ငါအိပ်ပျော်သွားတဲ့နေ့တိုင်း င...

By KaGura695

14.1K 2.3K 88

ကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြော... More

Description
Chapter 1.1 (U/Z)
Chapter 1.2 (U/Z)
Chapter 1.3 (U/Z)
Chapter 2.1 (U/Z)
Chapter 2.2 (U/Z)
Chapter 2.3 (U/Z)
Chapter 3.1 (U/Z)
Chapter 3.2 (U/Z)
Chapter 3.3 (U/Z)
Chapter 3.4 (U/Z)
Note
Chapter 4.1(U/Z)
Chapter 4.2 (U/Z)
Chapter 5.1 (U/Z)
Chapter 5.2 (U/Z)
Chapter 5.3(U/Z)
Chapter 6.1(U/Z)
Note
Chapter 6.3(U/Z)
Chapter 6.4(U/Z)
Chapter 7.1(U/Z)
Chapter 7.2(U/Z)
Chapter 7.3(U/Z)
Chapter 7.4(U/Z)
Chapter 8.1(U/Z)
Chapter 8.2(U/Z)
Note
Chapter 8.3(U/Z)

Chapter 6.2(U/Z)

406 87 2
By KaGura695

Unicode

အခန်း ၆.၂- Tuhao Chicken

ရေမွှေးပုလင်းကို စားပွဲပေါ်တင်လိုက်ပြီး လက်ဖက်ရည်ပူပူတစ်ခွက်ကို ဖျော်လိုက်ကာ ကွန်ပျူတာကိုဖွင့်လိုက်ပြီးနောက်သူ့ဇာတ်လမ်းကိုဆက်လက်ပြုပြင်ရန်ပြင်ဆင်လိုက်သည်။

မီလီဟာ သူမရဲ့စိတ်ခံစားချက်တွေထဲ နစ်မြုပ်နေပြီးစိတ်နဲ့ကိုယ်နဲ့မကပ်သေးတာကိုသတိပြုမိတော့ရှီးပိုင်ချန်းက “ငါနောက်ထပ် ရေမွှေးအမှတ်တံဆိပ်အနည်းငယ်ကို အသုံးပြုချင်သေးတယ်။ မင်းမှာအကြံပြုစရာတံဆိပ်ရှိလား"

[အကြံပြုစရာလား။တစ်ချို့တော့ရှိတယ်။]

မီလီသည် သူမ၏စိတ်ခံစားမှုများကိုပြန်ထိန်းလိုက်ပြီးနောက်ကျွမ်းကျင်စွာဖြင့်တံဆိပ်များကို‌ရွတ်ဆိုလိုက်သည်။

[Chanel,Lancome,Estee Lauder, Adidas,Saint Laurent,Arden, Penhaligon,Annick Goutal…]

သူမသည် အသက်တောင်မရှူဘဲအမှတ်တံဆိပ်ပေါင်းတစ်ဒါဇင်ကျော်ကိုတရစပ်‌‌ပြောချလိုက်သည်။

ရှီးပိုင်ချန်းက သူမကိုတစ်ချက်ကြည့်လိုက်ပြီး "မင်းအရင်က ဘာအလုပ်လုပ်တာလဲ" ဟုမေးလိုက်သည်။

[ခန့်မှန်းကြည့်ကြည့်လေ~~]

မိန်းမတစ်ယောက်ဟာပိုလျှို့ဝှက်ဆန်းကြယ်လေလေ၊သူမဟာ ပိုဆွဲဆောင်မှုရှိလေဖြစ်ပြီး မီလီကတော့ အဆန်းကြယ်ဆုံးသောမိန်းကလေးတစ်ယောက်ပါ။

ရှီးပိုင်ချန်းက “အို” ဆိုပြီးခန့်မှန်းဖို့လုံးဝစိတ်မဝင်စားတဲ့ပုံနဲ့ပြန်ပြောတယ်။မီလီပြောပြတဲ့အမှတ်တံဆိပ်အားလုံးကိုကွန်ပျူတာထဲတွင်မှတ်လိုက်ပြီးနောက်မီလီကိုထပ်မေးလိုက်သည်။

“ဘယ်အမှတ်တံဆိပ်က အမျိုးသားဇာတ်ဆောင်နဲ့အသင့်တော်ဆုံးလို့ထင်လဲ”

[ရှင်ကိုယ်တိုင်ပဲဆုံးဖြတ်သင့်တယ်။ရှင်အကြိုက်ဆုံးရနံ့ကိုရှာကြည့်လိုက်၊အဲ့အပေါ်မူတည်ပြီးသင့်လျော်တဲ့အမှတ်တံဆိပ်ကိုရွေးချယ်လိုက်လေ။]

ရှီးပိုင်ချန်းက ခေါင်းညိတ်ပြကာအဝေးကို တစ်ချက်မော့ကြည့်လိုက်ပြီး Adidas တံဆိပ်ကို ပေါ့ပေါ့ပါးပါးရွေးချယ်ခဲ့သည်။

[ရှင်... ရှင်ဘာလို့အဲဒါကိုရွေးတာလဲ။]

သူမမနေ့ကဝယ်ခဲ့တဲ့ရေမွှေးကလည်း Adidas တံဆိပ်ဖြစ်နေတာလေ။

"ငါစိတ်ထဲမဆိုးဘူးထင်လို့ရွေးချယ်ခဲ့တာ"

မီလီသည် သူတို့နှစ်‌ယောက်ကြားတွင် အထူးဆက်နွှယ်မှုရှိကြောင်းခံစားလိုက်ရသည်။သူတို့သည် ကမ္ဘာနှစ်ခုကြားတွင် ဆက်သွယ်ပြောဆိုနိုင်ရုံသာမက စိတ်ချင်းဆက်သွယ်မှုလည်းရှိသည်။

ထိုအချိန်တွင်အဝေးမှအချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။သူမ၏အသိစိတ် သည်ငြိမ်သက်နေသောပင်လယ်ပြင်ပေါ်တွင်လှိုင်းလေးများသဖွယ်ရိုက်ခတ်လာသည်။ခဏတာစိတ်ငြိမ်သက်အောင်လုပ်ပြီးနောက်မီလီသည်မျက်လုံးဖွင့်ကာ အိပ်ယာပေါ်မှနိုးလာခဲ့သည်။

နဖူးကိုပွတ်သပ်ရင်းအချိန်ကိုစစ်ဆေးရန် ဖုန်းကိုကောက်ကိုင်လိုက်တော့မဖတ်ရသေးတဲ့မက်ဆေ့ချ်နှစ်ခုကိုတွေ့လိုက်ရသည်။ပေးပို့ထားသူမှာလူအိုကြီးပိုင်ဖြစ်သည်။

တစ်စောင်က "မင်းအခုဘယ်မှာလဲ?" နှင့်နောက်တစ်စောင်က "
"မင်းရှိသေးလား။မင်းဘယ်သူ့ဖုန်းကိုသုံးနေတာလဲ။" ဆိုပြီးဖြစ်သည်။စာများကမနေ့ည ၉ နာရီခန့်ကပေးပို့ထားတာဖြစ်သော်လည်းသူမ အိပ်ရာမဝင်မီအချိန်ထိစာတစ်စောင်မှမရခဲ့ပါ။ကြည့်ရသလောက်သူမတို့နှစ်ဦးကြားတွင်ဆက်သွယ်ရေးနှောင့်နှေးနေပုံရသည်။

မီလီ : [လူအိုကြီးပိုင်၊ကျွန်မကို ရှင့်လိပ်စာပို့ပေးဦး။အချိန်ရရင်အရသာရှိတဲ့စားစရာလေးပို့ပေးလို့ရအောင်။]

မက်ဆေ့ချ်ကိုပို့ပြီးတာနဲ့ ဖုန်းကိုဘေးဖယ်ထားကာအိပ်ရာကထပြီးရေချိုးဖို့ ရေချိုးခန်းကိုသွားခဲ့တယ်။

ထမင်းစားပြီးနောက်မီလီသည် မကြာသေးမီကထွက်ရှိခဲ့သောရုပ်ရှင်များကို သူမ၏ဖုန်းဖြင့်စစ်ဆေးကြည့်ခဲ့သည်။စိတ်ဝင်စားစရာဘာကိုမှရှာမတွေ့တော့သူမရှာဖွေတာကိုရပ်လိုက်သည်။

သူမကြည့်ခဲ့ရတဲ့ “Monster Baby” ဇာတ်ကားသည်သူမ၏စိတ်ထဲတွင် ဆက်လက်နေရာယူထားသည်။မီလီသည်ပုံဆွဲ board တစ်ခုကိုထုတ်လိုက်ပြီး weibo ပေါ်မတင်မီ စိတ်ဝင်စားဖို့ကောင်းတဲ့‌ရုပ်ပြကာတွန်းလေးခုကိုဆွဲလိုက်သည်။

သူမရဲ့ပုံဆွဲစွမ်းရည်ကသိပ်မကောင်းပေမယ့်လည်းသူမပုံဆွဲထားတဲ့ style ကထူးခြားပြီးမှော်ဆန်တယ်။သူမသည် ဇာတ်ကွက်အပြည့်အစုံကိုမမှတ်မိသော်လည်း၊သူမ၏မသေချာမရေရာတဲ့မှတ်ဉာဏ်ကိုအခြေခံပြီးအလားတူဇာတ်လမ်းကိုဖန်တီးခဲ့သည်။သူမထိုဇာတ်လမ်းကိုတင်ပြီးပြီးချင်းပရိသတ်ပေါင်းများစွာဆွဲဆောင်နိုင်ခဲ့တယ်။

သူမကိုယ်တိုင်အလုပ်များနေတာမို့အချိန်ကိုသတိမထားမိဘဲညစာစားချိန်ရောက်ရှိလာတာမို့ချက်ပြုတ်ရန်ပြင်ဆင်တော့သည်။ရုတ်တတရက်သူမဖုန်းပေါ်မှ စာအဝင်တစ်ခုကိုရရှိခဲ့သည်။နှိပ်ကြည့်လိုက်တာနဲ့လိပ်စာတစ်ခုသာပေါ်လာသည် - [Yunlang City, Jincheng, Fuhai Villas, Unit 101.]

သူမစမ်းသပ်ဖို့မဆုံးဖြတ်ခင်အထိမီလီသည်လိပ်စာကိုအကြာကြီးစိုက်ကြည့်နေမိသည်။

Note : စာလုံးပေါင်းတွေကနောက်မှပြန်စစ်မှာမို့အမှားပါရင်သည်းခံပြီးဖတ်ပေးပါနော်။ဒီရက်မအားတာမို့ Monday ကျ အပိုင်းရှည်ရှည်လေးနဲ့ပြန်တွေ့ကြမယ်နော်..Love you😘😘

Zawgyi

ေရေမႊးပုလင္းကို စားပြဲေပၚတင္လိုက္ၿပီး လက္ဖက္ရည္ပူပူတစ္ခြက္ကို ေဖ်ာ္လိုက္ကာ ကြန္ပ်ဴတာကိုဖြင့္လိုက္ၿပီးေနာက္သူ႔ဇာတ္လမ္းကိုဆက္လက္ျပဳျပင္ရန္ျပင္ဆင္လိုက္သည္။

မီလီဟာ သူမရဲ႕စိတ္ခံစားခ်က္ေတြထဲ နစ္ျမဳပ္ေနၿပီးစိတ္နဲ႔ကိုယ္နဲ႔မကပ္ေသးတာကိုသတိျပဳမိေတာ့ရွီးပိုင္ခ်န္းက “ငါေနာက္ထပ္ ေရေမႊးအမွတ္တံဆိပ္အနည္းငယ္ကို အသုံးျပဳခ်င္ေသးတယ္။ မင္းမွာအႀကံျပဳစရာတံဆိပ္ရွိလား"

[အႀကံျပဳစရာလား။တစ္ခ်ိဳ႕ေတာ့ရွိတယ္။]

မီလီသည္ သူမ၏စိတ္ခံစားမႈမ်ားကိုျပန္ထိန္းလိုက္ၿပီးေနာက္ကြၽမ္းက်င္စြာျဖင့္တံဆိပ္မ်ားကို‌႐ြတ္ဆိုလိုက္သည္။

[Chanel,Lancome,Estee Lauder, Adidas,Saint Laurent,Arden, Penhaligon,Annick Goutal…]

သူမသည္ အသက္ေတာင္မရႉဘဲအမွတ္တံဆိပ္ေပါင္းတစ္ဒါဇင္ေက်ာ္ကိုတရစပ္‌‌ေျပာခ်လိုက္သည္။

ရွီးပိုင္ခ်န္းက သူမကိုတစ္ခ်က္ၾကည့္လိုက္ၿပီး "မင္းအရင္က ဘာအလုပ္လုပ္တာလဲ" ဟုေမးလိုက္သည္။

[ခန႔္မွန္းၾကည့္ၾကည့္ေလ~~]

မိန္းမတစ္ေယာက္ဟာပိုလွ်ိဳ႕ဝွက္ဆန္းၾကယ္ေလေလ၊သူမဟာ ပိုဆြဲေဆာင္မႈရွိေလျဖစ္ၿပီး မီလီကေတာ့ အဆန္းၾကယ္ဆုံးေသာမိန္းကေလးတစ္ေယာက္ပါ။

ရွီးပိုင္ခ်န္းက “အို” ဆိုၿပီးခန္႔မွန္းဖို႔လုံးဝစိတ္မဝင္စားတဲ့ပုံနဲ႔ျပန္ေျပာတယ္။မီလီေျပာျပတဲ့အမွတ္တံဆိပ္အားလုံးကိုကြန္ပ်ဴတာထဲတြင္မွတ္လိုက္ၿပီးေနာက္မီလီကိုထပ္ေမးလိုက္သည္။

“ဘယ္အမွတ္တံဆိပ္က အမ်ိဳးသားဇာတ္ေဆာင္နဲ႔အသင့္ေတာ္ဆုံးလို႔ထင္လဲ”

[ရွင္ကိုယ္တိုင္ပဲဆုံးျဖတ္သင့္တယ္။ရွင္အႀကိဳက္ဆုံးရနံ႔ကိုရွာၾကည့္လိုက္၊အဲ့အေပၚမူတည္ၿပီးသင့္ေလ်ာ္တဲ့အမွတ္တံဆိပ္ကိုေ႐ြးခ်ယ္လိုက္ေလ။]

ရွီးပိုင္ခ်န္းက ေခါင္းညိတ္ျပကာအေဝးကို တစ္ခ်က္ေမာ့ၾကည့္လိုက္ၿပီး Adidas တံဆိပ္ကို ေပါ့ေပါ့ပါးပါးေ႐ြးခ်ယ္ခဲ့သည္။

[ရွင္... ရွင္ဘာလို႔အဲဒါကိုေ႐ြးတာလဲ။]

သူမမေန႔ကဝယ္ခဲ့တဲ့ေရေမႊးကလည္း Adidas တံဆိပ္ျဖစ္ေနတာေလ။

"ငါစိတ္ထဲမဆိုးဘူးထင္လို႔ေ႐ြးခ်ယ္ခဲ့တာ"

မီလီသည္ သူတို႔ႏွစ္‌ေယာက္ၾကားတြင္ အထူးဆက္ႏႊယ္မႈရွိေၾကာင္းခံစားလိုက္ရသည္။သူတို႔သည္ ကမာၻႏွစ္ခုၾကားတြင္ ဆက္သြယ္ေျပာဆိုႏိုင္႐ုံသာမက စိတ္ခ်င္းဆက္သြယ္မႈလည္းရွိသည္။

ထိုအခ်ိန္တြင္အေဝးမွအခ်က္ေပးသံ ထြက္ေပၚလာခဲ့သည္။သူမ၏အသိစိတ္ သည္ၿငိမ္သက္ေနေသာပင္လယ္ျပင္ေပၚတြင္လႈိင္းေလးမ်ားသဖြယ္႐ိုက္ခတ္လာသည္။ခဏတာစိတ္ၿငိမ္သက္ေအာင္လုပ္ၿပီးေနာက္မီလီသည္မ်က္လုံးဖြင့္ကာ အိပ္ယာေပၚမွႏိုးလာခဲ့သည္။

နဖူးကိုပြတ္သပ္ရင္းအခ်ိန္ကိုစစ္ေဆးရန္ ဖုန္းကိုေကာက္ကိုင္လိုက္ေတာ့မဖတ္ရေသးတဲ့မက္ေဆ့ခ်္ႏွစ္ခုကိုေတြ႕လိုက္ရသည္။ေပးပို႔ထားသူမွာလူအိုႀကီးပိုင္ျဖစ္သည္။

တစ္ေစာင္က "မင္းအခုဘယ္မွာလဲ?" ႏွင့္ေနာက္တစ္ေစာင္က "
"မင္းရွိေသးလား။မင္းဘယ္သူ႔ဖုန္းကိုသုံးေနတာလဲ။" ဆိုၿပီးျဖစ္သည္။စာမ်ားကမေန႔ည ၉ နာရီခန႔္ကေပးပို႔ထားတာျဖစ္ေသာ္လည္းသူမ အိပ္ရာမဝင္မီအခ်ိန္ထိစာတစ္ေစာင္မွမရခဲ့ပါ။ၾကည့္ရသေလာက္သူမတို႔ႏွစ္ဦးၾကားတြင္ဆက္သြယ္ေရးေႏွာင့္ေႏွးေနပုံရသည္။

မီလီ : [လူအိုႀကီးပိုင္၊ကြၽန္မကို ရွင့္လိပ္စာပို႔ေပးဦး။အခ်ိန္ရရင္အရသာရွိတဲ့စားစရာေလးပို႔ေပးလို႔ရေအာင္။]

မက္ေဆ့ခ်္ကိုပို႔ၿပီးတာနဲ႔ ဖုန္းကိုေဘးဖယ္ထားကာအိပ္ရာကထၿပီးေရခ်ိဳးဖို႔ ေရခ်ိဳးခန္းကိုသြားခဲ့တယ္။

ထမင္းစားၿပီးေနာက္မီလီသည္ မၾကာေသးမီကထြက္ရွိခဲ့ေသာ႐ုပ္ရွင္မ်ားကို သူမ၏ဖုန္းျဖင့္စစ္ေဆးၾကည့္ခဲ့သည္။စိတ္ဝင္စားစရာဘာကိုမွရွာမေတြ႕ေတာ့သူမရွာေဖြတာကိုရပ္လိုက္သည္။

သူမၾကည့္ခဲ့ရတဲ့ “Monster Baby” ဇာတ္ကားသည္သူမ၏စိတ္ထဲတြင္ ဆက္လက္ေနရာယူထားသည္။မီလီသည္ပုံဆြဲ board တစ္ခုကိုထုတ္လိုက္ၿပီး weibo ေပၚမတင္မီ စိတ္ဝင္စားဖို႔ေကာင္းတဲ့‌႐ုပ္ျပကာတြန္းေလးခုကိုဆြဲလိုက္သည္။

သူမရဲ႕ပုံဆြဲစြမ္းရည္ကသိပ္မေကာင္းေပမယ့္လည္းသူမပုံဆြဲထားတဲ့ style ကထူးျခားၿပီးေမွာ္ဆန္တယ္။သူမသည္ ဇာတ္ကြက္အျပည့္အစုံကိုမမွတ္မိေသာ္လည္း၊သူမ၏မေသခ်ာမေရရာတဲ့မွတ္ဉာဏ္ကိုအေျခခံၿပီးအလားတူ ဇာတ္လမ္းကိုဖန္တီးခဲ့သည္။သူမထိုဇာတ္လမ္းကိုတင္ၿပီးၿပီးခ်င္းပရိသတ္ေပါင္းမ်ားစြာဆြဲေဆာင္ႏိုင္ခဲ့တယ္။

သူမကိုယ္တိုင္အလုပ္မ်ားေနတာမို႔အခ်ိန္ကိုသတိမထားမိဘဲညစာစားခ်ိန္ေရာက္ရွိလာတာမို႔ခ်က္ျပဳတ္ရန္ျပင္ဆင္ေတာ့သည္။႐ုတ္​တတရက္သူမဖုန္း​ေပၚမွ စာအဝင္တစ္​ခုကိုရရွိခဲ့သည္​။ႏွိပ္ၾကည့္လိုက္တာနဲ႔လိပ္စာတစ္ခုသာေပၚလာသည္ - [Yunlang City, Jincheng, Fuhai Villas, Unit 101.]

သူမစမ္းသပ္ဖို႔မဆုံးျဖတ္ခင္အထိမီလီသည္လိပ္စာကိုအၾကာႀကီးစိုက္ၾကည့္ေနမိသည္။

Note : စာလုံးေပါင္းေတြကေနာက္မွျပန္စစ္မွာမို႔အမွားပါရင္သည္းခံၿပီးဖတ္ေပးပါေနာ္။ဒီရက္မအားတာမို႔ Monday က် အပိုင္းရွည္ရွည္ေလးနဲ႔ျပန္ေတြ႕ၾကမယ္ေနာ္..Love you😘😘

Continue Reading

You'll Also Like

212K 6.3K 73
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
717K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
2.4M 155K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
110K 11.1K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...