ပြန်လိုချင်တယ် (Completed) OC

By Eaint_Shin_Sitt

1.3M 39.6K 2.6K

"မင်း အဲ့သလောက် တိုနှံ့နှံ့လေးတွေဝတ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပြရတာကြိုက်နေလား" "ကြိုက်တယ် ကျွန်မဟာကျွန်မကြိုက်လ... More

ခဏ
Part (1) Uni/Zawgyi
Part (2) Uni/Zawgyi
Part (3) Uni/Zawgyi
Part (4) Uni/Zawgyi
Part (5) Uni/Zawgyi
Part (7) Uni/Zawgyi
Part (8) Uni/Zawgyi
Part (9) Uni/Zawgyi
Part (10) Uni/Zawgyi
Part (11) Uni/Zawgyi
Part (12) Uni/Zawgyi
Part (13) Uni/Zawgyi
Part (14) Uni/Zawgyi
Part (15) Uni/Zawgyi
Part (16) Uni/Zawgyi
Part (17) Uni/Zawgyi
Part (18) Uni/Zawgyi
Part (19) Uni/Zawgyi
Part (20) Uni/Zawgyi
Part (21) Uni/Zawgyi
Part (22) Uni/Zawgyi
Part (23) Uni/Zawgyi
Part (24) Uni/Zawgyi
Part (25) Uni/Zawgyi
Part (26) Uni/Zawgyi
Part (27) Uni/Zawgyi
Part (28) Uni/Zawgyi
Part (29) Uni/Zawgyi
Part (30) Uni/Zawgyi
Part (31) Uni/Zawgyi
Part (32) Uni/Zawgyi
Part (33) Uni/Zawgyi
Part (34) Uni/Zawgyi
Part (35) Uni/Zawgyi
Part (36) Uni/Zawgyi
Part (37) Uni/Zawgyi
Part (38) Uni/Zawgyi
Part (39) Uni/Zawgyi
Part (40) Uni/Zawgyi
Part (41) Uni/Zawgyi
Part (42) Uni/Zawgyi
Part (43) Uni/Zawgyi
Part (44) Uni/Zawgyi
Part (45) Uni/Zawgyi
Part (46) Uni/Zawgyi
Part (47) Uni/Zawgyi
Part (48) Uni/Zawgyi
Part (49) Uni/Zawgyi
Final Part Uni/Zawgyi

Part (6) Uni/Zawgyi

25.8K 758 34
By Eaint_Shin_Sitt

ပြန်လိုချင်တယ်

အပိုင်း (6)

အလျား၄ပေ အမြင့်၆ပေ ရှိသောကိုယ်လုံးပေါ်မှန်ထဲမှာ ထင်ဟပ်နေသည့် မိမိကိုယ်ကိုသဘောကျစွာပြုံးကြည့်ရင်း အဖျားကလေးများလိပ်ထားသောဆံပင်ရှည်ကိုပုခုံးတစ်ဖက်တည်းပေါ်သို့စုချလိုက်သည်။ ထို့နောက် သူမဝတ်ထားတဲ့ နေဗီပြာရောင် ခန္ဓာကိုယ်နှင့်ကွက်တိဂါဝန်ကလေးဟာ ဒူးအထက်မှာရှိနေပြီး ဗိုက်နေရာမှာ ဘဲဥပုံစံ ၄လက်မလောက်အပေါက်ကလေးကနေမြင်နေရတဲ့သူမရဲ့ဗိုက်သားကလေးဟာ ဖွေးအုနေသည်။

သူမကိုယ်သူမမှန်ကြည့်လို့ဝတော့ အဆင်သင့်ထုတ်ထားတဲ့မွှေ့ယာပေါ်မှာတင်ထားသော သူမရဲ့Outfit နဲ့လိုက်ဖက်သည့်လက်ကိုင်အိတ်အပြာရောင်ကလေးအား သူမရဲ့တံတောင်ဆစ်မှာကောက်ချိတ်လိုက်ပြီး မွှေ့ယာဘေးမှာရှိသောမှန်စားပွဲပေါ်မှ သူမရဲ့ဖုန်းကိုလည်းကောက်ယူ၍လက်ကိုင်အိတ်ထဲထည့်လိုက်ရင်း သူမဆိုင်ကိုသွားဖို့ပစ္စည်းမစုံသေးတာကိုသတိရမိသည်။ ဟုတ်သည်။ သူမ ကားသော့ကိုရှာနေသည်။ မနေ့ညကဖုန်းနဲ့အတူဒီစားပွဲပေါ်သို့တင်ထားလိုက်တာသေချာသည်။

ခင်သက် သွားခါနီးမှ ကားသော့ရှာမတွေ့သဖြင့် ခေါင်းအုံးတွေစောင်တွေလည်းလှန်လောရှာကြည့်နေစဥ်

"ဒါရှာနေတာလား"

သူမတို့ရဲ့အိပ်ခန်းအပေါက်ဝသို့​ရောက်လာပြီး တံခါးကိုပုခုံးတစ်ဖက်ဖြင့်မှီထားလျှက် သူ့လက်ညှိုးမှာလည်း ခင်သက်၏ကားသော့ကိုချိတ်ထားရင်း နေပိုင်ထွဋ်ရောက်လာသည်။

အညိုရောင်ခပ်ရင့်ရင့်Suit ကို ရှည်သောအရပ် ထွားသောခန္ဓာနှင့် လိုက်ဖက်စွာစမတ်ကျကျဝတ်ထားသော နေပိုင်ထွဋ်ကမျက်ခုံးတစ်ချက်ပင့်ပြီးလက်ညှိုးနဲ့ချိတ်ထားသောကားသော့လေးကိုတမင်သက်သက်လှုပ်ရမ်းပြနေသည်။

ခင်သက်လည်း အကြောင်းမရှိ သူမကားသော့ကိုယူထားသောနေပိုင်ထွဋ်အား စိတ်ပျက်စွာနဲ့ ကျစ်တစ်ချက်စုပ်သပ်ပြီး သူ့လက်ညှိုးမှာချိတ်ထားသောသူမရဲ့ကားသော့ကိုသွားဖြုတ်ယူဖို့ကြိုးစားသည်။

"ပြန်ပေး!"

နေပိုင်ထွဋ်ကတော့ ကားသော့ကိုင်ထားသည့်လက်ကို သူ့အရပ်ကြီးကိုမှအားမနာဟိုးအပေါ်သို့မြှောက်ထားလိုက်သောကြောင့် ၄လက်မ ဒေါက်ဖိနပ်စီးလျှင်မှ နေပိုင်ထွဋ်ရဲ့ခေါင်းကိုမှီရုံလောက်သာရှိတဲ့ခင်သက်သည် ခြေတုံးလုံးနဲ့ဖြေလေရာ ဘယ်ပင်ခြေဖျားထောက်ပြီးယူပါစေမှီနိုင်စရာအကြောင်းမရှိ။

"ကျစ်...ကိုနေပိုင်ထွဋ် ကျွန်မအချိန်မရှိဘူး ပြန်ပေး"

"နားထောင်....ဒီနေ့ညနေ အဘိုးအိမ်မှာ မိသားစုDinner စီစဥ်ခိုင်းထားတယ်"

"ဘာ? ရှင့်ကိုမနေ့ညကတည်းကမလိုက်နိုင်ဘူးလို့အပြတ်ပြောထားခဲ့တယ်လေ "

ခင်သက် မနက်အလုပ်သွားခါနီးမှပြဿနာလာရှာနေသောနေပိုင်ထွဋ်ကို တကယ်ကိုစိတ်ပျက်နေမိသည်။

"မလိုက်လို့မရဘူး ငါကရအောင်ခေါ်သွားမှာ မင်း ဆိုင်ကိုလည်းငါကိုယ်တိုင်လိုက်ပို့မှာ အပြန်လာကြိုမယ် အဘိုးဆီကိုတန်းသွားမယ် ငါလာမကြိုက်ခင်မင်းအလုပ်တွေအပြီးဖြတ်ထား"

"ရှင်...တရားမလွန်နဲ့နော် ဘာလို့ကျွန်မကိုရှင်က လိုက်ပို့ရမှာလဲ ကျွန်မအလုပ်ကျွန်မသွားချင်တဲ့ချိန်သွားမယ်ပြန်ချင်တဲ့ချိန်ပြန်မယ်! "

"ပြန်လေ... သွားလေ... မင်းရဲ့ကားကိုတော့ ငါသိမ်းတယ်!"

"တောက်!"

ခင်သက် ရုတ်တရက်ကြီးသူမရဲ့ကားကိုပါသိမ်းမယ်ဆည်းမယ်လုပ်နေတဲ့ နိုင့်ထက်စီးပိုးလုပ်နေသောခင်ပွန်းကို လက်ထဲကလက်ကိုင်အိတ်နဲ့ကောက်မရိုက်မိအောင် ဒေါသကိုအတော်ထိန်းထားရသည်။

နေပိုင်ထွဋ်လည်းသူ့ကိုမျက်လုံးဝိုင်းတွေကနေစူးစူးရဲရဲကြည့်ပြီးအောက်နှုတ်ခမ်းကိုဖိကိုက်ထားသောဇနီးသည်အားခပ်တည်တည်ပြန်ကြည့်ပြီး

"မင်းငါ့ကိုအဲ့သလိုကြည့်နေလို့ငါ့ဆီကနေကားသော့ပြန်ရမယ်မထင်နဲ့ အချိန်ကြာတယ်သွားမယ်!"

သူမကိုအထက်စီးကနေပြော၍ အိမ်ရှေ့ထွက်သွားသောသူ့နောက်သို့ ခင်သက်ခပ်စောင့်စောင့်လိုက်သွားရသည်။

အနက်ရောင်၄လက်မ ဒေါက်နဲ့လေဒီရှူးကို ချစီးပြီး အိမ်တံခါးကိုဒုန်းကနဲစောင့်ပိတ်လိုက်သောကြောင့်အရှေ့ကနေထွက်သွားနှင့်ပြီဖြစ်တဲ့နေပိုင်ထွဋ်ပင်လန့်ပြီးပြန်လှည့်ကြည့်လာသည်။

ခင်သက်ရဲ့ကားကိုတော့သူကအသုံးမဝင်တဲ့ကားတစ်စီးလို ကားသော့ကိုသူ့အိတ်ထောင်ထဲမှာထည့်သိမ်းထားပြီး ခင်သက်ကိုတော့အခု သူ့ရဲ့ Land Cruiser ကားကြီးနဲ့ ဆိုင်လိုက်ပို့တာဖြစ်သည်။ ကားထဲမှာလည်း ခင်သက်ကသာ ဒေါသထွက်လွန်းလို့မပေါက်ကွဲချင်တာနဲ့ထိန်းပြီးငြိမ်နေတာ သူကတော့ ဦးချစ်ကောင်းရဲ့သီချင်းတွေကိုစီးရီးလိုက်ဖွင့်ပြီး သီချင်းတွေကိုခပ်တိုးတိုးလိုက်ညည်းရင်း ကား Steering ကို လက်တစ်ဖက်တည်းနှင့်ပိုင်နိုင်စွာကိုင်မောင်းနေတာဖြစ်သည်။

🎵အို... သွားစမ်းပါ မာယာတွေရိုးနေပြီကွာ
မာယာတွေရိုးနေပြီကွာ
ကြုံလာတဲ့မိန်းမတိုင်း ဒါမျိုးတွေချည်းပါ

သွားစမ်းပါ.....ပုံပြင်တွေအသစ်ပြန်ရှာချည်ကွာ
တွေ့ခဲ့တဲ့မိန်းမတိုင်းဒါမျိုးတွေချည်းပါ 🎵

ခင်သက် သူ့ကိုလှည့်မကြည့်ချင်တော့လို့အပြင်ကိုသာငေးနေပေမဲ့ ဒင်းက လူကိုရွဲ့သလိုဆောင်းသလိုလာလုပ်နေသောကြောင့် အောက်နှုတ်ခမ်းလေးကိုခပ်ကြိတ်ကြိတ်ဖိကိုက်ထားလိုက်သည်။

သူက ခင်သက်အပြင်မိန်းမဘယ်နှယောက်ရှိနေမှန်းမှမသိတာ
အခုလည်းကြည့်....သူ Family Dinnerကိုရအောင်စီစဥ်နိုင်ပြီး ခက်သက်ရဲ့ကားကိုသိမ်းရလို့ပျော်နေတာ
ဒီလိုယောက်ျားမျိုးများ ယူမိတာတကယ်မှားတာပဲ

"ဘာတွေမကျေနပ်နေတာ နှုတ်ခမ်းကြီးလည်းပေါက်ထွက်သွားဦးမယ်! "

ခင်သက်တွေးလေဒေါသထွက်လေနဲ့နှုတ်ခမ်းကိုအံကြိတ်ပြီးတင်းနေအောင်ကိုက်ထားမိတာကိုလည်း သူကလှောင်သလိုခနဲ့သလိုလာလုပ်နေပြန်သည်။

"မေးနေတာကြားလား မင်းဝန်ထမ်းတွေက ငါနမ်းလိုက်လို့နှုတ်ခမ်းတွေယောင်လာတယ်ထင်နေတော့မှာပဲ "

ခင်သက်တို့ဆိုင်ရှေ့ရောက်လို့ကားရပ်လိုက်ရင်း ခင်သက်ရဲ့ပုခုံးကိုလှမ်းကိုင်ပြီးဆွဲလှည့်လာသည်။

သူ့ကို ပြန်မဖြေဘဲ စိတ်တိုပြီးနှုတ်ခမ်းကိုဇွတ်ကိုက်ထားတဲ့ဇနီးဖြစ်သူက သူ့ကိုမျက်နှာရှစ်ခေါက်ချိုးနဲ့မျက်မှောင်ကုပ်ပြီးကြည့်နေသည်။

"အဲ့ဒီလောက်ကိုက်မထားနဲ့လေ တကယ်ပေါက်ကုန်မယ်!"

နေပိုင်ထွဋ် ပြောမရတဲ့ခေါင်းကြောမာတဲ့ဇနီးချောရဲ့မျက်နှာကိုပါးနှစ်ဖက်ကနေဆွဲယူပြီး ရှေ့သွားလေးဖြင့်ကိုက်နေတဲ့နှုတ်ခမ်းဖောင်းဖောင်းကလေးကိုစုပ်နမ်းပစ်လိုက်သည်။ ခင်သက်ကိုသူကနောက်နေတာမဟုတ်ဘဲအဟုတ်ကြီးနမ်းချပစ်လိုက်တာကြောင့် ခင်သက်ရဲ့နှုတ်ခမ်းလေးမှာသူ့နှုတ်ခမ်းတွေဆီပျော့ဖက်စွာပါသွားရသည်။

ခင်သက်တို့နမ်းဖို့မပြောနဲ့ကြင်ကြင်နာနာလက်မကိုင်တာတောင်ကြာလေပြီဖြစ်လေရာ ဒီလိုအခြေအနေဒီလိုနေရာမျိုးမှာ အခုလိုကြီးနမ်းလိမ့်မည်ဟုလည်းလုံးဝမတွေးထင်ထား။

ခင်သက်ဘာမှတောင်ခံစားမနေဘဲ သူ့မျက်နှာကိုအတင်းတွန်းထုတ်ပစ်လိုက်သည်။

"အွန့်...အင့်...ဖယ်...ရှင့်မယားငယ်တွေလို ကျွန်မကိုလာလုပ်လို့ရမယ်မထင်နဲ့"

ခင်သက်ရဲ့နှုတ်ခမ်းလေးမှာကိုက်ထားသည့်အရှိန်နှင့်သူစုပ်နမ်းလိုက်တဲ့အဖြစ်အပျက်ကြောင့် စပ်ဖျင်းဖျင်းဖြစ်နေရသည်။

နေပိုင်ထွဋ်လည်း ခင်သက်ကိုနမ်းဖို့လုံးဝမစဥ်းစားထား။ သူမကိုနောက်ချင်ရုံသပ်သပ်ပြောနေတာဖြစ်ပြီးသူမမျက်နှာကိုအနီးကပ်မြင်လိုက်ရချိန်မှာတော့ ဘာကြောင့်ရယ်ကိုယ့်ကိုယ်ကိုတောင်မသိဘဲ ဤကဲ့သို့ပြုမူလိုက်မိတာဖြစ်သည်။

ခင်သက် ကတော့သူ့ကိုစိတ်ဆိုးသထက်ဆိုးစွာကားပေါ်ကနေမြန်မြန်ထွက်သွားပါလေသည်။

နေပိုင်ထွဋ်မျက်ခုံးတွေပင့်တက်ကာမနမ်းဖြစ်တာကြာတဲ့သူမနှုတ်ခမ်းရဲ့နူးညံ့မှုကို ကောင်းကောင်းကြီးမှတ်မိလိုက်ပြီး နှုတ်ခမ်းနှစ်လွှာကိုဖိပိတ်ထားလိုက်မိသည်။ တစ်ဆက်တည်း မယားငယ်လို့စွပ်စွဲသွားပြန်တာကိုပြန်ကြားယောင်ရင်း

"ကိုယ့်ယောက်ျားကိုယ် မယားငယ်နဲ့အတော်ပေးစားချင်နေလားမသိဘူး တော်တော်မလွယ်တဲ့မိန်းမ!"

***********************************

နေပိုင်ထွဋ်သည် ကုမ္ပဏီကိုရောက်ကတည်းက ကြည်ပြာချိုအား ဒီနေ့ညနေရုံးစောစောဆင်းဖြစ်ကြောင်း Schedule များရှင်းထားရန်မှာကြားထားသည်။ ထိုအခါဒီနေ့က စနေနေ့ဖြစ်ပြီး Schedule များများစားစားမရှိဘဲ နိုင်ငံခြားကုမ္ပဏီနှင့် Zoom Meetingတစ်ခုသာ အရေးကြီးရှိကြောင်းကြည်ပြာချို့ဆီကပြန်သိရ၏။

ထို့ကြောင့်နေပိုင်ထွဋ်လည်းညနေပိုင်းအားနေတဲ့အတူတူ ၅နာရီမထိုးခင်ကတည်းကရုံးဆင်းပြီး ခင်သက်၏ဆိုင်သို့ရောက်လာသည်။

ဒီတစ်ခါနေပိုင်ထွဋ်ဆိုင်ထဲဝင်လာတော့ ကောင်းခန့်ကမတားတော့သလို ပန်းအိကလည်းခင်သက်ကိုသွားပြီးသတင်းမပေးတော့ပါ။

ထို့ကြောင့်နေပိုင်ထွဋ်လည်း ဆိုင်ထဲကခင်သက်၏ဝန်ထမ်းများကိုခေါင်းညိတ်အသိအမှတ်ပြုပြီး ခင်သက်၏ရုံးခန်းထဲသို့တံခါးခေါက်ခြင်းမရှိဘဲဝင်သွားလိုက်သည်။

"အေး...ပန်းအိရေ အစ်မကို ဟိုစက်ခုံပေါ်ကအဝါရောင်အစပြတ်လေးယူပေးပါဦး "

ခင်သက်ကတော့ သူမဒီဇိုင်းဆွဲထားသော Dress အတွက် ခါးမှာဖဲကြိုးချည်ဖို့အရောင်စဥ်းစားရင်းအလုပ်ရှုပ်နေသည်။

ချုပ်လက်စ Dress ကိုအရုပ်မှာတစ်ဝက်တစ်ပျက်ဝတ်ပေးထားပြီး စားပွဲက ခဲနဲ့ခြစ်ထားသောရုပ်ပုံတစ်ကြည့်ရင်း ပန်းအိယူလာပေးမယ့်အဝတ်စကိုစောင့်နေသည်။ သို့သော်၁မိနစ်ကျော်လောက်အထိသူမလက်ထဲသို့အဝတ်စရောက်မလာသောကြောင့် လှည့်ကြည့်လိုက်တဲ့အခါ သူမနောက်မှာ လက်ပိုက်လျှက်မတ်တပ်ရပ်နေသောလူသည် ဘယ်တုန်းကရောက်လာမှန်းမသိတဲ့ မုန်းစရာကောင်းတဲ့ယောက်ျားဖြစ်လေသည်။

"မင်းခိုင်းချင်ရာခိုင်းရအောင်ငါ့ကိုမင်းလက်ထောက်များထင်နေလား"

"ဘာလာလုပ်တာလဲ သူများရုံးခန်းထဲကိုတိတ်တိတ်ခိုးဝင်ပြီးတော့!"

ခင်သက်လည်း သူမကိုယ်တိုင်ပဲစက်ခုံပေါ်ကအဝတ်စကိုသွားယူလိုက်တော့သည်။

"ဘာလုပ်ရမလဲ ပြန်ဖို့လာခေါ်တာပေါ့ မင်းအလုပ်တွေသိမ်းတော့ အဘိုးစောင့်နေလိမ့်မယ်"

"ကျွန်မအလုပ်မပြီးသေးတာမမြင်ဘူးလား"

"မြင်တယ် ဒါပေမဲ့ မင်းအလုပ်ထက်ငါ့အဘိုးရဲ့ Family Dinner က ပိုအရေးကြီးတယ် မင်းအိတ်တွေယူ ပြန်မယ်"

ခင်သက်သည် အဝတ်စကိုကတ်ကြေးဖြင့်ကိုက်နေရာမှ နေပိုင်ထွဋ်၏စီးပိုးလွန်းသောပြောစကားကြောင့် ကတ်ကြေးနဲ့အဝတ်စကိုစားပွဲပေါ်သိုပစ်ချလိုက်ကာ

"ဒီမှာ ကိုနေပိုင်ထွဋ် ရှင်တမင်သက်သက်ကျွန်မကိုလာမရစ်နဲ့ အခုမှ ၅နာရီကျော်ကျော်ပဲရှိသေးတယ် Family Dinnerကို ဘယ်သူမှအဲ့သလောက်စောစောမစားဘူး ကျွန်မအလုပ်ထဲထိတော့လိုက်ပြီးမနှောက်ယှက်နဲ့ ကျွန်မသည်းခံမှာမဟုတ်ဘူး"

ဆိုင်ထဲမှာရန်မဖြစ်ချင်တာကြောင့် အသံကျယ်ကျယ်မပြောပဲပုံမှန်သံနှင့် ပြောလိုက်ပေမဲ့ ခင်သက်သူ့ကိုတော်တော်တင်းနေတယ်ဆိုတာမနက်ကတည်းကသိပြီးသားဖြစ်သည်။

"ဟ...မင်းကရော မိသားစုညစာအတူစားဖို့တောင် အချိန်ကလေးဖဲ့မပေးနိုင်ဘူးလား အမြဲတမ်းလည်းမဟုတ်ဘူး တစ်ရက်ကလေးအလုပ်စောစောပြန်တော့ဘာဖြစ်မှာလို့လဲ နေ့တိုင်းမနက်အစောကြီးအိမ်ကထွက် ညသန်းခေါင်လောက်မှအိမ်ပြန်လာနေတာ အိမ်ကပ်တယ်လို့တောင်မရှိဘူး"

"အမလေး....ရှင်ကများပြောသေးတယ် ကျွန်မသန်းခေါင်မှပြန်ရောက်တယ်လို့ရှင်ဘယ်လိုလုပ်သိသလဲ သူကဖြင့်တစ်လမှာ ၅ရက်လောက်အိမ်ပြန်အိပ်တာများ!"

"တော်တော့ကွာ အခုမင်းအလုပ်တွေဖြတ်တော့ လူကြီးဆီသွားမှာကိုရန်ဖြစ်မနေချင်ဘူး "

"ကျွန်မ မလိုက်ချင်တဲ့နေရာကိုခေါ်ချင်တာပဲ ရှင်စောင့်ပေါ့ ကျွန်မကတော့၆နာရီမထိုးမချင်းဒီဆိုင်ထဲကမထွက်နိုင်ဘူး"

နေပိုင်ထွဋ်လည်း သက်ပြင်းချ၍ နာရီတစ်ချက်ကြည့်တော့နာရီဝက်ပဲလိုတော့တာမို့ ရုံးခန်းထဲမှာရှိနေတဲ့ဆိုဖာပေါ်မှာ ခြေချိတ်ပြီးဝင်ထိုင်လိုက်တော့သည်။

တော်တော် ခေါင်းမာတဲ့မိန်းမ!

ခင်သက်ကတော့ နေပိုင်ထွဋ်ကိုရှိတယ်လို့သဘောမထားဘဲ သူမရဲ့Dress အလှဆုံးဖြစ်ဖို့အရေးကိုသာ ကြိုးပမ်းနေသည်။

နေပိုင်ထွဋ် ခက်သက်ကိုစောင့်ရင်း သူ့ဖုန်းကိုဖွင့်ကြည့်လေတော့ သန့်ဇင်အောင်ဟာ ယမင်းလွင်ဖုန်းနံပါတ်အားခင်သက်ကိုမေးပေးရန်နေပိုင်ထွဋ်ကို အပူကပ်ပြီးMessageပို့ထားတာကိုတွေ့ရသည်။

နေပိုင်ထွဋ် သန့်ဇင်အောင်ဟာတကယ်ကြီး ယမင်းလွင်ကိုလိုက်တော့မယ့်ကိစ္စအပေါ်မှာလုံးဝဖြစ်နိုင်မည်မဟုတ်ဟုပဲ တွေးထင်ထားသည်။
နေပိုင်ထွဋ်သည် ဖုန်းနံပါတ်မတောင်းပေးဘူး ဟု Reply ပြန်လိုက်ပြီး ဖုန်းနံပါတ်မရလို့ ဇေကြီးလှောင်တာခံရမယ့်သန့်ဇင်အောင်အဖြစ်ကိုတွေးကာ ဟက် ခနဲလှောင်ရယ်လိုက်မိပါသည်။

ခက်သက်လည်း စောစောကတိတ်ဆိတ်နေရာကနေရုတ်တရက်ရယ်သံတစ်ချက်ကြားတော့ သူမပြန်ဖို့ဖုန်းနဲ့ လက်ကိုင်အိတ်ကိုယူရင်းနေပိုင်ထွဋ်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။

နေပိုင်ထွဋ်ကတော့ဖုန်းကိုခပ်ပြုံးပြုံးနှင့်ကြည့်နေပြီး တစ်ယောက်ယောက်ကိုMessageပြန်ပို့နေတာဖြစ်မည်။

"သွားလို့ရပြီ"

ခင်သက်က သူ့အနားကိုမတ်တပ်လာရပ်ပြီးပြောလိုက်တော့ နေပိုင်ထွဋ်ကိုဖုန်းကိုပိတ်ရင်းဆိုဖာကနေထလိုက်သည်။ ရုတ်တရက်ဖုန်းScreen က လင်းလာတဲ့အခါ ခင်သက်မျက်လုံးများကနေပိုင်ထွဋ်ဖုန်းဆီသို့လျှင်မြန်စွာရောက်ရှိသွားသည်။

ခင်သက်အမြင်မမှားရင် နောက်ဆုံးစာဝင်လာတဲ့Notificationဟာ ရွှေအဆင်းရဲ့ Instagram Account မှဖြစ်သည်။

"သွားလေ ဘာလုပ်နေတာလဲ "

ခင်သက်က ရုံးခန်းထဲကမထွက်သေးသောကြောင့် နေပိုင်ထွဋ်သည်ရုံးခန်းထဲကထွက်ဖို့သတိပေးလာသည်။ ခင်သက်လည်း ညရောက်မှသူ့ဖုန်းကိုယူစစ်ပစ်မည်ဟု တေးထားပြီး ဘာမှမပြောဘဲရုံးခန်းထဲနေထွက်လာခဲ့ပါသည်။

***********************************
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (7) ဆက်ရန်

Zawgyi Version
ျပန္လိုခ်င္တယ္

အပိုင္း (6)

အလ်ား၄ေပ အျမင့္၆ေပ ရွိေသာကိုယ္လုံးေပၚမွန္ထဲမွာ ထင္ဟပ္ေနသည့္ မိမိကိုယ္ကိုသေဘာက်စြာၿပဳံးၾကည့္ရင္း အဖ်ားကေလးမ်ားလိပ္ထားေသာဆံပင္ရွည္ကိုပုခုံးတစ္ဖက္တည္းေပၚသို႔စုခ်လိဳက္သည္။ ထို႔ေနာက္ သူမဝတ္ထားတဲ့ ေနဗီျပာေရာင္ ခႏၶာကိုယ္ႏွင့္ကြက္တိဂါဝန္ကေလးဟာ ဒူးအထက္မွာရွိေနၿပီး ဗိုက္ေနရာမွာ ဘဲဥပုံစံ ၄လက္မေလာက္အေပါက္ကေလးကေနျမင္ေနရတဲ့သူမရဲ႕ဗိုက္သားကေလးဟာ ေဖြးအုေနသည္။

သူမကိုယ္သူမမွန္ၾကည့္လို႔ဝေတာ့ အဆင္သင့္ထုတ္ထားတဲ့ေမႊ႕ယာေပၚမွာတင္ထားေသာ သူမရဲ႕Outfit နဲ႕လိုက္ဖက္သည့္လက္ကိုင္အိတ္အျပာေရာင္ကေလးအား သူမရဲ႕တံေတာင္ဆစ္မွာေကာက္ခ်ိတ္လိုက္ၿပီး ေမႊ႕ယာေဘးမွာရွိေသာမွန္စားပြဲေပၚမွ သူမရဲ႕ဖုန္းကိုလည္းေကာက္ယူ၍လက္ကိုင္အိတ္ထဲထည့္လိုက္ရင္း သူမဆိုင္ကိုသြားဖို႔ပစၥည္းမစုံေသးတာကိုသတိရမိသည္။ ဟုတ္သည္။ သူမ ကားေသာ့ကိုရွာေနသည္။ မေန႕ညကဖုန္းနဲ႕အတူဒီစားပြဲေပၚသို႔တင္ထားလိုက္တာေသခ်ာသည္။

ခင္သက္ သြားခါနီးမွ ကားေသာ့ရွာမေတြ႕သျဖင့္ ေခါင္းအုံးေတြေစာင္ေတြလည္းလွန္ေလာရွာၾကည့္ေနစဥ္

"ဒါရွာေနတာလား"

သူမတို႔ရဲ႕အိပ္ခန္းအေပါက္ဝသို႔ေရာက္လာၿပီး တံခါးကိုပုခုံးတစ္ဖက္ျဖင့္မွီထားလွ်က္ သူ႕လက္ညွိုးမွာလည္း ခင္သက္၏ကားေသာ့ကိုခ်ိတ္ထားရင္း ေနပိုင္ထြဋ္ေရာက္လာသည္။

အညိုေရာင္ခပ္ရင့္ရင့္Suit ကို ရွည္ေသာအရပ္ ထြားေသာခႏၶာႏွင့္ လိုက္ဖက္စြာစမတ္က်က်ဝတ္ထားေသာ ေနပိုင္ထြဋ္ကမ်က္ခုံးတစ္ခ်က္ပင့္ၿပီးလက္ညွိုးနဲ႕ခ်ိတ္ထားေသာကားေသာ့ေလးကိုတမင္သက္သက္လႈပ္ရမ္းျပေနသည္။

ခင္သက္လည္း အေၾကာင္းမရွိ သူမကားေသာ့ကိုယူထားေသာေနပိုင္ထြဋ္အား စိတ္ပ်က္စြာနဲ႕ က်စ္တစ္ခ်က္စုပ္သပ္ၿပီး သူ႕လက္ညွိုးမွာခ်ိတ္ထားေသာသူမရဲ႕ကားေသာ့ကိုသြားျဖဳတ္ယူဖို႔ႀကိဳးစားသည္။

"ျပန္ေပး!"

ေနပိုင္ထြဋ္ကေတာ့ ကားေသာ့ကိုင္ထားသည့္လက္ကို သူ႕အရပ္ႀကီးကိုမွအားမနာဟိုးအေပၚသို႔ျမႇောက္ထားလိုက္ေသာေၾကာင့္ ၄လက္မ ေဒါက္ဖိနပ္စီးလွ်င္မွ ေနပိုင္ထြဋ္ရဲ႕ေခါင္းကိုမွီ႐ုံေလာက္သာရွိတဲ့ခင္သက္သည္ ေျခတုံးလုံးနဲ႕ေျဖေလရာ ဘယ္ပင္ေျခဖ်ားေထာက္ၿပီးယူပါေစမွီနိုင္စရာအေၾကာင္းမရွိ။

"က်စ္...ကိုေနပိုင္ထြဋ္ ကြၽန္မအခ်ိန္မရွိဘူး ျပန္ေပး"

"နားေထာင္....ဒီေန႕ညေန အဘိုးအိမ္မွာ မိသားစုDinner စီစဥ္ခိုင္းထားတယ္"

"ဘာ? ရွင့္ကိုမေန႕ညကတည္းကမလိုက္နိုင္ဘူးလို႔အျပတ္ေျပာထားခဲ့တယ္ေလ "

ခင္သက္ မနက္အလုပ္သြားခါနီးမွျပႆနာလာရွာေနေသာေနပိုင္ထြဋ္ကို တကယ္ကိုစိတ္ပ်က္ေနမိသည္။

"မလိုက္လို႔မရဘူး ငါကရေအာင္ေခၚသြားမွာ မင္း ဆိုင္ကိုလည္းငါကိုယ္တိုင္လိုက္ပို႔မွာ အျပန္လာႀကိဳမယ္ အဘိုးဆီကိုတန္းသြားမယ္ ငါလာမႀကိဳက္ခင္မင္းအလုပ္ေတြအၿပီးျဖတ္ထား"

"ရွင္...တရားမလြန္နဲ႕ေနာ္ ဘာလို႔ကြၽန္မကိုရွင္က လိုက္ပို႔ရမွာလဲ ကြၽန္မအလုပ္ကြၽန္မသြားခ်င္တဲ့ခ်ိန္သြားမယ္ျပန္ခ်င္တဲ့ခ်ိန္ျပန္မယ္! "

"ျပန္ေလ... သြားေလ... မင္းရဲ႕ကားကိုေတာ့ ငါသိမ္းတယ္!"

"ေတာက္!"

ခင္သက္ ႐ုတ္တရက္ႀကီးသူမရဲ႕ကားကိုပါသိမ္းမယ္ဆည္းမယ္လုပ္ေနတဲ့ နိုင့္ထက္စီးပိုးလုပ္ေနေသာခင္ပြန္းကို လက္ထဲကလက္ကိုင္အိတ္နဲ႕ေကာက္မရိုက္မိေအာင္ ေဒါသကိုအေတာ္ထိန္းထားရသည္။

ေနပိုင္ထြဋ္လည္းသူ႕ကိုမ်က္လုံးဝိုင္းေတြကေနစူးစူးရဲရဲၾကည့္ၿပီးေအာက္ႏႈတ္ခမ္းကိုဖိကိုက္ထားေသာဇနီးသည္အားခပ္တည္တည္ျပန္ၾကည့္ၿပီး

"မင္းငါ့ကိုအဲ့သလိုၾကည့္ေနလို႔ငါ့ဆီကေနကားေသာ့ျပန္ရမယ္မထင္နဲ႕ အခ်ိန္ၾကာတယ္သြားမယ္!"

သူမကိုအထက္စီးကေနေျပာ၍ အိမ္ေရွ႕ထြက္သြားေသာသူ႕ေနာက္သို႔ ခင္သက္ခပ္ေစာင့္ေစာင့္လိုက္သြားရသည္။

အနက္ေရာင္၄လက္မ ေဒါက္နဲ႕ေလဒီရႉးကို ခ်စီးၿပီး အိမ္တံခါးကိုဒုန္းကနဲေစာင့္ပိတ္လိုက္ေသာေၾကာင့္အေရွ႕ကေနထြက္သြားႏွင့္ၿပီျဖစ္တဲ့ေနပိုင္ထြဋ္ပင္လန့္ၿပီးျပန္လွည့္ၾကည့္လာသည္။

ခင္သက္ရဲ႕ကားကိုေတာ့သူကအသုံးမဝင္တဲ့ကားတစ္စီးလို ကားေသာ့ကိုသူ႕အိတ္ေထာင္ထဲမွာထည့္သိမ္းထားၿပီး ခင္သက္ကိုေတာ့အခု သူ႕ရဲ႕ Land Cruiser ကားႀကီးနဲ႕ ဆိုင္လိုက္ပို႔တာျဖစ္သည္။ ကားထဲမွာလည္း ခင္သက္ကသာ ေဒါသထြက္လြန္းလို႔မေပါက္ကြဲခ်င္တာနဲ႕ထိန္းၿပီးၿငိမ္ေနတာ သူကေတာ့ ဦးခ်စ္ေကာင္းရဲ႕သီခ်င္းေတြကိုစီးရီးလိုက္ဖြင့္ၿပီး သီခ်င္းေတြကိုခပ္တိုးတိုးလိုက္ညည္းရင္း ကား Steering ကို လက္တစ္ဖက္တည္းႏွင့္ပိုင္နိုင္စြာကိုင္ေမာင္းေနတာျဖစ္သည္။

အို... သြားစမ္းပါ မာယာေတြရိုးေနၿပီကြာ
မာယာေတြရိုးေနၿပီကြာ
ႀကဳံလာတဲ့မိန္းမတိုင္း ဒါမ်ိဳးေတြခ်ည္းပါ

သြားစမ္းပါ.....ပုံျပင္ေတြအသစ္ျပန္ရွာခ်ည္ကြာ
ေတြ႕ခဲ့တဲ့မိန္းမတိုင္းဒါမ်ိဳးေတြခ်ည္းပါ

ခင္သက္ သူ႕ကိုလွည့္မၾကည့္ခ်င္ေတာ့လို႔အျပင္ကိုသာေငးေနေပမဲ့ ဒင္းက လူကို႐ြဲ႕သလိုေဆာင္းသလိုလာလုပ္ေနေသာေၾကာင့္ ေအာက္ႏႈတ္ခမ္းေလးကိုခပ္ႀကိတ္ႀကိတ္ဖိကိုက္ထားလိုက္သည္။

သူက ခင္သက္အျပင္မိန္းမဘယ္ႏွေယာက္ရွိေနမွန္းမွမသိတာ
အခုလည္းၾကည့္....သူ Family Dinnerကိုရေအာင္စီစဥ္နိုင္ၿပီး ခက္သက္ရဲ႕ကားကိုသိမ္းရလို႔ေပ်ာ္ေနတာ
ဒီလိုေယာက္်ားမ်ိဳးမ်ား ယူမိတာတကယ္မွားတာပဲ

"ဘာေတြမေက်နပ္ေနတာ ႏႈတ္ခမ္းႀကီးလည္းေပါက္ထြက္သြားဦးမယ္! "

ခင္သက္ေတြးေလေဒါသထြက္ေလနဲ႕ႏႈတ္ခမ္းကိုအံႀကိတ္ၿပီးတင္းေနေအာင္ကိုက္ထားမိတာကိုလည္း သူကေလွာင္သလိုခနဲ႕သလိုလာလုပ္ေနျပန္သည္။

"ေမးေနတာၾကားလား မင္းဝန္ထမ္းေတြက ငါနမ္းလိုက္လို႔ႏႈတ္ခမ္းေတြေယာင္လာတယ္ထင္ေနေတာ့မွာပဲ "

ခင္သက္တို႔ဆိုင္ေရွ႕ေရာက္လို႔ကားရပ္လိုက္ရင္း ခင္သက္ရဲ႕ပုခုံးကိုလွမ္းကိုင္ၿပီးဆြဲလွည့္လာသည္။

သူ႕ကို ျပန္မေျဖဘဲ စိတ္တိုၿပီးႏႈတ္ခမ္းကိုဇြတ္ကိုက္ထားတဲ့ဇနီးျဖစ္သူက သူ႕ကိုမ်က္ႏွာရွစ္ေခါက္ခ်ိဳးနဲ႕မ်က္ေမွာင္ကုပ္ၿပီးၾကည့္ေနသည္။

"အဲ့ဒီေလာက္ကိုက္မထားနဲ႕ေလ တကယ္ေပါက္ကုန္မယ္!"

ေနပိုင္ထြဋ္ ေျပာမရတဲ့ေခါင္းေၾကာမာတဲ့ဇနီးေခ်ာရဲ႕မ်က္ႏွာကိုပါးႏွစ္ဖက္ကေနဆြဲယူၿပီး ေရွ႕သြားေလးျဖင့္ကိုက္ေနတဲ့ႏႈတ္ခမ္းေဖာင္းေဖာင္းကေလးကိုစုပ္နမ္းပစ္လိုက္သည္။ ခင္သက္ကိုသူကေနာက္ေနတာမဟုတ္ဘဲအဟုတ္ႀကီးနမ္းခ်ပစ္လိုက္တာေၾကာင့္ ခင္သက္ရဲ႕ႏႈတ္ခမ္းေလးမွာသူ႕ႏႈတ္ခမ္းေတြဆီေပ်ာ့ဖက္စြာပါသြားရသည္။

ခင္သက္တို႔နမ္းဖို႔မေျပာနဲ႕ၾကင္ၾကင္နာနာလက္မကိုင္တာေတာင္ၾကာေလၿပီျဖစ္ေလရာ ဒီလိုအေျခအေနဒီလိုေနရာမ်ိဳးမွာ အခုလိုႀကီးနမ္းလိမ့္မည္ဟုလည္းလုံးဝမေတြးထင္ထား။

ခင္သက္ဘာမွေတာင္ခံစားမေနဘဲ သူ႕မ်က္ႏွာကိုအတင္းတြန္းထုတ္ပစ္လိုက္သည္။

"အြန့္...အင့္...ဖယ္...ရွင့္မယားငယ္ေတြလို ကြၽန္မကိုလာလုပ္လို႔ရမယ္မထင္နဲ႕"

ခင္သက္ရဲ႕ႏႈတ္ခမ္းေလးမွာကိုက္ထားသည့္အရွိန္ႏွင့္သူစုပ္နမ္းလိုက္တဲ့အျဖစ္အပ်က္ေၾကာင့္ စပ္ဖ်င္းဖ်င္းျဖစ္ေနရသည္။

ေနပိုင္ထြဋ္လည္း ခင္သက္ကိုနမ္းဖို႔လုံးဝမစဥ္းစားထား။ သူမကိုေနာက္ခ်င္႐ုံသပ္သပ္ေျပာေနတာျဖစ္ၿပီးသူမမ်က္ႏွာကိုအနီးကပ္ျမင္လိုက္ရခ်ိန္မွာေတာ့ ဘာေၾကာင့္ရယ္ကိုယ့္ကိုယ္ကိုေတာင္မသိဘဲ ဤကဲ့သို႔ျပဳမူလိုက္မိတာျဖစ္သည္။

ခင္သက္ ကေတာ့သူ႕ကိုစိတ္ဆိုးသထက္ဆိုးစြာကားေပၚကေနျမန္ျမန္ထြက္သြားပါေလသည္။

ေနပိုင္ထြဋ္မ်က္ခုံးေတြပင့္တက္ကာမနမ္းျဖစ္တာၾကာတဲ့သူမႏႈတ္ခမ္းရဲ႕ႏူးညံ့မႈကို ေကာင္းေကာင္းႀကီးမွတ္မိလိုက္ၿပီး ႏႈတ္ခမ္းႏွစ္လႊာကိုဖိပိတ္ထားလိုက္မိသည္။ တစ္ဆက္တည္း မယားငယ္လို႔စြပ္စြဲသြားျပန္တာကိုျပန္ၾကားေယာင္ရင္း

"ကိုယ့္ေယာက္်ားကိုယ္ မယားငယ္နဲ႕အေတာ္ေပးစားခ်င္ေနလားမသိဘူး ေတာ္ေတာ္မလြယ္တဲ့မိန္းမ!"

***********************************

ေနပိုင္ထြဋ္သည္ ကုမၸဏီကိုေရာက္ကတည္းက ၾကည္ျပာခ်ိဳအား ဒီေန႕ညေန႐ုံးေစာေစာဆင္းျဖစ္ေၾကာင္း Schedule မ်ားရွင္းထားရန္မွာၾကားထားသည္။ ထိုအခါဒီေန႕က စေနေန႕ျဖစ္ၿပီး Schedule မ်ားမ်ားစားစားမရွိဘဲ နိုင္ငံျခားကုမၸဏီႏွင့္ Zoom Meetingတစ္ခုသာ အေရးႀကီးရွိေၾကာင္းၾကည္ျပာခ်ိဳ႕ဆီကျပန္သိရ၏။

ထို႔ေၾကာင့္ေနပိုင္ထြဋ္လည္းညေနပိုင္းအားေနတဲ့အတူတူ ၅နာရီမထိုးခင္ကတည္းက႐ုံးဆင္းၿပီး ခင္သက္၏ဆိုင္သို႔ေရာက္လာသည္။

ဒီတစ္ခါေနပိုင္ထြဋ္ဆိုင္ထဲဝင္လာေတာ့ ေကာင္းခန့္ကမတားေတာ့သလို ပန္းအိကလည္းခင္သက္ကိုသြားၿပီးသတင္းမေပးေတာ့ပါ။

ထို႔ေၾကာင့္ေနပိုင္ထြဋ္လည္း ဆိုင္ထဲကခင္သက္၏ဝန္ထမ္းမ်ားကိုေခါင္းညိတ္အသိအမွတ္ျပဳၿပီး ခင္သက္၏႐ုံးခန္းထဲသို႔တံခါးေခါက္ျခင္းမရွိဘဲဝင္သြားလိုက္သည္။

"ေအး...ပန္းအိေရ အစ္မကို ဟိုစက္ခုံေပၚကအဝါေရာင္အစျပတ္ေလးယူေပးပါဦး "

ခင္သက္ကေတာ့ သူမဒီဇိုင္းဆြဲထားေသာ Dress အတြက္ ခါးမွာဖဲႀကိဳးခ်ည္ဖို႔အေရာင္စဥ္းစားရင္းအလုပ္ရႈပ္ေနသည္။

ခ်ဳပ္လက္စ Dress ကိုအ႐ုပ္မွာတစ္ဝက္တစ္ပ်က္ဝတ္ေပးထားၿပီး စားပြဲက ခဲနဲ႕ျခစ္ထားေသာ႐ုပ္ပုံတစ္ၾကည့္ရင္း ပန္းအိယူလာေပးမယ့္အဝတ္စကိုေစာင့္ေနသည္။ သို႔ေသာ္၁မိနစ္ေက်ာ္ေလာက္အထိသူမလက္ထဲသို႔အဝတ္စေရာက္မလာေသာေၾကာင့္ လွည့္ၾကည့္လိုက္တဲ့အခါ သူမေနာက္မွာ လက္ပိုက္လွ်က္မတ္တပ္ရပ္ေနေသာလူသည္ ဘယ္တုန္းကေရာက္လာမွန္းမသိတဲ့ မုန္းစရာေကာင္းတဲ့ေယာက္်ားျဖစ္ေလသည္။

"မင္းခိုင္းခ်င္ရာခိုင္းရေအာင္ငါ့ကိုမင္းလက္ေထာက္မ်ားထင္ေနလား"

"ဘာလာလုပ္တာလဲ သူမ်ား႐ုံးခန္းထဲကိုတိတ္တိတ္ခိုးဝင္ၿပီးေတာ့!"

ခင္သက္လည္း သူမကိုယ္တိုင္ပဲစက္ခုံေပၚကအဝတ္စကိုသြားယူလိုက္ေတာ့သည္။

"ဘာလုပ္ရမလဲ ျပန္ဖို႔လာေခၚတာေပါ့ မင္းအလုပ္ေတြသိမ္းေတာ့ အဘိုးေစာင့္ေနလိမ့္မယ္"

"ကြၽန္မအလုပ္မၿပီးေသးတာမျမင္ဘူးလား"

"ျမင္တယ္ ဒါေပမဲ့ မင္းအလုပ္ထက္ငါ့အဘိုးရဲ႕ Family Dinner က ပိုအေရးႀကီးတယ္ မင္းအိတ္ေတြယူ ျပန္မယ္"

ခင္သက္သည္ အဝတ္စကိုကတ္ေၾကးျဖင့္ကိုက္ေနရာမွ ေနပိုင္ထြဋ္၏စီးပိုးလြန္းေသာေျပာစကားေၾကာင့္ ကတ္ေၾကးနဲ႕အဝတ္စကိုစားပြဲေပၚသိုပစ္ခ်လိဳက္ကာ

"ဒီမွာ ကိုေနပိုင္ထြဋ္ ရွင္တမင္သက္သက္ကြၽန္မကိုလာမရစ္နဲ႕ အခုမွ ၅နာရီေက်ာ္ေက်ာ္ပဲရွိေသးတယ္ Family Dinnerကို ဘယ္သူမွအဲ့သေလာက္ေစာေစာမစားဘူး ကြၽန္မအလုပ္ထဲထိေတာ့လိုက္ၿပီးမႏွောက္ယွက္နဲ႕ ကြၽန္မသည္းခံမွာမဟုတ္ဘူး"

ဆိုင္ထဲမွာရန္မျဖစ္ခ်င္တာေၾကာင့္ အသံက်ယ္က်ယ္မေျပာပဲပုံမွန္သံႏွင့္ ေျပာလိုက္ေပမဲ့ ခင္သက္သူ႕ကိုေတာ္ေတာ္တင္းေနတယ္ဆိုတာမနက္ကတည္းကသိၿပီးသားျဖစ္သည္။

"ဟ...မင္းကေရာ မိသားစုညစာအတူစားဖို႔ေတာင္ အခ်ိန္ကေလးဖဲ့မေပးနိုင္ဘူးလား အၿမဲတမ္းလည္းမဟုတ္ဘူး တစ္ရက္ကေလးအလုပ္ေစာေစာျပန္ေတာ့ဘာျဖစ္မွာလို႔လဲ ေန႕တိုင္းမနက္အေစာႀကီးအိမ္ကထြက္ ညသန္းေခါင္ေလာက္မွအိမ္ျပန္လာေနတာ အိမ္ကပ္တယ္လို႔ေတာင္မရွိဘူး"

"အမေလး....ရွင္ကမ်ားေျပာေသးတယ္ ကြၽန္မသန္းေခါင္မွျပန္ေရာက္တယ္လို႔ရွင္ဘယ္လိုလုပ္သိသလဲ သူကျဖင့္တစ္လမွာ ၅ရက္ေလာက္အိမ္ျပန္အိပ္တာမ်ား!"

"ေတာ္ေတာ့ကြာ အခုမင္းအလုပ္ေတြျဖတ္ေတာ့ လူႀကီးဆီသြားမွာကိုရန္ျဖစ္မေနခ်င္ဘူး "

"ကြၽန္မ မလိုက္ခ်င္တဲ့ေနရာကိုေခၚခ်င္တာပဲ ရွင္ေစာင့္ေပါ့ ကြၽန္မကေတာ့၆နာရီမထိုးမခ်င္းဒီဆိုင္ထဲကမထြက္နိုင္ဘူး"

ေနပိုင္ထြဋ္လည္း သက္ျပင္းခ်၍ နာရီတစ္ခ်က္ၾကည့္ေတာ့နာရီဝက္ပဲလိုေတာ့တာမို႔ ႐ုံးခန္းထဲမွာရွိေနတဲ့ဆိုဖာေပၚမွာ ေျခခ်ိတ္ၿပီးဝင္ထိုင္လိုက္ေတာ့သည္။

ေတာ္ေတာ္ ေခါင္းမာတဲ့မိန္းမ!

ခင္သက္ကေတာ့ ေနပိုင္ထြဋ္ကိုရွိတယ္လို႔သေဘာမထားဘဲ သူမရဲ႕Dress အလွဆုံးျဖစ္ဖို႔အေရးကိုသာ ႀကိဳးပမ္းေနသည္။

ေနပိုင္ထြဋ္ ခက္သက္ကိုေစာင့္ရင္း သူ႕ဖုန္းကိုဖြင့္ၾကည့္ေလေတာ့ သန့္ဇင္ေအာင္ဟာ ယမင္းလြင္ဖုန္းနံပါတ္အားခင္သက္ကိုေမးေပးရန္ေနပိုင္ထြဋ္ကို အပူကပ္ၿပီးMessageပို႔ထားတာကိုေတြ႕ရသည္။

ေနပိုင္ထြဋ္ သန့္ဇင္ေအာင္ဟာတကယ္ႀကီး ယမင္းလြင္ကိုလိုက္ေတာ့မယ့္ကိစၥအေပၚမွာလုံးဝျဖစ္နိုင္မည္မဟုတ္ဟုပဲ ေတြးထင္ထားသည္။
ေနပိုင္ထြဋ္သည္ ဖုန္းနံပါတ္မေတာင္းေပးဘူး ဟု Reply ျပန္လိုက္ၿပီး ဖုန္းနံပါတ္မရလို႔ ေဇႀကီးေလွာင္တာခံရမယ့္သန့္ဇင္ေအာင္အျဖစ္ကိုေတြးကာ ဟက္ ခနဲေလွာင္ရယ္လိုက္မိပါသည္။

ခက္သက္လည္း ေစာေစာကတိတ္ဆိတ္ေနရာကေန႐ုတ္တရက္ရယ္သံတစ္ခ်က္ၾကားေတာ့ သူမျပန္ဖို႔ဖုန္းနဲ႕ လက္ကိုင္အိတ္ကိုယူရင္းေနပိုင္ထြဋ္ကိုတစ္ခ်က္လွမ္းၾကည့္လိုက္သည္။

ေနပိုင္ထြဋ္ကေတာ့ဖုန္းကိုခပ္ၿပဳံးၿပဳံးႏွင့္ၾကည့္ေနၿပီး တစ္ေယာက္ေယာက္ကိုMessageျပန္ပို႔ေနတာျဖစ္မည္။

"သြားလို႔ရၿပီ"

ခင္သက္က သူ႕အနားကိုမတ္တပ္လာရပ္ၿပီးေျပာလိုက္ေတာ့ ေနပိုင္ထြဋ္ကိုဖုန္းကိုပိတ္ရင္းဆိုဖာကေနထလိုက္သည္။ ႐ုတ္တရက္ဖုန္းScreen က လင္းလာတဲ့အခါ ခင္သက္မ်က္လုံးမ်ားကေနပိုင္ထြဋ္ဖုန္းဆီသို႔လွ်င္ျမန္စြာေရာက္ရွိသြားသည္။

ခင္သက္အျမင္မမွားရင္ ေနာက္ဆုံးစာဝင္လာတဲ့Notificationဟာ ေ႐ႊအဆင္းရဲ႕ Instagram Account မွျဖစ္သည္။

"သြားေလ ဘာလုပ္ေနတာလဲ "

ခင္သက္က ႐ုံးခန္းထဲကမထြက္ေသးေသာေၾကာင့္ ေနပိုင္ထြဋ္သည္႐ုံးခန္းထဲကထြက္ဖို႔သတိေပးလာသည္။ ခင္သက္လည္း ညေရာက္မွသူ႕ဖုန္းကိုယူစစ္ပစ္မည္ဟု ေတးထားၿပီး ဘာမွမေျပာဘဲ႐ုံးခန္းထဲေနထြက္လာခဲ့ပါသည္။

***********************************
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း (7) ဆက္ရန္

Continue Reading

You'll Also Like

16.9K 434 8
မောင်ကိုယ်တိုင် လုပ်ကျွေးခွင့် မရတော့တဲ့ ဖက်ထုပ်ကို အညို လုပ်ကျွေးပါ့မယ် ။ သမီးကလေးသိပ်ကြိုက်တဲ့ ဖက်ထုပ်ရဲ့အစာ ကြက်သွန်မြိတ် မြေဩဇာသာ ဖြစ်ပါတော့ ။...
52.9K 1.4K 23
Title : Eternal Love In Mafia Main Role : နေအလင်္ကာ ၊ ပတ္တမြားရတနာ Ma and Maung Fiction ... Main Role : ေနအလကၤာ ၊ ပတၱျမားရတနာ နေအလင်္ကာက ပတ္တမြားရတန...
1M 24.8K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
1.3M 172K 149
BL