Zgy
Mine 20
"ေသခ်ာၿပီလား ဘတ္ဟြၽန္း..."
"ဟုတ္ကဲ့ ၪီးေလးႀကီး"
ဘတ္ဟြၽန္းေျဖသံမွာ ျပတ္သားမႈတို႔အထင္းသား။ ေဝဝါးမႈတစ္စိုးတစ္စိမွ ရိွမေနေပ။ ၿပီးေတာ့ ေနာင္တတို႔ကင္းလ်ွက္။
"ဘတ္ဟြၽန္း သေဘင္္ာတက္တယ္ဆိုတာ အသက္နဲ႔ရင္းရတဲ့ ကိစၥမ်ိဳး ၿပီးေတာ့ သားက ခုထိ ေက်ာင္းေတာင္ၿပီးေသးတာမဟုတ္ဘူးေလ.."
"ဟုတ္ သိပါတယ္ ၪီးေလးႀကီး
ၪီးေလးကင္က တာဝန္ယူပါတယ္ အဲ့တာေတြ အားလံုးအတြက္
ၿပီးေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ လိုက္ခ်င္လို႔ပါ..."
"ဒီလိုဆိုရင္ေတာ့ ၪီးေလးလဲ မတတ္ႏိုင္ဘူးေပါ့..
အဆက္အသြယ္ေတာ့ မျဖတ္ဘူးမလား ဘတ္ဟြၽန္း..."
"ခ်န္းေယာလ္ကို ကြၽန္ေတာ့္အေၾကာင္း လံုးဝမေျပာပါနဲ႔ ၪီးေလးႀကီး
ကတိေပးရင္ ၪီးေလးႀကီးဆီ မၾကာမၾကာ ဆက္သြယ္ပါ့မယ္.."
"အင္း မင္းတို႔မွာလဲ ကိစၥေတြရိွတာသိေပမယ့္
ခ်န္းေယာလ္ အဲ့ဒီေကာင္ေလးက မင္းကို သိပ္ခင္တြယ္တာ ..."
**သိပါတယ္ *** ဆိုတဲ့ စကားကို ဘတ္ဟြၽန္းစိတ္ထဲကသာေရရြတ္မိသည္။ ခ်န္းေယာလ္ ဘယ္ေလာက္ထိ သူ႔အေပၚခင္တြယ္လဲ ဘတ္ဟြၽန္းအသိဆံုးမဟုတ္လား။ ဒါေပမယ့္ ဘာလို႔ ဒီလိုထားသြားရတာလဲ။
ေဝးစမ္း။ ေဝးၾကစမ္း။ ငါတို႔ လွည့္မၾကည့္စတမ္းေပါ့။
မင္းက ထားခဲ့တယ္။
ရတယ္ ငါကလဲ အေဝးဆံုးထိ ရြက္လႊင့္မယ္။
ျပန္ေတြ့တဲ့အခါ ေနာင္တ မရၾကစမ္းစတမ္းေပါ့။
*********
ဘတ္ဟြၽန္းက လိုအပ္တာတစ္ခ်ိဳ႕ကို ေက်ာပိုးအိတ္တစ္လံုးထဲ ခပ္သိပ္သိပ္ထည့္တယ္။ ဘာမွ သိပ္မ်ားမ်ားစားစားမပါတဲ့ အိတ္ထဲမွာ အက်ႌေလးငါးထည္ရယ္ ေငြစေလးအနည္းငယ္ရယ္ တျခားလိုအပ္တဲ့ တိုလီမိုလီေလးေတြရယ္ ၿပီးေတာ့ မေမ့မေလ်ာ့ မွန္ေဘာင္ေလးတစ္ခုရိွတယ္။
မွန္ေဘာင္ထဲမွာေတာ့ ၿပံဳးရယ္ေနၾကတဲ့ ေကာင္ေလးႏွစ္ေယာက္။ အလယ္တန္းေက်ာင္းဆင္းပြဲေန့က သူငယ္ခ်င္းတစ္ေယာက္ အမွတ္မထင္ရိုက္ေပးၿပီး အမွတိတရအျဖစ္ သိမ္းဆည္းထားမိတဲ့ ခ်န္းေယာလ္က ဘတ္ဟြၽန္ပုခံုကေန စလြယ္သိုင္းၿပီး စေနာက္ေနကာ ဘတ္ဟြၽန္းက သေဘာတက်ရယ္ေမာေနတဲ့ ပံုေလး။ အဲ့ဒီတုန္းကအၿပံဳးေတြမွာ အစိုဓာတ္ကင္းစြာ ၾကည္လင္ခ်ိဳျမလ်ွက္။
ဘတ္ဟြၽန္းက မွန္ေဘာင္ေလးကို လက္နဲ႔ပြတ္သပ္ရင္း အရင္ကအခ်ိန္ေတြဆီ ျပန္လည္ခ်င္တဲ့စိတ္ကို ခ်က္ခ်င္းပဲရပ္တန္႔ျပစ္လိုက္တယ္။
"သတိတရျဖစ္ေနဖို႔္မဟုတ္ဘူး ခ်န္းေယာလ္ စိတ္ကူးေတာင္မယဥ္လိုက္နဲ႔
ငါမင္းကို မုန္းဖို႔ေမ့သြားမွာစိုးလို႔..."
တတိတိတိုက္စားတတ္တဲ့ ပင္လယ္ေက်ာက္ေဆာင္ေတြလို ဘတ္ဟြၽန္းမွာ ကမ္းမျမင္လမ္းမျမင္။ ရတယ္ မင္းထားခဲ့တဲ့အရပ္မွာ မေနဘူး။ မင္းကိုယ္တိုင္ ရွာမရႏိုင္တဲ့ အရပ္ဆီလႊင့္မယ္။ စီးကရက္ေငြ့ေတြပါမယ္။ ပင္လယ္ဇင္ေယာ္ေတြပါမယ္။ ၿပီးေတာ့ စကိတ္ဘုတ္လိမၼော္ေရာင္ေလးတစ္ခုပါမယ္။
စကိတ္လား ဟင့္အင္း ဘတ္ဟြၽန္းမစီးတတ္ဘူး။ တစ္စံုတစ္ေယာက္ရဲ့ ငယ္ဘဝ ဝါသနာေလးတစ္ခု ၿပီးေတာ့ အေဖ့ရဲ့ ေနာက္ဆံုးအၿပီးသတ္ျဖစ္သြားတဲ့ လက္ရာေလး။
ဘတ္ဟြၽန္းက အၿပီးမသတ္ေသးတဲ့ သေဘၤာေလးကို အိပ္ရာေဘးက စားပြဲေပၚမွာ တင္လိုက္တယ္။ ဟိုေန့က အေဖ့အိမ္သြားတုန္းက ဘတ္ဟြၽန္း ယူလာတာျဖစ္တယ္။ စကိတ္ဘုတ္ေရာ ေဆာက္လက္စသေဘၤာေလးေရာ။ ဖုန္းတစ္ခ်ိဳ႕ကို စိတ္ရွည္လက္ရွည္သုတ္ၿပီးတဲ့ေနာက္မွာ အခန္းေထာင့္ေလးဆီသြားထိုင္လိုက္တယ္။ စီးကရက္တစ္လိပ္ကို ခပ္ဖြဖြရိႈက္သြင္းလိုက္ေတာ့ ေလႁပြန္ဆီအေျပးဝင္လာတဲ့ စီးကရက္ရဲ့အရသာ။ ေျဖးေျဖးခ်င္း မႈတ္ထုတ္လိုက္တဲ့ မီးခိုးေတြၾကား ခ်န္းေယာလိက ေပ်ာ္ေနသတဲ့။ သူမ်က္လံုးေတြမိွတ္ထားေပမယ့္ အဲ့ဒီပံုရိပ္ေတြက ေပ်ာက္ကြယ္မသြားပါဘူး။ အဲ့လိုနဲ႔ အဲ့ဒီညကေနာက္ဆံုးအေနနဲ႔ ခုတင္ရဲ့ညာဘက္ျခမ္း တစ္နည္းအားျဖင့္ ခ်န္းေယာလ္အိပ္ေနက်ဘက္မွာ ေကြးေကြးေလးဝင္လွဲရင္း ညရဲ့ ငါးပံုတစ္ပံုစာသာက်န္ေတာ့တဲ့ အခ်ိန္ေလာက္မွာ ဘတ္ဟြၽန္း ေမွးခနဲ အိပ္ေပ်ာ္သြားတယ္။
ခ်န္းေယာလိကေတာ့ အိမ္မဲထဲကိုေတာင္ ေနာက္ဆံုးအခ်ိန္ထိ အလညိမလာခဲ့ပါဘူး။ ကြၽန္ေတာ္လဲ ေစာင့္ဆိုင္းမေနခဲ့ဘူး။
******
ဘရန္ဒီပုလင္းခါးၾကားမွာ အၿမဲပါတဲ့ အမူးသမားရဲ့ေနာကိမွာ စီးကရက္ကိုမီးခိုးေခါင္းတိုင္လိုေသာက္တဲ့ ခပ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္ တစ္ထပ္တည္းပါလာတယ္။ သူတို႔ႏွစ္ေယာက္လံုးဆီမွာ အခ်စ္ရဆံုးဆိုသူေတြ ေပးတဲ့ ဒဏ္ရါဒဏ္ခ်က္ကိုယ္ဆီနဲ႔။
အခ်စ္ရယ္ ပင္လယ္ရယ္
ဘယ္တစ္ခုက မာယာပို သလဲ???
#Heki
Uni
Mine 20
"သေချာပြီလား ဘတ်ဟျွန်း..."
"ဟုတ်ကဲ့ ဦးလေးကြီး"
ဘတ်ဟျွန်းဖြေသံမှာ ပြတ်သားမှုတို့အထင်းသား။ ဝေဝါးမှုတစ်စိုးတစ်စိမှ ရှိမနေပေ။ ပြီးတော့ နောင်တတို့ကင်းလျှက်။
"ဘတ်ဟျွန်း သဘေင်္ာတက်တယ်ဆိုတာ အသက်နဲ့ရင်းရတဲ့ ကိစ္စမျိုး ပြီးတော့ သားက ခုထိ ကျောင်းတောင်ပြီးသေးတာမဟုတ်ဘူးလေ.."
"ဟုတ် သိပါတယ် ဦးလေးကြီး
ဦးလေးကင်က တာဝန်ယူပါတယ် အဲ့တာတွေ အားလုံးအတွက်
ပြီးတော့ ကျွန်တော်ကိုယ်တိုင် လိုက်ချင်လို့ပါ..."
"ဒီလိုဆိုရင်တော့ ဦးလေးလဲ မတတ်နိုင်ဘူးပေါ့..
အဆက်အသွယ်တော့ မဖြတ်ဘူးမလား ဘတ်ဟျွန်း..."
"ချန်းယောလ်ကို ကျွန်တော့်အကြောင်း လုံးဝမပြောပါနဲ့ ဦးလေးကြီး
ကတိပေးရင် ဦးလေးကြီးဆီ မကြာမကြာ ဆက်သွယ်ပါ့မယ်.."
"အင်း မင်းတို့မှာလဲ ကိစ္စတွေရှိတာသိပေမယ့်
ချန်းယောလ် အဲ့ဒီကောင်လေးက မင်းကို သိပ်ခင်တွယ်တာ ..."
**သိပါတယ် *** ဆိုတဲ့ စကားကို ဘတ်ဟျွန်းစိတ်ထဲကသာရေရွတ်မိသည်။ ချန်းယောလ် ဘယ်လောက်ထိ သူ့အပေါ်ခင်တွယ်လဲ ဘတ်ဟျွန်းအသိဆုံးမဟုတ်လား။ ဒါပေမယ့် ဘာလို့ ဒီလိုထားသွားရတာလဲ။
ဝေးစမ်း။ ဝေးကြစမ်း။ ငါတို့ လှည့်မကြည့်စတမ်းပေါ့။
မင်းက ထားခဲ့တယ်။
ရတယ် ငါကလဲ အဝေးဆုံးထိ ရွက်လွှင့်မယ်။
ပြန်တွေ့တဲ့အခါ နောင်တ မရကြစမ်းစတမ်းပေါ့။
*********
ဘတ်ဟျွန်းက လိုအပ်တာတစ်ချို့ကို ကျောပိုးအိတ်တစ်လုံးထဲ ခပ်သိပ်သိပ်ထည့်တယ်။ ဘာမှ သိပ်များများစားစားမပါတဲ့ အိတ်ထဲမှာ အင်္ကျီလေးငါးထည်ရယ် ငွေစလေးအနည်းငယ်ရယ် တခြားလိုအပ်တဲ့ တိုလီမိုလီလေးတွေရယ် ပြီးတော့ မမေ့မလျော့ မှန်ဘောင်လေးတစ်ခုရှိတယ်။
မှန်ဘောင်ထဲမှာတော့ ပြုံးရယ်နေကြတဲ့ ကောင်လေးနှစ်ယောက်။ အလယ်တန်းကျောင်းဆင်းပွဲနေ့က သူငယ်ချင်းတစ်ယောက် အမှတ်မထင်ရိုက်ပေးပြီး အမှတိတရအဖြစ် သိမ်းဆည်းထားမိတဲ့ ချန်းယောလ်က ဘတ်ဟျွန်ပုခုံကနေ စလွယ်သိုင်းပြီး စနောက်နေကာ ဘတ်ဟျွန်းက သဘောတကျရယ်မောနေတဲ့ ပုံလေး။ အဲ့ဒီတုန်းကအပြုံးတွေမှာ အစိုဓာတ်ကင်းစွာ ကြည်လင်ချိုမြလျှက်။
ဘတ်ဟျွန်းက မှန်ဘောင်လေးကို လက်နဲ့ပွတ်သပ်ရင်း အရင်ကအချိန်တွေဆီ ပြန်လည်ချင်တဲ့စိတ်ကို ချက်ချင်းပဲရပ်တန့်ပြစ်လိုက်တယ်။
"သတိတရဖြစ်နေဖို့်မဟုတ်ဘူး ချန်းယောလ် စိတ်ကူးတောင်မယဥ်လိုက်နဲ့
ငါမင်းကို မုန်းဖို့မေ့သွားမှာစိုးလို့..."
တတိတိတိုက်စားတတ်တဲ့ ပင်လယ်ကျောက်ဆောင်တွေလို ဘတ်ဟျွန်းမှာ ကမ်းမမြင်လမ်းမမြင်။ ရတယ် မင်းထားခဲ့တဲ့အရပ်မှာ မနေဘူး။ မင်းကိုယ်တိုင် ရှာမရနိုင်တဲ့ အရပ်ဆီလွှင့်မယ်။ စီးကရက်ငွေ့တွေပါမယ်။ ပင်လယ်ဇင်ယော်တွေပါမယ်။ ပြီးတော့ စကိတ်ဘုတ်လိမ္မော်ရောင်လေးတစ်ခုပါမယ်။
စကိတ်လား ဟင့်အင်း ဘတ်ဟျွန်းမစီးတတ်ဘူး။ တစ်စုံတစ်ယောက်ရဲ့ ငယ်ဘဝ ဝါသနာလေးတစ်ခု ပြီးတော့ အဖေ့ရဲ့ နောက်ဆုံးအပြီးသတ်ဖြစ်သွားတဲ့ လက်ရာလေး။
ဘတ်ဟျွန်းက အပြီးမသတ်သေးတဲ့ သင်္ဘောလေးကို အိပ်ရာဘေးက စားပွဲပေါ်မှာ တင်လိုက်တယ်။ ဟိုနေ့က အဖေ့အိမ်သွားတုန်းက ဘတ်ဟျွန်း ယူလာတာဖြစ်တယ်။ စကိတ်ဘုတ်ရော ဆောက်လက်စသင်္ဘောလေးရော။ ဖုန်းတစ်ချို့ကို စိတ်ရှည်လက်ရှည်သုတ်ပြီးတဲ့နောက်မှာ အခန်းထောင့်လေးဆီသွားထိုင်လိုက်တယ်။ စီးကရက်တစ်လိပ်ကို ခပ်ဖွဖွရှိုက်သွင်းလိုက်တော့ လေပြွန်ဆီအပြေးဝင်လာတဲ့ စီးကရက်ရဲ့အရသာ။ ဖြေးဖြေးချင်း မှုတ်ထုတ်လိုက်တဲ့ မီးခိုးတွေကြား ချန်းယောလိက ပျော်နေသတဲ့။ သူမျက်လုံးတွေမှိတ်ထားပေမယ့် အဲ့ဒီပုံရိပ်တွေက ပျောက်ကွယ်မသွားပါဘူး။ အဲ့လိုနဲ့ အဲ့ဒီညကနောက်ဆုံးအနေနဲ့ ခုတင်ရဲ့ညာဘက်ခြမ်း တစ်နည်းအားဖြင့် ချန်းယောလ်အိပ်နေကျဘက်မှာ ကွေးကွေးလေးဝင်လှဲရင်း ညရဲ့ ငါးပုံတစ်ပုံစာသာကျန်တော့တဲ့ အချိန်လောက်မှာ ဘတ်ဟျွန်း မှေးခနဲ အိပ်ပျော်သွားတယ်။
ချန်းယောလိကတော့ အိမ်မဲထဲကိုတောင် နောက်ဆုံးအချိန်ထိ အလညိမလာခဲ့ပါဘူး။ ကျွန်တော်လဲ စောင့်ဆိုင်းမနေခဲ့ဘူး။
******
ဘရန်ဒီပုလင်းခါးကြားမှာ အမြဲပါတဲ့ အမူးသမားရဲ့နောကိမှာ စီးကရက်ကိုမီးခိုးခေါင်းတိုင်လိုသောက်တဲ့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက် တစ်ထပ်တည်းပါလာတယ်။ သူတို့နှစ်ယောက်လုံးဆီမှာ အချစ်ရဆုံးဆိုသူတွေ ပေးတဲ့ ဒဏ်ရါဒဏ်ချက်ကိုယ်ဆီနဲ့။
အချစ်ရယ် ပင်လယ်ရယ်
ဘယ်တစ်ခုက မာယာပို သလဲ???
#Heki