Exact LOVE // Jaywon

By Seoeun_0206

8.9K 968 92

Jaywon FF 💓 [ Completed ] Written in Burmese U+Z 🅢🅣🅐🅡🅣 - 16/7/2022 🅔🅝🅓 - 20/8/2022 ... More

하나
Miyanae yo!
다섯
여섯
일곱
여덟
아홉
열하나

종료 : End

948 68 12
By Seoeun_0206


Unicode 💙

⛅🐈

" မောနင်း ကလေး...... ထတော့လေ ရုံးနောက်ကျဦးမယ် "

မနက်ခင်းအစကို ချစ်ရသူရဲ့ အသံလေးနဲ့ နိုးထရတာလောက် ကမ္ဘာပေါ်မှာကံကောင်းတာမရှိ။
ဂျေးhyungရင်ခွင်ထဲမှာ နိုးထလာရတယ်ဆိုတဲ့ အသိကြောင့် မျက်ခွံတွေမပွင့်သေးတဲ့ကြားကပင် နှုတ်ခမ်းတွေတွန့်ကာ ပြုံးမိတယ်။

" မောနင်း ဂျေးhyung "

အားတင်းကာ မျက်ခွံများပွင့်အောင် လုပ်ပြီးနောက် ဘေးတွင်လက်ထောက်ကာ ကြည့်နေသော ဂျေးhyungကို ပြောလိုက်တယ်။

" အား!!!!! ........ ကိုယ့်မျက်လုံး "

" ဘာ..... ဘာဖြစ်လို့လဲ ဂျေးhyung ! "

မျက်လုံးကို လက်ဖြင့်ပိတ်ကာ ထအော်လာတာကြောင့် ပြာပြာသလဲငုတ်တုတ်ထထိုင်မိတယ်။

" ကလေးရဲ့ အိပ်ရာထခါစ ပုံစံလေးကတောင် အရမ်းချောလို့ ကိုယ့်မျက်စိတွေ ကျိန်းသွားတာ"

အုပ်ထားတဲ့လက်ကိုဖယ်ပြီး ပြီတီတီနဲ့ပြောလာတယ်။ အဲ့တော့မှ ကျွန်တော်သက်ပြင်းချနိုင်တော့တယ်။ ဒီမှာတကယ်ထင်သွားတာကို...။
ယန်းဂျောင်ဝန်းတို့ 24 နာရီ 7 ရက် တစ်နှစ်ပတ်လုံးချောတာအခုမှသိတာလား .....

" ဂျေးhyung နော် ..... ဘာများလဲလို့ "

" ဟားဟား တကယ်ပြောတာ .... ကိုယ့်ကလေးလေးက အချိန်တိုင်းချစ်ဖို့ကောင်းနေတာလေ...
အခုတော့ .... မျက်နှာသွားသစ်ရအောင် ... ထ "

ထိုးထိုးထောင်ထောင်းနဲ့ ဖွာလန်ကြဲနေတဲ့ ကျွန်တော့်ဆံပင်တွေကို သပ်ပေးပြီး ထူလာပေးတယ်။

" ချီပေး ..... ဂျေးhyung "

ကုတင်ပေါ်မှ ဆင်းရမှာ ပျင်းလွန်းတာကြောင့် လက်နှစ်ဖက်ကို ဆန့်တန်းပြီး ပြောလိုက်တယ်။
ရည်းစားကို အကျိုးရှိရှိ အသုံးချ ...... အဲ ..... ချွဲရမယ်လေ ။

အခုလည်းကြည့် ကျွန်တော့်ရဲ့ ဆန့်ထားတဲ့ လက်တွေကို ဂျေးhyung လည်ပင်းမှာချိတ်စေပြီး မတ်တပ်ရပ်လိုက်တော့ ခြေထောက်တွေက ခါး‌ပေါ်အလိုလိုတွယ်ချိတ်သွားရတာပေါ့။
ပုခုံးပေါ်မေးတင်ရင်း ရေချိုးခန်းဆီ လျှောက်နေတဲ့ဂျေးhyung ကိုယ်ပေါ် မျောက်သားပေါက်လေးလို ဖက်တွယ်ထားလိုက်တယ်။

အဲ့ဒီအချိန် မီးဖိုချောင်ထဲက ထွက်လာတဲ့ ဂျယ်ယွန်းhyungကို တွေ့လိုက်တာကြောင့် ဖက်တွယ်ထားရာကနေ ခုန်ဆင်းဖို့ပြင်လိုက်တယ်။
ဒါပေမယ့် ဆင်းခွင့်မပေးတဲ့လူကြီးကြောင့် ဒီအတိုင်းမျက်နှာပူပူနဲ့ ခေါင်းကို ပုခုံးထက်ဖွက်ထားမိတယ်။

ရေချိုးခန်းထဲရောက်မှ ချပေးပြီး ကျွန်တော့်ကို ကလေးတယောက်နှယ် မျက်နှာသစ်ပေးနေတယ်။

" ဒေါက် ... ဒေါက် "

ရေချိုးခန်းတံခါးခေါက်သံ။

" အဟမ်း..... အထဲကအတွဲ ... တံခါးဖွင့်ပါဦး "

မန်နေဂျာပက်ဆောင်းဟွန်းရဲ့ အသံထွက်ပေါ်လာပြီး မျက်နှာသစ်ပေးနေတာကို ရပ်ကာ တံခါးသွားဖွင့်ပေးတဲ့ ဂျေးhyung။

" ဘာကိစ္စလဲ "

" ရော့ .... သွားတိုက်တံ လာပေးတာ "

" ဒါပဲမလား "

" အင်း "

သွားတိုက်တံယူပြီးတာနဲ့ တံခါးပြန်ပိတ်လိုက်တယ်။ တဆိတ် ညီအစ်ကိုတွေ အဲ့လောက်တောင်ချစ်ကြတာလား။

ဒီလိုနဲ့ ရုပ်ရှင်ကားတွေထဲက ချစ်သူစုံတွဲတွေလို အချင်းချင်း အပြန်အလှန်သွားတိုက်ပေးပြီးနောက် မနက်ခင်းရိုမန့်တစ် scenes ပြီးဆုံးသွားပါတယ်။

-------------

" ပြီးပြီလား ဂျေးhyung "

" ပြီးပြီ ကလေး "

အခန်းရှေ့မှာ ဂျေးhyung အဝတ်လဲတာ စောင့်‌နေရင်းနဲ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတယ်။

တံခါးဖွင့်ပြီးထွက်လာတဲ့‌အခါ
ဂျေးhyungကို အပေါ်အောက်စုန်ချီကြည့်ပြီး လက်မထောင်ပြလိုက်တယ်။

ရုံးသွားဖို့အတွက် အဝတ်အစားထပ်ငှားပေးဖို့ရန် ကျွန်တော့်ရှပ်အင်္ကျီအဖြူရောင်ကို ထုတ်ပေးလိုက်ရတယ်။ ခဲရောင်ဘောင်းဘီရှည် နဲ့ အညိုရောင် long coat ကတော့ မနေ့ကဝတ်လာတဲ့အတိုင်း။
ဒါပေမဲ့ အရမ်းမိမိုက်နေတာတော့ မကွယ်ဝှက်စတမ်းပြောရမည်။

" ဒါဆို မနက်စာသွားစာရအောင်လေ "

ဂျေးhyungလက်ကိုဆွဲကာ ထမင်းစားခန်းထဲဝင်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်
ပြန်ပြေးထွက်ရမလား စဉ်းစားမိတယ်။

" မောင် လွှတ်စမ်းကွာ .....
ဒီမှာမအားသေးဘူးလေ "

ဟင်းပန်းကန်တွေ ချနေတဲ့ဂျယ်ယွန်းhyungကို အနောက်မှ ဖက်ထားကာ တကောက်ကောက်လိုက်နေပါသော မန်နေဂျာပက်ဆောင်းဟွန်း။
ကလန်ကလားအရပ်ကြီးကြောင့်
ဂျယ်ယွန်းhyungက သူ့ရင်ခွင်ထဲမြုပ်နေတာပေါ့။

" အဟမ်း ..... ဆောင်းဟွန်း အနေအထိုင်ဆင်ခြင်စမ်း "

ထမင်းစားပွဲမှာဝင်ထိုင်ရင်း ဂျယ်ယွန်းhyungကို ကပ်ချွဲနေတဲ့ မန်နေဂျာပက်ဆောင်းဟွန်းကို ကြည့်ကာ ပြောလာတဲ့ ဂျေးhyung။

" မင်းကကော ဘာထူးလို့လဲ ။
မနက်က ဂျောင်ဝန်းကို ပွေ့ချီသွားတာ ငါတို့ကိုတောင် မမြင်ဘူးမလား "

စားပွဲမှာ ဆူပုတ်ပုတ်နဲ့ ဝင်ထိုင်ကာပြောလာတော့ ဂျေးhyungမျက်နှာ အံ့ဩပုံပေါ်သွားတယ်။
ခဏပါပဲ။

" မမြင်ဘူးကွာ ... ဘာဖြစ်လဲ "

" ဂျေးhyung တော်တော့ "

ထပ်ပြီး ရန်စောင်ကာ စကားများတော့မယ့် အရိပ်အယောင်တွေကြောင့် အမြန်ဝင်တားလိုက်ရတယ်။
နောက် ဂျယ်ယွန်းhyungပါ ဝင်ထိုင်လိုက်တော့
မနက်စာစားဖို့သာ ပြင်ကြလိုက်တယ်။

" မီဆိုစားလိုက်ရတော့ ပါးစပ်က ပြုံးမိသွားတာပဲ"

" မင်းအဲ့လို ပြောမှာသိနေတယ် "

" ဟုတ်တယ်လေ ..... မီဆိုစားမှတော့ ပြုံးသွားရတယ်မလား "

" တော်တော့ ....... ဒီလောက်နဲ့ တော်တော့ "

Miso soup စားနေရင်းနဲ့တောင် အပြန်အလှန်စောင်းချိတ်နေကြတဲ့ နှစ်ယောက်ပါလေ ။

[ A/N : jayhoon moment လေးတစ်ဖြတ် 💕
အမှားပါခဲ့ရင် တောင်းပန်ပါတယ် ]

----------------

🎶I just want to love you
널 혼자 두지 않아 난
I just want you, I need you
이 밤은 짧고 넌 당연하지 않아

I tell you
This time I wanna rock with you
Moonlight 이 밤에 shine on you
Tonight I wanna ride with you
그 어디라도

Baby hold on, baby hold on 어디에서도
Baby hold on, baby hold on 어디서라도
세상이 끝나더라도
I wanna ride with you 🎶

SONG - Rock With You
By
Seventeen

Bluetooth မှ လွင့်ပျံနေတဲ့ သံစဉ်တွေကြား
တိုးတိုး‌လေးလိုက်ညီးမိရင်း ဘေးမှကားမောင်းနေသူကို ထိုင်ကြည့်နေလိုက်တယ်။

ကုမ္ပဏီကိုရောက်‌ခါနီးတော့ တစ်လမ်းလုံး‌အတွေးများခဲ့ရတဲ့ အကြောင်းကို ခိုင်မာတဲ့အဖြေတစ်ခုထုတ်လိုက်တယ်။

" ဂျေးhyung တူတူသွားရအောင် "

တွဲနေတာကိုဖုံးထားမယ်လို့ ကျွန်တော်ပြောထားဖူးတာကြောင့် အခုတူတူတွဲသွားမယ်ပြောလာတော့ လန့်သွားတဲ့ ဂျေးhyung ။
ဆက်ပြီးဖုံးကွယ်မထားချင်တော့ဘူး။
လူတွေဘာပြောပြောလည်း ဂရုမစိုက်တော့ဘူး။ အဓိက က ကိုယ်ချစ်ရသူနဲ့ပဲ ပျော်ရွှင်နေဖို့ပဲမလား။

" တကယ်ပြောတာလား ကလေး "

" အင်း တကယ် "

" ဒါဆို သွားရအောင် "

ကမ်းပေးလာတဲ့လက်ကို ရဲရဲဆုပ်ကိုင်ကာ ကုမ္ပဏီထဲသို့ တစ်လှမ်းချင်း လျှောက်လှမ်းလိုက်တယ်။

သေချာပေါက် လူအများအမြင်မှာ ထူးဆန်းနေမှာပေါ့။ ဥက္ကဌသားနဲ့ လက်တွဲပြီးဝင်လာတော့ အကုန်လုံးရဲ့အာရုံစိုက်မှုတွေကို ရနေတယ်။
တီးတိုးတီးတိုးပြောနေကြတာတွေက ကောင်းသောပြောခြင်းလား ဝေဖန်ကဲ့ရဲ့ခြင်းလားဆိုတာ မခွဲခြားနိုင်တော့။

အကြည့်ပေါင်းများစွာကြားထဲမှာ မွန်းကြပ်လှတာကြောင့် ခြေလှမ်းတွေလှမ်းနေရတာ အားမရှိတော့သလို။ အဲတာတွေကို ကြောက်လို့ ဘယ်သူ့ကိုမှမပြောဘူးပြောခဲ့တာ။
ဒါပေမယ့်လည်း ချစ်ရသူအတွက် သတ္တိမွေးပြီးရင်ဆိုင်ချင်မိတာတော့ အရင်ကတည်းက။

ကျွန်တော့်ခြေလှမ်းတွေ နှေးသွားတာ သတိထားမိသွားတယ်ထင်တယ်။ ဂျေးhyungက လက်ကိုပိုတင်းတင်းဆုပ်ကိုင်လာပြီး ပုခုံးကို လှမ်းဖက်ပြီး တွဲကာ ဓာတ်လှေကားဆီဆက်သွားလိုက်တယ်။

အထဲရောက်ပြီဆိုမှ တင်းထားတဲ့စိတ်တွေကို လျှော့ချပြီး သက်ပြင်းချလိုက်မိတယ်။

" ကလေး ..... အဆင်မပြေရင် မလုပ်နဲ့နော်...။
ကိုယ်အတွက် ကလေးပျော်ဖို့ကပဲ အရေးကြီးတာ"

" အာညီးး ကျွန်တော်အဆင်ပြေပါတယ် "

ဒီလိုအလိုက်တသိပြောပေးတဲ့ ကောင်လေးမျိုးရှိတာနဲ့တင် အရာရာဖြတ်ကျော်နိုင်ပြီ။
ဘယ်သူမှအနားမှာမရှိတာကြောင့် ဂျေးhyungကို ဖက်ကာ ရင်ခွင်ကျယ်ကြီးထဲ ခဏလောက်ဖြစ်ဖြစ် တိုးဝင်ကာ အားဖြည့်လိုက်တယ်။
အလိုက်သင့်ထွေးပွေ့ပေးလာတာကြောင့် မျက်လုံးတွေပါမှိတ်ကာနေလိုက်တယ်။

13 လွှာမှာရပ်သွားတဲ့ ဓာတ်လှေကားကနေ ဆင်းလာခဲ့ပြီးနောက် ဌာနဆီဝင်ဖို့ရန် ဂျေးhyungရဲ့ လက်ကို ယှက်နွယ်ဆုပ်ကိုင်လိုက်တယ်။

တံခါးဆွဲဖွင့်လိုက်တော့ အကုန်ကိုယ့်အာရုံနဲ့ကိုယ် ရှိနေကြတဲ့သူတွေက ကျွန်တော်တို့ဆီ လှည့်ကြည့်လာတယ်။ ဆောနူhyung ၊ နီခီနဲ့ ဌာနမှူးအီကလွဲရင် အကုန်အံ့ဩနေကြတဲ့ အမူအရာ။

ဂျေးhyungကပဲ ဦးဆောင်လျှောက်သွားရင်း
ကျွန်တော့်စားပွဲနားလည်း ရောက်ရော

" ဒါ ကျွန်တော့်ချစ်သူကောင်လေးပါ .....
ယောရောဘွန်းတို့ကို အသိပေးတာပါ ။ ကျွန်တော့်‌ကောင်လေးကို အများကြီးဂရုစိုက်ပေးကြပါဦး "

တရုံးလုံးကြားအောင် အော်ပြောနေပြီး ဂရုစိုက်ပေးဖို့ အထိပါပြောနေသော ဂျေးhyungကိုကြည့်ပြီး ကြည်နူးချင်ပေမယ့် မကြည်နူးနိုင်။ ဌာနတစ်ခုလုံးကြားအောင်ပြောနေတဲ့ အသံက တိုးတိုးလေးဖြစ်မယ်ထင်လား ။
ဘေးနားကပ်ပြီး နေနေရတဲ့ ကျွန်တော့်နား မအူရုံတမယ်ဘဲ။

" လိုက်ဖက်ပါတယ်ဗျို့ "
" သိုးဥယျာဉ်လေး နောက်ဆုံးတော့စွံပြီပဲ "
" ရုံးတွင်းအတွဲ နောက်တစ်တွဲပေါ်လာပြီပေါ့ "

တယောက်တမျိုးပြောလာကြတဲ့ စကားတွေကြောင့်လည်း ပြုံးမိပြန်တယ်။
ဌာနကမိသားစုတွေက အကောင်းဆုံးပဲ။

" ကလေး ကိုယ်တို့ နေ့လည်စာစားချိန်ကြရင်
အဖေ့ကိုသွားတွေ့ရအောင် "

အနားကပ်ပြီး တိုးတိုးလေးလာပြောတဲ့ စကားကြောင့် ရင်ထိတ်မိသွားတယ်။
ဥက္ကဌပတ်ကို သွားတွေ့ရတော့မှာလား ။

" ဟုတ် ဂျေးhyung "

" ဒါဆို ကိုယ်သွားပြီနော် "

ကျွန်တော့်ပါးတစ်ဖက်ကို နမ်းပြီး လေးငါးလှမ်းလောက်ပဲ ဝေးတဲ့ မန်နေဂျာရုံးခန်းဆီလျှောက်သွားတယ်။

ကျန်ခဲ့တဲ့ ကျွန်တော်ကတော့ နမ်းသွားတဲ့ပါးတစ်ဖက်ကိုလက်ဖြင့်အုပ်ကာ ထိုင်ခုံပေါ်ရှက်ရှက်နဲ့ ထိုင်ချလိုက်တယ်။

Laptop ဖွင့်လိုက်တော့ ပေါ်လာတဲ့ကြောင်နက်လေးကတောင် တစ်စုံတစ်ယောက်နဲ့တူသလို ။

-------------

" အဆင်ပြေပါ့မလား ဂျေးhyung "

ချွေးစလေးတွေပြန်နေတဲ့ ကျွန်တော့် လက်ဖဝါးကို ဖွဖွဆုပ်ကိုင်ရင်း ဥက္ကဌရုံးခန်းရှေ့မှာ တိုးကပ်စွာပြောလိုက်တယ်။
ဂျေးhyung ကျွန်တော့်မိဘတွေဆီ လာတုန်းကဘယ်လိုမျိူး သတ္တိမွေးခဲ့လဲမသိဘူး ။ အခုတော့ ကျွန်တော့်ခြေထောက်တွေ ခွေကျချင်နေပြီ ။

" ဒေါက် ဒေါက် "

သက်ပြင်းချကာ အားမွေးပြီး တံခါးခေါက်လိုက်တယ်။

" ဝင်ခဲ့ပါ "

တုံ့ပြန်သံကြားတာနဲ့ ဂျေးhyungက ကျွန်တော့်လက်ကိုဆွဲပြီး ရုံးခန်းထဲဝင်လိုက်တယ်။ အနောက်ကနေ ကုပ်ကုပ်လေး လိုက်ဝင်ရင်း ဥက္ကဌပတ်ကိုတွေ့တာနဲ့ ခေါင်းငုံ့အရိုအသေပေးမိလိုက်တယ်။

ဥက္ကဌပက်နဲ့ ကုမ္ပဏီကိစ္စတွေအရ တွေ့ဖူးပေမယ့် ဒီလိုမျိုးတွေ့တာတော့ ပထမဆုံးလို့ပြောရမလား။
ဝန်ထမ်းတစ်ယောက်အနေနဲ့ မဟုတ်ဘဲ သားဖြစ်သူရဲ့ ချစ်သူအနေနဲ့ဆိုတော့။

" မင်းတို့ဘယ်တော့ လက်ထပ်ကြမှာလဲ "

" ဗျာ !! "

ပါးစပ်အဟောင်းသားဖြစ်ကာ မျက်လုံးတွေပြူးကျယ်သွားတဲ့ ကျွန်တော့်ပုံစံကိုကြည့်ပြီး
ဥက္ကဌပက်က ရယ်နေတယ်။

' ငါ့သားကို ဘာလို့ကြိုက်တာလဲ ...'
' ငါ့သားနဲ့မင်း တူသလားတန်သလား ' ဘာညာ
ဒရမ်မာထဲကအတိုင်းပြောလာလျှင် အဖြေပြန်ပေးဖို့ စိတ်ထဲမှာစာတွေစီတန်းလာတာက ပြိုကျသွားတဲ့ဖဲချပ်ရဲတိုက်လေးလို။

" နောက်အပတ် နှစ်ဖက်မိဘတွေ့ဆုံပွဲ လုပ်လိုက်မယ်အဖေ "

ဘေးက hyungကပါ ဝင်ပြောလာတော့ ကျွန်တော့်ပါးစပ်က ပိတ်လို့မရတော့။
လက်ထပ်ဖို့ကိစ္စကို ပြောနေကြတာလား။
နေပါဦးးး ဘယ်သူကလက်ထပ်မယ်ပြောလို့လဲ!! ကျွန်တော့်ကို အရင်တိုင်ပင်ဘဲ လုပ်ချင်ရာလုပ်နေတာလား။

" အေး ကောင်းတယ် ..... ။ တခါတည်း နေ့ကောင်းရက်သာရွေးကြတာပေါ့ "

တကယ်ပဲ ဒီသားအဖကတော့လေ ......။
လူကိုကြားထဲမှာထားပြီး ပြောချင်တာတွေပြောနေကြတယ်။

ရုတ်တရက် ဥက္ကပက်ကကျွန်တော့်နားကပ်လာပြီး

" ဂျောင်ဝန်းက ရိုးသားကြိုးစားပြီး စိတ်ထားကောင်းတဲ့သူဆိုတာ ငါအစောကြီးကတည်းကသိတယ်။ ဒါကြောင့် စစချင်းဂျုံးဆောင်းပြောလာတုန်းက မထင်ထားမိပေမယ့် ဂျောင်ဝန်းဆိုလို့သာ သဘောတူခဲ့တာ ။
ဒီခေါင်းမာတဲ့ပက်ဂျုံဆောင်းကို မင်းပဲထိန်းပေးပါကွယ်။ အဖေကတော့ အသက်ကြီးပြီမို့ လက်ပိုက်ကြည့်ရုံပဲတတ်နိုင်တယ်။
တကယ်လို့ သူအနိုင်ကျင့်ရင် အဖေ့ကိုပြော ...
ချက်ချင်းသူ့ရှယ်ယာတွေသိမ်းပြီး ကုမ္ပဏီကနေ မောင်းထုတ်ပစ်မယ် "

ဥက္ကပက်က သူ့ကိုယ်သူ အဖေလို့သုံးသွားတယ်။
ကျွန်တော့်ကို ဒီလိုချစ်ပေးတာက အရမ်းကံကောင်းနေတယ်မဟုတ်ဘူးလား။

" ဟုတ်ကဲ့ အ...အဖေ "

" ဟားဟား ငါတော့ သားသုံး‌ယောက်ရပြီပေါ့ "

ကျွန်တော့်လက်ကိုဆုပ်ကိုင်ကာ ရယ်‌မောရင်းပြောလာတယ်။

" တကယ်တော့ လေးယောက်... အဖေ ။
ပက်ဆောင်းဟွန်းမှာ ချစ်သူကောင်လေးရှိတယ်"

" ဟေ .... ငါမသိရပါလား "

" ‌အဖေကိုယ်တိုင်သူ့ကိုမေးမှရမယ်...
အဲ့ဒီရေခဲတုံးက တော်တော်နဲ့ပြောမှာမဟုတ်ဘူး"

သူများကိုသွားချွန်နေတဲ့ ဂျေးhyungကို တံတောင်နဲ့တွတ်ပြီး မျက်မှောင်ကြုတ်ပြလိုက်တော့
' ဘာလို့လဲ ကလေး' ဆိုပြီး ဘာမှမလုပ်ထားတဲ့ မျက်နှာမျိုးနဲ့ပြောလာတယ်။
မျက်လုံးလှန်ပြလိုက်ချင်ပေမယ့် ဥက္ကဌပက်ရှေ့မှာမို့ ထိန်းထားရသေးတယ်။

" မင်းတို့နေ့လည်စာစားချိန်ကုန်တော့မှာပဲ....
သွားကြတော့လေ.... နောက်မှအေးဆေးတွေ့ကြတာပေါ့ သားတို့ "

" " ဟုတ်ကဲ့ အဖေ " "

ဥက္ကဌရုံးခန်းကနေထွက်လာပြီးနောက် ကန်တင်းကိုသွားတဲ့ လမ်းတလျှောက် ဘာစကားတစ်ခွန်းမှမဆိုဖြစ်ခဲ့ကြ။
ဂျေးhyungကတော့မသိ ကျွန်တော်ကတော့ လက်ထပ်မယ့်ကိစ္စကို ဒီလိုလွယ်လွယ်နဲ့ပြောထွက်တာကို မကျေနပ်ချင် ဟွန့်။

" ဂျောင်ဝန်းနား ဒီမှာလာ‌ထိုင်.... "

လှမ်းခေါ်နေတဲ့ ဂျယ်ယွန်းhyungဘေးကို သွားထိုင်လိုက်တယ်။ အနောက်က လိုက်လာတဲ့လူကြီးကိုမသိချင်ယောက်ဆောင်ရင်းပေါ့။

" ဘာလို့စူပုတ်နေတာလဲ .... ရန်ဖြစ်ထားတာလား"

မျက်နှာချင်းဆိုင်မှ ဆောနူhyungက နီခီခွံ့ကျွေးတာကိုစားရင်း ပြောလာတယ်။
အတွဲတွေကြားထဲမှာ လာထိုင်မိတဲ့ ငါ့အမှားပဲ။

အဲ့ဒီအချိန် ခုံတစ်ခုံဆွဲပြီး ဘေးမှာလာထိုင်နေတဲ့ ဂျေးhyungကို မျက်‌စောင်းတစ်ချက်ပစ်လိုက်ပြီး ထမင်းသာငုံ့စားလိုက်တယ်။

ပြောင်းဖူးတွေ.......
ဒီနေ့ မီနူးထဲမှာ ပြောင်းဖူးပါတာကိုး။
အမြင်ကပ်ကပ်နဲ့ ပြောင်းဖူးတွေအကုန်လိုက်ဆယ်ပြီး ဂျေးhyungပန်းကန်ထဲသာ ထည့်ပေးလိုက်တယ်။
ပြောင်းဖူးကို ဂျေးhyungကြိုက် ....... အဲ.......
ကျွန်တော်အမြင်ကပ်လို့ လုပ်လိုက်တာ။

ဌာနဆီပြန်ရောက်တဲ့အထိ စကားတစ်ခွန်းမှမပြောကြရသေး။
စိတ်ကောက်နေတာကျွန်တော်ပါနော်။ သူကဘာလို့ လာမချော့တာလဲ ။

ကျွန်တော့်ကို တချက်မှမကြည့်ပါလေဘဲ သူ့ရုံးခန်းထဲဝင်သွားတယ်။
ဂါးးးးးး ဒီလူကြီးတွေ့မယ်။
လာခေါ်လို့ကတော့ လုံးဝလှည့်မကြည့်ဘူးမှတ်
ဟွန့်.....

----------------

🌉🐈

" ဂျောင်ဝန်းနား ...... ငါနဲ့ခဏလိုက်ခဲ့ပါလား
သွားစရာရှိလို့ "

ရုံးဆင်းဖို့ပြင်နေတဲ့ ဆောနူhyungဆီက ထွက်လာတဲ့အသံကြောင့် ဘာ noti မှဝင်မလာသေးတဲ့ ဖုန်းကိုကြည့်နေရင်းနဲ့ ခေါင်းငြိမ့်လိုက်တယ်။

ဂျေးhyung ညနေကတည်းက ရုံးစောစောဆင်းပြီး ထွက်သွားလိုက်တာ ပေါ်မလာသေး။
ကျွန်တော့်ဆီကို ဖုန်းတကော စာ‌တစ်စောင်မှလည်း မပို့။
တကယ်ကြီး နေနိုင်တယ်ပေါ့ ။ မနက်ကလေးတင် ပျော်ခဲ့ရတာ အခုတော့ .......
အရာရာဟာမတည်မြဲဆိုတာ မှန်တာပဲ။

ဒီတိုင်း ဆက်ထိုင်နေမယ့်အစား ဆောနူhyungနဲ့ စိတ်ပြေလက်ပျောက် လျှောက်သွားလိုက်တာမှ ကောင်းဦးမယ်။

" ဒါဆို ထ..... သွားရအောင် "

ကျွန်တော့်လက်မောင်းကနေဆွဲပြီး အတင်းဆွဲခေါ်သွားတယ်။
ဘာတွေ အလျင်လိုနေတာလဲဟ...?

" hyung ..... ဘယ်ကိုသွားနေတာလဲ "

" ရောက်ရင်သိလိမ့်မယ် "

မှောင်ရီပျိုးစအချိန်ဖြစ်နေပေမယ့် လူလည်းမရှိ တိတ်ဆိတ်နေတဲ့ ပန်းခြံ။ လူတွေဘယ်ရောက်သွားတာလဲ ?

" ကျွန်တော်တို့ကလွဲရင် ဘယ်သူမှလည်းမရှိဘူး hyung ...... ဘာလာလုပ်တာလဲ ဒီကို "

" အာ.... ဒီနေရာပဲ.... ။
ဂျောင်ဝန်းနား .... hyungကို ဒီမှာခဏစောင့်။
အမ် ...... mint chocolate သွားဝယ်လိုက်ဦးမယ် "

မှောင်မည်းနေတဲ့ လျှောက်လမ်းကြီးထဲမှာ
တယောက်တည်း ထားခဲ့ပြီး ‌ပြေးထွက်သွားတယ်။

" hyung !!! ဒီလောက်အေးနေတာကို ဘာကို mint chocolate လဲ ..... hyung !!! "

ခေါ်နေတာလည်း မရတော့။ လှစ်ခနဲ ပြေးထွက်သွားတာ အရိပ်တောင်မမြင်ရတော့ ။
တော်တော် ချစ်ဖို့ကောင်းတဲ့ hyung ပဲ။

ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်တော့လည်း ဘာအကောင်အမြီးမှ ‌
မတွေ့ရဘူး။

အဲ့ဒီအချိန် မှောင်မိုက်နေတဲ့ လမ်းထဲက ချိုးချိုးချွတ်ချွတ်အသံကြားလိုက်တာကြောင့် လက်သီးဆုပ်နှစ်ဖက်ကို အသင့်အနေအထား ပြင်လိုက်တယ် ။
တိုက်ကွမ်ဒို ခါးပတ်နက်ကို လာစမ်းလို့ရမလားကွ။

ခဏအကြာ အသံပျောက်သွားပြီး တိတ်ဆိတ်သွားပြန်တယ်။
ဒါပေမဲ့ ဘာမှမယုံရ‌တာကြောင့် လက်ကိုတော့ မချမိ။

' ဖျောက် '

" အမေ့ !!! "

မှောင်မည်းနေရာကနေ ရုတ်တရက် မီးလုံးတွေထလင်းတော့ မလန့်ဘဲနေမလား။
လက်သီးတွေဆုပ်လျက်ကနေဘဲ သေချာကြည့်တော့ မီးလုံးဝါဝါလေးတွေကြားထဲမှာ အနီရောင်အသည်းပုံလေးတွေနဲ့ရေးထားတာက
' MARRY ME '

ဆုပ်ထားတဲ့လက်သီးတွေက အလိုလိုပြန့်သွားပြီး ‌အ‌ဟောင်းသားဖြစ်နေတဲ့ ပါးစပ်ကိုသာ အုပ်ထားလိုက်တယ်။
လျှောက်လမ်းအဆုံးမှာ ဂျေးhyung ရပ်နေတာကြောင့်သာမဟုတ်ရင် သူများရဲ့ propose အစီအစဉ်ဆိုပြီး ပြေးထွက်မိတော့မှာ။

" ဂျေး hyung ~~ "

ခြေဆယ်လှမ်းလောက်အကွာအဝေးကို အစွန်းတစ်ဖက်စီမှာရပ်နေကြရင်း တယောက်နဲ့တယောက် ငေးကြည့်နေကြတယ်။

အရင်ဆုံး ရှေ့တိုးလာတာကတော့ ဂျေးhyung။

ကျွန်တော့်ရှေ့ရောက်တော့ မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်ချပြီး အိတ်ကပ်ထဲက ဘူးလေးတစ်ဘူး ထုတ်လာတယ်။
ဖွင့်လိုက်တော့ ထင်တဲ့အတိုင်း လက်စွပ်တစ်ကွင်းပေါ့။

" ကိုယ့်ကို လက်ထပ်နိုင်မလား ကလေး
ကလေးရဲ့ ကောင်းတူဆိုးဖက် ထာဝရ လက်တွဲဖော်ဖြစ်ခွင့်ပေးနိုင်မလား။
ဘယ်လောက်မှမကြာသေးတဲ့ အချိန်လေးဖြစ်ပေမဲ့ ကိုယ်မြတ်နိုးရတဲ့ကလေးကို အသက်ထက်ဆုံးစောင့်ရှောက်ခွင့်ပေးပါ။ ပိုင်ဆိုင်ခွင့်ပေးပါ ။

Will you marry me ? "

ဒီလိုအချိန် မျက်ရည်မဝဲမိဘူးဆိုရင် လိမ်ရာကျမှာပေါ့။ အခုတော့ဝဲရုံတင်မက တစ်ပေါက်ချင်းကျလာမိတယ်။
ဒူးထောက်နေတဲ့လူကြီးကတော့ အဖြေကို မျှော်လင့်တကြီး စောင့်စားနေတုန်း။
ကျွန်တော်မဖြေပေးမချင်း ဒူးထောက်နေရရှာတယ်။ မနက်ကကိစ္စကို စိတ်ဆိုးနေသေးပေမယ့်
ချစ်ရသူအပေါ်တော့ အဲ့လောက် အသည်းမမာနိုင်။

" Yes , I will marry you .... Jay hyung "

ဘယ်ဘက်လက်ကို ရှေ့ထုတ်ပေးလိုက်တော့ လက်ဖမိုးကိုနမ်းလာပြီး လက်စွပ်ကို လက်သူကြွယ်ထက်နေရာချလိုက်တယ်။

ထလာပြီး ပွေ့ဖက်လိုက်တော့ တိုးဝှေ့နေကြရင်ခွင်ကြီးထဲ ရောက်ရှိသွားတယ်။

" ကျေးဇူးပါ ကလေး ..... "

" ကျွန်တော်ရောပဲ ဟီးးး "

ဒီစကား‌တွေကို ဒုတိယအကြိမ်ပြန်ပြောရလိမ့်မယ်လို့ မထင်ထားခဲ့။ အခြေအနေတွေတော့ ကွာခြားတာပေါ့။
ချစ်သူကောင်လေးကနေ တသက်စာလက်တွဲဖော်အဖြစ်။

မျက်ရည်စီးကြောင်းတွေ လက်ဖြင့်ဖွဖွသုတ်ပေးပြီး ပျော်ရွှင်မှုအထိမ်းအမှတ်အဖြစ် အနမ်းတစ်ခုဆက်လိုက်ကြတယ်။

" Congratulations ပါ ဂျောင်ဝန်းနား ဝိုးးးး "

ဆောနူhyungအသံကြားတော့ နမ်းလက်စကို ဖြတ်လိုက်ကာ အနောက်လှည့်ကြည့်တော့
လူစုံတက်စုံရောက်နေကြတယ်။
ဂျယ်ယွန်းhyung တို့အတွဲ ၊ ဆောနူhyungတို့အတွဲနဲ့ ဌာနမှူးအီပါ အဆစ်ပါလိုက်သေးတယ်။

" အားလုံး .... ဘယ်လိုလုပ်ရောက်လာတာလဲ "

ပန်းစည်းတစ်စည်း လက်ထဲလာထည့်သွားတဲ့
ဂျယ်ယွန်းhyungကို မေးလိုက်တော့

" ဒါတွေ ပက်ဂျုံဆောင်း တစ်ယောက်တည်း လုပ်ထားတယ်များထင်နေလား ၊ ငါတို့ပါ ဝိုင်းကူပေးထားရတာ "

' MARRY ME ' စာတန်းကိုလက်ညှိုးထိုးကာ ပြောလာတယ်။

" ဟုတ်တယ် .... ငါဆိုမင်းကို ဒီကိုလိမ်ပြီးခေါ်လာရတာလေ "

Mint chocolate စားရင်းပြောလာတဲ့
ဆောနူhyung။ စားနေတာမအေးတဲ့အတိုင်းပဲ။ အဲ့ဒီ သွားတိုက်ဆေးအရသာကြီးကို ဘာလို့ကြိုက်မှန်းနားမလည်နိုင်ဘူး။

" hyung အေးနေတာကို အများကြီးမစားနဲ့တော့"

" အေးပါ "

အဆက်မပြတ်စားနေတဲ့ ဆောနူhyungကို နီခီက တားနေရတယ်။ ဒါတောင်မပေးလိုက်ရသေးခင်နှစ်လုတ်လောက် အတင်းစားသွားသေးတယ်။

" အဟမ်းးး
ဒီနေ့ ယန်းဂျောင်ဝန်းနဲ့ မန်နေဂျာပက်တို့ ရုံးတက်နောက်ကျတာကော ၊ ရုံးစောစောဆင်းသွားတာကော မသိချင်ယောင်ဆောင်ပေးထားတယ်နော်"

" ဟဲဟဲ ကျေးဇူးတင်ပါတယ် ဌာနမှူးအီ "

တကယ်လည်း အဲ့တိုင်းပါပဲ။ ဌာနမှုးအီကို ဒီတခါတော့ တကယ်ကျေးဇူးတင်သွားပြီ ။

" ဒါနဲ့မင်းတို့ ဘယ်တော့လက်ထပ်ပွဲလုပ်မှာလဲ "

ဂျယ်ယွန်းhyungကို ခါးကနေဖက်ထားရင်း မေးလာတဲ့ မန်နေဂျာပက်ဆောင်ဟွန်း။
ဒီပက်ညီအစ်ကိုတွေကလေ ပိုင်ဆိုင်ကြောင်းသိပ်ပြချင်ကြတာ ။

" ကလေးဘယ်တော့လုပ်ချင်လဲ "

ဒီပက်ဂျုံးဆောင်းကြီးကလည်း ကျွန်တော့်ကို သူ့ရင်ခွင်ထဲထုတ်မပေးတော့ဘူး။
ကျွန်တော့်အဖြစ်မှာ ပိုးတုံးလုံးလေးလို။
ဒါမဲ့ ကျွန်တော်ကိုယ်တိုင်က မရုန်းတာတော့ ထည့်မပြောတော့ပါဘူး။

" အဆင်ပြေသလိုလုပ်လိုက်လေ ဂျေးhyung
နှစ်ဖက်မိဘတွေ တိုင်ပင်ပြီးမှ လုပ်ရင်ပိုကောင်းတာပေါ့ "

" ဘယ်နေရာမှာ လက်ထပ်ပွဲလုပ်ချင်လဲ။
ကလေးကြိုက်တဲ့နေရာပြော ၊ ကိုယ်အကုန်စီစဉ်ပေးမယ် "

နှစ်ယောက်တည်း တစ်ကမ္ဘာလို ပြောနေကြတဲ့ ကျွန်တော်တို့ကို အရှေ့ကသူတွေက ချောင်းတဟန့်ဟန့်ဖြစ်နေကြပေမယ့် သူတို့လည်း ကျွန်တော့်အဖြေကို သိ‌ချင်နေကြပုံ။

အရင်ကတည်းက သာယာပြီးအေးချမ်းတဲ့ နေရာလေးမှာ မင်္ဂလာဆောင်ချင်ပေမယ့် အခုတလော စိတ်ထဲစွဲနေတဲ့နေရာတော့ ရှိတယ်။
အဲဒါက ...

" ဘူဆန် "

---------------

🤵❤️🤵

သာယာကြည်လင်နေတဲ့ ကောင်းကင်ကြီးအောက် အဆုံးမရှိပြာလဲ့နေတဲ့ ပင်လယ်ပြင်ကြီး။

တရွေ့ရွေ့သွားနေတဲ့ ကားပေါ်ကနေ စိတ်လှုပ်ရှားစွာ အပြင်ကိုပြတင်းပေါက်မှတစ်ဆင့်ကြည့်မိတော့ အရာအားလုံးကသူ့နေရာနဲ့သူ။

ဟိုတယ်ကနေပြင်ဆင်ပြီးထွက်လာကာ အခုပွဲကျင်းပမယ့် ကမ်းခြေနားထိသွားနေတဲ့တလျှောက် အမေနဲ့အဖေကလွဲရင် ဘယ်သူနဲ့မှမတွေ့ရသေး။

အဓိကဇာတ်လိုက်ဖြစ်တဲ့သတို့သားက နောက်ကျနေလို့တော့ ထပြန်မသွားကြလောက်ပါဘူးနော်။
နောက်ကျရတာတခြားကြောင့်မဟုတ်ပါဘူး ။

နှစ်ဖက်မိဘတွေ့ဆုံပွဲပြီးနောက်နေ့ ဒီဇိုင်နာကိုအပ်ပြီး ချုပ်ထားတဲ့ဝတ်စုံက နှစ်ပတ်အကြာ ဒီနေ့ကျတော့ ကျပ်‌နေတယ်။ ဒါတွေက ဂျေးhyungကြောင့်လေ...... ။ နည်းနည်းပါးပါးတားမယ်မရှိဘူး အလိုလိုက်ပြီးစားချင်သမျှဝယ်ကျွေးနေတော့ ဝိတ်တွေတက်ကုန်ပြီပေါ့လို့။
အခုတောင် ဒီဇိုင်နာကို ဘောင်းဘီပြန်ချဲ့ခိုင်းနေတာနဲ့ အချိန်တွေလင့်ကုန်တာ။
ကြောင်ဝတုတ်လေးဖြစ်ပါပြီရော်.....

လက်ထပ်ပွဲကို ဟိုတယ်မှာမဟုတ်ဘဲ ကမ်းခြေမှာလုပ်ချင်တယ်လို့ပြောလိုက်တုန်းက မတုံ့ဆိုင်းဘဲ ' ' ကလေးသဘော 'လို့ပြောခဲ့သေးတယ်။
ဖိတ်စာကိုတော့ လူအနည်းအကျဉ်းလောက်ပဲဝေပြီး လူရင်းတွေပဲဖိတ်ခဲ့တယ်။

သွားနေတဲ့ကားရပ်တော့ တစ်စုံတယောက်တံခါးလာဖွင့်ပေးတယ်။

" ဆောနူhyung "

" သတို့သားက ဘာလို့နောက်ကျနေတာတုန်း ....
မြန်မြန်လာ "

ပုံမှန်တဲ့မတူစွာ suit နဲ့ ဆောနူhyungက ကျွန်တော့်ထက် အစားကြီးပေမယ့် ဘာလို့ခန္ဓာကိုယ်လေးက ဒီတိုင်းပဲရှိနေတာလဲ။ ‌
ဒီမှာတော့ နည်းနည်းလေးအစားသောင်းကျန်းလိုက်တာ ဗိုက်တစ်ရစ်ထွက်လာတယ်။
ထွက်လည်းဘာဖြစ်လဲ ဂျေးhyungနဲ့အတူ work out သွားလုပ်မှာပေါ့ ။

သဲ‌သောင်ပြင်ထက် အဖြူရောင်ရှူးဖိနပ်ဝတ်ထားတဲ့ ခြေအစုံကို ချလိုက်ပြီးနောက် အဖြူရောင်ပန်းတွေခင်းကြဲထားတဲ့ လျှောက်လမ်းလေးကို ဖြတ်ကျော်မိတယ်။

ကျွန်တော်လာတာတွေ့တာနဲ့ ဂျယ်ယွန်းhyungက ပြေးလာပြီး အင်္ကျီမှာ ပန်းထိုးပေးသွားတယ် ။

[ White Suit လေးလို့မြင်ပေးပါ ]

" အားရီးဂူး ငါတို့‌ဂျောင်ဝန်းလေးတောင် လက်ထပ်တော့မယ်ဆိုတော့ အရွယ်တောင်ရောက်နေပြီပဲ။ hyung မျက်လုံးထဲမှာတော့ ပုပုသေးသေး အထက်တန်းကျောင်းသားလေးလို့ပဲ မြင်‌နေသေးတာ "

လက်ကိုင်ပုဝါစနှင့် မျက်လုံးကိုတို့ရင်းပြောလာတယ်။

" hyung ကလည်း နောက်မကြာမကြာတွေ့ကြမှာပဲကို "

" အင်းပါ ...... ပျော်ပျော်ရွှင်‌ရွှင်နေရမယ်နော် "

" ဟုတ်ကဲ့ပါ ဂျယ်ယွန်းhyung "

ပွဲမစခင်တောင် မျက်ရည်ကကျချင်နေပြီ။
ဂျယ်ယွန်းhyungကိုပွေ့ဖက်ထားရင်းနဲ့ပဲ ပင်လယ်လေဖြူးဖြူးကို ခံစားရတယ်။

ခဏအကြာ ပြန်ခွာလိုက်ပြီး ပွဲနေရာဆီလျှောက်သွားလိုက်တယ်။

ပန်းလေးတွေကြဲထားတဲ့ သစ်သားပြား လျှောက်လမ်းအစွန်းမှာရပ်နေရင်း စိတ်လှုပ်ရှားစွာသက်ပြင်းချမိတယ်။
တသက်မှာတခါပဲလုပ်ရတဲ့ပွဲမှာ အကောင်းဆုံးဖြစ်စေချင်တာတော့အမှန်။ အဲတာကြောင့်ကျွန်တော်လုပ်ချင်တဲ့ လက်ထပ်ပွဲပုံစံကိုပြောပြတော့ ဂျေးhyungက တတွေမသိမ်းအကောင်အထည်ဖော်ပေးခဲ့တယ်။
ကိုယ့်ရဲ့ခင်ပွန်းလောင်းက ဘောစိကြီးကိုးး
ဟိဟိ။

‌ဘေးတစ်ဖက်တစ်ချက်စီမှာရှိနေတဲ့ ပွဲလာပရိသတ်တွေက အနည်းငယ်ဆိုပေမယ့် စိတ်ရင်းနှင့်ဂုဏ်ပြုပေးကြတဲ့သူတွေမလို့ ကြည်နူးမိတယ်။ ဆောနူhyungနဲ့ ဂျယ်ယွန်းhyungဆို ကျွန်တော့်ကို မျက်ရည်ဝဲကာ ကြည့်နေကြတယ်။
သူတို့ရဲ့ချစ်သူတွေကတော့ ဘေးကနေနှစ်သိမ့်ပေးရင်းပေါ့။

နှစ်ဖက်မိဘတွေကတော့ ရှေ့ဆုံးအတန်းမှာ အချင်းချင်းစကားစမြည်ပြောနေရင်း မန်နေဂျာပက်ဆောင်းဟွန်း မိုက်ကိုင်‌လိုက်တော့ရပ်သွားကြတယ်။

အစီအစဉ်မှူးရွေးတုန်းကလည်း တကယ်မလွယ်ခဲ့ပါ။ သူလုပ်မယ် ငါလုပ်မယ်နဲ့ နောက်ဆုံး မန်နေဂျာပက်ဆောင်းဟွန်းကနိုင်သွားလို့သာ။
' ငါအရင်က MC လုပ်ခဲ့ဖူးတယ် ' ဆိုတဲ့စကားကို ဂျေးhyungထောက်ခံပေး၍ဖြစ်တယ်။

" သတို့သား ယန်းဂျောင်ဝန်း... ရောက်လာပြီဖြစ်တဲ့အတွက် လက်ထပ်ပွဲစလိုက်ကြရအောင် ။
သတို့သားနှစ်ယောက် နေရာယူလို့ရပါပြီ။
သီချင်းဖွင့်ပေးပါ ..... "

ကျွန်တော့်ရဲ့ ဇာတ်လိုက်ကြီးကို ပြောဖို့ကျန်သေးတာပဲ။
တကိုယ်လုံးအဖြူပဲဝတ်ထားတဲ့ ကျွန်တော်နဲ့ အနက်ရောင်ကိုသာ ဆင်မြန်းထားတဲ့ ဂျေးhyung။ မတူကွဲပြားနေပေမယ့် တလောကလုံးမှာ အလိုက်ဖက်ဆုံး အရောင်နှစ်ခုလေ။

ဆံပင်အပြာတွေကို တဝက်လှန်တင်ထားရင်း ပြုံးပြကာ ကျွန်တော့်ဆီ လျှောက်လာနေတဲ့ ဂျေးhyungက ဒီစကြာဝဠာကြီးတစ်ခုလုံးမှာ အချောဆုံးဆိုတာ အော်ပြောလိုက်ချင်တယ်။

ကျွန်တော်နဲ့ဆင်တူ ပန်းလေးကိုရင်ဘတ်မှာထိုးထားပြီး အနားရောက်တော့ ကျွန်တော့်လက်ကိုယူကာ လက်ဖမိုးကိုနမ်းလာတာနဲ့
တပြိုင်နက် တီးလုံးသံကိုကြားလိုက်ရတယ်။

🎶 𝑾𝒉𝒆𝒏 𝒚𝒐𝒖𝒓 𝒍𝒆𝒈𝒔 𝒅𝒐𝒏'𝒕 𝒘𝒐𝒓𝒌 𝒍𝒊𝒌𝒆 𝒕𝒉𝒆𝒚 𝒖𝒔𝒆𝒅 𝒕𝒐 𝒃𝒆𝒇𝒐𝒓𝒆

𝑨𝒏𝒅 𝑰 𝒄𝒂𝒏'𝒕 𝒔𝒘𝒆𝒆𝒑 𝒚𝒐𝒖 𝒐𝒇𝒇 𝒐𝒇 𝒚𝒐𝒖𝒓 𝒇𝒆𝒆𝒕

𝑾𝒊𝒍𝒍 𝒚𝒐𝒖𝒓 𝒎𝒐𝒖𝒕𝒉 𝒔𝒕𝒊𝒍𝒍 𝒓𝒆𝒎𝒆𝒎𝒃𝒆𝒓 𝒕𝒉𝒆 𝒕𝒂𝒔𝒕𝒆 𝒐𝒇 𝒎𝒚 𝒍𝒐𝒗𝒆 ?

𝑾𝒊𝒍𝒍 𝒚𝒐𝒖𝒓 𝒆𝒚𝒆𝒔 𝒔𝒕𝒊𝒍𝒍 𝒔𝒎𝒊𝒍𝒆 𝒇𝒓𝒐𝒎 𝒚𝒐𝒖𝒓 𝒄𝒉𝒆𝒆𝒌𝒔

𝑨𝒏𝒅 𝒅𝒂𝒓𝒍𝒊𝒏𝒈 𝑰 𝒘𝒊𝒍𝒍 𝒃𝒆 𝒍𝒐𝒗𝒊𝒏𝒈 𝒚𝒐𝒖 '𝒕𝒊𝒍 𝒘𝒆'𝒓𝒆 70

𝑨𝒏𝒅 𝒃𝒂𝒃𝒚 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒄𝒐𝒖𝒍𝒅 𝒔𝒕𝒊𝒍𝒍 𝒇𝒂𝒍𝒍 𝒂𝒔 𝒉𝒂𝒓𝒅 𝒂𝒕 23

𝑨𝒏𝒅 𝑰'𝒎 𝒕𝒉𝒊𝒏𝒌𝒊𝒏𝒈 '𝒃𝒐𝒖𝒕 𝒉𝒐𝒘

𝒑𝒆𝒐𝒑𝒍𝒆 𝒇𝒂𝒍𝒍 𝒊𝒏 𝒍𝒐𝒗𝒆 𝒊𝒏 𝒎𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝒘𝒂𝒚𝒔

𝑴𝒂𝒚𝒃𝒆 𝒋𝒖𝒔𝒕 𝒕𝒉𝒆 𝒕𝒐𝒖𝒄𝒉 𝒐𝒇 𝒂 𝒉𝒂𝒏𝒅

𝑶𝒉 𝒎𝒆 𝑰 𝒇𝒂𝒍𝒍 𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝒚𝒐𝒖 𝒆𝒗𝒆𝒓𝒚 𝒔𝒊𝒏𝒈𝒍𝒆 𝒅𝒂𝒚

𝑨𝒏𝒅 𝑰 𝒋𝒖𝒔𝒕 𝒘𝒂𝒏𝒏𝒂 𝒕𝒆𝒍𝒍 𝒚𝒐𝒖 𝑰 𝒂𝒎 🎶

ဂျေးhyungရဲ့လက်မောင်းကို ချိတ်တွယ်လိုက်ပြီး ခြေလှမ်းတွေတူတူစတင်လိုက်တယ်။
ပင်လယ်ပြာကြီးကို ရှေးရှူပြီး ဂျေးhyungနဲ့သာဆို ကမ္ဘာမြေအဆုံးထိသွားပစ်မယ်လို့ တွေးမိသေးတယ်။

သီချင်းစာသားထဲကလို ကျွန်တော်တို့နှစ်ယောက် ချစ်မိကြတာထူးခြားဆန်းပြားတဲ့ နည်းတွေကြောင့်မဟုတ်ဘဲ ပထမဆုံးအကြည့်မှာတင်မလား။ အဲ့ဒီတုန်းက Taxi ခချေးခဲ့ရတဲ့လူကြီးက အခုကိုယ့်ဘေးမှာ ဘဝတစ်သက်စာ လက်တွဲဖော်အဖြစ် လျှောက်လှမ်းနေရမယ်လို့ ဘယ်ထင်ထားခဲ့မလဲ။

🎶 𝑺𝒐 𝒉𝒐𝒏𝒆𝒚 𝒏𝒐𝒘 ...

𝑻𝒂𝒌𝒆 𝒎𝒆 𝒊𝒏𝒕𝒐 𝒚𝒐𝒖𝒓 𝒍𝒐𝒗𝒊𝒏𝒈 𝒂𝒓𝒎𝒔

𝑲𝒊𝒔𝒔 𝒎𝒆 𝒖𝒏𝒅𝒆𝒓 𝒕𝒉𝒆 𝒍𝒊𝒈𝒉𝒕 𝒐𝒇 𝒂 𝒕𝒉𝒐𝒖𝒔𝒂𝒏𝒅 𝒔𝒕𝒂𝒓𝒔

𝑷𝒍𝒂𝒄𝒆 𝒚𝒐𝒖𝒓 𝒉𝒆𝒂𝒅 𝒐𝒏 𝒎𝒚 𝒃𝒆𝒂𝒕𝒊𝒏𝒈 𝒉𝒆𝒂𝒓𝒕

𝑰'𝒎 𝒕𝒉𝒊𝒏𝒌𝒊𝒏𝒈 𝒐𝒖𝒕 𝒍𝒐𝒖𝒅

𝑴𝒂𝒚𝒃𝒆 𝒘𝒆 𝒇𝒐𝒖𝒏𝒅 𝒍𝒐𝒗𝒆 𝒓𝒊𝒈𝒉𝒕 𝒘𝒉𝒆𝒓𝒆 𝒘𝒆 𝒂𝒓𝒆 🎶

ရပ်သွားတဲ့ သီချင်းသံနဲ့အတူ လက်ထပ်ပွဲကိုအသိအမှတ်ပြု‌ ပေးမည့် priest ရှေ့တွင် ရပ်တန့်မိတယ်။
ဂျေးhyungနဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး
အကြည့်ချင်းဆုံလိုက်တော့ ကျွန်တော့်ကိုမြတ်နိုးမှုအပြည့်နဲ့ ပြုံးပြလာတယ်။
ကျွန်တော်လည်းပြန်ပြုံးပြလိုက်တော့ ပါးပေါ်ကိုလက်တစ်ဖက်နဲ့ ထိတွေ့လာတယ်။
ပါးချိုင့်တွေ........

ကျွန်တော်ပြုံးတိုင်း အသည်းယားပြီးလိုက်နမ်းနေကြ ပါးချိုင့်တွေ ။ အခုက လူအများရှေ့မှာကော လက်ထပ်ပွဲဖြစ်နေတာကြောင့် ထိရုံတင်ပဲကျေနပ်လိုက်ရတဲ့အမူအရာ။

" သတို့သား ပက်ဂျုံ‌ဆောင်းသည် ... သတို့သား ယန်းဂျောင်ဝန်းကို အသက်ထက်ဆုံး အေးအတူပူအမျှ သစ္စာရှိရှိပေါင်းသင်း နိုင်ပါသလား "

Priest ရဲ့စကားအဆုံး ကျွန်တော့်ကို သေချာကြည့်ကာ လေးလေးနက်နက်ဖြင့်

" ပေါင်းသင်းနိုင်ပါတယ် ..... ကလေးကို ဘယ်နေရာ ဘယ်အချိန်ရောက်ရောက် မပြောင်းလဲတဲ့ အချစ်ဖြင့် စောင့်ရှောက်ပြီး သေခြင်းတရားကလွဲ မခွဲနိုင်စေရပါဘူး "

နားထောင်ရင်းနဲ့ပင် မျက်ရည်တွေဝဲလာပြီဖြစ်တယ်။
ဒီတခါ priest က ကျွန်တော့်ဘက်လှည့်လာပြီး

" သတို့သား ယန်းဂျောင်ဝန်းကလည်း သတို့သားပက်ဂျုံဆောင်းကို အသက်ထက်ဆုံး အေးအတူပူအမျှ သစ္စာရှိရှိပေါင်းသင်း နိုင်ပါသလား "

" ဂျေးhyung ပြောသလို သေခြင်းတရားကလွဲပြီး မခွဲဘဲ အရာအားလုံး တူတူကျော်ဖြတ်ပြီး သေတဲ့အထိချစ်ပေးကာ ပေါင်းသင်းသွားပါ့မယ် "

" လက်စွပ်လဲလှယ်လို့ရပါပြီ "

ကိုယ်စီအိတ်ကပ်ထဲထည့်ထားပြီးသား လက်စွပ်ကိုထုတ်လိုက်ကာ ဂျေးhyungလက်ကိုဆွဲပြီး ဝတ်ပေးလိုက်တယ်။
ဂျေးhyungကလည်း ကျွန်တော့်လက်သူကြွယ်ထက် ဒုတိယအကြိမ်မြောက်ဝတ်ပေးလိုက်ကာ လက်စွပ်‌နေရာလေးကိုနမ်းလာပြန်တယ်။

" ဒါဆို ဒီလက်ထပ်ပွဲကို ကန့်ကွက်မယ့်သူ ရှိပါသလား။
ရှိပါသလား......
ကန့်ကွက်မယ့်သူ ရှိပါသလား......။ "

Priest မှ ပရိသတ်ဘက်ဆီလှည့်ကာမေးတော့ အကုန်လုံးက တိတ်ဆိတ်နေလျက်။

" မရှိဘူးဆိုရင် လက်ထပ်ပွဲ အထမြောက်သွားပါပြီ ။ သတို့သားနှစ်ယောက် အကြင်နာပေးနိုင်ပါပြီ"

စကားဆုံးတာနဲ့ နီးကပ်လာတဲ့ ဂျေးhyungနဲ့အတူ
နှုတ်ခမ်းထက်ကနွေးထွေးတဲ့အထိအတွေ့။
လက်ခုပ်သံတွေလည်း ညံလျက်။

" ဝိုးးးးးး ချူးခါးဟဲ..... ဂျောင်ဝန်းနား "

အော်ဟစ်ကာ ဂုဏ်ပြုပေးလာတဲ့
ဆောနူhyungကြောင့် အသံထွက်အောင်ရယ်မိသွားတယ်။

" ကျေးဇူးပါ hyung "

စင်ပေါ်တက်လာကာ ပွေ့ဖက်လာတော့ ကျွန်တော်လည်း တင်းနေအောင်ပြန်ဖက်လိုက်တယ်။

" ကဲ ...... အခုနောက်ဆုံးအစီအစဉ်အနေနဲ့
အမှတ်တရဓာတ်ပုံရိုက်ကြရအောင်ပါ "

မန်နေဂျာပက်ဆောင်းဟွန်းရဲ့ ကြေညာချက်အဆုံး အကုန်လုံးစင်ပေါ်တက်လာကာ စုဝေးနေကြတယ်။

ကျွန်တော်တို့သတို့သားနှစ်ယောက်ဘေးမှာ နှစ်ဖက်မိဘ‌‌တွေနေရာယူပြီး အနောက်မှာတော့
ဂျယ်ယွန်းhyung ၊ မန်နေဂျာပက်ဆောင်းဟွန်း ၊ ဆောနူhyung ၊ နီခီ ၊ ဌာနမှူးအီ ၊ အမချွဲအွန်းဆို နဲ့ ဌာနကလူတချို့။

" ရိုက်ပါတော့မယ် 1.....2......3 ချလပ်! "

ဓာတ်ပုံဆရာမှတိုင်ပင်ခေါ်ကာရိုက်ပြီးနောက် လူစုခွဲသွားကြတယ်။

" သတို့သား နှစ်ယောက်တည်းရိုက်ဦးမယ်နော် "

" ကောင်းကောင်းရိုက်ပေးနော် ။ မလှရင်နှစ်ဆပြန်တောင်းပစ်မယ် "

" ‌အေးပါကွ "

ဂျေးhyung သူငယ်ချင်းဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးပြောကာ စနောက်နေကြသည်။

" ခဏ ခဏ .... ရော့ ဒီအရုပ်လေးတွေပါ ကိုင်ပြီးရိုက်လိုက် "

ကြောင်ရုပ်လေးနှစ်ရုပ်ကို ကျွန်တော့်လက်ထဲထည့်ပေးကာ ကင်မရာမြင်ကွင်းကပြန်ရှောင်သွားတဲ့ ဆောနူhyung။
သေချာကြည့်မိတော့မှ ကျွန်တော်လို အဖြူရောင်ဝတ်စုံလေးနဲ့ ကြောင်ဝါရုပ်လေးပြီးတော့ ဂျေးhyungလိုမျိုး အမည်းရောင်ဝတ်စုံလေးနဲ့ ကြောင်နက်လေး။

အနက်ပေါ်အနက်ထပ်နေတော့ နည်းနည်းတော့ရယ်စရာကောင်းပေမယ့် ဂျေးhyungနဲ့တူပြီးချစ်ဖို့ကောင်းလို့ လက်ထဲပိုက်ထားလိုက်တယ်။
ကြောင်ဝါလေးကိုတော့ ဂျေးhyungကပိုက်ထားလျက်။

လက်တွေဆုပ်ကိုင်ထားရင်း ကင်မရာကိုကြည့်ကာ ပြုံးပြလိုက်တယ် ။

" Ok ...... နောက်အချင်းချင်းကြည့်နေတဲ့ပုံလေး လုပ်ပါဦး "

ဓာတ်ပုံဆရာ ညွှန်ကြားတဲ့အတိုင်း ဂျေးhyungနဲ့ မျက်နှာချင်းဆိုင်ပြီး ကြည့်လိုက်တယ်။
သေချာပေါက် ပါးချိုင့်လေးတွေပေါ်အောင် ပြုံးပြရင်းပေါ့။

" Ok ..... လှတယ်ဗျာ "

ဓာတ်ပုံတွေ ပုံထွက်လှလားသွားကြည့်ဖို့လုပ်ပေမယ့် လက်ကိုလှမ်းဆွဲကာ အနမ်းတွေပုံဖော်လာတဲ့ ဂျေးhyung ။

" ဝိုးးးးး ဒီပို့စ် အလှဆုံးပဲ"

ခဏအကြာ အနမ်းတွေရပ်ပြီး နဖူးချင်းတေ့ထားကာ နူးနူးညံ့ညံ့ပြုံးပြလာတယ်။

" အရမ်းချစ်တယ် ကိုယ့်ရဲ့ပက်ဂျောင်ဝန်းလေး "

" ကျွန်တော်လည်း ချစ်တယ် ဂျေးhyung "

ဒီအခိုက်အတန့်မှာ ရှေ့ဆက်လျှောက်လှမ်းရမယ့်အနာဂတ်ကို မိုးနတ်မင်းကြီးက ဘယ်လိုချမှတ်ထားပါစေ ဂျေးhyungနဲ့သာဆိုရင် နောင်တမရစတမ်းဖြတ်ကျော်မိမယ်လို့ တွေးထင်မိတယ်။
နှစ်ယောက်တည်းဖြတ်သန်းရမယ့် နေ့ရက်တွေ အကောင်အထည်ပေါ်လာပြီဆိုကာ တွေးမိတိုင်း ကြည်နူးမိတာ တသိမ့်သိမ့်။

ရှေ့လျှောက်အများကြီး ချစ်ပြီးဆိုးနွဲ့ဦးမှာမလို့ ဂျေးhyungကို သည်းခံပေးပါလို့ စိတ်ထဲကနေသာကြိတ်ပြောလိုက်တယ်။

~~ 𝑻𝒉𝒆 𝑬𝒏𝒅 ~~

_________ A/N _________

ဒီအပိုင်းကိုမခွဲချင်လို့အများကြီး တခါတည်းပေါင်းရေးမိလိုက်တယ်။ ရေးမပြီးမချင်း စိတ်မအေးလို့ အပြေးလာရေးပြီး တင်ပေးလိုက်ပါပြီ။

Polt အများကြီးမရှိတာတောင်
အခုချိန်ထိ ဖတ်ရှူပေးကြတဲ့ သူတွေတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ် ❤️
fb‌ လေးတွေ votes တွေ ပေးခဲ့ကြတဲ့သူတွေကိုလည်း အထူးးးးး ကျေးဇူးတင်ပါတယ် 💕

ဒီထက်ပိုကောင်းအောင်ကြိုးစားရင်း ပြန်လာခဲ့ပါဦးမယ်။
သာသာဆောအွန်ကိုလည်း မမေ့သွားကြပါနဲ့ဦး🐈💙

𝓣𝓱𝓪𝓷𝓴𝓼 𝓕𝓸𝓻 𝓡𝓮𝓪𝓭𝓲𝓷𝓰 💓

Zawgyi 💙

⛅🐈

" ေမာနင္း ကေလး...... ထေတာ့ေလ ႐ုံးေနာက္က်ဦးမယ္ "

မနက္ခင္းအစကို ခ်စ္ရသူရဲ႕ အသံေလးနဲ႔ ႏိုးထရတာေလာက္ ကမာၻေပၚမွာကံေကာင္းတာမရွိ။
ေဂ်းhyungရင္ခြင္ထဲမွာ ႏိုးထလာရတယ္ဆိုတဲ့ အသိေၾကာင့္ မ်က္ခြံေတြမပြင့္ေသးတဲ့ၾကားကပင္ ႏႈတ္ခမ္းေတြတြန႔္ကာ ၿပဳံးမိတယ္။

" ေမာနင္း ေဂ်းhyung "

အားတင္းကာ မ်က္ခြံမ်ားပြင့္ေအာင္ လုပ္ၿပီးေနာက္ ေဘးတြင္လက္ေထာက္ကာ ၾကည့္ေနေသာ ေဂ်းhyungကို ေျပာလိုက္တယ္။

" အား!!!!! ........ ကိုယ့္မ်က္လုံး "

" ဘာ..... ဘာျဖစ္လို႔လဲ ေဂ်းhyung ! "

မ်က္လုံးကို လက္ျဖင့္ပိတ္ကာ ထေအာ္လာတာေၾကာင့္ ျပာျပာသလဲငုတ္တုတ္ထထိုင္မိတယ္။

" ကေလးရဲ႕ အိပ္ရာထခါစ ပုံစံေလးကေတာင္ အရမ္းေခ်ာလို႔ ကိုယ့္မ်က္စိေတြ က်ိန္းသြားတာ"

အုပ္ထားတဲ့လက္ကိုဖယ္ၿပီး ၿပီတီတီနဲ႔ေျပာလာတယ္။ အဲ့ေတာ့မွ ကြၽန္ေတာ္သက္ျပင္းခ်ႏိုင္ေတာ့တယ္။ ဒီမွာတကယ္ထင္သြားတာကို...။
ယန္းေဂ်ာင္ဝန္းတို႔ 24 နာရီ 7 ရက္ တစ္ႏွစ္ပတ္လုံးေခ်ာတာအခုမွသိတာလား .....

" ေဂ်းhyung ေနာ္ ..... ဘာမ်ားလဲလို႔ "

" ဟားဟား တကယ္ေျပာတာ .... ကိုယ့္ကေလးေလးက အခ်ိန္တိုင္းခ်စ္ဖို႔ေကာင္းေနတာေလ...
အခုေတာ့ .... မ်က္ႏွာသြားသစ္ရေအာင္ ... ထ "

ထိုးထိုးေထာင္ေထာင္းနဲ႔ ဖြာလန္ႀကဲေနတဲ့ ကြၽန္ေတာ့္ဆံပင္ေတြကို သပ္ေပးၿပီး ထူလာေပးတယ္။

" ခ်ီေပး ..... ေဂ်းhyung "

ကုတင္ေပၚမွ ဆင္းရမွာ ပ်င္းလြန္းတာေၾကာင့္ လက္ႏွစ္ဖက္ကို ဆန႔္တန္းၿပီး ေျပာလိုက္တယ္။
ရည္းစားကို အက်ိဳးရွိရွိ အသုံးခ် ...... အဲ ..... ခြၽဲရမယ္ေလ ။

အခုလည္းၾကည့္ ကြၽန္ေတာ့္ရဲ႕ ဆန႔္ထားတဲ့ လက္ေတြကို ေဂ်းhyung လည္ပင္းမွာခ်ိတ္ေစၿပီး မတ္တပ္ရပ္လိုက္ေတာ့ ေျခေထာက္ေတြက ခါး‌ေပၚအလိုလိုတြယ္ခ်ိတ္သြားရတာေပါ့။
ပုခုံးေပၚေမးတင္ရင္း ေရခ်ိဳးခန္းဆီ ေလွ်ာက္ေနတဲ့ေဂ်းhyung ကိုယ္ေပၚ ေမ်ာက္သားေပါက္ေလးလို ဖက္တြယ္ထားလိုက္တယ္။

အဲ့ဒီအခ်ိန္ မီးဖိုေခ်ာင္ထဲက ထြက္လာတဲ့ ဂ်ယ္ယြန္းhyungကို ေတြ႕လိုက္တာေၾကာင့္ ဖက္တြယ္ထားရာကေန ခုန္ဆင္းဖို႔ျပင္လိုက္တယ္။
ဒါေပမယ့္ ဆင္းခြင့္မေပးတဲ့လူႀကီးေၾကာင့္ ဒီအတိုင္းမ်က္ႏွာပူပူနဲ႔ ေခါင္းကို ပုခုံးထက္ဖြက္ထားမိတယ္။

ေရခ်ိဳးခန္းထဲေရာက္မွ ခ်ေပးၿပီး ကြၽန္ေတာ့္ကို ကေလးတေယာက္ႏွယ္ မ်က္ႏွာသစ္ေပးေနတယ္။

" ေဒါက္ ... ေဒါက္ "

ေရခ်ိဳးခန္းတံခါးေခါက္သံ။

" အဟမ္း..... အထဲကအတြဲ ... တံခါးဖြင့္ပါဦး "

မန္ေနဂ်ာပက္ေဆာင္းဟြန္းရဲ႕ အသံထြက္ေပၚလာၿပီး မ်က္ႏွာသစ္ေပးေနတာကို ရပ္ကာ တံခါးသြားဖြင့္ေပးတဲ့ ေဂ်းhyung။

" ဘာကိစၥလဲ "

" ေရာ့ .... သြားတိုက္တံ လာေပးတာ "

" ဒါပဲမလား "

" အင္း "

သြားတိုက္တံယူၿပီးတာနဲ႔ တံခါးျပန္ပိတ္လိုက္တယ္။ တဆိတ္ ညီအစ္ကိုေတြ အဲ့ေလာက္ေတာင္ခ်စ္ၾကတာလား။

ဒီလိုနဲ႔ ႐ုပ္ရွင္ကားေတြထဲက ခ်စ္သူစုံတြဲေတြလို အခ်င္းခ်င္း အျပန္အလွန္သြားတိုက္ေပးၿပီးေနာက္ မနက္ခင္း႐ိုမန႔္တစ္ scenes ၿပီးဆုံးသြားပါတယ္။

-------------

" ၿပီးၿပီလား ေဂ်းhyung "

" ၿပီးၿပီ ကေလး "

အခန္းေရွ႕မွာ ေဂ်းhyung အဝတ္လဲတာ ေစာင့္‌ေနရင္းနဲ႔ ေခါက္တုံ႔ေခါက္ျပန္ေလွ်ာက္ေနမိတယ္။

တံခါးဖြင့္ၿပီးထြက္လာတဲ့‌အခါ
ေဂ်းhyungကို အေပၚေအာက္စုန္ခ်ီၾကည့္ၿပီး လက္မေထာင္ျပလိုက္တယ္။

႐ုံးသြားဖို႔အတြက္ အဝတ္အစားထပ္ငွားေပးဖို႔ရန္ ကြၽန္ေတာ့္ရွပ္အက်ႌအျဖဴေရာင္ကို ထုတ္ေပးလိုက္ရတယ္။ ခဲေရာင္ေဘာင္းဘီရွည္ နဲ႔ အညိဳေရာင္ long coat ကေတာ့ မေန႔ကဝတ္လာတဲ့အတိုင္း။
ဒါေပမဲ့ အရမ္းမိမိုက္ေနတာေတာ့ မကြယ္ဝွက္စတမ္းေျပာရမည္။

" ဒါဆို မနက္စာသြားစာရေအာင္ေလ "

ေဂ်းhyungလက္ကိုဆြဲကာ ထမင္းစားခန္းထဲဝင္လိုက္ေတာ့ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္
ျပန္ေျပးထြက္ရမလား စဥ္းစားမိတယ္။

" ေမာင္ လႊတ္စမ္းကြာ .....
ဒီမွာမအားေသးဘူးေလ "

ဟင္းပန္းကန္ေတြ ခ်ေနတဲ့ဂ်ယ္ယြန္းhyungကို အေနာက္မွ ဖက္ထားကာ တေကာက္ေကာက္လိုက္ေနပါေသာ မန္ေနဂ်ာပက္ေဆာင္းဟြန္း။
ကလန္ကလားအရပ္ႀကီးေၾကာင့္
ဂ်ယ္ယြန္းhyungက သူ႔ရင္ခြင္ထဲျမဳပ္ေနတာေပါ့။

" အဟမ္း ..... ေဆာင္းဟြန္း အေနအထိုင္ဆင္ျခင္စမ္း "

ထမင္းစားပြဲမွာဝင္ထိုင္ရင္း ဂ်ယ္ယြန္းhyungကို ကပ္ခြၽဲေနတဲ့ မန္ေနဂ်ာပက္ေဆာင္းဟြန္းကို ၾကည့္ကာ ေျပာလာတဲ့ ေဂ်းhyung။

" မင္းကေကာ ဘာထူးလို႔လဲ ။
မနက္က ေဂ်ာင္ဝန္းကို ေပြ႕ခ်ီသြားတာ ငါတို႔ကိုေတာင္ မျမင္ဘူးမလား "

စားပြဲမွာ ဆူပုတ္ပုတ္နဲ႔ ဝင္ထိုင္ကာေျပာလာေတာ့ ေဂ်းhyungမ်က္ႏွာ အံ့ဩပုံေပၚသြားတယ္။
ခဏပါပဲ။

" မျမင္ဘူးကြာ ... ဘာျဖစ္လဲ "

" ေဂ်းhyung ေတာ္ေတာ့ "

ထပ္ၿပီး ရန္ေစာင္ကာ စကားမ်ားေတာ့မယ့္ အရိပ္အေယာင္ေတြေၾကာင့္ အျမန္ဝင္တားလိုက္ရတယ္။
ေနာက္ ဂ်ယ္ယြန္းhyungပါ ဝင္ထိုင္လိုက္ေတာ့
မနက္စာစားဖို႔သာ ျပင္ၾကလိုက္တယ္။

" မီဆိုစားလိုက္ရေတာ့ ပါးစပ္က ၿပဳံးမိသြားတာပဲ"

" မင္းအဲ့လို ေျပာမွာသိေနတယ္ "

" ဟုတ္တယ္ေလ ..... မီဆိုစားမွေတာ့ ၿပဳံးသြားရတယ္မလား "

" ေတာ္ေတာ့ ....... ဒီေလာက္နဲ႔ ေတာ္ေတာ့ "

Miso soup စားေနရင္းနဲ႔ေတာင္ အျပန္အလွန္ေစာင္းခ်ိတ္ေနၾကတဲ့ ႏွစ္ေယာက္ပါေလ ။

[ A/N : jayhoon moment ေလးတစ္ျဖတ္ 💕
အမွားပါခဲ့ရင္ ေတာင္းပန္ပါတယ္ ]

----------------

🎶I just want to love you
널 혼자 두지 않아 난
I just want you, I need you
이 밤은 짧고 넌 당연하지 않아

I tell you
This time I wanna rock with you
Moonlight 이 밤에 shine on you
Tonight I wanna ride with you
그 어디라도

Baby hold on, baby hold on 어디에서도
Baby hold on, baby hold on 어디서라도
세상이 끝나더라도
I wanna ride with you 🎶

SONG - Rock With You
By
Seventeen

Bluetooth မွ လြင့္ပ်ံေနတဲ့ သံစဥ္ေတြၾကား
တိုးတိုး‌ေလးလိုက္ညီးမိရင္း ေဘးမွကားေမာင္းေနသူကို ထိုင္ၾကည့္ေနလိုက္တယ္။

ကုမၸဏီကိုေရာက္‌ခါနီးေတာ့ တစ္လမ္းလုံး‌အေတြးမ်ားခဲ့ရတဲ့ အေၾကာင္းကို ခိုင္မာတဲ့အေျဖတစ္ခုထုတ္လိုက္တယ္။

" ေဂ်းhyung တူတူသြားရေအာင္ "

တြဲေနတာကိုဖုံးထားမယ္လို႔ ကြၽန္ေတာ္ေျပာထားဖူးတာေၾကာင့္ အခုတူတူတြဲသြားမယ္ေျပာလာေတာ့ လန႔္သြားတဲ့ ေဂ်းhyung ။
ဆက္ၿပီးဖုံးကြယ္မထားခ်င္ေတာ့ဘူး။
လူေတြဘာေျပာေျပာလည္း ဂ႐ုမစိုက္ေတာ့ဘူး။ အဓိက က ကိုယ္ခ်စ္ရသူနဲ႔ပဲ ေပ်ာ္႐ႊင္ေနဖို႔ပဲမလား။

" တကယ္ေျပာတာလား ကေလး "

" အင္း တကယ္ "

" ဒါဆို သြားရေအာင္ "

ကမ္းေပးလာတဲ့လက္ကို ရဲရဲဆုပ္ကိုင္ကာ ကုမၸဏီထဲသို႔ တစ္လွမ္းခ်င္း ေလွ်ာက္လွမ္းလိုက္တယ္။

ေသခ်ာေပါက္ လူအမ်ားအျမင္မွာ ထူးဆန္းေနမွာေပါ့။ ဥကၠဌသားနဲ႔ လက္တြဲၿပီးဝင္လာေတာ့ အကုန္လုံးရဲ႕အာ႐ုံစိုက္မႈေတြကို ရေနတယ္။
တီးတိုးတီးတိုးေျပာေနၾကတာေတြက ေကာင္းေသာေျပာျခင္းလား ေဝဖန္ကဲ့ရဲ႕ျခင္းလားဆိုတာ မခြဲျခားႏိုင္ေတာ့။

အၾကည့္ေပါင္းမ်ားစြာၾကားထဲမွာ မြန္းၾကပ္လွတာေၾကာင့္ ေျခလွမ္းေတြလွမ္းေနရတာ အားမရွိေတာ့သလို။ အဲတာေတြကို ေၾကာက္လို႔ ဘယ္သူ႔ကိုမွမေျပာဘူးေျပာခဲ့တာ။
ဒါေပမယ့္လည္း ခ်စ္ရသူအတြက္ သတၱိေမြးၿပီးရင္ဆိုင္ခ်င္မိတာေတာ့ အရင္ကတည္းက။

ကြၽန္ေတာ့္ေျခလွမ္းေတြ ေႏွးသြားတာ သတိထားမိသြားတယ္ထင္တယ္။ ေဂ်းhyungက လက္ကိုပိုတင္းတင္းဆုပ္ကိုင္လာၿပီး ပုခုံးကို လွမ္းဖက္ၿပီး တြဲကာ ဓာတ္ေလွကားဆီဆက္သြားလိုက္တယ္။

အထဲေရာက္ၿပီဆိုမွ တင္းထားတဲ့စိတ္ေတြကို ေလွ်ာ့ခ်ၿပီး သက္ျပင္းခ်လိုက္မိတယ္။

" ကေလး ..... အဆင္မေျပရင္ မလုပ္နဲ႔ေနာ္...။
ကိုယ္အတြက္ ကေလးေပ်ာ္ဖို႔ကပဲ အေရးႀကီးတာ"

" အာညီးး ကြၽန္ေတာ္အဆင္ေျပပါတယ္ "

ဒီလိုအလိုက္တသိေျပာေပးတဲ့ ေကာင္ေလးမ်ိဳးရွိတာနဲ႔တင္ အရာရာျဖတ္ေက်ာ္ႏိုင္ၿပီ။
ဘယ္သူမွအနားမွာမရွိတာေၾကာင့္ ေဂ်းhyungကို ဖက္ကာ ရင္ခြင္က်ယ္ႀကီးထဲ ခဏေလာက္ျဖစ္ျဖစ္ တိုးဝင္ကာ အားျဖည့္လိုက္တယ္။
အလိုက္သင့္ေထြးေပြ႕ေပးလာတာေၾကာင့္ မ်က္လုံးေတြပါမွိတ္ကာေနလိုက္တယ္။

13 လႊာမွာရပ္သြားတဲ့ ဓာတ္ေလွကားကေန ဆင္းလာခဲ့ၿပီးေနာက္ ဌာနဆီဝင္ဖို႔ရန္ ေဂ်းhyungရဲ႕ လက္ကို ယွက္ႏြယ္ဆုပ္ကိုင္လိုက္တယ္။

တံခါးဆြဲဖြင့္လိုက္ေတာ့ အကုန္ကိုယ့္အာ႐ုံနဲ႔ကိုယ္ ရွိေနၾကတဲ့သူေတြက ကြၽန္ေတာ္တို႔ဆီ လွည့္ၾကည့္လာတယ္။ ေဆာႏူhyung ၊ နီခီနဲ႔ ဌာနမႉးအီကလြဲရင္ အကုန္အံ့ဩေနၾကတဲ့ အမူအရာ။

ေဂ်းhyungကပဲ ဦးေဆာင္ေလွ်ာက္သြားရင္း
ကြၽန္ေတာ့္စားပြဲနားလည္း ေရာက္ေရာ

" ဒါ ကြၽန္ေတာ့္ခ်စ္သူေကာင္ေလးပါ .....
ေယာေရာဘြန္းတို႔ကို အသိေပးတာပါ ။ ကြၽန္ေတာ့္‌ေကာင္ေလးကို အမ်ားႀကီးဂ႐ုစိုက္ေပးၾကပါဦး "

တ႐ုံးလုံးၾကားေအာင္ ေအာ္ေျပာေနၿပီး ဂ႐ုစိုက္ေပးဖို႔ အထိပါေျပာေနေသာ ေဂ်းhyungကိုၾကည့္ၿပီး ၾကည္ႏူးခ်င္ေပမယ့္ မၾကည္ႏူးႏိုင္။ ဌာနတစ္ခုလုံးၾကားေအာင္ေျပာေနတဲ့ အသံက တိုးတိုးေလးျဖစ္မယ္ထင္လား ။
ေဘးနားကပ္ၿပီး ေနေနရတဲ့ ကြၽန္ေတာ့္နား မအူ႐ုံတမယ္ဘဲ။

" လိုက္ဖက္ပါတယ္ဗ်ိဳ႕ "
" သိုးဥယ်ာဥ္ေလး ေနာက္ဆုံးေတာ့စြံၿပီပဲ "
" ႐ုံးတြင္းအတြဲ ေနာက္တစ္တြဲေပၚလာၿပီေပါ့ "

တေယာက္တမ်ိဳးေျပာလာၾကတဲ့ စကားေတြေၾကာင့္လည္း ၿပဳံးမိျပန္တယ္။
ဌာနကမိသားစုေတြက အေကာင္းဆုံးပဲ။

" ကေလး ကိုယ္တို႔ ေန႔လည္စာစားခ်ိန္ၾကရင္
အေဖ့ကိုသြားေတြ႕ရေအာင္ "

အနားကပ္ၿပီး တိုးတိုးေလးလာေျပာတဲ့ စကားေၾကာင့္ ရင္ထိတ္မိသြားတယ္။
ဥကၠဌပတ္ကို သြားေတြ႕ရေတာ့မွာလား ။

" ဟုတ္ ေဂ်းhyung "

" ဒါဆို ကိုယ္သြားၿပီေနာ္ "

ကြၽန္ေတာ့္ပါးတစ္ဖက္ကို နမ္းၿပီး ေလးငါးလွမ္းေလာက္ပဲ ေဝးတဲ့ မန္ေနဂ်ာ႐ုံးခန္းဆီေလွ်ာက္သြားတယ္။

က်န္ခဲ့တဲ့ ကြၽန္ေတာ္ကေတာ့ နမ္းသြားတဲ့ပါးတစ္ဖက္ကိုလက္ျဖင့္အုပ္ကာ ထိုင္ခုံေပၚရွက္ရွက္နဲ႔ ထိုင္ခ်လိုက္တယ္။

Laptop ဖြင့္လိုက္ေတာ့ ေပၚလာတဲ့ေၾကာင္နက္ေလးကေတာင္ တစ္စုံတစ္ေယာက္နဲ႔တူသလို ။

-------------

" အဆင္ေျပပါ့မလား ေဂ်းhyung "

ေခြၽးစေလးေတြျပန္ေနတဲ့ ကြၽန္ေတာ့္ လက္ဖဝါးကို ဖြဖြဆုပ္ကိုင္ရင္း ဥကၠဌ႐ုံးခန္းေရွ႕မွာ တိုးကပ္စြာေျပာလိုက္တယ္။
ေဂ်းhyung ကြၽန္ေတာ့္မိဘေတြဆီ လာတုန္းကဘယ္လိုမ်ိဴး သတၱိေမြးခဲ့လဲမသိဘူး ။ အခုေတာ့ ကြၽန္ေတာ့္ေျခေထာက္ေတြ ေခြက်ခ်င္ေနၿပီ ။

" ေဒါက္ ေဒါက္ "

သက္ျပင္းခ်ကာ အားေမြးၿပီး တံခါးေခါက္လိုက္တယ္။

" ဝင္ခဲ့ပါ "

တုံ႔ျပန္သံၾကားတာနဲ႔ ေဂ်းhyungက ကြၽန္ေတာ့္လက္ကိုဆြဲၿပီး ႐ုံးခန္းထဲဝင္လိုက္တယ္။ အေနာက္ကေန ကုပ္ကုပ္ေလး လိုက္ဝင္ရင္း ဥကၠဌပတ္ကိုေတြ႕တာနဲ႔ ေခါင္းငုံ႔အ႐ိုအေသေပးမိလိုက္တယ္။

ဥကၠဌပက္နဲ႔ ကုမၸဏီကိစၥေတြအရ ေတြ႕ဖူးေပမယ့္ ဒီလိုမ်ိဳးေတြ႕တာေတာ့ ပထမဆုံးလို႔ေျပာရမလား။
ဝန္ထမ္းတစ္ေယာက္အေနနဲ႔ မဟုတ္ဘဲ သားျဖစ္သူရဲ႕ ခ်စ္သူအေနနဲ႔ဆိုေတာ့။

" မင္းတို႔ဘယ္ေတာ့ လက္ထပ္ၾကမွာလဲ "

" ဗ်ာ !! "

ပါးစပ္အေဟာင္းသားျဖစ္ကာ မ်က္လုံးေတြျပဴးက်ယ္သြားတဲ့ ကြၽန္ေတာ့္ပုံစံကိုၾကည့္ၿပီး
ဥကၠဌပက္က ရယ္ေနတယ္။

' ငါ့သားကို ဘာလို႔ႀကိဳက္တာလဲ ...'
' ငါ့သားနဲ႔မင္း တူသလားတန္သလား ' ဘာညာ
ဒရမ္မာထဲကအတိုင္းေျပာလာလွ်င္ အေျဖျပန္ေပးဖို႔ စိတ္ထဲမွာစာေတြစီတန္းလာတာက ၿပိဳက်သြားတဲ့ဖဲခ်ပ္ရဲတိုက္ေလးလို။

" ေနာက္အပတ္ ႏွစ္ဖက္မိဘေတြ႕ဆုံပြဲ လုပ္လိုက္မယ္အေဖ "

ေဘးက hyungကပါ ဝင္ေျပာလာေတာ့ ကြၽန္ေတာ့္ပါးစပ္က ပိတ္လို႔မရေတာ့။
လက္ထပ္ဖို႔ကိစၥကို ေျပာေနၾကတာလား။
ေနပါဦးးး ဘယ္သူကလက္ထပ္မယ္ေျပာလို႔လဲ!! ကြၽန္ေတာ့္ကို အရင္တိုင္ပင္ဘဲ လုပ္ခ်င္ရာလုပ္ေနတာလား။

" ေအး ေကာင္းတယ္ ..... ။ တခါတည္း ေန႔ေကာင္းရက္သာေ႐ြးၾကတာေပါ့ "

တကယ္ပဲ ဒီသားအဖကေတာ့ေလ ......။
လူကိုၾကားထဲမွာထားၿပီး ေျပာခ်င္တာေတြေျပာေနၾကတယ္။

႐ုတ္တရက္ ဥကၠပက္ကကြၽန္ေတာ့္နားကပ္လာၿပီး

" ေဂ်ာင္ဝန္းက ႐ိုးသားႀကိဳးစားၿပီး စိတ္ထားေကာင္းတဲ့သူဆိုတာ ငါအေစာႀကီးကတည္းကသိတယ္။ ဒါေၾကာင့္ စစခ်င္းဂ်ဳံးေဆာင္းေျပာလာတုန္းက မထင္ထားမိေပမယ့္ ေဂ်ာင္ဝန္းဆိုလို႔သာ သေဘာတူခဲ့တာ ။
ဒီေခါင္းမာတဲ့ပက္ဂ်ဳံေဆာင္းကို မင္းပဲထိန္းေပးပါကြယ္။ အေဖကေတာ့ အသက္ႀကီးၿပီမို႔ လက္ပိုက္ၾကည့္႐ုံပဲတတ္ႏိုင္တယ္။
တကယ္လို႔ သူအႏိုင္က်င့္ရင္ အေဖ့ကိုေျပာ ...
ခ်က္ခ်င္းသူ႔ရွယ္ယာေတြသိမ္းၿပီး ကုမၸဏီကေန ေမာင္းထုတ္ပစ္မယ္ "

ဥကၠပက္က သူ႔ကိုယ္သူ အေဖလို႔သုံးသြားတယ္။
ကြၽန္ေတာ့္ကို ဒီလိုခ်စ္ေပးတာက အရမ္းကံေကာင္းေနတယ္မဟုတ္ဘူးလား။

" ဟုတ္ကဲ့ အ...အေဖ "

" ဟားဟား ငါေတာ့ သားသုံး‌ေယာက္ရၿပီေပါ့ "

ကြၽန္ေတာ့္လက္ကိုဆုပ္ကိုင္ကာ ရယ္‌ေမာရင္းေျပာလာတယ္။

" တကယ္ေတာ့ ေလးေယာက္... အေဖ ။
ပက္ေဆာင္းဟြန္းမွာ ခ်စ္သူေကာင္ေလးရွိတယ္"

" ေဟ .... ငါမသိရပါလား "

" ‌အေဖကိုယ္တိုင္သူ႔ကိုေမးမွရမယ္...
အဲ့ဒီေရခဲတုံးက ေတာ္ေတာ္နဲ႔ေျပာမွာမဟုတ္ဘူး"

သူမ်ားကိုသြားခြၽန္ေနတဲ့ ေဂ်းhyungကို တံေတာင္နဲ႔တြတ္ၿပီး မ်က္ေမွာင္ၾကဳတ္ျပလိုက္ေတာ့
' ဘာလို႔လဲ ကေလး' ဆိုၿပီး ဘာမွမလုပ္ထားတဲ့ မ်က္ႏွာမ်ိဳးနဲ႔ေျပာလာတယ္။
မ်က္လုံးလွန္ျပလိုက္ခ်င္ေပမယ့္ ဥကၠဌပက္ေရွ႕မွာမို႔ ထိန္းထားရေသးတယ္။

" မင္းတို႔ေန႔လည္စာစားခ်ိန္ကုန္ေတာ့မွာပဲ....
သြားၾကေတာ့ေလ.... ေနာက္မွေအးေဆးေတြ႕ၾကတာေပါ့ သားတို႔ "

" " ဟုတ္ကဲ့ အေဖ " "

ဥကၠဌ႐ုံးခန္းကေနထြက္လာၿပီးေနာက္ ကန္တင္းကိုသြားတဲ့ လမ္းတေလွ်ာက္ ဘာစကားတစ္ခြန္းမွမဆိုျဖစ္ခဲ့ၾက။
ေဂ်းhyungကေတာ့မသိ ကြၽန္ေတာ္ကေတာ့ လက္ထပ္မယ့္ကိစၥကို ဒီလိုလြယ္လြယ္နဲ႔ေျပာထြက္တာကို မေက်နပ္ခ်င္ ဟြန႔္။

" ေဂ်ာင္ဝန္းနား ဒီမွာလာ‌ထိုင္.... "

လွမ္းေခၚေနတဲ့ ဂ်ယ္ယြန္းhyungေဘးကို သြားထိုင္လိုက္တယ္။ အေနာက္က လိုက္လာတဲ့လူႀကီးကိုမသိခ်င္ေယာက္ေဆာင္ရင္းေပါ့။

" ဘာလို႔စူပုတ္ေနတာလဲ .... ရန္ျဖစ္ထားတာလား"

မ်က္ႏွာခ်င္းဆိုင္မွ ေဆာႏူhyungက နီခီခြံ႕ေကြၽးတာကိုစားရင္း ေျပာလာတယ္။
အတြဲေတြၾကားထဲမွာ လာထိုင္မိတဲ့ ငါ့အမွားပဲ။

အဲ့ဒီအခ်ိန္ ခုံတစ္ခုံဆြဲၿပီး ေဘးမွာလာထိုင္ေနတဲ့ ေဂ်းhyungကို မ်က္‌ေစာင္းတစ္ခ်က္ပစ္လိုက္ၿပီး ထမင္းသာငုံ႔စားလိုက္တယ္။

ေျပာင္းဖူးေတြ.......
ဒီေန႔ မီႏူးထဲမွာ ေျပာင္းဖူးပါတာကိုး။
အျမင္ကပ္ကပ္နဲ႔ ေျပာင္းဖူးေတြအကုန္လိုက္ဆယ္ၿပီး ေဂ်းhyungပန္းကန္ထဲသာ ထည့္ေပးလိုက္တယ္။
ေျပာင္းဖူးကို ေဂ်းhyungႀကိဳက္ ....... အဲ.......
ကြၽန္ေတာ္အျမင္ကပ္လို႔ လုပ္လိုက္တာ။

ဌာနဆီျပန္ေရာက္တဲ့အထိ စကားတစ္ခြန္းမွမေျပာၾကရေသး။
စိတ္ေကာက္ေနတာကြၽန္ေတာ္ပါေနာ္။ သူကဘာလို႔ လာမေခ်ာ့တာလဲ ။

ကြၽန္ေတာ့္ကို တခ်က္မွမၾကည့္ပါေလဘဲ သူ႔႐ုံးခန္းထဲဝင္သြားတယ္။
ဂါးးးးးး ဒီလူႀကီးေတြ႕မယ္။
လာေခၚလို႔ကေတာ့ လုံးဝလွည့္မၾကည့္ဘူးမွတ္
ဟြန႔္.....

----------------

🌉🐈

" ေဂ်ာင္ဝန္းနား ...... ငါနဲ႔ခဏလိုက္ခဲ့ပါလား
သြားစရာရွိလို႔ "

႐ုံးဆင္းဖို႔ျပင္ေနတဲ့ ေဆာႏူhyungဆီက ထြက္လာတဲ့အသံေၾကာင့္ ဘာ noti မွဝင္မလာေသးတဲ့ ဖုန္းကိုၾကည့္ေနရင္းနဲ႔ ေခါင္းၿငိမ့္လိုက္တယ္။

ေဂ်းhyung ညေနကတည္းက ႐ုံးေစာေစာဆင္းၿပီး ထြက္သြားလိုက္တာ ေပၚမလာေသး။
ကြၽန္ေတာ့္ဆီကို ဖုန္းတေကာ စာ‌တစ္ေစာင္မွလည္း မပို႔။
တကယ္ႀကီး ေနႏိုင္တယ္ေပါ့ ။ မနက္ကေလးတင္ ေပ်ာ္ခဲ့ရတာ အခုေတာ့ .......
အရာရာဟာမတည္ၿမဲဆိုတာ မွန္တာပဲ။

ဒီတိုင္း ဆက္ထိုင္ေနမယ့္အစား ေဆာႏူhyungနဲ႔ စိတ္ေျပလက္ေပ်ာက္ ေလွ်ာက္သြားလိုက္တာမွ ေကာင္းဦးမယ္။

" ဒါဆို ထ..... သြားရေအာင္ "

ကြၽန္ေတာ့္လက္ေမာင္းကေနဆြဲၿပီး အတင္းဆြဲေခၚသြားတယ္။
ဘာေတြ အလ်င္လိုေနတာလဲဟ...?

" hyung ..... ဘယ္ကိုသြားေနတာလဲ "

" ေရာက္ရင္သိလိမ့္မယ္ "

ေမွာင္ရီပ်ိဳးစအခ်ိန္ျဖစ္ေနေပမယ့္ လူလည္းမရွိ တိတ္ဆိတ္ေနတဲ့ ပန္းၿခံ။ လူေတြဘယ္ေရာက္သြားတာလဲ ?

" ကြၽန္ေတာ္တို႔ကလြဲရင္ ဘယ္သူမွလည္းမရွိဘူး hyung ...... ဘာလာလုပ္တာလဲ ဒီကို "

" အာ.... ဒီေနရာပဲ.... ။
ေဂ်ာင္ဝန္းနား .... hyungကို ဒီမွာခဏေစာင့္။
အမ္ ...... mint chocolate သြားဝယ္လိုက္ဦးမယ္ "

ေမွာင္မည္းေနတဲ့ ေလွ်ာက္လမ္းႀကီးထဲမွာ
တေယာက္တည္း ထားခဲ့ၿပီး ‌ေျပးထြက္သြားတယ္။

" hyung !!! ဒီေလာက္ေအးေနတာကို ဘာကို mint chocolate လဲ ..... hyung !!! "

ေခၚေနတာလည္း မရေတာ့။ လွစ္ခနဲ ေျပးထြက္သြားတာ အရိပ္ေတာင္မျမင္ရေတာ့ ။
ေတာ္ေတာ္ ခ်စ္ဖို႔ေကာင္းတဲ့ hyung ပဲ။

ပတ္ဝန္းက်င္ကို က်ီးကန္းေတာင္းေမွာက္ လိုက္ၾကည့္ေတာ့လည္း ဘာအေကာင္အၿမီးမွ ‌
မေတြ႕ရဘူး။

အဲ့ဒီအခ်ိန္ ေမွာင္မိုက္ေနတဲ့ လမ္းထဲက ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္အသံၾကားလိုက္တာေၾကာင့္ လက္သီးဆုပ္ႏွစ္ဖက္ကို အသင့္အေနအထား ျပင္လိုက္တယ္ ။
တိုက္ကြမ္ဒို ခါးပတ္နက္ကို လာစမ္းလို႔ရမလားကြ။

ခဏအၾကာ အသံေပ်ာက္သြားၿပီး တိတ္ဆိတ္သြားျပန္တယ္။
ဒါေပမဲ့ ဘာမွမယုံရ‌တာေၾကာင့္ လက္ကိုေတာ့ မခ်မိ။

' ေဖ်ာက္ '

" အေမ့ !!! "

ေမွာင္မည္းေနရာကေန ႐ုတ္တရက္ မီးလုံးေတြထလင္းေတာ့ မလန႔္ဘဲေနမလား။
လက္သီးေတြဆုပ္လ်က္ကေနဘဲ ေသခ်ာၾကည့္ေတာ့ မီးလုံးဝါဝါေလးေတြၾကားထဲမွာ အနီေရာင္အသည္းပုံေလးေတြနဲ႔ေရးထားတာက
' MARRY ME '

ဆုပ္ထားတဲ့လက္သီးေတြက အလိုလိုျပန႔္သြားၿပီး ‌အ‌ေဟာင္းသားျဖစ္ေနတဲ့ ပါးစပ္ကိုသာ အုပ္ထားလိုက္တယ္။
ေလွ်ာက္လမ္းအဆုံးမွာ ေဂ်းhyung ရပ္ေနတာေၾကာင့္သာမဟုတ္ရင္ သူမ်ားရဲ႕ propose အစီအစဥ္ဆိုၿပီး ေျပးထြက္မိေတာ့မွာ။

" ေဂ်း hyung ~~ "

ေျခဆယ္လွမ္းေလာက္အကြာအေဝးကို အစြန္းတစ္ဖက္စီမွာရပ္ေနၾကရင္း တေယာက္နဲ႔တေယာက္ ေငးၾကည့္ေနၾကတယ္။

အရင္ဆုံး ေရွ႕တိုးလာတာကေတာ့ ေဂ်းhyung။

ကြၽန္ေတာ့္ေရွ႕ေရာက္ေတာ့ ေျမျပင္ေပၚ ဒူးတစ္ဖက္ေထာက္ခ်ၿပီး အိတ္ကပ္ထဲက ဘူးေလးတစ္ဘူး ထုတ္လာတယ္။
ဖြင့္လိုက္ေတာ့ ထင္တဲ့အတိုင္း လက္စြပ္တစ္ကြင္းေပါ့။

" ကိုယ့္ကို လက္ထပ္ႏိုင္မလား ကေလး
ကေလးရဲ႕ ေကာင္းတူဆိုးဖက္ ထာဝရ လက္တြဲေဖာ္ျဖစ္ခြင့္ေပးႏိုင္မလား။
ဘယ္ေလာက္မွမၾကာေသးတဲ့ အခ်ိန္ေလးျဖစ္ေပမဲ့ ကိုယ္ျမတ္ႏိုးရတဲ့ကေလးကို အသက္ထက္ဆုံးေစာင့္ေရွာက္ခြင့္ေပးပါ။ ပိုင္ဆိုင္ခြင့္ေပးပါ ။

Will you marry me ? "

ဒီလိုအခ်ိန္ မ်က္ရည္မဝဲမိဘူးဆိုရင္ လိမ္ရာက်မွာေပါ့။ အခုေတာ့ဝဲ႐ုံတင္မက တစ္ေပါက္ခ်င္းက်လာမိတယ္။
ဒူးေထာက္ေနတဲ့လူႀကီးကေတာ့ အေျဖကို ေမွ်ာ္လင့္တႀကီး ေစာင့္စားေနတုန္း။
ကြၽန္ေတာ္မေျဖေပးမခ်င္း ဒူးေထာက္ေနရရွာတယ္။ မနက္ကကိစၥကို စိတ္ဆိုးေနေသးေပမယ့္
ခ်စ္ရသူအေပၚေတာ့ အဲ့ေလာက္ အသည္းမမာႏိုင္။

" Yes , I will marry you .... Jay hyung "

ဘယ္ဘက္လက္ကို ေရွ႕ထုတ္ေပးလိုက္ေတာ့ လက္ဖမိုးကိုနမ္းလာၿပီး လက္စြပ္ကို လက္သူႂကြယ္ထက္ေနရာခ်လိုက္တယ္။

ထလာၿပီး ေပြ႕ဖက္လိုက္ေတာ့ တိုးေဝွ႔ေနၾကရင္ခြင္ႀကီးထဲ ေရာက္ရွိသြားတယ္။

" ေက်းဇူးပါ ကေလး ..... "

" ကြၽန္ေတာ္ေရာပဲ ဟီးးး "

ဒီစကား‌ေတြကို ဒုတိယအႀကိမ္ျပန္ေျပာရလိမ့္မယ္လို႔ မထင္ထားခဲ့။ အေျခအေနေတြေတာ့ ကြာျခားတာေပါ့။
ခ်စ္သူေကာင္ေလးကေန တသက္စာလက္တြဲေဖာ္အျဖစ္။

မ်က္ရည္စီးေၾကာင္းေတြ လက္ျဖင့္ဖြဖြသုတ္ေပးၿပီး ေပ်ာ္႐ႊင္မႈအထိမ္းအမွတ္အျဖစ္ အနမ္းတစ္ခုဆက္လိုက္ၾကတယ္။

" Congratulations ပါ ေဂ်ာင္ဝန္းနား ဝိုးးးး "

ေဆာႏူhyungအသံၾကားေတာ့ နမ္းလက္စကို ျဖတ္လိုက္ကာ အေနာက္လွည့္ၾကည့္ေတာ့
လူစုံတက္စုံေရာက္ေနၾကတယ္။
ဂ်ယ္ယြန္းhyung တို႔အတြဲ ၊ ေဆာႏူhyungတို႔အတြဲနဲ႔ ဌာနမႉးအီပါ အဆစ္ပါလိုက္ေသးတယ္။

" အားလုံး .... ဘယ္လိုလုပ္ေရာက္လာတာလဲ "

ပန္းစည္းတစ္စည္း လက္ထဲလာထည့္သြားတဲ့
ဂ်ယ္ယြန္းhyungကို ေမးလိုက္ေတာ့

" ဒါေတြ ပက္ဂ်ဳံေဆာင္း တစ္ေယာက္တည္း လုပ္ထားတယ္မ်ားထင္ေနလား ၊ ငါတို႔ပါ ဝိုင္းကူေပးထားရတာ "

' MARRY ME ' စာတန္းကိုလက္ညႇိဳးထိုးကာ ေျပာလာတယ္။

" ဟုတ္တယ္ .... ငါဆိုမင္းကို ဒီကိုလိမ္ၿပီးေခၚလာရတာေလ "

Mint chocolate စားရင္းေျပာလာတဲ့
ေဆာႏူhyung။ စားေနတာမေအးတဲ့အတိုင္းပဲ။ အဲ့ဒီ သြားတိုက္ေဆးအရသာႀကီးကို ဘာလို႔ႀကိဳက္မွန္းနားမလည္ႏိုင္ဘူး။

" hyung ေအးေနတာကို အမ်ားႀကီးမစားနဲ႔ေတာ့"

" ေအးပါ "

အဆက္မျပတ္စားေနတဲ့ ေဆာႏူhyungကို နီခီက တားေနရတယ္။ ဒါေတာင္မေပးလိုက္ရေသးခင္း ႏွစ္လုတ္ေလာက္ အတင္းစားသြားေသးတယ္။

" အဟမ္းးး
ဒီေန႔ ယန္းေဂ်ာင္ဝန္းနဲ႔ မန္ေနဂ်ာပက္တို႔ ႐ုံးတက္ေနာက္က်တာေကာ ၊ ႐ုံးေစာေစာဆင္းသြားတာေကာ မသိခ်င္ေယာင္ေဆာင္ေပးထားတယ္ေနာ္"

" ဟဲဟဲ ေက်းဇူးတင္ပါတယ္ ဌာနမႉးအီ "

တကယ္လည္း အဲ့တိုင္းပါပဲ။ ဌာနမႈးအီကို ဒီတခါေတာ့ တကယ္ေက်းဇူးတင္သြားၿပီ ။

" ဒါနဲ႔မင္းတို႔ ဘယ္ေတာ့လက္ထပ္ပြဲလုပ္မွာလဲ "

ဂ်ယ္ယြန္းhyungကို ခါးကေနဖက္ထားရင္း ေမးလာတဲ့ မန္ေနဂ်ာပက္ေဆာင္ဟြန္း။
ဒီပက္ညီအစ္ကိုေတြကေလ ပိုင္ဆိုင္ေၾကာင္းသိပ္ျပခ်င္ၾကတာ ။

" ကေလးဘယ္ေတာ့လုပ္ခ်င္လဲ "

ဒီပက္ဂ်ဳံးေဆာင္းႀကီးကလည္း ကြၽန္ေတာ့္ကို သူ႔ရင္ခြင္ထဲထုတ္မေပးေတာ့ဘူး။
ကြၽန္ေတာ့္အျဖစ္မွာ ပိုးတုံးလုံးေလးလို။
ဒါမဲ့ ကြၽန္ေတာ္ကိုယ္တိုင္က မ႐ုန္းတာေတာ့ ထည့္မေျပာေတာ့ပါဘူး။

" အဆင္ေျပသလိုလုပ္လိုက္ေလ ေဂ်းhyung
ႏွစ္ဖက္မိဘေတြ တိုင္ပင္ၿပီးမွ လုပ္ရင္ပိုေကာင္းတာေပါ့ "

" ဘယ္ေနရာမွာ လက္ထပ္ပြဲလုပ္ခ်င္လဲ။
ကေလးႀကိဳက္တဲ့ေနရာေျပာ ၊ ကိုယ္အကုန္စီစဥ္ေပးမယ္ "

ႏွစ္ေယာက္တည္း တစ္ကမာၻလို ေျပာေနၾကတဲ့ ကြၽန္ေတာ္တို႔ကို အေရွ႕ကသူေတြက ေခ်ာင္းတဟန႔္ဟန႔္ျဖစ္ေနၾကေပမယ့္ သူတို႔လည္း ကြၽန္ေတာ့္အေျဖကို သိ‌ခ်င္ေနၾကပုံ။

အရင္ကတည္းက သာယာၿပီးေအးခ်မ္းတဲ့ ေနရာေလးမွာ မဂၤလာေဆာင္ခ်င္ေပမယ့္ အခုတေလာ စိတ္ထဲစြဲေနတဲ့ေနရာေတာ့ ရွိတယ္။
အဲဒါက ...

" ဘူဆန္ "

---------------

🤵❤️🤵

သာယာၾကည္လင္ေနတဲ့ ေကာင္းကင္ႀကီးေအာက္ အဆုံးမရွိျပာလဲ့ေနတဲ့ ပင္လယ္ျပင္ႀကီး။

တေ႐ြ႕ေ႐ြ႕သြားေနတဲ့ ကားေပၚကေန စိတ္လႈပ္ရွားစြာ အျပင္ကိုျပတင္းေပါက္မွတစ္ဆင့္ၾကည့္မိေတာ့ အရာအားလုံးကသူ႔ေနရာနဲ႔သူ။

ဟိုတယ္ကေနျပင္ဆင္ၿပီးထြက္လာကာ အခုပြဲက်င္းပမယ့္ ကမ္းေျခနားထိသြားေနတဲ့တေလွ်ာက္ အေမနဲ႔အေဖကလြဲရင္ ဘယ္သူနဲ႔မွမေတြ႕ရေသး။

အဓိကဇာတ္လိုက္ျဖစ္တဲ့သတို႔သားက ေနာက္က်ေနလို႔ေတာ့ ထျပန္မသြားၾကေလာက္ပါဘူးေနာ္။
ေနာက္က်ရတာတျခားေၾကာင့္မဟုတ္ပါဘူး ။

ႏွစ္ဖက္မိဘေတြ႕ဆုံပြဲၿပီးေနာက္ေန႔ ဒီဇိုင္နာကိုအပ္ၿပီး ခ်ဳပ္ထားတဲ့ဝတ္စုံက ႏွစ္ပတ္အၾကာ ဒီေန႔က်ေတာ့ က်ပ္‌ေနတယ္။ ဒါေတြက ေဂ်းhyungေၾကာင့္ေလ...... ။ နည္းနည္းပါးပါးတားမယ္မရွိဘူး အလိုလိုက္ၿပီးစားခ်င္သမွ်ဝယ္ေကြၽးေနေတာ့ ဝိတ္ေတြတက္ကုန္ၿပီေပါ့လို႔။
အခုေတာင္ ဒီဇိုင္နာကို ေဘာင္းဘီျပန္ခ်ဲ႕ခိုင္းေနတာနဲ႔ အခ်ိန္ေတြလင့္ကုန္တာ။
ေၾကာင္ဝတုတ္ေလးျဖစ္ပါၿပီေရာ္.....

လက္ထပ္ပြဲကို ဟိုတယ္မွာမဟုတ္ဘဲ ကမ္းေျခမွာလုပ္ခ်င္တယ္လို႔ေျပာလိုက္တုန္းက မတုံ႔ဆိုင္းဘဲ ' ' ကေလးသေဘာ 'လို႔ေျပာခဲ့ေသးတယ္။
ဖိတ္စာကိုေတာ့ လူအနည္းအက်ဥ္းေလာက္ပဲေဝၿပီး လူရင္းေတြပဲဖိတ္ခဲ့တယ္။

သြားေနတဲ့ကားရပ္ေတာ့ တစ္စုံတေယာက္တံခါးလာဖြင့္ေပးတယ္။

" ေဆာႏူhyung "

" သတို႔သားက ဘာလို႔ေနာက္က်ေနတာတုန္း ....
ျမန္ျမန္လာ "

ပုံမွန္တဲ့မတူစြာ suit နဲ႔ ေဆာႏူhyungက ကြၽန္ေတာ့္ထက္ အစားႀကီးေပမယ့္ ဘာလို႔ခႏၶာကိုယ္ေလးက ဒီတိုင္းပဲရွိေနတာလဲ။ ‌
ဒီမွာေတာ့ နည္းနည္းေလးအစားေသာင္းက်န္းလိုက္တာ ဗိုက္တစ္ရစ္ထြက္လာတယ္။
ထြက္လည္းဘာျဖစ္လဲ ေဂ်းhyungနဲ႔အတူ work out သြားလုပ္မွာေပါ့ ။

သဲ‌ေသာင္ျပင္ထက္ အျဖဴေရာင္ရႉးဖိနပ္ဝတ္ထားတဲ့ ေျခအစုံကို ခ်လိုက္ၿပီးေနာက္ အျဖဴေရာင္ပန္းေတြခင္းႀကဲထားတဲ့ ေလွ်ာက္လမ္းေလးကို ျဖတ္ေက်ာ္မိတယ္။

ကြၽန္ေတာ္လာတာေတြ႕တာနဲ႔ ဂ်ယ္ယြန္းhyungက ေျပးလာၿပီး အက်ႌမွာ ပန္းထိုးေပးသြားတယ္ ။

[ White Suit ေလးလို႔ျမင္ေပးပါ ]

" အားရီးဂူး ငါတို႔‌ေဂ်ာင္ဝန္းေလးေတာင္ လက္ထပ္ေတာ့မယ္ဆိုေတာ့ အ႐ြယ္ေတာင္ေရာက္ေနၿပီပဲ။ hyung မ်က္လုံးထဲမွာေတာ့ ပုပုေသးေသး အထက္တန္းေက်ာင္းသားေလးလို႔ပဲ ျမင္‌ေနေသးတာ "

လက္ကိုင္ပုဝါစႏွင့္ မ်က္လုံးကိုတို႔ရင္းေျပာလာတယ္။

" hyung ကလည္း ေနာက္မၾကာမၾကာေတြ႕ၾကမွာပဲကို "

" အင္းပါ ...... ေပ်ာ္ေပ်ာ္႐ႊင္‌႐ႊင္ေနရမယ္ေနာ္ "

" ဟုတ္ကဲ့ပါ ဂ်ယ္ယြန္းhyung "

ပြဲမစခင္ေတာင္ မ်က္ရည္ကက်ခ်င္ေနၿပီ။
ဂ်ယ္ယြန္းhyungကိုေပြ႕ဖက္ထားရင္းနဲ႔ပဲ ပင္လယ္ေလျဖဴးျဖဴးကို ခံစားရတယ္။

ခဏအၾကာ ျပန္ခြာလိုက္ၿပီး ပြဲေနရာဆီေလွ်ာက္သြားလိုက္တယ္။

ပန္းေလးေတြႀကဲထားတဲ့ သစ္သားျပား ေလွ်ာက္လမ္းအစြန္းမွာရပ္ေနရင္း စိတ္လႈပ္ရွားစြာသက္ျပင္းခ်မိတယ္။
တသက္မွာတခါပဲလုပ္ရတဲ့ပြဲမွာ အေကာင္းဆုံးျဖစ္ေစခ်င္တာေတာ့အမွန္။ အဲတာေၾကာင့္ကြၽန္ေတာ္လုပ္ခ်င္တဲ့ လက္ထပ္ပြဲပုံစံကိုေျပာျပေတာ့ ေဂ်းhyungက တေတြမသိမ္းအေကာင္အထည္ေဖာ္ေပးခဲ့တယ္။
ကိုယ့္ရဲ႕ခင္ပြန္းေလာင္းက ေဘာစိႀကီးကိုးး
ဟိဟိ။

‌ေဘးတစ္ဖက္တစ္ခ်က္စီမွာရွိေနတဲ့ ပြဲလာပရိသတ္ေတြက အနည္းငယ္ဆိုေပမယ့္ စိတ္ရင္းႏွင့္ဂုဏ္ျပဳေပးၾကတဲ့သူေတြမလို႔ ၾကည္ႏူးမိတယ္။ ေဆာႏူhyungနဲ႔ ဂ်ယ္ယြန္းhyungဆို ကြၽန္ေတာ့္ကို မ်က္ရည္ဝဲကာ ၾကည့္ေနၾကတယ္။
သူတို႔ရဲ႕ခ်စ္သူေတြကေတာ့ ေဘးကေနႏွစ္သိမ့္ေပးရင္းေပါ့။

ႏွစ္ဖက္မိဘေတြကေတာ့ ေရွ႕ဆုံးအတန္းမွာ အခ်င္းခ်င္းစကားစျမည္ေျပာေနရင္း မန္ေနဂ်ာပက္ေဆာင္းဟြန္း မိုက္ကိုင္‌လိုက္ေတာ့ရပ္သြားၾကတယ္။

အစီအစဥ္မႉးေ႐ြးတုန္းကလည္း တကယ္မလြယ္ခဲ့ပါ။ သူလုပ္မယ္ ငါလုပ္မယ္နဲ႔ ေနာက္ဆုံး မန္ေနဂ်ာပက္ေဆာင္းဟြန္းကႏိုင္သြားလို႔သာ။
' ငါအရင္က MC လုပ္ခဲ့ဖူးတယ္ ' ဆိုတဲ့စကားကို ေဂ်းhyungေထာက္ခံေပး၍ျဖစ္တယ္။

" သတို႔သား ယန္းေဂ်ာင္ဝန္း... ေရာက္လာၿပီျဖစ္တဲ့အတြက္ လက္ထပ္ပြဲစလိုက္ၾကရေအာင္ ။
သတို႔သားႏွစ္ေယာက္ ေနရာယူလို႔ရပါၿပီ။
သီခ်င္းဖြင့္ေပးပါ ..... "

ကြၽန္ေတာ့္ရဲ႕ ဇာတ္လိုက္ႀကီးကို ေျပာဖို႔က်န္ေသးတာပဲ။
တကိုယ္လုံးအျဖဴပဲဝတ္ထားတဲ့ ကြၽန္ေတာ္နဲ႔ အနက္ေရာင္ကိုသာ ဆင္ျမန္းထားတဲ့ ေဂ်းhyung။ မတူကြဲျပားေနေပမယ့္ တေလာကလုံးမွာ အလိုက္ဖက္ဆုံး အေရာင္ႏွစ္ခုေလ။

ဆံပင္အျပာေတြကို တဝက္လွန္တင္ထားရင္း ၿပဳံးျပကာ ကြၽန္ေတာ့္ဆီ ေလွ်ာက္လာေနတဲ့ ေဂ်းhyungက ဒီစၾကာဝဠာႀကီးတစ္ခုလုံးမွာ အေခ်ာဆုံးဆိုတာ ေအာ္ေျပာလိုက္ခ်င္တယ္။

ကြၽန္ေတာ္နဲ႔ဆင္တူ ပန္းေလးကိုရင္ဘတ္မွာထိုးထားၿပီး အနားေရာက္ေတာ့ ကြၽန္ေတာ့္လက္ကိုယူကာ လက္ဖမိုးကိုနမ္းလာတာနဲ႔
တၿပိဳင္နက္ တီးလုံးသံကိုၾကားလိုက္ရတယ္။

🎶 𝑾𝒉𝒆𝒏 𝒚𝒐𝒖𝒓 𝒍𝒆𝒈𝒔 𝒅𝒐𝒏'𝒕 𝒘𝒐𝒓𝒌 𝒍𝒊𝒌𝒆 𝒕𝒉𝒆𝒚 𝒖𝒔𝒆𝒅 𝒕𝒐 𝒃𝒆𝒇𝒐𝒓𝒆

𝑨𝒏𝒅 𝑰 𝒄𝒂𝒏'𝒕 𝒔𝒘𝒆𝒆𝒑 𝒚𝒐𝒖 𝒐𝒇𝒇 𝒐𝒇 𝒚𝒐𝒖𝒓 𝒇𝒆𝒆𝒕

𝑾𝒊𝒍𝒍 𝒚𝒐𝒖𝒓 𝒎𝒐𝒖𝒕𝒉 𝒔𝒕𝒊𝒍𝒍 𝒓𝒆𝒎𝒆𝒎𝒃𝒆𝒓 𝒕𝒉𝒆 𝒕𝒂𝒔𝒕𝒆 𝒐𝒇 𝒎𝒚 𝒍𝒐𝒗𝒆 ?

𝑾𝒊𝒍𝒍 𝒚𝒐𝒖𝒓 𝒆𝒚𝒆𝒔 𝒔𝒕𝒊𝒍𝒍 𝒔𝒎𝒊𝒍𝒆 𝒇𝒓𝒐𝒎 𝒚𝒐𝒖𝒓 𝒄𝒉𝒆𝒆𝒌𝒔

𝑨𝒏𝒅 𝒅𝒂𝒓𝒍𝒊𝒏𝒈 𝑰 𝒘𝒊𝒍𝒍 𝒃𝒆 𝒍𝒐𝒗𝒊𝒏𝒈 𝒚𝒐𝒖 '𝒕𝒊𝒍 𝒘𝒆'𝒓𝒆 70

𝑨𝒏𝒅 𝒃𝒂𝒃𝒚 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒄𝒐𝒖𝒍𝒅 𝒔𝒕𝒊𝒍𝒍 𝒇𝒂𝒍𝒍 𝒂𝒔 𝒉𝒂𝒓𝒅 𝒂𝒕 23

𝑨𝒏𝒅 𝑰'𝒎 𝒕𝒉𝒊𝒏𝒌𝒊𝒏𝒈 '𝒃𝒐𝒖𝒕 𝒉𝒐𝒘

𝒑𝒆𝒐𝒑𝒍𝒆 𝒇𝒂𝒍𝒍 𝒊𝒏 𝒍𝒐𝒗𝒆 𝒊𝒏 𝒎𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔 𝒘𝒂𝒚𝒔

𝑴𝒂𝒚𝒃𝒆 𝒋𝒖𝒔𝒕 𝒕𝒉𝒆 𝒕𝒐𝒖𝒄𝒉 𝒐𝒇 𝒂 𝒉𝒂𝒏𝒅

𝑶𝒉 𝒎𝒆 𝑰 𝒇𝒂𝒍𝒍 𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝒚𝒐𝒖 𝒆𝒗𝒆𝒓𝒚 𝒔𝒊𝒏𝒈𝒍𝒆 𝒅𝒂𝒚

𝑨𝒏𝒅 𝑰 𝒋𝒖𝒔𝒕 𝒘𝒂𝒏𝒏𝒂 𝒕𝒆𝒍𝒍 𝒚𝒐𝒖 𝑰 𝒂𝒎 🎶

ေဂ်းhyungရဲ႕လက္ေမာင္းကို ခ်ိတ္တြယ္လိုက္ၿပီး ေျခလွမ္းေတြတူတူစတင္လိုက္တယ္။
ပင္လယ္ျပာႀကီးကို ေရွးရႉၿပီး ေဂ်းhyungနဲ႔သာဆို ကမာၻေျမအဆုံးထိသြားပစ္မယ္လို႔ ေတြးမိေသးတယ္။

သီခ်င္းစာသားထဲကလို ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ခ်စ္မိၾကတာထူးျခားဆန္းျပားတဲ့ နည္းေတြေၾကာင့္မဟုတ္ဘဲ ပထမဆုံးအၾကည့္မွာတင္မလား။ အဲ့ဒီတုန္းက Taxi ခေခ်းခဲ့ရတဲ့လူႀကီးက အခုကိုယ့္ေဘးမွာ ဘဝတစ္သက္စာ လက္တြဲေဖာ္အျဖစ္ ေလွ်ာက္လွမ္းေနရမယ္လို႔ ဘယ္ထင္ထားခဲ့မလဲ။

🎶 𝑺𝒐 𝒉𝒐𝒏𝒆𝒚 𝒏𝒐𝒘 ...

𝑻𝒂𝒌𝒆 𝒎𝒆 𝒊𝒏𝒕𝒐 𝒚𝒐𝒖𝒓 𝒍𝒐𝒗𝒊𝒏𝒈 𝒂𝒓𝒎𝒔

𝑲𝒊𝒔𝒔 𝒎𝒆 𝒖𝒏𝒅𝒆𝒓 𝒕𝒉𝒆 𝒍𝒊𝒈𝒉𝒕 𝒐𝒇 𝒂 𝒕𝒉𝒐𝒖𝒔𝒂𝒏𝒅 𝒔𝒕𝒂𝒓𝒔

𝑷𝒍𝒂𝒄𝒆 𝒚𝒐𝒖𝒓 𝒉𝒆𝒂𝒅 𝒐𝒏 𝒎𝒚 𝒃𝒆𝒂𝒕𝒊𝒏𝒈 𝒉𝒆𝒂𝒓𝒕

𝑰'𝒎 𝒕𝒉𝒊𝒏𝒌𝒊𝒏𝒈 𝒐𝒖𝒕 𝒍𝒐𝒖𝒅

𝑴𝒂𝒚𝒃𝒆 𝒘𝒆 𝒇𝒐𝒖𝒏𝒅 𝒍𝒐𝒗𝒆 𝒓𝒊𝒈𝒉𝒕 𝒘𝒉𝒆𝒓𝒆 𝒘𝒆 𝒂𝒓𝒆 🎶

ရပ္သြားတဲ့ သီခ်င္းသံနဲ႔အတူ လက္ထပ္ပြဲကိုအသိအမွတ္ျပဳ‌ ေပးမည့္ priest ေရွ႕တြင္ ရပ္တန႔္မိတယ္။
ေဂ်းhyungနဲ႔ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္ၿပီး
အၾကည့္ခ်င္းဆုံလိုက္ေတာ့ ကြၽန္ေတာ့္ကိုျမတ္ႏိုးမႈအျပည့္နဲ႔ ၿပဳံးျပလာတယ္။
ကြၽန္ေတာ္လည္းျပန္ၿပဳံးျပလိုက္ေတာ့ ပါးေပၚကိုလက္တစ္ဖက္နဲ႔ ထိေတြ႕လာတယ္။
ပါးခ်ိဳင့္ေတြ........

ကြၽန္ေတာ္ၿပဳံးတိုင္း အသည္းယားၿပီးလိုက္နမ္းေနၾက ပါးခ်ိဳင့္ေတြ ။ အခုက လူအမ်ားေရွ႕မွာေကာ လက္ထပ္ပြဲျဖစ္ေနတာေၾကာင့္ ထိ႐ုံတင္ပဲေက်နပ္လိုက္ရတဲ့အမူအရာ။

" သတို႔သား ပက္ဂ်ဳံ‌ေဆာင္းသည္ ... သတို႔သား ယန္းေဂ်ာင္ဝန္းကို အသက္ထက္ဆုံး ေအးအတူပူအမွ် သစၥာရွိရွိေပါင္းသင္း ႏိုင္ပါသလား "

Priest ရဲ႕စကားအဆုံး ကြၽန္ေတာ့္ကို ေသခ်ာၾကည့္ကာ ေလးေလးနက္နက္ျဖင့္

" ေပါင္းသင္းႏိုင္ပါတယ္ ..... ကေလးကို ဘယ္ေနရာ ဘယ္အခ်ိန္ေရာက္ေရာက္ မေျပာင္းလဲတဲ့ အခ်စ္ျဖင့္ ေစာင့္ေရွာက္ၿပီး ေသျခင္းတရားကလြဲ မခြဲႏိုင္ေစရပါဘူး "

နားေထာင္ရင္းနဲ႔ပင္ မ်က္ရည္ေတြဝဲလာၿပီျဖစ္တယ္။
ဒီတခါ priest က ကြၽန္ေတာ့္ဘက္လွည့္လာၿပီး

" သတို႔သား ယန္းေဂ်ာင္ဝန္းကလည္း သတို႔သားပက္ဂ်ဳံေဆာင္းကို အသက္ထက္ဆုံး ေအးအတူပူအမွ် သစၥာရွိရွိေပါင္းသင္း ႏိုင္ပါသလား "

" ေဂ်းhyung ေျပာသလို ေသျခင္းတရားကလြဲၿပီး မခြဲဘဲ အရာအားလုံး တူတူေက်ာ္ျဖတ္ၿပီး ေသတဲ့အထိခ်စ္ေပးကာ ေပါင္းသင္းသြားပါ့မယ္ "

" လက္စြပ္လဲလွယ္လို႔ရပါၿပီ "

ကိုယ္စီအိတ္ကပ္ထဲထည့္ထားၿပီးသား လက္စြပ္ကိုထုတ္လိုက္ကာ ေဂ်းhyungလက္ကိုဆြဲၿပီး ဝတ္ေပးလိုက္တယ္။
ေဂ်းhyungကလည္း ကြၽန္ေတာ့္လက္သူႂကြယ္ထက္ ဒုတိယအႀကိမ္ေျမာက္ဝတ္ေပးလိုက္ကာ လက္စြပ္‌ေနရာေလးကိုနမ္းလာျပန္တယ္။

" ဒါဆို ဒီလက္ထပ္ပြဲကို ကန႔္ကြက္မယ့္သူ ရွိပါသလား။
ရွိပါသလား......
ကန႔္ကြက္မယ့္သူ ရွိပါသလား......။ "

Priest မွ ပရိသတ္ဘက္ဆီလွည့္ကာေမးေတာ့ အကုန္လုံးက တိတ္ဆိတ္ေနလ်က္။

" မရွိဘူးဆိုရင္ လက္ထပ္ပြဲ အထေျမာက္သြားပါၿပီ ။ သတို႔သားႏွစ္ေယာက္ အၾကင္နာေပးႏိုင္ပါၿပီ"

စကားဆုံးတာနဲ႔ နီးကပ္လာတဲ့ ေဂ်းhyungနဲ႔အတူ
ႏႈတ္ခမ္းထက္ကေႏြးေထြးတဲ့အထိအေတြ႕။
လက္ခုပ္သံေတြလည္း ညံလ်က္။

" ဝိုးးးးးး ခ်ဴးခါးဟဲ..... ေဂ်ာင္ဝန္းနား "

ေအာ္ဟစ္ကာ ဂုဏ္ျပဳေပးလာတဲ့
ေဆာႏူhyungေၾကာင့္ အသံထြက္ေအာင္ရယ္မိသြားတယ္။

" ေက်းဇူးပါ hyung "

စင္ေပၚတက္လာကာ ေပြ႕ဖက္လာေတာ့ ကြၽန္ေတာ္လည္း တင္းေနေအာင္ျပန္ဖက္လိုက္တယ္။

" ကဲ ...... အခုေနာက္ဆုံးအစီအစဥ္အေနနဲ႔
အမွတ္တရဓာတ္ပုံ႐ိုက္ၾကရေအာင္ပါ "

မန္ေနဂ်ာပက္ေဆာင္းဟြန္းရဲ႕ ေၾကညာခ်က္အဆုံး အကုန္လုံးစင္ေပၚတက္လာကာ စုေဝးေနၾကတယ္။

ကြၽန္ေတာ္တို႔သတို႔သားႏွစ္ေယာက္ေဘးမွာ ႏွစ္ဖက္မိဘ‌‌ေတြေနရာယူၿပီး အေနာက္မွာေတာ့
ဂ်ယ္ယြန္းhyung ၊ မန္ေနဂ်ာပက္ေဆာင္းဟြန္း ၊ ေဆာႏူhyung ၊ နီခီ ၊ ဌာနမႉးအီ ၊ အမခြၽဲအြန္းဆို နဲ႔ ဌာနကလူတခ်ိဳ႕။

" ႐ိုက္ပါေတာ့မယ္ 1.....2......3 ခ်လပ္! "

ဓာတ္ပုံဆရာမွတိုင္ပင္ေခၚကာ႐ိုက္ၿပီးေနာက္ လူစုခြဲသြားၾကတယ္။

" သတို႔သား ႏွစ္ေယာက္တည္း႐ိုက္ဦးမယ္ေနာ္ "

" ေကာင္းေကာင္း႐ိုက္ေပးေနာ္ ။ မလွရင္ႏွစ္ဆျပန္ေတာင္းပစ္မယ္ "

" ‌ေအးပါကြ "

ေဂ်းhyung သူငယ္ခ်င္းျဖစ္တာေၾကာင့္ ေပါ့ေပါ့ပါးပါးေျပာကာ စေနာက္ေနၾကသည္။

" ခဏ ခဏ .... ေရာ့ ဒီအ႐ုပ္ေလးေတြပါ ကိုင္ၿပီး႐ိုက္လိုက္ "

ေၾကာင္႐ုပ္ေလးႏွစ္႐ုပ္ကို ကြၽန္ေတာ့္လက္ထဲထည့္ေပးကာ ကင္မရာျမင္ကြင္းကျပန္ေရွာင္သြားတဲ့ ေဆာႏူhyung။
ေသခ်ာၾကည့္မိေတာ့မွ ကြၽန္ေတာ္လို အျဖဴေရာင္ဝတ္စုံေလးနဲ႔ ေၾကာင္ဝါ႐ုပ္ေလးၿပီးေတာ့ ေဂ်းhyungလိုမ်ိဳး အမည္းေရာင္ဝတ္စုံေလးနဲ႔ ေၾကာင္နက္ေလး။

အနက္ေပၚအနက္ထပ္ေနေတာ့ နည္းနည္းေတာ့ရယ္စရာေကာင္းေပမယ့္ ေဂ်းhyungနဲ႔တူၿပီးခ်စ္ဖို႔ေကာင္းလို႔ လက္ထဲပိုက္ထားလိုက္တယ္။
ေၾကာင္ဝါေလးကိုေတာ့ ေဂ်းhyungကပိုက္ထားလ်က္။

လက္ေတြဆုပ္ကိုင္ထားရင္း ကင္မရာကိုၾကည့္ကာ ၿပဳံးျပလိုက္တယ္ ။

" Ok ...... ေနာက္အခ်င္းခ်င္းၾကည့္ေနတဲ့ပုံေလး လုပ္ပါဦး "

ဓာတ္ပုံဆရာ ၫႊန္ၾကားတဲ့အတိုင္း ေဂ်းhyungနဲ႔ မ်က္ႏွာခ်င္းဆိုင္ၿပီး ၾကည့္လိုက္တယ္။
ေသခ်ာေပါက္ ပါးခ်ိဳင့္ေလးေတြေပၚေအာင္ ၿပဳံးျပရင္းေပါ့။

" Ok ..... လွတယ္ဗ်ာ "

ဓာတ္ပုံေတြ ပုံထြက္လွလားသြားၾကည့္ဖို႔လုပ္ေပမယ့္ လက္ကိုလွမ္းဆြဲကာ အနမ္းေတြပုံေဖာ္လာတဲ့ ေဂ်းhyung ။

" ဝိုးးးးး ဒီပို႔စ္ အလွဆုံးပဲ"

ခဏအၾကာ အနမ္းေတြရပ္ၿပီး နဖူးခ်င္းေတ့ထားကာ ႏူးႏူးညံ့ညံ့ၿပဳံးျပလာတယ္။

" အရမ္းခ်စ္တယ္ ကိုယ့္ရဲ႕ပက္ေဂ်ာင္ဝန္းေလး "

" ကြၽန္ေတာ္လည္း ခ်စ္တယ္ ေဂ်းhyung "

ဒီအခိုက္အတန႔္မွာ ေရွ႕ဆက္ေလွ်ာက္လွမ္းရမယ့္အနာဂတ္ကို မိုးနတ္မင္းႀကီးက ဘယ္လိုခ်မွတ္ထားပါေစ ေဂ်းhyungနဲ႔သာဆိုရင္ ေနာင္တမရစတမ္းျဖတ္ေက်ာ္မိမယ္လို႔ ေတြးထင္မိတယ္။
ႏွစ္ေယာက္တည္းျဖတ္သန္းရမယ့္ ေန႔ရက္ေတြ အေကာင္အထည္ေပၚလာၿပီဆိုကာ ေတြးမိတိုင္း ၾကည္ႏူးမိတာ တသိမ့္သိမ့္။

ေရွ႕ေလွ်ာက္အမ်ားႀကီး ခ်စ္ၿပီးဆိုးႏြဲ႕ဦးမွာမလို႔ ေဂ်းhyungကို သည္းခံေပးပါလို႔ စိတ္ထဲကေနသာႀကိတ္ေျပာလိုက္တယ္။

~~ 𝑻𝒉𝒆 𝑬𝒏𝒅 ~~

_________ A/N _________

ဒီအပိုင္းကိုမခြဲခ်င္လို႔အမ်ားႀကီး တခါတည္းေပါင္းေရးမိလိုက္တယ္။ ေရးမၿပီးမခ်င္း စိတ္မေအးလို႔ အေျပးလာေရးၿပီး တင္ေပးလိုက္ပါၿပီ။

Polt အမ်ားႀကီးမရွိတာေတာင္
အခုခ်ိန္ထိ ဖတ္ရႉေပးၾကတဲ့ သူေတြတစ္ေယာက္ခ်င္းဆီကို ေက်းဇူးတင္ပါတယ္ ❤️
fb‌ ေလးေတြ votes ေတြ ေပးခဲ့ၾကတဲ့သူေတြကိုလည္း အထူးးးးး ေက်းဇူးတင္ပါတယ္ 💕

ဒီထက္ပိုေကာင္းေအာင္ႀကိဳးစားရင္း ျပန္လာခဲ့ပါဦးမယ္။
သာသာေဆာအြန္ကိုလည္း မေမ့သြားၾကပါနဲ႔ဦး🐈💙

𝓣𝓱𝓪𝓷𝓴𝓼 𝓕𝓸𝓻 𝓡𝓮𝓪𝓭𝓲𝓷𝓰 💓

Continue Reading

You'll Also Like

11.4K 1.2K 20
"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."
92.6K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
295K 50.7K 63
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
11K 1.1K 23
ဘယ်အရာတွေဘဲ တားဆီးတားဆီးကိုယ်မင်းကိုဘယ်တော့မှလက်လွတ်မှာမဟုတ်ဘူး