ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူ...
Por suukhant
795K 55.3K 3.8K
ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန... Más
Part- 1
Part- 2
Part-3 💛
Part- 4💛
Part- 5
Part- 6💛
Part- 7💛
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part-13
Part- 14
Part-16
Part-17
Part-18
Part-19
Part- 20
Part- 21
Part-22
Part- 23
Part-24
Part- 25
Part- 26
Part- 27
Part- 28
Part- 29
Part- 30
Final Part
Special part- 1
Special part- 2 (Unicode)
Special part- 2 (Zawgyi)
Part- 15
22.4K 1.7K 87
Por suukhant
"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"
Part- 15
For unicode
"‌ရှောင်းကျန့် မင်းဟိုတစ်ယောက်ကိုမှတ်မိသေးလား"
"ဘယ်သူလဲ"
ရှောင်းကျန့်ကနေ့လည်စာစားရင်းရိရန်ကိုခေါင်းမော့ကာမေးလိုက်၏။
"မင်းတရားစွဲလို့ထောင်ကျသွားတဲ့တစ်ယောက်လေကွာ"
"သူလွတ်ပြီလား"
"လွတ်ပြီ ဒါပေမယ့်အခုပြန်ပြီးထောင်ကျသွားပြန်ပြီ"
"ဟင် ဘာလို့.."
ရှောင်းကျန့်ကစိတ်ဝင်တစားဖြစ်သွားပြီးစားလက်စတောင်ရပ်သွားကာမေးလာ၏။ ရိရန်ကရေတစ်ကျိတ်သောက်လိုက်ပြီးဆက်ပြောတယ်။
"ဒီတစ်ခါလည်းအရင်အမှုနဲ့ခပ်ဆင်ဆင်ကွ
ဒါပေမယ့်ဒီတစ်ခါတော့သူကခါးခါးသီးသီးကိုငြင်းဆန်နေတာ
မင်းစဉ်းစားကြည့်လေကွာ ထောင်ကလွတ်လာတာဘယ်လောက်မှမကြာသေးဘဲနဲ့ထပ်ပြီးကျူးလွန်ပါ့မလား
ဒီတစ်ခါတော့သူစွပ်စွဲခံရတာလို့ပြောနေတယ်
ဒီတစ်ခါထောင်ကျရင်သူ့ဘဝတော့သွားပြီလေကွာ"
ရှောင်းကျန့်ကနည်းနည်းတွေးတွေးဆဆဖြစ်သွားပြီးမှစိတ်မဝင်စားသလိုနေ့လည်စာကိုဆက်ပြီးစား၏။
"ကိုယ့်အပြစ်နဲ့ကိုယ်ဘဲလေ"
ဝမ်ဝမ့်ကိစ္စမှာကတည်းကရှောင်းကျန့်သူမကိုသိပ်မုန်းသည်။ ထောင်တစ်နှစ်ကျပြီးအယူခံနဲ့ပြန်လွတ်လာတဲ့ပုံပင်။ အခုထောင်ထပ်ကျရင်သူမဘာနဲ့လုပ်ကိုင်စားတော့မှာလဲ..။ ကလေးသူငယ်အကြမ်းဖက်တဲ့လူကိုရောဘယ်သူကစေတနာရှိကြတော့မှာလဲ။ ဒါတွေကသူနဲ့မှမဆိုင်တာ။ ကိုယ်လုပ်တဲ့အကျိုးကိုကိုယ်ခံစားရမှာဘဲ...။
"အားကျန့် အားကျန့်!"
"ကျဲဘာဖြစ်လာတာလဲ အမောတကောနဲ့!"
ကျဲကအမောတကောပြေးလာပြီးရှေ့ကခုံမှာဝင်ထိုင်ကာရေတကျိတ်မော့သောက်ပစ်၏။
"နင်သတင်းတွေ့ပြီးပြီလား"
"ဘာသတင်းလဲ ကျွန်တော်အလုပ်ရှုပ်နေလို့weiboပေါ်တောင်မတက်ဖြစ်သေးဘူး"
"မနေ့ကနင့်ယောက်ျားအိမ်ပြန်အိပ်လား"
"မအိပ်ဘူးလေ သူငယ်ချင်းတွေနဲ့ဆုံတုန်းဟိုတယ်မှာဘဲအိပ်လိုက်တာတဲ့
ဘာဖြစ်လို့လဲကျဲ"
"လိုင်းပေါ်သာတက်ကြည့်တော့
Hot search 10ထဲမှာနင့်ယောက်ျားသတင်းတက်နေတယ်"
ရှောင်းကျန့်ကမြန်မြန်ဘဲလိုင်းဖွင့်ပြီးweiboထဲဝင်ကြည့်လိုက်၏။ hot search 10ထဲမှာရှောင်းပိုင်နဲ့ဝမ်ရိပေါ်တွဲပြီးhotelထဲဝင်သွားတဲ့ပုံကိုတိတိကျကျဖော်ပြထားသည်။ 'ရှောင်းပိုင်ရဲ့စပွန်ဆာ''ဝမ်ရိပေါ်နဲ့ရှောင်းပိုင်တွဲနေတာလား'ဆိုတဲ့ခေါင်းစဉ်တွေနဲ့လူကြိုက်များအောင်အမျိုးမျိုးရေးသားထားကြသည်။ ရှောင်းပိုင်ကဘယ်လောက်ဘဲmaskတပ်ထားတယ်ဆိုဆိုရှောင်းပိုင်ကိုမီဒီယာကအလွယ်တကူမှတ်မိနိုင်သည်။
ပြီးတော့ဝမ်ရိပေါ်ကရော..။ သူငယ်ချင်းတွေနဲ့သောက်နေတယ်ဆိုပြီးဘာလို့ရှောင်းပိုင်နဲ့နှစ်ယောက်တည်းဟိုတယ်ကိုရောက်သွားကြတာလဲ..။ သူကပိန်းလို့၊လိမ်လို့ကောင်းတယ်ဆိုပြီးသူ့ကိုကစားနေတာလား။ ရှောင်းကျန့်ကcmtတွေဖတ်ရင်းဖတ်ရင်းမျက်နှာကပျက်သထက်ပျက်လာခဲ့သည်။
"ရှောင်းပိုင်ကို'ငါတို့သူငယ်ချင်း'ဇာတ်ကားမှာကတည်းကသဘောကျခဲ့တာ
သူကဖြတ်လျှောက်လေးဆိုပေမယ့်ချစ်ဖို့ကောင်းလွန်းတယ်လေ
ဒါပေမယ့်သူ့ကိုရင်နာနာနဲ့ဘဲစွန့်လွှတ်ရတော့မယ်
ဉက္ကဌဝမ်ကအကောင်းဆုံးဘဲလေ"
"ငါက'ရင်ခုန်သံအရင်းနှီးဆုံး'ကတတိယဇာတ်ပို့နှစ်ယောက်ကိုshipနေတာလေ
အခုတော့ငါတို့ စုန့်ရှောင်းcpကသွားပြီတဲ့လား ဝူးဝူး"
"ဝမ်ရိပေါ်က suger daddyကြီး
ရှောင်းပိုင်ကအလှလေး ငါတော့fictionရေးပြီဟယ်"
ရှောင်းကျန့်ကlikeတွေအများကြီးရထားတဲ့cmtတွေကိုဖတ်ရင်းဖတ်ရင်းစိတ်ကသိသိသာသာကိုထိုးကျသွားခဲ့တယ်။ ရင်ထဲမှာဆို့နေလို့ဘာပြောရမယ်မှန်းမသိတော့ဘူး။ ရှောင်းပိုင်ကသူ့ကိုပြောခဲ့သလိုလုပ်လိုက်ပြီလား။ ဝမ်ရိပေါ်လည်းမနေ့ညကတည်းကဖုန်းဆက်လို့မရဘဲမနက်ထိပျောက်နေခဲ့တယ်။ သူအလုပ်သွားမယ့်အချိန်ကျမှပြန်ရောက်လာပြီး ရေချိုးမနက်စာစားပြီးအလုပ်ကိုပြန်သွားခဲ့သည်။ မေးတော့လည်းမူးပြီးဟိုတယ်မှာဘဲအိပ်လိုက်တာတဲ့...။
"အားကျန့်အဆင်ပြေရဲ့လား"
"ကျွန်တော်.ကျွန်တော်.."
"ဒီနေ့ခွင့်ယူပြီးနားလိုက်တော့.."
"ငါမင်းဂျူတီကိုအစားထိုးဆင်းပေးထားမယ်"
"ရတယ် ရိပေါ်ငါ့ကိုအဲ့လိုမလုပ်လောက်ပါဘူး"
ရှောင်းကျန့်ကကျဲနဲ့ရိရန်ကိုအားနာလို့ကိုယ့်ဂျူတီချိန်ကိုပြီးအောင်ဆင်းလိုက်၏။ ကျဲနဲ့ရိရန်မှာလဲကိုယ်ပိုင်အားလပ်ချိန်ဆိုတာရှိသေးတယ်။ ရှောင်းကျန့်ကခံစားချက်တွေကိုထိန်းချုပ်တတ်ခဲ့တာအခုမှမဟုတ်တာ။ နည်းနည်းစိတ်ပြန့်သွားတာတွေရှိပေမယ့်သူ့အလုပ်ကိုတော့ပြီးအောင်လုပ်နိုင်ခဲ့၏။
ရိပေါ်နဲ့သူလက်ထပ်ထားတာကိုသူ့အပေါင်းအသင်းတွေနဲ့ရိပေါ်ဆွေမျိုးနည်းနည်းကလွဲလို့ဘယ်သူမှမသိကြဘူး။ ရိပေါ်နဲ့သူအတူတွဲပြီးလည်းဘာပွဲမှမတက်ဖူးသေးဘူး။ စာချုပ်ပေါ်ကလက်မှတ်တစ်ခုနဲ့ဒီလက်ထပ်လက်စွပ်ကသာသူတို့နှစ်ယောက်ရဲ့လက်ထပ်ခြင်းသက်သေ။
ရှောင်းကျန့်က ပစ္စည်းတွေကိုသိမ်းလိုက်ပြီးဒါရိုက်တာခေါ်ထားလို့သွားလိုက်၏။ ဒါရိုက်တာဆီမှာလည်းနည်းနည်းအဆူခံလာရတယ်။ရှောင်းကျန့်ကအလုပ်ဆင်းတာနဲ့ဝမ်ဝမ့်ကိုသွားကြို၏။ သားကသူ့နည်းနည်းနောက်ကျသွားလို့ဆရာမလက်ထဲမှာငိုမဲ့မဲ့လေးဖြစ်နေပြီ။
"ပါးဘာလို့နောက်ကျတာလဲလို့ ဟင့်"
"ပါးတောင်းပန်ပါတယ်ကွာ"
ရှောင်းကျန့်ကဝမ်ဝမ့်ကိုပွေ့ချီလိုက်ကာကျောလေးကိုပွတ်သပ်ပြီးချော့မြူလိုက်၏။ သူလည်းနည်းနည်းအမှားလုပ်မိလို့နည်းနည်းအဆူခံလာရတယ်လေ။ ကလေးကသူလာမယ့်လမ်းကိုဘယ်လောက်တောင်မျှော်နေလိုက်မလဲ။
"ဝမ်ဝမ့်ပါးပါးလည်းရောက်ပြီဆိုတော့ကျွန်မလည်းသွားတော့မယ်"
"ကျေးဇူးပါနော်ဆရာမ"
"ကျွန်မလုပ်ရမယ့်တာဝန်ပါရှင်
ဝမ်ဝမ် ဆရာမသွားပြီနော်"
"ဟုတ်"
ဝမ်ဝမ့်ဆရာမထွက်သွားတာနဲ့ရှောင်းကျန့်ကဝမ်ဝမ့်ကိုစချော့လိုက်၏။
"ညကျရင်ဝမ်ဝမ်ကြိုက်တာချက်ကျွေးမယ်နော်"
"နောက်အကျနဲ့ ဟင့်"
"ပါးနောက်တစ်ခါနောက်မကျစေရပါဘူး
တိတ်တော့နော်"
"ဝမ်ကအိမ်ပြန်ချင်နေပီ ပါးကအရောက်သေးဘူး"
"ပါးမကောင်းတာပါ"
ရှောင်းကျန့်ကတစ်လမ်းလုံးသားဖြစ်သူကိုချော့လာရပြီးနောက်ဆုံးမှဝမ်ဝမ်ကစိတ်ပြေသွားပြီးသီချင်းလေးတောင်ညည်းလာ၏။ ရှောင်းကျန့်ကိုကသူနဲ့ပတ်သတ်တဲ့လူတွေကိုအလိုလိုက်ပေးရမယ့်ကံပါတယ်ထင်တယ်။ သားဖနှစ်ယောက်လုံးကအချော့ကြိုက်တာချင်းတူတယ်။ သူကိုတော့ဘယ်သူကမှစိတ်ရှည်လက်ရှည်နဲ့မချော့ပေးဖူးကြဘူး။ လူတိုင်းကမွေးကတည်းကကိုယ့်ကုသိုလ်နဲ့ကိုယ်မွေးလာကြတာပါဘဲလေ..
"ဆူရှီစားမှာနော်"
"အွန့်"
"ကိုယ့်လွတ်အိတ်ကိုထားနေကျနေရာသွားထား
ပါးပါးရေချိုးပေးဖို့လာခဲ့မယ်"
ဝမ်ဝမ်ကဆံပင်တွေခါတဲ့အထိခုန်ဆွခုန်ဆွလုပ်ကာပြေးထွက်သွား၏။ ရှောင်းကျန့်ကအဝတ်တောင်းထဲမှာမနက်ကဝမ်ရိပေါ်ချွတ်ခဲ့တဲ့အကျီကိုကောက်ယူလိုက်၏။ အနက်ရောင်ရှပ်အကျီလက်ရှည်က‌တွန့်ကြေနေကာရိပေါ်သုံးတဲ့ရေမွှေးနံ့မဟုတ်ဘဲတခြားရေမွှေးနံ့တစ်ခုပါကပ်ပါလာ၏။
ဒီနေ့တက်လာတဲ့သတင်းကအမှန်ထင်တယ်။ ရိပေါ်အကျီမှာရှောင်းပိုင်ရေမွှေးနံ့ကပ်ပါလာတယ်။ ရှောင်းကျန့်ကလက်ကအကျီကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းမူးဝေလာလို့ကုတင်ပေါ်မှာခဏထိုင်လိုက်၏။
"ပါးပါး ဝမ်ဝမ်ပီးပီ ဟီးဟိ"
ဝမ်ဝမ်ကအဝတ်တွေကိုသူ့ဘာသူချွတ်ခဲ့ပုံရပြီးကိုယ်လုံးတီးလေးနဲ့ဘဲသူ့ဆီကိုပြေးလာတယ်။ အခန်းထဲမှာလည်းသူ့ဒက်ဒီလိုဘဲအဝတ်အစားတွေကိုဖြစ်သလိုဝဲထားခဲ့ပြီထင်တယ်။ မူးတာတွေနည်းနည်းသက်သာသွားတော့ရှောင်းကျန့်ကပြုံးကာဝမ်ဝမ်ကိုကောက်ချီလိုက်တယ်။
"ကောင်မလေးတွေရှေ့မှာကိုယ်တုံးလုံးနဲ့မနေရဘူးနော်"
"ဘာလို့ယဲ.."
"ဘာလို့လဲဆိုတော့ကောင်မလေးတွေရှက်သွားကြစိုးလို့.."
"ပါး အလုပ်နဲ့ ဟိဟီး
အလုပ်နဲ့ဆို"
"လုပ်မှာဘဲ လုပ်မှာဘဲ"
ရှောင်းကျန့်ကကလိထိုးတော့ဝမ်ဝမ်ကခေါင်းကိုလှန်ချပစ်ကာကော့ပြန်တဲ့အထိရယ်တယ်။ ရှောင်းကျန့်ကသားကိုရေချိုးပေးပြီးတော့ကလေးခေါင်းကိုသုတ်နေတုန်းဖုန်းတစ်ကောလ်ဝင်လာခဲ့၏။ ရှောင်းကျန့်ကscreenထက်ကနာမည်ကိုမြင်ပြီးလျစ်လျူရှုထားကာဘယ်လောက်ဘဲခေါ်ခေါ်မကိုင်တော့။ ဖုန်းကတော့သနားစရာကောင်းစွာသူ့အလုပ်သူလုပ်နေရှာသည်။
တစ်ဖက်ကဝမ်ရိပေါ်လည်းရှောင်းကျန့်ကဖုန်းမကိုင်တော့ဒေါသတွေကိုလက်အောက်ငယ်သားတွေဆီမှာဘဲပုံချနေမိသည်။ ရှောင်းကျန့်ဖုန်းမကိုင်တာကဝမ်ရိပေါ်ကိုနည်းနည်းကဏာမငြိမ်ဖြစ်စေတယ်။ ဒီနေ့hsတက်လာတဲ့သတင်းကိုရှောင်းကျန့်တွေ့သွားလောက်ပြီနေမှာ..။ ဒါပေမယ့်သူကဘာအမှားလုပ်မိလို့အခုလိုအပြစ်ရှိတဲ့ခံစားချက်ကိုခံစားနေရတာလဲ။
ဒီအတိုင်းသူငယ်ချင်းတွေနဲ့သွားသောက်ရုံဘဲလေ။ မိဒီယာတွေကအခြေအမြစ်မရှိလျှောက်ရေးနေတာကိုလည်းယုံတာဘဲလား။ ကျစ်..ဘာလို့ဖုန်းမကိုင်ရတာလဲကွာ။ ဖုန်းကိုင်ရင်ရောသူကဘာ‌ကိုရှင်းပြရမှာလဲ။ သူငယ်ချင်းတွေနဲ့သွားသောက်တာပါဆို..။ ရှောင်းပိုင်နဲ့သူကဘာမှမဆိုင်တော့တာကိုပြောပြီးသားမဟုတ်လား။
"အခုထိhsကမကျသေးဘူးလား"
"သူဌေးခဏလောက်အချိန်ပေးပါဦး ကျွန်တော်တို့weiboကတာဝန်ရှိသူတွေနဲ့ဆက်သွယ်နေပါတယ်"
"ငါ့ကိုဘယ်လောက်တောင်စောင့်စေချင်နေတာလဲ"
"အချိန်ခဏလောက်ဘဲပေးပါဗျာ"
ဝမ်ရိပေါ်ရဲ့ဖိနှိပ်မှုအောက်မှာဝန်ထမ်းတွေကပြာယာခပ်နေပြီး၊တစ်ချို့ဆိုလည်းအလုပ်ရှုပ်ချင်ယောင်တောင်ဆောင်နေကြသည်။ ဝမ်ရိပေါ်ကစိတ်ရှုပ်ရှုပ်နဲ့ဘဲဖုန်းမကိုင်တဲ့လူဆီကိုwe chatကနေစာပို့လိုက်၏။
"အထင်မလွဲနဲ့"
ဒါသိပ်မကောင်းသေးဘူး။ ရှောင်းကျန့်seenမပြဘူး။ ဝမ်ရိပေါ်ကထပ်ပြီးစာရိုက်လိုက်၏။
"မနေ့ကတကယ်ဘဲသူငယ်ချင်းတွေနဲ့သွားသောက်တာ
သူပါမယ်လို့တကယ်မသိဘူး"
သူကဘာအမှားမှမလုပ်ဘဲဘာလို့ရှောင်းကျန့်ကိုရှင်းပြနေရတာလဲ။ တကယ်ဆိုရှောင်းကျန့်ကနားလည်မှုရှိသင့်တာမဟုတ်လား။ နောက်ဆုံးweiboကတာဝန်ရှိသူတွေနဲ့ဆက်သွယ်လို့ရသွားပြီးသူ့သတင်းတွေအကုန်ရှာလို့မရအောင်ပျောက်သွားခဲ့သည်။ သတင်းတွေအကုန်ရှင်းပြီးမှ‌ဝမ်ရိပေါ်ကအိမ်ပြန်လာခဲ့တော့တစ်အိမ်လုံးတိတ်ဆိတ်နေသည်။
အချိန်က၉နာရီလောက်တော့ရှိပြီ။ အရင်ဆိုရှောင်းကျန့်ကဆိုဖာခုံမှာထိုင်ပြီးစာဖတ်ရင်ဖတ်၊မဟုတ်ရင်TVကြည့်နေတတ်တာမဟုတ်လား။ ဟိုကောင်‌စုတ်လေးရောအိပ်သွားပြီလား။ တိတ်ဆိတ်နေတာဘဲ..
‌ရိပေါ်အခန်းထဲဝင်လာတော့ထင်ထားသလိုအခန်းထဲမှာရှောင်းကျန့်မရှိ။ ရိပေါ်လည်းတစ်နေ့လုံးအရမ်းစိတ်ပင်ပန်းနေတာကြောင့်ရေချိုးကာအဝတ်အစားအရင်လဲလိုက်၏။ ရှောင်းကျန့်ကတစ်ခါမှဒီလိုစိတ်မဆိုးဖူးတော့ရိပေါ်ဘာလုပ်ရမယ်မှန်းမသိတော့။ ‌ဒီလိုဖြစ်လာမယ်မှန်းသိရင်မနေ့ညကဟိုကောင်တွေနဲ့သွားမတွေ့ခဲ့ပါဘူး။
ရှောင်းကျန့်ကဝမ်ဝမ်ကိုသိပ်ပြီးရင်ပြန်လာမယ်အထင်နဲ့ရိပေါ်ကကုတင်ပေါ်မှာလှဲပြီးရှောင်းကျန့်ကိုစောင့်နေသေးတယ်။ ဒါပေမယ့်၁၀နာရီထိုးဖို့၁၅မိနစ်လိုတဲ့အထိတောင်ရှောင်းကျန့်ရောက်မလာသေးတော့ရိပေါ်မှာဟိုဘက်အခန်းထဲကိုထလိုက်လာရတယ်။
ဝမ်ဝမ့်အခန်းထဲမှာတော့ဝမ်ဝမ်ကရှောင်းကျန့်ကိုယ်ပေါ်ခြေထောက်လေးတင်ပြီးအိပ်ပျော်နေတယ်။ ရိပေါ်က‌ဝမ်ဝမ့်ခြေထောက်လေးကိုချပေးလိုက်ပြီးစောင်ပါလုံအောင်ခြုံပေးလိုက်၏။ ပြီးမှရှောင်းကျန့်တစ်ကိုယ်လုံးကိုကောက်ပွေ့လိုက်ပြီးသူတို့အိပ်ခန်းဆီပြန်သယ်လာခဲ့၏။
ရိပေါ်ကအိပ်ချင်ယောင်ဆောင်နေသူကိုကုတင်‌ပေါ်အသာချလိုက်ပြီးသူပါအပေါ်ကအုပ်မိုးလိုက်တယ်။ ခင်များတကယ်စိတ်ဆိုးနေတာဘဲ။ ခက်တာကခင်များမကြိုက်အောင်ကျုပ်ဘာမှမလုပ်ထားဘူးလေ။ သဝန်တိုနေရင်ခင်များဘဲမောလိမ့်မယ်။ သွေးသားဆန္ဒတွေကခင်များနဲ့ကျမှဖြစ်တည်လာတာ..။ ခင်များကြောင့်ဘဲ..
ရိပေါ်ကအိပ်နေသူရဲ့နှဖူးလေးကိုငုံ့နမ်းလိုက်တယ်။ ပြီးမှမျက်ခွံလေး၊ပါးလေး၊နှာတံလေးကိုတစ်ရွေ့ရွေ့ဆက်နမ်းလာခဲ့တယ်။ နှာခမ်းလေးကိုတော့အကြာကြီးဖိကပ်နမ်းလိုက်ပြီးနှာခမ်းထောင့်ကမှဲ့နက်လေးကိုပါနှာခေါင်းနစ်ဝင်သွားတဲ့အထိဖိကပ်နမ်းပစ်၏။
မျက်နှာတစ်ခုလုံးကိုနမ်းလို့ဝသွားတော့ရိပေါ်ကအောက်ဘက်ကိုလျှောဆင်းလာတယ်။ ရှောင်းကျန့်လည်ပင်းလေးကိုလျှာနဲ့လျက်လိုက်ပြီးသွားလေးကိုသုံးကာအသာလေးကိုက်လိုက်၏။ body lotion ကြောင့်နည်းနည်းတော့ခါးတယ်။ ဒါပေမယ့်မွှေးနေတာဘဲ။
"အင့် မလုပ်နဲ့တော့"
ရိပေါ်ကသူပြောတာဂရုမစိုက်ဘဲရှောင်းကျန့်ညဝတ်အကျီပွပွကိုရင်ဘက်ပေါ်တဲ့အထိလိပ်တင်ပစ်တယ်။ ရှောင်းကျန့်ကအတင်မခံလိုဘဲသူ့အကျီသူပြန်ဆွဲချတယ်။ ခန္ဓာကိုယ်ကတွန့်လိမ်နေပေမယ့်ရိပေါ်ဖိထားလို့သိပ်ရုန်းမရဘူး။ ရိပေါ်ကလျှာထုတ်ကာရှောင်းကျန့်ရင်ဘက်ကအသီးနှစ်ခုကိုဘယ်ပြန်ညာပြန်လျက်ပစ်တယ်။ ‌ပြီးတော့ဘယ်ဘက်နို့လေးကိုခဲပြီးတစ်ဖက်လက်ကညာဘက်နို့လေးကိုပွတ်ချေထားတယ်။
"အင့် ဟင့် ရိပေါ်မလုပ်နဲ့!
မလုပ်နဲ့လို့"
ရှောင်းကျန့်ကလက်နဲ့ရိပေါ်ခေါင်းကိုဆွဲခွာပစ်ပြီးသူ့ညဝတ်အကျီကိုလုံအောင်ပြန်ဆွဲချပစ်တယ်။ ရိပေါ်ကရှောင်းကျန့်ကိုခွင့်တောင်းသလိုကြည့်လိုက်ပြီးရှောင်းကျန့် ကျီပွပွအောက်ထဲသူ့ခေါင်းဝင်ပစ်ကာအကျီအောက်ကဘဲဆက်စို့တယ်။ ဒါဆိုရှောင်းကျန့်အကျီကိုဆွဲချပစ်လို့မရတော့ဘူး။
ဒါပေမယ့်ရှောင်းကျန့်ရှိုက်သံကတစတစကျယ်လောင်လာကာတုန်ရီလာတာကြောင့်ရိပေါ်ကအကျီအောက်ကသူ့ခေါင်းကိုထုတ်ကာရှောင်းကျန့်ကိုမော့ကြည့်လာ၏။ ရှောင်းကျန့်ကသူ့လက်သူကိုက်ထားပြီးမျက်နှာမှာမျက်ရည်တွေနဲ့ပေပွနေတယ်။
ရိပေါ်ကခြေမကိုင်လက်မကိုင်မိဖြစ်သွားကာဘယ်လိုချော့ရမလဲမသိတော့။ သူကဘယ်သူ့ကိုမှစမချော့ဖူးဘူး။ ဟိုဝမ်ဝမ်လေးကလွဲလို့။
"ကျွန်တော် ကျွန်တော်.."
"လုပ်ချင်ရင်တခြားတစ်ယောက်ဆီသွား..
ဒီနေ့ငါစိတ်မပါဘူး"
"ဘာ! ကျုပ်ကဘယ်သူနဲ့လုပ်ချင်ရမှာလဲ
ခင်များမို့လို့ တောက်!"
"ဟင့် ဟီး"
ရှောင်းကျန့်ကရိပေါ်ကိုကျောခိုင်းပစ်ကာတစ်ကိုယ်လုံးတုန်ရီနေတယ်။ သူလည်းခံစားတတ်တယ် ဝမ်းနည်းတတ်တယ်။
"ဟယ်လို ဟောက်ရွှမ်း
ဒီနေ့သတင်းနဲ့ပတ်သတ်ပြီးရှောင်းကျန့်ငိုနေလို့
မင်းရှင်းပြပေးပါဦးကွာ"
ရိပေါ်ကသူရှင်းပြလည်းရှောင်းကျန့်နားထောင်မှာမဟုတ်တာကြောင့်ဟောက်ရွှမ်းဆီဘဲဆက်သွယ်လိုက်ရ၏။ မဟုတ်ရင်ဒီစိတ်နဲ့အိပ်ပျော်မှာမဟုတ်တော့ဘူး။ အိမ်မှာညစာကောင်းရဲ့သားနဲ့အပြင်မှာဘာလို့ထွက်စားရမှာလဲ။ ကိုယ့်အကြိုက်ဆုံးညစာကအိမ်မှာရှိနေတာကို..။
"ရော့ ဟောက်ရွှမ်းဆီက
သူပြောတာနားထောင်ပြီးမှကျွန်တော့်ကိုကြိုက်သလိုလုပ်"
ဒီတစ်ခါတော့ရှောင်းကျန့်ကဖုန်းကိုလှမ်းယူပြီးဟောက်ရွမ်းနဲ့ပြောနေတယ်။
"အင်း ဟောက်ရွှမ်း"
"....."
"သူ့ဆီကရှောင်းပိုင်ရေမွှေးနံ့ရတယ်"
ဝမ်ရိပေါ်ကသူ့ကိုယ်သူသတိတောင်မထားမိပါ။ ရှောင်းကျန့်ကသူနဲ့ပတ်သတ်ရင်အကုန်အလေးထားတာကိုသိရတော့ရင်ထဲမှာကျေနပ်ရတယ်။ သူ့အပေါ်သဝန်တိုလို့လည်းနည်းနည်းကျေနပ်မိသလိုဘဲ။
"တကယ်လား"
"........"
"ကောင်းပြီ နောက်တစ်ခါသူ့ကိုသောက်ဖို့မခေါ်နဲ့
သောက်ချင်ရင်အိမ်မှာပြင်ဆင်ပေးမယ်"
"....."
"အင်းပါ ကျေးဇူးပါဟောက်ရွှမ်း"
ဖုန်းပြောပြီးသွားတော့ရှောင်းကျန့်ကရှက်ဝဲဝဲလေးနဲ့ဖုန်းပြန်ပေးလာတယ်။
"ဟောက်ရွှမ်းပြောလို့သိပြီးပြီ"
"ဒီတော့ကျွန်တော်ကလုပ်ချင်ရင်တစ်ခြားတစ်ယောက်ဆီကိုသွားရဦးမှာလား"
"ဟင့်အင်း ဟင့်အင်း
မသွားရပါဘူး အခုနတုန်းကစိတ်ဆိုးတုန်းမို့!"
ရှောင်းကျန့်ကထလာပြီးရိပေါ်ရင်ခွင်ထဲတိုးဝင်ကာချွဲချွဲလေးဆိုသည်။
"Weibo ကသတင်းတွေအကုန်ဖျက်လိုက်ပြီ"
"ဟင်"
"မယုံရင်ကြည့်လိုက်"
ရှောင်းကျန့်ကဖုန်းကိုလှမ်းယူကာဖွင့်လိုက်တော့missed call‌တွေနဲ့နီရဲနေသည်။ ရိပေါ်ကသူ့ကိုအကြိမ်၅၀ကျော်ကြီးများတောင်ဖုန်းခေါ်ထားတယ်။ ရှောင်းကျန့်ကနှာခမ်းလေးကိုစူလိုက်ကာရိပေါ်ရင်ဘက်ပေါ်မှာတစ်ကိုယ်လုံးကိုမှီထားလိုက်၏။ အခုနတုန်းကhsကလည်းဘယ်ရောက်လို့ရောက်သွားမှန်းမသိတော့။
ရှောင်းကျန့်ကကျေနပ်သွားကာဖုန်းကိုပြန်ချထားလိုက်၏။
"နောက်သောက်ချင်ရင်အိမ်မှာဘဲသောက်တော့!"
"နောက်သောက်မှာထက်အခုထိကျွန်တော်ညစာမစားရသေးဘူး"
"ဟင် မစားရသေးဘူးလား
ကိုယ်ပြင်ထားခဲ့တာမတွေ့ဘူးလား"
"ကျွန်တော်အဲ့ညစာကိုမစားချင်တော့ဘူး
ဒီညတော့ခင်များကိုဝအောင်စားပစ်မှာ!"
"အမေ့!"
ထိုအချိန်မှာကုတင်ပေါ်မှာရိပေါ်ကရှောင်းကျန့်ကိုအုပ်မိုးထားလိုက်ပြီဖြစ်သည်။
(5.8.22)
Happy birthday ပါငါ့အချစ်ရယ်
မင်းနေကောင်းကျန်းမာပြီးနေ့ရက်တိုင်းပျော်ရွှင်ချမ်းမြေ့ပါစေကွယ်
မင်းကိုနေ့ရက်တိုင်းချစ်နေရတာလည်းပျော်ရွှင်မှုတစ်ခုပါလားကွယ်
မင်းကြိုးစားတာထက်ထိုက်တန်တဲ့အောင်မြင်မှုတွေအများကြီးရရှိပါစေအချစ်ရယ်
......................
Part- 15
For zawgyi
"ဘယ်သူလဲ"
"သူလွတ်ပြီလား"
"ဟင် ဘာလို့.."
"အားကျန့် အားကျန့်!"
ဘာဖြစ်လို့လဲကျဲ"
"ကျွန်တော်.ကျွန်တော်.."
"ကျေးဇူးပါနော်ဆရာမ"
"ဟုတ်"
"နောက်အကျနဲ့ ဟင့်"
တိတ်တော့နော်"
"ပါးမကောင်းတာပါ"
"ဆူရှီစားမှာနော်"
"အွန့်"
"ဘာလို့ယဲ.."
"ပါး အလုပ်နဲ့ ဟိဟီး
အလုပ်နဲ့ဆို"
"လုပ်မှာဘဲ လုပ်မှာဘဲ"
"အထင်မလွဲနဲ့"
"အင့် မလုပ်နဲ့တော့"
မလုပ်နဲ့လို့"
"ကျွန်တော် ကျွန်တော်.."
ဒီနေ့ငါစိတ်မပါဘူး"
"ဟင့် ဟီး"
"ဟယ်လို ဟောက်ရွှမ်း
"ရော့ ဟောက်ရွှမ်းဆီက
"အင်း ဟောက်ရွှမ်း"
"....."
"တကယ်လား"
"........"
"....."
"ဟင့်အင်း ဟင့်အင်း
"ဟင်"
"မယုံရင်ကြည့်လိုက်"
"ဟင် မစားရသေးဘူးလား
"အမေ့!"
(5.8.22)
......................
Seguir leyendo
También te gustarán
1.1M 44.6K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1M 54.8K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
586K 13.1K 40
In wich a one night stand turns out to be a lot more than that.