆန်ပြုတ် မကြိုက်တာသိသားနဲ့ကို..."
" အစာပျော့ပဲ စားမှရမယ်... "
Jungkook၏ တစ်ချက်လွှတ်စကားကြောင့် Taehyungက နှုတ်ခမ်းစူသွားပေမယ့် အတွန့်တော့ထပ်မတက် ။
" မင်း အခု ဘာလုပ်နေတာလဲ..."
" Bodyguard ခေါင်းဆောင်က ပို့လာပေးတဲ့ scheduleကို စစ်ဆေးနေတာ... သမ္မတကြီးက UN ဆွေးနွေးပွဲကိုသွားရမှာ.. လိုက်ပါစောင့်ရှောက်ရမယ့် Bodyguardတွေကို စီစစ်ရွေးချယ်ရမယ်..."
" မင်းကတော့ ငါ့အနားမှာပဲ ကျန်ခဲ့မှာမလား..."
" ကျွန်တော် မဟုတ်ဘဲနဲ့... သခင်လေးကို ဘယ်သူက ထိန်းနိုင်မှာလဲ.."
Jung၏စကားကြောင့် Taehyung မျက်လုံးအပေါ်လှန်ကာ စိတ်လေသလိုဟန်လုပ်ပြလိုက်သည် ။
သူ့ကို Jungက ထိန်းနိုင်တာမဟုတ်ဘဲ သူကိုယ်တိုင်က Jungရဲ့အထိန်းချုပ်ခံနဲ့ ရှိနေပေးတာကို အခုထက်ထိ မသိတာလား...။
Jungkookက အလုပ်ကိစ္စပြီးသွားသည်နှင့် Taehyungကို ဆန်ပြုတ်နွေးကျွေးကာ ကိုယ်တိုင်ကိုယ်ကျ ဆေးတိုက်သည် ။
ဆေးလုံးလေးက လျှာဖျားနှစ်ခုကြားမှာ ဟိုဘက်ကိုကူးလူးလိုက် ဒီဘက်ကိုကူးလူးလိုက်နှင့် ခါးသက်သက်အရသာတစ်ချို့ကလည်း ခုံမင်ဖွယ်ကောင်းလာသလို ။
ဒီနေ့ညကိုလည်း အိမ်ပြာတော်ဆီ မပြန်ဖြစ်ဘဲ Apartmentမှာသာ အိပ်ဖြစ်ကာ မနက်ကျတော့ ကျောင်းသွားဖို့ရာ ပြင်ဆင်ရပြန်သည် ။
.
.
.
ကျောင်းကန်တင်းမှာ Taehyungတို့အုပ်စုက ထိုင်နေကျနေရာမှာသာ နေရာယူထားကြသည် ။
Jungကတော့ ခပ်လှမ်းလှမ်းမှာသာ စောင့်ကြပ်နေသည်ကို Yeonjunက တစ်ချက်လှမ်းကြည့်ရင်း စကားစလာသည် ။
" သမ္မတကြီးက UN ဆွေးနွေးပွဲသွားမှာဆို.. Hyung... သတင်းတွေ့လိုက်တယ်..."
" အော..."
" အဲ့ဒါဆို Hyungကတော့ အားတယ်မလား..."
" စိတ်ရှုပ်စရာပွဲတွေ တက်ရဖို့လည်း မရှိဘူးဆိုတော့... အားတာပဲပေါ့..."
" ကျွန်တော် အိမ်မှာ pool partyလုပ်မလားလို့... ပျော်စရာလေးတွေ မရှာရတာ ကြာပြီလေ..."
Yeonjun၏စကားကြောင့် Taehyung ခေါင်းလေးထောင်သွားရသည် ။
မဟုတ်ရင်တောင် သူ ပျင်းနေတာ သေတော့မလိုဘဲ..။
ပျော်စရာတွေကလည်း Jung၏မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေရတာနဲ့တင် မရှာဖြစ်တာတောင် ကြာလုပြီ ။
" Jungkookက ခွင့်ပြုပါ့မလား... "
Park Jihoonကလည်း Partyကို စိတ်ဝင်စားသလို မျက်လုံးလေးဝင့်ကြည့်လာပေမယ့် Jungkookကိုကလည်း ကြည့်ရသေးသည် ။
" ငါတို့က ဒီအတိုင်း အိမ်မှာပဲ pool partyလုပ်ရုံပဲကို.. လူလည်း များများစားစား မဖိတ်ပါဘူး... ခိုင်းဖို့ကလည်း အရံသင့်လူရှိပြီးသား..."
Yeonjun၏အကြည့်က သူတို့နှင့်ခပ်လှမ်းလှမ်းက စားပွဲဝိုင်းတစ်ခုမှာထိုင်ကာ ထမင်းစားနေသည့် Scholarshipထံကျရောက်သွားရင်း နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးညွှတ်သွားသည် ။
Taehyungကလည်း ပျော်ပါးချင်သည့်အတွက် Jungkookကို ဘယ်လိုခွင့်ပြုအောင်လုပ်ရမည်ဆိုသည့် အကြံအားထုတ်ရင်း ကွက်ကြည့်ကွက်ကြည့် ။
" Jung.... ငါတို့အပြန်ကို.. စားသောက်ဆိုင်တစ်ခုမှာပဲ ဝင်စားရအောင်..."
အတန်းချိန်ပြီးသည့်အခါ ထုံးစံအတိုင်း Taehyung၏ အနောက်ပါးဆီမှာ ခြေလမ်းခွာပြီး လိုက်လာသည့် Jungက ဆိုက်ရပ်ထားသည့် ကားဆီကိုရောက်မှ အနောက်ခန်းတံခါးအား လာဖွင့်ပေးသည် ။
" ဘယ်အစားအသောက် စားချင်လဲ..."
" အီတလီ စားသောက်ဆိုင်... ဝိုင်လေးပါ ပါရင်ကောင်းမယ်... သိတယ်မလား.. ငါတို့ Dinner dateလေးလုပ်မယ်လေ..."
Taehyung မျက်ခုံးလေးတစ်ဖက်ပင့်ကာ Jungကို Flirtလိုက်ပေမယ့် Jungကတော့ လူမြင်ကွင်းဆိုလျှင် အတည်တန့်မျက်နှာထားကြီးနှင့် အမြဲလိုလို စည်းခြားထားတတ်သည် ။
" ငါ ဘယ်သူ့ကို စကားပြောနေရတာပါလိမ့်?..."
တုံ့ပြန်စကားမလာသည့် Jungkookကို Taehyungက မျက်လုံးလေး အပေါ်တစ်ချက်လှန်ဟန်ပြုပြပြီးမှ ကားအနောက်ခန်းမှာ ဝင်ထိုင်သည် ။
အီတလီစားသောက်ဆိုင်သို့ ရောက်သည့်အခါ VIP Roomကိုပဲ ယူလိုက်ကာ အစားအသောက်တစ်ချို့နှင့် ဝိုင်နီကိုမှာယူလိုက်သည် ။
" Jung... ငါ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်..."
" လိုက်ပို့ပေးမယ်..."
" ရား.. အဲ့အထိတော့ မလိုဘူး.. "
" သခင်လေးရဲ့လုံခြုံရေးအရ လိုတယ်..."
Jung၏အပြောကြောင့် Taehyung ပင့်သက် ရှိုက်လိုက်မိသည် ။
ငယ်စဥ်တည်းကနေ အခုအသက်အရွယ်ထိ တောက်လျှောက် အစောင့်ကြည့်ခံဘဝကို အမှန်တိုင်းပြောရရင် Taehyung ငြီးငွေ့နေပြီ ။
Jungကြောင့်မလို့သာ သူ ခံသာနေတာ ။
Jungနေရာမှာ တခြားတစ်ယောက်သာဆို Taehyung အရင်တုန်းကလို တဇွတ်ထိုး လုပ်ပစ်မည့်ကိစ္စရပ်တွေပဲ ရှိလာခဲ့မှာ..။
" လိုက်ဆိုတော့လည်း... လိုက်ပေါ့..."
VIP Roomထဲကနေ မထွက်ခင် မှာယူထားသည့် အစားအသောက်များကို တွန်းလှည်းနှင့်ယူဆောင်လာလျက် ဆိုင်ဝန်ထမ်းသုံးဦးက လာရောက်ချပေးသည် ။
Taehyung သာမန်ကာလျှံကာကြည့်လိုက်ရင်းမှ တွေ့လိုက်ရသည့် တစ်စုံတစ်ယောက်ကြောင့် ခြေလမ်းတန့်သွားရသည် ။
အံကြိတ်လိုက်မှုကြောင့် ထင်းခနဲ ဖြစ်သွားသည့်မေရိုး ။
Taehyungကို ကြည့်လာခဲ့သည့် သူ့မျက်ဝန်းအစုံက ခပ်ဖျော့ဖျော့ ။
" သန့်စင်ခန်း သွားမယ်ဆို..."
Jungkookကလည်း Taehyung၏ တစ်ခဏမျှ ပျက်ယွင်းသွားသည့် အမူအရာကို အကဲဖမ်းမိလိုက်ကာ အနားသို့ရောက်လာခဲ့သည် ။
" အင်း..."
အေးစက်သွားသည့် Taehyung၏ မျက်နှာထား ။
ဖျတ်ခနဲ ဦးခေါင်းငုံ့ကျသွားခဲ့သည့် ဆိုင်ဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ဦး ။
အရှေ့ကနေ ဦးဆောင်ထွက်သွားသည့် အညိုလေးကြောင့် Jungkook ထိုလူကို ထပ်မံအကဲမခတ်နိုင်တော့ပေမယ့် name tagကိုတော့ စစ်ဆေးဖြစ်အောင် စစ်ဆေးလိုက်သည် ။
name tagက အမည်က Park Jimin ။
.
.
.
လမ်းမထက်မှာ တရိပ်ရိပ် မောင်းနှင်နေသော ကားလေး ။
Jungkook ကားမောင်းနေရင်းမှ နောက်ကြည့်မှန်ကနေ အညိုလေးကို စစ်ဆေးလိုက်လျှင် အနောက်ခန်းမှာထိုင်နေသည့် အညိုလေးက ပျင်းရိပျင်းတွဲဟန်ပန်နှင့် လိုက်ပါလာသည် ။
စားသောက်ဆိုင်မှာတုန်းက မူတစ်ချက်ပျက်သွားမှန်း Jungkook အကဲဖမ်းလိုက်နိုင်ပေမယ့် အညိုလေးက ဘာမှဖြစ်ဟန်မပြဘဲ နေနေကျအတိုင်းသာမို့ Jungkook ဇဝေဇဝါတော့ဖြစ်သွားရသည် ။
အိမ်ပြာတော်ကို ပြန်ရောက်လျှင် အညိုလေးကို အိပ်ခန်းထိပြန်လိုက်ပို့ဆောင်ပြီး ညအိပ်ရာဝင်ရန်အသင့်ဖြစ်တဲ့အထိ ပြင်ဆင်ပေးရသည် ။
" Jung... ငါ့ကို မင်းထွန်းပေးနေကျ အမွှေးနံ့သာဖယောင်းတိုင် ထွန်းသွားပေး..."
အိပ်ခန်းထဲကနေ Jungkook ပြန်မထွက်ခင် ညအိပ်ဝတ်စုံနှင့် အညိုလေးက ကုတင်မှာ ဝမ်းလျားမှောက်လျက်သား အနေအထားနှင့် လှမ်းပြောလာသည် ။
" ဘာလို့လဲ..."
" ဘာဖြစ်ရမှာလဲ.. ဒီအတိုင်းပဲ.. အမွှေးရနံ့ကို ရချင်လို့..."
" သခင်လေး... တစ်ခုခုဖြစ်နေတယ်မလား.. ဘာကိစ္စလဲ.."
Jungkook၏အမေးကြောင့် Taehyungက တစ်ချက်တွေသွားပေမယ့် ခပ်ပေါ့ပေါ့ဟန်ဖမ်းရင်း လှည့်ကြည့်လိုက်သည် ။
" အင်း... ဖြစ်နေတာတော့ ရှိတယ်..."
" ဘာလဲ..."
" ငါ... Yeonjunရဲ့ pool partyသွားချင်တယ်.... ငါ မပျော်ပါးရတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ သိလား... ပျင်းလွန်းလို့... တကယ် ပျင်းလွန်းလို့ သေတော့မလိုဘဲ... နော်... Jung.. ငါ့ကို pool partyပေးသွားမယ်မလား..."
" စာမေးပွဲက နီးလာပြီကို... စာကျတော့ လေ့လာမယ်စိတ်မကူးဘဲ Partyလုပ်ဖို့ကြတော့ စိတ်အားထက်သန်တယ်နော်.."
" စာမေးပွဲက အချိန်တန် အောင်မှာပဲကို..."
" စာ မလေ့လာဘဲနဲ့လား..."
" ရား... ငါ partyသွားချင်တယ်လို့ပဲ ပြောတာကို.. ဘယ်လိုကနေ စာဘက်ရောက်သွားတာလဲ.. စာက ငါအချိန်ခဏလေးပေးရင်တောင် ရတယ်..."
အဲ့ဒီ့စကားက Taehyung အမှန်ပြောနေခြင်းဖြစ်သည် ။
မှတ်ဉာဏ်အပြင် ဖြတ်ထိုးဉာဏ်ရော သင်ယူလေ့လာနိုင်စွမ်းရော မြင့်မားသည့် Taehyungက စာကို သူများတွေလို ကြိုးစားပမ်းစား လေ့လာစရာမလိုဘဲ အချိန်တစ်ခဏသာလိုအပ်သည် ။
" စာလေ့လာဖို့အတွက် အချိန်တစ်ခု သတ်သတ်မှတ်မှတ် လုပ်မယ်ဆိုရင် Partyပေးသွားမယ်.."
" အားရှ်... ငါက ကလေးလား..."
" အင်း.. ကလေးပဲလေ... အခုထက်ထိ ဆိုးဖို့ ပျော်ပါးဖို့ပဲသိတဲ့... ကျွန်တော့်ရဲ့ကလေး..."
မှဲ့နက်လေးရှိသည့် နှာတံထိပ်ကို ခပ်ဖွဖွလေး ညှစ်လိုက်သည့်အခါ အညိုလေးက ခပ်စစရယ်လာသည် ။
ချစ်ဖို့ကောင်းလွန်းသည့်အပြုံးနှင့် မအပ်စပ်သည့် ခပ်ညစ်ညစ် အကြည့် ။
" daddyစကားနားထောင်ရင်ရော ဒီကလေးကို အလိုလိုက်မှာမလား.."
" အခြေအနေပေါ် မူတည်ပြီးပေါ့..."
Jungkook၏ အပြောကြောင့် Taehyung သဘောတူလက်ခံလိုက်သည် ။
အချိန်တစ်ခုသတ်မှတ်ပြီး စာလုပ်မည်ဆိုသည့် အပေးအယူနှင့် စပ်ကြားစပ်ကြား ပျော်ပါးခွင့်ကို သဘောတူညီပြီးသည့်နောက်မှာတော့ စာကြည့်စားပွဲမှာ တန်းထိုင်လိုက်ရသည် ။
" ရား... မနက်ဖြန်လောက်မှ စသင့်တာ မဟုတ်ဘူးလား.. အခုပဲ သဘောတူ အခုပဲ စာစလုပ်ခိုင်းရလား.. မတရားလိုက်တာ.."
" အဲ့ဒီလို အချိန်ဆွဲရင်းနဲ့ပဲ နောက်နေ့ နောက်နေ့တွေ ကူးသွားပြီး one subject one nightထိဖြစ်သွားတဲ့ သခင်လေးအကျင့်ကို မယုံလို့လေ..."
Jung၏စကားကလည်း မှန်နေတော့ Taehyung စူပုပ်ပုပ်နှင့်သာ စာကြည့်လိုက်ရသည် ။
Taehyung ယူထားသည့် မေဂျာက စီးပွားရေးမေဂျာဖြစ်ပြီး Taehyungနှင့်နည်းနည်းလေးမျှ သဟဇတမဖြစ်သည့်မေဂျာဖြစ်သည် ။
Taehyungက အနုပညာပိုင်းနှင့်ပတ်သက်ပြီးတော့ပဲ စိတ်ဝင်စားသည် ။
ပန်းပုထုတာမျိုး၊ Fashion Showလျှောက်လမ်းသည့် Modelမျိုး.. ဒါမှမဟုတ် ပန်းချီဆွဲတာဆိုလည်း စိတ်အားထက်သန်သည် ။
သို့ပေမယ့် အဖေဆိုသူက Taehyungကို ဒီမေဂျာသာယူရန် အပေးအယူနဲ့ Taehyungအကြိုက် ပြိုင်ကားတစ်စီးဝယ်ပေးခဲ့သည် ။
" ကျောင်းက အခုစာမေးပွဲပြီးရင် နောက်ဆုံးနှစ် ရောက်ပြီ.. ကျောင်းပြီးရင်... သခင်လေး ဘယ်လမ်းကြောင်းကို ရွေးမှာလဲ..."
၄နှစ်တာကျော် အတူတူဖြတ်သန်းကုန်ဆုံးခဲ့သည့် အချိန်ကာလအားလျော်စွာ Jungက Taehyungနှင့်ပတ်သက်သည့် စိတ်နေစိတ်ထား အမူအကျင့်တွေကိုသိသူမို့ ဒီမေးခွန်းကို မေးလာတာ..။
ငယ်ငယ်တုန်းကတော့ အမေလည်း Taehyung၏ ရည်မှန်းချက် ဝါသနာအကြောင်းကို စိတ်ပါဝင်စားလှစွာ အမေးထုတ်ဖူးသည် ။
အဲ့တုန်းက အမေ့လိုပဲဖြစ်ချင်တယ်ပြောခဲ့ဖူးတာကို သူ မှတ်မိသေးသည် ။
အမေသာ Taehyungဘေးမှာ ရှိပေးနေဦးမယ်ဆိုရင် အဖေဆိုသူလိုမျိုးသူဖြစ်စေချင်တဲ့လမ်းကြောင်းပေါ် အပေးအယူနဲ့တွန်းမပို့ဘဲ ဂရုတစိုက် ရှိပေးလောက်မလား??..
" ငါ... ဘယ်လမ်းကြောင်းကိုမှ မရွေးဘူး..."
" ဒါဆို ဒီအတိုင်းပဲ နေမှာလား..."
" သမ္မတကြီးက ချမ်းသာတာ မင်းလည်း သိတယ်မလား.. သူ့အမွေကို ငါပဲ ဆက်ခံရမှာလေ.. အဲ့တော့ ငါက အမွေတွေယူပြီး သူဌေးပဲလုပ်မယ်..."
" အမွေတွေက သုံးမကုန်ဖြုန်းမကုန်ဆိုရင်တောင် ဘာမှမလုပ်ရင် လုံးပါးပါးသွားလိမ့်မယ်..."
" အလုပ်လုပ်ရမှာ ပျင်းတယ်... လုံးပါးပါးတော့လည်း မင်းပဲ ငါ့ကို ရှာကျွေးပေါ့.. ငါကတော့... ငါ့ရဲ့ဘဝကို မင်းရဲ့ Juniorဆီက အမွှေးလေးတွေရေတွက်ရင်းနဲ့ပဲ သက်သောင့်သက်သာနေသွားမယ်.."
" အရမ်းကောင်းတဲ့ ရည်ရွယ်ချက်ပဲ..."
စာကြည့်စားပွဲမှာ စာလေ့လာနေသည့် Taehyung၏ ဆံနွယ်အုပ်အုပ်ကို Jungkook အသည်းယားလှစွာ ထိုးဖွမိသွားရသည် ။
" ဒါနဲ့.. မင်းက Tattoo Artistဖြစ်ချင်တာမလား... မင်း အခုပဲဖြစ်ဖြစ် ဝါသနာကို အကောင်အထည်ဖော်သင့်တယ်..."
" အင်း... အားတဲ့အချိန် လေ့လာနေတယ်..."
Taehyung စာလုပ်နေသည့်အချိန်တစ်ခုထိ Jungkookက အဖော်ပြုပေးပြီး အိပ်ခန်းထဲမှာ အမွှေးနံ့သာဖယောင်းတိုင်ကို မမေ့မလျော့ထွန်းပေးခဲ့ပြီးမှ သူ့တိုက်ခန်းဆီကိုပြန်သွားခဲ့သည် ။
Taehyung အမွှေးနံ့သာ ဖယောင်းတိုင်ကို မမှိတ်မသုန်စိုက်ကြည့်နေမိရင်း စားသောက်ဆိုင်မှာ ပြန်တွေ့ခဲ့ရသည့် တစ်စုံတစ်ယောက်ကို အမှတ်ရလာပြန်သည့်အခါ မျက်ဝန်းအစုံက အေးစက်သွားရသည် ။
.
.
.
Sandi Bear
Taekook makes me happy.