ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

Від Melinoe_Megami

1.6M 289K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... Більше

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

170 - Second Ending part 1

5.6K 883 10
Від Melinoe_Megami

Unicode

TN : ဒီ Novel မှာ Ending နှစ်ခုရှိပါတယ်။ ဒါက ဒုတိယ Ending ပေါ့။ သုံးပိုင်းတည်းပါ။ နောက်ပိုင်းတွေက ပထမ Ending ရဲ့အဆက်ပါ။
Ok, Let’s go!

***

ရွှယ်ယို့ရှန်းတစ်ယောက် Computer Screen ကို စူးစူးရဲရဲ ငေးစိုက်ကြည့်ရင်း မျက်ဝန်းအိမ်က အတန်ငယ် နီရဲတက်လာခဲ့တယ်။ ဒီပုံစံအတိုင်း မလှုပ်မယှက်ဖြစ်နေတာ အတော်ကြာနေပြီမှန်း သိသာနေတော့တယ်။ သူသိပါတယ်၊ Computer တစ်ခုလုံး အပေါက်ဖြစ်သွားရင်တောင် ‘မှော်နဲ့ဓားနယ်မြေ’ကို ပြန်သွားလို့မရတော့ဘူးဆိုတဲ့ အမှန်တရားက ပြောင်းလဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ဇွဲကောင်းကောင်းနဲ့ မျှော်လင့်နေမိတုန်းပဲ။

‘မှော်နဲ့ဓားနယ်မြေ’ကနေ ကမ္ဘာမြေကို အတင်းအကျပ် ပြန်ပို့ခံလိုက်ရတာ လဝက်တောင်ကြာခဲ့ပြီ။ နှစ်ပတ်အတွင်း ဇာတ်သိမ်းအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ကူးပြောင်းနိုင်အောင် ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူး။ ဝိဉာဉ်ကူးပြောင်းခဲ့တုန်းက ကြုံတွေ့ခဲ့တာတွေကိုတောင် အိပ်မက်တစ်ခုလို့ သံသယဝင်လာမိတဲ့အထိပဲ။

ဝတ္ထုထဲကို အရမ်းစိတ်နှစ်ထားမိလို့များလား..? မဟုတ်ရင် <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်>> ဝတ္ထုရဲ့ဇာတ်သိမ်းကို အမျိုးမျိုးပြောင်းရေးခဲ့တာတောင်၊ ဇာတ်လမ်းတစ်ခုလုံး ပြောင်းလဲလုနီးပါး ပြန်ပြင်ရေးခဲ့မိတာတောင် ဘာလို့ မကူးပြောင်းသေးရတာလဲ..?

ရွှယ်ယို့ရှန်းလည်း စိတ်ရှုပ်ရှုပ်နဲ့ Keyboard ကို ထုပစ်လိုက်တယ်။ ပြီးမှ ပျက်စီးသွားမှာစိုးပြီး ကပျာကယာ စစ်ဆေးကြည့်ပြန်တယ်။ သုံးလို့ရသေးတာ သေချာသွားတော့မှ သက်ပြင်းချနိုင်တော့တယ်။

သူ ကပ်စေနည်းနေတာ မဟုတ်ဘူးနော်။ အသစ်မဝယ်ချင်လို့လည်း မဟုတ်ဘူး။ ပထမတစ်ခေါက် ကူးပြောင်းတုန်းက ပစ္စည်းတွေကို မပျက်မစီးရအောင် ထိန်းသိမ်းထားရုံပဲ။ မတော်တဆ တစ်ခုခုပျက်စီးသွားပြီး ကူးပြောင်းလို့မရတော့ရင် ထိုင်ငိုနေရလိမ့်မယ်..!

ရွှယ်ယို့ရှန်းလည်း စိတ်မရှည်တော့တာကြောင့် မပျက်စီးသေးတဲ့ Keyboard ကို သူ့နေရာသူ ပြန်ထားလိုက်ပြီး အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။ သွေးပူနေရင် ဦးနှောက်က ကောင်းကောင်း အလုပ်လုပ်မှာမဟုတ်ဘူး။ အနားယူပြီးမှသာ တခြားနည်းလမ်းတစ်ခု ရှာဖွေနိုင်လိမ့်မယ်။

ရွှယ်ယို့ရှန်းလည်း အတော်လေး ပင်ပန်းနေတာကြောင့် အိပ်ရာပေါ်ရောက်တာနဲ့ ချက်ချင်းဆိုသလို အိပ်ပျော်သွားတော့တယ်။ အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေမျိုးမှာ ရွှယ်ယို့ရှန်းရဲ့စိတ်ထဲ တစ်စုံတစ်ယောက် လှမ်းခေါ်နေသလို ခံစားလိုက်ရတယ်။

“ရှောင်ယို့… ရှောင်ယို့…”

ရင်းနှီးကျွမ်းဝင်နေတဲ့ အသံ။

အသံကြားရာကို လိုက်ရှာနေခဲ့ပေမယ့် သူ့ရဲ့အမြင်အာရုံထဲမှာ အမှောင်ထုကြီးသာ စိုးမိုးနေခဲ့တယ်။ ပုံရိပ်လေးတစ်ခုတောင် မမြင်ရခဲ့ဘူး။ ဒါပေမဲ့ သူ့ကိုခေါ်နေတဲ့လူက ရင်းဆုယဲ့ဆိုတာ သူသိတယ်။ အိပ်ပျော်သွားတိုင်း ရင်းဆုယဲ့ရဲ့အသံကို တစ်ခါတလေ ကြားရတတ်ပြီး ထိုဖြစ်ရပ်က ဝိဉာဉ်ကူးပြောင်းခဲ့တာ အိပ်မက်တစ်ခုမဟုတ်ကြောင်း၊ ရင်းဆုယဲ့ အမှန်တကယ် တည်ရှိနေကြောင်း သူ့ကို သတိပေးနေတယ်။ ထို့ကြောင့် ကြိမ်ဖန်များစွာ ရှုံးနိမ့်ခဲ့တာတောင် လက်မလျော့တမ်း ကြိုးစားနေမိတုန်းပဲ။

တခြားကမ္ဘာတစ်ခုမှာ သူ့ကို စောင့်ဆိုင်းနေတဲ့ တစ်စုံတစ်ယောက် ရှိနေတယ်လေ။

တတီတီမြည်နေတဲ့ ဖုန်းခေါ်သံကြောင့် ရွှယ်ယို့ရှန်းလည်း လန့်နိုးလာခဲ့တယ်။ ရွှယ်ယို့ရှန်းက မျက်လုံးမဖွင့်ဘဲ ဖုန်းကို လိုက်စမ်းလိုက်တယ်။ ပြီးနောက် ဖုန်းကိုင်လိုက်ကာ..

“Hello..!”

သံသယဖွယ်မရှိ၊ တတီတီမြည်နေတဲ့အသံက Alarm မြည်သံမဟုတ်ဘဲ ရွှယ်ယို့ရှန်းရဲ့ Phone ringtone ဖြစ်နေခဲ့တယ်။ ယနေ့ခေတ်မှာ နာမည်ကြီးသီချင်းတွေ အများကြီးရှိပေမယ့် ရွှယ်ယို့ရှန်းက Ringtone ပြောင်းဖို့ ပျင်းနေတာကြောင့် Default Ringtone ကိုသာ အသုံးပြုခဲ့တယ်။ သီချင်းမရှာချင်သလို၊ Download ဆွဲဖို့လည်း ပျင်းတယ်။ Ringtone ထည့်ရမှာလည်း ပျင်းတယ်လေ။

အတော်လေးကို ပျင်းရိနေခဲ့တာ။

ရွှယ်ယို့ရှန်းရဲ့ လေသံဖျော့ဖျော့လေးနဲ့ယှဉ်ရင် တစ်ဖက်လူရဲ့လေသံက အတော်လေး အလျင်လိုနေဟန်…

“ယို့ရှန်း.. မင်းရဲ့အစ်ကို အခြေအနေမကောင်းဘူး.. အခု အရေးပေါ်အခန်းထဲမှာ..!”

ငိုသံစွက်နေတဲ့ အမျိုးသမီးကြီးတစ်ဦးရဲ့ အသံက ဖုန်းရဲ့တစ်ဖက်ကနေ ထွက်ပေါ်လာခဲ့တယ်။

“အမေ.. စိတ်မပူနဲ့နော်.. ကျွန်တော် ချက်ချင်းလာခဲ့မယ်..!”

မွေးစားအမေဆီကနေ သူ့ရဲ့အစ်ကို အခြေအနေမကောင်းကြောင်း ကြားလိုက်ရတဲ့အချိန် ရွှယ်ယို့ရှန်းလည်း အိပ်ငိုက်ပြေသွားတယ်။ ချက်ချင်း အိပ်ရာထလိုက်ပြီး ဖုန်းကို ပခုံးနဲ့ခေါင်းကြားညှပ်ကာ သူ့ရဲ့မွေးစားအမေကို နှစ်သိမ့်ပေးရင်း လိုအပ်တဲ့ပစ္စည်းတွေကို သိမ်းဆည်းလိုက်တယ်။ သူ့အစ်ကိုကြီးရဲ့ အခြေအနေက တကယ့်ကို ဆိုးရွားနေတာကြောင့်သာ ဖုန်းဆက်အကူအညီတောင်းတာ ဖြစ်နိုင်တယ်။

ခနလေးမှေးမယ်ဆိုပြီး အင်္ကျီချွတ်မအိပ်မိတာကို ကျေးဇူးတင်ရတော့မှာပဲ။ မဟုတ်ရင် ပြင်ဆင်နေတာနဲ့ အချိန်ဖြုန်းသလိုဖြစ်တော့မယ်..!

“အမေ Driver လွှတ်လိုက်တယ်..”

ထိုစကားကိုကြားမှ ရွှယ်ယို့ရှန်းလည်း အလျင်လိုဖို့ မလိုအပ်တော့တာကြောင့် အနည်းငယ် စိတ်တည်ငြိမ်သွားခဲ့တယ်။

“ဟုတ်ကဲ့..”

ပြတင်းပေါက်ကနေ သူ့ကိုလာခေါ်တဲ့ ကားသမားကို လှမ်းမြင်လိုက်တာကြောင့် ရွှယ်ယို့ရှန်းလည်း မျက်နှာကို Wet Towel နဲ့ ပွတ်သပ်လိုက်ပြီး အခန်းသော့၊ ပိုက်ဆံအိတ်နဲ့ ဖုန်းကိုယူကာ ကပျာကယာ ထွက်လာခဲ့လိုက်တယ်။

“အမေ.. ကျွန်တော် ကားနားရောက်ပြီ.. ကျွန်တော်ရောက်တာနဲ့ ခွဲစိတ်ခန်းဝင်လို့ရအောင် ပြင်ထားလိုက်တော့နော်..”

ရွှယ်ယို့ရှန်းက ကားတံခါးဖွင့်ကာ passenger seat တွင် ဝင်ထိုင်လိုက်တယ်။ ပြီးနောက် Driver ကို မောင်းလို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်တယ်။ အချိန်အကုန်ခံပြီး သူ့အစ်ကိုရဲ့အခြေအနေကို မေးမနေတော့ဘူး။ သူ့ရဲ့မွေးစားမိဘတွေ အရာရာ ကြိုတင်ပြင်ဆင်ထားလိမ့်မယ်။ သူက ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရုံပဲ။ အခြေအနေသိရင်တောင် ဘာမှထူးခြားသွားမှာမဟုတ်ဘူး။

“ကောင်းပါပြီ..!”

ရွှယ်ယို့ရှန်းရဲ့ စကားကြောင့် မွေးစားအမေလည်း အနည်းငယ် တည်ငြိမ်လာခဲ့တယ်။

သိပ်မကြာခင် ရွှယ်ယို့ရှန်းလည်း ဆေးရုံရောက်သွားခဲ့တယ်။

“ယို့ရှန်း.. နောက်ဆုံးတော့ မင်းရောက်လာပြီ..!”

ရွှယ်ယို့ရှန်း ရောက်လာတာကို မြင်တာနဲ့ ဆေးရုံဝင်ပေါက်မှာ ထိုင်စောင့်နေတဲ့ သူ့ရဲ့မွေးစားအမေက ကပျာကယာ မတ်တပ်ရပ်လိုက်ပြီး ရွှယ်ယို့ရှန်းကို လှမ်းခေါ်လာတယ်။

“အင်း.. ကိုကြီးရဲ့အခြေအနေရော..?”

ရွှယ်ယို့ရှန်းက ဆေးရုံရောက်တာနဲ့ မွေးစားအမေနဲ့အတူ ခွဲစိတ်ခန်းဆီ ပြေးသွားလိုက်တယ်။

“ဆရာဝန်ပြောတာတော့ မင်းအစ်ကိုရဲ့ကျောက်ကပ်က အခြေအနေမကောင်းတော့ဘူးတဲ့.. HLA ကိုက်ညီတဲ့ သားပဲ သူ့ကိုကူညီပေးလို့ရမှာ..”

(TN : HLA – Human Leukocyte antigens လူ့ခန္ဓာကိုယ်ရဲ့ သွေးဖြူဥစနစ်ပေါ့။ Meli လည်း ဆေးဝါးအခေါ်အဝေါ် သိပ်နားမလည်လို့ သိတဲ့လူရှိရင် ပြောပြပေးပါနော်။)

မွေးစားမိခင်ရဲ့ပုံစံက စိတ်အားငယ်နေသလို၊ တစ်ဖက်မှာလည်း ရွှယ်ယို့ရှန်းကို ကျေးဇူးတင်နေမိတယ်။

“ကျွန်တော် နားလည်ပါတယ်..”

ရွှယ်ယို့ရှန်းက ခွဲစိတ်ခန်းရှေ့မှာ အတော်ကြာအောင် ရပ်နေခဲ့ပြီးနောက် သူ့ရဲ့မွေးစားမိခင်ကို ခေါင်းညိတ်ပြလိုက်တယ်။ သူ အဆင်သင့်ဖြစ်နေပြီ၊ ဆရာဝန်ထံ သတင်းပို့လို့ရပြီလို့ အချက်ပြလိုက်တာပါပဲ။

“ယို့ရှန်း.. အမေ သားကို ယုံမယ်နော်..!”

သူမရဲ့မျက်ဝန်းထဲမှာ အလင်းတစ်ချက် ဖြတ်သန်းသွားပြီး တောင်းပန်လိုစိတ်တွေနဲ့ ပြည့်လျှံနေခဲ့တယ်။ ရေနစ်နေသူလို ရွှယ်ယို့ရှန်းရဲ့လက်ကို ကောက်ရိုးမျှင်တစ်စလို အားကိုးတကြီး ဆုပ်ကိုင်ထားရင်း..

“ပြီးတော့ တောင်းပန်ပါတယ်..!”

“ကျွန်တော်ကိုယ်တိုင် လုပ်ပေးချင်လို့ပါ.. အဲ့တာကြောင့် စိတ်မကောင်းမဖြစ်ပါနဲ့..”

ပြီးနောက် ရွှယ်ယို့ရှန်းက သူ့ရဲ့မွေးစားမိခင်ကို အသာပွေ့ဖက်လိုက်ပြီး ခွဲစိတ်ခန်းထဲ ဝင်သွားခဲ့တယ်။ ခွဲစိတ်ခန်းတံခါး ပိတ်သွားတာနဲ့ ဆရာဝန်ရဲ့ ညွှန်ကြားမှုအောက် ခုတင်ပေါ် အသာအယာ လှဲချလိုက်တယ်။ ပြီးနောက် တစ်ဖက်ခုတင်ပေါ်မှာ မေ့မျောနေတဲ့ သူ့ရဲ့အစ်ကိုကို လှည့်ကြည့်လိုက်မိတယ်။

ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေက အေးဆေးတည်ငြိမ်နေပြီး ​ငြိမ်းချမ်းနေတယ်။ သူက မျက်လုံးမှိတ်ပြီး စတင်ခွဲစိတ်လို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်တယ်။

မေ့ဆေးပေးပြီးနောက် ရွှယ်ယို့ရှန်းလည်း လုံးဝမနာကျင်တော့ဘူး။ အချိန်ဘယ်လောက်ကြာသွားလဲမသိ၊ ရွှယ်ယို့ရှန်းရဲ့ အသိစိတ်က တဖြည်းဖြည်း ဗလာကျင်းလာပြီး သူ့ရဲ့နားထဲမှာ အထိတ်တလန့်ဖြစ်နေတဲ့ အသံတချို့ ကြားယောင်လာသလို ခံစားလိုက်ရတယ်။

“ဒေါက်တာ.. လူနာက သွေးထွက်လွန်နေပြီ.. ဘယ်လိုလုပ်ကြမလဲ..?”

“သွေးတိတ်အောင်လုပ်..!”

“သွေးတိတ်အောင် လုပ်လို့မရတော့ဘူး..!”

ရွှယ်ယို့ရှန်းရဲ့ အသိစိတ်က အတော်လေး တုံ့ပြန်မှုနှေးကွေးနေခဲ့တယ်။ ထို့ကြောင့် သူ့အကြောင်း ပြောနေတယ်ဆိုတာ အချိန်အတော်ကြာမှ သဘောပေါက်သွားခဲ့တယ်။ သူ့ရဲ့အသက်ဓာတ်က တဖြည်းဖြည်းချင်း ယုတ်လျော့လာတာကို ခံစားနေရတယ်။

အခြေအနေ သိပ်မကောင်းဘူး။ ဒါပေမဲ့ ရွှယ်ယို့ရှန်းက ထူးမခြားနားစွာ ပြုံးနေခဲ့တယ်။

ခွဲစိတ်ခုတင်ပေါ် လဲလျောင်းလိုက်ကတည်းက တစ်နေ့ ဒီခုတင်ပေါ်မှာပဲ သေဆုံးရလိမ့်မယ်ဆိုတာ သူသိနေပြီးသားပဲ။ ဒါပေမဲ့ ဒီလောက်အထိ ခပ်မြန်မြန် ဖြစ်ပျက်လာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။ သူ့ဘဝမှာ နောက်ဆံတင်းစရာ မရှိခဲ့တာကြောင့် သေသွားရင်တောင် နောင်တရစရာမရှိဘူးလို့ ထင်မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ မှားယွင်းသွားခဲ့ပြီ။

နောင်တရမိတယ်။

ရင်းဆုယဲ့နဲ့ မတွေ့ရတာ အတော်ကြာခဲ့ပြီလေ။ ရင်းဆုယဲ့ကို သူဘယ်လောက်ချစ်ကြောင်း မပြောပြရသေးဘူး။ မသေခင်လေး ရင်းဆုယဲ့နဲ့ တွေ့ခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ..?!

သူသေသွားရင် ‘မှော်နဲ့ဓားနယ်မြေ’ကို ပြန်ပြီးကူးပြောင်းနိုင်ဖို့ မျှော်လင့်မိတယ်။

ကူးပြောင်းနိုင်ဖို့အတွက် နည်းလမ်းတွေအများကြီး ကြိုးစားခဲ့ဖူးပေမယ့် သက်သေဖို့တော့ မကြိုးစားရသေးဘူး။ သတ္တိမရှိလို့မဟုတ်ဘဲ နည်းလမ်းမှားသွားမှာကို စိုးရိမ်နေခဲ့တာ။ ရင်းဆုယဲ့နဲ့ ထပ်တွေ့ခွင့်မရှိမှာကို ကြောက်နေခဲ့တာ။

“ရှောင်ယို့..!”

ရွှယ်ယို့ရှန်းတစ်ယောက် အသိစိတ်လွင့်ပြယ်သွားတော့မယ့်အချိန် သူ့ရဲ့နားထဲမှာ ရင်းနှီးကျွမ်းဝင်နေတဲ့ အသံလေးတစ်ခုကို ကြားလိုက်ရပြန်တယ်။ ဒီတစ်ခေါက်တော့ ဩရှရှလေသံထဲမှာ အဆုံးမရှိတဲ့ စိုးရိမ်ထိတ်လန့်ခြင်းတွေ၊ ကူကယ်ရာမဲ့ခြင်းတွေ ရောယှက်ပါဝင်နေလေတယ်။

“ရှောင်ယို့..!”

ဘာကြောင့်ရယ်မသိ၊ နောက်တစ်ကြိမ် ခေါ်သံကြားရတဲ့အချိန် အကွာအဝေးက အရမ်းဝေးကွာနေရာကနေ နီးစပ်သွားသလို၊ အသံပိုင်ရှင်က သူ့ရဲ့ဘေးနားမှာ ရှိနေသလို ထင်မြင်လာမိတယ်။ သူ့ရဲ့အတွေးက ယုတ္တိမရှိမှန်း သိနေပေမယ့် ရွှယ်ယို့ရှန်းရဲ့ နှလုံးသားထဲမှာ ထိန်းချုပ်လို့မရအောင် မျှော်လင့်နေမိတယ်။ ထို့ကြောင့် အသံပိုင်ရှင်ကို လိုက်ရှာဖို့ မျက်လုံးဖွင့်လိုက်တယ်။

“ရှောင်ယို့..!”

ရွှယ်ယို့ရှန်းက မျက်လုံးဖွင့်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားလိုက်တယ်။ အနီးပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်ရသေးခင် နူးညံ့ညင်သာစွာ တင်းတင်းကျပ်ကျပ် ထွေးပွေ့လာတဲ့ အထိအတွေ့လေးတစ်ခုကို ခံစားလိုက်ရလေတယ်။ ထိုလူသားကို သဲသဲကွဲကွဲ မမြင်ရသေးပေမယ့် ဘယ်သူဘယ်ဝါမှန်း သိနေခဲ့တယ်။

“ရင်းဆုယဲ့လားဟင်..?”

ခပ်တိုးတိုးလေသံထဲမှာ အဆုံးအစမရှိတဲ့ လွမ်းဆွတ်မှုတွေ ပါဝင်နေခဲ့တယ်။

ရွှယ်ယို့ရှန်းမှာ မျက်ရည်စို့တက်လာပြီး နွမ်းလျနေပေမယ့် သူ့ရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူထားတဲ့ ထိုအမျိုးသားကို အားကုန်သုံးပြီး ပွေ့ဖက်လိုက်မိတယ်။

တော်သေးတယ်..!

ရင်းဆုယဲ့က ပုံရိပ်ယောင်မဟုတ်ဘူး။ သူ့ရဲ့ဘေးနားမှာ တကယ်ရှိနေခဲ့ပြီ..!

……………………………………………….

Zawgyi

TN : ဒီ Novel မွာ Ending ႏွစ္ခုရွိပါတယ္။ ဒါက ဒုတိယ Ending ေပါ့။ သုံးပိုင္းတည္းပါ။ ေနာက္ပိုင္းေတြက ပထမ Ending ရဲ႕အဆက္ပါ။
Ok, Let’s go!

***

႐ႊယ္ယို႔ရွန္းတစ္ေယာက္ Computer Screen ကို စူးစူးရဲရဲ ေငးစိုက္ၾကည့္ရင္း မ်က္ဝန္းအိမ္က အတန္ငယ္ နီရဲတက္လာခဲ့တယ္။ ဒီပုံစံအတိုင္း မလႈပ္မယွက္ျဖစ္ေနတာ အေတာ္ၾကာေနၿပီမွန္း သိသာေနေတာ့တယ္။ သူသိပါတယ္၊ Computer တစ္ခုလုံး အေပါက္ျဖစ္သြားရင္ေတာင္ ‘ေမွာ္နဲ႔ဓားနယ္ေျမ’ကို ျပန္သြားလို႔မရေတာ့ဘူးဆိုတဲ့ အမွန္တရားက ေျပာင္းလဲလို႔မရႏိုင္ဘူး။ ဒါေပမဲ့ ဇြဲေကာင္းေကာင္းနဲ႔ ေမွ်ာ္လင့္ေနမိတုန္းပဲ။

‘ေမွာ္နဲ႔ဓားနယ္ေျမ’ကေန ကမာၻေျမကို အတင္းအက်ပ္ ျပန္ပို႔ခံလိုက္ရတာ လဝက္ေတာင္ၾကာခဲ့ၿပီ။ ႏွစ္ပတ္အတြင္း ဇာတ္သိမ္းအမ်ိဳးမ်ိဳး၊ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ျပန္ကူးေျပာင္းႏိုင္ေအာင္ ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘူး။ ဝိဉာဥ္ကူးေျပာင္းခဲ့တုန္းက ႀကဳံေတြ႕ခဲ့တာေတြကိုေတာင္ အိပ္မက္တစ္ခုလို႔ သံသယဝင္လာမိတဲ့အထိပဲ။

ဝတၳဳထဲကို အရမ္းစိတ္ႏွစ္ထားမိလို႔မ်ားလား..? မဟုတ္ရင္ <<ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္>> ဝတၳဳရဲ႕ဇာတ္သိမ္းကို အမ်ိဳးမ်ိဳးေျပာင္းေရးခဲ့တာေတာင္၊ ဇာတ္လမ္းတစ္ခုလုံး ေျပာင္းလဲလုနီးပါး ျပန္ျပင္ေရးခဲ့မိတာေတာင္ ဘာလို႔ မကူးေျပာင္းေသးရတာလဲ..?

႐ႊယ္ယို႔ရွန္းလည္း စိတ္ရႈပ္ရႈပ္နဲ႔ Keyboard ကို ထုပစ္လိုက္တယ္။ ၿပီးမွ ပ်က္စီးသြားမွာစိုးၿပီး ကပ်ာကယာ စစ္ေဆးၾကည့္ျပန္တယ္။ သုံးလို႔ရေသးတာ ေသခ်ာသြားေတာ့မွ သက္ျပင္းခ်ႏိုင္ေတာ့တယ္။

သူ ကပ္ေစနည္းေနတာ မဟုတ္ဘူးေနာ္။ အသစ္မဝယ္ခ်င္လို႔လည္း မဟုတ္ဘူး။ ပထမတစ္ေခါက္ ကူးေျပာင္းတုန္းက ပစၥည္းေတြကို မပ်က္မစီးရေအာင္ ထိန္းသိမ္းထား႐ုံပဲ။ မေတာ္တဆ တစ္ခုခုပ်က္စီးသြားၿပီး ကူးေျပာင္းလို႔မရေတာ့ရင္ ထိုင္ငိုေနရလိမ့္မယ္..!

႐ႊယ္ယို႔ရွန္းလည္း စိတ္မရွည္ေတာ့တာေၾကာင့္ မပ်က္စီးေသးတဲ့ Keyboard ကို သူ႔ေနရာသူ ျပန္ထားလိုက္ၿပီး အနားယူဖို႔ ဆုံးျဖတ္လိုက္တယ္။ ေသြးပူေနရင္ ဦးေႏွာက္က ေကာင္းေကာင္း အလုပ္လုပ္မွာမဟုတ္ဘူး။ အနားယူၿပီးမွသာ တျခားနည္းလမ္းတစ္ခု ရွာေဖြႏိုင္လိမ့္မယ္။

႐ႊယ္ယို႔ရွန္းလည္း အေတာ္ေလး ပင္ပန္းေနတာေၾကာင့္ အိပ္ရာေပၚေရာက္တာနဲ႔ ခ်က္ခ်င္းဆိုသလို အိပ္ေပ်ာ္သြားေတာ့တယ္။ အိပ္တစ္ဝက္ႏိုးတစ္ဝက္ အေျခအေနမ်ိဳးမွာ ႐ႊယ္ယို႔ရွန္းရဲ႕စိတ္ထဲ တစ္စုံတစ္ေယာက္ လွမ္းေခၚေနသလို ခံစားလိုက္ရတယ္။

“ေရွာင္ယို႔… ေရွာင္ယို႔…”

ရင္းႏွီးကြၽမ္းဝင္ေနတဲ့ အသံ။

အသံၾကားရာကို လိုက္ရွာေနခဲ့ေပမယ့္ သူ႔ရဲ႕အျမင္အာ႐ုံထဲမွာ အေမွာင္ထုႀကီးသာ စိုးမိုးေနခဲ့တယ္။ ပုံရိပ္ေလးတစ္ခုေတာင္ မျမင္ရခဲ့ဘူး။ ဒါေပမဲ့ သူ႔ကိုေခၚေနတဲ့လူက ရင္းဆုယဲ့ဆိုတာ သူသိတယ္။ အိပ္ေပ်ာ္သြားတိုင္း ရင္းဆုယဲ့ရဲ႕အသံကို တစ္ခါတေလ ၾကားရတတ္ၿပီး ထိုျဖစ္ရပ္က ဝိဉာဥ္ကူးေျပာင္းခဲ့တာ အိပ္မက္တစ္ခုမဟုတ္ေၾကာင္း၊ ရင္းဆုယဲ့ အမွန္တကယ္ တည္ရွိေနေၾကာင္း သူ႔ကို သတိေပးေနတယ္။ ထို႔ေၾကာင့္ ႀကိမ္ဖန္မ်ားစြာ ရႈံးနိမ့္ခဲ့တာေတာင္ လက္မေလ်ာ့တမ္း ႀကိဳးစားေနမိတုန္းပဲ။

တျခားကမာၻတစ္ခုမွာ သူ႔ကို ေစာင့္ဆိုင္းေနတဲ့ တစ္စုံတစ္ေယာက္ ရွိေနတယ္ေလ။

တတီတီျမည္ေနတဲ့ ဖုန္းေခၚသံေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း လန႔္ႏိုးလာခဲ့တယ္။ ႐ႊယ္ယို႔ရွန္းက မ်က္လုံးမဖြင့္ဘဲ ဖုန္းကို လိုက္စမ္းလိုက္တယ္။ ၿပီးေနာက္ ဖုန္းကိုင္လိုက္ကာ..

“Hello..!”

သံသယဖြယ္မရွိ၊ တတီတီျမည္ေနတဲ့အသံက Alarm ျမည္သံမဟုတ္ဘဲ ႐ႊယ္ယို႔ရွန္းရဲ႕ Phone ringtone ျဖစ္ေနခဲ့တယ္။ ယေန႔ေခတ္မွာ နာမည္ႀကီးသီခ်င္းေတြ အမ်ားႀကီးရွိေပမယ့္ ႐ႊယ္ယို႔ရွန္းက Ringtone ေျပာင္းဖို႔ ပ်င္းေနတာေၾကာင့္ Default Ringtone ကိုသာ အသုံးျပဳခဲ့တယ္။ သီခ်င္းမရွာခ်င္သလို၊ Download ဆြဲဖို႔လည္း ပ်င္းတယ္။ Ringtone ထည့္ရမွာလည္း ပ်င္းတယ္ေလ။

အေတာ္ေလးကို ပ်င္းရိေနခဲ့တာ။

႐ႊယ္ယို႔ရွန္းရဲ႕ ေလသံေဖ်ာ့ေဖ်ာ့ေလးနဲ႔ယွဥ္ရင္ တစ္ဖက္လူရဲ႕ေလသံက အေတာ္ေလး အလ်င္လိုေနဟန္…

“ယို႔ရွန္း.. မင္းရဲ႕အစ္ကို အေျခအေနမေကာင္းဘူး.. အခု အေရးေပၚအခန္းထဲမွာ..!”

ငိုသံစြက္ေနတဲ့ အမ်ိဳးသမီးႀကီးတစ္ဦးရဲ႕ အသံက ဖုန္းရဲ႕တစ္ဖက္ကေန ထြက္ေပၚလာခဲ့တယ္။

“အေမ.. စိတ္မပူနဲ႔ေနာ္.. ကြၽန္ေတာ္ ခ်က္ခ်င္းလာခဲ့မယ္..!”

ေမြးစားအေမဆီကေန သူ႔ရဲ႕အစ္ကို အေျခအေနမေကာင္းေၾကာင္း ၾကားလိုက္ရတဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းလည္း အိပ္ငိုက္ေျပသြားတယ္။ ခ်က္ခ်င္း အိပ္ရာထလိုက္ၿပီး ဖုန္းကို ပခုံးနဲ႔ေခါင္းၾကားညႇပ္ကာ သူ႔ရဲ႕ေမြးစားအေမကို ႏွစ္သိမ့္ေပးရင္း လိုအပ္တဲ့ပစၥည္းေတြကို သိမ္းဆည္းလိုက္တယ္။ သူ႔အစ္ကိုႀကီးရဲ႕ အေျခအေနက တကယ့္ကို ဆိုး႐ြားေနတာေၾကာင့္သာ ဖုန္းဆက္အကူအညီေတာင္းတာ ျဖစ္ႏိုင္တယ္။

ခနေလးေမွးမယ္ဆိုၿပီး အက်ႌခြၽတ္မအိပ္မိတာကို ေက်းဇူးတင္ရေတာ့မွာပဲ။ မဟုတ္ရင္ ျပင္ဆင္ေနတာနဲ႔ အခ်ိန္ျဖဳန္းသလိုျဖစ္ေတာ့မယ္..!

“အေမ Driver လႊတ္လိုက္တယ္..”

ထိုစကားကိုၾကားမွ ႐ႊယ္ယို႔ရွန္းလည္း အလ်င္လိုဖို႔ မလိုအပ္ေတာ့တာေၾကာင့္ အနည္းငယ္ စိတ္တည္ၿငိမ္သြားခဲ့တယ္။

“ဟုတ္ကဲ့..”

ျပတင္းေပါက္ကေန သူ႔ကိုလာေခၚတဲ့ ကားသမားကို လွမ္းျမင္လိုက္တာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း မ်က္ႏွာကို Wet Towel နဲ႔ ပြတ္သပ္လိုက္ၿပီး အခန္းေသာ့၊ ပိုက္ဆံအိတ္နဲ႔ ဖုန္းကိုယူကာ ကပ်ာကယာ ထြက္လာခဲ့လိုက္တယ္။

“အေမ.. ကြၽန္ေတာ္ ကားနားေရာက္ၿပီ.. ကြၽန္ေတာ္ေရာက္တာနဲ႔ ခြဲစိတ္ခန္းဝင္လို႔ရေအာင္ ျပင္ထားလိုက္ေတာ့ေနာ္..”

႐ႊယ္ယို႔ရွန္းက ကားတံခါးဖြင့္ကာ passenger seat တြင္ ဝင္ထိုင္လိုက္တယ္။ ၿပီးေနာက္ Driver ကို ေမာင္းလို႔ရၿပီျဖစ္ေၾကာင္း အခ်က္ျပလိုက္တယ္။ အခ်ိန္အကုန္ခံၿပီး သူ႔အစ္ကိုရဲ႕အေျခအေနကို ေမးမေနေတာ့ဘူး။ သူ႔ရဲ႕ေမြးစားမိဘေတြ အရာရာ ႀကိဳတင္ျပင္ဆင္ထားလိမ့္မယ္။ သူက ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာ႐ုံပဲ။ အေျခအေနသိရင္ေတာင္ ဘာမွထူးျခားသြားမွာမဟုတ္ဘူး။

“ေကာင္းပါၿပီ..!”

႐ႊယ္ယို႔ရွန္းရဲ႕ စကားေၾကာင့္ ေမြးစားအေမလည္း အနည္းငယ္ တည္ၿငိမ္လာခဲ့တယ္။

သိပ္မၾကာခင္ ႐ႊယ္ယို႔ရွန္းလည္း ေဆး႐ုံေရာက္သြားခဲ့တယ္။

“ယို႔ရွန္း.. ေနာက္ဆုံးေတာ့ မင္းေရာက္လာၿပီ..!”

႐ႊယ္ယို႔ရွန္း ေရာက္လာတာကို ျမင္တာနဲ႔ ေဆး႐ုံဝင္ေပါက္မွာ ထိုင္ေစာင့္ေနတဲ့ သူ႔ရဲ႕ေမြးစားအေမက ကပ်ာကယာ မတ္တပ္ရပ္လိုက္ၿပီး ႐ႊယ္ယို႔ရွန္းကို လွမ္းေခၚလာတယ္။

“အင္း.. ကိုႀကီးရဲ႕အေျခအေနေရာ..?”

႐ႊယ္ယို႔ရွန္းက ေဆး႐ုံေရာက္တာနဲ႔ ေမြးစားအေမနဲ႔အတူ ခြဲစိတ္ခန္းဆီ ေျပးသြားလိုက္တယ္။

“ဆရာဝန္ေျပာတာေတာ့ မင္းအစ္ကိုရဲ႕ေက်ာက္ကပ္က အေျခအေနမေကာင္းေတာ့ဘူးတဲ့.. HLA ကိုက္ညီတဲ့ သားပဲ သူ႔ကိုကူညီေပးလို႔ရမွာ..”

(TN : HLA – Human Leukocyte antigens လူ႔ခႏၶာကိုယ္ရဲ႕ ေသြးျဖဴဥစနစ္ေပါ့။ Meli လည္း ေဆးဝါးအေခၚအေဝၚ သိပ္နားမလည္လို႔ သိတဲ့လူရွိရင္ ေျပာျပေပးပါေနာ္။)

ေမြးစားမိခင္ရဲ႕ပုံစံက စိတ္အားငယ္ေနသလို၊ တစ္ဖက္မွာလည္း ႐ႊယ္ယို႔ရွန္းကို ေက်းဇူးတင္ေနမိတယ္။

“ကြၽန္ေတာ္ နားလည္ပါတယ္..”

႐ႊယ္ယို႔ရွန္းက ခြဲစိတ္ခန္းေရွ႕မွာ အေတာ္ၾကာေအာင္ ရပ္ေနခဲ့ၿပီးေနာက္ သူ႔ရဲ႕ေမြးစားမိခင္ကို ေခါင္းညိတ္ျပလိုက္တယ္။ သူ အဆင္သင့္ျဖစ္ေနၿပီ၊ ဆရာဝန္ထံ သတင္းပို႔လို႔ရၿပီလို႔ အခ်က္ျပလိုက္တာပါပဲ။

“ယို႔ရွန္း.. အေမ သားကို ယုံမယ္ေနာ္..!”

သူမရဲ႕မ်က္ဝန္းထဲမွာ အလင္းတစ္ခ်က္ ျဖတ္သန္းသြားၿပီး ေတာင္းပန္လိုစိတ္ေတြနဲ႔ ျပည့္လွ်ံေနခဲ့တယ္။ ေရနစ္ေနသူလို ႐ႊယ္ယို႔ရွန္းရဲ႕လက္ကို ေကာက္႐ိုးမွ်င္တစ္စလို အားကိုးတႀကီး ဆုပ္ကိုင္ထားရင္း..

“ၿပီးေတာ့ ေတာင္းပန္ပါတယ္..!”

“ကြၽန္ေတာ္ကိုယ္တိုင္ လုပ္ေပးခ်င္လို႔ပါ.. အဲ့တာေၾကာင့္ စိတ္မေကာင္းမျဖစ္ပါနဲ႔..”

ၿပီးေနာက္ ႐ႊယ္ယို႔ရွန္းက သူ႔ရဲ႕ေမြးစားမိခင္ကို အသာေပြ႕ဖက္လိုက္ၿပီး ခြဲစိတ္ခန္းထဲ ဝင္သြားခဲ့တယ္။ ခြဲစိတ္ခန္းတံခါး ပိတ္သြားတာနဲ႔ ဆရာဝန္ရဲ႕ ၫႊန္ၾကားမႈေအာက္ ခုတင္ေပၚ အသာအယာ လွဲခ်လိုက္တယ္။ ၿပီးေနာက္ တစ္ဖက္ခုတင္ေပၚမွာ ေမ့ေမ်ာေနတဲ့ သူ႔ရဲ႕အစ္ကိုကို လွည့္ၾကည့္လိုက္မိတယ္။

႐ႊယ္ယို႔ရွန္းရဲ႕ မ်က္ဝန္းေတြက ေအးေဆးတည္ၿငိမ္ေနၿပီး ​ၿငိမ္းခ်မ္းေနတယ္။ သူက မ်က္လုံးမွိတ္ၿပီး စတင္ခြဲစိတ္လို႔ရၿပီျဖစ္ေၾကာင္း အခ်က္ျပလိုက္တယ္။

ေမ့ေဆးေပးၿပီးေနာက္ ႐ႊယ္ယို႔ရွန္းလည္း လုံးဝမနာက်င္ေတာ့ဘူး။ အခ်ိန္ဘယ္ေလာက္ၾကာသြားလဲမသိ၊ ႐ႊယ္ယို႔ရွန္းရဲ႕ အသိစိတ္က တျဖည္းျဖည္း ဗလာက်င္းလာၿပီး သူ႔ရဲ႕နားထဲမွာ အထိတ္တလန႔္ျဖစ္ေနတဲ့ အသံတခ်ိဳ႕ ၾကားေယာင္လာသလို ခံစားလိုက္ရတယ္။

“ေဒါက္တာ.. လူနာက ေသြးထြက္လြန္ေနၿပီ.. ဘယ္လိုလုပ္ၾကမလဲ..?”

“ေသြးတိတ္ေအာင္လုပ္..!”

“ေသြးတိတ္ေအာင္ လုပ္လို႔မရေတာ့ဘူး..!”

႐ႊယ္ယို႔ရွန္းရဲ႕ အသိစိတ္က အေတာ္ေလး တုံ႔ျပန္မႈေႏွးေကြးေနခဲ့တယ္။ ထို႔ေၾကာင့္ သူ႔အေၾကာင္း ေျပာေနတယ္ဆိုတာ အခ်ိန္အေတာ္ၾကာမွ သေဘာေပါက္သြားခဲ့တယ္။ သူ႔ရဲ႕အသက္ဓာတ္က တျဖည္းျဖည္းခ်င္း ယုတ္ေလ်ာ့လာတာကို ခံစားေနရတယ္။

အေျခအေန သိပ္မေကာင္းဘူး။ ဒါေပမဲ့ ႐ႊယ္ယို႔ရွန္းက ထူးမျခားနားစြာ ၿပဳံးေနခဲ့တယ္။

ခြဲစိတ္ခုတင္ေပၚ လဲေလ်ာင္းလိုက္ကတည္းက တစ္ေန႔ ဒီခုတင္ေပၚမွာပဲ ေသဆုံးရလိမ့္မယ္ဆိုတာ သူသိေနၿပီးသားပဲ။ ဒါေပမဲ့ ဒီေလာက္အထိ ခပ္ျမန္ျမန္ ျဖစ္ပ်က္လာလိမ့္မယ္လို႔ မထင္မွတ္ထားခဲ့ဘူး။ သူ႔ဘဝမွာ ေနာက္ဆံတင္းစရာ မရွိခဲ့တာေၾကာင့္ ေသသြားရင္ေတာင္ ေနာင္တရစရာမရွိဘူးလို႔ ထင္ျမင္ခဲ့ဖူးတယ္။ ဒါေပမဲ့ အခုေတာ့ မွားယြင္းသြားခဲ့ၿပီ။

ေနာင္တရမိတယ္။

ရင္းဆုယဲ့နဲ႔ မေတြ႕ရတာ အေတာ္ၾကာခဲ့ၿပီေလ။ ရင္းဆုယဲ့ကို သူဘယ္ေလာက္ခ်စ္ေၾကာင္း မေျပာျပရေသးဘူး။ မေသခင္ေလး ရင္းဆုယဲ့နဲ႔ ေတြ႕ခြင့္ရရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ..?!

သူေသသြားရင္ ‘ေမွာ္နဲ႔ဓားနယ္ေျမ’ကို ျပန္ၿပီးကူးေျပာင္းႏိုင္ဖို႔ ေမွ်ာ္လင့္မိတယ္။

ကူးေျပာင္းႏိုင္ဖို႔အတြက္ နည္းလမ္းေတြအမ်ားႀကီး ႀကိဳးစားခဲ့ဖူးေပမယ့္ သက္ေသဖို႔ေတာ့ မႀကိဳးစားရေသးဘူး။ သတၱိမရွိလို႔မဟုတ္ဘဲ နည္းလမ္းမွားသြားမွာကို စိုးရိမ္ေနခဲ့တာ။ ရင္းဆုယဲ့နဲ႔ ထပ္ေတြ႕ခြင့္မရွိမွာကို ေၾကာက္ေနခဲ့တာ။

“ေရွာင္ယို႔..!”

႐ႊယ္ယို႔ရွန္းတစ္ေယာက္ အသိစိတ္လြင့္ျပယ္သြားေတာ့မယ့္အခ်ိန္ သူ႔ရဲ႕နားထဲမွာ ရင္းႏွီးကြၽမ္းဝင္ေနတဲ့ အသံေလးတစ္ခုကို ၾကားလိုက္ရျပန္တယ္။ ဒီတစ္ေခါက္ေတာ့ ဩရွရွေလသံထဲမွာ အဆုံးမရွိတဲ့ စိုးရိမ္ထိတ္လန႔္ျခင္းေတြ၊ ကူကယ္ရာမဲ့ျခင္းေတြ ေရာယွက္ပါဝင္ေနေလတယ္။

“ေရွာင္ယို႔..!”

ဘာေၾကာင့္ရယ္မသိ၊ ေနာက္တစ္ႀကိမ္ ေခၚသံၾကားရတဲ့အခ်ိန္ အကြာအေဝးက အရမ္းေဝးကြာေနရာကေန နီးစပ္သြားသလို၊ အသံပိုင္ရွင္က သူ႔ရဲ႕ေဘးနားမွာ ရွိေနသလို ထင္ျမင္လာမိတယ္။ သူ႔ရဲ႕အေတြးက ယုတၱိမရွိမွန္း သိေနေပမယ့္ ႐ႊယ္ယို႔ရွန္းရဲ႕ ႏွလုံးသားထဲမွာ ထိန္းခ်ဳပ္လို႔မရေအာင္ ေမွ်ာ္လင့္ေနမိတယ္။ ထို႔ေၾကာင့္ အသံပိုင္ရွင္ကို လိုက္ရွာဖို႔ မ်က္လုံးဖြင့္လိုက္တယ္။

“ေရွာင္ယို႔..!”

႐ႊယ္ယို႔ရွန္းက မ်က္လုံးဖြင့္ႏိုင္ဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားလိုက္တယ္။ အနီးပတ္ဝန္းက်င္ကို သဲသဲကြဲကြဲ မျမင္ရေသးခင္ ႏူးညံ့ညင္သာစြာ တင္းတင္းက်ပ္က်ပ္ ေထြးေပြ႕လာတဲ့ အထိအေတြ႕ေလးတစ္ခုကို ခံစားလိုက္ရေလတယ္။ ထိုလူသားကို သဲသဲကြဲကြဲ မျမင္ရေသးေပမယ့္ ဘယ္သူဘယ္ဝါမွန္း သိေနခဲ့တယ္။

“ရင္းဆုယဲ့လားဟင္..?”

ခပ္တိုးတိုးေလသံထဲမွာ အဆုံးအစမရွိတဲ့ လြမ္းဆြတ္မႈေတြ ပါဝင္ေနခဲ့တယ္။

႐ႊယ္ယို႔ရွန္းမွာ မ်က္ရည္စို႔တက္လာၿပီး ႏြမ္းလ်ေနေပမယ့္ သူ႔ရဲ႕ႏွလုံးသားထဲမွာ နက္နက္ရႈိင္းရႈိင္း ေနရာယူထားတဲ့ ထိုအမ်ိဳးသားကို အားကုန္သုံးၿပီး ေပြ႕ဖက္လိုက္မိတယ္။

ေတာ္ေသးတယ္..!

ရင္းဆုယဲ့က ပုံရိပ္ေယာင္မဟုတ္ဘူး။ သူ႔ရဲ႕ေဘးနားမွာ တကယ္ရွိေနခဲ့ၿပီ..!

……………………………………………….

Продовжити читання

Вам також сподобається

3M 231K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
1.4M 157K 199
အဓိကဇာတ္ေကာင္ေတြက အမ်ိဳးသားဇာတ္လိုက္ေတြနဲ႔ ပဲေတြ႔ၾကတာလား? ေကာင္းၿပီေလ၊ စာဖတ္သူေတြကတူခဲ့ၾကတဲ့ အေတြးေတြကို သေဘာတူတာ ျငင္းဆုိၾကတာေပါ့။ ေနာက္ပိုင္းေတာ့၊...
715K 31.6K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...