72

8K 1.6K 83
                                    

Unicode

“ခင်ဗျားက ပြန်လည်မွေးဖွားလာခဲ့တာဆိုရင် အစကတည်းက ကျွန်တော့်ကို သံသယဝင်နေတာပေါ့..?”

ရင်းဆုယဲ့ကို ထပ်တလဲလဲ အတည်ပြုပြီးနောက် ရွှယ်ယို့ရှန်းလည်း သက်ပြင်းရှိုက်လိုက်တႀ္။ သူဘာပဲလုပ်ခဲ့ပါစေ ရင်းဆုယဲ့ရဲ့ သံသယကို ဆွခဲ့မိပြီးသား ဖြစ်နေခဲ့တာပေါ့။ မူလဇာတ်ကြောင်းအရဆိုရင် သူ့လိုလူတစ်ယောက်က မြူနှင်းတောအုပ်ထဲမှာ ပေါ်ထွက်လာစရာအကြောင်းမရှိဘူး။

“အင်း..”

ဒါပေါ့၊ ရင်းဆုယဲ့အနေနဲ့က သူပြန်လည်မွေးဖွားလာရုံပဲ ရှိသေးတယ်.. ရွှယ်ယို့ရှန်းလို ခန့်မှန်းလို့မရတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရတယ်။ အဲ့တော့ သံသယတွေနဲ့ မျှော်လင့်ချက်တွေက တစ်ချိန်တည်းမှာပဲ ပေါ်ထွက်လာခဲ့လေတယ်။

“အဲ့တာဆိုရင် ဘယ်အချိန်မှာ ပြန်လည်မွေးဖွားလာခဲ့တာလဲ..?”

ရင်းဆုယဲ့ ပြန်လည်မွေးဖွားလာမှန်း သိလိုက်ရတော့မှ ရွှယ်ယို့ရှန်းတစ်ယောက် သူနားမလည်နိုင်ခဲ့တဲ့ အရာတွေအားလုံးကို နားလည်သဘောပေါက်သွားခဲ့တယ်။ ရင်းဆုယဲ့က ဟော်ရူယန်ကို အဖက်မလုပ်ပဲ ဒီအတိုင်း သတ်ပစ်လိုက်တာ မထူးဆန်းတော့ပါဘူး။ ကိုယ့်ကို ရက်ရက်စက်စက် သစ္စာဖောက်သွားတဲ့လူကို ဘယ်သူက ခွင့်လွှတ်သည်းခံနိုင်မှာလဲ..? အဲ့တာကိုတောင် ခွင့်လွှတ်နိုင်ရင် ‘Holy Mother’ ဒါမှမဟုတ် ‘ငတုံးကောင်’ လို့ ခေါ်ရမယ်။

ထို့နောက် ရွှယ်ယို့ရှန်းက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး သူစိုးရိမ်နေတဲ့အချက်ကို ထုတ်မေးလိုက်တယ်။ ရင်းဆုယဲ့ ပြန်လည်မွေးဖွားခဲ့တဲ့အချိန်ကို သိရမှဖြစ်မယ်။ အဲ့တာမှ ဘယ်အချိန်ကစပြီး ဇာတ်ကြောင်းပြောင်းလဲသွားသလဲဆိုတာ ခန့်မှန်းလို့ရနိုင်မှာ။

“မင်းနဲ့မတွေ့ခင်လေးတင်..!”

သူပြန်လည်မွေးဖွားလာတဲ့အချိန်က တကယ့်ကို အချိန်ကောင်းပဲ။ ရွှယ်ယို့ရှန်းနဲ့တွေ့ဆုံနိုင်ဖို့ ဘုရားသခင်က ဖန်တီးပေးလိုက်သလို ခံစားရတယ်။ အဲ့အချိန်ထက် အရမ်းစောသွားခဲ့ရင် ရွှယ်ယို့ရှန်းနဲ့ တွေ့ရမှာမဟုတ်ဘူး။ တကယ်လို့ နောက်ကျသွားရင်လည်း ရွှယ်ယို့ရှန်းနဲ့ လွဲချော်သွားနိုင်တယ်။ အချိန်ကိုက်တွေ့ခဲ့ရတာကြောင့် ရွှယ်ယို့ရှန်းကို သူ့အတွက် ဖြစ်တည်လာခဲ့တဲ့ ဘုရားကပေးတဲ့ ဆုလာဘ်လေးလို ထင်မြင်လာမိတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now