ငါအိပ်ပျော်သွားတဲ့နေ့တိုင်း င...

By KaGura695

14.2K 2.4K 88

ကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြော... More

Description
Chapter 1.1 (U/Z)
Chapter 1.2 (U/Z)
Chapter 1.3 (U/Z)
Chapter 2.1 (U/Z)
Chapter 2.2 (U/Z)
Chapter 2.3 (U/Z)
Chapter 3.1 (U/Z)
Chapter 3.2 (U/Z)
Chapter 3.3 (U/Z)
Chapter 3.4 (U/Z)
Note
Chapter 4.1(U/Z)
Chapter 4.2 (U/Z)
Chapter 5.1 (U/Z)
Chapter 5.3(U/Z)
Chapter 6.1(U/Z)
Note
Chapter 6.2(U/Z)
Chapter 6.3(U/Z)
Chapter 6.4(U/Z)
Chapter 7.1(U/Z)
Chapter 7.2(U/Z)
Chapter 7.3(U/Z)
Chapter 7.4(U/Z)
Chapter 8.1(U/Z)
Chapter 8.2(U/Z)
Note
Chapter 8.3(U/Z)

Chapter 5.2 (U/Z)

381 86 3
By KaGura695

Unicode

အခန်း ၅.၂ - Angelo Phantom

သူမနိုးလာတော့ညနေ ၆ နာရီထိုးနေပြီဖြစ်သည်။မီလီသည်လက်ဆေးလိုက်ပြီးညစာစားဖို့အတွက်ပြင်ဆင်ကာအိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှကိုပြန်မှတ်မိအောင်လုပ်နေတော့သည်။

ရှီးပိုင်ချန်းရဲ့ရေမွှေးနဲ့ပတ်သတ်ပြီးဝတ္ထုတစ်ပုဒ်ရေးမည်ဆိုသည့်အကြောင်းရယ်၊သူ့ဖုန်းနံပါတ်ရယ်ကလွဲပြီးအသေးစိတ်အချက်အလက်များကိုအတိအကျမမှတ်မိပေ။

ဖက်ရှင်သမားတစ်ယောက်အနေနဲ့ရေမွှေးဟာမီလီ့အတွက်အထူးစိတ်ဝင်စားရတဲ့ဇိမ်ခံပစ္စည်းတစ်ခုလည်းဖြစ်တယ်။သူမ၏စုဆောင်းမှုတွင် ယွမ် ၃၀၀၀ကျော်တန်ဖိုးရှိတဲ့တန်ဖိုးကြီးရေမွှေးပုလင်းနှစ်ပုလင်းပါရှိသည်။Lancome Yidong တစ်ပုလင်း နှင့် Chanel Yuya တို့ပဲဖြစ်သည်။ပထမပုလင်းရဲ့အနံ့ကလူကိုလန်းဆန်းစေပြီးနောက်တစ်မျိုးကတော့ luxury ဆန်ဆန်အချိန်အကြာကြီးစွဲကျန်စေတဲ့ရနံ့မျိုးဖြစ်သည်။မတူညီတဲ့ ဝတ်စားဆင်ယင်မှုပုံစံတွေက မတူညီတဲ့ရေမွှေးမျိုးစုံနှင့်လိုက်ဖက်သည်။

မီလီသည်အများအားဖြင့် ရေမွှေးမသုံးသော်လည်းပါတီပွဲတက်သည့်အခါမျိုးကြရေမွှေးသည်စိတ်နေသဘောထားကို မြှင့်တင်ပေးသလိုဆွဲဆောင်မှုအားလည်းကောင်းပြီးစိတ်တူကိုယ်တူလူများကိုလည်းဆွဲဆောင်ပေးနိုင်သည်။ငွေကြေးအကန့်အသတ်ကြောင့်မီလီသည်ပိုစျေးကြီးသောရေမွှေးများကိုမဝယ်နိုင်ပါ။သူမ၏ စုဆောင်းမှုတွင်ရှိသောပုလင်းနှစ်ပုလင်းကိုသေချာဂရုတစိုက်ရွေးချယ်ထားရတာဖြစ်သည်။

စားပွဲပေါ်တွင်အရသာရှိသော ဟင်းလျာအချို့ကို ခင်းကျင်းထားပြီးနောက် လူအိုကြီးပိုင်အတွက်အရသာကောင်းမွန်တဲ့ဟာ တစ်ခုခုကိုချက်ပြုတ်ပေးမည်ဟု ကတိပြုထားသည်ကိုမီလီ သတိရမိသည်။

သူမသည် သူမ၏လက်ကိုင်ဖုန်းကိုထုတ်ကာ နံပါတ်များကို ချီတုံချတုံဖြင့်ရိုက်လိုက်ရာ သာယာနာပျော်ဖွယ်မြည်သံကို ကြားလိုက်ရသည်။စက္ကန့်များစွာကြာပြီးနောက်ဖုန်းသည်အမှန်တကယ်ချိတ်ဆက်သွားခဲ့သည်။

[ဟဲလို၊ ဘယ်သူလဲ။] ဆိုပြီးဖုန်းထဲမှခပ်ဩဩယောက်ျားအသံ ထွက်ပေါ်လာသည်။

မီလီ၏မျက်လုံးများအ‌ရောင်တောက်ပလာပြီး

"အခုပြောနေတာက လူအိုကြီးပိုင်လား?"

[ဘယ်သူ…မင်း…]

တစ်ဖက်လူရဲ့အသံကို ရှင်းရှင်းလင်းလင်းမကြားရတဲ့နောက်ဘာမှမပြောပဲငြိမ်နေလိုက်တယ်။

"ဟယ်လို?"

မီလီကအသံထွက်ပြီး ကြိမ်ဖန်များစွာအော်လိုက်သော်လည်းတုံ့ပြန်မှုမရှိခဲ့ပေ။ ခဏအကြာတွင်ဖုန်းခေါ်ဆိုမှု သည်အလိုအလျောက်ပြီးဆုံးသွားသည်။

မီလီအကြိမ်ပေါင်းများစွာဖုန်းခေါ်ဆိုသော်လည်း မအောင်မြင်ခဲ့ပေ။သူမသည်ဖုန်းကိုအကြာကြီးစိုက်ကြည့်ရင်းတစ်ဖက်လူဆီစာတိုတစ်စောင်ပို့လိုက်သည်။

[လောင်ပိုင်၊ခုစာပို့တာက မီမီပါ။]

မိနစ်အနည်းငယ်ကြာအောင် စောင့်ပြီးနောက်တွင်လည်းတုံ့ပြန်မှုမရှိသောကြောင့်သူမလက်လျှော့လိုက်သည်။ဖုန်းကို စားပွဲပေါ်တင်ကာလက်ကိုပြန်ဆေးပြီးထမင်းစစားလိုက်သည်။

ညစာစားပြီးနောက်မီလီသည် ရှော့ပင်းမောလ်သို့သွားကာ အလှကုန်ကောင်တာအမျိုးမျိုးကိုလှည့်လည်ကြည့်ရှုခဲ့သည်။ သူမသည်ရေမွှေးတစ်ဒါဇင်ကျော်ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခဲ့ပြီး နောက်ဆုံးတွင် Adidas Passion တစ်ပုလင်းကို ၈၉၈ယွမ်ဖြင့်ဝယ်ယူခဲ့သည်။

အဲဒီညအိပ်ရာဝင်ချိန်မှာတော့ ခေါင်းအုံးပေါ်တွင်ရေမွှေးအချို့ကိုဖြန်းပြီးမွှေးရနံ့များစွာခြံရံကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

[လောင်ပိုင်၊ခုစာပို့တာက မီမီပါ။]

သူမသိတဲ့နံပါတ်တစ်ခုမှ စာသားတစ်ခုကိုမြင်လိုက်ရသောအခါ ရှီးပိုင်ချန်းရဲ့ပထမဆုံးတုံ့ပြန်မှုကတော့

"မင်း မိုဘိုင်းလ်ဖုန်းဖြစ်သွားပြန်ပြီလား။"

ဖုန်းကဒီတိုင်းပဲအသံတိတ်ငြိမ်သက်နေသည်။

အချိန်အတော်ကြာအောင် တုံ့ပြန်မှုမရှိသောကြောင့် ရှီးပိုင်ချန်းကသူ့လက်ချောင်းများကို ရွှေ့ကာစာသားဖြင့်ထပ်ပြောလိုက်သည်။

[မင်းအခုဘယ်မှာလဲ?]

ဖုန်းကအရင်တိုင်းပဲထပ်ပြီးအသံတိတ်ငြိမ်သက်နေပြန်သည်။

မိနစ်အနည်းငယ်ကြာအောင် စောင့်ပြီးနောက်တွင်နောက်ထပ် စာတိုတစ်စောင်ပေးပို့ခဲ့သည်။

[မင်းရှိသေးလား။မင်းဘယ်သူ့ဖုန်းကိုသုံးနေတာလဲ။]

စာသားကဘာတုံ့ပြန်မှုမှမရှိဘဲပင်လယ်ထဲပစ်ချလိုက်သလိုမျိူးဖြစ်နေသည်။

ရှီးပိုင်ချန်းက သူမကို ဖုန်းခေါ်ပေမယ့်သူမဟာ ဆက်သွယ်မှုဧရိယာထဲမှာမရှိဘူးလို့ပြောတဲ့အသံပဲထွက်ပေါ်လာခဲ့သည်။

သူသည်မျက်မှောင်ကြုတ်ပြီး နံပါတ်ကို "တစ္ဆေလေး" ဟုအမည်ပေးကာသိမ်းဆည်းခဲ့သည်။

Zawgyi

အခန္း ၅.၂ - Angelo Phantom

သူမႏိုးလာေတာ့ညေန ၆ နာရီထိုးေနၿပီျဖစ္သည္။မီလီသည္လက္ေဆးလိုက္ၿပီးညစာစားဖို႔အတြက္ျပင္ဆင္ကာအိပ္မက္ထဲတြင္ ျဖစ္ပ်က္ခဲ့သမွ်ကိုျပန္မွတ္မိေအာင္လုပ္ေနေတာ့သည္။

ရွီးပိုင္ခ်န္းရဲ႕ေရေမႊးနဲ႔ပတ္သတ္ၿပီးဝတၳဳတစ္ပုဒ္ေရးမည္ဆိုသည့္အေၾကာင္းရယ္၊သူ႔ဖုန္းနံပါတ္ရယ္ကလြဲၿပီးအေသးစိတ္အခ်က္အလက္မ်ားကိုအတိအက်မမွတ္မိေပ။

ဖက္ရွင္သမားတစ္ေယာက္အေနနဲ႔ေရေမႊးဟာမီလီ့အတြက္အထူးစိတ္ဝင္စားရတဲ့ဇိမ္ခံပစၥည္းတစ္ခုလည္းျဖစ္တယ္။သူမ၏စုေဆာင္းမႈတြင္ ယြမ္ ၃၀၀၀ေက်ာ္တန္ဖိုးရွိတဲ့တန္ဖိုးႀကီးေရေမႊးပုလင္းႏွစ္ပုလင္းပါရွိသည္။Lancome Yidong တစ္ပုလင္း ႏွင့္ Chanel Yuya တို႔ပဲျဖစ္သည္။ပထမပုလင္းရဲ႕အနံ႔ကလူကိုလန္းဆန္းေစၿပီးေနာက္တစ္မ်ိဳးကေတာ့ luxury ဆန္ဆန္အခ်ိန္အၾကာႀကီးစြဲက်န္ေစတဲ့ရနံ႔မ်ိဳးျဖစ္သည္။မတူညီတဲ့ ဝတ္စားဆင္ယင္မႈပုံစံေတြက မတူညီတဲ့ေရေမႊးမ်ိဳးစုံႏွင့္လိုက္ဖက္သည္။

မီလီသည္အမ်ားအားျဖင့္ ေရေမႊးမသုံးေသာ္လည္းပါတီပြဲတက္သည့္အခါမ်ိဳးၾကေရေမႊးသည္စိတ္ေနသေဘာထားကို ျမႇင့္တင္ေပးသလိုဆြဲေဆာင္မႈအားလည္းေကာင္းၿပီးစိတ္တူကိုယ္တူလူမ်ားကိုလည္းဆြဲေဆာင္ေပးႏိုင္သည္။ေငြေၾကးအကန႔္အသတ္ေၾကာင့္မီလီသည္ပိုေစ်းႀကီးေသာေရေမႊးမ်ားကိုမဝယ္ႏိုင္ပါ။သူမ၏ စုေဆာင္းမႈတြင္ရွိေသာပုလင္းႏွစ္ပုလင္းကိုေသခ်ာဂ႐ုတစိုက္ေ႐ြးခ်ယ္ထားရတာျဖစ္သည္။

စားပြဲေပၚတြင္အရသာရွိေသာ ဟင္းလ်ာအခ်ိဳ႕ကို ခင္းက်င္းထားၿပီးေနာက္ လူအိုႀကီးပိုင္အတြက္အရသာေကာင္းမြန္တဲ့ဟာ တစ္ခုခုကိုခ်က္ျပဳတ္ေပးမည္ဟု ကတိျပဳထားသည္ကိုမီလီ သတိရမိသည္။

သူမသည္ သူမ၏လက္ကိုင္ဖုန္းကိုထုတ္ကာ နံပါတ္မ်ားကို ခ်ီတုံခ်တုံျဖင့္႐ိုက္လိုက္ရာ သာယာနာေပ်ာ္ဖြယ္ျမည္သံကို ၾကားလိုက္ရသည္။စကၠန႔္မ်ားစြာၾကာၿပီးေနာက္ဖုန္းသည္အမွန္တကယ္ခ်ိတ္ဆက္သြားခဲ့သည္။

[ဟဲလို၊ ဘယ္သူလဲ။] ဆိုၿပီးဖုန္းထဲမွခပ္ဩဩေယာက္်ားအသံ ထြက္ေပၚလာသည္။

မီလီ၏မ်က္လုံးမ်ားအ‌ေရာင္ေတာက္ပလာၿပီး

"အခုေျပာေနတာက လူအိုႀကီးပိုင္လား?"

[ဘယ္သူ…မင္း…]

တစ္ဖက္လူရဲ႕အသံကို ရွင္းရွင္းလင္းလင္းမၾကားရတဲ့ေနာက္ဘာမွမေျပာပဲၿငိမ္ေနလိုက္တယ္။

"ဟယ္လို?"

မီလီကအသံထြက္ၿပီး ႀကိမ္ဖန္မ်ားစြာေအာ္လိုက္ေသာ္လည္းတုံ႔ျပန္မႈမရွိခဲ့ေပ။ ခဏအၾကာတြင္ဖုန္းေခၚဆိုမႈ သည္အလိုအေလ်ာက္ၿပီးဆုံးသြားသည္။

မီလီအႀကိမ္ေပါင္းမ်ားစြာဖုန္းေခၚဆိုေသာ္လည္း မေအာင္ျမင္ခဲ့ေပ။သူမသည္ဖုန္းကိုအၾကာႀကီးစိုက္ၾကည့္ရင္းတစ္ဖက္လူဆီစာတိုတစ္ေစာင္ပို႔လိုက္သည္။

[ေလာင္ပိုင္၊ခုစာပို႔တာက မီမီပါ။]

မိနစ္အနည္းငယ္ၾကာေအာင္ ေစာင့္ၿပီးေနာက္တြင္လည္းတုံ႔ျပန္မႈမရွိေသာေၾကာင့္သူမလက္ေလွ်ာ့လိုက္သည္။ဖုန္းကို စားပြဲေပၚတင္ကာလက္ကိုျပန္ေဆးၿပီးထမင္းစစားလိုက္သည္။

ညစာစားၿပီးေနာက္မီလီသည္ ေရွာ့ပင္းေမာလ္သို႔သြားကာ အလွကုန္ေကာင္တာအမ်ိဳးမ်ိဳးကိုလွည့္လည္ၾကည့္ရႈခဲ့သည္။ သူမသည္ေရေမႊးတစ္ဒါဇင္ေက်ာ္ကို ကိုယ္တိုင္ကိုယ္က် စမ္းသပ္ခဲ့ၿပီး ေနာက္ဆုံးတြင္ Adidas Passion တစ္ပုလင္းကို ၈၉၈ယြမ္ျဖင့္ဝယ္ယူခဲ့သည္။

အဲဒီညအိပ္ရာဝင္ခ်ိန္မွာေတာ့ ေခါင္းအုံးေပၚတြင္ေရေမႊးအခ်ိဳ႕ကိုျဖန္းၿပီးေမႊးရနံ႔မ်ားစြာၿခံရံကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေတာ့သည္။

[ေလာင္ပိုင္၊ခုစာပို႔တာက မီမီပါ။]

သူမသိတဲ့နံပါတ္တစ္ခုမွ စာသားတစ္ခုကိုျမင္လိုက္ရေသာအခါ ရွီးပိုင္ခ်န္းရဲ႕ပထမဆုံးတုံ႔ျပန္မႈကေတာ့

"မင္း မိုဘိုင္းလ္ဖုန္းျဖစ္သြားျပန္ၿပီလား။"

ဖုန္းကဒီတိုင္းပဲအသံတိတ္ၿငိမ္သက္ေနသည္။

အခ်ိန္အေတာ္ၾကာေအာင္ တုံ႔ျပန္မႈမရွိေသာေၾကာင့္ ရွီးပိုင္ခ်န္းကသူ႔လက္ေခ်ာင္းမ်ားကို ေ႐ႊ႕ကာစာသားျဖင့္ထပ္ေျပာလိုက္သည္။

[မင္းအခုဘယ္မွာလဲ?]

ဖုန္းကအရင္တိုင္းပဲထပ္ၿပီးအသံတိတ္ၿငိမ္သက္ေနျပန္သည္။

မိနစ္အနည္းငယ္ၾကာေအာင္ ေစာင့္ၿပီးေနာက္တြင္ေနာက္ထပ္ စာတိုတစ္ေစာင္ေပးပို႔ခဲ့သည္။

[မင္းရွိေသးလား။မင္းဘယ္သူ႔ဖုန္းကိုသုံးေနတာလဲ။]

စာသားကဘာတုံ႔ျပန္မႈမွမရွိဘဲပင္လယ္ထဲပစ္ခ်လိုက္သလိုမ်ိဴးျဖစ္ေနသည္။

ရွီးပိုင္ခ်န္းက သူမကို ဖုန္းေခၚေပမယ့္သူမဟာ ဆက္သြယ္မႈဧရိယာထဲမွာမရွိဘူးလို႔ေျပာတဲ့အသံပဲထြက္ေပၚလာခဲ့သည္။

သူသည္မ်က္ေမွာင္ၾကဳတ္ၿပီး နံပါတ္ကို "တေစၦေလး" ဟုအမည္ေပးကာသိမ္းဆည္းခဲ့သည္။

Continue Reading

You'll Also Like

264K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
276K 26.3K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
336K 35.1K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
249K 37.3K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest