𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚...

By SuuNanChal

1.9M 93.3K 2K

"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ" More

Note
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
ကျေးဇူးတင်လွှာ /ေက်းဇူးတင္လႊာ
Extra - 1
Extra 2
မြူဒေါင်းစိုင်းငယ်/ျမဴေဒါင္းစိုင္းငယ္
Extra - end

Final

55.6K 1.8K 96
By SuuNanChal

Unicode





ခွပ်......

စိုင်း၏လက်သီးချက်မှာ ခြိန်းပါးအားလှမ်းမိတ်ဆက်လိုက်တော့သည် ။ နှုတ်ခမ်းပေါက်သွားကာ စီးကျလာသော သွေးစတစ်ချို့ကို ဖိသုပ်ရင်း ဘာမှပြန်မလုပ်မိ ။ ငြိမ်ရျ်သာ လူနာကုတင်ပေါ်မှာ ဆေးချိတ်လျက်မေ့မျောနေသော မင်းစစ်ကိုဘဲ စိတ်ပူပန်နေရသည် ။

"မင်းစစ်သာ တစ်ခုခုဖြစ်ရင် ငါမင်းကိုသတ်မှာ မာန်ဝဏ္ဏခြိန်း!''

ထပ်ထိုးဖို့ရာ လက်ရွယ်ပြန်တော့ မြူဒေါင်းက ငိုယိုတားမြစ်လာသည် ။ ခြိန်းကတော့ ဘာမှမပြော အထိုးခံမည့်ပုံသာ ရှိသည် ။

"ဖယ်စမ်းပါကလေးရာ ဒီကောင့်ကို သတ်ပစ်ချင်လွန်းလို့ပါကွာ!''

"တော်ပါတော့ ကိုကိုရယ် ဆရာဝန်ကလဲ ကိုမင်းစစ်အတွက် မစိုးရိမ်ရတော့ဘူးလို့ ပြောသွားပြီးဘဲဟာ!''

"ဒီမှာ မာန်ဝဏ္ဏခြိန်း! မင်းကြောင့် ငါ့သူငယ်ချင်းဘယ်လောက်ထိ ဝေဒနာတွေ ခံစားခဲ့ရလဲ သိလား ဟိတ်ကောင်!''

"ဒါဆိုဘာလို့ ငါ့ကိုထွက်သွားခိုင်းသေးလဲ ဟမ်! ငါ့ကိုမမေ့နိုင်ဘဲ ဘာလို့မုန်းတယ်ပြောခဲ့သေးလဲ သူဘဲခံစားခဲ့ရတာလို့ ခင်ဗျားထင်နေတာလား ကျုပ်လဲလူဗျ''

"သူအထင်လွဲပြီး ပြောခဲ့တာတစ်ခုအတွက်နဲ့ မင်းပေးတဲ့အပြစ်က စိတ်ကျရောဂါနဲ့ ဆေးရုံမှာလနဲ့ချီပြီး နေခိုင်းရက်တယ်ပေါ့လေ ဟုတ်လား မာန်ဝဏ္ဏခြိန်း!

"ခင်ဗျား ဘာပြောလိုက်တယ် စိတ်ကျရောဂါ ဟုတ်လား? "

"အေး! ဟုတ်တယ် မင်းထွက်သွားပြီး မင်းစစ်ကအရက်နဲ့ဘဲ နေနေခဲ့တာ တစ်ချိန်လုံး မင်းကိုဘဲ သတိရလွမ်းဆွတ်နေခဲ့တာ အအိပ်ပျက်၊ အစားပျက်နဲ့ စိတ်ကျရောဂါဖြစ်ပြီးဆေးရုံမှာ အကြာကြီး နေခဲ့ရတာကွ!''

"အချိန်အကြာကြီးနေမှ အခုလိုပြန်ကောင်းခါစဘဲရှိသေးတယ် မင်းကပြန်ပေါ်လာပြီး သူ့ကိုထပ်ဒုက္ခပေးရဲသေးတယ် ဒီတစ်ခါတော့ ငါမင်းကို အသေသတ်မှာနော် မာန်ဝဏ္ဏခြိန်း!''

စိုင်းက ခြိန်းအိင်္ကျီကော်လံကိုဆွဲပြီး ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းနေခဲ့သည် ။ ခြိန်းမှာတော့ ကျောက်ရုပ်ကြီးပမာငြိမ်သက်လျက် ။ ခြေမခိုင်တော့ဘဲ ကြမ်းပြင်ထက် ဒူးထောက်လဲကျသွားရ၏ ။

"ကိုကိုက အဲ့လောက်ထိ ဖြစ်သွားခဲ့တာဘဲလား ၊ ဟာကွာ ကိုကိုရာ''

"မင်းသိပြီဆိုလဲ မင်းစစ်အနားကအပြီးအပိုင်ထွက်သွားလိုက် ဟယျောင့်! မင်းရှိနေတာ သူ့အတွက်ဂြိုလ်ဆိုးဘဲ!''

".........''

ဂြိုလ်ဆိုးတဲ့လား ဟုတ်မယ်ထင်တယ်ကိုကို ကိုယ်က ကိုကို့အတွက် ဂြိုလ်ဆိုးဘဲ ကိုယ်မရှိမှ ကိုကိုအဆင်ပြေမယ်ဆိုရင် ကိုယ် ထွက်သွားပေးပါ့မယ်....

ခြေလှမ်းတွေက ခါတိုင်းထက်လေးလံနေပေမဲ့ ဘယ်ကိုနားရမယ်မသိဘဲ ခြေဦးတည့်ရာလျှောက်နေမိသည် ။ ဆေးရုံအပြင်ဘက် ပြေးထွက်ခဲ့သော ရည်ရွယ်ချက်က ကိုကို့အား နောက်ထပ်ဒုက္ခမပြုစေရန် အဝေးဆုံးမှာ နေပေးဖို့ စိုင်းတခေတ်အား ဂတိပြုခဲ့သည် ။ ထိုဂတိကိုလည်း သူတည်နိုင်ဖို့ ဆုံးဖြတ်ခဲ့၏ ။

တောင်းပန်ပါတယ် ကိုကို ဒီဂြိုလ်ကောင့်ကို မုန်းလိုက်ပါတော့....

ဝဲပျံနေသော မျက်ရည်ငယ်တို့နှင့်အပြိုင် မိုးစက်ငယ်များ တစ်ပေါက်ပေါက် ကြွေကျလာတော့သည် ။ ကားစီကိုလည်း မသွားချင်တာကြောင့် ခြေလှမ်းနှေးတို့နှင့် လမ်းသာလျှောက်နေခဲ့တော့ မိုးရေတို့က တစိုစိုပေ ။ ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ စကားပုံတောင် ရှိနေပြီး သူ့အဖြစ်ကလည်း ကံမထူးလှချေ ။

...............

"အင်း......''

"မင်းစစ်.....မင်းစစ် မင်းသတိရလာပြီလား!''

"ခြိန်း! ခြိန်း အ့!''

ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတိမထားဘဲထထိုင်မိရျ် လက်ကအပ်ရာမှာ စူးကနဲအောင့်သွားရ၏ ။ ဆေးသွင်းထားပုံထောက်ရင် သူဆေးရုံနှင့် မိတ်ဆက်ရပြန်ပြီ ထင်ပါ၏ ။

ဘေးပတ်လည်မှာ ခြိန်းအား ဝေ့ဝိုက်ရှာပေမဲ့မတွေ့သဖြင့် မင်းစစ်ငိုချင်လာသည် ။ ခြိန်းသူ့ကို ထပ်ထားသွားမှာကိုလည်း သေလောက်အောင် ကြောက်နေမိသည် ။ စိုင်း၏ စိုးရိမ်သည့် မျက်လုံးများကို ဥပက္ခာပြုရျ် ခြိန်းကိုသာ ရှာနေမိပြန်ပါ၏ ။

"စိုင်း...ခြိန်း! ခြိန်းရော''

"မင်းစစ်! မင်းဒီလောက် သေမလိုဖြစ်နေတာတောင် ဒီကောင့်ကို တ,ချင်နေတုန်းဘဲလား ဟမ်!''

"ငါမေးနေတယ် ခြိန်းရောလို့!!!''

"နှင်လွှတ်လိုက်ပြီ မင်းကို ထပ်ပြီး ဒုက္ခမပေးနိုင်အောင် ထိုးပြီးနှင်လိုက်တယ်!''

"ငါ့ကို ဒုက္ခပေးတာမပေးတာက ကာယကံရှင်ဖြစ်တဲ့ ငါတောင် ပြောခဲ့လို့လား! သူငါ့ကို ဒုက္ခပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ခြိန်းပေးတာဖြစ်လို့ကို ငါလက်ခံထားပြီးသား!''

"မင်းစစ်! ရူးတာတော်ရုံဘဲ ကောင်းတယ်ကွ!''

"ဟုတ်တယ် ငါရူးတယ် မင်းလူတစ်ယောက်ကို ချစ်တဲ့အချစ်ထက် ငါခြိန်းကို ပိုချစ်တဲ့အထိ ရူးတယ်! တလောကလုံးက သူ့ကိုအပြစ်တင်ရဲရအောင် သူ့ပေးတဲ့ဒုက္ခခံရတာ မင်းတို့လား ငါလား! "

"အေး! မင်းတို့က သူပေးတာ ဒုက္ခလို့မြင်နေပေမဲ့ ငါ့အတွက်တော့ ကောင်းကင်ဘုံလိုဘဲ ခြိန်းငါ့ကို မြှားနဲ့ပစ်ရင်တောင် ငါ့အတွက်တော့ ပန်းဖြစ်နေလိမ့်မယ် အဲ့တာငါသူ့ကိုချစ်တဲ့အချစ်ဘဲ! မင်းချစ်ဖူးတာထက် ငါသူ့ကို ပိုချစ်နိုင်တယ် ကုန်ကုန်ပြောမယ် လူတွေ အားလုံးချစ်ဖူးတဲ့အချစ်ထက် ငါခြိန်းကို ချစ်တဲ့အချစ်ကသာတယ်ကွ! ''

"ပေးဆပ်ပြီးလဲ ချစ်ခဲ့သလို အရှုံးခံပြီးလဲ ချစ်ခဲ့တယ် သူငါ့ကိုမှ အနိုင်ယူချင်ရင်လေ ငါက အရှုံးပေးပြီးတော့ကို ချစ်မှာ သူ့စီက အမုန်းဘဲဖြစ်ဖြစ် ၊ အချစ်ဘဲဖြစ်ဖြစ် သူပေးတာဖြစ်လို့ ငါအကုန်လက်ခံယူနေမှာဘဲ ငါသူ့ကိုချစ်လို့ ငါအားလုံးထက် သူ့ကိုပိုချစ်လို့ကွ စိုင်းရ!''

လက်ကဆေးပိုက်အား ဆွဲဖြုတ်ပစ်ရင်း ကုတင်ပေါ်ကဆင်းပြီး ဖိနပ်ကို စီးလိုက်သည် ။ ထွက်ပြေးသူကို လိုက်ရှာရမည် ။ ထပ်ပြီး မပြေးနိုင်အောင်လည်း ကြိုးအထပ်ထပ် ချည်ထားလိုက်ချင်တယ် ။ တံခါးစီ သွားဖို့ပြင်တော့ စိုင်းကလက်ကိုလာဆွဲ၏ ။

"မင်းစစ်! မင်းဘယ်သွားမလို့လဲ မင်းကိုယ်မင်း လူနာဆိုတာလဲ သတိရအုံး! အပြင်မှာ မိုးကျနေတာကော သိရဲ့လား''

"ငါဂရုမစိုက်ဘူး ငါသေမယ်ဆိုရင်တောင် သူငါ့အနားမှာ ရှိနေရမယ်!''

မနိုင်မှန်းသိရျ် လွှတ်ပေးလိုက်သည့် စိုင်းမှာ သူငယ်ချင်းဖြစ်သူ၏ အချစ်ကို အတော်လေး အထင်ကြီးမိပါ၏ ။ အသက်ထက်ပိုချစ်တယ် ''ဆိုတာ မင်းစစ်မှအစစ်ဖြစ်၏ ။ ကံကောင်းလွန်းသူက မာန်ဝဏ္ဏခြိန်းပင် ။ အချစ်စစ်နှင့် အချစ်ခံရတာမို့ လိမ်မာသင့်ပြီး မာန်ဝဏ္ဏခြိန်း ။

မိုးက သိပ်မသဲသော်ငှားလည်း မိုးဖွဲဖွဲလေးများ ကျဆင်းနေသည် ။ မင်းစစ် ဆေးရုံဝန်းထဲ ပတ်ရှာကြည့်ပေမဲ့ ခြိန်း၏အရိပ်အယောင်ပင် မတွေ့ရသေး ။ အရူးလိုဖြစ်နေတဲ့ သူ့ကို လူတွေကပါ ဝိုင်းကြည့်နေကြပေမဲ့ သူဂရုမစိုက်ပါလေ ။ ဆေးရုံနောက်က ပန်းခြံထဲထိ ရောက်လာခဲ့ပြီး ထပ်ရှာမိသည် ။ နောက်ဆုံးတော့....

စိတ်ညစ်ညစ်နဲ့ ပန်းခြံထဲက ခုံတန်းပေါ်မှာ လာထိုင်နေရင်း သူ့ရှေ့မှာလာရပ်သော ခြေဖဝါးက အကြောစိမ်းဖန့်ဖန့်လေးများ ။ အာရုံစိုက်မိကာ မော့အကြည့် ၊ အေးစက်တဲ့ မိုးစက်တွေနဲ့ ဖျော့တော့နေသည့် မျက်နှာဝင်းဝင်းလေး ၊ အရောင်မှိန်သလိုနဲ့ တောက်ပလွန်းသည့် အပြုံးယေးယေးလေးများက ခြိန်းရင်ကို အဆမတန်ခုန်ပေါက်လာစေ၏ ။

"ခြိန်း......''

"မင်း....မင်းစစ် ခင်ဗျား ဘာလာလုပ်တာလဲ ဆေးရုံမှာ ရှိနေရမှာ မဟုတ်ဘူးလား မိုးရွာနေတယ်ဆိုတာကော သိရဲ့လား! ခင်ဗျားသေချင်လို့လား!''

အင့်.....

ရုတ်တရက်ကြီး အဖက်ခံလိုက်တော့ ခြိန်းမှာ အင့်ကနဲ ။ မိုးစက်တွေက ခန္ဓာကိုယ်နှစ်ခုလုံးက ခပ်စိုစိုဖြစ်နေ၏ ။

"မင်းငါ့ကို ထပ်ထားခဲ့အုံးမလို့လား! ငါ့ကို အတည်ကြီးသေစေချင်နေတာလား ထွက်သွားမယ်ဆိုလဲ ငါ့ကိုသာသတ်သွားပါ''

"အဲ့တာတွေ အရေးမကြီးဘူး အခုခင်ဗျားတစ်ကိုယ်လုံး မိုးရေတွေနဲ့ လာပြန်ရအောင်!''

"မသွားဘူး သေတာဘဲ ကောင်းတယ် ငါ့ကိုမင်းက ထပ်ထားသွားအုံးမှာမလား''

"တောင်းပန်ပါတယ် ကိုယ်က မင်းအတွက် ဂြိုလ်ဆိုးတစ်ယောက်ပါ''

"ငါပြောမိလို့လား?''

"အကုန်လုံးက အဲ့လိုဘဲပြောနေကြပြီ''

"အဲ့တာသူတို့ပြောတာလေ ငါပြောတာမှ မဟုတ်တာ ၊ ငါ့အတွက်မင်းက နေရောင်ခြည်လေးဘဲ ခြိန်း ငါ့ဘဝကမင်းမရှိရင် မှောင်မိုက်နေတော့မှာ''

"ကိုယ် နောင်တရတယ် ကိုယ် ကိုကိုအနားမှာ နေရင် အပြစ်ရှိသလို ခံစားရတယ် ''

"မိုးတောင်တိတ်သွားပြီ မင်းအပြစ်ရှိသလိုခံစားရရင် ငါ့အနားမှာနေပြီး ပြန်ပေးဆပ်လေ ငါကအိုနေပြီ ငါ့အသက် ၃၃နှစ်တောင်ရှိနေပြီ ဘေးမှာကူပေးဖို့ အဖော်လိုတယ်''

"ကိုကိုက အခုထိနုနေတုန်းဘဲလေ ဒါပေမဲ့ကိုကိုလက်ခံမယ်ဆိုရင် ကိုယ်ရှိနေချင်တယ် ချစ်တယ်ကိုကို အရမ်းချစ်တယ် ''

"မင်းမှာ မိန်းမနဲ့သားရှိသေးတယ်မလား မင်းစိတ်မသန့်ရင် ငါ့ကိုမင်းအနားမှာ မိတ်ဆွေတစ်ယောက်အဖြစ်နဲ့ဘဲဖြစ်ဖြစ် ထားပေးရင်ဘဲ ငါကျေနပ်ပါတယ် ထားတော့မသွားနဲ့နော် ငါတကယ်မခံစားနိုင်ဘူး ခြိန်း''

"မဟုတ်ဘူး အဲ့တာ ကိုယ့်အမလေ သူနဲ့ကိုယ်က ဘာမှမပတ်သတ်ဘူး အဲ့ကလေးကလဲ ကိုယ့်ကလေးမဟုတ်ပါဘူး မနွေက သူ့အမျိုးသားနဲ့ မပေါင်းဘူးဆိုပေမဲ့ ကိုယ့်နဲ့လဲ ဘာမှမပတ်သတ်ဘူး ''

"အင့်! အဟင့်! ငါ ငါအရမ်းစိုးရိမ်ခဲ့ရတာ မင်းမှာ ပိုင်ရှင်ရှိနေပြီဆိုတဲ့ အတွေးကြီးနဲ့ ငါရူးနေခဲ့ရတာ အီး! မကောင်းတဲ့ကောင် ငါ့ကို အနိုင်ကျင့်တယ်''

ဘုန်း.....ဘုန်း.....ဘုန်း....

ရင်ဘတ်ကို တစ်ဘုန်းဘုန်းထုရိုက်ကာ ငိုယိုလာတဲ့ကိုကိုဟာ အခုချိန်ထိ ကလေးလေးလိုဘဲ ။ မုန်းတိုင်းပြီးရင် လေပြေလာတတ်တယ်တဲ့ သူအများကြီး အမှားတွေကျူးလွန်မိခဲ့ပေမဲ့လည်း ကိုကိုကသူ့အချစ်တွေနှင့် အမှန်မြင်စေခဲ့သည် ။ ကိုကို့အတွက် သူကအရာရာဆို သူ့အတွက်ကိုကိုဟာလည်း အရာအားလုံးပါဘဲ ။

"အရမ်းချစ်တယ်ကိုကို ကိုယ့်ကိုရော ချစ်သေးတယ်မို့လား''

"မုန်းတယ် မင်းကို အရမ်းမုန်းတယ် အများကြီး မုန်းတယ် ငါ့ကိုအကြာကြီး ပစ်ထားရက်တယ် မင်းမကောင်းဘူး မုန်းတယ် မင်းကို''

"ဟာ...ကိုကိုကလဲ ချစ်တယ် ပြောရမှာလေကွာ''

"မသိဘူး မချစ်ဘူး! မုန်းတာ!''

"ရပါတယ်လေ ကိုယ်က အပြစ်တွေလုပ်ထားတော့ ကိုကိုက မုန်းတာ မစမ်းပါဘူး အဟင့်!''

မူယာမာယာများချက်ကတော့ မာန်ဝဏ္ဏခြိန်းက မာန်ဝဏ္ဏခြိန်းနှင့်မတူတော့ ။ ဝမ်းနည်းသလိုနဲ့ ရှိုက်ပြနေတော့ အသက်ကြီးသလောက် အသဲနုရှာတဲ့ မင်းစစ်တို့ခဗျာ သနားမိရပြန်သည် ။

"ငါမင်းကို မမုန်းပါဘူး စတာ ''

"ဒါဆို ကိုယ့်ကိုချစ်လား''

"ငါမင်းကို အရမ်းချစ်တယ် မောင်''

"ဘယ် ဘယ်လိုခေါ်လိုက်တယ် ကိုကို ကိုယ့်ကိုဘယ်လို.....''

"ငါ့ထက် အသက်အများကြီး ငယ်တဲ့မင်းကို မောင်လို့ခေါ်ချင်ခဲ့တာ ဒါပေမဲ့ အရင်က ငါ ငါရှက်လို့!''

ပါးလေးများ အနီရောင်သန်းကာ အတည်ကြီးရှက်နေတဲ့ကိုကိုက ခြိန်းအတွက် မြတ်နိုးရာလေး ။ ချစ်တာထက် ပိုမြတ်နိုးမိပြီကိုကိုရာ ကိုယ့်နှလုံးသားတစ်ခုလုံး ခင်ဗျားအချစ်တွေနဲ့ အပိုင်သိမ်းနိုင်ခဲ့ပြီထင်၏ ။

"အား.....ချစ်စရာကြီး ကိုကိုရာ''

"ခြိန်း ငါ့ကိုနောက်ထပ်မထားခဲ့ခဲ့ရဘူးနော်''

"ဘာခြိန်းလဲ ခုနကလို မောင်လို့ခေါ်လေကွာ''

"ငါရှက်လို့ပါဆို! တစ်ခါခေါ်ခံရတော်ပြီလေနော်''

"ကိုယ်သိပါတယ် ကိုယ်ကအဲ့လိုခေါ်ဖို့ မထိုက်တန်....''

"မောင့်! ချစ်တယ် အဲ့လိုတွေမတွေးနဲ့ ငါကအိုနေပြီဆိုပြီးလဲ မထားခဲ့ပါနဲ့ မင်းအောက်ကဟာကို ဖြတ်ပြီး မီးခံသေတ္တာထဲ ထည့်သိမ်းလိုက်မှာနော်ကြားလား မောင်''

"အဟစ်! ဒါဆိုကိုကို ငတ်သွားမှာပေါ့''

"ငါငတ်ရင်ငတ်ပါစေ သူများစီမပါသွားရင် ရပြီ''

"ဟား.....ဟား.....ကိုကိုကဗျာ!''

"မင်းနော် ငါ့ကိုမလှောင်နဲ့!''

"ကိုကို ကိုယ့်ကို ခွင့်လွှတ်ပေးတာ ကျေးဇူးတင်ပါတယ် နောက်ပြီး အမှားတွေအတွက် ကိုယ်တောင်းပန်ပါတယ် နောက်ဒါမျိုးထပ်မဖြစ်စေရဘူးလို့လဲ ကိုယ်ဂတိပေးတယ်''

"ငါ့ကို မင်းဘယ်လောက်ဘဲဆိုးဆိုးမောင်ရာ ငါလေ မောင့်ကို အပြစ်မမြင်ခဲ့သလို အပြစ်လဲမတင်ရက်ဘူး ငါချစ်တာ ငါသိနေရင်ဘဲရပြီ မင်းဘာတွေဘဲပေးပေး ငါကျေကျေနပ်နပ်ကြီး လက်ခံမဲ့သူပါမောင်ရ''

နှစ်ဦးဆိုင် အချစ်နယ်မြေတစ်ခုတည်းအတွက် ကြမ်းတမ်းခြင်းတွေကိုလည်း ဖြတ်ကျော်ခဲ့ပြီးပါပြီ ။ ဒီတစ်ခါ ပြန်ဆက်မဲ့ကြိုးက ဘယ်တော့မှ ပြတ်တောက်သွားမှာ မဟုတ်တဲ့ မေတ္တာနှောင်ကြိုးလေးတစ်ခုအဖြစ် တစ်ယောက်ကိုတစ်ယောက် ခိုင်မြဲနေအောင် ချည်နှောင်ရစ်ပတ်နိုင်ခဲ့ချေပြီ ။

ခြိန်းက တစ်ခုခုသတိရသွားပုံရှိပြီး မင်းစစ်ရှေ့တွင် ဒူးထောက်ထိုင်ချလျက် ဘောင်းဘီ အိတ်ကပ်ထဲက အနီရောင်အဝိုင်းဗူးလှလှလေးကို ထုတ်ပြီး မင်းစစ်ရှေ့မှာ ဖွင့်ပြလိုက်၏ ။ အထဲမှ ငွေရောင်အဝိုင်းလက်စွပ်နှစ်ကွင်းဟာ ထည်ဝါစွာ တောက်ပလျက်ရှိနေသည် ။

မင်းစစ် ပင်သက်ရှိုက်ကာ မယုံနိုင်ဖြစ်နေခဲ့ပြီး မျက်ဝန်းလေးမှ အရည်ကြည်များ တလက်လက်တောက်ပလာခဲ့သည် ။ အချစ်ဇာတ်လမ်းများကဲ့သို့ လက်ထပ်ခွင့်တောင်းခံလာမည့် သတို့သားက သူ့အချစ်ဆုံးမောင်ပင် ။ ဝမ်းနည်းရမလား ဝမ်းသာရမလား မင်းစစ်မဝေခွဲနိုင်တော့ ။

"တစ်နေ့ကြ ကိုကို့ကိုလက်ထပ်ခွင့်တောင်းဖို့ ဒီဗူးလေးကို ကိုယ်သွားရာယူလာတတ်တာ အခုအချိန်ကျပြီ ''

"ကိုကို့ရဲ့ဘေးမှာ တစ်သက်လုံး အဖော်ပြုပြီးနေသွားချင်တယ် ဒါကြောင့် ကိုယ့်ကိုလက်ထပ်ပါ ကိုကို့အပေါ်မှာ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်အောင် ကိုယ်ကြိုးစားပါ့မယ်လို့ သစ္စာပြုပါတယ်''

"မောင် ငါအတွက် ဒါတွေမလိုပါဘူး နောက်ပြီးငါတို့က....''

"ကိုယ်ချစ်တာ ကိုကို့ကိုပါ ပတ်ဝန်းကျင်ကိုမဟုတ်ဘူး ဘယ်သူတွေဘာတွေဘဲ ပြောပြော ကိုယ်မင်းကို အားလုံးရှေ့မှာ တရားဝင်လက်ထပ်ရဲတယ်''

"ချစ်တယ် အရမ်းချစ်တယ် မောင်! အားလုံးမသိရင်တောင် မင်းနဲ့ငါနဲ့သိရင်ရပြီး ငါတို့ရဲ့ချစ်ခြင်းမေတ္တာတွေကို ငါတို့ဘဲ အသိအမှတ်ပြုနေရင် ရပါပြီမောင်ရယ် ငါ့အတွက် တစ်ခမ်းတစ်နားကြီး မလိုအပ်ပါဘူး''

"ဒါဆို.....''

လက်စွပ်တစ်ကွင်းက မင်းစစ်၏ လက်မှာ လိုက်ဖက်စွာ နေရာယူလျက်။ မင်းစစ်ကလည်း ခြိန်း၏လက်ကိုယူရျ် လက်စွပ်အားစွပ်ပေးလိုက်တော့သည် ။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် ကြင်နာမှုနှင့် နူးညံ့သော နှုတ်ခမ်းတစ်စုံအား ထိကပ်နမ်းရှိုက်စေလိုက်သည် ။

ကောင်းကံထက်မှ ရောင်စုံသက်တံ့ကွေးလေးဟာ ချစ်သူနှစ်ဦးအား သက်သေတည်စေသလိုမျိုး အထင်အရှား ပေါ်လာခဲ့၏ ။ ဘုရားသခင်၏ ကောင်းချီးပေးမှုများနှင့် နေ့ရက်တိုင်းမှာ သာယာစေမှာ အသေချာပင် ။

ကောင်းကင်ဘုံရှိ မြှားနတ်မောင်၏ အချစ်စစ်မှတ်တမ်းတွင် မာန်ဝဏ္ဏခြိန်းနှင့် မင်းစစ်ကုဋေတို့အား ရေးခြယ်မှတ်သားစေခဲ့ပြီး သူ့တာဝန်ပြီးမြှောက်မှုအတွက် ဝမ်းမြှောက်နေတော့၏ ။




-End

နောက်ဆုံးတော့ အကုန်ပြန်တင်ပီးပါပီ ဖတ်လို့ရပါပီ






Zawgyi





ခြပ္......

စိုင္း၏လက္သီးခ်က္မွာ ၿခိန္းပါးအားလွမ္းမိတ္ဆက္လိုက္ေတာ့သည္ ။ ႏႈတ္ခမ္းေပါက္သြားကာ စီးက်လာေသာ ေသြးစတစ္ခ်ိဳ႕ကို ဖိသုပ္ရင္း ဘာမွျပန္မလုပ္မိ ။ ၿငိမ္ရ်္သာ လူနာကုတင္ေပၚမွာ ေဆးခ်ိတ္လ်က္ေမ့ေမ်ာေနေသာ မင္းစစ္ကိုဘဲ စိတ္ပူပန္ေနရသည္ ။

"မင္းစစ္သာ တစ္ခုခုျဖစ္ရင္ ငါမင္းကိုသတ္မွာ မာန္ဝဏၰၿခိန္း!''

ထပ္ထိုးဖို႔ရာ လက္႐ြယ္ျပန္ေတာ့ ျမဴေဒါင္းက ငိုယိုတားျမစ္လာသည္ ။ ၿခိန္းကေတာ့ ဘာမွမေျပာ အထိုးခံမည့္ပုံသာ ရွိသည္ ။

"ဖယ္စမ္းပါကေလးရာ ဒီေကာင့္ကို သတ္ပစ္ခ်င္လြန္းလို႔ပါကြာ!''

"ေတာ္ပါေတာ့ ကိုကိုရယ္ ဆရာဝန္ကလဲ ကိုမင္းစစ္အတြက္ မစိုးရိမ္ရေတာ့ဘူးလို႔ ေျပာသြားၿပီးဘဲဟာ!''

"ဒီမွာ မာန္ဝဏၰၿခိန္း! မင္းေၾကာင့္ ငါ့သူငယ္ခ်င္းဘယ္ေလာက္ထိ ေဝဒနာေတြ ခံစားခဲ့ရလဲ သိလား ဟိတ္ေကာင္!''

"ဒါဆိုဘာလို႔ ငါ့ကိုထြက္သြားခိုင္းေသးလဲ ဟမ္! ငါ့ကိုမေမ့နိုင္ဘဲ ဘာလို႔မုန္းတယ္ေျပာခဲ့ေသးလဲ သူဘဲခံစားခဲ့ရတာလို႔ ခင္ဗ်ားထင္ေနတာလား က်ဳပ္လဲလူဗ်''

"သူအထင္လြဲၿပီး ေျပာခဲ့တာတစ္ခုအတြက္နဲ႕ မင္းေပးတဲ့အျပစ္က စိတ္က်ေရာဂါနဲ႕ ေဆး႐ုံမွာလနဲ႕ခ်ီၿပီး ေနခိုင္းရက္တယ္ေပါ့ေလ ဟုတ္လား မာန္ဝဏၰၿခိန္း!

"ခင္ဗ်ား ဘာေျပာလိုက္တယ္ စိတ္က်ေရာဂါ ဟုတ္လား? "

"ေအး! ဟုတ္တယ္ မင္းထြက္သြားၿပီး မင္းစစ္ကအရက္နဲ႕ဘဲ ေနေနခဲ့တာ တစ္ခ်ိန္လုံး မင္းကိုဘဲ သတိရလြမ္းဆြတ္ေနခဲ့တာ အအိပ္ပ်က္၊ အစားပ်က္နဲ႕ စိတ္က်ေရာဂါျဖစ္ၿပီးေဆး႐ုံမွာ အၾကာႀကီး ေနခဲ့ရတာကြ!''

"အခ်ိန္အၾကာႀကီးေနမွ အခုလိုျပန္ေကာင္းခါစဘဲရွိေသးတယ္ မင္းကျပန္ေပၚလာၿပီး သူ႕ကိုထပ္ဒုကၡေပးရဲေသးတယ္ ဒီတစ္ခါေတာ့ ငါမင္းကို အေသသတ္မွာေနာ္ မာန္ဝဏၰၿခိန္း!''

စိုင္းက ၿခိန္းအိကၤ်ီေကာ္လံကိုဆြဲၿပီး ေဒါသတႀကီး ေအာ္ဟစ္ႀကိမ္းေမာင္းေနခဲ့သည္ ။ ၿခိန္းမွာေတာ့ ေက်ာက္႐ုပ္ႀကီးပမာၿငိမ္သက္လ်က္ ။ ေျခမခိုင္ေတာ့ဘဲ ၾကမ္းျပင္ထက္ ဒူးေထာက္လဲက်သြားရ၏ ။

"ကိုကိုက အဲ့ေလာက္ထိ ျဖစ္သြားခဲ့တာဘဲလား ၊ ဟာကြာ ကိုကိုရာ''

"မင္းသိၿပီဆိုလဲ မင္းစစ္အနားကအၿပီးအပိုင္ထြက္သြားလိုက္ ဟေယ်ာင့္! မင္းရွိေနတာ သူ႕အတြက္ၿဂိဳလ္ဆိုးဘဲ!''

".........''

ၿဂိဳလ္ဆိုးတဲ့လား ဟုတ္မယ္ထင္တယ္ကိုကို ကိုယ္က ကိုကို႔အတြက္ ၿဂိဳလ္ဆိုးဘဲ ကိုယ္မရွိမွ ကိုကိုအဆင္ေျပမယ္ဆိုရင္ ကိုယ္ ထြက္သြားေပးပါ့မယ္....

ေျခလွမ္းေတြက ခါတိုင္းထက္ေလးလံေနေပမဲ့ ဘယ္ကိုနားရမယ္မသိဘဲ ေျခဦးတည့္ရာေလွ်ာက္ေနမိသည္ ။ ေဆး႐ုံအျပင္ဘက္ ေျပးထြက္ခဲ့ေသာ ရည္႐ြယ္ခ်က္က ကိုကို႔အား ေနာက္ထပ္ဒုကၡမျပဳေစရန္ အေဝးဆုံးမွာ ေနေပးဖို႔ စိုင္းတေခတ္အား ဂတိျပဳခဲ့သည္ ။ ထိုဂတိကိုလည္း သူတည္နိုင္ဖို႔ ဆုံးျဖတ္ခဲ့၏ ။

ေတာင္းပန္ပါတယ္ ကိုကို ဒီၿဂိဳလ္ေကာင့္ကို မုန္းလိုက္ပါေတာ့....

ဝဲပ်ံေနေသာ မ်က္ရည္ငယ္တို႔ႏွင့္အၿပိဳင္ မိုးစက္ငယ္မ်ား တစ္ေပါက္ေပါက္ ေႂကြက်လာေတာ့သည္ ။ ကားစီကိုလည္း မသြားခ်င္တာေၾကာင့္ ေျခလွမ္းႏွေးတို႔ႏွင့္ လမ္းသာေလွ်ာက္ေနခဲ့ေတာ့ မိုးေရတို႔က တစိုစိုေပ ။ ကံဆိုးသူသြားရာ မိုးလိုက္လို႔႐ြာ စကားပုံေတာင္ ရွိေနၿပီး သူ႕အျဖစ္ကလည္း ကံမထူးလွေခ် ။

...............

"အင္း......''

"မင္းစစ္.....မင္းစစ္ မင္းသတိရလာၿပီလား!''

"ၿခိန္း! ၿခိန္း အ့!''

႐ုတ္တရက္ ကိုယ့္ကိုယ္ကိုယ္ သတိမထားဘဲထထိုင္မိရ်္ လက္ကအပ္ရာမွာ စူးကနဲေအာင့္သြားရ၏ ။ ေဆးသြင္းထားပုံေထာက္ရင္ သူေဆး႐ုံႏွင့္ မိတ္ဆက္ရျပန္ၿပီ ထင္ပါ၏ ။

ေဘးပတ္လည္မွာ ၿခိန္းအား ေဝ့ဝိုက္ရွာေပမဲ့မေတြ႕သျဖင့္ မင္းစစ္ငိုခ်င္လာသည္ ။ ၿခိန္းသူ႕ကို ထပ္ထားသြားမွာကိုလည္း ေသေလာက္ေအာင္ ေၾကာက္ေနမိသည္ ။ စိုင္း၏ စိုးရိမ္သည့္ မ်က္လုံးမ်ားကို ဥပကၡာျပဳရ်္ ၿခိန္းကိုသာ ရွာေနမိျပန္ပါ၏ ။

"စိုင္း...ၿခိန္း! ၿခိန္းေရာ''

"မင္းစစ္! မင္းဒီေလာက္ ေသမလိုျဖစ္ေနတာေတာင္ ဒီေကာင့္ကို တ,ခ်င္ေနတုန္းဘဲလား ဟမ္!''

"ငါေမးေနတယ္ ၿခိန္းေရာလို႔!!!''

"ႏွင္လႊတ္လိုက္ၿပီ မင္းကို ထပ္ၿပီး ဒုကၡမေပးနိုင္ေအာင္ ထိုးၿပီးႏွင္လိုက္တယ္!''

"ငါ့ကို ဒုကၡေပးတာမေပးတာက ကာယကံရွင္ျဖစ္တဲ့ ငါေတာင္ ေျပာခဲ့လို႔လား! သူငါ့ကို ဒုကၡေပးသည္ျဖစ္ေစ မေပးသည္ျဖစ္ေစ ၿခိန္းေပးတာျဖစ္လို႔ကို ငါလက္ခံထားၿပီးသား!''

"မင္းစစ္! ႐ူးတာေတာ္႐ုံဘဲ ေကာင္းတယ္ကြ!''

"ဟုတ္တယ္ ငါ႐ူးတယ္ မင္းလူတစ္ေယာက္ကို ခ်စ္တဲ့အခ်စ္ထက္ ငါၿခိန္းကို ပိုခ်စ္တဲ့အထိ ႐ူးတယ္! တေလာကလုံးက သူ႕ကိုအျပစ္တင္ရဲရေအာင္ သူ႕ေပးတဲ့ဒုကၡခံရတာ မင္းတို႔လား ငါလား! "

"ေအး! မင္းတို႔က သူေပးတာ ဒုကၡလို႔ျမင္ေနေပမဲ့ ငါ့အတြက္ေတာ့ ေကာင္းကင္ဘုံလိုဘဲ ၿခိန္းငါ့ကို ျမႇားနဲ႕ပစ္ရင္ေတာင္ ငါ့အတြက္ေတာ့ ပန္းျဖစ္ေနလိမ့္မယ္ အဲ့တာငါသူ႕ကိုခ်စ္တဲ့အခ်စ္ဘဲ! မင္းခ်စ္ဖူးတာထက္ ငါသူ႕ကို ပိုခ်စ္နိုင္တယ္ ကုန္ကုန္ေျပာမယ္ လူေတြ အားလုံးခ်စ္ဖူးတဲ့အခ်စ္ထက္ ငါၿခိန္းကို ခ်စ္တဲ့အခ်စ္ကသာတယ္ကြ! ''

"ေပးဆပ္ၿပီးလဲ ခ်စ္ခဲ့သလို အရႈံးခံၿပီးလဲ ခ်စ္ခဲ့တယ္ သူငါ့ကိုမွ အနိုင္ယူခ်င္ရင္ေလ ငါက အရႈံးေပးၿပီးေတာ့ကို ခ်စ္မွာ သူ႕စီက အမုန္းဘဲျဖစ္ျဖစ္ ၊ အခ်စ္ဘဲျဖစ္ျဖစ္ သူေပးတာျဖစ္လို႔ ငါအကုန္လက္ခံယူေနမွာဘဲ ငါသူ႕ကိုခ်စ္လို႔ ငါအားလုံးထက္ သူ႕ကိုပိုခ်စ္လို႔ကြ စိုင္းရ!''

လက္ကေဆးပိုက္အား ဆြဲျဖဳတ္ပစ္ရင္း ကုတင္ေပၚကဆင္းၿပီး ဖိနပ္ကို စီးလိုက္သည္ ။ ထြက္ေျပးသူကို လိုက္ရွာရမည္ ။ ထပ္ၿပီး မေျပးနိုင္ေအာင္လည္း ႀကိဳးအထပ္ထပ္ ခ်ည္ထားလိုက္ခ်င္တယ္ ။ တံခါးစီ သြားဖို႔ျပင္ေတာ့ စိုင္းကလက္ကိုလာဆြဲ၏ ။

"မင္းစစ္! မင္းဘယ္သြားမလို႔လဲ မင္းကိုယ္မင္း လူနာဆိုတာလဲ သတိရအုံး! အျပင္မွာ မိုးက်ေနတာေကာ သိရဲ႕လား''

"ငါဂ႐ုမစိုက္ဘူး ငါေသမယ္ဆိုရင္ေတာင္ သူငါ့အနားမွာ ရွိေနရမယ္!''

မနိုင္မွန္းသိရ်္ လႊတ္ေပးလိုက္သည့္ စိုင္းမွာ သူငယ္ခ်င္းျဖစ္သူ၏ အခ်စ္ကို အေတာ္ေလး အထင္ႀကီးမိပါ၏ ။ အသက္ထက္ပိုခ်စ္တယ္ ''ဆိုတာ မင္းစစ္မွအစစ္ျဖစ္၏ ။ ကံေကာင္းလြန္းသူက မာန္ဝဏၰၿခိန္းပင္ ။ အခ်စ္စစ္ႏွင့္ အခ်စ္ခံရတာမို႔ လိမ္မာသင့္ၿပီး မာန္ဝဏၰၿခိန္း ။

မိုးက သိပ္မသဲေသာ္ငွားလည္း မိုးဖြဲဖြဲေလးမ်ား က်ဆင္းေနသည္ ။ မင္းစစ္ ေဆး႐ုံဝန္းထဲ ပတ္ရွာၾကည့္ေပမဲ့ ၿခိန္း၏အရိပ္အေယာင္ပင္ မေတြ႕ရေသး ။ အ႐ူးလိုျဖစ္ေနတဲ့ သူ႕ကို လူေတြကပါ ဝိုင္းၾကည့္ေနၾကေပမဲ့ သူဂ႐ုမစိုက္ပါေလ ။ ေဆး႐ုံေနာက္က ပန္းၿခံထဲထိ ေရာက္လာခဲ့ၿပီး ထပ္ရွာမိသည္ ။ ေနာက္ဆုံးေတာ့....

စိတ္ညစ္ညစ္နဲ႕ ပန္းၿခံထဲက ခုံတန္းေပၚမွာ လာထိုင္ေနရင္း သူ႕ေရွ႕မွာလာရပ္ေသာ ေျခဖဝါးက အေၾကာစိမ္းဖန့္ဖန့္ေလးမ်ား ။ အာ႐ုံစိုက္မိကာ ေမာ့အၾကည့္ ၊ ေအးစက္တဲ့ မိုးစက္ေတြနဲ႕ ေဖ်ာ့ေတာ့ေနသည့္ မ်က္ႏွာဝင္းဝင္းေလး ၊ အေရာင္မွိန္သလိုနဲ႕ ေတာက္ပလြန္းသည့္ အၿပဳံးေယးေယးေလးမ်ားက ၿခိန္းရင္ကို အဆမတန္ခုန္ေပါက္လာေစ၏ ။

"ၿခိန္း......''

"မင္း....မင္းစစ္ ခင္ဗ်ား ဘာလာလုပ္တာလဲ ေဆး႐ုံမွာ ရွိေနရမွာ မဟုတ္ဘူးလား မိုး႐ြာေနတယ္ဆိုတာေကာ သိရဲ႕လား! ခင္ဗ်ားေသခ်င္လို႔လား!''

အင့္.....

႐ုတ္တရက္ႀကီး အဖက္ခံလိုက္ေတာ့ ၿခိန္းမွာ အင့္ကနဲ ။ မိုးစက္ေတြက ခႏၶာကိုယ္ႏွစ္ခုလုံးက ခပ္စိုစိုျဖစ္ေန၏ ။

"မင္းငါ့ကို ထပ္ထားခဲ့အုံးမလို႔လား! ငါ့ကို အတည္ႀကီးေသေစခ်င္ေနတာလား ထြက္သြားမယ္ဆိုလဲ ငါ့ကိုသာသတ္သြားပါ''

"အဲ့တာေတြ အေရးမႀကီးဘူး အခုခင္ဗ်ားတစ္ကိုယ္လုံး မိုးေရေတြနဲ႕ လာျပန္ရေအာင္!''

"မသြားဘူး ေသတာဘဲ ေကာင္းတယ္ ငါ့ကိုမင္းက ထပ္ထားသြားအုံးမွာမလား''

"ေတာင္းပန္ပါတယ္ ကိုယ္က မင္းအတြက္ ၿဂိဳလ္ဆိုးတစ္ေယာက္ပါ''

"ငါေျပာမိလို႔လား?''

"အကုန္လုံးက အဲ့လိုဘဲေျပာေနၾကၿပီ''

"အဲ့တာသူတို႔ေျပာတာေလ ငါေျပာတာမွ မဟုတ္တာ ၊ ငါ့အတြက္မင္းက ေနေရာင္ျခည္ေလးဘဲ ၿခိန္း ငါ့ဘဝကမင္းမရွိရင္ ေမွာင္မိုက္ေနေတာ့မွာ''

"ကိုယ္ ေနာင္တရတယ္ ကိုယ္ ကိုကိုအနားမွာ ေနရင္ အျပစ္ရွိသလို ခံစားရတယ္ ''

"မိုးေတာင္တိတ္သြားၿပီ မင္းအျပစ္ရွိသလိုခံစားရရင္ ငါ့အနားမွာေနၿပီး ျပန္ေပးဆပ္ေလ ငါကအိုေနၿပီ ငါ့အသက္ ၃၃ႏွစ္ေတာင္ရွိေနၿပီ ေဘးမွာကူေပးဖို႔ အေဖာ္လိုတယ္''

"ကိုကိုက အခုထိႏုေနတုန္းဘဲေလ ဒါေပမဲ့ကိုကိုလက္ခံမယ္ဆိုရင္ ကိုယ္ရွိေနခ်င္တယ္ ခ်စ္တယ္ကိုကို အရမ္းခ်စ္တယ္ ''

"မင္းမွာ မိန္းမနဲ႕သားရွိေသးတယ္မလား မင္းစိတ္မသန့္ရင္ ငါ့ကိုမင္းအနားမွာ မိတ္ေဆြတစ္ေယာက္အျဖစ္နဲ႕ဘဲျဖစ္ျဖစ္ ထားေပးရင္ဘဲ ငါေက်နပ္ပါတယ္ ထားေတာ့မသြားနဲ႕ေနာ္ ငါတကယ္မခံစားနိုင္ဘူး ၿခိန္း''

"မဟုတ္ဘူး အဲ့တာ ကိုယ့္အမေလ သူနဲ႕ကိုယ္က ဘာမွမပတ္သတ္ဘူး အဲ့ကေလးကလဲ ကိုယ့္ကေလးမဟုတ္ပါဘူး မႏြေက သူ႕အမ်ိဳးသားနဲ႕ မေပါင္းဘူးဆိုေပမဲ့ ကိုယ့္နဲ႕လဲ ဘာမွမပတ္သတ္ဘူး ''

"အင့္! အဟင့္! ငါ ငါအရမ္းစိုးရိမ္ခဲ့ရတာ မင္းမွာ ပိုင္ရွင္ရွိေနၿပီဆိုတဲ့ အေတြးႀကီးနဲ႕ ငါ႐ူးေနခဲ့ရတာ အီး! မေကာင္းတဲ့ေကာင္ ငါ့ကို အနိုင္က်င့္တယ္''

ဘုန္း.....ဘုန္း.....ဘုန္း....

ရင္ဘတ္ကို တစ္ဘုန္းဘုန္းထုရိုက္ကာ ငိုယိုလာတဲ့ကိုကိုဟာ အခုခ်ိန္ထိ ကေလးေလးလိုဘဲ ။ မုန္းတိုင္းၿပီးရင္ ေလေျပလာတတ္တယ္တဲ့ သူအမ်ားႀကီး အမွားေတြက်ဴးလြန္မိခဲ့ေပမဲ့လည္း ကိုကိုကသူ႕အခ်စ္ေတြႏွင့္ အမွန္ျမင္ေစခဲ့သည္ ။ ကိုကို႔အတြက္ သူကအရာရာဆို သူ႕အတြက္ကိုကိုဟာလည္း အရာအားလုံးပါဘဲ ။

"အရမ္းခ်စ္တယ္ကိုကို ကိုယ့္ကိုေရာ ခ်စ္ေသးတယ္မို႔လား''

"မုန္းတယ္ မင္းကို အရမ္းမုန္းတယ္ အမ်ားႀကီး မုန္းတယ္ ငါ့ကိုအၾကာႀကီး ပစ္ထားရက္တယ္ မင္းမေကာင္းဘူး မုန္းတယ္ မင္းကို''

"ဟာ...ကိုကိုကလဲ ခ်စ္တယ္ ေျပာရမွာေလကြာ''

"မသိဘူး မခ်စ္ဘူး! မုန္းတာ!''

"ရပါတယ္ေလ ကိုယ္က အျပစ္ေတြလုပ္ထားေတာ့ ကိုကိုက မုန္းတာ မစမ္းပါဘူး အဟင့္!''

မူယာမာယာမ်ားခ်က္ကေတာ့ မာန္ဝဏၰၿခိန္းက မာန္ဝဏၰၿခိန္းႏွင့္မတူေတာ့ ။ ဝမ္းနည္းသလိုနဲ႕ ရွိုက္ျပေနေတာ့ အသက္ႀကီးသေလာက္ အသဲႏုရွာတဲ့ မင္းစစ္တို႔ခဗ်ာ သနားမိရျပန္သည္ ။

"ငါမင္းကို မမုန္းပါဘူး စတာ ''

"ဒါဆို ကိုယ့္ကိုခ်စ္လား''

"ငါမင္းကို အရမ္းခ်စ္တယ္ ေမာင္''

"ဘယ္ ဘယ္လိုေခၚလိုက္တယ္ ကိုကို ကိုယ့္ကိုဘယ္လို.....''

"ငါ့ထက္ အသက္အမ်ားႀကီး ငယ္တဲ့မင္းကို ေမာင္လို႔ေခၚခ်င္ခဲ့တာ ဒါေပမဲ့ အရင္က ငါ ငါရွက္လို႔!''

ပါးေလးမ်ား အနီေရာင္သန္းကာ အတည္ႀကီးရွက္ေနတဲ့ကိုကိုက ၿခိန္းအတြက္ ျမတ္နိုးရာေလး ။ ခ်စ္တာထက္ ပိုျမတ္နိုးမိၿပီကိုကိုရာ ကိုယ့္ႏွလုံးသားတစ္ခုလုံး ခင္ဗ်ားအခ်စ္ေတြနဲ႕ အပိုင္သိမ္းနိုင္ခဲ့ၿပီထင္၏ ။

"အား.....ခ်စ္စရာႀကီး ကိုကိုရာ''

"ၿခိန္း ငါ့ကိုေနာက္ထပ္မထားခဲ့ခဲ့ရဘူးေနာ္''

"ဘာၿခိန္းလဲ ခုနကလို ေမာင္လို႔ေခၚေလကြာ''

"ငါရွက္လို႔ပါဆို! တစ္ခါေခၚခံရေတာ္ၿပီေလေနာ္''

"ကိုယ္သိပါတယ္ ကိုယ္ကအဲ့လိုေခၚဖို႔ မထိုက္တန္....''

"ေမာင့္! ခ်စ္တယ္ အဲ့လိုေတြမေတြးနဲ႕ ငါကအိုေနၿပီဆိုၿပီးလဲ မထားခဲ့ပါနဲ႕ မင္းေအာက္ကဟာကို ျဖတ္ၿပီး မီးခံေသတၱာထဲ ထည့္သိမ္းလိုက္မွာေနာ္ၾကားလား ေမာင္''

"အဟစ္! ဒါဆိုကိုကို ငတ္သြားမွာေပါ့''

"ငါငတ္ရင္ငတ္ပါေစ သူမ်ားစီမပါသြားရင္ ရၿပီ''

"ဟား.....ဟား.....ကိုကိုကဗ်ာ!''

"မင္းေနာ္ ငါ့ကိုမေလွာင္နဲ႕!''

"ကိုကို ကိုယ့္ကို ခြင့္လႊတ္ေပးတာ ေက်းဇူးတင္ပါတယ္ ေနာက္ၿပီး အမွားေတြအတြက္ ကိုယ္ေတာင္းပန္ပါတယ္ ေနာက္ဒါမ်ိဳးထပ္မျဖစ္ေစရဘူးလို႔လဲ ကိုယ္ဂတိေပးတယ္''

"ငါ့ကို မင္းဘယ္ေလာက္ဘဲဆိုးဆိုးေမာင္ရာ ငါေလ ေမာင့္ကို အျပစ္မျမင္ခဲ့သလို အျပစ္လဲမတင္ရက္ဘူး ငါခ်စ္တာ ငါသိေနရင္ဘဲရၿပီ မင္းဘာေတြဘဲေပးေပး ငါေက်ေက်နပ္နပ္ႀကီး လက္ခံမဲ့သူပါေမာင္ရ''

ႏွစ္ဦးဆိုင္ အခ်စ္နယ္ေျမတစ္ခုတည္းအတြက္ ၾကမ္းတမ္းျခင္းေတြကိုလည္း ျဖတ္ေက်ာ္ခဲ့ၿပီးပါၿပီ ။ ဒီတစ္ခါ ျပန္ဆက္မဲ့ႀကိဳးက ဘယ္ေတာ့မွ ျပတ္ေတာက္သြားမွာ မဟုတ္တဲ့ ေမတၱာႏွောင္ႀကိဳးေလးတစ္ခုအျဖစ္ တစ္ေယာက္ကိုတစ္ေယာက္ ခိုင္ၿမဲေနေအာင္ ခ်ည္ႏွောင္ရစ္ပတ္နိုင္ခဲ့ေခ်ၿပီ ။

ၿခိန္းက တစ္ခုခုသတိရသြားပုံရွိၿပီး မင္းစစ္ေရွ႕တြင္ ဒူးေထာက္ထိုင္ခ်လ်က္ ေဘာင္းဘီ အိတ္ကပ္ထဲက အနီေရာင္အဝိုင္းဗူးလွလွေလးကို ထုတ္ၿပီး မင္းစစ္ေရွ႕မွာ ဖြင့္ျပလိုက္၏ ။ အထဲမွ ေငြေရာင္အဝိုင္းလက္စြပ္ႏွစ္ကြင္းဟာ ထည္ဝါစြာ ေတာက္ပလ်က္ရွိေနသည္ ။

မင္းစစ္ ပင္သက္ရွိုက္ကာ မယုံနိုင္ျဖစ္ေနခဲ့ၿပီး မ်က္ဝန္းေလးမွ အရည္ၾကည္မ်ား တလက္လက္ေတာက္ပလာခဲ့သည္ ။ အခ်စ္ဇာတ္လမ္းမ်ားကဲ့သို႔ လက္ထပ္ခြင့္ေတာင္းခံလာမည့္ သတို႔သားက သူ႕အခ်စ္ဆုံးေမာင္ပင္ ။ ဝမ္းနည္းရမလား ဝမ္းသာရမလား မင္းစစ္မေဝခြဲနိုင္ေတာ့ ။

"တစ္ေန႕ၾက ကိုကို႔ကိုလက္ထပ္ခြင့္ေတာင္းဖို႔ ဒီဗူးေလးကို ကိုယ္သြားရာယူလာတတ္တာ အခုအခ်ိန္က်ၿပီ ''

"ကိုကို႔ရဲ႕ေဘးမွာ တစ္သက္လုံး အေဖာ္ျပဳၿပီးေနသြားခ်င္တယ္ ဒါေၾကာင့္ ကိုယ့္ကိုလက္ထပ္ပါ ကိုကို႔အေပၚမွာ ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္ေအာင္ ကိုယ္ႀကိဳးစားပါ့မယ္လို႔ သစၥာျပဳပါတယ္''

"ေမာင္ ငါအတြက္ ဒါေတြမလိုပါဘူး ေနာက္ၿပီးငါတို႔က....''

"ကိုယ္ခ်စ္တာ ကိုကို႔ကိုပါ ပတ္ဝန္းက်င္ကိုမဟုတ္ဘူး ဘယ္သူေတြဘာေတြဘဲ ေျပာေျပာ ကိုယ္မင္းကို အားလုံးေရွ႕မွာ တရားဝင္လက္ထပ္ရဲတယ္''

"ခ်စ္တယ္ အရမ္းခ်စ္တယ္ ေမာင္! အားလုံးမသိရင္ေတာင္ မင္းနဲ႕ငါနဲ႕သိရင္ရၿပီး ငါတို႔ရဲ႕ခ်စ္ျခင္းေမတၱာေတြကို ငါတို႔ဘဲ အသိအမွတ္ျပဳေနရင္ ရပါၿပီေမာင္ရယ္ ငါ့အတြက္ တစ္ခမ္းတစ္နားႀကီး မလိုအပ္ပါဘူး''

"ဒါဆို.....''

လက္စြပ္တစ္ကြင္းက မင္းစစ္၏ လက္မွာ လိုက္ဖက္စြာ ေနရာယူလ်က္။ မင္းစစ္ကလည္း ၿခိန္း၏လက္ကိုယူရ်္ လက္စြပ္အားစြပ္ေပးလိုက္ေတာ့သည္ ။ ထို႔ေနာက္ တစ္ေယာက္ကိုတစ္ေယာက္ ၾကင္နာမႈႏွင့္ ႏူးညံ့ေသာ ႏႈတ္ခမ္းတစ္စုံအား ထိကပ္နမ္းရွိုက္ေစလိုက္သည္ ။

ေကာင္းကံထက္မွ ေရာင္စုံသက္တံ့ေကြးေလးဟာ ခ်စ္သူႏွစ္ဦးအား သက္ေသတည္ေစသလိုမ်ိဳး အထင္အရွား ေပၚလာခဲ့၏ ။ ဘုရားသခင္၏ ေကာင္းခ်ီးေပးမႈမ်ားႏွင့္ ေန႕ရက္တိုင္းမွာ သာယာေစမွာ အေသခ်ာပင္ ။

ေကာင္းကင္ဘုံရွိ ျမႇားနတ္ေမာင္၏ အခ်စ္စစ္မွတ္တမ္းတြင္ မာန္ဝဏၰၿခိန္းႏွင့္ မင္းစစ္ကုေဋတို႔အား ေရးျခယ္မွတ္သားေစခဲ့ၿပီး သူ႕တာဝန္ၿပီးျမႇောက္မႈအတြက္ ဝမ္းျမႇောက္ေနေတာ့၏ ။




-End

ေနာက္ဆုံးေတာ့ အကုန္ျပန္တင္ပီးပါပီ ဖတ္လို႔ရပါပီ
















Continue Reading

You'll Also Like

404K 15.4K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...