မောင့်ရဲ့နှိုင်း (သို့မဟုတ်)န...
By Minus-Zero
589K 22.6K 466
"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး" More
မောင့်ရဲ့နှိုင်း(သို့မဟုတ်)နှိုင်းတုမမှီ
1
1(Zawgyi)
2
2(Zawgyi)
3
3(Zawgyi)
4
4(Zawgyi)
To My A Little Readers ❤️
5
5(Zawgyi)
6(Zawgyi)
7
7(Zawgyi)
8
8(Zawgyi)
9
9(Zawgyi)
10
10(Zawgyi)
11
11(Zawgyi)
12
12(Zawgyi)
13
13(Zawgyi)
14
14(Zawgyi )
15
15(Zawgyi)
16
16(Zawgyi)
17
17(Zawgyi )
18
18(Zawgyi)
19
19(Zawgyi)
20
20(Zawgyi)
21
21(Zawgyi)
22
22(Zawgyi)
23
23(Zawgyi)
24
24(Zawgyi)
25
25(Zawgyi)
26( Part-1)
26(Part -2)
27
26 Part-1(Zawgyi)
26 Part -2 (Zawgyi)
27 (Zawgyi)
28
28(Zawgyi )
29
29(Zawgyi)
30
30(Zawgyi )
31
31(Zawgyi )
31 (Part-2)
31 Part-2(Zawgyi )
32
32 (Zawgyi )
32 (Part 2)
32 Part2 ( Zawgyi )
33
33(Zawgyi)
33(Part_2)
33 Part-2 (Zawgyi)
34
34(Zawgyi )
34(Part 2)
34 Part -2(Zawgyi )
35
35(Zawgyi )
36
36(Zawgyi )
37
37(Zawgyi )
FINAL PART
FINAL PART (Zawgyi )
Physical Book 📖
Book Details ✨
6
12.6K 624 4
By Minus-Zero
တံတားလေးဆီကနေ အိမ်ပြန်ရာ လမ်းတစ်လျှောက်လုံး နှိုင်း သူ့ခါးလေးကို ဆုပ်ကိုင်ထားမြဲ။ဒီကောင်လေးဆီက ရတဲ့ကိုယ်သင်းရနံ့လေးက နှိုင်းသုံးခဲ့ဖူးတဲ့ တန်ဖိုးကြီးရေမွှေးရနံ့များထက်ပင် သာလွန်သည်။နှိုင်းတော့ အလွတ်ရသည်အထိ ဒီကိုယ်သင်းရနံ့လေးကို မှတ်သားနေမိသည်။တစ်ချက်တစ်ချက် နှိုင်းလက်အစုံပေါ်ကို လာဆုပ်ကိုင်သော လက်ဖဝါး‌နွေးနွေးလေးက နှိုင်းဘယ်အချိန်ခံစားခံစား ရနိုင်မည့် အနွေးဓာတ်လေးပမာ။အခြားသူတွေ မည်သို့ပင် ကောက်ချ ချကြပါစေ နှိုင်းဂရုမပြုနိုင်။ဒီကောင်လေးက သူ့ခါးပေါ်ကို နှိုင်းလက်အစုံကို တင်ရုံသာတင်ခဲ့သော်လည်း နှိုင်းအတွက်တော့ သက်ဦးစံပိုင်ဘုရင်၏ တစ်ချက်လွှတ်အမိန့် အာဏာထက်ပင် အာဏာစက်ပြင်းလှပါသည်။
နှိုင်းတို့ ဆိုင်ကယ်လေးအိမ်ရှေ့ထိုးရပ်‌သွားသော်လည်းနှိုင်းကလက်အစုံကို သူ့ခါးပေါ်က မဖြုတ်တမ်းကိုင်ထားသောကြောင့် နှိုင်းလက်လေးကို ပုတ်ပြီး
"ရောက်ပြီ"
"အော် အင်း"
နှိုင်း ရှက်စိတ်လေးတောင် ၀င်မိပါသည်။နှိုင်း အိမ်ပြန်ရောက်သည်ကိုပင် သတိမမူမိအောင် ဒီကောင်လေးအောက် ကျဆုံးနေပြီလား။
"ဟို ... မင်း"
"ကျုပ် ဆိုင်ကယ်သွားထားလိုက်အုံးမယ်"
နှိုင်းလဲ ဘာပြောရမည်မှန်းမသိ‌ေသာ‌ေကြာင့် ဖင်ကုပ်ခေါင်းကုပ်။ဒီကောင်လေးလည်း နှိုင်းနဲ့ အတူတူပဲထင်ပါသည်။ရှောင်ထွက်သွားသည်။
"လူလေးတို့ ဘယ်ကပြန်လာကြတာလဲ
တစ်နေ့ခင်းလုံး ပျောက်နေလိုက်တာ"
"ဟို အရီး ကျွန်တော်တို့ရွာထဲကဗျ
ရွာထဲကပြန်လာတာ"
"အော် အေးကွယ် အရီးလဲအပြင်သွားကြတယ်ထင်ပါတယ်တွေးနေတာ ဆိုင်ကယ်လဲမတွေ့မိတော့"
"ဟုတ်"
နှိုင်း အရီးမေးသည်ကိုပင် ဖြောင့်ဖြောင့်တန်းတန်းမဖြေနိုင်။တော်သေးသည်။အရီးက နှိုင်းတို့ကို ဘယ်သွားသည်ဟုသာမေးပြီး အိမ်ထဲပြန်၀င်သွားသည်။
ထိုစဉ်   နှိုင်းရပ်နေရာနေရာကို ရှုတည်တည်နှင့်ရောက်လာသောကောင်လေး။ပြီးတော့ သူ့ကုပ်ပိုးတွေကို လက်ဖဝါးနဲ့ ပွတ်သပ်ပြီး မသိလျှင်ရှက်နေသလိုမျိုး။နေပါအုံး ဒီကောင်လေး အခုနှိုင်းကို ရှက်နေတာလား။ ခပ်ချောချောမျက်နှာလေးကို အမြဲတည်တင်းထားသော ကောင်လေးက အခုရှက်နေတာပါလား။လူကြီးရှက်ရင် ရယ်သည်ဆိုသလိုမျိုး ခုကရယ်တာမဟုတ်ပဲ ရှက်ပြုံးလေးနှင့်။နှိုင်းကို လုပ်ချင်တာတွေလုပ်ပြီး ရှက်နေတဲ့ကောင်လေးကလဲ နှိုင်းစိတ်ထဲတော့ ချစ်စရာကောင်းနေပါသည်။နှိုင်းကရော ဘာထူးလို့လဲ ။အစောကပဲ ရင်တွေ တလှပ်လှပ်ခုန်ခဲ့သေးသည် မဟုတ်ပါလား။
>>>>>><<<<<
ရွှေရောင်အဆင်းနှင့် အလှူရှင်အမည်နာမများ ရေးထိုးထားသော ဘေးတစ်ဖက်တစ်ချက်တွင် ကျားရုပ်ကြီးများနှင့် ၊အောက်ဘက်တွင် နဂါးသဏ္ဍာန်များကို ရုပ်လုံးကြွစွာ ထုဆစ်ထားသော 'သာယာကုန်းကျေးရွာကျောင်းတိုက်' ဟူသော မုဂ်ဦးကြီးသည် ရွာ၏ ကျက်သရေဆောင်ဖြစ်သည်။ဘုန်းတော်ကြီးကျောင်းများ၏ အမှတ်အသားဖြစ်သော တံခွန်တိုင်မှ ခေါင်းလောင်းသံ လေးများက တချွင်ချွင် နှင့်သာယာနာပျော်ဖွယ်။ခုနှစ်ရက်သားသမီးများ ဆုတောင်း‌ခြွေနိုင်စေရန် တည်ထားသော စေတီကြီးကလည်း သပ္ပါယ်လွန်းလှစွာ။ကျောင်းတိုက်အတွင်းသို့ ၀င်ရန် ထားရှိသော လျှောက်လမ်းလေးက ပင်မတရားဟောကျောင်းဆောင်ကြီးဆီသို့။အရိပ်ရ သစ်ပင်များအပြင် ရောင်စုံတရုတ်စံကားပန်းပင်များကလည်း စင်စစ်အေးချမ်းဖွယ်။တရားဟောကျောင်းဆောင်ကြီးရှေ့ရှိ ကွင်းပြင်သည် ကျောင်းတိုက်အတွင်းရှိ ကိုရင်သာမဏေများ ပြေးလွှားဆော့ကစားကြရာနေရာ။ဘုန်းတော်ကြီးကျောင်းနှင့် အုတ်တံတိုင်းသာ ခြားသော စာသင်ကျောင်းတော်ကြီးသည်လည်း ဂုဏ်ယူ၀င့်ကြွားစွာ။
‌တရားဟောကျောင်းဆောင်ပေါ်သို့ တတ်လိုက်သည်နှင့် လျှောက်လှမ်းရသော ကျွန်းပိတ်လှေကားကြီးသည်လည်း ကနုတ်ပန်းများရေးထိုးထားသေးသည်။ကျောင်းတိုက်ပေါ်ရှိ တစ်ရွာလုံးမှ ဖူးမြော်သော ထိုင်ကိုယ်တော် ဆင်းတုကြီးသည်လည်း (၂၄)ပစ္စည်း စက်ဝိုင်းနှင့် အစီအစဉ်တကျ ပြေးလွှားနေသော ရောင်စုံ အော်တိုမှိတ်တိတ်မီး နောက်ခံကြောင့် ပို၍ ကြည်ညိုဖွယ်။ရွှေအဆင်း၊ငွေအဆင်းနှင့် သာမာန်ထက်ပို ကြီးမားရှည်လျားသော ဘုရားပန်းအိုးများသည်လည်း ပန်းတိမ်ငို၊သစ္စာပန်း စသည်ဖြင့် ထည့်လှူပူဇော်ထားသော ပန်းမြတ်များနှင့် ပနံသင့်လွန်းလှစွာ။
တရားဟောပုလ္လင်ပေါ်တွင် တစ်ရွာလုံးမှ ကြည်ညိုလေးစားရသော ကျောင်းတိုင်ဘုန်းဘုန်းက ထိုင်နေသည်။အောက်ကောဇောပြင်တွင် ထိုင်နေသည်က ရွာ၏ ဂေါပက အဖွဲ့သားများ။
"အော် ဒကာလေးလက်ရုံးတို့လား
လာထိုင်"
လက်ရုံး ယနေ့ ကျောင်းတိုင်ဘုန်းကြီး ဆင့်ခေါ်သောကြောင့် လာခြင်းဖြစ်သည်။ဘုန်းဘုန်းခေါ်လိုက်သည်နှင့် လက်ရုံးတို့လည်း ဦးသုံးကြိမ်ချပြီး ပုဆစ်တုပ်အနေအထားနှင့် ၀င်ထိုင်လိုက်သည်။
"ဒကာလေး လက်ရုံးအလုပ်တွေရော
အားလပ်ရဲ့လားကွဲ့"
"အားပါတယ် ဘုရား"
"အေးကွယ် ဒကာလေးကိုခေါ်ခိုင်းရတဲ့ အကြောင်းအရင်းက သီတင်းကျွတ် အခါသာမယလည်း နီးလာပြီ မဟုတ်လား အဲ့ဒီ့အတွက်  ဒီနှစ်ဆောက်လုပ်ရေးပိုင်းကို ဒကာလေးလက်ရုံးကို တာ၀န်ပေးချင်တာ"
"တင်ပါ့ဘုရား တပည့်တော် ထမ်းဆောင်မှာပါ"
"ဒကာလေးတစ်ယောက်တည်းတော့ မဟုတ်ပါဘူး
အောင်ကြီးတို့ကို ဘုန်းဘုန်းပြောထားတယ် သူတို့နဲ့ တွဲလုပ်ရမှာ"
"တင်ပါ့ဘုရား"
လက်ရုံးတို့ရွာက မည်သည့် ရက်မြတ်အခါမျိုးတွင်မဆို လုပ်ဆောင်စရာ လုပ်ငန်းများရှိပါက အလှည့်ကျ တာ၀န်ပေးခြင်းမျိုး။ယခုလည်း လက်ရုံးကို အလှည့်ကျတာ၀န်ပေးခြင်းဖြစ်သည်။သို့သော် ပင်ပန်းကြီးစွာ လုပ်ရသည်မျိုးမဟုတ်။ခေါင်းဆောင်သဘောနှင့် ငွေကိုင်ပြီး စီစဉ်စရာရှိသည်ကို စီစဉ်ပေးရခြင်းမျိုးသာ။
"ဒကာကြီးသာလှ ဒီနှစ်မီးထွန်းပွဲအတွက် ဒီက ဒကာလေးလက်ရုံးကို ကိုယ်တော် တာ၀န်ပေးထားတယ် အဲ့ဒါလိုအပ်လို့ ငွေလာထုတ်ရင် ဒကာလေးလက်ရုံးလက်ထဲကိုအပ် ကြားလား"
"တင်ပါ့ဘုရား"
"ဒါနဲ့ ဒီဘက်က ဒကာလေးက ဘယ်သူပါလဲ
ကိုယ်တော် ရွာထဲမှာ တစ်ခါမှမမြင်ဖူးပါဘူး"
ဘုန်းဘုန်းက မှာစရာရှိသည်များကို မှာကြားပြီးသည်နှင့်နှိုင်းဘက်လှည့်မေးလာသည်။
"ဟို.. ကျွန်တော်က.. "
"ဦးမာန်ရှိန်ဟုန်ရဲ့ သားပါ ဘုရား"
ဘုန်းဘုန်းက ဆတ်ကနဲမေးလိုက်ခြင်း‌ေကြာင့် နှိုင်းမည်သို့မည်ပုံ ဖြေဆိုရမှန်းမသိ။နှိုင်း ဘုန်းကြီးတွေနှင့် အနေဝေးလှသောကြောင့် စကားမပြောတတ်ပါ ။နှိုင်းအမှားပါသွားမှာကြောက်၍ ဟိုဟိုသည်သည်ဖြစ်နေစဉ် နှိုင်းအစား၀င်ဖြေလိုက်သော ကောင်လေး။ဒီကောင်လေးက စကားသာနည်းတာ နှိုင်းလိုအပ်နေချိန်တိုင်းမှာ ဤကဲ့သို့ ရှိနေပေးတတ်ပါသေးသည်။နှိုင်းအတွက်တော့ အဖိုးတန်ကောင်လေး။
"ဟေ ဒကာကြီးမာန်ရှိန်ရဲ့သားဟုတ်လား
ဒီအရွယ်တောင်ရောက်ပြီလားကွဲ့
ဒကာကြီးမာန်ရှိန်ရွာလာတုန်းက
ပါလာတော့ အတော်ငယ်သေးသကိုး"
"တင်ပါ့ဘုရား"
"အင်း ဒကာကြီးမာန်ရှိန်တို့များ မြို့တတ်ကြီးပွားသွားလိုက်တာ ရွာအတွက် ဂုဏ်ယူစရာပဲ ကြီးပွားဆို လုပ်ရည်ကိုင်ရည်လည်း ရှိသကို ရွာဘုရားတည်စဉ်ကလဲ မတည်ငွေအများဆုံး ထည့်သွားခဲ့သေးတာ"
"တင်ပါ့ဘုရား"
"ဒါနဲ့ ဒကာလေးတစ်ယောက်တည်းလား ဒကာကြီးမာန်ရှိန်ရော မပါပေဘူးလား"
"မပါပါဘူး ဘုရား"
"အော် အေးကွယ်
တစ်ခေါက်တစ်လေလေးလဲ ကိုယ့်ဇာတိချက်ခြွေမွေးရပ်မြေကို အလည်လာခဲ့ပါအုံးလို့ ပြောလိုက်ပါအုံးကွယ်"
"တင်ပါ့ဘုရား တပည့်တော် ပြောလိုက်ပါ့မယ်"
"ဒကာလေးကတော့ ရွာကိုခင်တွယ်သားပဲ
အလည်လာတာပဲလားကွဲ့"
"တင်ပါ့ဘုရား အလည်လာတာပါဘုရား"
နှိုင်းအလုပ်မလုပ်ချင်၍ ရှောင်ထွက်လာသော်လည်း အလည်လာတာဟုပင် ပြောတာအကောင်းဆုံး။နှိုင်း ဒယ်ဒီ့ သိက္ခာကိုတော့ ထိန်းသိမ်းပေသင့်သည် မဟုတ်ပါလား။ဘုန်းဘုန်းကတော့ နှိုင်းပြန်ဖြေနေသည်ကို ခေါင်းတညိမ့်ညိမ့်နှင့် ထောက်ခံနေဟန်။
"ကဲ.. ကဲ မှာစရာရှိတာလည်း မှာပြီးပြီဆိုတော့
ဒကာလေးတို့ ပြန်လို့ရပါပြီ "
"တင်ပါ့ဘုရား"
နှိုင်းတို့လည်း ဦးသုံးကြိမ်ချပြီးအောက်ဆင်းလာလိုက်သည်။ကျောင်းအောက်ရောက်တော့ ကျောင်းဆောင်၏ အနောက်ဘက်ကွက်လပ်တွင် စိုက်ပျိုးထားသည့် သနပ်ခါးတောကြီးကို နှိုင်းမြင်မိပါသည်။ကျောင်းရှေ့မျက်နှာသာတွင်တော့ ရောင်စုံတရုတ်စံကားပန်းပင်များက အစီအရီ။
"လက်ရုံး တရုတ်စံကားပန်းပင်တွေမလား
များလိုက်တာ ဟိုမှာ ပန်းဆီရောင်အပွင့်တွေ"
"ဟုတ်တယ် ဘုန်းဘုန်းစိုက်ထားတာလေ
တရုတ်စံကားပင်က အပွင့်ရော အရွက်ရော
အကုန်လုံးက ဆေးဖက်၀င်တယ် ပြီးတော့
စိုက်ရပျိုးရလည်း လွယ်တယ်လေ"
"အော်.. "
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ
ပညာရှိကို အခြေတွဲလို့
မှီဝဲဆည်းကပ် နည်းယူစေ
သုံးပါးရတနာ မိဘများနဲ့
ဆရာသမားကို ပူဇော်လေ
ချမ်းသာကိုပေး ဆက်ဆံရေး
မျှော်တွေး သုံးချက်ပေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မဂ်လာတွေ။
ဘုန်းကြီးကျောင်းနှင့် ကပ်ရပ် အုတ်တံတိုင်းအလွန်မှ ကြားလိုက်ရသော စာအံသံတွေ။နှိုင်းဒီရွာရောက်မှ ဘ၀ဒဿနများကို ပိုမိုနားလည်လာရသလိုပင်။နှိုင်းတို့ ငွေကို ပေါပေါလောလော သုံးခဲ့ဖူးသလောက် ဒီရွာက ရွာသားတွေက သီးနှံပေါ်ချိန်အတွက် တစ်နှစ်လုံး တကုပ်ကုပ်နဲ့ ယာခင်းထဲကမထွက် လုပ်ရသည်က သက်သေပင်။နှိုင်းယခုလို ဘာသာရေးများနှင့် အလှမ်းဝေးတာ ကြာခဲ့ပါပြီ။ကလေးတွေရဲ့ စာဆိုသံတွေ ကြားရတော့ နှိုင်းလည်း ငယ်ရာကနေ ကြီးလာသည်ဟူသော အသိ ၊နှိုင်းဘ၀ကို လည်း ပိုမိုတန်ဖိုးထားချင်စိတ်များက တဖွားဖွား။နှိုင်းတို့ အနာဂတ်တွေမှာ ဘ၀ကို တန်ဖိုးရှိရှိထိန်းကျောင်းသင့်ပေသည်။နှိုင်းဘ၀ကိုလည်း ရှေ့လျှောက် အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းချင်ပါသည်။ပြီးတော့ ဘေးကကောင်လေးနဲ့လည်း အကြာကြီး အတူရှိချင်ပါသေးသည်။
>>>>>><<<<<
"အမေ ကျွန်တော်သွားတော့မယ်"
"သားကြီး အစောကြီးရှိသေးတယ်ကွယ်
သွားတော့မလို့လား"
"ဟုတ် အမေ ပိုက်ဆံကြိုထုတ်စရာလေးတွေရှိနေလို့"
"အေးအေး နေအေးတုန်း
သွတ်သွတ်လေးလုပ်ကြ"
"ဟုတ် အမေ"
လက်ရုံး ဒီနေ့ ဆီမီး ၀က်ပါ ဆောက်လုပ်ရန်အတွက် ရွာဦးကျောင်းကို သွားရမှာဖြစ်သည်။လက်ရုံးက တာ၀န်ယူရမည့် သူဖြစ်သောကြောင့် စောစောသွားရန် ရည်ရွယ်ထားခြင်း။
"လက်ရုံး ငါလဲလိုက်ခဲ့.."
"မရဘူး"
"ဘာလို့လဲ"
"ဒီနေ့ ကျုပ်အလုပ်ရှုပ်မှာ
ခင်ဗျားနားနေနိုင်မှာ မဟုတ်ဘူး"
"ဒါဆို ဖိုးထောင်တို့နဲ့နေမယ်လေ"
"မရဘူး ဖိုးထောင်က တောတ်တိုမယ်ရ ခိုင်းရမှာ"
နှိုင်း လိုက်နေကြဖြစ်၍ လိုက်ခဲ့ရန်ပြောမည်ကို နှိုင်းစကားမဆုံးခင်ပင် ယတိပြတ် ငြင်းလွှတ်နေပြန်သည်။လိုက်ချင်လို့ တောင်းဆိုနေသည့်နှိုင်းနှင့် ဒီကောင်လေးကို အရီးက ကြားထဲက ဘာမှ၀င်မပြောပါပဲ ပြုံးတုံ့တုံ့လုပ်နေပြန်သည်။မသိလျှင် နှိုင်းပုံစံက မိဘအပြင်သွားမည်ကို မလိုက်ရ၍ တကျီကျီလုပ်နေ‌ေသာက‌ေလးကဲ့သို့ပင်။ဒီကောင်လေးကရော ဘာထူးလဲ နှိုင်းကိုဆို အမြဲကလေးတစ်ယောက်လို ဆက်ဆံပါသည်။
"ကဲပါ လူလေးရယ် သားကြီးက စိတ်ပူလို့
မလိုက်ခိုင်းတာ နေတွေလဲ ပူပါတယ်ကွယ်
ဒီနေ့တော့ နေခဲ့"
"ဟုတ်"
နှိုင်းဒီ့ထက် ပူဆာနေလျှင် နှိုင်းပုံစံက အမှန်တကယ် ကလေးဖြစ်တော့မည်‌မို့ ဒီနေ့တော့ အိမ်မှာပဲနေရတော့မည်။
"ကဲ ..ကဲ သားကြီးသွားတော့"
"ဟုတ် အမေ ကျွန်တော်သွားပြီ
နေ့ခင်းလဲ ပြန်မလာဖြစ်လောက်တော့ဘူး
ကျောင်းမှာပဲ ထမင်းစားတော့မယ် ဒီနေ့
အပြီးဆောက်မှာ"
"အေးကွယ် သွား သွား"
လက်ရုံး ဒီလူလိုက်ချင်နေမှန်းသိသော်လည်း အရင်နေ့တွေက သူ့အနားနေနိုင်သည်။အခုက မတူ ဆောက်မှာကလဲ ကွင်းပြင်ထဲမှာမို့ နေပူပါသည်။ပြီးတော့ ဒီလူက တောင်ဆိုရင် မြောက်သွားသည့်လူမျိုး လက်ရုံး သတိတစ်ချက်လွတ်သွားပါက မဖြစ် ။
လက်ရုံး ရွာဦးကျောင်းရောက်တော့ ရွာက ကာလသားများက မစုံသေး။ဂေါပက အဖွဲ့သားများ ရောက်နှင့်နေပြီမို့ ပစ္စည်းပစ္စယများ ၀ယ်ခြမ်းရန် ငွေအရင်ထုတ်ရပါသည်။မနက်ပိုင်း ပန္နက်ရိုက်ရမည်။နေ့ခင်း အပြီးအစီးဆောက်ရန် ရည်ရွယ်ထားခြင်း။
ရွာ ကာလသားများလည်း တဖွဲဖွဲနှင့် လူစုံပြီမို့လုပ်ငန်းစရပါသည်။
"ကိုအောင်ကြီး ဒီမှာ ဝါးတွေ၀ယ်ဖို့အတွက်ငွေ"
"အော် အေးလက်ရုံး
ဒါဆို သွား၀ယ်လိုက်တော့မယ်"
"ဟုတ်ကိုအောင်ကြီး ကွမ်းဖိုးပါ
ထည့်ပေးလိုက်တယ်"
"အော် ကျေးဇူးကွာ လက်ရုံးရာ"
ကိုအောင်ကြီးက ကွမ်းတမြုံ့မြုံ့နှင့် ကွမ်းကြိုက်သည့်သူပေမို့ လက်ရုံးကွမ်းဖိုးထည့်ပေးလိုက်ခြင်းဖြစ်ပါသည်။
ထို့နောက်လက်ရုံးလဲ ပန္နက်ရိုက်ရာနေရာကို ပေကြိုးဆွဲကူ၊တိုင်းကူ နှင့် လုပ်ရပါသည်။အလယ်၌ ဗုဒ္ဓရုပ်ပွားတော် ထားရန်အတွက် နေရာချန်ထားရသည်။ငှက်ပျောပင်များကတော့ လပြည့်နေ့မှ လိုအပ်မည်မို့ ယခုစဥ်းစားရန်မလို။ရွာထဲက အမျိုးသမီးများကတော့ လက်ရုံးတို့အတွက် နေ့ခင်းစာကို ကျောင်းမှာပဲ ချက်ပြုတ်ကျွေးပါသည်။ကိုအောင်ကြီ ပြန်လာကာမှ ဝါးများခွဲတန်ခွဲ တိုင်စိုက်တန်သည် စိုက်ရပါသည်။ထို့နောက်မှ ရွာမှကာလသား အားနှင့် အပြီးအစီးဆောက်လိုက်သည်မို့ နေ့ချင်းပြီးစီးသွားပေသည်။
>>>>>><<<<<
#minus-zero
1 August 22
Continue Reading
You'll Also Like
90.9K 2.7K 80
Unicode အဲ့မှာ ငိုနေလိုက် မင်းငါ့ကို ချစ်တာမဟုတ်ဘူး ကလေးကို လိုချင်တာ ငါထပ်ပြောမယ် ကလေးလိုချင်ရင် ကလေးမွေးပေးနိုင်တဲ့ မိန်းမကို အစကတည်းကနေ ယူထားလိုက်...
172K 10.3K 47
ចន ជុងហ្គុក / គីម ថេយ៉ុង
13.8K 770 2