MINE(Completed)

By Heki-21

15.8K 1.8K 168

**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
23
24
!!Attention plz!!
25
!Hello!
26
27
28
29
30
31
32
33
34
35
36
37
38
39
40(Final Part)

22

343 39 0
By Heki-21

Zgy.

Mine 22

"ဟြၽန္းနီးးး..."

ဘတ္ဟြၽန္း မ်က္ဝန္းအိမ္ေတြ အစမတန္က်ယ္ဝန္းသြားမႈနဲ႔အတူ
ထိုသူ႔မ်က္ဝန္းညိုေတြမွာေတာ့ စိုစြတ္လ်ွက္
ႏႈတ္ခမ္းက ေနြးေထြးသံနဲ႔အတူ စိုစြတ္မ်က္ဝန္းေတြ ရဲရဲနီလ်ွက္

"ေနာက္ဆံုးေတာ့ မင္းကိုရွာေတြ့ၿပီ" တဲ့...

ရုတ္တရက္ ရင္ဆိုင္ရမႈမွာ ဘတ္ဟြၽန္းကိုယ္တိုင္ ေက်ာက္ရုပ္တစ္ခုလို။
ဒါေပမယ့္လဲ ႏွစ္ေပါင္းမ်ားစြာ ခံစားခ်က္မဲ့စြာ ရွင္သန္ခဲ့တာမို႔ သူက ဘတ္ဟြၽန္းမ်က္ႏွာကို ဖတ္တတ္မွာ မဟုတ္ေလာက္ဘူး ...

စူးစိုက္ၾကည့္မိတဲ့ ခ်န္းေယာလ္မ်က္ဝန္းတစ္စံုမွာ မ်က္ရည္ေတြနဲ႔ စိုလဲ့ လို႔...

"ငါမင္းကို မုန္းလိုက္တာ..."

ဘတ္ဟြၽန္းရဲ့ ေအးစက္စက္ေရရြတ္သံေနာက္မွာ ဘတ္ဟြၽန္းပုခံုးေပၚ တင္ထားတဲ့ ခ်န္းေယာလ္ရဲ့လက္တစ္စံုဟာ အရုပ္ႀကိဳးျပတ္။ ထိတ္လန္႔တၾကား တစ္လွမ္းဆုတ္သြားတဲ့ ေျခလွမ္းတစ္စံု...
အဲ့ဒီေနါက္မွာေတာ့ ဘတ္ဟြၽန္းဟာ ခ်န္းေယာလ္ၾကားရေလာက္ေအာင္ က်စ္ခနဲ စိတ္ပ်က္စြာ စုတ္သပ္ၿပီးေနာက္မွာ ခ်ာခနဲလွည့္ထြက္ခဲ့လိုက္တယ္...

**အရူးလိုေကာင္**

ဘတ္ဟြၽန္းရဲ့ ေျခလွမ္းက်ဲႀကီးေတြေနာက္မွာ တစ္လ်ွပ္လ်ွက္ျဖတ္တိုက္ေနတဲ့ ရႉးဖိနပ္သံဟာ မလွမ္းမကမ္းကေန ပါလာတယ္။

ဟက္ ဘာအထာလဲ ခ်န္းေယာလ္..

မင္းက မင္းမဟုတ္သလို စိုလဲေနတဲ့ မ်က္ဝန္းေတြကေရာ ဘာလဲ
ခုလို ခိုးေၾကာင္ ခိုးဝွက္ျပဳမူေနတာေတြကေရာ ဘာလဲ

ငါတကယ္မုန္းလိုက္တာ...

ေျပာစမ္းပါၪီး
ငါက မင္းအပိုင္လို႔
​ဟစ္ေႂကြးလိုက္စမ္းပါ
ငါဆိုတာ မင္းတစ္ေယာက္တည္းအတြက္လို႔

ဘာလဲ သတၲိမရိွေတာ့ဘူး
အရင္ကလို မရဲဝံ့ေတာ့ဘူးလား
ဒါဆို မင္းျပဳတဲ့ ကံ ပဲ ခ်န္းးးး

ဘတ္ဟြၽန္းက အရူးလို ေရာက္တတ္ရာရာေလ်ွာက္ေနတဲ့ေနာက္ကို ထပ္ၾကပ္မကြာ ေလ်ွာက္လိုက္ေနတဲ့ အရူးေလးရဲ့ အမည္နာမဟာ ပတ္ခ်န္းေယာလ္လို႔ ေခၚပါတယ္...

အခ်ိန္ေတြ ဘယ္ေလာက္ရိွၿပီမွန္းမသိတဲ့ L.A ရဲ့ ညအခ်ိန္ဟာ နီယြန္မီးေရာင္စံုေတြနဲ႔ သက္ဝင္လႈပ္ရွားေနတယ္။ ဟိုတုန္းက ဘတ္ဟြၽန္းတို႔ အတူတူေလ်ွာက္ခဲ့ဖူးတဲ့ လမ္းေလးလို ပင္လယ္နံ႔ေတြမရိွဘူး
ဆားနံ႔သင္းသင္းေလးလဲ မရိွဘူး
ၿပီးေတာ့ အဲ့ဒီတုန္းက လြတ္လပ္ေပ်ာ္ရႊင္ျခင္းမ်ိဳးလဲ မရိွပါဘူး
ဒါေပမယ့္ ထူးဆန္းစြာပဲ ဘတ္ဟြၽန္းႏွလံုးသားေလး တဒိတ္ဒိတ္ သက္ဝင္လႈပ္ရွားေနတယ္။
တရားခံဟာ ခ်န္းေယာလ္လို႔ ေခၚပါတယ္။

ဘတ္ဟြၽန္းရဲ့ မ်က္စိေရ႔ွတည့္တည့္ေရာက္လာတဲ့ ခရမ္းေရာင္ နီယြန္မီးလံုးေလးေတြ အလွဆင္ထားတဲ့ ဘားတစ္ခုေၾကာင့္ ေခါင္းထဲမွာ ခပ္ရြတ္ရြတ္အေတြးေတြ တစြတ္ထိုးဝင္လာတယ္။

ငါမင္းကို မုန္းတယ္ ခ်န္းးးး

******

ဆူညံေနတာမ်ိဳးကို သိပ္မုန္းတယ္လို႔ ေႂကြးေၾကာ္ထားတဲ့ ဘတ္ဟြၽန္း
လူမ်ားေနရာေတြ ေရွာင္တတ္တဲ့ ဘတ္ဟြၽန္း
ၿပီးေတာ့ တြဲဖက္ပါမွ ျမည္းစမ္းလို႔ အဆင္ေျပတဲ့ အရာမ်ိဳးကို အဆက္ျဖတ္ထားတဲ့ ဘတ္ဟြၽန္းက

လူတန္းစား အလႊာမ်ိဳးစံုက လူေတြ ေပ်ာ္ျမဴး ဆူညံေနတဲ့ ႏိုက္ကလပ္တစ္ခုထဲ ခႏၶာကိုယ္ကို ယိမ္းယိုင္ရင္း စီးခ်က္က်သေယာင္ ေဆာင္ေနတယ္။ ခပ္လွမ္းလွမ္းက ဘားေလးမွာ အရပ္ျမငိ့ျမင့္ နားကားကား ပါးခ်ိဳငိ့ထင္းထင္းပါတဲ့ အမ်ိဳးသားတစ္ေယာက္က မ်က္စိေအာက္က အလြတိမေပးပဲ ၾကည့္ေနတယ္။

ဝိတ္တာေကာင္ေလးကိုင္လာတဲ့ ဗန္းထဲက  ၾကည္ျပာေရာင္ေတာက္ေနတဲ့ ေကာ့ေတးခြက္ေလးကို ဘတ္ဟြၽန္းေကာက္ကိုင္လိုက္တယ္။ ဒီတစ္ခါ အျမည္းကို အနားမွာရိွတဲ့ ေကာင္မေလးတစ္ေယာက္အျဖစ္ သတ္မွတ္လိုက္တယ္။ ခႏၶာကိုယ္ကို ေမ်ာလြင့္လာတဲ့ DJ သံမွာ စီးေျမာပစ္လိုက္ေတာ့ မ်က္ခ်င္းဆိုင္လာတဲ့ ေကာင္မေလးက လွပါတယ္။ တိုစိတ္စိတ္မ်က္ေတာင္ဖ်ားေတြ ေကာ့တက္ေနေအာင္ ေဆးကူထားေပမယ့္ အႀကိမ္မ်ားစြာရင္ခုန္ဖူးတဲ့ မ်က္ဝန္းဝိုင္းဝိုင္းေတြဟာ တဝဲလည္လည္။
ဆံႏြယ္ရွည္ေတြမွာ ခရမ္းေရာင္ေတြနဲ႔ စြဲမက္ဖြယ္ ေကာင္မေလးခါးေပၚ ဘတ္ဟြၽန္းလက္တင္လိုက္ခ်ိန္မွာ ေကာင္မေလးရဲ့ လက္သြယ္သြယ္ေလးေတြ ဘတ္ဟြၽန္းလည္တိုင္ဆီ တြယ္ခ်ိတ္လာတယ္။
တစ္ဆက္တည္းမွာပဲ လက္စစ္တုပ္တုပ္ေတြရဲ့ လက္ဖ်ားက ဖန္သားခြက္ေလးဟာ  ဘယ္ဗို႔အားနဲ႔ ဆုပ္ေျခခံလိုက္ရမွန္း မသိေပမယ့္

**ခြမ္း**ခနဲ အသံေပးကာ ဖန္ကြဲစေတြ ေဘးကိုျပန္႔က်ဲသြားတာ တဒဂၤအတြင္း...
တကယ္ဆို အဲ့ေလာက္ထိ မထင္ထားေပမယ့္ ထိုကဲ့သို႔ေသာ တုန္႔ျပန္မႈကို ဘတ္ဟြၽန္းက မဲ့ၿပံဳးတစ္ခ်က္နဲ႔ တုန္႔ျပန္ျပစ္လိုက္တယ္။ နာက်င္လိုက္စမ္းပါ ခ်န္း..
နာက်င္လိုက္စမ္း..

မင္းမ်က္ဝန္းက စိုထိုင္းမႈရာခိုင္ႏႈန္းကို ၾကည့္ၿပီး မင္းစိတ္အစံုကို ငါဖတ္တတ္ခ်ိန္မွာ မင္းကေတာ့ ငါ့ရဲ့ ခပ္ေလွာင္ေလွာင္အၿပံဳးေတြေအာက္က ေသြးစက္ေတြ မျမင္ေစရ။ နာက်င္လိုက္ရေအာင္
အခ်စ္ဟာ နာက်င္တတ္တဲ့ ဂိမ္းတစ္ခုဆိုရင္ မင္းေရာ ငါေရာ ထပ္တူနာက်င္ရင္ ရတာပဲ မဟုတ္လား။ 
ဒါဟာ တန္ရာတန္ေၾကးေပါ့..

အာရံုေတြမွာ ေသြးတစ္ဆတ္ဆတ္က်ေနတဲ့ လက္ဖဝါးတစ္ဖက္ရယ္ ေသြးစက္ေတြရဲျဖာေနတဲ့ ဖန္သားျပင္ရယ္ ႀကီးစိုးေနခ်ိန္ ေကာ္လံစကို ဆြဲကိုင္ခံရမႈကို အမႈမဲ့ အမွတ္မဲ့။ ငံု႔ၾကည့္မိတဲ့ ခဏမွာ ထိလုနီးပါး နီးကပ္သြားတဲ့ ႏွာတံေတြ။ ဘတ္ဟြၽန္း အလန္႔တၾကား ေနာက္ဆုတ္မိေတာ့ သူမက ရွက္ရြံ႔ေဒါသတစ္ခ်ိဳ႕နဲ႔ လွည့္ထြက္ဟန္ ျပင္ပါတယ္။

ဒါေပမယ့္ ပုခံုးကေန ဆြဲကိုင္ ခြါခ်ခံလိုက္ရတဲ့ အေျခအေနမွာ ထိုအမ်ိဳးသမီးေလးသာမကပဲ ဘတ္ဟြၽန္းပါ ေၾကာင္သြားရသည္။ ၿပီးေတာ့ ေကာင္မေလးနား နားကပ္ကာ ဘာကိုက်ိမ္းဝါးလိုက္မွန္းမသိေပမယ့္ ေတာက္ေခါက္သံ ခပ္ျပင္းျပင္း တစ္ခ်က္ေနာက္မွာ လက္ဖဝါးရာတစ္ခ်က္ ခ်န္းေယာလ္ရဲ့ ညာဘက္ပါးျပင္ေပၚမွာ ေနရာယူပါတယ္။

ေတာက္ ရာရာစစ...
ဘာမို႔လို႔ သူက ရာရာစစ...
ငါေတာင္ မနမ္းရက္ခဲ့တဲ့ ပါးျပင္ကို ဘာလို႔ ရာရာစစ အရိုက္ခံလိုက္ရသလဲ..

ေဒါသဟာ ၪီးေခါင္းက ေသြးေၾကာေတြ တဖ်စ္ဖ်စ္ ျမည္တဲ့အထိ။

**ေတာက္ ..***

ဘတ္ဟြၽန္းရဲ့ မိုက္ရူးရဲဆန္စြာ အရိုင္းဆန္တဲ့ မ်က္ဝန္းေတြကို ဘယ္လို အဓိပၸါယ္ေကာက္လိုက္မွန္းမသိေပမယ့္ တကယ္ဆို ဘတ္ဟြၽန္း စိတ္တိုရတဲ့အေၾကာင္းအရင္းဟာ သိသိရက္နဲ႔ မေရွာင္လို႔။

ကခ်င္စိတ္လဲ စိုးစဥ္းမ်ွ မရိွေတာ့တဲ့ေနာက္မွာ ေနာက္က်ိတဲ့ စိတ္အစံုနဲ႔ ဘတ္ဟြၽန္းက အရက္ဘားမွာ ခံုဆြဲဝင္ထိုင္လိုက္တယ္။ ဘတ္ဟြၽန္းရဲ့ ညာဘက္ သံုးခံုေျမာက္မွာ သူက ထပ္ၾကပ္မကြာ ထိုင္ေနတယ္။ ပထမဆံုး ေတြ့တဲ့ အခ်ိန္ေျပာတဲ့စကားကလြဲလို႔ ဘတ္ဟြၽန္းကို ဘယ္လိုစကားမ်ိဳးမွ သာက ထပ္မေျပာျခင္းျဖင့္ အႏိုင္ယူတယ္။ ဘတ္ဟြၽန္းက ေျမပဲတစ္ခ်ိဳ႕နဲ႔ အတူ ျမည္းစရာတစ္ခ်ိ့ကို တစ္ဝႀကီးဝါးလို႔ အရက္ေတြ တစ္ခြက္ၿပီးတစ္ခြက္။ ခ်န္းေယာလ္မ်က္ႏွာၾကညိ့ေသာက္တဲ့ အရက္ဟာ ရီေဝေဝ အဆင့္ထက္ပိုလြန္ေအာင္ မူးေစပါတယ္။ ငါ့ရဲ့ အျမည္းေလးကပဲ သိပ္ကို အစြမ္းထက္လြန္းတာလား...??
ကင္ၪီးေလးရဲ့ ဘရန္ဒီကပဲ မမူးေစတာလား...???

အျမင္အာရံုေတြ ပိတ္က်မသြားခင္မွာ ဘတ္ဟြၽန္းက သေဘာတက်ၿပံဳးေနေသးတာ မွတ္မိတယ္။
အဲ့ဒီေနါက္မွာေတာ့ ဘာဆိုဘာမွ မသိေတာ့စြာ ေနြးေထြးစိုစြတ္လ်ွက္။
ဟုတ္တယ္ ေနြးေထြး စိုစြတ္လို႔...

#Heki

Update လာပါတယ္ဗ်ိဳ႕....

Uni..

Mine 22

"ဟျွန်းနီးးး..."

ဘတ်ဟျွန်း မျက်ဝန်းအိမ်တွေ အစမတန်ကျယ်ဝန်းသွားမှုနဲ့အတူ
ထိုသူ့မျက်ဝန်းညိုတွေမှာတော့ စိုစွတ်လျှက်
နှုတ်ခမ်းက နွေးထွေးသံနဲ့အတူ စိုစွတ်မျက်ဝန်းတွေ ရဲရဲနီလျှက်

"နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ" တဲ့...

ရုတ်တရက် ရင်ဆိုင်ရမှုမှာ ဘတ်ဟျွန်းကိုယ်တိုင် ကျောက်ရုပ်တစ်ခုလို။
ဒါပေမယ့်လဲ နှစ်ပေါင်းများစွာ ခံစားချက်မဲ့စွာ ရှင်သန်ခဲ့တာမို့ သူက ဘတ်ဟျွန်းမျက်နှာကို ဖတ်တတ်မှာ မဟုတ်လောက်ဘူး ...

စူးစိုက်ကြည့်မိတဲ့ ချန်းယောလ်မျက်ဝန်းတစ်စုံမှာ မျက်ရည်တွေနဲ့ စိုလဲ့ လို့...

"ငါမင်းကို မုန်းလိုက်တာ..."

ဘတ်ဟျွန်းရဲ့ အေးစက်စက်ရေရွတ်သံနောက်မှာ ဘတ်ဟျွန်းပုခုံးပေါ် တင်ထားတဲ့ ချန်းယောလ်ရဲ့လက်တစ်စုံဟာ အရုပ်ကြိုးပြတ်။ ထိတ်လန့်တကြား တစ်လှမ်းဆုတ်သွားတဲ့ ခြေလှမ်းတစ်စုံ...
အဲ့ဒီနေါက်မှာတော့ ဘတ်ဟျွန်းဟာ ချန်းယောလ်ကြားရလောက်အောင် ကျစ်ခနဲ စိတ်ပျက်စွာ စုတ်သပ်ပြီးနောက်မှာ ချာခနဲလှည့်ထွက်ခဲ့လိုက်တယ်...

**အရူးလိုကောင်**

ဘတ်ဟျွန်းရဲ့ ခြေလှမ်းကျဲကြီးတွေနောက်မှာ တစ်လျှပ်လျှက်ဖြတ်တိုက်နေတဲ့ ရှူးဖိနပ်သံဟာ မလှမ်းမကမ်းကနေ ပါလာတယ်။

ဟက် ဘာအထာလဲ ချန်းယောလ်..

မင်းက မင်းမဟုတ်သလို စိုလဲနေတဲ့ မျက်ဝန်းတွေကရော ဘာလဲ
ခုလို ခိုးကြောင် ခိုးဝှက်ပြုမူနေတာတွေကရော ဘာလဲ

ငါတကယ်မုန်းလိုက်တာ...

ပြောစမ်းပါဦး
ငါက မင်းအပိုင်လို့
​ဟစ်ကြွေးလိုက်စမ်းပါ
ငါဆိုတာ မင်းတစ်ယောက်တည်းအတွက်လို့

ဘာလဲ သတ္တိမရှိတော့ဘူး
အရင်ကလို မရဲဝံ့တော့ဘူးလား
ဒါဆို မင်းပြုတဲ့ ကံ ပဲ ချန်းးးး

ဘတ်ဟျွန်းက အရူးလို ရောက်တတ်ရာရာလျှောက်နေတဲ့နောက်ကို ထပ်ကြပ်မကွာ လျှောက်လိုက်နေတဲ့ အရူးလေးရဲ့ အမည်နာမဟာ ပတ်ချန်းယောလ်လို့ ခေါ်ပါတယ်...

အချိန်တွေ ဘယ်လောက်ရှိပြီမှန်းမသိတဲ့ L.A ရဲ့ ညအချိန်ဟာ နီယွန်မီးရောင်စုံတွေနဲ့ သက်ဝင်လှုပ်ရှားနေတယ်။ ဟိုတုန်းက ဘတ်ဟျွန်းတို့ အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းလေးလို ပင်လယ်နံ့တွေမရှိဘူး
ဆားနံ့သင်းသင်းလေးလဲ မရှိဘူး
ပြီးတော့ အဲ့ဒီတုန်းက လွတ်လပ်ပျော်ရွှင်ခြင်းမျိုးလဲ မရှိပါဘူး
ဒါပေမယ့် ထူးဆန်းစွာပဲ ဘတ်ဟျွန်းနှလုံးသားလေး တဒိတ်ဒိတ် သက်ဝင်လှုပ်ရှားနေတယ်။
တရားခံဟာ ချန်းယောလ်လို့ ခေါ်ပါတယ်။

ဘတ်ဟျွန်းရဲ့ မျက်စိရှေ့တည့်တည့်ရောက်လာတဲ့ ခရမ်းရောင် နီယွန်မီးလုံးလေးတွေ အလှဆင်ထားတဲ့ ဘားတစ်ခုကြောင့် ခေါင်းထဲမှာ ခပ်ရွတ်ရွတ်အတွေးတွေ တစွတ်ထိုးဝင်လာတယ်။

ငါမင်းကို မုန်းတယ် ချန်းးးး

******

ဆူညံနေတာမျိုးကို သိပ်မုန်းတယ်လို့ ကြွေးကြော်ထားတဲ့ ဘတ်ဟျွန်း
လူများနေရာတွေ ရှောင်တတ်တဲ့ ဘတ်ဟျွန်း
ပြီးတော့ တွဲဖက်ပါမှ မြည်းစမ်းလို့ အဆင်ပြေတဲ့ အရာမျိုးကို အဆက်ဖြတ်ထားတဲ့ ဘတ်ဟျွန်းက

လူတန်းစား အလွှာမျိုးစုံက လူတွေ ပျော်မြူး ဆူညံနေတဲ့ နိုက်ကလပ်တစ်ခုထဲ ခန္ဓာကိုယ်ကို ယိမ်းယိုင်ရင်း စီးချက်ကျသယောင် ဆောင်နေတယ်။ ခပ်လှမ်းလှမ်းက ဘားလေးမှာ အရပ်မြငိ့မြင့် နားကားကား ပါးချိုငိ့ထင်းထင်းပါတဲ့ အမျိုးသားတစ်ယောက်က မျက်စိအောက်က အလွတိမပေးပဲ ကြည့်နေတယ်။

ဝိတ်တာကောင်လေးကိုင်လာတဲ့ ဗန်းထဲက  ကြည်ပြာရောင်တောက်နေတဲ့ ကော့တေးခွက်လေးကို ဘတ်ဟျွန်းကောက်ကိုင်လိုက်တယ်။ ဒီတစ်ခါ အမြည်းကို အနားမှာရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ် သတ်မှတ်လိုက်တယ်။ ခန္ဓာကိုယ်ကို မျောလွင့်လာတဲ့ DJ သံမှာ စီးမြောပစ်လိုက်တော့ မျက်ချင်းဆိုင်လာတဲ့ ကောင်မလေးက လှပါတယ်။ တိုစိတ်စိတ်မျက်တောင်ဖျားတွေ ကော့တက်နေအောင် ဆေးကူထားပေမယ့် အကြိမ်များစွာရင်ခုန်ဖူးတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေဟာ တဝဲလည်လည်။
ဆံနွယ်ရှည်တွေမှာ ခရမ်းရောင်တွေနဲ့ စွဲမက်ဖွယ် ကောင်မလေးခါးပေါ် ဘတ်ဟျွန်းလက်တင်လိုက်ချိန်မှာ ကောင်မလေးရဲ့ လက်သွယ်သွယ်လေးတွေ ဘတ်ဟျွန်းလည်တိုင်ဆီ တွယ်ချိတ်လာတယ်။
တစ်ဆက်တည်းမှာပဲ လက်စစ်တုပ်တုပ်တွေရဲ့ လက်ဖျားက ဖန်သားခွက်လေးဟာ  ဘယ်ဗို့အားနဲ့ ဆုပ်ခြေခံလိုက်ရမှန်း မသိပေမယ့်

**ခွမ်း**ခနဲ အသံပေးကာ ဖန်ကွဲစတွေ ဘေးကိုပြန့်ကျဲသွားတာ တဒင်္ဂအတွင်း...
တကယ်ဆို အဲ့လောက်ထိ မထင်ထားပေမယ့် ထိုကဲ့သို့သော တုန့်ပြန်မှုကို ဘတ်ဟျွန်းက မဲ့ပြုံးတစ်ချက်နဲ့ တုန့်ပြန်ပြစ်လိုက်တယ်။ နာကျင်လိုက်စမ်းပါ ချန်း..
နာကျင်လိုက်စမ်း..

မင်းမျက်ဝန်းက စိုထိုင်းမှုရာခိုင်နှုန်းကို ကြည့်ပြီး မင်းစိတ်အစုံကို ငါဖတ်တတ်ချိန်မှာ မင်းကတော့ ငါ့ရဲ့ ခပ်လှောင်လှောင်အပြုံးတွေအောက်က သွေးစက်တွေ မမြင်စေရ။ နာကျင်လိုက်ရအောင်
အချစ်ဟာ နာကျင်တတ်တဲ့ ဂိမ်းတစ်ခုဆိုရင် မင်းရော ငါရော ထပ်တူနာကျင်ရင် ရတာပဲ မဟုတ်လား။ 
ဒါဟာ တန်ရာတန်ကြေးပေါ့..

အာရုံတွေမှာ သွေးတစ်ဆတ်ဆတ်ကျနေတဲ့ လက်ဖဝါးတစ်ဖက်ရယ် သွေးစက်တွေရဲဖြာနေတဲ့ ဖန်သားပြင်ရယ် ကြီးစိုးနေချိန် ကော်လံစကို ဆွဲကိုင်ခံရမှုကို အမှုမဲ့ အမှတ်မဲ့။ ငုံ့ကြည့်မိတဲ့ ခဏမှာ ထိလုနီးပါး နီးကပ်သွားတဲ့ နှာတံတွေ။ ဘတ်ဟျွန်း အလန့်တကြား နောက်ဆုတ်မိတော့ သူမက ရှက်ရွံ့ဒေါသတစ်ချို့နဲ့ လှည့်ထွက်ဟန် ပြင်ပါတယ်။

ဒါပေမယ့် ပုခုံးကနေ ဆွဲကိုင် ခွါချခံလိုက်ရတဲ့ အခြေအနေမှာ ထိုအမျိုးသမီးလေးသာမကပဲ ဘတ်ဟျွန်းပါ ကြောင်သွားရသည်။ ပြီးတော့ ကောင်မလေးနား နားကပ်ကာ ဘာကိုကျိမ်းဝါးလိုက်မှန်းမသိပေမယ့် တောက်ခေါက်သံ ခပ်ပြင်းပြင်း တစ်ချက်နောက်မှာ လက်ဖဝါးရာတစ်ချက် ချန်းယောလ်ရဲ့ ညာဘက်ပါးပြင်ပေါ်မှာ နေရာယူပါတယ်။

တောက် ရာရာစစ...
ဘာမို့လို့ သူက ရာရာစစ...
ငါတောင် မနမ်းရက်ခဲ့တဲ့ ပါးပြင်ကို ဘာလို့ ရာရာစစ အရိုက်ခံလိုက်ရသလဲ..

ဒေါသဟာ ဦးခေါင်းက သွေးကြောတွေ တဖျစ်ဖျစ် မြည်တဲ့အထိ။

**တောက် ..***

ဘတ်ဟျွန်းရဲ့ မိုက်ရူးရဲဆန်စွာ အရိုင်းဆန်တဲ့ မျက်ဝန်းတွေကို ဘယ်လို အဓိပ္ပါယ်ကောက်လိုက်မှန်းမသိပေမယ့် တကယ်ဆို ဘတ်ဟျွန်း စိတ်တိုရတဲ့အကြောင်းအရင်းဟာ သိသိရက်နဲ့ မရှောင်လို့။

ကချင်စိတ်လဲ စိုးစဥ်းမျှ မရှိတော့တဲ့နောက်မှာ နောက်ကျိတဲ့ စိတ်အစုံနဲ့ ဘတ်ဟျွန်းက အရက်ဘားမှာ ခုံဆွဲဝင်ထိုင်လိုက်တယ်။ ဘတ်ဟျွန်းရဲ့ ညာဘက် သုံးခုံမြောက်မှာ သူက ထပ်ကြပ်မကွာ ထိုင်နေတယ်။ ပထမဆုံး တွေ့တဲ့ အချိန်ပြောတဲ့စကားကလွဲလို့ ဘတ်ဟျွန်းကို ဘယ်လိုစကားမျိုးမှ သာက ထပ်မပြောခြင်းဖြင့် အနိုင်ယူတယ်။ ဘတ်ဟျွန်းက မြေပဲတစ်ချို့နဲ့ အတူ မြည်းစရာတစ်ချိ့ကို တစ်ဝကြီးဝါးလို့ အရက်တွေ တစ်ခွက်ပြီးတစ်ခွက်။ ချန်းယောလ်မျက်နှာကြညိ့သောက်တဲ့ အရက်ဟာ ရီဝေဝေ အဆင့်ထက်ပိုလွန်အောင် မူးစေပါတယ်။ ငါ့ရဲ့ အမြည်းလေးကပဲ သိပ်ကို အစွမ်းထက်လွန်းတာလား...??
ကင်ဦးလေးရဲ့ ဘရန်ဒီကပဲ မမူးစေတာလား...???

အမြင်အာရုံတွေ ပိတ်ကျမသွားခင်မှာ ဘတ်ဟျွန်းက သဘောတကျပြုံးနေသေးတာ မှတ်မိတယ်။
အဲ့ဒီနေါက်မှာတော့ ဘာဆိုဘာမှ မသိတော့စွာ နွေးထွေးစိုစွတ်လျှက်။
ဟုတ်တယ် နွေးထွေး စိုစွတ်လို့...

#Heki

Update လာပါတယ်ဗျို့....

Continue Reading

You'll Also Like

1.6M 57.2K 29
"how have you never held a gun before?" - DISCLAIMER: profanity, homicide, organized crime - #1 in chan | january 8, 2020 #1 in felix | september 11...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
256K 7.8K 39
MGA MISTERYOSONG BABAE NA NAGTATAGO BILANG MGA NERDS.... ANG MGA MAYAYABANG NA CAMPUS KING... POSIBLE KAYANG MAGING LOVE ANG WAR SA PAGITAN NILA? TUK...
4.3K 417 19
ကိုယ့်ကို ပြန်ပြင်ဆင်ခွင့်ပြုပါ..