ငါအိပ်ပျော်သွားတဲ့နေ့တိုင်း င...
By KaGura695
14.2K 2.4K 88
ကားမတော်တဆမှုဖြစ်ပြီးနောက်တွင် မီလီသည် သူမကိုယ်ဟာ ထူးဆန်းသော အရာဝတ္ထုမျိုးစုံကို ပြောင်းလဲပိုင်ဆိုင်နိုင်ကြော... More
Description
Chapter 1.1 (U/Z)
Chapter 1.2 (U/Z)
Chapter 1.3 (U/Z)
Chapter 2.1 (U/Z)
Chapter 2.2 (U/Z)
Chapter 2.3 (U/Z)
Chapter 3.1 (U/Z)
Chapter 3.2 (U/Z)
Chapter 3.3 (U/Z)
Chapter 3.4 (U/Z)
Note
Chapter 4.1(U/Z)
Chapter 4.2 (U/Z)
Chapter 5.2 (U/Z)
Chapter 5.3(U/Z)
Chapter 6.1(U/Z)
Note
Chapter 6.2(U/Z)
Chapter 6.3(U/Z)
Chapter 6.4(U/Z)
Chapter 7.1(U/Z)
Chapter 7.2(U/Z)
Chapter 7.3(U/Z)
Chapter 7.4(U/Z)
Chapter 8.1(U/Z)
Chapter 8.2(U/Z)
Note
Chapter 8.3(U/Z)
Chapter 5.1 (U/Z)
362 82 4
By KaGura695
Unicode
အခန်း ၅.၁ - Angelo Phantom
ရှီးပိုင်ချန်သည် စားပွဲပေါ်တွင်ကြက်သွန်ကွင်းထည့်ထားတဲ့ဘူးတစ်ဘူးသာချန်ထားပြီးကျန်တာတွေကိုရှင်းထုတ်လိုက်သည်။ပြီးနောက် မီလီဝင်ပူးထားတဲ့ကြက်သွန်ကွင်းကိုသိသာစေရန်ခရမ်းချဉ်သီးအချဉ်လောင်းချလိုက်ကာအမှတ်အသားလုပ်လိုက်ပြီးဘူးထဲသို့တခြားကြက်သွန်ကွင်းအဖော်များနဲ့တူတူရှိစေရန်ပြန်ထည့်လိုက်သည်။
[ကြက်သွန်ကွင်းစားရတာ ကြိုက်တယ်လို့မပြောဘူးလား။ အများကြီးကျန်သေးတယ် ဘာလို့မစားတာလဲ။]
ကြက်သွန်ကွင်းများစွာဝန်းရံခံထားသောမီလီကအံ့ဩစွာဖြင့်မေးလိုက်သည်။
ရှီးပိုင်ချန်က သူမကိုတစ်ချက်ကြည့်လိုက်ပြီး
"ငါကဘာပဲစားစား စားသမျှကို အမြဲကုန်အောင်စားတယ်။"
သူ မစားတဲ့အစားအသောက်ကလွဲရင်အမြဲကုန်အောင်စားတယ်။
စားကြွင်းစားကျန် →မီလီ - […]
“မင်းအေးသွားတဲ့အခါကျ ငါပြန်စားမယ်” ဟုသူကဆက်ပြောသေးသည်။
"အေးသွားတဲ့အခါ" က ဘာကိုပြောချင်တာလဲ။နင်ပဲကိုယ့်ဟာကိုအရင်အအေးခံလိုက်။
မီလီသည်သူမ၏ခန္ဓာကိုယ်ကို ကြက်သွန်နီကွင်းများပေါ်သို့လှဲချကာထိန်းလိုက်သည်။ပြီးနောက်စားပွဲပေါ်သို့လှဲချကာ စားပွဲပေါ်မှတဆင့်ကော်ဇောဆီသို့လှိမ့်သွားသည်။သူမသည် ကော်ဇောအမျှင်များတွင်ပိတ်မိပြီးဆက်မလှိမ့်နိုင်တော့ပေ။
ရှီးပိုင်ချန်းသည် အပေါ်ကိုကြည့်ကာ စက္ကူပုဝါတစ်ထည်ကို လိပ်ပြီးဆုတ်လိုက်သည်။သူမကို ကော်ဇောပေါ်ကနေဆွဲယူလိုက်ပြီးကော်ဖီခွက်ထဲကဇွန်းပေါ်မှာ ချိတ်ဆွဲလိုက်သည်။
မီလီသည် ဇွန်းကိုလှည့်ကာပြုတ်ကျအောင်လုပ်သော်လည်းအသံမြည်သွားရုံမှအပမလှုပ်နိုင်ဘဲလက်လျှော့လိုက်ရသည်။
ကြက်သွန်နီကွင်းအနေဖြင့် ငါကကိုယ့်အခြေအနေကိုကိုယ်သိရမှာပေါ့။မာနကြီးတာဟာ မကောင်းပါဘူး။မီလီကသူမကိုယ်သူနှစ်သိမ့်လိုက်တယ်။
ရှီးပိုင်ချန်းသည် သူမကို လျစ်လျူရှုကာကွန်ပျူတာကိုဖွင့်ပြီးစာစရိုက်တော့သည်။
[စာရေးခြင်းတာကလွဲပြီး တခြားဝါသနာမရှိတော့ဘူးလား။] လို့ မီလီကမေးလိုက်သည်။
"အင်း"
ကီးဘုတ်ပေါ်တွင်စာရိုက်နေစဉ်ရှီးပိုင်ချန်းက
"အားကစားလုပ်တာ၊ဈေးဝယ်ထွက်တာနှင့် ရုပ်ရှင်ကြည့်ရတာ" ဟုထပ်ပြီး‌ ဖြေခဲ့သည်။
[အင်း။ကျွန်မလည်း အဲဒါတွေကို ကြိုက်တယ်။]
မီလီကသူမနဲ့ဝါသနာတူသူနဲ့တွေ့တာ ဝမ်းသာအားရနဲ့ထပ်ပြောလိုက်တယ်။
[နောက်တစ်ခါ အခွင့်အရေးရရင်အပြင်ထွက်ပြီး အတူတူကစားကြရအောင်။]
"အိုကေ"
သူ၏အာရုံစူးစိုက်မှုရှိနေတဲ့ အမူအရာကိုကြည့်ပြီး မီလီက သူ့ကိုဆက်မနှောင့်ယှက်ဘဲ သူစာရိုက်နေသည်ကိုကြည့်ရန် ဇွန်းပေါ်တွင်ချိတ်ဆွဲလျက်ငြိမ်သက်စွာနေနေသည်။
ရှီးပိုင်ချန်းသည်လက်ရှိတွင် စာမူအကျဉ်းချုပ်ကိုချရေးနေပါသည်။အမျိုးသားဇာတ်ဆောင်ကို "X" ဟုအမည်ပေးထားကာ အမျိုးသမီးဇာတ်ဆောင်မှာ "Y" ဖြစ်ပြီး ဇာတ်ပို့အခန်းကဏ္ဍများမှာ အမျိုးသား (a)၊ အမျိုးသား (b)၊ အမျိုးသမီး (a)၊ အမျိုးသမီး (b) စသဖြင့်ပေးထားသည်။အမျိုးသားဇာတ်ဆောင်မှာ တက္ကသိုလ်မှထုတ်ပယ်ခံထားရတဲ့ပြဿနာများတဲ့ကျောင်းသားတစ်ဦးဖြစ်သည်။သူသည်နာခံမှုမရှိသူဖြစ်ပြီး ရိုင်းစိုင်းတဲ့အကျင့်စရိုက်ရှိသူလည်းဖြစ်သည်။သို့သော်သူသည် လိမ္မာပါးနပ်ပြီး ရဲရင့်ကာသတိရှိရှိနေသူဖြစ်ပြီးထူးထူးခြားခြားအနံ့ခံနိုင်စွမ်းလည်းရှိသည်။အဆင်မပြေမှုအမျိုးမျိုးကိုကြုံတွေ့ပြီးနောက်တွင်အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ်ကျော်ကြားသောရေမွှေးထုတ်လုပ်သူတစ်ဦးရဲ့တပည့်အနေနဲ့စတင်လုပ်ကိုင်ကာရေမွှေးထုတ်လုပ်သူဖြစ်လာခဲ့သည်။
ဇာတ်လမ်းအသွားအလာကိုဖတ်ပြီးနောက် မီလီစိတ်သက်သာရာရသွားသည်။ဒီတစ်ကြိမ်တော့ ခွေးသွေးတွေနှင့်ဝမ်းနည်းစရာကောင်းတဲ့အချစ်ဇာတ်လမ်းမဟုတ်တာတော်သေးသည်။
"မနက်ဖြန် ရေမွှေးဝယ်ဖို့စီစဉ်ထားတာအတူတူသွားကြမလား"
ရှီးပိုင်ချန်းသည်မီလီကိုရုတ်တရက်မေးလိုက်သည်။
[အင်း… အခြေအနေပေါ်မူတည်တယ်။]
မီလီက သူမဘာဖြစ်လာမယ်ဆိုတာကိုမထိန်းချုပ်နိုင်ပေ။ အကယ်၍သူမသည်အိမ်သာဖြစ်လာပါက တိုင်ကီကွဲသွားသည့်တိုင်သူနှင့်အတူအပြင်ကိုမထွက်နိုင်ပေ။
သူမစကားကြားတော့ ရှီးပိုင်ချန်းကစကားအများကြီးမပြောတော့ဘဲ သူ့ဇာတ်ကြောင်းကို ဆက်ပြီးကြည့်နေသည်။
မီလီလည်းသူမနဂိုကိုယ်ထဲအသိစိတ်ပြန်မဝင်ခင်အထိတိတ်တဆိတ်နေပြီးသူနဲ့အတူအဖော်လုပ်ပေးခဲ့သည်။
Zawgyi
"အင်း"
"အိုကေ"
Continue Reading
You'll Also Like
473K 40.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
399K 3.1K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
336K 35.1K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...