မြူနှင်းများဖုံးလွှမ်းကာနေသော နံနက်ခင်း။စိမ်းစိမ်းစိုစိုနဲ့ သစ်ပင်ကြီးများကလည်း မြူနှင်း၏ပယောဂကြောင့် အစိမ်းရောင်ပျေါ အဖြူရောင် ရေးရေးလေး ခြယ်သထားသည့်နှယ်။မြက်ပင်ငယ်လေးများကလည်း နှင်းရည်များ စွတ်စိုလျက်။ယာခင်းများသည်လည်း မြူနှင်းများအောက်မှိုင်းပျပျ။ယာခင်းကန်သင်းပေါ်ရှိ မြက်ရိုင်းရှည်ပင်များကလည် နှင်းရည်ခံယူနေပုံမှာ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့။ထိုအခြေအနေကို ထိုးဖောက်ချိုးဖြတ်လိုက်သည်က အရှေ့အရပ်မှ ပုံမှန်ထွက်နေကျ သူရိန်နေမင်းကြီးပင်။
သူရိန်နေမင်းကြီးပင် ကမ္ဘာမြေပေါ်ကျရောက်နေသည်ဖြစ်၍ သာယာကုန်းရွာလေး၏ ယာခင်းများထဲတွင်လည်း လုပ်ငန်းခွင်ဝင်နေကြချိန်။
"လူလေးနှိုင်းတုရော လက်ရုံး"
"နားနေတယ်"
"ဟဲ့ ဘာနားနေတာလဲ
မင်းနှယ်ကွယ် ရှင်းအောင်ပြောစမ်းပါအုံး"
"ဟိုမှာလေ အရီးတင်စိန်ရ
အပင်အောက်မှာ မောလို့တဲ့နားနေတာ"
"အော် အေးအေး
မင်းကဘာကြောင့် အလုပ်တွေခိုင်းရသတုန်းကွဲ့"
"ကျွန်တော် မခိုင်းပါဘူး အရီးတင်စိန်ရ
သူ့ဘာသာ လုပ်ချင်လှပါပြီဆိုပြီး ဇွတ်ဝင်လုပ်တာဗျ"
"အော် အေးကွယ်
နောက်မလုပ်စေနဲ့ ကြားလား
လက်ရုံး"
"ဟုတ်ကဲ့ပါ အရီးတင်စိန်ရာ
အရီးမောနေပြီမလား နားတော့"
"အေး ငါဟိုဘက်ယာခင်း ခနကူးအုံးမယ်"
"ဟုတ် အရီးအမောပြေမှပြန်လာနော်
ကျွန်တော်ကရတယ်"
အရီးတင်စိန်က ဟိုလူ ပင်ပန်းသွားမည်ကို စိုးရိမ်နေတာဖြစ်မည်။ယာခင်းထဲရောက်ကတည်းက လက်ရုံးတို့ ပေါင်းပေါက်နေသညျကို သူလဲပေါက်ချင်သည်ဟု ဆိုကာ အတင်းဝင်လုပ်သည်။လက်ရုံးက ခိုက်မိမှာစိုး၍ မလုပ်ပါနဲ့ဆိုတာလဲ မရသည်မို့ လွှတ်ထားလိုက်သည်။ပေါက်ပြားကို မရုံရှိသေး 'ငါရေသွားသောက်အုံးမယ်'ဟု ပြောပြီး ခုထိယာခင်းထဲပြန်ဆင်းမလာတော့။လက်ရုံးခဏခဏ လှမ်းကြည့်နေရပြန်သည်။ဒီလူ တစ်ခုခုဖြစ်ပါက လက်ရုံးမှာ တာဝန်အပြည့်ပင်။မိမိထက်ပင် ပိုချစ်နေသော အမေက ဒီလူသာခိုက်မိပါက လက်ရုံးခေါင်းပင်ကြိမ်းရပါသည်။ယခုလှမ်းကြည့်လိုက်တော့ ဖိုးထောင်နှင့် ဘာတွေပြောနေသည်မသိ။ရယ်သံတွေပင် ကြားနေရသည်။ဖိုးထောင် မနက်ကတည်းက ပျောက်နေတာဖြစ်သည်။ခုမှ ဘယ်ကပေါ်တော်မူလာသည်မသိပေ။
"ဖိုးထောင် ဘာတွေလဲ ပလိုင်းထဲက"
"ပုစွန်လုံးတွေလေ ကိုကြီးနှိုင်းတုရ "
"ဟုတ်လား မင်းဖမ်းလာတာလား"
"ဟုတ်တယ်ကိုကြီး ဒီနေ့ကျွန်တော် ဦးကြီးသာလှစပါးခင်းထဲက သွားဖမ်းလာတာလေ ဟိုကောင်ဂွတို တို့နဲ့ "
"အော် ငါကိုင်ကြည့်လို့ရလား"
"ရတာပေါ့ ကိုကြီးနှိုင်းတုက ကြည့်ချင်လို့လား"
"အင်း "
ဖိုးထောင်က ပလိုင်းကြီးချပြီးပြသောကြောင့် ပလိုင်းထဲမှလှုပ်ရွလှုပ်ရွနှင့် ပုစွန်လုံး တစ်ကောင်ကို လက်ဖျားလေးနှင့် ကောက်ကိုင်ကြည့်တော့ ပုစွန်ကရုန်းသည်မို့ လွတ်ထွက်သွားသည်။
"ကိုကြီးကလဲဗျာ လက်ဖျားလေးနဲ့ ကိုင်မှတော့လွတ်ပြီပေါ့ "
ဖိုးထောင်ခင်ဗျာ ပုစွန်အပြင် ငါးရံ့တစ်ကောင်နှစ်ကောင်လဲ နှိုင်းကောင်းမှုကြောင့် လွတ်ထွက်ကုန်သည်မို့ လိုက်ဖမ်းရသေးသည်။နှိုင်း ဤသည်ကိုပင် သဘောတကျရယ်နေမိခြင်း။ဖိုးထောင်က နှိုင်းရောက်စထဲက ဖော်ဖော်ရွေရွေနှင့် အဖော်လာလုပ်ပေးတတ်သေးသည်။သူကတော့ပြောသည် ကိုကြီးလက်ရုံးခိုင်းလိုက်တာတဲ့။နှိုင်းပျင်းနေမှာ ဆိုးလို့တဲ့။မည်သို့ပင်ဆိုဆို နှိုင်း ဖ်ိုးထောင်ကိုတော့ သဘောကျပါသည်။အပြန်ပြောသွားသေးသည် ကိုကြီးနှိုင်းတု စားဖို့ အိမ်ကိုတစ်ဝတ်ထားခဲ့မယ်တဲ့။
"ခင်ဗျား ဖိုးထောင်နဲ့ဘာတွေပြောပြီး
ရယ်နေကြတာလဲ "
"ဖိုးထောင်က ပုစွန်လုံးတွေဖမ်းလာတာလေ "
"အဲ့တော့ "
"ငါတို့ ပုစွန်လုံးကွောငျ့ရယျနတောပါ
ဒါနဲ့ မင်းပြီးပြီလား "
"နဲနဲ ကျန်သေးတယ် ခင်ဗျားပူလို့လား
ပြန်ချင်လို့လား အာ့ကြောင့်ကျုပ်ပြောတာ
မလိုက်ခဲ့... "
"ရော့ ရေသောက်
မောနေပြီမလား"
လက်ရုံးစကားပင်မဆုံးလိုက် ရေခွက်ကြီးထိုးပေးပြီး ဇွတ်သောက်ခိုင်းနေသည်မို့ ယူသောက်လိုက်ရသည်။
"ငါက ပူတယ် ပြန်ချင်တယ်လို့ ပြောမိလို့လား
မင်းက တကယ်ရှည်လိုက်တာ ငါလိုက်ချင်လို့ လိုက်တာတာပေါ့"
"ဘာဗျ ကျုပ်ကခင်ဗျားပူမှာဆိုးလို့ပြောနေတာ"
"အမ်း ငါသိတယ်
သိတာမို့ လုပ်စရာရှိတာသွားလုပ်လိုက်တော့"
ပြောလဲပြော လက်ရုံးကိုယ်ကြီးကို သူ့လက်လေးနှင့်တွန်းလွှတ်နေသေးသည်။
"သွားပါ မင်းပြီးရင် အိမ်အစောပြန်ရအောင်လို့
ဖိုးထောင်က ပုစွန်လုံးတွေ ပေးခဲ့မယ်တဲ့ ဒီနေ့အရီးက
အဲ့ဟင်းချက်မှာ ငါစားကြည့်ချင်လို့"
နှိုင်းက သွားခိုင်းနေသည်ကို တန်းမသွားပဲ ရှုတည်တည်ပြန်ကြည့်နေသေးသည်။ဒီကောင်လေး မောနေမည်သိသော်လည်း နှိုင်းအိမ်အမြန်ပြန်ချင်ပါသည်။ဖိုးထောင်ပေးတဲ့ ပုစွန်လုံးဟင်းကို တစ်ခါမှမစားဖူးသောကြောင့် နှိုင်းစားကြည့်ချင်ပါသည်။သူမြန်မြန်ပြီးမှ နှိုင်းလည်း အိမ်ပြန်ရမည် မဟုတ်ပါလား။နှိုင်းဘာသာပြန်လဲ ရပါလျှက်နှင့် နှိုင်းသူမပါလျှင် မပြန်ချင်ပေ။ရွာရောက်ကတည်းက နှိုင်းသူ့နောက်တကောက်ကောက်လိုက်နေတာ။ပုံမှန်ဆို နှိုင်းအချစ်ဆုံးသူငယ်ချင်းတွေကိုပင် အဲ့လောက်မခင်တွယ်သော်လည်း ဒီအပေါက်ဆိုးဆို ကောင်လေးကိုတော့ နှိုင်းဘာကြောင့်ခင်တွယ်နေရသလဲ ဆိုသည်ကို နှိုင်းကိုယ်တိုင်လည်း အတတ်မသိ။
နှိုင်း တို့ပြန်လာသည်နှင့် အရီးကဖိုးထောင်ပေးသွားသော ပုစွန်လုံးများချက်ထားသည်ဟုဆိုသောကြောင့် ရေမိုးချိုး တစ်ခါတည်း ထမင်းဝင်စားကြသည်။
ပုစွန်လုံးကိုမှ ချဉ်ပေါင်ရွက်နှင့်ရောပြီး အစပ်လေးကဲထားသည်က တစ်ခွက်၊ဗမာကြက်လေးကိုမှ ဘူးသီးနှင့်ရောထားသည်က တစ်ခွက်၊ငါးရံ့ခြောက်ဖုတ်ဆီဆမ်း စသည်ဖြင့် အရီးက ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားသည်မို့ နှိုင်းထမင်းပင်နှစ်ပန်းကန်လောက်ကုန်သွားပေသည်။နှိုင်းဒီရွာလာစဉ်က မာမီက 'တောမှာ အနေအထိုင်၊အစားအသောက်ဆင်းရဲမည်'ဖြစ်ကြောင်း ပြောသည်ကိုပင် နှိုင်းရဲ့ ယခုအခြေအနေကို ခေါ်ပြီးပြချင်ပါသေးသည်။ဦးကြီးနှင့် အရီးကလဲ နှိုင်းအားရပါးရ စားနေသည်ကို "လူလေး စားကောင်းရင် အများကြီး ထည့်စားနော် "ဟူ၍ သဘောတကျ ဖြစ်နေပါသေးသညျ။ဦးကြီးနှင့် အရီးကနှိုင်းထင်သည်ထက် ပိုဂရုစိုက်လှသည်မို့ နှိုင်းရွာရောက်ကတည်းက စိတ်ချမ်းသာရပါသည်။နှိုင်းယာခင်းထဲ နေ့တိုင်းလိုက်ရသည်ကို ပျော်သည်။ပြီးတော့ နှိုင်းတစ်ခုခုခိုက်မိမည်စိုး၍ မျက်မှောင်ကြီးကြုတ်ပြီး စိတ်ပူပေးသော ကောင်လေးရဲ့ ဂရုစိုက်မှုတွေအောက်မှာ နေရတာ နှိုင်းပျော်ပါသည်။
>>>>>><<<<<<
"လက်ရုံး မိုးဆဲသွားပြီ ငါ့ကိုရွာထဲလိုက်ပို့"
နှိုင်းတို့ ဒီနေ့ မိုးရွာသောကြောင့်ယာခင်းထဲမသွားကြပါ။အိမ်မှာပဲ နေနေရသည်မို့ နှိုင်းးပျင်းနေခြင်းဖြစ်ပါသည်။နှိုင်း ဒီရွာရောက်ကတည်းက ယာခင်းထဲလိုက်ရင်လိုက် မလိုက်လျှင် ဖိုးထောင်တို့ ဂွတိုတို့နှင့်အတူ ရွာထဲ ဟိုနားသည်နားတော့ ရောက်ဖြစ်ပါသည်။ထို့ကြောင့် နှိုင်းအပြင်ထွက်ချင်သည့်စိတ်က အကျင့်ပင်ဖြစ်နေလေပြီလားမသိ။ထို့ကြောင့် ရွာထဲလိုက်ပို့ရန် ပူဆာနေခြင်းပင်။
"ခင်ဗျားက ရွာထဲက မရောက်ဖူးတဲ့နေရာ
ရှိသေးလို့လား ပြောပါအုံး"
"ရှိတာပေါ့ ဖိုးထောင်ပြောတာ ရွာထဲမှာ အကြော်ဆိုင်
ရှိတယ်တဲ့ ငါအကြော်စားချင်လို့ လိုက်ပို့"
ဒီကောင်လေးက နှိုင်းပြောလျှင် ချက်ချင်းမလိုက်လျောသော်လည်း ခနခနပြောရင် သူအကုန်လုပ်ပေးမှာ နှိုင်းသိပါသည်။
"နော်လို့ ငါ့ကိုလိုက်ပို့ ပြီးတော့ ဆိုင်ကယ်နဲ့နော်
လမ်းမလျှောက်ချင်ဘူး"
"ကျုပ်မလိုက်ပို့လဲ ခင်ဗျားက တတွတ်တွတ်
ပြောနေမှာ သိတယ်"
"သိရင် လိုက်ပို့"
"အင်း လိုက်ပို့မယ်
ခနစောင့်"
နှိုင်းပြောတာရော။ဒီကောင်လေးက မျက်မှောင်ကြီးကြုတ်ပြီး မျက်ထောင့်နီကြီးနဲ့သာ ကြည့်တတ်တာ နှိုင်းကြာကြာလေးပြောရင် အကုန်ရပါတယ်လို့ ဟီး။
"တတ် ဖြည်းဖြည်းနော်"
"အင်းပါ"
နှိုင်းရှေ့ ဆိုင်ကယ်ကြီးထိုးကာ တတ်ခိုင်းနေသော ကောင်လေး ။သူ့မူအတိုင်း နှိုင်းကို ဂရုစိုက်ရန်လည်း မမေ့မလျော့ ဖြည်းဖြည်းနော်တဲ့။
"လူကိုမကိုင်လည်း ရတယ်မလား
ကြောက်ရင် ကိုင်ထား"
"ငါမကြောက်ပါဘူး
မောင်းမှာသာ မောင်းတော့"
နှိုင်းတို့ ရွာထဲက အကြော်ဆိုင်ရှေ့ရောက်တော့ အကြော်ဆိုင်ဘေးမှာ ဆိုင်ကယ်လေးစက်သက်ရပ်ရင်း အကြော်ဆိုင်ထဲ ၀င်ထိုင်လိုက်သည်နှင့် နှိုင်းတို့နှစ်ယောက်ကို ဆိုင်ထဲမှလူများက ကွက်ကြည့်ကွက်ကြည့်လုပ်လာသောကြောင့် နှိုင်းပင်ကြောင်တောင်တောင်ဖြစ်သွားပါသည်။
"လက်ရုံး နင်က ငါ့အကြော်ဆိုင်ကို
လာတယ် ဟုတ်လား"
" လာတော့ ဘာဖြစ်လို့လဲ"
ဆိုင်ရှင်ကလဲ အကြော်ဆိုင်လာသည်ကိုပင် အထူးအဆန်းလုပ်ပြောနေသေးသည်။ဒါကို ဟိုကောင်လေးကလည်း ကောင်းကောင်းမဖြေ ။
"ဘာမှမဖြစ်ပါဘူးဟယ် ငါအမြင်များမှားတာလားလို့လေ လက်ရုံးသစ် ကအကြော်ဆိုင်လာထိုင်တယ်ဆိုတော့"
"စကားမများစမ်းပါနဲ့ မိတုတ်ရာ
အကြော်ရောင်းမှာသာရောင်း"
"အေးပါဟယ် လာ ထိုင် ဟင်...!"
ဆိုင်ရှင်က နှိုင်းကို ကြည့်ပြီး ဟင်ခနဲ ဖြစ်သွားသည်။အခုမှ မြင်သွားပုံလည်းရသည် ပါးစပ်ကလည်းအဟောင်းသား။အစောက လက်ရုံးသစ်ဆိုသော ကောင်လေး သူ့ဆိုင် လာသည်ကို အံ့ဩနေသည်ထက်ပင် နှိုင်းကိုမြင်တော့ ပိုအံ့ဩသွားဟန်။
နှိုင်းတို့ အကြော်ဗန်းတွေ တင်ထားသော ခုံတန်းရှည်လေးရှေ့တွင်ပင် ခွေးခြေပုခုံလေးများပျေါဝငျထိုငျသညျနှငျ့
"လက်ရုံ နင့်ဘေးက လူလား ကော်ရုပ်လေးလား"
"မိတုတ် နင်အကြော်ရောင်းမှာလား စပ်စုနေမှာလား"
နှိုင်းကို စေ့စေ့စပ်စပ်ကြည့်ပြီး ပြောနေသော ဆိုင်ရှင်ကို ရှုတည်တည်ကြည့်ကာ ပြောလိုက်သောကောင်လေး။သူ ပြောလိုက်မှ ဆိုင်ရှင်လဲ ပါးစပ်ပိတ်သွားလေသည်။ဘာတွေ သဘောမကျလဲမသိ။နှိုင်းတော့ နှိုင်းကို ကော်ရုပ်လေးလားဟု အထင်မှားနေသောကြောင့် ပျော်ပါသည်။ဒါ နှိုင်းရုပ်ရည်ကို ချီးကျူးတာ မဟုတ်ပါလား။
"ခင်ဗျား စားချင်တာဝယ်လေ
၀ယ်ပြီး ပြန်မယ်"
"ငါက ဒီမှာ ထိုင်စားမှာပါဆို"
"ကျစ် အိမ်ရောက်မှ စားလို့မရဘူးလား"
နှိုင်းထံ မျက်လုံးများ လာကပ်သည်ထိအောင် ကြည့်နေကြသော အကြော်စားနေသည့် ရွာထဲမှ မိန်းကလေးများကို ဝေ့ဝဲကြည့်၍ ပြောလိုက်ခြင်း။နှိုင်းသိပါသည် သူတို့ရှိနေ၍ အိမ်ရောက်မှစားစေချင်နေခြင်း ဖြစ်မည်။ ကြည့်လဲ နှိုင်းအသား ပဲ့ပါသွားတာမှ မဟုတ်တာ။ကြည့်ကြပါစေ။
"ဟင့်အင် ဒီမှာပဲ စားမှာ"
"စားမှာဆိုလဲ မြန်မြန်စား"
"အင်းပါ"
နှိုင်းလဲ ဘူးသီးကြော် ၊ရွှေဖရုံသီးကြော်၊ပဲကြော်၊ကြက်သွန်ကြော် စသည်ဖြင့် နှိုင်းကြိုက်သည်များကို ရောက်တတ်ရာရာ ရေနွေးလေးသောက်လိုက်စားလိုက်နှင့် အကြိုက်တွေ့နေပါသညျ။ဖိုးထောင်ပြောထဲက ဒီကောင်လေးကို လိုက်ပို့ခိုင်းရမည်ဟု တေးမှတ်ထားတာလေ။သူကတော့ ဘာမှမစား နှိုင်း အချဉ်ရည် တို့လျှင်လည်း အ များကြီးမတို့နဲ့ ၊ဗိုက်နာမယ် ရေနွေးသောက်ပြန်လည်း ပူမယ် နဲ့ ဘေးကနေ မျက်မှောင်ကြီးကြုတ်ပြီး လိုက်ပြောနေသည်မို့ နှိုင်းလဲ မိမိကိုယ်ကို သူ့သားဟုပင် ထင်မှတ်မိတော့မည်။နှိုင်းစားပြီးသည်နှင့် နှိုင်းကိုခေါ်ပြီး ဆိုင်ထဲမှ မြန်မြန်ထွက်လာပြန်သည်။မသိလျှင် အန္တရာယ်တောထဲ ရောက်နေသည့် ပုံစံနှင့်။
နှိုင်းတို့ ဆိုင်ပြင်ရောက်သည်နှင့် ဆိုင်ကယ်ကြီး ထုတ်ပြီး နှိုင်းကို
"တတ်လေ ဒီအကြော်ဆိုင်မှာ တစ်သတ်လုံး
နေမလို့လား"
နှိုင်းက ဆိုင်ကယ်ပေါ် တန်းမတတ်သောကြောင့် ပြောခြင်းဖြစ်သည်။
"ဟို.. ငါအိမ်မပြန်ချင်သေးဘူး"
"ခင်ဗျားက ဘယ်သွားချင်သေးလို့တုန်း"
"ရွာပြင်က တံတားလေးပေါ်"
"တံတားမှာ ဘာမှမရှိဘူး
ဘာကြည့်ချင်လို့လဲ အဲ့မှာ"
"ဒီတိုင်း သွားချင်လို့"
"ပြီးရော တတ် အကြာကြီးတော့မရဘူးနော်"
"အင်းပါ ရတယ်
မောင်းတော့လေ"
နှိုင်းရွာပြင်က တံတားလေးကို မြင်ကတည်းက သွားချင်နေတာကြာပြီမို့ လိုက်ပို့ခိုင်းခြင်း။ပြီးတော့ ချောင်းစပ်လေးနားမှာ ဗေဒါပင်လေးတွေလည်း နှိုင်းမြင်မိပါသည်။ဖိုးထောင်က လိုက်ပို့ပါ့မည် ပြောသော်လည်း နှိုင်းဖိုးထောင်နှင့် မသွားချင်။ဒီကောင်လေးနှင့်သာ သွားချင်သည်မို့ နှိုင်းမသွားရသေးပဲ ယခုမှ လိုက်ပို့ခိုင်းခြင်း ဖြစ်သည်။
ရွာပြင်ထွက်သည်နှင့် မိုးရွာပြီးစ အချိန်ဖြစ်၍ သစ်ပင် ပန်းပင်များ စိမ်းစိုပြီး မိုးရေပေါက်လေးများ တင်ကျန်နေသည်က စိန်ပွင့်လေးများသဖွယ်။စီးဆင်းနေသော ချောင်းလေးသည်လည်း ဗေဒါပင်လေးမြားပါ ထပ်လောင်းအလှဆင်ထားသည်ကြောင့် စိန်ပေါ် မြတင်သကဲ့သို့။ယာခင်းများကလည်း စိမ်းစိမ်းစိုစို။ပေါက်ရောက်နေသော တောရိုင်းပန်းအချို့သည်လည်း ငွားငွားစွင့်စွင့်နှင့် မျက်စိပသာဒ ဖြစ်စရာ မြင်ကွင်းပင်။
နှိုင်းလည်း ရောက်ရောက်ချင်း တံတားလေးပေါ် ခုန်ပေါက်ပြေးသွားတော့ နောက်ကနေ အော်နေသေးသည်။လက်ကို ဆန့်ပြီး လေညှင်းလေး ခံယူပြန်တော့ ရင်ထဲမမေ့နိုင်စရာ ။ဗေဒါပင်လေးများကို နှိုင်းမြင်တော့
"မင်း ဗေဒါပန်းတွေကြိုက်လား"
"ကျုပ် ပန်းမကြိုက်ဘူး"
"ငါတော့ကြိုက်တယ် ဗေဒါပန်းလေးတွေက အန္တရာယ်တွေကို မမှုပဲ သိပ်ကြံ့ကြံ့ခံတဲ့ ပန်းလေးတွေလို့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာထဲမှာ ငါမှတ်သားဖူးတယ်"
"အင်း"
"ငါ ဗေဒါပန်းတွေ ခူးချင်တယ်"
"ခူးပေးမယ်"
"အင်း အများကြီးနော်"
"ဘယ်လောက်များလဲ"
"ငါ့ဘာသာပဲ သွားခူးတော့မယ်"
နှိုင်းက ဗေဒါပန်းတွေ အများကြီးခူးခိုင်းသည်ကို တန်းမခူးပေးပါပဲ 'ဘယ်လောက်များလဲ'ဟု မေးခွန်းပြန်မေးနသေောကွောငျ့ စိတ်မရှည်၍ ငါ့ဘာသာ ခူးမယ်ဟု ပြောတော့ နှိုင်းကို ကလေးတွေကိုစပြီးသဘောကျနေသလို ရယ်ပြီး ချောင်းစပ်နားဆင်းသွားတဲ့ကောင်လေး။နှိုင်းကို နှိုင်းထက်နှစ်နှစ်ငယ်သော ထိုကောင်လေးက ကလေးလို ဆက်ဆံနေသည်မို့ သိပ်သဘောမကျချင်။နှိုင်းက ဂရုစိုက်ခံချင်သော်လည်း ကလေးတော့ မဖြစ်ချင်။
"ဒီမှာ ဗေဒါပန်းတွေ တော်ပြီလား ဒီလောက်ဆို"
"အင်း တော်ပြီ"
နှိုင်း ဗေဒါပန်း တစ်ပွေ့ကြီးကို ပိုက်ပြီးနေနေတော့ နှိုင်းကို ကြည့်ပြီး ခိုးပြုံးနေသည်ကို နှိုင်းသိပါသည်။နှိုင်းလိုချင်တာရလို့ ပျော်နေသည်ကို နှိုင်း ပျော်ရွှင်မှုတွေက သူ့ကြောင့်ဖြစ်တည်လာသောကြောင့် သဘောတကျပြုံးနေခြင်းမျိုး။ကမ္ဘာကြီးတစ်ခုလုံး အပစားရသွားသလို ပြုံးနေခြင်းမျိုး။နှိုင်း ဗေဒါပန်းလေးတစ်ပွင့်ကို နမ်းရှိုက်ပြီး နားရွက်တွင် ပန်ဆင်လိုက်သည်။
"လက်ရုံး ဟိုးမှာ သက်တန့်ကြီး"
မိုးရွာပြီးစ ဖြစ်၍ သတ်တန့်ကြီးထွက်နေတာဖြစ်ရမည်။ဘယ်လောက်တောင် မြင်ရခဲတဲ့ သတ်တန့်ကြီးလဲ ။နှိုင်းမမြင်ဖူးတာ ကြာပါပြီ။မိုးကုက်စက်ဝိုင်း ကြီးကို ရောင်စုံ ဘီးကုတ်လေး သဖွယ် ၀န်းရံထားသည့် သတ်တန့်ကြီးကလှလိုက်တာ။
"လက်ရုံး ဟိုမှာ သတ်တန့်ကြီးလို့ "
ဟင်! နှိုင်းကသာ သတ်တန့်ကြီးကို လက်ညိုး တထိုးထိုးနဲ့ပြနေတာ ဘေးက ကောင်လေးက နှိုင်းကို စိုက်ကြည့်နေလိုက်တာ။မြင်ရခဲတဲ့ သတ်တန့်ကြီး ထက် နှိုင်းကို ပိုစိတ်ဝင်စားနေလိုက်တာ။သူ့အကြည့်တွေက နှိုင်းကို ညံ့သက်စေပါသည်။ဒီကောင်လေးဆီက ယခုလိုမျိုး အကြည့်ခံရတိုင်း နှိုင်းရင်တွေ တလှပ်လှပ်နှင့်။ဒီကောင်လေးက ဘာလေးများလဲ ။နှိုင်းကို ညှို့ယူနေလိုက်တာ။
"လှတယ်"
"ဗေဒါပန်းတွေကလား"
"မဟုတ်ဘူး ခင်ဗျားက"
"ဟင်.."
ဒီကောင်လေးက နှိုင်းကို ဘာဖြစ်စေချင်နေတာလဲ။အကြည့်တွေနဲ့တင် အားမရလို့ ဒီလို စကားလုံးချိုချိုလေးတွေနဲ့ ပြုစားနေပါသလား။နှိုင်းသိပါတယ် နှိုင်းနားရွက်ဖျားလေးတွေ ပန်းရောင်သန်းနေလောက်ပြီ။နှိုင်းပါးမို့မို့လေးတွေ ရှက်သွေးဖြာနေလောက်ပြီ။ဒီကောင်လေးကြောင့် နှိုင်း ဒီနေရာတွင်ပဲ ခွေလဲချင်နေပါပြီ။
"လာ ပြန်မယ်"
ဟင် သူ အခု နှိုင်းလက်ချောင်းလေးများကို သူ့လက်ချောင်းတွေနဲ့ တစ်သားတည်းကျအောင် ယှက်တွယ်လိုက်တာ။နှိုင်းလက်က သူ့လက်ဖဝါးကြီးထဲတွင် အံဝင်ခွင်ကျ။နှိုင်းကို ဆွဲခေါ်သွားလိုက်တာ နှိုင်းလက်ထဲက ဗေဒါပန်းတွေပင် နှိုင်းတို့ ဆိုင်ကယ်ဆီသွားရာ လမ်းတစ်လျှောက်လုံး အစီအရီ။ဆိုင်ကယ်ပေါ်ရောက်တော့လည်း နှိုင်းလက်ကို မလွှတ်။နှိုင်းလက်နှစ်ဖက်လုံးကို ယူပြီး သူ့ခါးပေါ်တင်သည်။ထို့နောက် နှိုင်းလက်နှစ်ဖက်လုံးပေါ် သူ့လက်ဖဝါးကြီးနှင့်အုပ်ကိုင်လိုက်တာ။သဘောက သူ့ခါးကို ဖက်စီးပါပေါ့။မဖြစ်ပေ ရွာထဲရောက်ပါက အမြင်မတော်သည်မို့ နှိုင်းကရုန်းတော့
"ကိုင်ထား ပြုတ်ကျမှာစိုးလို့"
လက်ရုံး သူမပြုတ်ကျမှန်းသိပါသည်။သို့သော် ဒီလူမှ ခါးဖက်မစီးရင်၊ဒီလူ့လက်ကိုမှ မကိုင်လိုက်ရရင် လက်ရုံးဒီလူ့ကို ဘာလုပ်မိမည်မှန်း မသိပေ။ထို့ကြောင့် ယခု ဖြစ်နေတဲ့ ခံစားချက်ကို အာရုံလွှဲပြောင်းလိုက်ခြင်းမျိုး။လက်ရုံး ဘာဖြစ်နေမှန် မိမိကိုယ်ကို မသိ ဒီခံစားချက်ကြီးက လက်ရုံးအတွက်တော့ တိမ်တွေပေါ်လမ်းလျှောက်နေရသလိုပင်။
ရွာအ၀င်ရောက်တော့ ရွာထဲမှ ကိုချက်ကြီး အသံချဲ့စက်မှ ကြားရသောသီခငျြးသံ သဲ့သဲ့က ဦးစံလင်းရဲ့ ' ကဗျာမမှီ စာမပီ'
ဦးစံလင်းက ချစ်ရသူကို ကဗျာမမှီ စာမပီဟု တင်စားသည်ဆိုလျှင်
လက်ရုံးအတွက်တော့ ဒီလူက
မိမိရဲ့ ဂရုစိုက်မှုတွေကို ရယူထားသူ
မိမိအာရုံတွေကို အလုံးစုံ ဖမ်းစားထားသူ
မိမိ ပူပန်မှုတွေကို အပစားရယူထားသူ
မိမိ ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံး သူ့အပေါ်ကျရောက်အောင် စွမ်းဆောင်ထားသူ
ဘယ်သူမှ နှိုင်းတုလို့ မမှီတဲ့
"နှိုင်းတု မမှီ" ရယ်ပါ။
>>>>>><<<<<
#minus-zero
30 July 22