MINE(Completed)
Par Heki-21
15.8K 1.8K 168
**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို... Plus
Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
!!Attention plz!!
25
!Hello!
26
27
28
29
30
31
32
33
34
35
36
37
38
39
40(Final Part)
21
336 40 7
Par Heki-21
Zgy..
Mine 21
"ဟေ့ ဗြောင်...
"ကင် ဉီးလေးကြီးရော
"ဟားဟားး
"တော်ပါဗျာ....
ဟုတ်တာပေါ့။
သူဘရန်ဒီ မသောက်..
ဟင့်အင်း မ ကဏန်းတွေကိုပါ
စပိန် .
ဂရိ
အိုင်ယာလန်
ဇူးရစ်
မိုင်ရာမီ
ဘတ်ဟျွန်းက ထားခဲ့တာ...
အဖေနဲ့ မတွေ့တာ
ကင်ဉီးလေးကြီးကို မတွေ့ရတာ ၈ နှစ်
မတွေးနဲ့ ..
မုန်းစမ်း
မုန်းလိုက်စမ်းပါ....
"ဒီတစ်ခေါက် လော့စ်အိန်ဂျလိန်စ့် မှာ နားဉီးမှာလား ဗြောင်..."
"ဟားဟား ဗြောင်ရာ
"ကင်ဉီးလေးကြီးရော..."
ကင်ဉီးလေးကြီးကတော့ ပန်းဆီရောင်လက်ကိုင်ပုဝါတစ်ထည်ပတ်ထားတဲ့ လက်မှာ ဘရန်ဒီကို ကျစ်နေအောင်ကိုင်လို့ ...
*********
ဟောတယ်တစ်ခုရဲ့ မျက်နှာစာမှာ ဘတ်ဟျွန်းက စီးကရက်ကို တစ်ရှိုက်မက်မက် ရှိုက်သွင်းနေချိန် ကင်ဉီးလေးကြီးကတော့ အိပ်ခန်းရဲ့ အပြင်ဘက် ဝရန်တာမှာ ဆွေးမြေ့နေဆဲ။
ဘတ်ဟျွန်းက မြေကြီးကိုတွင်တွင်ငုံပြီး ဘာမှမရှိတဲ့ ကြမ်းပြင်ကို ခြေနဲ့ ထိုးဆော့နေရင်း ဖင်ဆီခံနားကပ်နေတဲ့ စီးကရက်ကို တစ်ရှိုက်ရှူသွင်းပြီး ခြေဉီးထိပ်နဲ့ ဖိချေလိုက်တယ်။
"ဒီမှါ ခင်မျ..
ဒါက *NO SMOKING AREA** ဗျ
ဒီအနွေးဓာတ် ဒီအသံ
ပြီးတော့ ဒီအနံ့အသက်
တကယ်ပဲ ထိုသူဟာ
"ဟျွန်းနီးးး..."
ဘတ်ဟျွန်း မျက်ဝန်းအိမ်တွေ အစမတန်ကျယ်ဝန်းသွားမှုန်ဲအတူ
#Heki
မီရန်းးး
Uni
Mine 21
"ဟေ့ ဗြောင်...
ဘယ်တော့မှ ငါနဲ့အတူ ဘရန်ဒီသေါက်မှာလဲကွ..."
ဒါဟာ ဒီနှစ်တွေထဲမှာ ကင်ဦးလေးကြီး အပြောများဆုံး စကားပင်။ ဘရန်ဒီပုလင်းနဲ့ ရီဝေနေတဲ့ ကင်ဦးလေးကြီးက ပင်လယ်ပြင်ကို ကျောပေးပြီး ငါးသားပြားလေးတွေ မြည်းရင်း ဘတ်ဟျွန်းကို ခေါ်တယ်။ ဘတ်ဟျွန်းက ပင်လယ်ပြင်ကို မျက်နှာမူပြီး စီးကရက်တွေ တစ်လိပ်ပြီး တစ်လိပ်ရှိုက်သွင်းစားသုံးနေရာကနေ နှုတ်ခမ်းလေးလှုပ်ယုံပြုံးလိုက်တယ်။
"ကင် ဦးလေးကြီးရော
ဘယ်တော့မှ ပင်လယ်ကို မျက်နှာချင်းဆိုင်မှာလဲ ဗျ...."
"ဟားဟားး
ဒီကောင်လေးက လူကို ပြောစရာမရှိအောင် မေးတတ်တယ် ဟ..."
"ပြောဗျာ ကျွန်တော်လဲ အဲ့ဒီနေ့ ဘရန်ဒီ မြည်းမယ်..."
"ပင်လယ်က မိန်းမနဲ့ တူတယ်ကွ...."
ဦးလေးကင်က ဒီစကါးကို ရယ်သံစွက်ပြီးပြောလိုက်တာပေမယ့် အဲ့ဒီရယ်သံအက်အက်ကြီးထဲမှာ အက်ကွဲကြောင်းတွေ ပါမှန်း ဘတ်ဟျွန်းရိပ်မိနေတတ်ပြီ။ မငိုတတ်တဲ့ မျက်ဝန်းတွေက ပိုပြီး နာကျင်တတ်ပါကြောင်း...
"ကောင်လေး အမြည်းမစားတော့ဘူးလား..."
"တော်ပါဗျာ....
စီးကရက်ရှိုက်ဖို့ အမြည်းမှ မလိုတာပဲ..."
ဟုတ်တာပေါ့။
စီးကရက်တစ်လိပ်ကုန်ဆုံးဖို့ အမြည်းမလိုဘူး။ တမင်ကို တွဲဖက်မလိုတာမျိုးကို သူရွေးချယ်ခဲ့တာ။
ဘရန်ဒီသေါက်ရင် အမြည်းလေးတော့ ပါရမှာပဲ..
သူဘရန်ဒီ မသောက်..
တစ်ခု တစ်ကောင် တစ်ယောက်..
သူ မ ကိန်းတွေကို စွဲလမ်းလာတယ်
သူ့နှလုံးသားလေးက မေးတယ်
မင်းစွဲလမ်းတာ အမျိုးသားတစ်ယောက် မဟုတ်လားတဲ့...ဟက်....
ဟင့်အင်း မ ကဏန်းတွေက်ိုပါ
ကိုယ့်ကိုကိုယ် ညာရတာ အရာရာထက် ပိုခက်ပါတယ်။
ပင်လယ်မှာ သောင်တင်နေတာ ၅ နှစ်..
ကိုးရီးယား ပြန်မရောက်တာ ၈ နှစ်...
ဒီနှစ်တွေထဲ အဆင်ပြေရဲ့ဆိုတဲ့ မေးခွန်းကို ဘတ်ဟျွန်း တစ်ခါမှ ပြန်မမေးကြည့်ခဲ့ဘူး..
ပြိုလဲ မခံနိုင်သေးတဲ့ ခြစားထားတဲ့ တောင်ဝှေးတစ်ချောင်းလို ရောက်ရာအရပ်မှာ မလှုပ်မယှက်...
ခပ်သြသြ ကြင်နာသံစွက်တဲ့ အသံလေးတွေကြားရင်
အရပ်ရှည်ရှည် ကျောပြင်ကျယ်ကျယ်ကို အမှတ်မထင်တွေ့လိုက်ရရင်
မျက်ဝန်းဝိုင်းဝိုင်း နားကားကား ကောင်လေးတွေ တွေ့ဖြစ်ခဲ့ရင်
ရယ်လိုက်တိုင်း ပါးချိုင့်လေးတစ်ဖက်ထင်းအောင် ပေါ်တဲ့ အမျိုးသားလေးတွေ တွေ့ရင်..
အရင်လို အပြေးမလိုက်မိတော့တဲ့ အထိ နေသားကျနေပြီ။
အင်း အဆင်ပြေချင်ယောင် ဆောင်တတ်နေပြီ...
စပိန် .
ဂရိ
အိုင်ယာလန်
ဇူးရစ်
မိုင်ရာမီ
စတဲ့ နိုင်ငံတော်တော်များများကို ဘတ်ဟျွန်း အခေါက်ပေါင်းမရေနိုင်အောင် ဆိုက်ကပ်ပြီးပြီပေမယ့် ကိုးရီးယားသွားမယ့် ဘယ်သင်္ဘောပေါ်ကမဆို ဘတ်ဟျွန်း အလန့်တကြားဆင်းမိတုန်းပဲ။ ဘတ်ဟျွန်းဟာ ထိုမြေကို နောက်မလှည့်စတမ်း ထားပစ်ခဲ့တာ...
ဘတ်ဟျွန်းက ထားခဲ့တာ...
တောင်ကိုးရီးယားနဲ့အတူ တသ်ဘဝစါ နှလုံးသားတစ်ခုကို မြေမြုပ်သဂြိုလ် ခဲ့တာ..
ပြန်လည်ပြီး မကြည့်ရဲသေးဘူး..
တစ်ချိန်က သိပ်ချစ်ဖူးတဲ့ လူတစ်ယောက် အကြောင်းကလွဲလို့ အမှတ်တရ များများမရှိတဲ့ အဲ့ဒီမြေကို ဘတ်ဟျွန်း ခြေမချရဲသေးဘူး။
အဖေ့ကိုတော့ အားနာပါရဲ့။
အဖေနဲ့ မတွေ့တာ
အဖေ့အိမ်လေးဆီ မရောက်ဖြစ်တာ ၈ နှစ်
ကင်ဦးလေးကြီးကို မတွေ့ရတာ ၈ နှစ်
လမ်းထိပ်က ကစားကွင်းလေးကို မရောက်ဖြစ်တော့တာ ၈ နှစ်
လီလီပန်းတွေကို စိတ်နာသွားတာ ၈ နှစ်
နွားနို့ မသောက်တော့တာ
ဆန်းဒဝှရှ် မစားတော့တာ
ကျောင်းဆိုတဲ့ နေရာ ဝေးခဲ့တာ
အို ကုန်ကုန်ပြောရရင် အရင်ဘတ်ဟျွန်းဘဝက အရားအားလုံးကို စွန့်ပစ်ကျောခိုင်းခဲ့တာ ၈ နှစ်တာ...
ဘတ်ဟျွန်းက ဂုတ်ပေါ်ထိတင်နေတဲ့ ဆံသားကြမ်းကြမ်းတွေထဲ လက်ထိုးရယ်လိုက်တယ်။ ဆံပင်တွေ ကြမ်းတမ်းသွားတာ သိရင်
လက်ကလေးတွေ အရင်လို မနူးညံ့တော့ဘူးဆိုရင်
သူရော ဘယ်လိုပြောလိမ့်မလဲ...
မတွေးနဲ့ ..
မတွေးစမ်းနဲ့ ဘတ်ဟျွန်း...
မင်းမှာ နာတတ်တဲ့ စိတ်မရှိဘူးလား...
မုန်းစမ်း
မုန်းလိုက်စမ်းပါ....
သူ့အကြောင်း မတွေးမိဖို့ ခေါင်းထဲမှာ အချက်ပေးသံတွေ ပြည့်လျှံနေရင်တောင်
အချက်ပေးသံတွေထက် ကျော်လွန်တဲ့ ဗို့အားနဲ့ သူက ဘတ်ဟျွန်းဆီ ချဥ်းကပ်တယ်။ သူ့အကြောင်း မတွေးပဲ နေလို့မရတော့တဲ့အခါ ဘတ်ဟျွန်းက ပြောစကားနားမထောင်တဲ့ ဦးဏှောက်ကို လစ်လျူရှုလိုက်ရတော့တယ်။
တွေးစမ်း ဘယ်လောက်တွေးတွေး မမှုတော့ဘူး။
အလွမ်းဓာတ်ဆိုတာ ကိုယ်ချုပ်ကိုင်လို့ ရတာမှ မဟုတ်ပဲ...
ဘတ်ဟျွန်းက သူ့အကြောင်း တစ်ရက်မှာ ၃ ခါပဲတွေးတယ်။ မနက်တစ်ခါ နေ့လည်တစ်ခါ ညတစ်ခါ။
အားတဲ့ အခါအလည်လာပါလို့ ခေါ်လို့ရတဲ့ အိပ်မက်တွေထဲမှာတောင် ချန်းယောလ်က စိမ်းကားတုန်းပဲ။ ဘတ်ဟျွန်းက ဘယ်လောက်အရည်ထူသွားပြီးလဲဆိုတော့ အိမ်မက်ထဲမှာ ထားခဲ့ခံရတာကို မငိုတတ်တော့ပဲ ရပ်ကြည့်နေတတ်ပြီ။ အရင်လို လန့်မနိုးတော့ဘူး။ နိုးထလာတဲ့အခါ ချွေးစတစ်ချို့ စိုနေယုံပါပဲ...
"ဒီတစ်ခေါက် လော့စ်အိန်ဂျလိန်စ့် မှာ နားဦးမှာလား ဗြောင်..."
"L.A က ကောင်မလေးတွေ ချောတယ်ဆိုဗျ..."
"ဟားဟား ဗြောင်ရာ
မင်းနှလုံးသားက လက်ခံမှာတဲ့လား..."
"ကင်ဦးလေးကြီးရော..."
"ငါ့နှလုံးသားကတော့ မခုန်တော့တာ အနှစ် ၂၀ ကြာပြီကွ..."
ဘာမှမဟုတ်သလို ရယ်မောပြောနေကြပေမယ့် နှစ်ယောက်စလုံး အသဲမှာ ဒဏ်ရါဒဏ်ချက်ကြီးပါပဲ။ ကံကြမ္မာဟာ အဲ့ဒီလို ပြုစားတယ်။
ဆိုက်ကပ်တဲ့ သင်္ဘောပေါ်က ဘတ်ဟျွန်းက မတီးတတ်တဲ့ ဂီတာတစ်လက်ရယ် မစီူတတ်တဲ့ စကိတ်ပြားတစ်ခုရယ်ကိုင်လို့ ဆင်းလာတယ်။
ကင်ဦးလေးကြီးကတော့ ပန်းဆီရောင်လက်ကိုင်ပုဝါတစ်ထည်ပတ်ထားတဲ့ လက်မှာ ဘရန်ဒီကို ကျစ်နေအောင်ကိုင်လို့ ...
*********
ဟောတယ်တစ်ခုရဲ့ မျက်နှာစာမှာ ဘတ်ဟျွန်းက စီးကရက်ကို တစ်ရှိုက်မက်မက် ရှိုက်သွင်းနေချိန် ကင်ဦးလေးကြီးကတော့ အိပ်ခန်းရဲ့ အပြင်ဘက် ဝရန်တာမှာ ဆွေးမြေ့နေဆဲ။
L.A ရဲ့ ကောင်းကင်ပြာကို ရှငိးရှင်းလင်းလင်းမြင်နေရပြီး ကြယ်တွေနဲ့အတူ လကပါ သာနေသေးတယ်။ ကြယ်စုံတဲ့ ညတွေဆို ဘတ်ဟျွန်းက ပိုအထီးကျန်သလို ခံစားရတယ်။
ဘတ်ဟျွန်းက မြေကြီးကိုတွင်တွင်ငုံပြီး ဘာမှမရှိတဲ့ ကြမ်းပြင်ကို ခြေနဲ့ ထိုးဆော့နေရင်း ဖင်ဆီခံနားကပ်နေတဲ့ စီးကရက်ကို တစ်ရှိုက်ရှူသွင်းပြီး ခြေဦးထိပ်နဲ့ ဖိချေလိုက်တယ်။
ခေါင်းထဲမှာတော့ မနက်ဖြန်ရောက်ရင်တော့ ဆံပင်သွားညှပ်ရမယ်လို့ တွေးနေမိတယ်...
"ဒီမှါ ခင်မျ..
ဒါက *NO SMOKING AREA** ဗျ
စီးကရက်သောက်ချင်ရင် နေရာညွှန်ပေးရရမလား..."
ဘတ်ဟျွန်းရင်တွေ အဆမတန် ခုန်လာမှုမှာ နောက်လှည့်ဖို့လဲ မရဲတော့ဘူး။ လှညိ့ကြည့်လိုက်လို့ မျှော်လင့်ချက်မဲ့သွားမှာမျိုးကိုလဲ ဘတ်ဟျွန်း မလိုချင်ဘူး။ တကယ် အဲ့ဒီမျက်ဝနိးညိုတွေဆိုရင်လဲ သူရင်ဆိုင်ဖို့ မုန်းပစ်ဖို့တွေ ကြိုတင် မပြင်ဆင်ရသေးဘူး...
ဘတ်ဟျွန်း အံတွေ ကြိတ်ထားရလို့ ကျိခနဲ ကျခနဲ အသံတွေတောင် ထွက်ကာ အံတွေပင် နာလာနေပြီ။
ပုခုံးပေါ် ထိတွေ့လာတဲ့ လက်ဖဝါးနွေးနွေး
ဒီအနွေးဓာတ် ဒီအသံ
ပြီးတော့ ဒီအနံ့အသက်
တကယ်ပဲ ထိုသူဟာ
ဘတ်ဟျွန်းအတွေးမဆုံးခင် ဆွဲလှည့်ခံလိုက်ရမှုမှာ ဘတ်ဟျွန်းကိုယ်လေး ချာခနဲ...
"ဟျွန်းနီးးး..."
ဘတ်ဟျွန်း မျက်ဝန်းအိမ်တွေ အစမတန်ကျယ်ဝန်းသွားမှုနဲ္အတူ
ထိုသူ့မျက်ဝန်းညိုတွေမှာတော့ စိုစွတ်လျှက်
နှုတ်ခမ်းက နွေးထွေးသံနဲ့အတူ စိုစွတ်မျက်ဝန်းတွေ ရဲရဲနီလျှက်
"နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ" တဲ့...
#Heki
Happy birthday Exo L တို့ရေ
နောက်ကျသွားပေမယ့် ဂုဏ်ပြုပါတယ်..
တကယ်ဆို မနေ့က Update မလို့ကို နေမကောင်းတာရော အာရုံကြောနာတာရော ရောပြီးမထနိုင်တော့လို့..
မီရန်းးး
Continuer la Lecture
Vous Aimerez Aussi
309K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
864K 40.1K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
23.9K 1.1K 18
တော်ဝင်မျိုးနွယ်နဲ့သာမာန်လူလတ်တန်းစားလေးတို့ရဲ့အချစ်အကြောင်းပါ.. ကတိတစ်ခုနဲ့စခဲ့တဲ့သူတို့ရဲ့ချစ်ခရီးလမ်းကိုသာသာကစိတ် ကူးပုံဖော်ထားတာမို့လို့သည်းခံပြီ...
573K 12.8K 40
In wich a one night stand turns out to be a lot more than that.