My Cherry Will Explode in the...

By tobefly_highhigh

668K 96.1K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》

6.1K 1K 14
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 39

Author: Drunken Light Song
Source: Jostena M
Translator: オタク

【 Unicode 】

Sမြို့သည် စီရင်စုအဆင့်မြို့တစ်မြို့သာဖြစ်၏။ ထို့ကြောင့် အနီးအနားတွင် စစ်ရေးကွပ်ကဲမှုကြီးကြီးမားမားမရှိပေ။ မြောက်ပိုင်းခရိုင်အပြင်ဘက်တွင် စစ်တန်းလျားများဖြင့် တပ်မဟာတစ်ခုသာတည်ရှိ၏။ သွေးစွန်းသောလ၏ညတစ်ညတွင် စစ်တန်းလျားများတွင် ထိတ်လန့်ကြောက်မက်ဖွယ် အထိကရုဏ်းတစ်ခုဖြစ်ပွားခဲ့ပြီး အသေအပျောက်များစွာရှိခဲ့၏။

ထိုအချိန်က သွေးစွန်းသောလသည် ညအချိန်၌ ဖြစ်ပေါ်ခဲ့၏။ စစ်သားများသည် ၎င်းတို့၏ရဲ‌ဘော်ရဲဘက်များက အိပ်ပျော်နေရင်း တိတ်တဆိတ်သေဆုံးသွားခဲ့ကြပြီး လူသားစားမကောင်းဆိုးဝါးများဖြစ်လာမည်ကို မည်သို့သိနိုင်ပါမည်နည်း။

ကံကောင်းစွာဖြင့် စစ်သားများသည် ကောင်းမွန်စွာ လေ့ကျင့်ထားကြပြီး မကြာခင်မှာပင် သူတို့၏ သန္ဓေပြောင်းလဲသွားသောရဲဘော်ရဲဘက်များသည် လူသားများမဟုတ်ကြတော့ဘူးဆိုသည်ကို ရှာတွေ့သွားခဲ့ကြ၏။ အစပိုင်း‌တွင် ဗရမ်းဗတာများဖြစ်ပျက်ပြီးနောက် သူတို့သည် ဖုတ်ကောင်များအားလုံးကို သုတ်သင်လိုက်ကြ၏။

သို့သော် စစ်တန်းလျားများကို ပြန်လည်ပြင်ဆင်ကြပြီးနောက် လေးနာရီထက်နည်းသည့်အချိန်နောက်တွင် တခြားအသွင်ပြောင်းလဲခြင်းဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြချေ။

ပထမဆုံးအကြိမ်တွင် လူများစွာသည် ဘာတွေဖြစ်ပျက်သွားခဲ့သည်ကို နားမလည်နိုင်ခဲ့ကြချေ။ သူတို့သည် သူတို့၏ အတူတကွတိုက်ပွဲ၀င်ခဲ့ကြသောရဲဘော်ရဲဘက်များကို ပစ်ခတ်ရန်မဝံ့ရဲကြဘဲ နှိမ်နင်းရန်ကြိုးပမ်းကြချိန်တွင် မတော်တဆဒဏ်ရာရခဲ့ကြကုန်၏။

အထိတ်တလန့်ဖမ်းဆီးခဲ့ကြပြီး စစ်သားများသည်  ၎င်းတို့၏ အရင်ရဲဘော်ရဲဘက်များကြောင့် ဒဏ်ရာရခဲ့ကြပြီးနောက် ရုတ်တရက်အသွင်ကူးပြောင်းကုန်ကြ၏။ လူခုနစ်ထောင်ထက်များသည့် တပ်မဟာတစ်ခုလုံးသည် နောက်ဆုံး၌ တပ်ရင်းနှစ်ခုစာထက်နည်းနည်းသာကျန်ခဲ့တော့လေ၏။ တပ်မဟာ၏ တပ်မမှူးသည်ပင် ရောဂါပိုး၏သားကောင်ဖြစ်ခဲ့ရပြီး အမိန့်ပေးခြင်းကို  တပ်ရင်းအမှတ် ၈ ၏တပ်ရင်းမှူးမှ ယာယီတာ၀န်ယူခဲ့ရ၏။

အမှတ် ၈ တပ်ရင်း၏ တပ်ရင်းမှူးသည် အခြေအနေများကို ယာယီ ရှင်းလင်းထားပြီး အခြေအနေအားသတင်းပို့ရန်နှင့် နောက်ထပ်ညွှန်ကြားမှုများကိုတောင်းခံရန် အထက်နှင့်ဆက်သွယ်ချင်ခဲ့သည်။ သို့သော်ငြားလည်း ဆက်သွယ်ရေးချန်နယ်များသည် ဘာကြောင့် ပေးပို့လိုက်သည်များအားလုံးကို ပြန်လည်ဖြေကြားခြင်းမရှိသည်ကို မသိခဲ့ရပေ။

ထိုသို့သော ပြတ်တောက်မှုများသည် စစ်တန်းလျားများကို ထိန်းချုပ်ကန့်သတ်ထားခြင်းမဖြစ်နိုင်လောက်ဟု နားလည်ကာ အပြင်ဘက်သို့ စစ်တမ်းများကောက်ယူရန် စေလွှတ်လိုက်၏။ အသေအချာပင် မြို့တစ်မြို့လုံးသည် ဗရမ်းပတာဖြစ်နေခဲ့ပြီး လူများကိုစားသောက်နေသော ဖုတ်ကောင်များကို နေရာအနှံ့တွင်တွေ့ရ‌ကြောင်း သိလိုက်ရလေ၏။

လူများကိုကာကွယ်ရန်မှာ စစ်သားများ၏ တာ၀န်သာဖြစ်ပေ၏။ တပ်ရင်းမှူးသည် ဦးဆောင်ကာ လူများကိုကယ်တင်ရန် အမိန့်ပေးလိုက်၏။

သို့သော်လည်း နေ့တစ်နေ့၏ အပူချိန် အလွန်ပူပြင်းမှုက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် တကယ်အဆင်မပြေလှပေ။ သူတို့သည် ပူပြင်းလှသောအပူဒဏ်ကိုခံနိုင်ရည်ရှိပြီး  နေပူကျဲကျဲတွင် လူအများကို ပြေးလွှား ကယ်ဆယ်နိုင်သော်လည်း သူတို့ကယ်ဆယ်ချင်သူလူများမှာတော့ ၎င်းကိုခံနိုင်ရည်ရှိမည်မဟုတ်ချေ။ ထို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ညဘက်သို့ပြောင်းလဲရုံသာတတ်နိုင်ကြတော့၏။ သူတို့တွင် စစ်သားနည်းနည်းလေးသာရှိပြီး ဖုတ်ကောင်များက ပိုများလှပေ၏။ ဖုတ်ကောင်များကို သုတ်သင်ဖို့ရန် လွယ်ကူလှသည်တော့မဟုတ်ချေ။ ရက်အနည်းငယ်အတွင်း လူပေါင်း တစ်ထောင်မှ နှစ်ထောင်အထိသာ ကယ်တင်နိုင်ခဲ့၏။

စစ်တန်းလျားများတွင် သိုလှောင်ထားသော စားနပ်ရိက္ခာနှင့်ရေများ အများအပြားရှိသော်လည်း လူထောင်ပေါင်းများစွာ၏လိုအပ်ချက်များကို ရေရှည်ထောက်ပံ့ပေးနိုင်မည်မဟုတ်ချေ။ ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်မှာပင် သူတို့သည် ‌ရိက္ခာများကို စုဆောင်းရန်နည်းလမ်းများကို ရှာဖွေရန် လိုအပ်နေပြန်၏။

ခဲယမ်းများကို ထပ်မံဖြည့်တင်းရန်နည်းလမ်းမရှိ၍ စစ်သားများ၏ ပစ်ခတ်မှုအရေအတွက်ကိုသာ ထိန်းချုပ်ရုံသာရှိဝောာ့သဖြင့် ၎င်းသည် သူတို့၏ စစ်ဆင်ရေးများကို ပို၍အန္တရာယ်များစေခဲ့၏။  သို့သော် တိုင်းပြည်နှင့် ပြည်သူများအတွက် စစ်သားများသည် ၎င်းတို့၏သေခြင်းတရားများကို အကြိမ်ကြိမ် သတ္တိရှိရှိဖြင့် တွန်းလှန်ခဲ့ကြ၏။

လူများကို ပိုပိုပြီး ကယ်တင်နိုင်သည်နှင့်အမျှ စစ်သားများပို၍ ပို၍ သေဆုံးခဲ့ရ၏။ နောက်ပိုင်းတွင် ရေနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်သွားပြီး တပ်ရင်းမှူးမှနေ၍ ကယ်တင်ထားသောလူများကို အတူတကွအပြင်ထွက်ကာ တခြားလူများကိုကယ်တင်ရန်နှင့် ပစ္စည်းကိရိယာများစုဆောင်းဖို့ရန်အတွက် စုစည်းရန် ဆုံးဖြတ်လိုက်၏။

မမျှော်လင့်စွာဖြင့် ကယ်တင်ခံရသည့်လူများထံမှ ကြီးမားသောတုန့်ပြန်မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့၏။ သူတို့သည် ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါ၀င်ကာ နောက်ထပ်ပိုများသောအသက်ရှင်ကျန်ရစ်သူများကို ခေါ်ဆောင်လာရန် ငြင်းဆန်ကြလေ၏။ သူတို့၏အမြင်တွင် စစ်တန်းလျားများသည် မြင့်မားသောနံရံများ၊ ကင်းစောင့်မျှော်စင်များနှင့် ထူထဲခိုင်ခံ့သောသံဂိတ်တံခါးများနှင့် အလွန်လုံခြုံ၏။ သူတို့သာအထဲတွင်နေပါက ဖုတ်ကောင်များကို လုံး၀စိုးရိမ်နေစရာမလိုအပ်ချေ။ ထို့အပြင် သူတို့အနေဖြင့် အပြင်သို့ထွက်ပြီး နောက်ထပ်စွန့်စားမှုများလုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ချေ။

တချို့လှည့်စားသူများ၏လှုံ့ဆော်မှုများအောက်တွင် နှစ်ဦးနှစ်ဖက်ကြားတွင် ပဋိပက္ခများ ဆက်၍ကြီးထွားလာကြ၏။ နောက်ပိုင်း၌ စစ်တန်းလျားဆီသို့ စွမ်းရည်အသုံးပြုသူနှစ်ဦးရောက်လာခဲ့ပြီး တစ်ဦးသည် မီးကိုထိန်းချုပ်နိုင်သောစွမ်းရည်နှင့်ဖြစ်ပြီး အခြားတစ်ဦးသည် အလွန်လျင်မြန်သောအရှိန်နှင့်ဖြစ်လေ၏။

စွမ်းရည်အသုံးပြုသူများထွက်ပေါ်လာမှုသည် နှစ်ဖက်အကြား အခြေအတင်ဖြစ်နေသည့်အခြေအနေကို သိသိသာသာကိုပင် ဆိုးရွားသွားစေခဲ့၏။ ကယ်တင်ခံရသည့်လူများသည် ထိုစစ်သားများ၏ကာကွယ်မှုကို မလိုအပ်ဟုမြင်နေကြပုံရပြီး ၎င်းတို့သဘောထားများ ပိုဆိုးလာခဲ့ကြ၏။

အနီရောင်မိုးရောက်ရှိလာခြင်းသည် စစ်တန်းလျားအားနောက်တစ်ကြိမ် ဖရိုဖရဲဖြစ်စေခဲ့ပြန်၏။ တချို့လူများသည် အနီရောင်မိုးရေထိမှန်ပြီး ဖုတ်ကောင်များအဖြစ်သို့ပြောင်းလဲသွားကုန်ကြ၏။ အနီရောင်မိုးရေသည် ပိုမိုဆိုးရွားသော အကျိုးဆက်များကို ယူဆောင်လာခြင်းမှကာကွယ်ရန် စစ်သားများသည် တစ်နေ့လုံးနှင့် တစ်ညလုံး နေခဲ့ကြရပြီး မိုးရပ်တန့်သွားဖို့စောင့်နေခဲ့ကြကာ နောက်ဆုံး မိုးရပ်တန့်သွားမှသာ သူတို့စိတ်သက်သာရာရသွားကြလေ၏။

သို့သော်လည်း သူတို့, စစ်သားများ ပင်ပန်းနေချိန်တွင် တခြားသူများမှ အခွင့်ကောင်းယူကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ သူတို့သည် စစ်တန်းလျားများ၏ လက်နက်တိုက်များကို လုယက်ကာ သူတို့အား ကယ်တင်ခဲ့သော စစ်သားအားလုံးကို အကျဉ်းချထားခဲ့ကြလေ၏။

ကျောက်ပင်းနှင့် သူ့လူများသည် သူတို့ထွက်သွားရန် တွန်းအားပေးခဲ့ခဲ့ကြရသော်လည်း သူတို့သည် ဒဏ်ရာရနေကြပြီးဖြစ်လေ၏။ သူတို့သည် တစ်လမ်းလုံး ဤနေရာအထိ ပြေးလာခဲ့ကြပြီး သူတို့ဆေးရုံကိုမြင်လိုက်ချိန်တွင် ထိုနေရာသို့ အမြန်မောင်းသွားခဲ့ကြ၏။

“အဲ့လိုလူတွေ! အဲ့လိုလူတွေ! သူတို့ကိုကယ်ခဲ့တာ ဘယ်သူတွေလဲလို့တောင် မတွေးခဲ့ကြဘူး! သူတို့တကယ်ကြီး ငါတို့ရဲ့ လက်နက်တိုက်ကို ဓားပြတိုက်ပြီး ငါတို့ကို ပစ်ရဲတယ် ”

စစ်သားငယ်လေးသည် ပိုပြောလေလေ သူပိုပြီး ဒေါသထွက်လာလေလေပင်။

“ဟုတ်တယ်! အဲ့ဒိလူတွေ သေခြင်းတရားကို တိုက်ခိုက်ဖို့ အပြင်ကိုကျ မထွက်ရဲဘူး ငါတို့ကိုကျ တိုက်ခိုက်ရဲတယ်! ”

တခြားတစ်သားလေးကလည်း မထိန်းထားနိုင်တော့ချေ။

“ဟုတ်ပါပြီ! ”

ကျောက်ပင်းသည် မျက်မှောင်ကျုတ်လိုက်ပြီး ‌တခြားအရာ‌ တွေကိုပြောဆိုခြင်းမှ ကာကွယ်လိုက်၏။

“ဆေးဝါးတွေကိုရှာဖွေပြီး တခြားသူတွေကို အရင်ဆုံးကုသဖို့နည်းလမ်းတွေရှာကြ!”

“ဟုတ်ကဲ့ပါ တပ်စုခေါင်းဆောင် ”

ကျောက်ပင်းစကားပြောလိုက်ပြီး သူ့ရဲဘော်များသည် သဘာ၀အတိုင်း နားထောင်ကြလေ၏။ သူတို့တွင် ပြောစရာများကျန်နေသေးသော်လည်း သူတို့ချက်ချင်းပင် လူစုခွဲလိုက်ကြ၏။ ဒဏ်ရာရသူများကို သယ်ဆောင်လာသူများသည် ဆေးကုခန်းနှစ်ခု၏တံခါးများကို ကန်ဖွင့်လိုက်ကြကာ ဒဏ်ရာရသူများကို လူနာကုတင်များပေါ်သို့နေရာချထားလိုက်ကြ၏။ 

လူတိုင်း(ကျန့်ယွင်တို့အဖွဲ့)သည် စစ်သားများ၏စကားများကို ကြားခဲ့ကြရ၏။ သူတို့အချင်းချင်းကြည့်လိုက်ကြပြီး တွေးလိုက်ကြ၏။ ကမ္ဘာပျက်ကပ်ကြီးအတွင်းက လူသားများ၏ နှလုံးသားများသည် ခန့်မှန်း၍မရနိုင်ပေ။

ကျောက်ပင်းသည် နံရံကို မတည်မငြိမ်ဖြင့် မှီလိုက်ပြီး သူ့အိတ်ကပ်ထဲမှ ပြားကပ်နေသော စီးကရက်ဘူးကိုထုတ်ယူလိုက်ကာ ဘူးထဲမှ နောက်ဆုံးကျန်သော တစ်လိပ်ကိုမီးညှိလိုက်ပြီး ခပ်ပြင်းပြင်း ရှူသွင်းလိုက်လေ၏။

“မင်းရဲ့ စစ်တန်းလျားမှာ စွမ်းရည်တစ်ခုခုနိုးထလာတဲ့သူ တစ်ယောက်မှ မရှိဘူးလား? ”

‌ကျန့်ယွင်သည် ကျောက်ပင်းဆီသို့သွားကာ မေးလိုက်၏။

သူတို့၏ စကားများအရ ထိုစွမ်းရည်အသုံးပြုသူများသည် အပြင်ဘက်မှ ရောက်လာခြင်းဖြစ်သည်။ ၎င်းသည် သူတို့၏ တပ်စခန်းအတွင်းတွင် စွမ်းရည်အသုံးပြုသူမရှိသည့်ပုံရ၏။

ကျောက်ပင်းသည် မျက်မှောင်ကျုတ်ကာ ခေါင်းခါလိုက်၏။ ထို စွမ်းရည်ဟုခေါ်သည့်အရာများ မည်သို့နိုးထလာသည်ကို မသိကြသေးပေ။

ကျန့်ယွင်သည် မမေးမြန်ခင် သူ့ကိုယ်သူ တိုးတိုးလေးညည်းညူလိုက်၏။

“ဒါဆို ဖုတ်ကောင်တွေဆီက အကုတ်ခံရ အကိုက်ခံရတဲ့သူတွေကို မင်းတို့ဘယ်လိုဖြေရှင်းကြလဲ? ”

ကျောက်ပင်း၏မျက်နှာသည် နာကျင်မှုတစ်ခု ဖြတ်ခနဲပေါ်လာလေ၏။ သူသည် သူ့မျက်လုံးများကို မှိတ်လိုက်ပြီး နောက်တစ်ကြိမ်ခေါင်းခါလိုက်ပြန်၏။ သိသိသာသာကိုပဲ ဒဏ်ရာရသူများသည် သတ်သေခြင်းသို့မဟုတ် အသတ်ခံကြရသည်သာ။

စုရွေ့ကျယ်သည် တစ်ဖန် သက်ပြင်းချလိုက်၏။ သူ့အရင်ဘ၀၏ အစောပိုင်းနေ့ရက်များတွင် ဖုတ်ကောင်ရောဂါပိုး၏ မြင့်မားသော ကူးစက်နှုန်းကြောင့် ဖုတ်ကောင်တစ်ကောင်ဆီမှ အကုတ်ခံရ၊အကိုက်ခံရသည့် လူတိုင်းသည် သူတို့သေချာပေါက် သေကြရတော့မည်ဟု အချိန်အတော်ကြာ ထင်နေခဲ့ကြ၏။ တစ်နည်းအားဖြင့် မည်သို့ဖြင့်  များစွာသောစွမ်းရည်များနိုးထလာမည်ကို မသိခဲ့ကြချေ။

ကျန့်ကျားဟယ်နှင့် ဝူကျင်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြပြီး သူတို့စိတ်ထဲတွင် ၀မ်းနည်းခြင်းများ ပြည့်နှက်လာလေ၏။ အကယ်၍သူတို့သာ စုရွေ့ကျယ်နှင့် မဆုံခဲ့ရပါက အချိန်အကြာကြီးကတည်းက သူတို့သေပြီးနေပြီဖြစ်၏။

ကျောက်ပင်းသည် သူတို့၏ အမျိုးအမည်မဖော်ပြနိုင်သော မျက်နှာများကို မြင်ပြီး သူ့နှလုံးသားသည် စူးစူးရှရှ နစ်မြှုပ်သွားခဲ့ရလေ၏။

“ဒီလူတွေကို ကယ်တင်နိုင်ပါအုံးမလား? ”

“ရောဂါပိုးကူးစက်ခံရသူအားလုံးက ဖုတ်ကောင်ဖြစ်လာမှာမဟုတ်ဘူး။ သူတို့တွေလည်း စွမ်းရည်တွေရလာနိုင်လိမ့်မယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကတော့ ကျိန်းသေမရှိဘူး။ ”

ကျန့်ယွင်သည် အမှန်အတိုင်းဖြေဆိုဖို့ သေသေချာချာလးလေးနက်နက်တွေးလိုက်၏။ အကယ်၍ သူဘာမှမပြောခဲ့ဘူးဆိုရင်တောင် နောက်ပိုင်းကျသူတို့ရှာတွေ့လာကြမှာပါပဲ။

‌ကြည်လင်သောကောင်းကင်မှ မိုးကြိုးတစ်ခုကဲ့သို့ပင် ကျောက်ပင်းသည် ချက်ချင်းပင် မိမိကိုယ်ကိုယ် ပြစ်တင်ရှုတ်ချခြင်းကြီးစွာဖြစ်သွားပြီး ၀မ်းပန်းတနည်းဖြစ်သွားရတော့၏။ ဖုတ်ကောင်အကိုက်ခံရပြီနောက် သတ်သေဖို့ရွေးချယ်ခဲ့ကြသည့် စစ်သားဘယ်လောက်များများရှိကြောင်း သူမသိတော့ပေ။ တစ်ဦးချင်းစီတိုင်းသည် အဖိုးတန်သော ဘ၀တစ်ခုပင်!

“တပ်စုခေါင်းဆောင်! တပ်စုခေါင်းဆောင် ! ”

ဆေးကုခန်းအထဲမှ စစ်သားတစ်ယောက်၏ စိုးရိမ်ပူပန်နေသော ခေါ်သံ ရုတ်တရက်ထွက်လာလေ၏။

ကျောက်ပင်းသည် သူ့တစ်၀က်တပြတ် စီးကရက်ကို ပစ်ထုတ်လိုက်ပြီး ခြေသုံးလှမ်းစာကို ခြေနှစ်လှမ်း‌နှင့် ပြေးထွက်သွားလေတော့၏။

“ဘာမှားနေလို့လဲ? ”

“လောင်ဆန်း၊ သူ..သူ ဖုတ်ကောင်တစ်ကောင်ကုတ်တာခံခဲ့ရတယ်! ”

(TN/ လောင်ဆန်း( Lao San )သည် တတိယ/သုံးယောက်မြောက် ညီအစ်ကို/သူငယ်ချင်း တွေထဲက နံပါတ်စဉ်နဲ့ခေါ်ကြတာပါ)

လူနာတင်စင်ပေါ်တွင် လဲလျောင်းနေသော ဒဏ်ရာရထားသည့်လူ၏ အသားအရည်သည် အနီရောင်သို့ပြောင်းနေကာ သူ့နဖူးသည် ချွေးများဖြင့်ဖုံးလွှမ်းနေပြီး သူ့အ၀တ်အစားများကို ချွတ်ထားပြီးဖြစ်၏။ သူ့ပုခုံးပေါ်ရှိ ထိုးဖောက်ခံထားရသော ဒဏ်ရာအပြင် သူ့ပေါင်ပေါ်တွင်လည်း ကြောက်စရာကောင်းသော ဒဏ်ရာတစ်ခုလည်းရှိနေ၏။ ဒဏ်ရာသည် ဖြည်းဖြည်းချင်းပိုး၀င်နေခဲ့ပြီး ကွေးနေကာ သူ့အဖျားနားတွင်  ထက်ရှနေကာ အကုတ်ခံရသည်လား အကိုက်ခံရသည်လားကိုပင် ပြောရခက်နေ၏။

ကျောက်ပင်းသည် ကျန့်ယွင်အားတွေ့ရန် အမြန်ပြန်လာခဲ့၏။

“သူ၊ သူ...”
    
ကျန့်ယွင်သည် ဒဏ်ရာက ဖုတ်ကောင်တစ်ကောင်ကြောင့်ဖြစ်ထားခဲ့သည်လား သို့မဟုတ် မဟုတ်ဘူးလားကို ‌မသေချာပေ။ ထို့ကြောင့် စုန့်ချန်ရှုအားကြည့်ပြီး ပြောလိုက်၏။

“လောင်စုန့်ကို တစ်ချက်ကြည့်ခိုင်းလိုက်ပါ။ သူကဆရာ၀န်တစ်ယောက်ပါ”

စုန့်ချန်ရှု ခေါင်းညိတ်လိုက်ပြီး စစ်သား၏အခြေအနေကို သေသေချာချာအကဲဖြတ်ရန် ရှေ့တိုးသွားလိုက်၏။

သို့သော်လည်း စစ်သား၏ မျက်တောင်များ တွန့်ချိုးသွားသည့်အခါ စုန့်ချန်ရှု ကြက်သေ,သေသွားရ၏။ ကျန့်ယွင်သည် ထိုအကြည့်ကိုမြင်လိုက်ရချိန်တွင် အလျင်အမြန်ပင် ခပ်နီးနီးသို့ တိုးကပ်သွားလိုက်၏။ စစ်သား၏ လုံး၀နီရဲနေသောမျက်လုံးများကို မြင်လိုက်ရချိန်တွင် သူလည်းပဲ ထိတ်လန့်သွားရ၏။

“ဒေါက်တာ၊ သူဘာမှားနေလို့လဲ? ပြောပါ! ”

သူ့ဘေးနားရှိစစ်သားလေးက စိုးရိမ်ပူပန်စွာမေးလာ၏။

စုန့်ချန်ရှုသည် သက်ပြင်းချကာ လေးနက်စွာဖြင့် သူ့ခေါင်းကို ခါလိုက်၏။

“သူကူးစက်ခံထားရပြီ၊ သ‌န္ဓေပြောင်းတော့မယ် ”

“ဒါပေမယ့် သူဖုတ်ကောင်‌တစ်ကောင်အဖြစ်ပြောင်းသွားဖို့မလိုဘူးလို့ မင်းပြောခဲ့တာမဟုတ်ဘူးလား? ”

ကျောက်ပင်းသည် ပြတ်ပြတ်သာသာမေးလိုက်၏။

“အဲ့ဒါက သူစွမ်းရည်အသုံးပြုသူ ဖြစ်လာဖို့ အခွင့်အရေးတစ်ခုရှိပေမယ့် သူက လုံး၀ကူးစက်ခံလိုက်ရပြီးဖြစ်နေပြီ ”

စုန့်ချန်ရှုသည် သူ့မျက်လုံးများကို ညွှန်ပြလိုက်ပြီး

“သူမျက်စံတွေက ကြီးလာတယ်၊ သူ့မျက်လုံးထဲက သွေးထောက်ပံ့မှုက အခြေအနေဆိုးလာပြီ၊ ပြီးတော့ သူ့နှလုံးခုန်နှုန်းက နှေးနှေးလာနေပြီ။ သူနောက်ထပ် တောင့်ခံနိုင်မှာမဟုတ်တော့ဘူး ”

ကျောက်ပင်းသည် နောက်ထပ်စကားထပ်မပြောတော့ချေ။ သို့သော် လူနာစင်ပေါ်တွင် လဲလျောင်းနေသော သူ့ရဲဘော်ရဲဘက်ကို တိတ်တဆိတ်ကြည့်နေခဲ့၏။ သူ့၏ ရုန်းကန်နေမှုကို သူ့မျက်လုံးများထဲတွင် မြင်နိုင်ပြီး တစ်ခန်းလုံး ထူးဆန်းသောတိတ်ဆိတ်မှုထဲသို့ ကျရောက်သွားလေတော့၏။

တစ်ခဏကြာသောအခါ စုန့်ချန်ရှုသည် ဒဏ်ရာရလူနာ၏ အသက်ရှူမှုသည် ပိုပိုပြီးအားနည်းလာပြီဖြစ်ကြာင်းပြောလိုက်ပြီး နောက်ဆုံး၌ အသက်ရှူ ရပ်တန့်သွားခဲ့လေ၏။ သူ့အရေပြားသည် မိနစ်ပိုင်းအတွင်းမှာပင် ခြောက်သွေ့လာခဲ့ပြီး သေဆုံးသွားသောလူ သန္ဓေကူးပြောင်းမှုတစ်ခုဖြစ်သည့်အချိန်တိုင်း ဖြစ်လေ့ရှိသည့် အလွန်အမင်းရေဓာတ်ခမ်း‌ခြောက်ခြင်း၏ သိသာထင်ရှားသောလက္ခဏာ တစ်ခုပင်ဖြစ်လေ၏။

နောက်တစ်ခဏအကြာမှာပင် ဒဏ်ရာရထားသောလူသည် ရုတ်တရက်ကြီး သူ့မျက်လုံးများကို ဖွင့်လိုက်၏။ သွေးလိုနီရဲနေသောမျက်လုံးများနှင့် မီးခိုးရောင် ခြောက်သွေ့နေသောမျက်နှာသည် အလွန် ထိတ်လန့်စရာကောင်းလေ၏။

“ဂရား...”

အလောင်းကောင်သည် အော်ဟောက်လိုက်ပြီး မတ်တပ်ရပ်ဖို့အဆင်သင့်ဖြစ်နေခဲ့ချိန်တွင် ကျောက်ပင်းသည် သူအိတ်ဆောင်ဓားကို ထုတ်လိုက်ကာ ဖုတ်ကောင်၏ ဦးထိပ်သို့ထိုးသွင်းလိုက်လေ၏။

စုန့်ချန်ရှုထံပြောလာသော ကျောက်ပင်း၏အသံသည် အက်ကွဲနေခဲ့လေ၏။

“ကျေးဇူးပြုပြီး တခြားလူတွေကိုလည်း စစ်ဆေးဖို့ ကူညီပေးပါအုံး”

“ကောင်းပါပြီ ”

စုန့်ချန်ရှုသည် တခြားဒဏ်ရာရထားသော စစ်သားများစွာကို စစ်ဆေးရန် သွားလိုက်၏။ အခြေခံအားဖြင့် သူတို့ကိုယ်ရှိ ဒဏ်ရာများအားလုံးမှာ သေနတ်ပစ်ချက်များမှ ဖြစ်လေ၏။ သူသည် ကျည်ဆန်များကို ဆွဲထုတ်ပြီးနောက် တချို့ဆေးများပေးခဲ့လိုက်၏။ ကြီးကြီးမားမားစိုးရိမ်စရာမရှိတော့ချေ။ သူတို့ထဲမှ နှစ်ယောက်သည် အဖျားရှိနေပြီး သို့သော် သူ့အကဲဖြတ်ကြည့်လိုက်ခြင်းအရ ၎င်းသည် ယောင်ယမ်းကိုက်ခဲမှုသာဖြစ်နိုင်သည်။ ဆေးရည်ပေးသွင်းပြီနောက် အဖျားကျသွားလိမ့်မည်။

ဆေးဝါးများသွားရှာသော စစ်သားများသည် သူတို့လက်ထဲတွင် အရေးပေါ်ဆေးခန်းအတွင်းမှ ရှာတွေ့ခဲ့ကြသော ဆေးဝါးကိရိယာအမျိုးမျိုးနှင့် ပြန်ရောက်လာခဲ့ကြ၏။

စုန့်ချန်ရှုသည် လူတိုင်းအား သူတို့၏ဒဏ်ရာများကို ဂရုတစိုက်နှင့် ကူညီပေးခဲ့ပြီး အဖျားရှိသောစစ်သားနှစ်ယောက်ကို ဆေးရည် သွင်းပေးခဲ့၏။

“ကောင်းကောင်းအနားယူပါ၊ တခြားဘာပြဿနာတွေမှ မဖြစ်နိုင်တော့ပါဘူး ”

“ကျေးဇူးတင်ပါတယ် ဒေါက်တာ ”

စစ်သားအားလုံးသည် သက်ပြင်းချလိုက်ကြကာ စိတ်သက်သာရာရသွားကြလေ၏။

“မလိုပါဘူး...”

စုန့်ချန်ရှုသည် ဖရိုဖရဲအသံကို ကြားလိုက်ရချိန်တွင် စကားပြောလက်စတစ်၀က်မှာတင် ရှိသေး၏။ သူလှည့်ကြည့်လိုက်သောအခါ ကျောက်ပင်းတစ်ယောက် မြေပေါ်သို့ မေ့လဲကျသွားသည်ကို တွေ့လိုက်ရ၏။ သူ့မျက်နှာသည် နီမြန်းနေခဲ့ပြီး ရှင်းရှင်းလင်းလင်းကိုပင် သူ့တွင် အဖျားရှိနေ၏။

🍒🍒

ဘာသာပြန်သူမှာပြောစရာရှိပါတယ်။

ဒီအပိုင်းပြန်တော့ ရီရမလို ငိုရမလိုဖြစ်သွားတယ်။

ကိုယ့်ဆီက ဖွတ်တပ်အခြေအနေနဲ့နှိုင်းယှဉ်ပြီး (/¯◡ ‿ ◡)/¯ ~ ┻━┻

【 Zawgyi  】

Sၿမိဳ႕သည္ စီရင္စုအဆင့္ၿမိဳ႕တစ္ၿမိဳ႕သာျဖစ္၏။ ထို႔ေၾကာင့္ အနီးအနားတြင္ စစ္ေရးကြပ္ကဲမႈႀကီးႀကီးမားမားမရွိေပ။ ေျမာက္ပိုင္းခရိုင္အျပင္ဘက္တြင္ စစ္တန္းလ်ားမ်ားျဖင့္ တပ္မဟာတစ္ခုသာတည္ရွိ၏။ ေသြးစြန္းေသာလ၏ညတစ္ညတြင္ စစ္တန္းလ်ားမ်ားတြင္ ထိတ္လန႔္ေၾကာက္မက္ဖြယ္ အထိက႐ုဏ္းတစ္ခုျဖစ္ပြားခဲ့ၿပီး အေသအေပ်ာက္မ်ားစြာရွိခဲ့၏။

ထိုအခ်ိန္က ေသြးစြန္းေသာလသည္ ညအခ်ိန္၌ ျဖစ္ေပၚခဲ့၏။ စစ္သားမ်ားသည္ ၎တို႔၏ရဲ‌ေဘာ္ရဲဘက္မ်ားက အိပ္ေပ်ာ္ေနရင္း တိတ္တဆိတ္ေသဆုံးသြားခဲ့ၾကၿပီး လူသားစားမေကာင္းဆိုးဝါးမ်ားျဖစ္လာမည္ကို မည္သို႔သိနိုင္ပါမည္နည္း။

ကံေကာင္းစြာျဖင့္ စစ္သားမ်ားသည္ ေကာင္းမြန္စြာ ေလ့က်င့္ထားၾကၿပီး မၾကာခင္မွာပင္ သူတို႔၏ သႏၶေေျပာင္းလဲသြားေသာရဲေဘာ္ရဲဘက္မ်ားသည္ လူသားမ်ားမဟုတ္ၾကေတာ့ဘူးဆိုသည္ကို ရွာေတြ႕သြားခဲ့ၾက၏။ အစပိုင္း‌တြင္ ဗရမ္းဗတာမ်ားျဖစ္ပ်က္ၿပီးေနာက္ သူတို႔သည္ ဖုတ္ေကာင္မ်ားအားလုံးကို သုတ္သင္လိုက္ၾက၏။

သို႔ေသာ္ စစ္တန္းလ်ားမ်ားကို ျပန္လည္ျပင္ဆင္ၾကၿပီးေနာက္ ေလးနာရီထက္နည္းသည့္အခ်ိန္ေနာက္တြင္ တျခားအသြင္ေျပာင္းလဲျခင္းျဖစ္ေပၚလာလိမ့္မည္ဟု မည္သူမွ မေမွ်ာ္လင့္ထားခဲ့ၾကေခ်။

ပထမဆုံးအႀကိမ္တြင္ လူမ်ားစြာသည္ ဘာေတြျဖစ္ပ်က္သြားခဲ့သည္ကို နားမလည္နိုင္ခဲ့ၾကေခ်။ သူတို႔သည္ သူတို႔၏ အတူတကြတိုက္ပြဲ၀င္ခဲ့ၾကေသာရဲေဘာ္ရဲဘက္မ်ားကို ပစ္ခတ္ရန္မဝံ့ရဲၾကဘဲ ႏွိမ္နင္းရန္ႀကိဳးပမ္းၾကခ်ိန္တြင္ မေတာ္တဆဒဏ္ရာရခဲ့ၾကကုန္၏။

အထိတ္တလန႔္ဖမ္းဆီးခဲ့ၾကၿပီး စစ္သားမ်ားသည္  ၎တို႔၏ အရင္ရဲေဘာ္ရဲဘက္မ်ားေၾကာင့္ ဒဏ္ရာရခဲ့ၾကၿပီးေနာက္ ႐ုတ္တရက္အသြင္ကူးေျပာင္းကုန္ၾက၏။ လူခုနစ္ေထာင္ထက္မ်ားသည့္ တပ္မဟာတစ္ခုလုံးသည္ ေနာက္ဆုံး၌ တပ္ရင္းႏွစ္ခုစာထက္နည္းနည္းသာက်န္ခဲ့ေတာ့ေလ၏။ တပ္မဟာ၏ တပ္မမႉးသည္ပင္ ေရာဂါပိုး၏သားေကာင္ျဖစ္ခဲ့ရၿပီး အမိန႔္ေပးျခင္းကို  တပ္ရင္းအမွတ္ ၈ ၏တပ္ရင္းမႉးမွ ယာယီတာ၀န္ယူခဲ့ရ၏။

အမွတ္ ၈ တပ္ရင္း၏ တပ္ရင္းမႉးသည္ အေျခအေနမ်ားကို ယာယီ ရွင္းလင္းထားၿပီး အေျခအေနအားသတင္းပို႔ရန္ႏွင့္ ေနာက္ထပ္ၫႊန္ၾကားမႈမ်ားကိုေတာင္းခံရန္ အထက္ႏွင့္ဆက္သြယ္ခ်င္ခဲ့သည္။ သို႔ေသာ္ျငားလည္း ဆက္သြယ္ေရးခ်န္နယ္မ်ားသည္ ဘာေၾကာင့္ ေပးပို႔လိုက္သည္မ်ားအားလုံးကို ျပန္လည္ေျဖၾကားျခင္းမရွိသည္ကို မသိခဲ့ရေပ။

ထိုသို႔ေသာ ျပတ္ေတာက္မႈမ်ားသည္ စစ္တန္းလ်ားမ်ားကို ထိန္းခ်ဳပ္ကန႔္သတ္ထားျခင္းမျဖစ္နိုင္ေလာက္ဟု နားလည္ကာ အျပင္ဘက္သို႔ စစ္တမ္းမ်ားေကာက္ယူရန္ ေစလႊတ္လိုက္၏။ အေသအခ်ာပင္ ၿမိဳ႕တစ္ၿမိဳ႕လုံးသည္ ဗရမ္းပတာျဖစ္ေနခဲ့ၿပီး လူမ်ားကိုစားေသာက္ေနေသာ ဖုတ္ေကာင္မ်ားကို ေနရာအႏွံ႕တြင္ေတြ႕ရ‌ေၾကာင္း သိလိုက္ရေလ၏။

လူမ်ားကိုကာကြယ္ရန္မွာ စစ္သားမ်ား၏ တာ၀န္သာျဖစ္ေပ၏။ တပ္ရင္းမႉးသည္ ဦးေဆာင္ကာ လူမ်ားကိုကယ္တင္ရန္ အမိန႔္ေပးလိုက္၏။

သို႔ေသာ္လည္း ေန႕တစ္ေန႕၏ အပူခ်ိန္ အလြန္ပူျပင္းမႈက ကယ္ဆယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ တကယ္အဆင္မေျပလွေပ။ သူတို႔သည္ ပူျပင္းလွေသာအပူဒဏ္ကိုခံနိုင္ရည္ရွိၿပီး  ေနပူက်ဲက်ဲတြင္ လူအမ်ားကို ေျပးလႊား ကယ္ဆယ္နိုင္ေသာ္လည္း သူတို႔ကယ္ဆယ္ခ်င္သူလူမ်ားမွာေတာ့ ၎ကိုခံနိုင္ရည္ရွိမည္မဟုတ္ေခ်။ ထို႔ေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းစဥ္မ်ားကို ညဘက္သို႔ေျပာင္းလဲ႐ုံသာတတ္နိုင္ၾကေတာ့၏။ သူတို႔တြင္ စစ္သားနည္းနည္းေလးသာရွိၿပီး ဖုတ္ေကာင္မ်ားက ပိုမ်ားလွေပ၏။ ဖုတ္ေကာင္မ်ားကို သုတ္သင္ဖို႔ရန္ လြယ္ကူလွသည္ေတာ့မဟုတ္ေခ်။ ရက္အနည္းငယ္အတြင္း လူေပါင္း တစ္ေထာင္မွ ႏွစ္ေထာင္အထိသာ ကယ္တင္နိုင္ခဲ့၏။

စစ္တန္းလ်ားမ်ားတြင္ သိုေလွာင္ထားေသာ စားနပ္ရိကၡာႏွင့္ေရမ်ား အမ်ားအျပားရွိေသာ္လည္း လူေထာင္ေပါင္းမ်ားစြာ၏လိုအပ္ခ်က္မ်ားကို ေရရွည္ေထာက္ပံ့ေပးနိုင္မည္မဟုတ္ေခ်။ ရွာေဖြကယ္ဆယ္ေရးလုပ္ေနစဥ္မွာပင္ သူတို႔သည္ ‌ရိကၡာမ်ားကို စုေဆာင္းရန္နည္းလမ္းမ်ားကို ရွာေဖြရန္ လိုအပ္ေနျပန္၏။

ခဲယမ္းမ်ားကို ထပ္မံျဖည့္တင္းရန္နည္းလမ္းမရွိ၍ စစ္သားမ်ား၏ ပစ္ခတ္မႈအေရအတြက္ကိုသာ ထိန္းခ်ဳပ္႐ုံသာရွိေဝာာ့သျဖင့္ ၎သည္ သူတို႔၏ စစ္ဆင္ေရးမ်ားကို ပို၍အႏၱရာယ္မ်ားေစခဲ့၏။  သို႔ေသာ္ တိုင္းျပည္ႏွင့္ ျပည္သူမ်ားအတြက္ စစ္သားမ်ားသည္ ၎တို႔၏ေသျခင္းတရားမ်ားကို အႀကိမ္ႀကိမ္ သတၱိရွိရွိျဖင့္ တြန္းလွန္ခဲ့ၾက၏။

လူမ်ားကို ပိုပိုၿပီး ကယ္တင္နိုင္သည္ႏွင့္အမွ် စစ္သားမ်ားပို၍ ပို၍ ေသဆုံးခဲ့ရ၏။ ေနာက္ပိုင္းတြင္ ေရႏွင့္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္သြားၿပီး တပ္ရင္းမႉးမွေန၍ ကယ္တင္ထားေသာလူမ်ားကို အတူတကြအျပင္ထြက္ကာ တျခားလူမ်ားကိုကယ္တင္ရန္ႏွင့္ ပစၥည္းကိရိယာမ်ားစုေဆာင္းဖို႔ရန္အတြက္ စုစည္းရန္ ဆုံးျဖတ္လိုက္၏။

မေမွ်ာ္လင့္စြာျဖင့္ ကယ္တင္ခံရသည့္လူမ်ားထံမွ ႀကီးမားေသာတုန႔္ျပန္မႈတစ္ခုကိုျဖစ္ေပၚေစခဲ့၏။ သူတို႔သည္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ပါ၀င္ကာ ေနာက္ထပ္ပိုမ်ားေသာအသက္ရွင္က်န္ရစ္သူမ်ားကို ေခၚေဆာင္လာရန္ ျငင္းဆန္ၾကေလ၏။ သူတို႔၏အျမင္တြင္ စစ္တန္းလ်ားမ်ားသည္ ျမင့္မားေသာနံရံမ်ား၊ ကင္းေစာင့္ေမွ်ာ္စင္မ်ားႏွင့္ ထူထဲခိုင္ခံ့ေသာသံဂိတ္တံခါးမ်ားႏွင့္ အလြန္လုံၿခဳံ၏။ သူတို႔သာအထဲတြင္ေနပါက ဖုတ္ေကာင္မ်ားကို လုံး၀စိုးရိမ္ေနစရာမလိုအပ္ေခ်။ ထို႔အျပင္ သူတို႔အေနျဖင့္ အျပင္သို႔ထြက္ၿပီး ေနာက္ထပ္စြန႔္စားမႈမ်ားလုပ္ေဆာင္ရန္ လိုအပ္မည္မဟုတ္ေခ်။

တခ်ိဳ႕လွည့္စားသူမ်ား၏လႈံ႕ေဆာ္မႈမ်ားေအာက္တြင္ ႏွစ္ဦးႏွစ္ဖက္ၾကားတြင္ ပဋိပကၡမ်ား ဆက္၍ႀကီးထြားလာၾက၏။ ေနာက္ပိုင္း၌ စစ္တန္းလ်ားဆီသို႔ စြမ္းရည္အသုံးျပဳသူႏွစ္ဦးေရာက္လာခဲ့ၿပီး တစ္ဦးသည္ မီးကိုထိန္းခ်ဳပ္နိုင္ေသာစြမ္းရည္ႏွင့္ျဖစ္ၿပီး အျခားတစ္ဦးသည္ အလြန္လ်င္ျမန္ေသာအရွိန္ႏွင့္ျဖစ္ေလ၏။

စြမ္းရည္အသုံးျပဳသူမ်ားထြက္ေပၚလာမႈသည္ ႏွစ္ဖက္အၾကား အေျခအတင္ျဖစ္ေနသည့္အေျခအေနကို သိသိသာသာကိုပင္ ဆိုး႐ြားသြားေစခဲ့၏။ ကယ္တင္ခံရသည့္လူမ်ားသည္ ထိုစစ္သားမ်ား၏ကာကြယ္မႈကို မလိုအပ္ဟုျမင္ေနၾကပုံရၿပီး ၎တို႔သေဘာထားမ်ား ပိုဆိုးလာခဲ့ၾက၏။

အနီေရာင္မိုးေရာက္ရွိလာျခင္းသည္ စစ္တန္းလ်ားအားေနာက္တစ္ႀကိမ္ ဖရိုဖရဲျဖစ္ေစခဲ့ျပန္၏။ တခ်ိဳ႕လူမ်ားသည္ အနီေရာင္မိုးေရထိမွန္ၿပီး ဖုတ္ေကာင္မ်ားအျဖစ္သို႔ေျပာင္းလဲသြားကုန္ၾက၏။ အနီေရာင္မိုးေရသည္ ပိုမိုဆိုး႐ြားေသာ အက်ိဳးဆက္မ်ားကို ယူေဆာင္လာျခင္းမွကာကြယ္ရန္ စစ္သားမ်ားသည္ တစ္ေန႕လုံးႏွင့္ တစ္ညလုံး ေနခဲ့ၾကရၿပီး မိုးရပ္တန႔္သြားဖို႔ေစာင့္ေနခဲ့ၾကကာ ေနာက္ဆုံး မိုးရပ္တန႔္သြားမွသာ သူတို႔စိတ္သက္သာရာရသြားၾကေလ၏။

သို႔ေသာ္လည္း သူတို႔, စစ္သားမ်ား ပင္ပန္းေနခ်ိန္တြင္ တျခားသူမ်ားမွ အခြင့္ေကာင္းယူၾကလိမ့္မည္ဟု မေမွ်ာ္လင့္ထားခဲ့ၾကေခ်။ သူတို႔သည္ စစ္တန္းလ်ားမ်ား၏ လက္နက္တိုက္မ်ားကို လုယက္ကာ သူတို႔အား ကယ္တင္ခဲ့ေသာ စစ္သားအားလုံးကို အက်ဥ္းခ်ထားခဲ့ၾကေလ၏။

ေက်ာက္ပင္းႏွင့္ သူ႕လူမ်ားသည္ သူတို႔ထြက္သြားရန္ တြန္းအားေပးခဲ့ခဲ့ၾကရေသာ္လည္း သူတို႔သည္ ဒဏ္ရာရေနၾကၿပီးျဖစ္ေလ၏။ သူတို႔သည္ တစ္လမ္းလုံး ဤေနရာအထိ ေျပးလာခဲ့ၾကၿပီး သူတို႔ေဆး႐ုံကိုျမင္လိုက္ခ်ိန္တြင္ ထိုေနရာသို႔ အျမန္ေမာင္းသြားခဲ့ၾက၏။

“အဲ့လိုလူေတြ! အဲ့လိုလူေတြ! သူတို႔ကိုကယ္ခဲ့တာ ဘယ္သူေတြလဲလို႔ေတာင္ မေတြးခဲ့ၾကဘူး! သူတို႔တကယ္ႀကီး ငါတို႔ရဲ႕ လက္နက္တိုက္ကို ဓားျပတိုက္ၿပီး ငါတို႔ကို ပစ္ရဲတယ္ ”

စစ္သားငယ္ေလးသည္ ပိုေျပာေလေလ သူပိုၿပီး ေဒါသထြက္လာေလေလပင္။

“ဟုတ္တယ္! အဲ့ဒိလူေတြ ေသျခင္းတရားကို တိုက္ခိုက္ဖို႔ အျပင္ကိုက် မထြက္ရဲဘူး ငါတို႔ကိုက် တိုက္ခိုက္ရဲတယ္! ”

တျခားတစ္သားေလးကလည္း မထိန္းထားနိုင္ေတာ့ေခ်။

“ဟုတ္ပါၿပီ! ”

ေက်ာက္ပင္းသည္ မ်က္ေမွာင္က်ဳတ္လိုက္ၿပီး ‌တျခားအရာ‌ ေတြကိုေျပာဆိုျခင္းမွ ကာကြယ္လိုက္၏။

“ေဆးဝါးေတြကိုရွာေဖြၿပီး တျခားသူေတြကို အရင္ဆုံးကုသဖို႔နည္းလမ္းေတြရွာၾက!”

“ဟုတ္ကဲ့ပါ တပ္စုေခါင္းေဆာင္ ”

ေက်ာက္ပင္းစကားေျပာလိုက္ၿပီး သူ႕ရဲေဘာ္မ်ားသည္ သဘာ၀အတိုင္း နားေထာင္ၾကေလ၏။ သူတို႔တြင္ ေျပာစရာမ်ားက်န္ေနေသးေသာ္လည္း သူတို႔ခ်က္ခ်င္းပင္ လူစုခြဲလိုက္ၾက၏။ ဒဏ္ရာရသူမ်ားကို သယ္ေဆာင္လာသူမ်ားသည္ ေဆးကုခန္းႏွစ္ခု၏တံခါးမ်ားကို ကန္ဖြင့္လိုက္ၾကကာ ဒဏ္ရာရသူမ်ားကို လူနာကုတင္မ်ားေပၚသို႔ေနရာခ်ထားလိုက္ၾက၏။ 

လူတိုင္း(က်န႔္ယြင္တို႔အဖြဲ႕)သည္ စစ္သားမ်ား၏စကားမ်ားကို ၾကားခဲ့ၾကရ၏။ သူတို႔အခ်င္းခ်င္းၾကည့္လိုက္ၾကၿပီး ေတြးလိုက္ၾက၏။ ကမၻာပ်က္ကပ္ႀကီးအတြင္းက လူသားမ်ား၏ ႏွလုံးသားမ်ားသည္ ခန႔္မွန္း၍မရနိုင္ေပ။

ေက်ာက္ပင္းသည္ နံရံကို မတည္မၿငိမ္ျဖင့္ မွီလိုက္ၿပီး သူ႕အိတ္ကပ္ထဲမွ ျပားကပ္ေနေသာ စီးကရက္ဘူးကိုထုတ္ယူလိုက္ကာ ဘူးထဲမွ ေနာက္ဆုံးက်န္ေသာ တစ္လိပ္ကိုမီးညွိလိုက္ၿပီး ခပ္ျပင္းျပင္း ရႉသြင္းလိုက္ေလ၏။

“မင္းရဲ႕ စစ္တန္းလ်ားမွာ စြမ္းရည္တစ္ခုခုနိုးထလာတဲ့သူ တစ္ေယာက္မွ မရွိဘူးလား? ”

‌က်န႔္ယြင္သည္ ေက်ာက္ပင္းဆီသို႔သြားကာ ေမးလိုက္၏။

သူတို႔၏ စကားမ်ားအရ ထိုစြမ္းရည္အသုံးျပဳသူမ်ားသည္ အျပင္ဘက္မွ ေရာက္လာျခင္းျဖစ္သည္။ ၎သည္ သူတို႔၏ တပ္စခန္းအတြင္းတြင္ စြမ္းရည္အသုံးျပဳသူမရွိသည့္ပုံရ၏။

ေက်ာက္ပင္းသည္ မ်က္ေမွာင္က်ဳတ္ကာ ေခါင္းခါလိုက္၏။ ထို စြမ္းရည္ဟုေခၚသည့္အရာမ်ား မည္သို႔နိုးထလာသည္ကို မသိၾကေသးေပ။

က်န႔္ယြင္သည္ မေမးျမန္ခင္ သူ႕ကိုယ္သူ တိုးတိုးေလးညည္းၫူလိုက္၏။

“ဒါဆို ဖုတ္ေကာင္ေတြဆီက အကုတ္ခံရ အကိုက္ခံရတဲ့သူေတြကို မင္းတို႔ဘယ္လိုေျဖရွင္းၾကလဲ? ”

ေက်ာက္ပင္း၏မ်က္ႏွာသည္ နာက်င္မႈတစ္ခု ျဖတ္ခနဲေပၚလာေလ၏။ သူသည္ သူ႕မ်က္လုံးမ်ားကို မွိတ္လိုက္ၿပီး ေနာက္တစ္ႀကိမ္ေခါင္းခါလိုက္ျပန္၏။ သိသိသာသာကိုပဲ ဒဏ္ရာရသူမ်ားသည္ သတ္ေသျခင္းသို႔မဟုတ္ အသတ္ခံၾကရသည္သာ။

စုေ႐ြ႕က်ယ္သည္ တစ္ဖန္ သက္ျပင္းခ်လိဳက္၏။ သူ႕အရင္ဘ၀၏ အေစာပိုင္းေန႕ရက္မ်ားတြင္ ဖုတ္ေကာင္ေရာဂါပိုး၏ ျမင့္မားေသာ ကူးစက္ႏႈန္းေၾကာင့္ ဖုတ္ေကာင္တစ္ေကာင္ဆီမွ အကုတ္ခံရ၊အကိုက္ခံရသည့္ လူတိုင္းသည္ သူတို႔ေသခ်ာေပါက္ ေသၾကရေတာ့မည္ဟု အခ်ိန္အေတာ္ၾကာ ထင္ေနခဲ့ၾက၏။ တစ္နည္းအားျဖင့္ မည္သို႔ျဖင့္  မ်ားစြာေသာစြမ္းရည္မ်ားနိုးထလာမည္ကို မသိခဲ့ၾကေခ်။

က်န႔္က်ားဟယ္ႏွင့္ ဝူက်င္းတို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ ၾကည့္လိုက္မိၾကၿပီး သူတို႔စိတ္ထဲတြင္ ၀မ္းနည္းျခင္းမ်ား ျပည့္ႏွက္လာေလ၏။ အကယ္၍သူတို႔သာ စုေ႐ြ႕က်ယ္ႏွင့္ မဆုံခဲ့ရပါက အခ်ိန္အၾကာႀကီးကတည္းက သူတို႔ေသၿပီးေနၿပီျဖစ္၏။

ေက်ာက္ပင္းသည္ သူတို႔၏ အမ်ိဳးအမည္မေဖာ္ျပနိုင္ေသာ မ်က္ႏွာမ်ားကို ျမင္ၿပီး သူ႕ႏွလုံးသားသည္ စူးစူးရွရွ နစ္ျမႇုပ္သြားခဲ့ရေလ၏။

“ဒီလူေတြကို ကယ္တင္နိုင္ပါအုံးမလား? ”

“ေရာဂါပိုးကူးစက္ခံရသူအားလုံးက ဖုတ္ေကာင္ျဖစ္လာမွာမဟုတ္ဘူး။ သူတို႔ေတြလည္း စြမ္းရည္ေတြရလာနိုင္လိမ့္မယ္။ ဒါေပမယ့္ ျဖစ္နိုင္ေခ်ကေတာ့ က်ိန္းေသမရွိဘူး။ ”

က်န႔္ယြင္သည္ အမွန္အတိုင္းေျဖဆိုဖို႔ ေသေသခ်ာခ်ာလးေလးနက္နက္ေတြးလိုက္၏။ အကယ္၍ သူဘာမွမေျပာခဲ့ဘူးဆိုရင္ေတာင္ ေနာက္ပိုင္းက်သဴတို႔ရွာေတြ႕လာၾကမွာပါပဲ။

‌ၾကည္လင္ေသာေကာင္းကင္မွ မိုးႀကိဳးတစ္ခုကဲ့သို႔ပင္ ေက်ာက္ပင္းသည္ ခ်က္ခ်င္းပင္ မိမိကိုယ္ကိုယ္ ျပစ္တင္ရႈတ္ခ်ျခင္းႀကီးစြာျဖစ္သြားၿပီး ၀မ္းပန္းတနည္းျဖစ္သြားရေတာ့၏။ ဖုတ္ေကာင္အကိုက္ခံရၿပီေနာက္ သတ္ေသဖို႔ေ႐ြးခ်ယ္ခဲ့ၾကသည့္ စစ္သားဘယ္ေလာက္မ်ားမ်ားရွိေၾကာင္း သူမသိေတာ့ေပ။ တစ္ဦးခ်င္းစီတိုင္းသည္ အဖိုးတန္ေသာ ဘ၀တစ္ခုပင္!

“တပ္စုေခါင္းေဆာင္! တပ္စုေခါင္းေဆာင္ ! ”

ေဆးကုခန္းအထဲမွ စစ္သားတစ္ေယာက္၏ စိုးရိမ္ပူပန္ေနေသာ ေခၚသံ ႐ုတ္တရက္ထြက္လာေလ၏။

ေက်ာက္ပင္းသည္ သူ႕တစ္၀က္တျပတ္ စီးကရက္ကို ပစ္ထုတ္လိုက္ၿပီး ေျခသုံးလွမ္းစာကို ေျခႏွစ္လွမ္း‌ႏွင့္ ေျပးထြက္သြားေလေတာ့၏။

“ဘာမွားေနလို႔လဲ? ”

“ေလာင္ဆန္း၊ သူ..သူ ဖုတ္ေကာင္တစ္ေကာင္ကုတ္တာခံခဲ့ရတယ္! ”

(TN/ ေလာင္ဆန္း( Lao San )သည္ တတိယ/သုံးေယာက္ေျမာက္ ညီအစ္ကို/သူငယ္ခ်င္း ေတြထဲက နံပါတ္စဥ္နဲ႕ေခၚၾကတာပါ)

လူနာတင္စင္ေပၚတြင္ လဲေလ်ာင္းေနေသာ ဒဏ္ရာရထားသည့္လူ၏ အသားအရည္သည္ အနီေရာင္သို႔ေျပာင္းေနကာ သူ႕နဖူးသည္ ေခြၽးမ်ားျဖင့္ဖုံးလႊမ္းေနၿပီး သူ႕အ၀တ္အစားမ်ားကို ခြၽတ္ထားၿပီးျဖစ္၏။ သူ႕ပုခုံးေပၚရွိ ထိုးေဖာက္ခံထားရေသာ ဒဏ္ရာအျပင္ သူ႕ေပါင္ေပၚတြင္လည္း ေၾကာက္စရာေကာင္းေသာ ဒဏ္ရာတစ္ခုလည္းရွိေန၏။ ဒဏ္ရာသည္ ျဖည္းျဖည္းခ်င္းပိုး၀င္ေနခဲ့ၿပီး ေကြးေနကာ သူ႕အဖ်ားနားတြင္  ထက္ရွေနကာ အကုတ္ခံရသည္လား အကိုက္ခံရသည္လားကိုပင္ ေျပာရခက္ေန၏။

ေက်ာက္ပင္းသည္ က်န႔္ယြင္အားေတြ႕ရန္ အျမန္ျပန္လာခဲ့၏။

“သူ၊ သူ...”
    
က်န႔္ယြင္သည္ ဒဏ္ရာက ဖုတ္ေကာင္တစ္ေကာင္ေၾကာင့္ျဖစ္ထားခဲ့သည္လား သို႔မဟုတ္ မဟုတ္ဘူးလားကို ‌မေသခ်ာေပ။ ထို႔ေၾကာင့္ စုန႔္ခ်န္ရႈအားၾကည့္ၿပီး ေျပာလိုက္၏။

“ေလာင္စုန႔္ကို တစ္ခ်က္ၾကည့္ခိုင္းလိုက္ပါ။ သူကဆရာ၀န္တစ္ေယာက္ပါ”

စုန႔္ခ်န္ရႈ ေခါင္းညိတ္လိုက္ၿပီး စစ္သား၏အေျခအေနကို ေသေသခ်ာခ်ာအကဲျဖတ္ရန္ ေရွ႕တိုးသြားလိုက္၏။

သို႔ေသာ္လည္း စစ္သား၏ မ်က္ေတာင္မ်ား တြန႔္ခ်ိဳးသြားသည့္အခါ စုန႔္ခ်န္ရႈ ၾကက္ေသ,ေသသြားရ၏။ က်န႔္ယြင္သည္ ထိုအၾကည့္ကိုျမင္လိုက္ရခ်ိန္တြင္ အလ်င္အျမန္ပင္ ခပ္နီးနီးသို႔ တိုးကပ္သြားလိုက္၏။ စစ္သား၏ လုံး၀နီရဲေနေသာမ်က္လုံးမ်ားကို ျမင္လိုက္ရခ်ိန္တြင္ သူလည္းပဲ ထိတ္လန႔္သြားရ၏။

“ေဒါက္တာ၊ သူဘာမွားေနလို႔လဲ? ေျပာပါ! ”

သူ႕ေဘးနားရွိစစ္သားေလးက စိုးရိမ္ပူပန္စြာေမးလာ၏။

စုန႔္ခ်န္ရႈသည္ သက္ျပင္းခ်ကာ ေလးနက္စြာျဖင့္ သူ႕ေခါင္းကို ခါလိုက္၏။

“သူကူးစက္ခံထားရၿပီ၊ သ‌ႏၶေေျပာင္းေတာ့မယ္ ”

“ဒါေပမယ့္ သူဖုတ္ေကာင္‌တစ္ေကာင္အျဖစ္ေျပာင္းသြားဖို႔မလိုဘူးလို႔ မင္းေျပာခဲ့တာမဟုတ္ဘူးလား? ”

ေက်ာက္ပင္းသည္ ျပတ္ျပတ္သာသာေမးလိုက္၏။

“အဲ့ဒါက သူစြမ္းရည္အသုံးျပဳသူ ျဖစ္လာဖို႔ အခြင့္အေရးတစ္ခုရွိေပမယ့္ သူက လုံး၀ကူးစက္ခံလိုက္ရၿပီးျဖစ္ေနၿပီ ”

စုန႔္ခ်န္ရႈသည္ သူ႕မ်က္လုံးမ်ားကို ၫႊန္ျပလိုက္ၿပီး

“သူမ်က္စံေတြက ႀကီးလာတယ္၊ သူ႕မ်က္လုံးထဲက ေသြးေထာက္ပံ့မႈက အေျခအေနဆိုးလာၿပီ၊ ၿပီးေတာ့ သူ႕ႏွလုံးခုန္ႏႈန္းက ႏွေးႏွေးလာေနၿပီ။ သူေနာက္ထပ္ ေတာင့္ခံနိုင္မွာမဟုတ္ေတာ့ဘူး ”

ေက်ာက္ပင္းသည္ ေနာက္ထပ္စကားထပ္မေျပာေတာ့ေခ်။ သို႔ေသာ္ လူနာစင္ေပၚတြင္ လဲေလ်ာင္းေနေသာ သူ႕ရဲေဘာ္ရဲဘက္ကို တိတ္တဆိတ္ၾကည့္ေနခဲ့၏။ သူ႕၏ ႐ုန္းကန္ေနမႈကို သူ႕မ်က္လုံးမ်ားထဲတြင္ ျမင္နိုင္ၿပီး တစ္ခန္းလုံး ထူးဆန္းေသာတိတ္ဆိတ္မႈထဲသို႔ က်ေရာက္သြားေလေတာ့၏။

တစ္ခဏၾကာေသာအခါ စုန႔္ခ်န္ရႈသည္ ဒဏ္ရာရလူနာ၏ အသက္ရႉမႈသည္ ပိုပိုၿပီးအားနည္းလာၿပီျဖစ္ၾကာင္းေျပာလိုက္ၿပီး ေနာက္ဆုံး၌ အသက္ရႉ ရပ္တန႔္သြားခဲ့ေလ၏။ သူ႕အေရျပားသည္ မိနစ္ပိုင္းအတြင္းမွာပင္ ေျခာက္ေသြ႕လာခဲ့ၿပီး ေသဆုံးသြားေသာလူ သႏၶေကူးေျပာင္းမႈတစ္ခုျဖစ္သည့္အခ်ိန္တိုင္း ျဖစ္ေလ့ရွိသည့္ အလြန္အမင္းေရဓာတ္ခမ္း‌ေျခာက္ျခင္း၏ သိသာထင္ရွားေသာလကၡဏာ တစ္ခုပင္ျဖစ္ေလ၏။

ေနာက္တစ္ခဏအၾကာမွာပင္ ဒဏ္ရာရထားေသာလူသည္ ႐ုတ္တရက္ႀကီး သူ႕မ်က္လုံးမ်ားကို ဖြင့္လိုက္၏။ ေသြးလိုနီရဲေနေသာမ်က္လုံးမ်ားႏွင့္ မီးခိုးေရာင္ ေျခာက္ေသြ႕ေနေသာမ်က္ႏွာသည္ အလြန္ ထိတ္လန႔္စရာေကာင္းေလ၏။

“ဂရား...”

အေလာင္းေကာင္သည္ ေအာ္ေဟာက္လိုက္ၿပီး မတ္တပ္ရပ္ဖို႔အဆင္သင့္ျဖစ္ေနခဲ့ခ်ိန္တြင္ ေက်ာက္ပင္းသည္ သူအိတ္ေဆာင္ဓားကို ထုတ္လိုက္ကာ ဖုတ္ေကာင္၏ ဦးထိပ္သို႔ထိုးသြင္းလိုက္ေလ၏။

စုန႔္ခ်န္ရႈထံေျပာလာေသာ ေက်ာက္ပင္း၏အသံသည္ အက္ကြဲေနခဲ့ေလ၏။

“ေက်းဇူးျပဳၿပီး တျခားလူေတြကိုလည္း စစ္ေဆးဖို႔ ကူညီေပးပါအုံး”

“ေကာင္းပါၿပီ ”

စုန႔္ခ်န္ရႈသည္ တျခားဒဏ္ရာရထားေသာ စစ္သားမ်ားစြာကို စစ္ေဆးရန္ သြားလိုက္၏။ အေျခခံအားျဖင့္ သူတို႔ကိုယ္ရွိ ဒဏ္ရာမ်ားအားလုံးမွာ ေသနတ္ပစ္ခ်က္မ်ားမွ ျဖစ္ေလ၏။ သူသည္ က်ည္ဆန္မ်ားကို ဆြဲထုတ္ၿပီးေနာက္ တခ်ိဳ႕ေဆးမ်ားေပးခဲ့လိုက္၏။ ႀကီးႀကီးမားမားစိုးရိမ္စရာမရွိေတာ့ေခ်။ သူတို႔ထဲမွ ႏွစ္ေယာက္သည္ အဖ်ားရွိေနၿပီး သို႔ေသာ္ သူ႕အကဲျဖတ္ၾကည့္လိုက္ျခင္းအရ ၎သည္ ေယာင္ယမ္းကိုက္ခဲမႈသာျဖစ္နိုင္သည္။ ေဆးရည္ေပးသြင္းၿပီေနာက္ အဖ်ားက်သြားလိမ့္မည္။

ေဆးဝါးမ်ားသြားရွာေသာ စစ္သားမ်ားသည္ သူတို႔လက္ထဲတြင္ အေရးေပၚေဆးခန္းအတြင္းမွ ရွာေတြ႕ခဲ့ၾကေသာ ေဆးဝါးကိရိယာအမ်ိဳးမ်ိဳးႏွင့္ ျပန္ေရာက္လာခဲ့ၾက၏။

စုန႔္ခ်န္ရႈသည္ လူတိုင္းအား သူတို႔၏ဒဏ္ရာမ်ားကို ဂ႐ုတစိုက္ႏွင့္ ကူညီေပးခဲ့ၿပီး အဖ်ားရွိေသာစစ္သားႏွစ္ေယာက္ကို ေဆးရည္ သြင္းေပးခဲ့၏။

“ေကာင္းေကာင္းအနားယူပါ၊ တျခားဘာျပႆနာေတြမွ မျဖစ္နိုင္ေတာ့ပါဘူး ”

“ေက်းဇူးတင္ပါတယ္ ေဒါက္တာ ”

စစ္သားအားလုံးသည္ သက္ျပင္းခ်လိဳက္ၾကကာ စိတ္သက္သာရာရသြားၾကေလ၏။

“မလိုပါဘူး...”

စုန႔္ခ်န္ရႈသည္ ဖရိုဖရဲအသံကို ၾကားလိုက္ရခ်ိန္တြင္ စကားေျပာလက္စတစ္၀က္မွာတင္ ရွိေသး၏။ သူလွည့္ၾကည့္လိုက္ေသာအခါ ေက်ာက္ပင္းတစ္ေယာက္ ေျမေပၚသို႔ ေမ့လဲက်သြားသည္ကို ေတြ႕လိုက္ရ၏။ သူ႕မ်က္ႏွာသည္ နီျမန္းေနခဲ့ၿပီး ရွင္းရွင္းလင္းလင္းကိုပင္ သူ႕တြင္ အဖ်ားရွိေန၏။

🍒🍒

ဘာသာျပန္သူမွာေျပာစရာရွိပါတယ္။

ဒီအပိုင္းျပန္ေတာ့ ရီရမလို ငိုရမလိုျဖစ္သြားတယ္။

ကိုယ့္ဆီက ဖြတ္တပ္အေျခအေနနဲ႕ႏွိုင္းယွဥ္ၿပီး (/¯◡ ‿ ◡)/¯ ~ ┻━┻

Continue Reading

You'll Also Like

1.3M 45.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
223K 24.1K 200
THIS STORY IS NOT MY OWN. MANHWA NAME - ATTACK AND OCUPPY. YOU CAN GOOGLE SEARCH ON IT. English Translation can be found " Must Read " reading list...
57.7K 8.2K 27
This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - the emperor's favorite concubine i...
1.5M 61.7K 73
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...