124

6.6K 1.2K 52
                                    

Unicode

“ရှောင်ယို့..”

သူ့ကိုအရေးမစိုက်ပဲ ထုံးစံအတိုင်း အာရုံလွင့်နေပြန်တဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့မှာ မတတ်သာတော့ပဲ ခပ်တိုးတိုး နာမည်ခေါ်လိုက်ကာ ကောင်လေးရဲ့အာရုံကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားလိုက်တယ်။

“ရှောင်ယဲ့ယဲ့.. ကျွန်တော့်ကို ခေါ်တာလား..?”

ဝေရိရဲ့လူတွေအကုန်လုံးကို ရင်းဆုယဲ့က သတ်ပစ်လိုက်တာကြောင့် ခြံဝင်ထဲမှာ ကျန်နေတဲ့လူတေါက သူတို့လူတွေချည်းပဲ။ အပြင်လူ မရှိတောတောကြောင့် ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ရဲ့ အေးစက်စက်ပုံရိပ်ကို ကူညီထိန်းသိမ်းပေးနေစရာ မလိုတော့ဘူး။ ထို့ကြောင့် နာမည်ပြောင်ကို ပြန်ခေါ်လိုက်တယ်။

ဘယ်သူက နေရာမရွေး သူ့နာမည်ပြောင်ကို ခေါ်လို့ရပါတယ်လို့ ရင်းဆုယဲ့ကို ပြောထားလို့လဲ..? ခဏခဏ လိုက်ခေါ်နေတာ။ သူစိတ်မကောက်ပဲ ရင်းဆုယဲ့ကို မျက်နှာသာပေးပြီးပြီနော်။ အခု သူလည်း ရင်းဆုယဲ့ရဲ့ နာမည်ပြောင်ကို အကြိမ်ရေနည်းနည်း‌ ခေါ်လိုက်ပြီဆိုတော့ တရားမျှတပါတယ်လေ။

“ကိုယ့်အနားကထွက်သွားဖို့ မရွေးချယ်ခဲ့တဲ့အတွက် ကိုယ်အရမ်းပျော်တယ်..!”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို တည်ငြိမ်စွာ ငေးစိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့မျက်ဝန်းထဲမှာ အေးစက်မှုအစား နူးညံ့နွေးထွေးခြင်းတွေ အစားထိုးဝင်ရောက်လာခဲ့တယ်။

“ကျွန်တော်က အမိန့်ပေးခံရတာကို မုန်းတယ်..!”

စူးစူးစိုက်စိုက် ငေးမောကြည့်နေပါတဲ့ ရင်းဆုယဲ့ကြောင့် ရွှယ်ယို့ရှန်းခမျာ သူ့ကိုယ်သူ အနှီမျက်ဝန်းတွေထဲ နစ်မြုပ်သွားတော့မလို ခံစားလိုက်ရလေတယ်။ ရုတ်တရက် နေရခက်လာတာကြောင့် အကြည့်လွှဲလိုက်တယ်။

အဲ့နေရာမှာ လိမ်လိမ်မာမာနဲ့ မတ်တပ်ရပ်ပြီး အနိုင်ကျင့်ခံနေရအောင် သူက ကြာပန်းဖြူလေး၊ ဒါမှမဟုတ် Holy Mother မှ မဟုတ်တာ။ ငြိမ်ခံနေခဲ့ရင် သူရူးနေလို့ပဲ..! ဝေရိက သူ့ကို ရင်းဆုယဲ့အနားကနေ ထွက်သွားစေချင်လေ၊ သူ့စိတ်က ထွက်မသွားချင်လေပဲ၊ ဟမ့်..! ပြီးတော့………….

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now