ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူ...
Av suukhant
793K 55.3K 3.8K
ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန... Mer
Part- 1
Part- 2
Part-3 💛
Part- 4💛
Part- 5
Part- 6💛
Part- 7💛
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part-13
Part- 14
Part- 15
Part-16
Part-18
Part-19
Part- 20
Part- 21
Part-22
Part- 23
Part-24
Part- 25
Part- 26
Part- 27
Part- 28
Part- 29
Part- 30
Final Part
Special part- 1
Special part- 2 (Unicode)
Special part- 2 (Zawgyi)
Part-17
21.5K 1.6K 81
Av suukhant
"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"
Part- 17
For unicode
"Hot search မရှိတော့ဘူး"
"ရိပေါ်ဖျက်ခိုင်းလိုက်တာနေမှာပေါ့
သူဘဲအဲ့လိုလုပ်မှာ"
"Hot searchကြောင့်သားကိုလူတွေတော်တော်သတိထားမိလောက်ပြီ
အဲ့ဒါကိုခြေကုတ်ယူပြီးဝမ်ရိပေါ်ကိုသားကပ်ထားရမယ်"
"မလုပ်ချင်ပါဘူး"
"မလုပ်လို့မရဘူး သားကအခုချိန်မှာကိုယ့်ဘာကိုယ်ကြိုးစားနေရတာ
သားကုမ္ပဏီကဘာများလုပ်ပေးလို့လဲ
HSတောင်ဝယ်ပေးလို့လား
အခုလူတော်တော်များများကသားကိုဝမ်ရိပေါ်နဲ့တွဲမြင်နေပြီ
သားကအဲ့ဒါကိုနားလည်ရမယ်
သားတို့သာပြန်ပြီးတွဲသွားရင်အကျိုးရှိမှာကဘယ်သူလဲ"
"ဝမ်ရိပေါ်နဲ့မဖြစ်နိုင်တော့ဘူး"
"ဝမ်ရိပေါ်နဲ့မဖြစ်နိုင်တော့ရင်လည်းဝမ်ရိပေါ်ကိုမှီပြီးနာမည်ကြီးအောင်လုပ်လို့ရတာဘဲ
သားနာမည်ကြီးသွားရင်အခုလိုတိုက်ခန်းလေးမှာနေစရာမလိုတော့ဘူး
သားဘာလုပ်လုပ်ထောက်ခံအားပေးနေမယ့်fanတွေလည်းအများကြီးရှိလာမယ်
မားတို့အခြေအနေလည်းအခုထက်ပိုကောင်းလာမယ်မဟုတ်လား"
"ကျွန်တော်ကြိုးစားနေတာဘဲမား"
"ဟိုစုန့်ရှောင်းcpကိစ္စကိုမားလွှတ်ထားတယ်နော်
ဒီကားရိုက်ပြီးသွားရင်ထပ်မဆက်သွယ်ကြနဲ့တော့"
"ဘာလို့မားကျွန်တော့်ကိစ္စကိုဝင်စွက်ဖက်နေရတာလဲ"
"ဘာလို့လည်းဆိုတော့သားကိုကောင်းစားစေချင်လို့ပေါ့
ဟိုကောင်ရှောင်းကျန့်ကတုံးမလိုနဲ့ဝမ်ရိပေါ်လိုလူနဲ့ညားသွားတယ်
မားသားကလည်းရှောင်းကျန့်ထက်သာတဲ့လူနဲ့ရကိုရရမယ်"
"မား..ကောကိုဘာလို့အဲ့လောက်မုန်းနေရတာလဲ
ကောကသူ့ဘာသူအေးဆေးနေတာဘဲလေ"
"သူတို့သားမိနှစ်ယောက်လုံးကမားအတွက်တော့လုံးဝစိတ်အနှောင့်အယှက်ဖြစ်စရာဘဲ
အဲ့ဟာမမွှေလို့မားတို့အိမ်ထောင်ရေးကမောက်ကမဖြစ်ခဲ့တာ"
"အဲ့ဒါကောနဲ့မှမဆိုင်တာ"
"ရှောင်းပိုင်! သားမြဲမြဲမှတ်ထားစမ်း
သားရှောင်းကျန့်ကိုမုန်းရမယ် အဲ့ကောင်ထက်သာအောင်ကြိုးစားရမယ်
မားတို့အိမ်ထောင်ရေးသုံးနှစ်အထိမားတို့ကလေးမရခဲ့ကြဘူး
အဲ့ဟာမကမားတို့ကြားဝင်ခဲ့တာ
ရှောင်းကျန့်ကိုမွေးပြီးမားတို့အိမ်ထဲဝင်လာခဲ့တယ်
မားဘယ်လောက်ထိငိုခဲ့ရလဲသိလား
သားပါးကသူတို့သားမိကိုအသိမှတ်မပြုခဲ့လို့ပေါ့"
"ကျွန်တော် ကျွန်တော်.."
"ရှောင်းကျန့်ထက်သာအောင်ကြိုးစားမယ်လို့မားကိုကတိပေးစမ်းပါ"
"ဟင့်အင်း ကျွန်တော်ပင်ပန်းနေပြီ
ကျွန်တော်မလုပ်နိုင်တော့ဘူး"
"ရှောင်းပိုင်!"
"ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော်မလုပ်နိုင်တော့ဘူး
ကောကိုလိုက်ပြိုင်နေရတာပင်ပန်းနေပြီ"
ရှောင်းပိုင်ကသူ့မားရှေ့ကပြေးထွက်လာခဲ့ပြီးတံခါးကိုပါပိတ်ပစ်လိုက်၏။ ငယ်ငယ်ကတည်းကမားသူ့ကို brainwashလုပ်လာလို့ကောကိုမသိမသာရော၊သိသိသာသာပါလိုက်ပြိုင်နေမိတယ်။ မနိုင်တဲ့အခါလည်းမပျော်ရသလို၊နိုင်တဲ့အခါလည်းသူမပျော်ခဲ့။ ကြီးလာတော့သူဘဲတဖတ်သတ်ပူလောင်နေခဲ့တာကိုရိပ်မိလာတယ်။
ကောကအရင်ကတည်းကရိပ်မိခဲ့လောက်မှာပါ။ ကောလိုဉာဏ်ကောင်းတဲ့သူကဘယ်လိုလုပ်မရိပ်မိဘဲနေခဲ့မှာလဲ။ အိမ်မှာဆိုမားတို့နဲ့မွန်းကျပ်လို့၊ သူ့ကိုပါးကအလိုလိုက်တိုင်းရှောင်းကျန့်ကိုနည်းနည်းအားနာမိလို့တက္ကသိုလ်တက်ရတော့မယ်ဆိုတော့အပြင်ကအဆောင်ခန်းမှာပြောင်းနေခဲ့တယ်။ အဲ့ဒါကိုပါးကရှောင်းကျန့်ကိုအတင်းထည့်ပေးလိုက်သေးတယ်..။
ကောကသူ့ကို‌ရိပေါ်ကိုသဘောကျတယ်လို့ဖွင့်ပြောလာခဲ့တယ်။ ဝမ်ရိပေါ်ဆိုတာဘယ်သူ့ကိုမှလူမထင်တဲ့ကောင်ပေါ့။ အခန်းထဲမှာသူ့ဘာသူအေးဆေးနေပြီးဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတတ်တယ်။ ရိပေါ်ကိုဝင်ရောရင်းရိပေါ်ကနယ်နယ်ရရမဟုတ်တာကိုရိပ်မိလာခဲ့တယ်။
သူကောအပေါ်ကိုမနာလိုစိတ်ဝင်ပြီးရိပေါ်ကောအပေါ်နားလည်မှုလွဲအောင်အမြဲလုပ်မိခဲ့တယ်။ ရိပေါ်ကရယ်ဒီမိတ်ခေါက်ဆွဲ‌ထုတ်တွေအမြဲပြုတ်စားနေတော့ကောကရိပေါ်ဖို့ပါညစာထည့်ချက်ထားပြီးကောစာပြဖို့မသွားခင်သူ့ကိုပေးခိုင်းထားခဲ့တယ်။ ပြီးတော့လိုင်းပေါ်ကမုန့်ချက်နည်းတွေကိုလေ့လာပြီးရိပေါ်ဖို့တစ်ခုမဟုတ်တစ်ခုပေးခိုင်းတတ်တယ်။ ဒါပေမယ့်သူကတော့ကြားကအမှတ်ဝင်ယူခဲ့တယ်..
အခုချိန်မှာသူကောအပေါ်အရမ်းအားနာမိပါတယ်။ ရိပေါ်နဲ့သူတွဲနေတာကိုကောသိသွားတော့ကောအိမ်ပေါ်ကဆင်းသွားခဲ့တယ်။ သူ့ကိုသစ္စာဖောက်လို့ထင်လည်းသူဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့်ကိုယ်မလုံမလဲဖြစ်ခဲ့တာကိုတော့ကိုယ့်ဘာကိုအသိဆုံးပါ။
နောက်ဆုံးသူနဲ့ရိပေါ်စေ့စပ်တော့မယ်ဆိုမှကောကကလေးတစ်ယောက်နဲ့ပြန်ရောက်လာခဲ့တယ်။
ရိပေါ်ကပိုင်ရှင်အမှန်ဆီပြန်ရောက်သွားတာကိုလက်မခံနိုင်ခဲ့ဘူး။ ကောဆီကိုသွားပြီးပြသနာရှာခဲ့မိတယ်။ အခုတော့သူမလုပ်နိုင်တော့ဘူး။ 'ရင်ခုန်သံအရင်းနှီးဆုံး'ဇာတ်ကားရိုက်ရင်းနဲ့သူနဲ့စုန့်ရန်တစ်ယောက်ကိုတစ်ယောက်စိတ်ဝင်‌စားနေမိကြပြီ။
ရှောင်းပိုင်ကဖုန်းကိုထုတ်ပြီးရိပေါ်ဆီစာပို့လိုက်၏။ သူ့အမှားတွေကိုဝန်ခံဖို့အချိန်ကျပြီ။ ကောတို့မိသားစုပျော်ရွှင်ပါစေတော့။ ကောလည်းအချစ်ခံရဖို့ထိုက်တန်ပါတယ်။
.
.
.
.
"ဥက္ကဌဝမ် မနက်ဖြန်ချီးရှီပွဲတော်နေ့ပါ"
"အဲ့တော့.."
"ဟို ကျွန်တော်ခွင့်လိုချင်လို့ပါ"
"မရဘူး"
"အာ..."
"မနက်ဖြန်ငါခွင့်ယူမှာ
ငါမရှိရင်ငါ့အလုပ်တွေကိုမင်းဘဲလုပ်ပေးရမှာ ဟုတ်တယ်မဟုတ်ဘူးလား"
"ဟုတ် ဟုတ်ကဲ့"
"ချီးရှီပွဲတော်နေ့ music festivalပွဲပါရှိတယ်ကြားတယ်
အိမ်ကတစ်ယောက်နဲ့သွားရင်ကောင်းမယ်ထင်လား"
"ကောင်း ကောင်းပါတယ်ဥက္ကဌဝမ်!"
အတွင်းရေးမှုးဖုန်းကရင်ဆို့နေတာတွေကိုပြန်မြိုချလိုက်ပြီးစိတ်ထဲကနေသူ့ချစ်သူလေးကိုလှမ်းတောင်းပန်လိုက်၏။ ဒီနှစ်လည်းခွင့်မရဘူးသဲရာ..။ ဥက္ကဌဝမ်ကကိုယ်ချင်းစာနာစိတ်မရှိဘူး။
"ဒါဆိုလည်းလက်မှတ်နှစ်စောင်ဖြတ်လိုက်တော့"
"ရပါ့မလား ကျွန်တော်လည်းမသိဘူး
ပွဲကမနက်ဖြန်ဆိုတော့"
"ပွဲတာဝန်ခံကိုဆက်သွယ်လိုက်
ငါ့အသိရှိတယ်
ဈေးနှစ်ဆဖြစ်ဖြစ်သုံးဆဖြစ်ဖြစ်ပေးရလည်းကိစ္စမရှိဘူး"
"ဟုတ်ကဲ့"
အတွင်းရေးမှူးဖုန်းကတော့လစာကောင်းကောင်းရလို့သာဆက်လုပ်နေတာဖြစ်သည်။ ဥက္ကဌဝမ်ကတကယ်အလိုက်မသိတတ်ဘူး။ WANG companyကကုမ္ပဏီကြီးတစ်ခုပေမယ့်၊WANGရဲ့အောက်မှာmusic industry နဲ့HOPEလောက်သာတရားဝင်နာမည်ခံထားသည်။ WANGမှာမဟုတ်ဘဲဝမ်ရိပေါ်ရှယ်ယာဝင်ထားတဲ့companyတွေရော၊ ရှန်အန်းဆေးရုံမှာဆိုရှောင်းကျန့်idနဲ့တောင်ရှယ်ယာဝင်ထားသေးသည်။ ဥက္ကဌဝမ်သားကြီးလာရင်HOPEကိုလည်းခွဲထုတ်ပစ်မယ့်ပုံရသည်။
ဝမ်မျိုးရိုးတွေကတကယ့်သူဌေးတွေပါဆို..။ ဥက္ကဌဝမ်ကသူ့အဖေနဲ့တော့သိပ်မတည့်..။ အရင်ကကြားတာတော့ဥက္ကဌဝမ်ကတော်တော်ဆိုးတယ်ကြားတယ်။ ‌အသက်ငယ်ငယ်လေးနဲ့အမွေတောင်းပြီးစီးပွားရေးစလုပ်ခဲ့တာတဲ့။ အခုတော့ဝမ်ရိပေါ်အစွမ်းအစတွေကြောင့်ဝမ်သူဌေးကြီးလည်းစိတ်ပြေသွားပုံရသည်။
အတွင်းရေးမှူးဖုန်းကမျက်မှန်ကိုပင့်တင်ပြီးဝမ်ရိပေါ်ကိုခိုးကြည့်လိုက်၏။ မျက်လုံးမှိတ်ပြီးအိပ်နေတယ်ထင်ရပေမယ့်အိပ်မနေတာသူအသိဆုံး။ ဝမ်ရိပေါ်ရဲ့ရွှေဦးနှောက်ကဘာတွေစဉ်းစားနေပါလိမ့်...
"မနက်ဖြန်သူ့ကိုဘာပေးရင်ကောင်းမလဲ"
"ဗျာ.."
"မနက်ဖြန်အတွက်အိမ်ကတစ်ယောက်ကိုဘာပေးရင်ကောင်းမလဲလို့.."
"ချောကလက် ပန်းစည်း"
"ရိုးနေပြီ.."
"ဗျာ..ဒါဆိုနာရီ လက်စွပ်"
ဝမ်ရိပေါ်ကမျက်ခုံးနှစ်ခုကြားကိုလက်နဲ့နှိပ်လိုက်ပြီးနောက်မျက်လုံးပွင့်လာခဲ့၏။
"လက်ဝတ်ရတနာဆိုင်ကိုမောင်း!"
.
.
.
.
"ရိပေါ် မနက်ဖြန်ဘာနေ့လဲသိလား"
"မနက်ဖြန်ကြာသပတေးလေ ဘာဖြစ်လို့လဲ"
"ရိပေါ်မသိမှန်းကိုယ်သိသားဘဲ!
မနက်ဖြန်ကချီးရှီပွဲတော်နေ့လေ"
"အဲ့တော့.."
ရှောင်းကျန့်ကသူ့တစ်ကိုယ်လုံးကိုရိပေါ်ရင်ခွင်ပေါ်ပစ်မှီလိုက်ပြီးအလိုမကျစွာပြော၏။ အလိုမကျဖြစ်နေလို့နှာခမ်းကခပ်စူစူဖြစ်နေကာမျက်ခုံးလေးတွေတောင်တွန့်ချိုးနေသည်။
"မနက်ဖြန်ကိုယ့်ကိုအချိန်ပေး.."
"အချိန်အားလားကြည့်လိုက်ဦးမယ်.."
"မင်းကဘော့စ်မဟုတ်ဘူးလား
အချိန်လေးနည်းနည်းပေးရင်ဘာဖြစ်သွားမှာလဲ
မနက်ပိုင်းမဟုတ်ရင်တောင်ညနေ၅နာရီလောက်လေ.."
"ခင်များအားလို့လား"
"ကိုယ့်သူငယ်ချင်းနဲ့ဂျူတီချိန်းထားတယ်"
"ဟိုကောင်နဲ့လား"
"သူများကိုဟိုကောင်၊ဟိုကောင်နဲ့မပြောစမ်းပါနဲ့
သူကမင်းထက်၆ကြီးများတောင်ကြီးတယ်"
"ခင်များကိုသူနဲ့ဝေးဝေးနေဖို့မှာထားတယ်"
"ကိုယ်တို့ကရိုးရိုးသားသားဘဲကို
မင်းသာHSတွေထဲတောင်ရောက်သွားပြီးတော့"
"ယောက်ျားတွေအကြောင်းခင်များမသိပါဘူး"
"ဘာလို့မသိရမှာလဲ ကိုယ်‌လည်းယောက်ျား‌ဘဲကို"
"မတူဘူး"
"ဘာလို့မတူရမှာလဲ"
"အပေါ်ထပ်နဲ့အောက်ထပ်ကွာတယ်!"
ရှောင်းကျန့်ကနှာခမ်းကိုကိုက်ပြီးရိပေါ်ရင်ဘက်ကိုတစ်ဒုန်းဒုန်းထုပစ်တယ်။ ရိပေါ်ကလည်းရှောင်းကျန့်ကိုချစ်မြတ်နိုးစွာစိုက်ကြည့်ရင်းတိုးတိုးလေးရယ်တယ်။ ရှောင်းကျန့်ကရိပေါ်ကိုင်ထားတဲ့tabletကိုသူလက်ညိုးလေးနဲ့အပေါ်အောက်ပွတ်ဆွဲပြီးရိပေါ်နဲ့အတူသတင်းတွေကြည့်၏။ ရှောင်းကျန့်တစ်ကိုယ်လုံးကရိပေါ်ရင်ခွင်ထဲရောက်နေတော့ရှောင်းကျန့်ကသူခြေထောက်လေးနဲ့ရိပေါ်ခြေထောက်ကိုအသာပွတ်သပ်ကျီစယ်လိုက်တယ်..
ခြေဖဝါးလေးနဲ့အသာပွတ်သပ်နေတော့ရိပေါ်ကလည်းပြန်ပြီးသူ့ပေါင်ကြားထဲကရှောင်းကျန့်ကိုလှုပ်မရအောင်ခြေထောက်နဲ့ဖိထားလိုက်တယ်။
"မနေ့ညတုန်းကနည်းနည်းများသွားလို့လွှတ်ပေးလိုက်မယ်"
"ဟွန့်"
ရှောင်းကျန့်ကနာလည်းနာနေသေးတော့သူ့အန္တရာယ်သူရှောင်တဲ့အနေနဲ့ရိပေါ်ကိုစနေတာကိုရပ်လိုက်ပြီးဟွန့်ခနဲနှာမှုတ်လိုက်တယ်။ ရိပေါ်ကထိုအပြုအမှုကြောင့်အသည်းယားသွားပြီးရှောင်းကျန့်ကိုအားနဲ့ဖျစ်ညှစ်ပြစ်၏။
"အာ့! မလုပ်နဲ့ဆို"
"လူကိုမမြှူဆွယ်နဲ့"
"မြှူဆွယ်တာမဟုတ်ဘူးလို့"
"ညာတယ်.."
"ကိုယ်ယောက်ျားကိုယ်မြှူဆွယ်တော့ရော့ဘာဖြစ်လဲ"
"ခင်များကနာမှာတကယ်မကြောက်ဘူးဘဲ"
ရှောင်းကျန့်ကရိပေါ်ပေါင်ပေါ်မှာခေါင်းအုံးလိုက်ပြီးရိပေါ်tabletကိုပါဆွဲလုလိုက်၏။ ရိပေါ်ကရှောင်းကျန့်ရဲ့စကားကြောင့်အသည်းတယားယား။ မနေ့ညတုန်းကသာမီးကုန်ယမ်းကုန်မကဲထားရင်အခုရှောင်းကျန့်ကိုမွေ့ယာပေါ်မှာဖိထားလိုက်တော့မှာ။ မနေ့ညကကိုယ့်အခြေအနေကိုယ်သိလို့လွှတ်ထားတာကိုရှောင်းကျန့်ကမကြောက်မရွံလာစရဲတယ်။ ရိပေါ်ကရှောင်းကျန့်အခြေအနေသိလို့ဘာမှတော့မလုပ်။ ဒီအတိုင်းရှိပါစေတော့လို့သာလွှတ်ထားလိုက်ရတယ်။
ရှောင်းကျန့်ကဖုန်းသုံးရင်းအိပ်ပျော်သွားတော့ရိပေါ်ကရှောင်းကျန့်ကိုခေါင်းအုံးပေါ်မှာချသိပ်လိုက်၏။ ပြီးမှရိပေါ်ကရလာတဲ့လက်မှတ်နှစ်စောင်ကိုရှောင်းကျန့်ရဲ့မှန်တင်ခုံရှေ့မှာသွားတင်လိုက်တယ်။ မနက်ကျရင်ပျော်သွားမယ့်ရှောင်းကျန့်မျက်နှာလေးကိုမြင်ယောင်မိတော့သူ့နှာခမ်းထောင့်စွန်းတွေကွေးတက်သွားတယ်။
ရိပေါ်ကမအိပ်ခင်သူ့ဖုန်းထဲကမက်ဆေ့ခ်ျတွေကိုပြန်စစ်၏။ မဆက်သွယ်တာကြာတဲ့ရှောင်းပိုင်ကစာပို့ထားတော့သူလည်းဝင်ဖတ်လိုက်တယ်..။
"ရိပေါ်.. ကောနဲ့ပတ်သတ်ပြီးဝန်ခံစရာရှိတယ်
မနက်ဖြန်အားလား"
ရိပေါ်ကအချိန်ကိုတွက်ချက်ပြီးစာပြန်ပို့လိုက်၏။
"ကောင်းပြီ မနက်၉နာရီcafeဆိုင်မှာတွေ့မယ်"
(9.8.22)
ချီးရှီပွဲတော်ကတရုတ်ချစ်သူများနေ့ပါတဲ့။ ကိုယ်လည်းဖတ်ထားမိတာကပါ။
........................
Part- 17
For zawgyi
သူဘဲအဲ့လိုလုပ်မှာ"
"မလုပ်ချင်ပါဘူး"