119

6.4K 1.3K 85
                                    

Unicode

“မြေခွေး၊ ပြောစမ်းပါ.. ရင်းဆုယဲ့ ဘယ်အချိန်မှနိုးမှာလဲ..?”

ရွှယ်ယို့ရှန်းက ခုတင်ဘေးမှာ ထိုင်နေပြီး အိပ်ရာပေါ်မှာ မျက်စိမှိတ်လဲလျောင်းနေတဲ့ ရင်းဆုယဲ့ကို စိုးရိမ်တကြီး မေးလိုက်တယ်။

ဘယ်သူက ရင်းဆုယဲ့ကို ပျော်ပျော်ပါးပါးနဲ့ စောက်ရမ်းမိုက်သလို ဟန်ရေးပြခိုင်းလို့လဲ..? အခုတော့ ပျော်ပျော်ပါးပါးနဲ့ သတိလစ်သွားပြီ..! တကယ်ပဲ လူကို စိတ်ပူအောင်လုပ်တယ်..!

အစကတော့ ရင်းဆုယဲ့က ဝမ်ပထျန်ရဲ့ ပြိုင်ဘက်မဖြစ်မှာကို စိုးရိမ်နေခဲ့တာ။ အဲ့တာကြောင့် ဇာတ်ကြောင်းကို ပြန်စဉ်းစားကြည့်ပြီး ရင်းဆုယဲ့အတွက် အနိုင်ရနိုင်မယ့် အခွင့်အရေးတချို့ ရှာဖွေပေးခဲ့တယ်။ ရင်းဆုယဲ့အတွက် ပစ္စည်းတော်တော်များများ ပြင်ဆင်ပေးခဲ့ပြီး အသုံးပြုနည်းကိုတောင် သေသေချာချာ ရေးပေးလိုက်သေးတယ်။

ရင်းဆုယဲ့သာ သူ့ရဲ့အကြံအစည်အတိုင်း လုပ်နိုင်သရွေ့ ဝမ်ပထျန်ကို အချိန်ဆွဲထားနိုင်လိမ့်မယ်။ ဝမ်ပထျန် အဆိပ်တက်ပြီး သေသွားမယ့်အချိန်ကို ထိုင်စောင့်နေရုံပဲ။ အဲ့တာဆို လွယ်လင့်တကူနဲ့ ဘာမှလုပ်စရာမလိုပဲ အနိုင်ရလိမ့်မယ်။

ရင်းဆုယဲ့က သူ့ရဲ့ပစ္စည်းတွေကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ သူထင်မှတ်ထားတာနဲ့ တခြားစီပဲ။ တားမြစ်ဆေးသောက်ပြီး ကြီးမြတ်သောဘုရင်အဆင့်ကို အတင်းချိုးဖြတ်လိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ..? စတွေ့တာနဲ့ ထတိုက်လိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ..?

တိုက်ပွဲမြင်ကွင်းက သူကြည့်ခဲ့ဖူးတဲ့ 3D ရုပ်ရုပ်ထက်တောင် ပိုပြီးမိုက်သေးတယ်။ ဆေးအကူအညီသုံးပြီး အတင်းမြှင့်လိုက်တာဆိုတော့ ရင်းဆုယဲ့ရဲ့စွမ်းအားက အမြင့်ဆုံးအဆင့်အထိ မရောက်နိုင်ခဲ့တာ နှမြောစရာပဲ။

သူ့ကို စိတ်ချမ်းသာစေတာဆိုလို့ တစ်ခုပဲရှိတယ်။ တခြားဝတ္ထုတွေထဲက ဗီလိန်ဇာတ်ကောင်တွေလို ရင်းဆုယဲ့မှာ ပေါက်ကရတွေပြောပြီး စကားများတတ်တဲ့အကျင့်မျိုး မရှိတာပဲ။ ရင်းဆုယဲ့က ‘ရတဲ့အခွင့်အရေးကို အကျိုးရှိရှိ အသုံးချပါ’ ဆိုတဲ့စကားအတိုင်း ဝမ်ပထျန် အဆိပ်တက်လာမယ့်အချိန်ကိုတောင် စောင့်မနေဘူး။ မျက်နှာချင်းဆိုင် တိုက်ခိုက်ပြီး အောင်မြင်မှုကို အရယူနိုင်ခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now