Exact LOVE // Jaywon

By Seoeun_0206

8.9K 968 92

Jaywon FF 💓 [ Completed ] Written in Burmese U+Z 🅢🅣🅐🅡🅣 - 16/7/2022 🅔🅝🅓 - 20/8/2022 ... More

하나
Miyanae yo!
다섯
여섯
일곱
여덟
아홉
종료 : End

열하나

544 65 7
By Seoeun_0206

Unicode 💙

ခရစ်စမတ်နေ့ ☃️❄️

🌨️🐈

ဆောင်းရာသီရဲ့ သဘောသဘာဝအတိုင်း မနက်ခင်းကို ချမ်းစိမ့်မှုက ဆီးကြိုနေတယ်။
အခုလည်း စောင်အထူကြီး ခြုံထားပေမယ့် အေးစက်မှုကမလျော့သွား။ အိပ်ရာထဲမှာ ကွေးကွေးလေး နှပ်ဖို့စိတ်ကူးထားပေမယ့် ဘေးကအနွေးဓာတ်ပျောက်နေတဲ့ နေရာလွတ်ကို စမ်းမိတော့မှ ငုတ်တုတ်ထထိုင်မိတယ်။

" ဂျေး hyung ~~ "

ခေါ်တော့လည်း ပြန်ထူးသံမကြားရ။ ဘယ်ရောက်သွားတာလဲ ။ ကျွန်တော့်အဖြစ်မှာ အမေပျောက်နေတဲ့ ကြောင်ပေါက်လေးလို။

လုံးထွေးထားတဲ့ စောင်ကို ဖယ်ရှားရင်းကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းဆီ အိပ်ချင်မူးတူးလျှောက်သွားလိုက်တယ်။ မျက်နှာသစ်သွားတိုက်ပြီး ရေချိုးခန်းထဲက ထွက်လာတော့ လှေကားကနေတက်လာတဲ့ နူးနားကိုတွေ့လိုက်တယ်။

" နိုးပြီလား ဂျောင်ဝန်း .... Merry Christmas "

" Merry Christmas.... နူးနား
ဂျေးhyung ကော ဘယ်မှာလဲ ..... "

" အောက်မှာ ရှိပါတယ်တော်......
အခု မနက်စာစားဖို့လာခေါ်တာ ။ ဆင်းခဲ့တော့ မြန်မြန် "

ပြောပြီး ပြေးဆင်းသွားတဲ့ နူးနားနောက် ခပ်သွက်သွက်လိုက်ကာ အောက်ထပ်ကိုဆင်းလိုက်တယ်။

" သမက်လေးက ဟင်းချက်တော်တော် ကောင်းတာပဲ "

" အဲ့လောက် မဟုတ်ပါဘူးဗျာ "
မီးဖိုခန်းကနေ လွင့်ပျံလာတဲ့ ရယ်သံအချို့နဲ့ စကားသံတွေ။ ဂျေးhyungကို မစောင့်ဘဲ အရင်ထသွားလို့ ရစ်မယ်ကြံသေး ဒီလိုအမေတို့နဲ့ ရင်းနှီးအောင် နေနေတော့လည်း မပြောရက်တော့ ။

" Merry Christmas ပါ အားလုံးပဲ "
ကျွန်တော်ပြောလိုက်တော့ ထမင်းပွဲပြင်နေကြတဲ့ အမေနဲ့ ဂျေးhyungကော ၊ ထမင်းစားပွဲမှာထိုင်နေပြီဖြစ်တဲ့ အဖေကော လှည့်ကြည့်လာကြတယ်။

" Merry Christmas ပါ သား "

" Merry Christmas ပါဖေဖေ "
အဖေ့ရဲ့ ညာဘက် နှစ်ခုံမြောက်မှာဝင်ထိုင်ရင်း ဖြေလိုက်တယ်။ ဟင်းပွဲတွေ တခုချင်းချလာတဲ့ အမေကလည်း

" Merry Christmas သားငယ်လေး "

" Merry Christmas မေမေ "

ဟင်းရည်အိုးသယ်လာရင်း မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်နေတဲ့ ဂျေးhyungက ကျွန်တော့်ကို အနူးညံ့ဆုံး ပြုံးပြကာ

" Merry Christmas ကလေး "

" Merry Christmas ဂျေးhyung "

မျက်လုံးတွေ မှေးကျတဲ့အထိပြန်ပြုံးပြကာ ဖြေလိုက်‌တော့ ဘေးကနူးနားက ချောင်းတွေဟန့်နေတယ်။ FA မကြီးရှေ့မှာ ရိုပြမိတာကိုး ။

" ကောင်းကောင်းစားပါ့မယ် "

ဒီနေ့ မနက်စာတင် ဟင်းအမယ်စုံလှသည်။ နေ့ထူးနေ့မြတ်ဖြစ်၍လား ဧည့်သည်ရှိ၍လားတော့မသိ။

ဘယ်ဟာက အရင်စစားရမလဲ မသိတဲ့အချိန် ပန်းကန်ထဲကိုရောက်လာတဲ့ တူတစ်စုံ။ စားကြည့်လေဆိုတဲ့ သဘောနဲ့ မေးငေါ့ပြတဲ့ ဂျေးhyung ကြောင့် ထည့်လာပေးတဲ့ အသားဖတ်ကိုယူစားကြည့်လိုက်တယ်။

" အင်းးးး စားလို့ကောင်းလိုက်တာ ......
မေမေ့လက်ရာတော့မဟုတ်တာသေချာတယ်။
ဂျေးhyung ချက်တာမလား "

" စားကောင်းတယ်ဆိုလို့တော်သေးတာပေါ့ "
ရင်ဘတ်ကို လက်နဲ့ပုတ်ပြီး စိတ်သက်သာရာရသွားတဲ့ ပုံစံမျိုးပြောလာတဲ့ ဂျေးhyung။

" သားငယ် မင်းကတော့ ကံကောင်းတယ်သိလား။ သမက်လေးက ချောရုံတင်မဟုတ်ဘူး ဟင်းချက်ပါကောင်းတာ ။ မီးဖိုချောင်နဲ့ရန်ဖြစ်ထားတဲ့ ငါ့သားအတွက်တော့ ကွက်တိပဲပေါ့ .. "

နောက်ရွှတ်ရွှတ်ပြောလာတဲ့ ‌အမေ့ကြောင့် အကုန်လုံး ရယ်မိကြသည်။

" ဟီးးးး ဒါပေါ့ ဒါပေါ့
ဖေဖေလည်း ထည့်စားလေ "

" စားနေပါတယ်ကွ "

သူ့ဟာသူစားနေတဲ့ အဖေ့ကိုလည်း မထိတထိသွားစတော့ မတိုးမကျယ်ပြန်အော်လာတယ်။

" ဂျေးhyung လည်း အများကြီးစားနော် "

" အင်း ကလေးလည်းစား "

" အားးး ငါလည်း ကောင်လေးတယောက်လောက် ရှာမှပါ ...... "
ဟင်းတွေ အပြန်အလှန်ထည့်ပေးနေတဲ့ ကျွန်တော်တို့ကိုကြည့်ပြီး အားကျကာ ထအော်လာတဲ့
နူးနား။

" အော်နေလို့ ရလာမှာမဟုတ်ဘူး "

" အဲဒါဆို နင်ရှာပေးမလို့လား .. "

" မရှာပါဘူး အားအားယားယား "

" ယန်းဂျောင်ဝန်း!!! "

" 😝 "

အချေအတင်ပြောနေကြတဲ့ ကျွန်တော်တို့မောင်နှမကို ကြည့်ပြီး ကျန်တဲ့သူတွေ ရယ်နေတာမရပ်တော့။ မောင်နှမဆိုတာအဲ့လိုပဲလေ ။ အချိန်တိုင်းကိုက်နေရမှ မောင်နှမပီသတာ ။

ဘေးမှာ ရှူးရှူးရှဲရှဲဖြစ်နေတဲ့ နူးနားကို လျစ်လျူရှုပြီး ထမင်းသာဆက်စားနေလိုက်တယ်။
ကျွန်တော့်ရှေ့ ရေတစ်ခွက်လာချပေးတဲ့ဂျေးhyung ကို ပြုံးပြရင်းပေါ့။

-------------


ကျွီ ~~~ ကျွီ ~~

ခြံထဲမှာ ရှိတဲ့ ဒန်းကို လှုပ်လီလှုပ်လဲ့စီးရင်းခြေထောက်အောက်က နှင်းတွေကို ထိုးဖွမိတယ်။ နေလေးအနည်းငယ်သာနေသော်လည်း ထုထည်ကြီးမားလှတဲ့ နှင်းတွေက အရည်မပျော်ဘဲ ပုံစံမပျက်ရှိနေသေး။

နှင်းတွေဖွေးနေတဲ့ ခြံကို မျက်စိတစ်ဆုံးလိုက်
ကြည့်ရင်း ရုတ်တရက် အနောက်ကနေသိုင်းဖက်ခံလိုက်ရတဲ့ အတွက် တချက်တုန်မိသွားတယ်။ ရင်းနှီးနေတဲ့ ကိုယ်သင်းရနံ့ကြောင့်မလို့ အော်မိတော့မယ့် ပါးစပ်ကို အချိန်မှီပြန်ပိတ်လိုက်ရသေး။

" အေးနေတာကို ဘာလို့ထွက်လာတာလဲ ကလေး "

ပြောရင်း အေးခဲမှုကြောင့် နီရဲနေတဲ့ ကျွန်တော့်နားရွက်‌လေးကို အာငွေ့ပေးလာတယ်။ နွေး‌သလိုရှိပေမယ့် အိမ်ထဲမှာ လူကြီးတွေရှိသေးတယ် ဆိုတဲ့အသိကြောင့် ရုန်းလိုက်မိတယ်။

" အမေတို့တွေ့သွားရင် ဘယ်လိုလုပ်မလဲ ဂျေးhyung ..... လွှတ်ဦး .... "

ပြောလိုက်တော့ ဖက်ထားရာကလွှတ်ပေးပြီး ဘေးမှာဝင်ထိုင်ကာ ကျွန်တော့်လက်ကလေးကို ဆုပ်ကိုင်လာတယ်။ အနွေးထည်လက်ကို အနည်းငယ်မတင်ပေးပြီး အိတ်ကပ်ထဲက တစ်စုံတခုထုတ်ကာ လက်ပေါ်ဝတ်ပေးလာတယ်။

အေးစက်တဲ့အထိအတွေ့ ကြောင့် တွန့်သွားမိပေမယ့် သေချာကြည့်တော့ ဟန်းချိန်းလေးတခု ။
ငွေရောင် ကြိုးမျှင်လေးပေါ်မှာ J's J ဆိုပြီးထိုးထားတဲ့ အဝိုင်းလေးနဲ့ ချစ်စရာအတိ။

" ဒါက ....... "

" Christmas လက်ဆောင် ကလေးအတွက် "

" အရမ်းလှတာပဲ ဂျေးhyung .... ကျေးဇူးပါ
ဒါမဲ့ ကျွန်တော် ဂျေးhyungအတွက်တော့ လက်ဆောင် မပြင်ထားမိဘူး ..... "

ကျွန်တော့်လက်‌ပေါ်က ဟန်းချိန်းလေးကို ဖွဖွကိုင်ရင်း စိတ်မကောင်းစွာဆိုမိတယ်။ တကယ်လည်းမပြင်ထားမိဘူး။ ပြောရရင် Christmas လက်ဆောင်ကို အမေတို့ကလွဲရင် ဘယ်သူမှ ပေးဖူးတာမဟုတ်။

" ကိုယ့်အတွက် ကလေးဆိုတဲ့ ဖြစ်တည်မှုနဲ့တင် လုံလောက်တာထက်ပိုတယ် ။ ကျန်တာဘာမှမလိုဘူး..... အဲတာကြောင့် စိတ်မကောင်းမဖြစ်နဲ့နော် "

" ဒါဆို ကျွန်တော် အခုတတ်နိုင်တာလေးပဲ ပေးလိုက်မယ်နော် .... အများကြီးမဟုတ်ပေမဲ့ပေါ့"

ဂျေးhyungရဲ့ နှုတ်ခမ်းပါးပေါ် မျက်လုံးစုံမှိတ်ကာ ဖိကပ်နမ်းလိုက်တယ်။ တစ်..... နှစ်..... သုံး....
သုံးစက္ကန့်အကြာမှာ ပြန်ခွာလိုက်တော့ ပါးစပ်နားရွက်ချိတ်မတတ်ပြုံးနေတဲ့ ဂျေးhyung။

" ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်ဆောင်ဘဲ "

ကျွန်တော်သာ နှင်းလူသားဆိုရင် အခုဂျေးhyungရဲ့ အပြုံးကြောင့် အရည်ပျော်နေလောက်တာ သေချာတယ်။
ဟန်းချိန်းဆီ ပြန်အကြည့်ရောက်ပြီး ‌တွေးရင်းနဲ့ ကြည်နူးလို့မဆုံး။

" ဒါနဲ့ ကိုယ်အိမ်ပြန်ရတော့မယ် ..... အဖေကဒီနေ့တော့ အိမ်မှာနေကြပါတဲ့.... ဒါမဲ့ ကိုယ်မှ ကလေးကို မခွဲနိုင်တာ .. "

နှုတ်ခမ်းထော်ပြီးခေါင်းတယမ်းယမ်းနဲ့ ဆူခံရလို့ ပြန်တိုင်နေတဲ့ ကလေးတယောက်နှယ်။
သူများတွေရှေ့မှာဆို ဘယ်လောက်တည်တံ့ပြီး ကြောက်ဖို့ကောင်းတဲ့ မန်နေဂျာပက်ဖြစ်ပါစေ ကျွန်တော်နဲ့ဆိုရင်တော့ တချိန်လုံးချွဲပြီး ချစ်ဖို့ကောင်းတဲ့ ကလေးတယောက်ဖြစ်သွားတာ ကမ္ဘာပေါ်မှာ ကျွန်တော်ပဲသိတဲ့ အမှန်တရားပေါ့။

လက်‌ဖောင်းဖောင်းလေးကို ပြန်ဆုပ်ကိုင်ရင်း

‌" ဂျေးhyung ကလည်း~~ ဥက္ကဌကြီးက သူလည်း ဒီလို‌နေ့ကို မိသားစုနဲ့အတူဖြတ်သန်းချင်လို့နေမှာပေါ့။ သွားလိုက်နော် .....
တနင်္လာနေ့ကျမှ တွေ့ကြမယ်လေ ... ကျွန်တော့်တိုက်ခန်းကို လာကြိုလိုက်နော် ...
နော်လို့.... ဂျေးhyung "

ရုံးပြန်ဖွင့်တဲ့ တနင်္လာနေ့မတိုင်ခင်တော့ တိုက်ခန်းဆီပြန်မယ်ဆိုတာတော့ ထည့်မပြောဖြစ် ။ ပြောရင် ကိုယ်လိုက်ပို့မယ်တွေ ဘာတွေ ဖြစ်ကုန်မှဖြင့်။

" အင်းပါ ကလေးပြောတဲ့အတိုင်း လုပ်တော့မယ် .... ဒါဆို ကိုယ်ခဏနေပြန်တော့မယ်နော် ။
လာပါဦး .... မပြန်ခင် အားဖြည့်ရအောင် "

ဖွင့်ပေးလာတဲ့ ရင်ခွင်ကြီးထဲ မဆိုင်းမတွဝင်ကာ ကုတ်အင်္ကျီအောက်ထဲ လက်လျိုလိုက်တယ်။ တကိုယ်လုံးသိမ်းကျုံးဖက်လာတာကြောင့်လည်း နွေးလွန်းလို့ ခြံထဲမှာထိုင်နေတယ်ဆိုတဲ့ အခြေအနေကိုတောင် မေ့သွားရတယ်။

ဆောင်းရာသီကြီးရေ ...... မင်းရဲ့ အေးခဲနိုင်မှုအစွမ်းက ‌ဂျေးhyungရဲ့ ရင်ခွင်ထဲမှာတော့ အကျိုးသက်ရောက်မှုမရှိဘူးဆိုတဲ့ အမှန်တရားကို လမ်းကြုံရင် ပြောပြလိုက်ချင်သေးရဲ့။


--------------


🌨️🐈

တနင်္ဂနွေနေ့ .......

မနက်ဖြန်ရုံးဖွင့်တော့မှာ ဖြစ်တဲ့အတွက် ဒီနေ့ကတည်းက တိုက်ခန်းပြန်ခါမှ တော်ရုံကျမည်။ ဒီကနေပြန်ရင် လေဆိပ်သွားကာ
ဂျယ်ယွန်းhyungကို သွားကြိုရဦးမယ်။ မနက်ကတည်းက အဝတ်တွေထည့်ထားကာ အဆင့်သင့်ဖြစ်နေပါလျက် အခု maeumi ကိုပေါင်ပေါ်တင်ကာ ဧည့်ခန်းထဲက ဆိုဖာမှာထိုင်နေရတယ်။

" သားငယ် ပဲငပိတွေလည်း ယူသွားဦးမလား ။
ဂျယ်ယွန်း အ‌တွက်ပါ ပိုထည့်ပေးလိုက်မယ်လေ "

ပိတ်ရက်လာပြီး ပြန်တဲ့အခါတိုင်း အရံဟင်းတွေ‌ထည့်ပေးနေကြအမေက အမြဲနှစ်ယောက်စာထည့်ပေးနေကြ။ အခုလည်း ဂင်မ်ချီတွေကော အရံဟင်းတွေကော ထည့်ပေးပြီးတာတောင် ဘာလိုသေးလဲဆိုပြီး မီးဖိုချောင်တခုလုံး ပတ်ရှာနေတယ်။

" ရပါပြီ မေမေရ .... ဒီလောက်ဆို သားတို့ တော်တော် စားလို့ရနေပြီ "

Maeumi ကိုချကာ မီးဖိုချောင်ထဲဝင်လိုက်ပြီး အမေ့ကိုဖက်ထားလိုက်တယ်။ ခွဲခွာခါနီး ဒီလိုလုပ်ပေးပြီး ဝမ်းမနည်းအောင်ထိန်းထားတတ်တဲ့
အမေ့ကို မသိရိုးလား။

" အိမ်ကိုလည်း မကြာမကြာပြန်လာစမ်းပါ သားရယ် ..... မင်းကိုတွေ့ဖို့က ခက်လိုက်ပါကော..။
မင်းနူးနားတောင် အိမ်ကို ချောင်းပေါက်မတတ်လာနေသေးတာ "

" ဟုတ်ပါပြီ ... သား မကြာမကြာလာပါ့မယ် "

" သမက်လေးပါ ခေါ်ခဲ့ပေါ့ ... ဟားဟား "

" သေချာပေါက်ခေါ်ခဲ့မယ် စိတ်ချ ဟီး "

အမေထည့်ပေးတာတွေ ကြည့်လိုက်တော့ အဝတ်နဲ့စည်းထားတဲ့ ဘူးတွေက စားပွဲပေါ်ဝယ် အပြည့်။

" ပုံမှန်ထက်တောင် များနေသလိုပဲ ... "

" အော် .... ဒါ သားအတွက်ကော ၊ ဂျယ်ယွန်းလေး အတွက်ကောလေ ....
နောက် သမက်လေးအတွက်ပါ ထည့်ထားပေးတယ် "

သမက်လေးဆိုတာကို ပါးစပ်က မချတဲ့ အမေ့ကြောင့် ရယ်ချင်မိသွားတယ်။ သားအရင်းထက်တောင် ပိုချစ်နေသလားပဲ။

" ဒါမဲ့ .... ဒီလောက်အများကြီး သားတစ်ယောက်တည်း ဘယ်လိုလုပ်နိုင်မှာလဲ ... "

Taxi ငှားသွားရမယ့်ဟာကို ဒီလောက်ဘူးတွေနဲ့တော့မဖြစ်။ အဲ့လိုမှန်းသိ ဂျေးhyungကို လာကြိုခိုင်းပါတယ်။

" မင်းတစ်ယောက်တည်း မဟုတ်ပါဘူး သားရဲ့ "

" ဗျာ ? ဒါဆို ဘယ်သူလိုက်ပို့မှာမလို့လဲ "

Beep zzzz .... Beep zzzz

" လာပြီထင်တယ် ဖုန်းကိုင်လိုက်ဦးမယ် .... "

ကျွန်တော့်ကို ? တွေနဲ့ထားခဲ့ပြီး မြည်နေတဲ့ဖုန်းကိုပြေးကိုင်ကာ ခြံထဲဆင်းသွားတဲ့ အမေ။ ဘယ်သူမို့လို့လဲ ... ။

ခဏအကြာ .... အိမ်ထဲကိုပြန်ဝင်လာတဲ့ အမေနဲ့အတူ အနောက်ကကပ်လိုက်လာတဲ့ ရင်းနှီးနေတဲ့ လူတစ်ယောက်။

" ဂျေးhyung ? "

" ကလေး "

" အမေပြောတာ ဂျေးhyungကိုလား "

" ဟုတ်တယ် သား ....။ သားတစ်ယောက်တည်းပြန်ရင် အထုပ်တွေ မနိုင်မနင်းဖြစ်မှာစိုးလို့ သမက်လေးကို ခေါ်လိုက်တာ ..... ချက်ချင်းရောက်လာတာလေ "

စားပွဲပေါ်မှာရှိတဲ့ ဘူးတွေကိုတလှည့် ကျွန်တော့်ကိုတလှည့် ကြည့်ပြီး ဂျေးhyungက ခေါင်းငြိမ့်လာတယ်။
ဂျေးhyung ပင်ပန်းမှာစိုးလို့ လာတောင်မကြိုခိုင်းတာကို အခုတော့ အမေကလှမ်းခေါ်လိုက်တယ်တဲ့ ။ အင်း နှစ်ယောက်ဆိုတော့လည်း နည်းနည်း သက်သာတာပေါ့။

" အဲ့ဒါဆိုလည်း ..... သွားရအောင်လေ ဂျေးhyung
လေယာဉ်ဆိုက်ချိန် မမှီမှာစိုးလို့ "

" အင်း ကိုယ်အထုပ်တွေ သယ်သွားနှင့်မယ်
ဖြည်းဖြည်းလိုက်ခဲ့နော် ...... "

" ဟုတ် ဂျေးhyung "

အထုပ်တွေ နိုင်သလောက်ဆွဲပြီး ထွက်သွားတဲ့ ဂျေးhyungကိုကြည့်ပြီး အဖေနဲ့အမေကို နှုက်ဆက်လိုက်တယ်။

" ဖေဖေနဲ့ မေမေ သားသွားတော့မယ်နော် "

" " အင်း ကောင်းကောင်းသွားနော်သား " "

" နူးနား ငါသွားပြီနော် ..... နောက်ကြုံရင်လည်း ငါ့ဆီလာလည်ပေါ့ "

" အေးပါ နင်သာ ကောင်းကောင်းနေ "

" သွားပြီနော် အားလုံးပဲ
Maeumi ..... ကိုကိုသွားပြီနော် "

အကုန်လုံးကို နှုက်ဆက်ပြီးနောက် ကျန်တဲ့ အထုပ်တွေဆွဲကာ ခြံရှေ့ရပ်ထားတဲ့ ဂျေးhyungကားဆီ လျှောက်လာလိုက်တယ်။

ကားနောက်ဖုံးအပြည့်ဖြစ်သွားတဲ့ အထုပ်တွေကိုကြည့်ပြီး ရယ်ရုံသာတတ်နိုင်တော့တယ်။ ကားတံခါးအဆင်သင့်ဖွင့်လာပေးတဲ့ ဂျေးhyungကြောင့် ပိုပြုံးမိပြီး ပါးပေါ်လှစ်ခနဲနမ်းလိုက်ကာ ဝင်ထိုင်လိုက်တယ်။

" ကောင်းကောင်းသွားနော် သားငယ်နဲ့ သမက်လေး "

ခြံတံခါးဝမှာ ရပ်နေကြတဲ့ အမေတို့က ပြုံးစိစိနဲ့ လှမ်းပြောလာတယ်။ မြင်သွားကြတာလား.......။
မျက်နှာကို လက်နဲ့အုပ်ရင်းသာ ခေါင်းငုံ့မိလိုက်တယ်။

ဂျေးhyungကတော့ အမေတို့ကို ပြန်နှုက်ဆက်ပြီး ကားပေါ်တက်လာတဲ့ တလျှောက် ပြုံးနေတာများဖြီးလို့။ ဒါသက်သက်လူကို လှောင်တာ ဒီလူကြီးကတော့.......။
ကားထွက်သွားတဲ့အထိ အမေတို့ကိုလက်ပြနှုက်ဆက်ရင်း မြင်ကွင်းမှပျောက်သည်အထိ တရွေ့ရွေ့ဖြင့် ထွက်ခွာလာလိုက်တယ်။

" ဂျေးhyung ....... အင်ချွန်းလေဆိပ်ကို မောင်းပေးဦး ။ ဂျယ်ယွန်းhyungကိုသွားကြိုရဦးမယ် ..
လေယာဉ်ချိန်တောင် နီးနေပြီ "

" အာ.... ပက်ဆောင်ဟွန်းတောင် သွားကြိုမယ်ဆိုပြီး ကိုယ်ကလေးဆီကို လာကတည်းက ထွက်သွားတာ.... "

စတီယာရင်ပေါ်က လက်ချောင်းတွေကို စည်းချက်ကျကျ လှုပ်ရင်း ဂျေးhyungက ဆိုလာတယ်။

" ဟုတ်လား.... အဲဒါဆို ကျွန်တော်တောင် သွားဖို့ လိုသေးရဲ့လားမသိဘူး "

အသွားတုန်းကလည်း ကျွန်တော် လေဆိပ်ထိလိုက်ပို့ပေးရတယ် ဆိုပေမယ့် ဂျယ်ယွန်းhyung နဲ့ မန်နေဂျာပက်ဆောင်းဟွန်းတို့ အလွမ်းသယ်နေတာကိုသာ ကြည့်နေခဲ့ရတဲ့ အဖြစ်။

ကျွန်တော်ကတော့ ပြောအားရှိတာပေါ့ ဟဲဟဲ။
ဂျေးhyungနဲ့ တခါမှ အဲ့လိုမခွဲဘူးတာကိုးး။ ခွဲလည်းမခွဲချင်ပါဘူး။
ဖြစ်နိုင်ရင် ဂျေးhyungရဲ့ နှလုံးသားထဲမှာပဲ နေပါရစေလို့ အာလာဒင်ရဲ့ မီးခွက်ကိုလုပြီး ဆုတောင်းချင်တာ။

" Brisbane မှ Seoul သို့ ပျံသန်းလာသော လေယာဉ် မကြာမီအချိန်အတွင်း ‌ဆိုက်ရောက်တော့မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည် "

လေဆိပ်ထဲရောက်တာနဲ့ ကြားလိုက်ရတဲ့
ကြေညာသံကြောင့် arrival terminal ရှေ့အမြန်သွားမိလိုက်တယ်။ ဆိုင်းဘုတ်ကိုယ်စီ ကိုင်ကာ စောင့်နေကြတဲ့ လူများကြားထဲ နှစ်ခါရှာစရာမလို ဆိုင်းဘုတ်အသေးလေး ကိုင်ထားပြီး ထီးထီးကြီး ရပ်နေတဲ့ မန်နေဂျာပက်ဆောင်းဟွန်း ကို တွေ့လိုက်ရတယ်။

ပုံမှန် ရှပ်အင်္ကျီအဖြူနဲ့ ဘောင်းဘီရှည်အနက်ကိုသာ ဝတ်ထားသော်လည်း ဖုံးဖိမရသော visual ကြောင့် အနီးနားမှာရှိတဲ့ ပျိုမဒီအုပ်စုမှ တီးတိုးတီးတိုးနှင့် ကြည့်ကာ ရှက်ပြုံးပြုံးနေကြတယ်။ သူတို့အစား ရင်မောမိတယ်။ ဟိုက
ဂျယ်ယွန်းhyungကလွဲ ပြီး ဘာမှအသိတဲ့ Babo ကြီး ဖြစ်နေတော့။

" ဂျောင်ဝန်းတို့ ရောက်လာကြပြီလား ..... လေယာဉ်ဆိုက်တော့မယ် တဲ့ ။
အရမ်းတွေ့ချင်နေပြီ ....... မစောင့်နိုင်တော့ဘူး"

ထိုစကားကို မလှမ်းမကမ်းရှိ မိန်းကလေးအုပ်စုမှ မကြားလိုက်ကြ။ ဒါပေမဲ့ မန်နေဂျာပက်ဆောင်းဟွန်း လက်ထဲကိုင်ထားတဲ့ ဆိုင်းဘုတ်မှ စာတွေကို မြင်လိုက်ချိန်မှာတော့ ထိုမိန်းက‌လေးအုပ်စုမှ အချို့မှာ ဆက်မကြည့်တော့ဘဲ တပ်ပြန်ဆုတ်သွားကြတယ်။

ရေးထားတာက
' Welcome back my puppy Sim Jaeyun ❤️
If you see this at once , come and hug me tightly. I miss you sooo much my love 💕 '

အခု အေးတိအေးစက်ရပ်နေတဲ့ မန်နေဂျာပက်ဆောင်းဟွန်းနဲ့မှ မလိုက် နုနုယွယွစာသားတွေကြောင့် အံ့ဩမိတယ်။ ဘေးက ဂျေးhyungကတော့ ခေါင်းတခါခါဖြင့် ။
မန်နေဂျာပက်ဆောင်းဟွန်းက ဂျယ်ယွန်းhyung ရောဂါ ကျွမ်းနေသည်ကိုးးးး။

ခဏအကြာ terminal ထဲက ထွက်လာတဲ့ ခရီးသည်တွေကြောင့် ဆိုင်းဘုတ်ကိုင်မြှောက်ကာ
ဂျယ်ယွန်းhyungကို ရှာနေတယ် ။
ကျွန်တော်လည်း ထွက်လာတဲ့ သူ‌တွေကို တစ်ယောက်စီကြည့်ရင်း သေချာရှာနေရတယ်။ တော်ကြာ အကောင်သေးသေးနဲ့ လူကြားထဲပျောက်နေမှဖြင့်။

" မောင်! "

တွေ့ပါပြီ ။ ထောင်ထောင်မောင်းမောင်း နိုင်ငံခြားသားကြီးအနောက်ကနေ ခုန်ဆွခုန်ဆွ လုပ် နေပြီး lagguage ကိုလွှတ်ကာ ပြေးလာတဲ့
ဂျယ်ယွန်းhyung။ အနားရောက်တော့ ကျွန်တော်နဲ့ ဂျေးhyungကိုကျော်ကာ မန်နေဂျာပက်ဆောင်းဟွန်းဆီ ခုန်အုပ်ကာဖက်လိုက်တယ်။ မန်နေဂျာပက်ဆောင်းဟွန်းကလည်း ရေခဲတောင်ကြီးပမာ ဟန်ချက်တောင်မပျက်ဘဲ ဆိုင်းဘုတ်ကို ပစ်ချကာ ‌ပြန်ပွေ့ချီလာတယ်။
မလှမ်းမကမ်းက ကြည့်နေကြဆဲ လက်ကျန်မိန်းကလေးတွေကတော့ အလင်းရောင်မဲ့‌နေတဲ့
အလုံပိတ်ခန်းထဲ ရောက်သွားသလို အမူအရာတွေနဲ့ ပုလင်းကွဲစိုက်သွားကြတယ်။

မနေနိုင်တဲ့ ကျွန်တော်ကပဲ ဂျယ်ယွန်းhyungရဲ့ အိတ်ကို သွားပြေးယူပြီး ပြန်လာရတယ်။
ဂျယ်ယွန်းhyungတို့ကို ကြည့်တော့ တယောက်နဲ့ တ‌ယောက် တင်းတင်းဖက်ထားကြရင်း ခွာလာကြကာ မျက်နှာချင်းနီးကပ်သွားကြတယ်။

ဘာဆက်ဖြစ်မလဲဆိုတာ မသိလိုက်ခင် မျက်စိရှေ့ကို လာကာတဲ့ လက်တစ်ဖက်ကြောင့် တရားခံကို ကြည့်လိုက်တော့ ကျွန်တော့်ကို ခေါင်းခါပြနေတယ်။ ပြောတာက

" ကလေးတွေ မကြည့်နဲ့ " တဲ့ ။ ကလေးမဟုတ်ကြောင်း ပြန်ပြောမလို့ရှိသေး အရင်က ပြောဖူးတာကို သတိရသွားပြီးငြိမ်‌ နေလိုက်တယ်။
ကျွန်တော်က ဂျေးhyungအတွက် ကလေးဆိုတာ......
ပြောလိုက်ရင်မကောင်းဘူး ကလေးဆိုပြီး ဘာလို့ အူးမွ တွေလာလုပ်နေသေးလဲ ။
ကျွန်တော်လည်း သိချင်တာပေါ့ ဘာလို့ လူတွေတဝိုးဝိုးတဝါးဝါး လုပ်နေရတဲ့အကြောင်းအရင်း။

ခဏအကြာ ပြန်ခွာသွားတဲ့လက်ကြောင့် ဂျယ်ယွန်းhyungကို ကြည့်တော့ ကျွန်တော်တို့ဆီတောင် လျှောက်လာနေပြီ။

" ဂျောင်ဝန်းနား ပိတ်ရက်ကို ကောင်းကောင်းဖြတ်သန်းခဲ့ရဲ့လား "

ကျွန်တော့်ကိုဖက်ကာ ဆိုလာတဲ့ ဂျယ်ယွန်းhyung။

" hyungကော မိသားစုနဲ့ တွေ့တာပျော်ခဲ့ရဲ့လား"
ပြန်ဖက်ပြီး ဆိုလိုက်တော့ အင်းဆိုပြီးပြောလာတယ်။

" ဒီလောက်ဆိုရပြီ "
ဂျေးhyungရဲ့ ပြောသံနှင့်အတူ ဂျယ်ယွန်းhyung နဲ့ ပွေ့ဖက်ထားတာဆီကနေ ဖယ်ရှားခြင်းခံရတယ်။
ဂျယ်ယွန်းhyungကိုလည်း မန်နေဂျာပက်ဆောင်းဟွန်းက လာဆွဲသွားတယ်။
တကယ်ပဲ ဒီနှစ်ယောက်ကတော့လေ .......။

ဒီလိုနဲ့ လေဆိပ်ထဲက ထွက်လာပြီးနောက်
ဂျယ်ယွန်းhyungက ကျွန်တော့်နောက်လိုက်ကာ ဂျေးhyungရဲ့ ကားပေါ်တက်မယ်လုပ်တော့ မန်နေဂျာပက်ဆောင်းဟွန်းက သူ့ကားဆီ ဂျယ်ယွန်းhyungကို မပွေ့ချီရုံတမယ် ခေါ်သွားတယ်။

ကျွန်တော်ကတော့ သူတို့နှစ်ယောက်အဖြစ်ကို ကြည့်ပြီး ခေါင်းခါရုံသာ တတ်နိုင်တယ်။

---------------

" Home Sweet Home !! "

တံခါးသော့ကို ဖွင့်ကာ တိုက်ခန်းထဲကို ခြေလှမ်းလှမ်းလိုက်တော့ ဖုန်မှုန့်တွေအလုံးလိုက် နှာခေါင်းထဲဝင်လာတယ်။

" အဟွတ် ..... အဟွတ် "

" သန့်ရှင်းရေး အရင်လုပ်ရမယ်ထင်တယ် ကလေး "

ကင်မ်ချီဘူးတွေ တပွေ့တပိုက်ကို လေးလွှာထိကျွန်‌တော့်‌နောက်ကနေ လိုက်လာကာ သယ်လာပေးရင်း ဆိုလာတဲ့ ဂျေးhyung။

သော့နဲ့ အဝတ်အိတ်ကို ဧည့်ခန်းကဆိုဖာပေါ် ပစ်တင်ရင်း ဂျေးhyungဆီက ဘူးတွေ တဝက်ခွဲသယ်ကာ မီးဖိုချောင်ထဲဝင်သွားလိုက်တယ်။

" ဒီမှာတင်ထားလိုက် ဂျေးhyung
နောက်မှ ရေခဲသေတ္တာထဲ ထည့်လိုက်မယ် "

ထမင်းစားပွဲပေါ်ကို ညွှန်ပြရင်းပြောလိုက်တယ်။

" ဂျောင်ဝန်းနား အဝတ်မလဲနဲ့ဦး
သန့်ရှင်းလုပ်ပြီးမှ တခါတည်းရေချိုးရအောင် "

" ဟုတ် ဂျယ်ယွန်းhyung "

ဖုန်စုန်စက် ကောက်ကိုင်ကာ ဧည့်ခန်းထဲထွက်သွားတဲ့ ဂျယ်ယွန်းhyung။ ကျွန်တော်လည်း အင်္ကျီလက် ခေါက်တင်ကာ ဂျယ်ယွန်းhyung အိပ်ခန်းထဲဝင်သွားလိုက်တယ်။

လိုက်ကာတွေဖွင့်ပေးပြီး စောင်ခါပေးမို့လုပ်တော့
ခါးကိုရစ်တွယ်လာတဲ့ လက်တစ်စုံ။

" အမေ့!!! ယားတယ် ‌‌ဂျေးhyung"

ခါးကိုဖက်ထားတာလည်း မဟုတ်ဘဲ ယားတတ်မှန်းသိလို့ လာစနေခြင်း။ ခါနေတဲ့စောင်ကို လွှတ်ချကာ အနောက်က လူကြီးကို ခပ်ဖွဖွရင်ဘတ်ကို လှမ်းရိုက်လိုက်တယ်။

" ဟားဟား.....
ကိုယ်ကူပေးမယ်လေ လာပါ "

စောင်ရဲ့ တစ်ဖက်အစွန်းကိုကိုင်ပြီး ပြောလာတာ‌ကြောင့် စောင်ကိုပြန်ကိုင်ပြီး နှစ်ယောက်တူတူ ခါလိုက်တယ်။
ဂျယ်ယွန်းhyung အခန်းကို သန့်ရှင်းရေးလုပ်ပေးပြီး ထွက်လာတော့ ဧည့်ခန်းထဲမှ အသံတစ်ချို့ကြားလိုက်ရတယ်။

" မောင် ! အဲ့နားကို သေချာပြန်လုပ် ..... မပြောင်သေးဘူးမလား ..... "

ဆိုဖာပေါ် ကျကျနနထိုင်ကာ လက်ညှိုးလေးတစ်ချောင်းဖြင့် မန်နေဂျာပက်ဆောင်းဟွန်းကို ခိုင်းစားနေပါသော ဂျယ်ယွန်းhyung။
ခွီး မရယ်ချင်ဘူးနော်။ ရည်းစားဘဝတောင် ဒီလောက်ကြောက်နေရတာ .... နောက်တစ်ဆင့်ဆို ‌မန်နေဂျာပက်ဆောင်းဟွန်းရဲ့ ရှေ့ရေးကို တွေးတောင်မတွေးရဲဘူး ။

" ကျွန်တော့် အခန်းသွားကြတာပေါ့ ဂျေးhyung "

ကျွန်တော်က ကိုယ့်ရည်းစားကို မခိုင်းစားပါဘူးနော်။ ဂျေးhyungက လုပ်ပေးချင်လို့ ဆိုလို့သာ။

အခန်းထဲဝင်တော့ အင်းးး အရင်ကပြောဖူးသလိုပဲ .....
တံခါးဘုမှာ ချိတ်ထားတဲ့ ခြေအိတ်လေးက ပြောင်ပြနေတယ်။  ကြမ်းပြင်ပေါ်က အဝတ်တွေကလည်း ပိုင်ရှင်ကိုကြိုဆိုနေသယောင်။
ဖုံးဖိဖို့ ကြိုးစားလိုက်ပေမယ့် နောက်ကလိုက်လာတဲ့ ဂျေးhyungက ဝိုင်း‌တောင်သိမ်းပေးနေသေးတယ်။ ရည်းစား‌‌ရှေ့ မဟာအရှက်တော် ဗြမ်းဗြမ်းကွဲတာပဲ။

" ဒီ အဝတ်တွေကတော့လေ ခြေထောက်ပေါက်ပြီး ရောက်လာသလားပဲ "

" အင်းနော် ..... ဘယ်လိုတောင် ခြေထောက်တွေ ပေါက်နေတာလဲ မသိဘူးနော်  "

SpongeBob အရုပ်လေးတွေပါတဲ့ အတွင်းခံဘောင်းဘီကို မြှောက်ရင်းပြောလာတဲ့ ဂျေးhyungကြောင့် အမြန်ပြေးပြီး လှမ်းဆွဲလိုက်ရတယ်။

" အားးး ဂျေးhyung ....... "

" ဟားဟား ချစ်စရာလေးပါ ...... ကလေးရာ
တကယ့်ကလေးလေးပဲ "

မျက်စောင်းတချက်နဲ့ မကျေနပ်ကြောင်းဖော်ပြပြီး ဗီရိုထဲသာ ထိုးသိပ်ထည့်လိုက်တယ်။
အဲ့အတွင်းခံက မွေးနေ့လက်ဆောင်အဖြစ်ဂျယ်ယွန်းhyung ဝယ်ပေးထားတာလေ။ စစချင်း ကလေးကုလားမလို့ မဝတ်ပေမယ့် နောက်ပိုင်း သက်တောင့်သက်သာရှိတာ သိလာတာကြောင့် ခဏခဏဝတ်ဖြစ်တယ်။

အိပ်ရာတွေအကုန် ဂျေးhyungခါပေးပြီးတော့
ကျွန်တော်လည်း သန့်ရှင်းရေးလုပ်နေတာကို လက်စသတ်ကာ အခန်းအပြင်ထွက်လာလိုက်တယ်။

သန့်ရှင်းတောက်ပြောင်နေတဲ့ အိမ်ရှေ့ခန်းက ဘယ်သူ့လုပ်ထားလဲဆိုတာ ချွေးတပြိုက်ပြိုက်ကျနေတဲ့ မန်နေဂျာပက်ဆောင်းဟွန်းကို ကြည့်ပြီး တန်းသိလိုက်တယ်။

မီးဖိုချောင်ထဲဝင်လိုက်တော့ ဂျယ်ယွန်းhyungက ကင်မ်ချီဘူးတွေကို ရေခဲသေတ္တာထဲ စီထည့်နေတယ်။

" hyung ညစာ ဘာချက်မှာလဲဟင် ......
ဗိုက်ဆာနေပြီ "

ရောက်ကတည်းက သန့်ရှင်းရေးတွေ လုပ်နေရတာ အခုညနေစောင်းသွားတဲ့ထိ ဘာမှမစားရသေး။  ဒီနေ့မှ ပြန်ရောက်တာဆိုတော့ အိမ်မှာလဲ ဟင်းချက်စရာရှိမှာ မဟုတ်ဘူး။

" ဒီတိုင်း ခေါက်ဆွဲပြုတ်ပဲစားမလားလို့ .....
မနက်ကျမှ ဈေးသွားတော့မယ် .... ရတယ်မလား ဂျောင်ဝန်းနား "

" ရတယ်hyung ....... ဟိုနှစ်ယောက်ကိုလည်း မေးကြည့်လိုက်ဦးမယ် "

ဧည့်ခန်းထဲက ဆိုဖာမှာ ဘေးချင်းကပ်ထိုင်နေကြတဲ့ ပက်ညီအစ်ကို နှစ်ယောက်ဆီ လျှောက်သွားရင်း

" hyung တို့ ညစာဒီမှာပဲစားသွားမှာမလား .....
ဟင်းချက်စရာတွေ မဝယ်ရသေးတော့
ဂျယ်ယွန်းhyungက ခေါက်ဆွဲပြုတ်နဲ့ပဲ စားမယ်တဲ့ .... အဆင်ပြေရဲ့လား"

" ကလေးတို့ အဆင်ပြေသလို လုပ်လိုက်ပါ....
ဒါနဲ့...... ကိုယ် ရေချိုးလို့ရမလား ... ချွေးတွေအများကြီးထွက်ထား‌တော့ မနေတတ်တော့လို့ "

" ငါရောပဲ ဂျောင်ဝန်း "

အင်္ကျီတွေကို နမ်းလိုက် နှာခေါင်းရှုံ့ပြလိုက်နဲ့ ပြောလာတဲ့ ပက်ညီအစ်ကို ။တကယ်လည်း မနေတတ်တော့တဲ့ ပုံစံတွေပါပဲ ။

" ရေချိုးတာက ကိစ္စမရှိပေမဲ့ ... hyungတို့နဲ့
တော်လောက်မယ့် အဝတ်အစား မရှိလောက်ဘူး "

တခြားဟာမဟုတ်ရင်တောင် အရပ်ချင်းကွာတာကြောင့်  ကျွန်တော်တို့ဝတ်သမျှက အကုန်သေးနေမည်မှာအမှန် ။

" ရတယ် ကလေး ..... အကြီးဆုံးလို့ ထင်တဲ့ဟာသာ ပေးလိုက် "

" အာ .... ဟုတ်ပြီလေ "

ပြောပြီး မီးဖိုချောင်ထဲပြန်ဝင်ကာ ဂင်မ်ချီဘူးတွေထည့်နေတဲ့ ဂျယ်ယွန်းhyungကို

" hyung ...... ဂျေးhyungတို့က ရေချိုးမလို့တဲ့ ....
hyungက မန်နေဂျာပက်ဆောင်းဟွန်းအတွက် အဝတ်အစားထုတ်ပေးလိုက်ပါဦး ... "

" ဟုတ်ပြီ ဂျောင်ဝန်းနား "

ကျွန်တော့် အခန်းထဲဝင်ကာ အကြီးဆုံးဖြစ်လောက်မယ့် အဝတ်ကိုရှာရပြန်တယ်။
ရှာရင်းဖွေရင်း နောက်ဆုံး မီးခိုရောင်ရှပ်အင်္ကျီ တစ်ထည်နဲ့  ဘောင်းဘီအနက်ရောင် တစ်ထည်သာ စကာတင်အဖြစ် ရွေးထုတ်လိုက်တယ်။

ဧည့်ခန်းထဲ ပြန်သွားပြီး ဆိုဖာမှာထိုင်နေသေးတဲ့ ဂျေးhyungလက်ထဲ ထိုအင်္ကျီနဲ့ ဘောင်းဘီကို ထည့်ပေးကာ ရေချိုးခန်းထဲ တွန်းပို့ပေးလိုက်တယ်။

ဂျယ်ယွန်းhyungလည်း အဝတ်တစ်စုံယူလာပြီး မန်နေဂျာပက်ဆောင်းဟွန်းဆီပေးကာ မီးဖိုချောင်ထဲ ဝင်သွားတယ်။ ကျွန်တော်လည်း ခေါက်ဆွဲပြုတ်ဖို့ ပြင်ဆင်နေတဲ့ ဂျယ်ယွန်းhyungကို ဝိုင်းကူရင်း ဂျေးhyungထွက်အလာကို စောင့်နေလိုက်တယ်။


' ချလောက် '
တံခါးဖွင့်သံကြားလိုက်တာကြောင့် ရေချိုးထဲကထွက်လာတဲ့ ဂျေးhyungဆီ သွားမိတယ်။
ရွေးပေးထားတဲ့ အင်္ကျီကတော့ ကွက်တိပဲ။ ဘောင်းဘီက ကျွန်တော်နဲ့ဆို ခြေမျက်စိဖုံးပေမယ့် အခုဂျေးhyungရဲ့ ခြေသလုံးအလယ်ထိသာ ရှိတယ်။

ဆံပင်တွေ ရေစက်လက်ဖြစ်နေတာကြောင့် သုတ်ပေးဖို့ရန် အခန်းထဲခေါ်ကာ ကုတင်ပေါ်ထိုင်စေတယ်။ သဘက်တစ်ထည်လှမ်းယူပြီး သုတ်ပေးတော့ မျက်စိမှိတ်ထားပြီး ငြိမ်ခံနေတယ်။

" အင်း ခြောက်လောက်ပြီထင်တယ် "

ခေါင်းပေါ်မှ လက်ကိုရုတ်ကာ လှည့်ထွက်မယ်ရှိသေး ပါးပေါ်ကိုရောက်လာတဲ့ အနမ်းတစ်ပွင့်ကြောင့် ပြုံးမိသွားတယ်။
ပြုံးမိတဲ့အကျိုးဆက်အနေနဲ့တော့ ပါးချိုင့်တွေပေါ် ထပ်ဆင့်အနမ်းတွေ ကျရောက်လာပြန်တယ်။

ရုန်းလိုက်ရင်းသာ အခန်းအပြင်ထွက်လာလိုက်တော့

" ဂျောင်ဝန်းနား ညစာရပြီ ...
လာစားတော့ "

ထမင်းစားပွဲအလယ် ခေါက်ဆွဲပြုတ်အိုးကြီးချကာ ထမင်းပန်းကန်လုံး  လေးပန်းကန်ဝိုင်းထားတယ်။ ဂျယ်ယွန်းhyungရဲ့ ခေါက်ဆွဲပြုတ်လက်ရာကို စားပြီးရင် ဘယ်အခြားခေါက်‌ဆွဲပြုတ်ကမှ အရသာမရှိဘူးလို့ ထင်ရတဲ့အထိ အရမ်း စားကောင်းတယ်။ အပိုပြောသည်မဟုတ် လိုတောင်လိုသေးတယ် ပြောတာ။

ဂျေးhyungနဲ့ မန်နေဂျာပက်ဆောင်းဟွန်းတို့လည်းနေရာယူပြီးနောက် မကြီးမကျယ် မခမ်းနားပေမယ့် နွေးထွေးမှုအပြည့်ရှိတဲ့ ညစာထမင်းဝိုင်းကို စတင်လိုက်တယ်။

-------------------

" ကိုယ်ဒီမှာပဲ ..... ညအိပ်သွားလို့ရမလားဟင်
ကလေး .... "

ပန်းကန်ဆေးနေရင်းနဲ့ ထပြောလာတဲ့စကားကြောင့် ကြောင်သွားမိတယ်။ ဒီမှာအိပ်မလို့လား။ သူ့အိမ်အကောင်းစားကြီးကို ထားပြီးတော့လေ?

" ဂျေးhyung အဆင်ပြေရင် အိပ်ပေါ့....
ရပါတယ် ... "

ကျွန်တော်လည်း ပြောရရင် အိပ်စေချင်နေတာ ။ ဟိုတခေါက်တူတူဖက်အိပ်ပြီးကတည်းက ဂျေးhyung ရဲ့ ရင်ခွင်ကျယ်ကြီးကိုလွမ်းနေတာ ဟိဟိ။
ဟိတ် ! တောင်တွေး မြောက်တွေး ‌မတွေးကြနဲ့‌နော်။

အဝတ်ခြောက်နဲ့ သုတ်လက်စ ပန်းကန်တွေကုန်သွားတော့ ဧည့်ခန်းထဲမှာ တီဗွီကြည့်နေတဲ့ ဂျယ်ယွန်းhyungဆီ သွားလိုက်တယ်။

" ဂျယ်ယွန်းhyung ........ ဂျေးhyungက ဒီည ဒီမှာပဲ အိပ်သွားမလို့တဲ့ ... ခွင့်ပြုပေးလို့ရတယ်မလား "

" ရပါတယ် ဂျောင်ဝန်းနား ..... တခြားသူမှမဟုတ်တာ ... "

" ဒါဆို ... မောင်လည်း ဒီမှာပဲ အိပ်တော့မယ်လေ
နော်.... hyung "

ဂျယ်ယွန်းhyungကို မုန့်တွေခွံ့ကျွေးနေတဲ့ မန်နေဂျာပက်ဆောင်းဟွန်းက ဆိုလာတယ်။

" အင်း အိပ်လေ "

ကျွန်တော်ကတော့ ခွင့်ပြုပေးတယ်ဆိုကတည်းက ဂျေးhyung လက်ကိုဆွဲကာ အခန်းထဲဝင်သွားလိုက်တယ်။ သူတို့ဇာတ်လမ်း သူတို့ဟာသူတို့ရှင်းပါစေ...။


" ကလေး အိပ်ချင်နေပြီလား "

အခန်းတံခါးပိတ်ပြီး ကျွန်တော့်ကို အနောက်ကနေ သိုင်းဖက်ကာဆိုလာတယ်။

" အင်း  နည်းနည်းပင်ပန်းနေပြီ "

" ဒါဆိုလည်း အိပ်ကြရအောင်လေ "

အိပ်ရာပေါ် နှစ်ယောက်သားနေရာယူကာ ဝင်လှဲလိုက်တယ်။  လွမ်းခဲ့ရတဲ့ ရင်ခွင်ကြီးထဲ တိုးဝင်ပြီး ခါးကိုတင်းတင်းဖက်ထားကာ မျက်စိမှိတ်ထားလိုက်တယ်။

နဖူးပေါ်ကျလာတဲ့ အနမ်းနဲ့အတူ ' good night ကလေး ' ဆိုတဲ့ အသံလေးက သားချော့တေးတွေထက်ပင် သာယာနာပျော်ဖွယ်ကောင်းလှသည်။

ဒီည လမင်းကြီး ပြည့်ဝိုင်းနေလား ၊ တခြမ်းပဲရှိနေလား ။ ကြယ်တွေကော စုံရဲ့လားဆိုတာ မသိချင်တော့ဘဲ ဂျေးhyungရဲ့ အသက်ရှူသံကိုသာ အလုံးစုံအာရုံစိုက်ရင်းပဲ တဖြည်းဖြည်း အသိစိတ်ပျောက်ကာ အိပ်ပျော်သွားတော့တယ်။

_____________ A/N_________

အပိုင်းတွေမခွဲချင်တော့လို့ ဆက်ရေးလိုက်တာ စာလုံးရေ 4756 တောင်ရောက်သွားတယ် 😬

Feedback လေးတွေ လွမ်းပါတယ်လို့ 👉👈

𝓣𝓱𝓪𝓷𝓴𝓼 𝓕𝓸𝓻  𝓡𝓮𝓪𝓭𝓲𝓷𝓰 💓

Zawgyi 💙

ခရစ္စမတ္ေန႔ ☃️❄️

🌨️🐈

ေဆာင္းရာသီရဲ႕ သေဘာသဘာဝအတိုင္း မနက္ခင္းကို ခ်မ္းစိမ့္မႈက ဆီးႀကိဳေနတယ္။
အခုလည္း ေစာင္အထူႀကီး ၿခဳံထားေပမယ့္ ေအးစက္မႈကမေလ်ာ့သြား။ အိပ္ရာထဲမွာ ေကြးေကြးေလး ႏွပ္ဖို႔စိတ္ကူးထားေပမယ့္ ေဘးကအေႏြးဓာတ္ေပ်ာက္ေနတဲ့ ေနရာလြတ္ကို စမ္းမိေတာ့မွ ငုတ္တုတ္ထထိုင္မိတယ္။

" ေဂ်း hyung ~~ "

ေခၚေတာ့လည္း ျပန္ထူးသံမၾကားရ။ ဘယ္ေရာက္သြားတာလဲ ။ ကြၽန္ေတာ့္အျဖစ္မွာ အေမေပ်ာက္ေနတဲ့ ေၾကာင္ေပါက္ေလးလို။

လုံးေထြးထားတဲ့ ေစာင္ကို ဖယ္ရွားရင္းကုတင္ေပၚမွဆင္းကာ ေရခ်ိဳးခန္းဆီ အိပ္ခ်င္မူးတူးေလွ်ာက္သြားလိုက္တယ္။ မ်က္ႏွာသစ္သြားတိုက္ၿပီး ေရခ်ိဳးခန္းထဲက ထြက္လာေတာ့ ေလွကားကေနတက္လာတဲ့ ႏူးနားကိုေတြ႕လိုက္တယ္။

" ႏိုးၿပီလား ေဂ်ာင္ဝန္း .... Merry Christmas "

" Merry Christmas.... ႏူးနား
ေဂ်းhyung ေကာ ဘယ္မွာလဲ ..... "

" ေအာက္မွာ ရွိပါတယ္ေတာ္......
အခု မနက္စာစားဖို႔လာေခၚတာ ။ ဆင္းခဲ့ေတာ့ ျမန္ျမန္ "

ေျပာၿပီး ေျပးဆင္းသြားတဲ့ ႏူးနားေနာက္ ခပ္သြက္သြက္လိုက္ကာ ေအာက္ထပ္ကိုဆင္းလိုက္တယ္။

" သမက္ေလးက ဟင္းခ်က္ေတာ္ေတာ္ ေကာင္းတာပဲ "

" အဲ့ေလာက္ မဟုတ္ပါဘူးဗ်ာ "
မီးဖိုခန္းကေန လြင့္ပ်ံလာတဲ့ ရယ္သံအခ်ိဳ႕နဲ႔ စကားသံေတြ။ ေဂ်းhyungကို မေစာင့္ဘဲ အရင္ထသြားလို႔ ရစ္မယ္ႀကံေသး ဒီလိုအေမတို႔နဲ႔ ရင္းႏွီးေအာင္ ေနေနေတာ့လည္း မေျပာရက္ေတာ့ ။

" Merry Christmas ပါ အားလုံးပဲ "
ကြၽန္ေတာ္ေျပာလိုက္ေတာ့ ထမင္းပြဲျပင္ေနၾကတဲ့ အေမနဲ႔ ေဂ်းhyungေကာ ၊ ထမင္းစားပြဲမွာထိုင္ေနၿပီျဖစ္တဲ့ အေဖေကာ လွည့္ၾကည့္လာၾကတယ္။

" Merry Christmas ပါ သား "

" Merry Christmas ပါေဖေဖ "
အေဖ့ရဲ႕ ညာဘက္ ႏွစ္ခုံေျမာက္မွာဝင္ထိုင္ရင္း ေျဖလိုက္တယ္။ ဟင္းပြဲေတြ တခုခ်င္းခ်လာတဲ့ အေမကလည္း

" Merry Christmas သားငယ္ေလး "

" Merry Christmas ေမေမ "

ဟင္းရည္အိုးသယ္လာရင္း မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္ေနတဲ့ ေဂ်းhyungက ကြၽန္ေတာ့္ကို အႏူးညံ့ဆုံး ၿပဳံးျပကာ

" Merry Christmas ကေလး "

" Merry Christmas ေဂ်းhyung "

မ်က္လုံးေတြ ေမွးက်တဲ့အထိျပန္ၿပဳံးျပကာ ေျဖလိုက္‌ေတာ့ ေဘးကႏူးနားက ေခ်ာင္းေတြဟန႔္ေနတယ္။ FA မႀကီးေရွ႕မွာ ႐ိုျပမိတာကိုး ။

" ေကာင္းေကာင္းစားပါ့မယ္ "

ဒီေန႔ မနက္စာတင္ ဟင္းအမယ္စုံလွသည္။ ေန႔ထူးေန႔ျမတ္ျဖစ္၍လား ဧည့္သည္ရွိ၍လားေတာ့မသိ။

ဘယ္ဟာက အရင္စစားရမလဲ မသိတဲ့အခ်ိန္ ပန္းကန္ထဲကိုေရာက္လာတဲ့ တူတစ္စုံ။ စားၾကည့္ေလဆိုတဲ့ သေဘာနဲ႔ ေမးေငါ့ျပတဲ့ ေဂ်းhyung ေၾကာင့္ ထည့္လာေပးတဲ့ အသားဖတ္ကိုယူစားၾကည့္လိုက္တယ္။

" အင္းးးး စားလို႔ေကာင္းလိုက္တာ ......
ေမေမ့လက္ရာေတာ့မဟုတ္တာေသခ်ာတယ္။
ေဂ်းhyung ခ်က္တာမလား "

" စားေကာင္းတယ္ဆိုလို႔ေတာ္ေသးတာေပါ့ "
ရင္ဘတ္ကို လက္နဲ႔ပုတ္ၿပီး စိတ္သက္သာရာရသြားတဲ့ ပုံစံမ်ိဳးေျပာလာတဲ့ ေဂ်းhyung။

" သားငယ္ မင္းကေတာ့ ကံေကာင္းတယ္သိလား။ သမက္ေလးက ေခ်ာ႐ုံတင္မဟုတ္ဘူး ဟင္းခ်က္ပါေကာင္းတာ ။ မီးဖိုေခ်ာင္နဲ႔ရန္ျဖစ္ထားတဲ့ ငါ့သားအတြက္ေတာ့ ကြက္တိပဲေပါ့ .. "

ေနာက္႐ႊတ္႐ႊတ္ေျပာလာတဲ့ ‌အေမ့ေၾကာင့္ အကုန္လုံး ရယ္မိၾကသည္။

" ဟီးးးး ဒါေပါ့ ဒါေပါ့
ေဖေဖလည္း ထည့္စားေလ "

" စားေနပါတယ္ကြ "

သူ႔ဟာသူစားေနတဲ့ အေဖ့ကိုလည္း မထိတထိသြားစေတာ့ မတိုးမက်ယ္ျပန္ေအာ္လာတယ္။

" ေဂ်းhyung လည္း အမ်ားႀကီးစားေနာ္ "

" အင္း ကေလးလည္းစား "

" အားးး ငါလည္း ေကာင္ေလးတေယာက္ေလာက္ ရွာမွပါ ...... "
ဟင္းေတြ အျပန္အလွန္ထည့္ေပးေနတဲ့ ကြၽန္ေတာ္တို႔ကိုၾကည့္ၿပီး အားက်ကာ ထေအာ္လာတဲ့
ႏူးနား။

" ေအာ္ေနလို႔ ရလာမွာမဟုတ္ဘူး "

" အဲဒါဆို နင္ရွာေပးမလို႔လား .. "

" မရွာပါဘူး အားအားယားယား "

" ယန္းေဂ်ာင္ဝန္း!!! "

" 😝 "

အေခ်အတင္ေျပာေနၾကတဲ့ ကြၽန္ေတာ္တို႔ေမာင္ႏွမကို ၾကည့္ၿပီး က်န္တဲ့သူေတြ ရယ္ေနတာမရပ္ေတာ့။ ေမာင္ႏွမဆိုတာအဲ့လိုပဲေလ ။ အခ်ိန္တိုင္းကိုက္ေနရမွ ေမာင္ႏွမပီသတာ ။

ေဘးမွာ ရႉးရႉးရွဲရွဲျဖစ္ေနတဲ့ ႏူးနားကို လ်စ္လ်ဴရႈၿပီး ထမင္းသာဆက္စားေနလိုက္တယ္။
ကြၽန္ေတာ့္ေရွ႕ ေရတစ္ခြက္လာခ်ေပးတဲ့ေဂ်းhyung ကို ၿပဳံးျပရင္းေပါ့။

-------------


ကြၽီ ~~~ ကြၽီ ~~

ၿခံထဲမွာ ရွိတဲ့ ဒန္းကို လႈပ္လီလႈပ္လဲ့စီးရင္းေျခေထာက္ေအာက္က ႏွင္းေတြကို ထိုးဖြမိတယ္။ ေနေလးအနည္းငယ္သာေနေသာ္လည္း ထုထည္ႀကီးမားလွတဲ့ ႏွင္းေတြက အရည္မေပ်ာ္ဘဲ ပုံစံမပ်က္ရွိေနေသး။

ႏွင္းေတြေဖြးေနတဲ့ ၿခံကို မ်က္စိတစ္ဆုံးလိုက္
ၾကည့္ရင္း ႐ုတ္တရက္ အေနာက္ကေနသိုင္းဖက္ခံလိုက္ရတဲ့ အတြက္ တခ်က္တုန္မိသြားတယ္။ ရင္းႏွီးေနတဲ့ ကိုယ္သင္းရနံ႔ေၾကာင့္မလို႔ ေအာ္မိေတာ့မယ့္ ပါးစပ္ကို အခ်ိန္မွီျပန္ပိတ္လိုက္ရေသး။

" ေအးေနတာကို ဘာလို႔ထြက္လာတာလဲ ကေလး "

ေျပာရင္း ေအးခဲမႈေၾကာင့္ နီရဲေနတဲ့ ကြၽန္ေတာ့္နား႐ြက္‌ေလးကို အာေငြ႕ေပးလာတယ္။ ေႏြး‌သလိုရွိေပမယ့္ အိမ္ထဲမွာ လူႀကီးေတြရွိေသးတယ္ ဆိုတဲ့အသိေၾကာင့္ ႐ုန္းလိုက္မိတယ္။

" အေမတို႔ေတြ႕သြားရင္ ဘယ္လိုလုပ္မလဲ ေဂ်းhyung ..... လႊတ္ဦး .... "

ေျပာလိုက္ေတာ့ ဖက္ထားရာကလႊတ္ေပးၿပီး ေဘးမွာဝင္ထိုင္ကာ ကြၽန္ေတာ့္လက္ကေလးကို ဆုပ္ကိုင္လာတယ္။ အေႏြးထည္လက္ကို အနည္းငယ္မတင္ေပးၿပီး အိတ္ကပ္ထဲက တစ္စုံတခုထုတ္ကာ လက္ေပၚဝတ္ေပးလာတယ္။

ေအးစက္တဲ့အထိအေတြ႕ ေၾကာင့္ တြန႔္သြားမိေပမယ့္ ေသခ်ာၾကည့္ေတာ့ ဟန္းခ်ိန္းေလးတခု ။
ေငြေရာင္ ႀကိဳးမွ်င္ေလးေပၚမွာ J's J ဆိုၿပီးထိုးထားတဲ့ အဝိုင္းေလးနဲ႔ ခ်စ္စရာအတိ။

" ဒါက ....... "

" Christmas လက္ေဆာင္ ကေလးအတြက္ "

" အရမ္းလွတာပဲ ေဂ်းhyung .... ေက်းဇူးပါ
ဒါမဲ့ ကြၽန္ေတာ္ ေဂ်းhyungအတြက္ေတာ့ လက္ေဆာင္ မျပင္ထားမိဘူး ..... "

ကြၽန္ေတာ့္လက္‌ေပၚက ဟန္းခ်ိန္းေလးကို ဖြဖြကိုင္ရင္း စိတ္မေကာင္းစြာဆိုမိတယ္။ တကယ္လည္းမျပင္ထားမိဘူး။ ေျပာရရင္ Christmas လက္ေဆာင္ကို အေမတို႔ကလြဲရင္ ဘယ္သူမွ ေပးဖူးတာမဟုတ္။

" ကိုယ့္အတြက္ ကေလးဆိုတဲ့ ျဖစ္တည္မႈနဲ႔တင္ လုံေလာက္တာထက္ပိုတယ္ ။ က်န္တာဘာမွမလိုဘူး..... အဲတာေၾကာင့္ စိတ္မေကာင္းမျဖစ္နဲ႔ေနာ္ "

" ဒါဆို ကြၽန္ေတာ္ အခုတတ္ႏိုင္တာေလးပဲ ေပးလိုက္မယ္ေနာ္ .... အမ်ားႀကီးမဟုတ္ေပမဲ့ေပါ့"

ေဂ်းhyungရဲ႕ ႏႈတ္ခမ္းပါးေပၚ မ်က္လုံးစုံမွိတ္ကာ ဖိကပ္နမ္းလိုက္တယ္။ တစ္..... ႏွစ္..... သုံး....
သုံးစကၠန႔္အၾကာမွာ ျပန္ခြာလိုက္ေတာ့ ပါးစပ္နား႐ြက္ခ်ိတ္မတတ္ၿပဳံးေနတဲ့ ေဂ်းhyung။

" ကမာၻေပၚမွာ အေကာင္းဆုံး လက္ေဆာင္ဘဲ "

ကြၽန္ေတာ္သာ ႏွင္းလူသားဆိုရင္ အခုေဂ်းhyungရဲ႕ အၿပဳံးေၾကာင့္ အရည္ေပ်ာ္ေနေလာက္တာ ေသခ်ာတယ္။
ဟန္းခ်ိန္းဆီ ျပန္အၾကည့္ေရာက္ၿပီး ‌ေတြးရင္းနဲ႔ ၾကည္ႏူးလို႔မဆုံး။

" ဒါနဲ႔ ကိုယ္အိမ္ျပန္ရေတာ့မယ္ ..... အေဖကဒီေန႔ေတာ့ အိမ္မွာေနၾကပါတဲ့.... ဒါမဲ့ ကိုယ္မွ ကေလးကို မခြဲႏိုင္တာ .. "

ႏႈတ္ခမ္းေထာ္ၿပီးေခါင္းတယမ္းယမ္းနဲ႔ ဆူခံရလို႔ ျပန္တိုင္ေနတဲ့ ကေလးတေယာက္ႏွယ္။
သူမ်ားေတြေရွ႕မွာဆို ဘယ္ေလာက္တည္တံ့ၿပီး ေၾကာက္ဖို႔ေကာင္းတဲ့ မန္ေနဂ်ာပက္ျဖစ္ပါေစ ကြၽန္ေတာ္နဲ႔ဆိုရင္ေတာ့ တခ်ိန္လုံးခြၽဲၿပီး ခ်စ္ဖို႔ေကာင္းတဲ့ ကေလးတေယာက္ျဖစ္သြားတာ ကမာၻေပၚမွာ ကြၽန္ေတာ္ပဲသိတဲ့ အမွန္တရားေပါ့။

လက္‌ေဖာင္းေဖာင္းေလးကို ျပန္ဆုပ္ကိုင္ရင္း

‌" ေဂ်းhyung ကလည္း~~ ဥကၠဌႀကီးက သူလည္း ဒီလို‌ေန႔ကို မိသားစုနဲ႔အတူျဖတ္သန္းခ်င္လို႔ေနမွာေပါ့။ သြားလိုက္ေနာ္ .....
တနလၤာေန႔က်မွ ေတြ႕ၾကမယ္ေလ ... ကြၽန္ေတာ့္တိုက္ခန္းကို လာႀကိဳလိုက္ေနာ္ ...
ေနာ္လို႔.... ေဂ်းhyung "

႐ုံးျပန္ဖြင့္တဲ့ တနလၤာေန႔မတိုင္ခင္ေတာ့ တိုက္ခန္းဆီျပန္မယ္ဆိုတာေတာ့ ထည့္မေျပာျဖစ္ ။ ေျပာရင္ ကိုယ္လိုက္ပို႔မယ္ေတြ ဘာေတြ ျဖစ္ကုန္မွျဖင့္။

" အင္းပါ ကေလးေျပာတဲ့အတိုင္း လုပ္ေတာ့မယ္ .... ဒါဆို ကိုယ္ခဏေနျပန္ေတာ့မယ္ေနာ္ ။
လာပါဦး .... မျပန္ခင္ အားျဖည့္ရေအာင္ "

ဖြင့္ေပးလာတဲ့ ရင္ခြင္ႀကီးထဲ မဆိုင္းမတြဝင္ကာ ကုတ္အက်ႌေအာက္ထဲ လက္လ်ိဳလိုက္တယ္။ တကိုယ္လုံးသိမ္းက်ဳံးဖက္လာတာေၾကာင့္လည္း ေႏြးလြန္းလို႔ ၿခံထဲမွာထိုင္ေနတယ္ဆိုတဲ့ အေျခအေနကိုေတာင္ ေမ့သြားရတယ္။

ေဆာင္းရာသီႀကီးေရ ...... မင္းရဲ႕ ေအးခဲႏိုင္မႈအစြမ္းက ‌ေဂ်းhyungရဲ႕ ရင္ခြင္ထဲမွာေတာ့ အက်ိဳးသက္ေရာက္မႈမရွိဘူးဆိုတဲ့ အမွန္တရားကို လမ္းႀကဳံရင္ ေျပာျပလိုက္ခ်င္ေသးရဲ႕။


--------------


🌨️🐈

တနဂၤေႏြေန႔ .......

မနက္ျဖန္႐ုံးဖြင့္ေတာ့မွာ ျဖစ္တဲ့အတြက္ ဒီေန႔ကတည္းက တိုက္ခန္းျပန္ခါမွ ေတာ္႐ုံက်မည္။ ဒီကေနျပန္ရင္ ေလဆိပ္သြားကာ
ဂ်ယ္ယြန္းhyungကို သြားႀကိဳရဦးမယ္။ မနက္ကတည္းက အဝတ္ေတြထည့္ထားကာ အဆင့္သင့္ျဖစ္ေနပါလ်က္ အခု maeumi ကိုေပါင္ေပၚတင္ကာ ဧည့္ခန္းထဲက ဆိုဖာမွာထိုင္ေနရတယ္။

" သားငယ္ ပဲငပိေတြလည္း ယူသြားဦးမလား ။
ဂ်ယ္ယြန္း အ‌တြက္ပါ ပိုထည့္ေပးလိုက္မယ္ေလ "

ပိတ္ရက္လာၿပီး ျပန္တဲ့အခါတိုင္း အရံဟင္းေတြ‌ထည့္ေပးေနၾကအေမက အၿမဲႏွစ္ေယာက္စာထည့္ေပးေနၾက။ အခုလည္း ဂင္မ္ခ်ီေတြေကာ အရံဟင္းေတြေကာ ထည့္ေပးၿပီးတာေတာင္ ဘာလိုေသးလဲဆိုၿပီး မီးဖိုေခ်ာင္တခုလုံး ပတ္ရွာေနတယ္။

" ရပါၿပီ ေမေမရ .... ဒီေလာက္ဆို သားတို႔ ေတာ္ေတာ္ စားလို႔ရေနၿပီ "

Maeumi ကိုခ်ကာ မီးဖိုေခ်ာင္ထဲဝင္လိုက္ၿပီး အေမ့ကိုဖက္ထားလိုက္တယ္။ ခြဲခြာခါနီး ဒီလိုလုပ္ေပးၿပီး ဝမ္းမနည္းေအာင္ထိန္းထားတတ္တဲ့
အေမ့ကို မသိ႐ိုးလား။

" အိမ္ကိုလည္း မၾကာမၾကာျပန္လာစမ္းပါ သားရယ္ ..... မင္းကိုေတြ႕ဖို႔က ခက္လိုက္ပါေကာ..။
မင္းႏူးနားေတာင္ အိမ္ကို ေခ်ာင္းေပါက္မတတ္လာေနေသးတာ "

" ဟုတ္ပါၿပီ ... သား မၾကာမၾကာလာပါ့မယ္ "

" သမက္ေလးပါ ေခၚခဲ့ေပါ့ ... ဟားဟား "

" ေသခ်ာေပါက္ေခၚခဲ့မယ္ စိတ္ခ် ဟီး "

အေမထည့္ေပးတာေတြ ၾကည့္လိုက္ေတာ့ အဝတ္နဲ႔စည္းထားတဲ့ ဘူးေတြက စားပြဲေပၚဝယ္ အျပည့္။

" ပုံမွန္ထက္ေတာင္ မ်ားေနသလိုပဲ ... "

" ေအာ္ .... ဒါ သားအတြက္ေကာ ၊ ဂ်ယ္ယြန္းေလး အတြက္ေကာေလ ....
ေနာက္ သမက္ေလးအတြက္ပါ ထည့္ထားေပးတယ္ "

သမက္ေလးဆိုတာကို ပါးစပ္က မခ်တဲ့ အေမ့ေၾကာင့္ ရယ္ခ်င္မိသြားတယ္။ သားအရင္းထက္ေတာင္ ပိုခ်စ္ေနသလားပဲ။

" ဒါမဲ့ .... ဒီေလာက္အမ်ားႀကီး သားတစ္ေယာက္တည္း ဘယ္လိုလုပ္ႏိုင္မွာလဲ ... "

Taxi ငွားသြားရမယ့္ဟာကို ဒီေလာက္ဘူးေတြနဲ႔ေတာ့မျဖစ္။ အဲ့လိုမွန္းသိ ေဂ်းhyungကို လာႀကိဳခိုင္းပါတယ္။

" မင္းတစ္ေယာက္တည္း မဟုတ္ပါဘူး သားရဲ႕ "

" ဗ်ာ ? ဒါဆို ဘယ္သူလိုက္ပို႔မွာမလို႔လဲ "

Beep zzzz .... Beep zzzz

" လာၿပီထင္တယ္ ဖုန္းကိုင္လိုက္ဦးမယ္ .... "

ကြၽန္ေတာ့္ကို ? ေတြနဲ႔ထားခဲ့ၿပီး ျမည္ေနတဲ့ဖုန္းကိုေျပးကိုင္ကာ ၿခံထဲဆင္းသြားတဲ့ အေမ။ ဘယ္သူမို႔လို႔လဲ ... ။

ခဏအၾကာ .... အိမ္ထဲကိုျပန္ဝင္လာတဲ့ အေမနဲ႔အတူ အေနာက္ကကပ္လိုက္လာတဲ့ ရင္းႏွီးေနတဲ့ လူတစ္ေယာက္။

" ေဂ်းhyung ? "

" ကေလး "

" အေမေျပာတာ ေဂ်းhyungကိုလား "

" ဟုတ္တယ္ သား ....။ သားတစ္ေယာက္တည္းျပန္ရင္ အထုပ္ေတြ မႏိုင္မနင္းျဖစ္မွာစိုးလို႔ သမက္ေလးကို ေခၚလိုက္တာ ..... ခ်က္ခ်င္းေရာက္လာတာေလ "

စားပြဲေပၚမွာရွိတဲ့ ဘူးေတြကိုတလွည့္ ကြၽန္ေတာ့္ကိုတလွည့္ ၾကည့္ၿပီး ေဂ်းhyungက ေခါင္းၿငိမ့္လာတယ္။
ေဂ်းhyung ပင္ပန္းမွာစိုးလို႔ လာေတာင္မႀကိဳခိုင္းတာကို အခုေတာ့ အေမကလွမ္းေခၚလိုက္တယ္တဲ့ ။ အင္း ႏွစ္ေယာက္ဆိုေတာ့လည္း နည္းနည္း သက္သာတာေပါ့။

" အဲ့ဒါဆိုလည္း ..... သြားရေအာင္ေလ ေဂ်းhyung
ေလယာဥ္ဆိုက္ခ်ိန္ မမွီမွာစိုးလို႔ "

" အင္း ကိုယ္အထုပ္ေတြ သယ္သြားႏွင့္မယ္
ျဖည္းျဖည္းလိုက္ခဲ့ေနာ္ ...... "

" ဟုတ္ ေဂ်းhyung "

အထုပ္ေတြ ႏိုင္သေလာက္ဆြဲၿပီး ထြက္သြားတဲ့ ေဂ်းhyungကိုၾကည့္ၿပီး အေဖနဲ႔အေမကို ႏႈက္ဆက္လိုက္တယ္။

" ေဖေဖနဲ႔ ေမေမ သားသြားေတာ့မယ္ေနာ္ "

" " အင္း ေကာင္းေကာင္းသြားေနာ္သား " "

" ႏူးနား ငါသြားၿပီေနာ္ ..... ေနာက္ႀကဳံရင္လည္း ငါ့ဆီလာလည္ေပါ့ "

" ေအးပါ နင္သာ ေကာင္းေကာင္းေန "

" သြားၿပီေနာ္ အားလုံးပဲ
Maeumi ..... ကိုကိုသြားၿပီေနာ္ "

အကုန္လုံးကို ႏႈက္ဆက္ၿပီးေနာက္ က်န္တဲ့ အထုပ္ေတြဆြဲကာ ၿခံေရွ႕ရပ္ထားတဲ့ ေဂ်းhyungကားဆီ ေလွ်ာက္လာလိုက္တယ္။

ကားေနာက္ဖုံးအျပည့္ျဖစ္သြားတဲ့ အထုပ္ေတြကိုၾကည့္ၿပီး ရယ္႐ုံသာတတ္ႏိုင္ေတာ့တယ္။ ကားတံခါးအဆင္သင့္ဖြင့္လာေပးတဲ့ ေဂ်းhyungေၾကာင့္ ပိုၿပဳံးမိၿပီး ပါးေပၚလွစ္ခနဲနမ္းလိုက္ကာ ဝင္ထိုင္လိုက္တယ္။

" ေကာင္းေကာင္းသြားေနာ္ သားငယ္နဲ႔ သမက္ေလး "

ၿခံတံခါးဝမွာ ရပ္ေနၾကတဲ့ အေမတို႔က ၿပဳံးစိစိနဲ႔ လွမ္းေျပာလာတယ္။ ျမင္သြားၾကတာလား.......။
မ်က္ႏွာကို လက္နဲ႔အုပ္ရင္းသာ ေခါင္းငုံ႔မိလိုက္တယ္။

ေဂ်းhyungကေတာ့ အေမတို႔ကို ျပန္ႏႈက္ဆက္ၿပီး ကားေပၚတက္လာတဲ့ တေလွ်ာက္ ၿပဳံးေနတာမ်ားၿဖီးလို႔။ ဒါသက္သက္လူကို ေလွာင္တာ ဒီလူႀကီးကေတာ့.......။
ကားထြက္သြားတဲ့အထိ အေမတို႔ကိုလက္ျပႏႈက္ဆက္ရင္း ျမင္ကြင္းမွေပ်ာက္သည္အထိ တေ႐ြ႕ေ႐ြ႕ျဖင့္ ထြက္ခြာလာလိုက္တယ္။

" ေဂ်းhyung ....... အင္ခြၽန္းေလဆိပ္ကို ေမာင္းေပးဦး ။ ဂ်ယ္ယြန္းhyungကိုသြားႀကိဳရဦးမယ္ ..
ေလယာဥ္ခ်ိန္ေတာင္ နီးေနၿပီ "

" အာ.... ပက္ေဆာင္ဟြန္းေတာင္ သြားႀကိဳမယ္ဆိုၿပီး ကိုယ္ကေလးဆီကို လာကတည္းက ထြက္သြားတာ.... "

စတီယာရင္ေပၚက လက္ေခ်ာင္းေတြကို စည္းခ်က္က်က် လႈပ္ရင္း ေဂ်းhyungက ဆိုလာတယ္။

" ဟုတ္လား.... အဲဒါဆို ကြၽန္ေတာ္ေတာင္ သြားဖို႔ လိုေသးရဲ႕လားမသိဘူး "

အသြားတုန္းကလည္း ကြၽန္ေတာ္ ေလဆိပ္ထိလိုက္ပို႔ေပးရတယ္ ဆိုေပမယ့္ ဂ်ယ္ယြန္းhyung နဲ႔ မန္ေနဂ်ာပက္ေဆာင္းဟြန္းတို႔ အလြမ္းသယ္ေနတာကိုသာ ၾကည့္ေနခဲ့ရတဲ့ အျဖစ္။

ကြၽန္ေတာ္ကေတာ့ ေျပာအားရွိတာေပါ့ ဟဲဟဲ။
ေဂ်းhyungနဲ႔ တခါမွ အဲ့လိုမခြဲဘူးတာကိုးး။ ခြဲလည္းမခြဲခ်င္ပါဘူး။
ျဖစ္ႏိုင္ရင္ ေဂ်းhyungရဲ႕ ႏွလုံးသားထဲမွာပဲ ေနပါရေစလို႔ အာလာဒင္ရဲ႕ မီးခြက္ကိုလုၿပီး ဆုေတာင္းခ်င္တာ။

" Brisbane မွ Seoul သို႔ ပ်ံသန္းလာေသာ ေလယာဥ္ မၾကာမီအခ်ိန္အတြင္း ‌ဆိုက္ေရာက္ေတာ့မည္ျဖစ္ေၾကာင္း အသိေပးေၾကညာအပ္ပါသည္ "

ေလဆိပ္ထဲေရာက္တာနဲ႔ ၾကားလိုက္ရတဲ့
ေၾကညာသံေၾကာင့္ arrival terminal ေရွ႕အျမန္သြားမိလိုက္တယ္။ ဆိုင္းဘုတ္ကိုယ္စီ ကိုင္ကာ ေစာင့္ေနၾကတဲ့ လူမ်ားၾကားထဲ ႏွစ္ခါရွာစရာမလို ဆိုင္းဘုတ္အေသးေလး ကိုင္ထားၿပီး ထီးထီးႀကီး ရပ္ေနတဲ့ မန္ေနဂ်ာပက္ေဆာင္းဟြန္း ကို ေတြ႕လိုက္ရတယ္။

ပုံမွန္ ရွပ္အက်ႌအျဖဴနဲ႔ ေဘာင္းဘီရွည္အနက္ကိုသာ ဝတ္ထားေသာ္လည္း ဖုံးဖိမရေသာ visual ေၾကာင့္ အနီးနားမွာရွိတဲ့ ပ်ိဳမဒီအုပ္စုမွ တီးတိုးတီးတိုးႏွင့္ ၾကည့္ကာ ရွက္ၿပဳံးၿပဳံးေနၾကတယ္။ သူတို႔အစား ရင္ေမာမိတယ္။ ဟိုက
ဂ်ယ္ယြန္းhyungကလြဲ ၿပီး ဘာမွအသိတဲ့ Babo ႀကီး ျဖစ္ေနေတာ့။

" ေဂ်ာင္ဝန္းတို႔ ေရာက္လာၾကၿပီလား ..... ေလယာဥ္ဆိုက္ေတာ့မယ္ တဲ့ ။
အရမ္းေတြ႕ခ်င္ေနၿပီ ....... မေစာင့္ႏိုင္ေတာ့ဘူး"

ထိုစကားကို မလွမ္းမကမ္းရွိ မိန္းကေလးအုပ္စုမွ မၾကားလိုက္ၾက။ ဒါေပမဲ့ မန္ေနဂ်ာပက္ေဆာင္းဟြန္း လက္ထဲကိုင္ထားတဲ့ ဆိုင္းဘုတ္မွ စာေတြကို ျမင္လိုက္ခ်ိန္မွာေတာ့ ထိုမိန္းက‌ေလးအုပ္စုမွ အခ်ိဳ႕မွာ ဆက္မၾကည့္ေတာ့ဘဲ တပ္ျပန္ဆုတ္သြားၾကတယ္။

ေရးထားတာက
' Welcome back my puppy Sim Jaeyun ❤️
If you see this at once , come and hug me tightly. I miss you sooo much my love 💕 '

အခု ေအးတိေအးစက္ရပ္ေနတဲ့ မန္ေနဂ်ာပက္ေဆာင္းဟြန္းနဲ႔မွ မလိုက္ ႏုႏုယြယြစာသားေတြေၾကာင့္ အံ့ဩမိတယ္။ ေဘးက ေဂ်းhyungကေတာ့ ေခါင္းတခါခါျဖင့္ ။
မန္ေနဂ်ာပက္ေဆာင္းဟြန္းက ဂ်ယ္ယြန္းhyung ေရာဂါ ကြၽမ္းေနသည္ကိုးးးး။

ခဏအၾကာ terminal ထဲက ထြက္လာတဲ့ ခရီးသည္ေတြေၾကာင့္ ဆိုင္းဘုတ္ကိုင္ေျမႇာက္ကာ
ဂ်ယ္ယြန္းhyungကို ရွာေနတယ္ ။
ကြၽန္ေတာ္လည္း ထြက္လာတဲ့ သူ‌ေတြကို တစ္ေယာက္စီၾကည့္ရင္း ေသခ်ာရွာေနရတယ္။ ေတာ္ၾကာ အေကာင္ေသးေသးနဲ႔ လူၾကားထဲေပ်ာက္ေနမွျဖင့္။

" ေမာင္! "

ေတြ႕ပါၿပီ ။ ေထာင္ေထာင္ေမာင္းေမာင္း ႏိုင္ငံျခားသားႀကီးအေနာက္ကေန ခုန္ဆြခုန္ဆြ လုပ္ ေနၿပီး lagguage ကိုလႊတ္ကာ ေျပးလာတဲ့
ဂ်ယ္ယြန္းhyung။ အနားေရာက္ေတာ့ ကြၽန္ေတာ္နဲ႔ ေဂ်းhyungကိုေက်ာ္ကာ မန္ေနဂ်ာပက္ေဆာင္းဟြန္းဆီ ခုန္အုပ္ကာဖက္လိုက္တယ္။ မန္ေနဂ်ာပက္ေဆာင္းဟြန္းကလည္း ေရခဲေတာင္ႀကီးပမာ ဟန္ခ်က္ေတာင္မပ်က္ဘဲ ဆိုင္းဘုတ္ကို ပစ္ခ်ကာ ‌ျပန္ေပြ႕ခ်ီလာတယ္။
မလွမ္းမကမ္းက ၾကည့္ေနၾကဆဲ လက္က်န္မိန္းကေလးေတြကေတာ့ အလင္းေရာင္မဲ့‌ေနတဲ့
အလုံပိတ္ခန္းထဲ ေရာက္သြားသလို အမူအရာေတြနဲ႔ ပုလင္းကြဲစိုက္သြားၾကတယ္။

မေနႏိုင္တဲ့ ကြၽန္ေတာ္ကပဲ ဂ်ယ္ယြန္းhyungရဲ႕ အိတ္ကို သြားေျပးယူၿပီး ျပန္လာရတယ္။
ဂ်ယ္ယြန္းhyungတို႔ကို ၾကည့္ေတာ့ တေယာက္နဲ႔ တ‌ေယာက္ တင္းတင္းဖက္ထားၾကရင္း ခြာလာၾကကာ မ်က္ႏွာခ်င္းနီးကပ္သြားၾကတယ္။

ဘာဆက္ျဖစ္မလဲဆိုတာ မသိလိုက္ခင္ မ်က္စိေရွ႕ကို လာကာတဲ့ လက္တစ္ဖက္ေၾကာင့္ တရားခံကို ၾကည့္လိုက္ေတာ့ ကြၽန္ေတာ့္ကို ေခါင္းခါျပေနတယ္။ ေျပာတာက

" ကေလးေတြ မၾကည့္နဲ႔ " တဲ့ ။ ကေလးမဟုတ္ေၾကာင္း ျပန္ေျပာမလို႔ရွိေသး အရင္က ေျပာဖူးတာကို သတိရသြားၿပီးၿငိမ္‌ ေနလိုက္တယ္။
ကြၽန္ေတာ္က ေဂ်းhyungအတြက္ ကေလးဆိုတာ......
ေျပာလိုက္ရင္မေကာင္းဘူး ကေလးဆိုၿပီး ဘာလို႔ အူးမြ ေတြလာလုပ္ေနေသးလဲ ။
ကြၽန္ေတာ္လည္း သိခ်င္တာေပါ့ ဘာလို႔ လူေတြတဝိုးဝိုးတဝါးဝါး လုပ္ေနရတဲ့အေၾကာင္းအရင္း။

ခဏအၾကာ ျပန္ခြာသြားတဲ့လက္ေၾကာင့္ ဂ်ယ္ယြန္းhyungကို ၾကည့္ေတာ့ ကြၽန္ေတာ္တို႔ဆီေတာင္ ေလွ်ာက္လာေနၿပီ။

" ေဂ်ာင္ဝန္းနား ပိတ္ရက္ကို ေကာင္းေကာင္းျဖတ္သန္းခဲ့ရဲ႕လား "

ကြၽန္ေတာ့္ကိုဖက္ကာ ဆိုလာတဲ့ ဂ်ယ္ယြန္းhyung။

" hyungေကာ မိသားစုနဲ႔ ေတြ႕တာေပ်ာ္ခဲ့ရဲ႕လား"
ျပန္ဖက္ၿပီး ဆိုလိုက္ေတာ့ အင္းဆိုၿပီးေျပာလာတယ္။

" ဒီေလာက္ဆိုရၿပီ "
ေဂ်းhyungရဲ႕ ေျပာသံႏွင့္အတူ ဂ်ယ္ယြန္းhyung နဲ႔ ေပြ႕ဖက္ထားတာဆီကေန ဖယ္ရွားျခင္းခံရတယ္။
ဂ်ယ္ယြန္းhyungကိုလည္း မန္ေနဂ်ာပက္ေဆာင္းဟြန္းက လာဆြဲသြားတယ္။
တကယ္ပဲ ဒီႏွစ္ေယာက္ကေတာ့ေလ .......။

ဒီလိုနဲ႔ ေလဆိပ္ထဲက ထြက္လာၿပီးေနာက္
ဂ်ယ္ယြန္းhyungက ကြၽန္ေတာ့္ေနာက္လိုက္ကာ ေဂ်းhyungရဲ႕ ကားေပၚတက္မယ္လုပ္ေတာ့ မန္ေနဂ်ာပက္ေဆာင္းဟြန္းက သူ႔ကားဆီ ဂ်ယ္ယြန္းhyungကို မေပြ႕ခ်ီ႐ုံတမယ္ ေခၚသြားတယ္။

ကြၽန္ေတာ္ကေတာ့ သူတို႔ႏွစ္ေယာက္အျဖစ္ကို ၾကည့္ၿပီး ေခါင္းခါ႐ုံသာ တတ္ႏိုင္တယ္။

---------------

" Home Sweet Home !! "

တံခါးေသာ့ကို ဖြင့္ကာ တိုက္ခန္းထဲကို ေျခလွမ္းလွမ္းလိုက္ေတာ့ ဖုန္မႈန႔္ေတြအလုံးလိုက္ ႏွာေခါင္းထဲဝင္လာတယ္။

" အဟြတ္ ..... အဟြတ္ "

" သန႔္ရွင္းေရး အရင္လုပ္ရမယ္ထင္တယ္ ကေလး "

ကင္မ္ခ်ီဘူးေတြ တေပြ႕တပိုက္ကို ေလးလႊာထိကြၽန္‌ေတာ့္‌ေနာက္ကေန လိုက္လာကာ သယ္လာေပးရင္း ဆိုလာတဲ့ ေဂ်းhyung။

ေသာ့နဲ႔ အဝတ္အိတ္ကို ဧည့္ခန္းကဆိုဖာေပၚ ပစ္တင္ရင္း ေဂ်းhyungဆီက ဘူးေတြ တဝက္ခြဲသယ္ကာ မီးဖိုေခ်ာင္ထဲဝင္သြားလိုက္တယ္။

" ဒီမွာတင္ထားလိုက္ ေဂ်းhyung
ေနာက္မွ ေရခဲေသတၱာထဲ ထည့္လိုက္မယ္ "

ထမင္းစားပြဲေပၚကို ၫႊန္ျပရင္းေျပာလိုက္တယ္။

" ေဂ်ာင္ဝန္းနား အဝတ္မလဲနဲ႔ဦး
သန႔္ရွင္းလုပ္ၿပီးမွ တခါတည္းေရခ်ိဳးရေအာင္ "

" ဟုတ္ ဂ်ယ္ယြန္းhyung "

ဖုန္စုန္စက္ ေကာက္ကိုင္ကာ ဧည့္ခန္းထဲထြက္သြားတဲ့ ဂ်ယ္ယြန္းhyung။ ကြၽန္ေတာ္လည္း အက်ႌလက္ ေခါက္တင္ကာ ဂ်ယ္ယြန္းhyung အိပ္ခန္းထဲဝင္သြားလိုက္တယ္။

လိုက္ကာေတြဖြင့္ေပးၿပီး ေစာင္ခါေပးမို႔လုပ္ေတာ့
ခါးကိုရစ္တြယ္လာတဲ့ လက္တစ္စုံ။

" အေမ့!!! ယားတယ္ ‌‌ေဂ်းhyung"

ခါးကိုဖက္ထားတာလည္း မဟုတ္ဘဲ ယားတတ္မွန္းသိလို႔ လာစေနျခင္း။ ခါေနတဲ့ေစာင္ကို လႊတ္ခ်ကာ အေနာက္က လူႀကီးကို ခပ္ဖြဖြရင္ဘတ္ကို လွမ္း႐ိုက္လိုက္တယ္။

" ဟားဟား.....
ကိုယ္ကူေပးမယ္ေလ လာပါ "

ေစာင္ရဲ႕ တစ္ဖက္အစြန္းကိုကိုင္ၿပီး ေျပာလာတာ‌ေၾကာင့္ ေစာင္ကိုျပန္ကိုင္ၿပီး ႏွစ္ေယာက္တူတူ ခါလိုက္တယ္။
ဂ်ယ္ယြန္းhyung အခန္းကို သန႔္ရွင္းေရးလုပ္ေပးၿပီး ထြက္လာေတာ့ ဧည့္ခန္းထဲမွ အသံတစ္ခ်ိဳ႕ၾကားလိုက္ရတယ္။

" ေမာင္ ! အဲ့နားကို ေသခ်ာျပန္လုပ္ ..... မေျပာင္ေသးဘူးမလား ..... "

ဆိုဖာေပၚ က်က်နနထိုင္ကာ လက္ညႇိဳးေလးတစ္ေခ်ာင္းျဖင့္ မန္ေနဂ်ာပက္ေဆာင္းဟြန္းကို ခိုင္းစားေနပါေသာ ဂ်ယ္ယြန္းhyung။
ခြီး မရယ္ခ်င္ဘူးေနာ္။ ရည္းစားဘဝေတာင္ ဒီေလာက္ေၾကာက္ေနရတာ .... ေနာက္တစ္ဆင့္ဆို ‌မန္ေနဂ်ာပက္ေဆာင္းဟြန္းရဲ႕ ေရွ႕ေရးကို ေတြးေတာင္မေတြးရဲဘူး ။

" ကြၽန္ေတာ့္ အခန္းသြားၾကတာေပါ့ ေဂ်းhyung "

ကြၽန္ေတာ္က ကိုယ့္ရည္းစားကို မခိုင္းစားပါဘူးေနာ္။ ေဂ်းhyungက လုပ္ေပးခ်င္လို႔ ဆိုလို႔သာ။

အခန္းထဲဝင္ေတာ့ အင္းးး အရင္ကေျပာဖူးသလိုပဲ .....
တံခါးဘုမွာ ခ်ိတ္ထားတဲ့ ေျခအိတ္ေလးက ေျပာင္ျပေနတယ္။  ၾကမ္းျပင္ေပၚက အဝတ္ေတြကလည္း ပိုင္ရွင္ကိုႀကိဳဆိုေနသေယာင္။
ဖုံးဖိဖို႔ ႀကိဳးစားလိုက္ေပမယ့္ ေနာက္ကလိုက္လာတဲ့ ေဂ်းhyungက ဝိုင္း‌ေတာင္သိမ္းေပးေနေသးတယ္။ ရည္းစား‌‌ေရွ႕ မဟာအရွက္ေတာ္ ျဗမ္းျဗမ္းကြဲတာပဲ။

" ဒီ အဝတ္ေတြကေတာ့ေလ ေျခေထာက္ေပါက္ၿပီး ေရာက္လာသလားပဲ "

" အင္းေနာ္ ..... ဘယ္လိုေတာင္ ေျခေထာက္ေတြ ေပါက္ေနတာလဲ မသိဘူးေနာ္  "

SpongeBob အ႐ုပ္ေလးေတြပါတဲ့ အတြင္းခံေဘာင္းဘီကို ေျမႇာက္ရင္းေျပာလာတဲ့ ေဂ်းhyungေၾကာင့္ အျမန္ေျပးၿပီး လွမ္းဆြဲလိုက္ရတယ္။

" အားးး ေဂ်းhyung ....... "

" ဟားဟား ခ်စ္စရာေလးပါ ...... ကေလးရာ
တကယ့္ကေလးေလးပဲ "

မ်က္ေစာင္းတခ်က္နဲ႔ မေက်နပ္ေၾကာင္းေဖာ္ျပၿပီး ဗီ႐ိုထဲသာ ထိုးသိပ္ထည့္လိုက္တယ္။
အဲ့အတြင္းခံက ေမြးေန႔လက္ေဆာင္အျဖစ္ဂ်ယ္ယြန္းhyung ဝယ္ေပးထားတာေလ။ စစခ်င္း ကေလးကုလားမလို႔ မဝတ္ေပမယ့္ ေနာက္ပိုင္း သက္ေတာင့္သက္သာရွိတာ သိလာတာေၾကာင့္ ခဏခဏဝတ္ျဖစ္တယ္။

အိပ္ရာေတြအကုန္ ေဂ်းhyungခါေပးၿပီးေတာ့
ကြၽန္ေတာ္လည္း သန႔္ရွင္းေရးလုပ္ေနတာကို လက္စသတ္ကာ အခန္းအျပင္ထြက္လာလိုက္တယ္။

သန႔္ရွင္းေတာက္ေျပာင္ေနတဲ့ အိမ္ေရွ႕ခန္းက ဘယ္သူ႔လုပ္ထားလဲဆိုတာ ေခြၽးတၿပိဳက္ၿပိဳက္က်ေနတဲ့ မန္ေနဂ်ာပက္ေဆာင္းဟြန္းကို ၾကည့္ၿပီး တန္းသိလိုက္တယ္။

မီးဖိုေခ်ာင္ထဲဝင္လိုက္ေတာ့ ဂ်ယ္ယြန္းhyungက ကင္မ္ခ်ီဘူးေတြကို ေရခဲေသတၱာထဲ စီထည့္ေနတယ္။

" hyung ညစာ ဘာခ်က္မွာလဲဟင္ ......
ဗိုက္ဆာေနၿပီ "

ေရာက္ကတည္းက သန႔္ရွင္းေရးေတြ လုပ္ေနရတာ အခုညေနေစာင္းသြားတဲ့ထိ ဘာမွမစားရေသး။  ဒီေန႔မွ ျပန္ေရာက္တာဆိုေတာ့ အိမ္မွာလဲ ဟင္းခ်က္စရာရွိမွာ မဟုတ္ဘူး။

" ဒီတိုင္း ေခါက္ဆြဲျပဳတ္ပဲစားမလားလို႔ .....
မနက္က်မွ ေဈးသြားေတာ့မယ္ .... ရတယ္မလား ေဂ်ာင္ဝန္းနား "

" ရတယ္hyung ....... ဟိုႏွစ္ေယာက္ကိုလည္း ေမးၾကည့္လိုက္ဦးမယ္ "

ဧည့္ခန္းထဲက ဆိုဖာမွာ ေဘးခ်င္းကပ္ထိုင္ေနၾကတဲ့ ပက္ညီအစ္ကို ႏွစ္ေယာက္ဆီ ေလွ်ာက္သြားရင္း

" hyung တို႔ ညစာဒီမွာပဲစားသြားမွာမလား .....
ဟင္းခ်က္စရာေတြ မဝယ္ရေသးေတာ့
ဂ်ယ္ယြန္းhyungက ေခါက္ဆြဲျပဳတ္နဲ႔ပဲ စားမယ္တဲ့ .... အဆင္ေျပရဲ႕လား"

" ကေလးတို႔ အဆင္ေျပသလို လုပ္လိုက္ပါ....
ဒါနဲ႔...... ကိုယ္ ေရခ်ိဳးလို႔ရမလား ... ေခြၽးေတြအမ်ားႀကီးထြက္ထား‌ေတာ့ မေနတတ္ေတာ့လို႔ "

" ငါေရာပဲ ေဂ်ာင္ဝန္း "

အက်ႌေတြကို နမ္းလိုက္ ႏွာေခါင္းရႈံ႕ျပလိုက္နဲ႔ ေျပာလာတဲ့ ပက္ညီအစ္ကို ။တကယ္လည္း မေနတတ္ေတာ့တဲ့ ပုံစံေတြပါပဲ ။

" ေရခ်ိဳးတာက ကိစၥမရွိေပမဲ့ ... hyungတို႔နဲ႔
ေတာ္ေလာက္မယ့္ အဝတ္အစား မရွိေလာက္ဘူး "

တျခားဟာမဟုတ္ရင္ေတာင္ အရပ္ခ်င္းကြာတာေၾကာင့္  ကြၽန္ေတာ္တို႔ဝတ္သမွ်က အကုန္ေသးေနမည္မွာအမွန္ ။

" ရတယ္ ကေလး ..... အႀကီးဆုံးလို႔ ထင္တဲ့ဟာသာ ေပးလိုက္ "

" အာ .... ဟုတ္ၿပီေလ "

ေျပာၿပီး မီးဖိုေခ်ာင္ထဲျပန္ဝင္ကာ ဂင္မ္ခ်ီဘူးေတြထည့္ေနတဲ့ ဂ်ယ္ယြန္းhyungကို

" hyung ...... ေဂ်းhyungတို႔က ေရခ်ိဳးမလို႔တဲ့ ....
hyungက မန္ေနဂ်ာပက္ေဆာင္းဟြန္းအတြက္ အဝတ္အစားထုတ္ေပးလိုက္ပါဦး ... "

" ဟုတ္ၿပီ ေဂ်ာင္ဝန္းနား "

ကြၽန္ေတာ့္ အခန္းထဲဝင္ကာ အႀကီးဆုံးျဖစ္ေလာက္မယ့္ အဝတ္ကိုရွာရျပန္တယ္။
ရွာရင္းေဖြရင္း ေနာက္ဆုံး မီးခိုေရာင္ရွပ္အက်ႌ တစ္ထည္နဲ႔  ေဘာင္းဘီအနက္ေရာင္ တစ္ထည္သာ စကာတင္အျဖစ္ ေ႐ြးထုတ္လိုက္တယ္။

ဧည့္ခန္းထဲ ျပန္သြားၿပီး ဆိုဖာမွာထိုင္ေနေသးတဲ့ ေဂ်းhyungလက္ထဲ ထိုအက်ႌနဲ႔ ေဘာင္းဘီကို ထည့္ေပးကာ ေရခ်ိဳးခန္းထဲ တြန္းပို႔ေပးလိုက္တယ္။

ဂ်ယ္ယြန္းhyungလည္း အဝတ္တစ္စုံယူလာၿပီး မန္ေနဂ်ာပက္ေဆာင္းဟြန္းဆီေပးကာ မီးဖိုေခ်ာင္ထဲ ဝင္သြားတယ္။ ကြၽန္ေတာ္လည္း ေခါက္ဆြဲျပဳတ္ဖို႔ ျပင္ဆင္ေနတဲ့ ဂ်ယ္ယြန္းhyungကို ဝိုင္းကူရင္း ေဂ်းhyungထြက္အလာကို ေစာင့္ေနလိုက္တယ္။


' ခ်ေလာက္ '
တံခါးဖြင့္သံၾကားလိုက္တာေၾကာင့္ ေရခ်ိဳးထဲကထြက္လာတဲ့ ေဂ်းhyungဆီ သြားမိတယ္။
ေ႐ြးေပးထားတဲ့ အက်ႌကေတာ့ ကြက္တိပဲ။ ေဘာင္းဘီက ကြၽန္ေတာ္နဲ႔ဆို ေျခမ်က္စိဖုံးေပမယ့္ အခုေဂ်းhyungရဲ႕ ေျခသလုံးအလယ္ထိသာ ရွိတယ္။

ဆံပင္ေတြ ေရစက္လက္ျဖစ္ေနတာေၾကာင့္ သုတ္ေပးဖို႔ရန္ အခန္းထဲေခၚကာ ကုတင္ေပၚထိုင္ေစတယ္။ သဘက္တစ္ထည္လွမ္းယူၿပီး သုတ္ေပးေတာ့ မ်က္စိမွိတ္ထားၿပီး ၿငိမ္ခံေနတယ္။

" အင္း ေျခာက္ေလာက္ၿပီထင္တယ္ "

ေခါင္းေပၚမွ လက္ကို႐ုတ္ကာ လွည့္ထြက္မယ္ရွိေသး ပါးေပၚကိုေရာက္လာတဲ့ အနမ္းတစ္ပြင့္ေၾကာင့္ ၿပဳံးမိသြားတယ္။
ၿပဳံးမိတဲ့အက်ိဳးဆက္အေနနဲ႔ေတာ့ ပါးခ်ိဳင့္ေတြေပၚ ထပ္ဆင့္အနမ္းေတြ က်ေရာက္လာျပန္တယ္။

႐ုန္းလိုက္ရင္းသာ အခန္းအျပင္ထြက္လာလိုက္ေတာ့

" ေဂ်ာင္ဝန္းနား ညစာရၿပီ ...
လာစားေတာ့ "

ထမင္းစားပြဲအလယ္ ေခါက္ဆြဲျပဳတ္အိုးႀကီးခ်ကာ ထမင္းပန္းကန္လုံး  ေလးပန္းကန္ဝိုင္းထားတယ္။ ဂ်ယ္ယြန္းhyungရဲ႕ ေခါက္ဆြဲျပဳတ္လက္ရာကို စားၿပီးရင္ ဘယ္အျခားေခါက္‌ဆြဲျပဳတ္ကမွ အရသာမရွိဘူးလို႔ ထင္ရတဲ့အထိ အရမ္း စားေကာင္းတယ္။ အပိုေျပာသည္မဟုတ္ လိုေတာင္လိုေသးတယ္ ေျပာတာ။

ေဂ်းhyungနဲ႔ မန္ေနဂ်ာပက္ေဆာင္းဟြန္းတို႔လည္းေနရာယူၿပီးေနာက္ မႀကီးမက်ယ္ မခမ္းနားေပမယ့္ ေႏြးေထြးမႈအျပည့္ရွိတဲ့ ညစာထမင္းဝိုင္းကို စတင္လိုက္တယ္။

-------------------

" ကိုယ္ဒီမွာပဲ ..... ညအိပ္သြားလို႔ရမလားဟင္
ကေလး .... "

ပန္းကန္ေဆးေနရင္းနဲ႔ ထေျပာလာတဲ့စကားေၾကာင့္ ေၾကာင္သြားမိတယ္။ ဒီမွာအိပ္မလို႔လား။ သူ႔အိမ္အေကာင္းစားႀကီးကို ထားၿပီးေတာ့ေလ?

" ေဂ်းhyung အဆင္ေျပရင္ အိပ္ေပါ့....
ရပါတယ္ ... "

ကြၽန္ေတာ္လည္း ေျပာရရင္ အိပ္ေစခ်င္ေနတာ ။ ဟိုတေခါက္တူတူဖက္အိပ္ၿပီးကတည္းက ေဂ်းhyung ရဲ႕ ရင္ခြင္က်ယ္ႀကီးကိုလြမ္းေနတာ ဟိဟိ။
ဟိတ္ ! ေတာင္ေတြး ေျမာက္ေတြး ‌မေတြးၾကနဲ႔‌ေနာ္။

အဝတ္ေျခာက္နဲ႔ သုတ္လက္စ ပန္းကန္ေတြကုန္သြားေတာ့ ဧည့္ခန္းထဲမွာ တီဗြီၾကည့္ေနတဲ့ ဂ်ယ္ယြန္းhyungဆီ သြားလိုက္တယ္။

" ဂ်ယ္ယြန္းhyung ........ ေဂ်းhyungက ဒီည ဒီမွာပဲ အိပ္သြားမလို႔တဲ့ ... ခြင့္ျပဳေပးလို႔ရတယ္မလား "

" ရပါတယ္ ေဂ်ာင္ဝန္းနား ..... တျခားသူမွမဟုတ္တာ ... "

" ဒါဆို ... ေမာင္လည္း ဒီမွာပဲ အိပ္ေတာ့မယ္ေလ
ေနာ္.... hyung "

ဂ်ယ္ယြန္းhyungကို မုန႔္ေတြခြံ႕ေကြၽးေနတဲ့ မန္ေနဂ်ာပက္ေဆာင္းဟြန္းက ဆိုလာတယ္။

" အင္း အိပ္ေလ "

ကြၽန္ေတာ္ကေတာ့ ခြင့္ျပဳေပးတယ္ဆိုကတည္းက ေဂ်းhyung လက္ကိုဆြဲကာ အခန္းထဲဝင္သြားလိုက္တယ္။ သူတို႔ဇာတ္လမ္း သူတို႔ဟာသူတို႔ရွင္းပါေစ...။


" ကေလး အိပ္ခ်င္ေနၿပီလား "

အခန္းတံခါးပိတ္ၿပီး ကြၽန္ေတာ့္ကို အေနာက္ကေန သိုင္းဖက္ကာဆိုလာတယ္။

" အင္း  နည္းနည္းပင္ပန္းေနၿပီ "

" ဒါဆိုလည္း အိပ္ၾကရေအာင္ေလ "

အိပ္ရာေပၚ ႏွစ္ေယာက္သားေနရာယူကာ ဝင္လွဲလိုက္တယ္။  လြမ္းခဲ့ရတဲ့ ရင္ခြင္ႀကီးထဲ တိုးဝင္ၿပီး ခါးကိုတင္းတင္းဖက္ထားကာ မ်က္စိမွိတ္ထားလိုက္တယ္။

နဖူးေပၚက်လာတဲ့ အနမ္းနဲ႔အတူ ' good night ကေလး ' ဆိုတဲ့ အသံေလးက သားေခ်ာ့ေတးေတြထက္ပင္ သာယာနာေပ်ာ္ဖြယ္ေကာင္းလွသည္။

ဒီည လမင္းႀကီး ျပည့္ဝိုင္းေနလား ၊ တျခမ္းပဲရွိေနလား ။ ၾကယ္ေတြေကာ စုံရဲ႕လားဆိုတာ မသိခ်င္ေတာ့ဘဲ ေဂ်းhyungရဲ႕ အသက္ရႉသံကိုသာ အလုံးစုံအာ႐ုံစိုက္ရင္းပဲ တျဖည္းျဖည္း အသိစိတ္ေပ်ာက္ကာ အိပ္ေပ်ာ္သြားေတာ့တယ္။

_____________ A/N_________

အပိုင္းေတြမခြဲခ်င္ေတာ့လို႔ ဆက္ေရးလိုက္တာ စာလုံးေရ 4756 ေတာင္ေရာက္သြားတယ္ 😬

Feedback ေလးေတြ လြမ္းပါတယ္လို႔ 👉👈

𝓣𝓱𝓪𝓷𝓴𝓼 𝓕𝓸𝓻  𝓡𝓮𝓪𝓭𝓲𝓷𝓰 💓

Continue Reading

You'll Also Like

187K 16.3K 20
Jeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့...
229K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
11K 1.1K 23
ဘယ်အရာတွေဘဲ တားဆီးတားဆီးကိုယ်မင်းကိုဘယ်တော့မှလက်လွတ်မှာမဟုတ်ဘူး
4.6K 807 21
ဒါလေးကတော့ စိတ်ကူးထဲ ရုတ်တရက်ပေါ်လာတဲ့ ဇာတ်လမ်းလေးပေါ့နော်။ အရမ်းကောင်းမယ်လို့တော့ အာမမခံနိုင်ပါဘူး။😁😁